“ဆုံးဖြတ်ချက် “(စ/ဆုံး)

“ဆုံးဖြတ်ချက် “(စ/ဆုံး) ——————– အသက်၇၀ကျော်ဒေါ်ခင်မြင့်ဟာ ဆီးချိုနဲ့သွေးတိုးရောဂါရှိမှန်းသိခဲ့တာဆယ်နှစ်ခန့်ကြာပေပြီ၊သို့ပေမဲ့ သူကအိမ်ပေါ်အိမ်အောက်လှည်းကျင်း ရေဘုံပိုင်နှိပ် လုပ်နိုင်သမျှလုပ်နေဆဲ။ အားလပ်ချိန်မှာသူမဟာ အဝတ်အထည်အဟောင်းတွေကိုပြုပြင်ဖာထေးလေ့ရှိတယ်၊တနေ့နံနက်မှာတော့ စီဝိုင်စီအင်္ကျဟောင်းလေးကိုပြုပြင်မဲ့ဒေါ်ခင်မြင့်ဟာ လက်ချုပ်အပ်ကြီးကြီး အပ်နဖားပေါက်ကျယ်ကျယ်ကိုအပ်ချည်ထိုးဖို့အကြိမ်ကြိမ်ကြိုးစားနေပေမဲ့မအောင်မြင်။‘မြေးလေး ၊ကျောင်းသွားတော့မလို့လား၊စောပါသေးတယ်ကွယ်၊အဖွားကိုအပ်နဖားထိုးပေးစမ်းပါ’ ‘အမေကလဲ ကလေးကျောင်းသွားခါနီးမှလျှောက်ခိုင်းနေတယ်၊သွား သွား သမီး၊နင့်အဖွားကဘာမှသိတာမဟုတ်ဘူး၊အလုပ်မရှိအလုပ်ရှာ အစုတ်အပြဲတွေကိုအလကားချုပ်နေတာ’အဖွားနားသွားမဲ့ကလေးကို သူ့အမေကဟန့်တားလိုက်တော့ ကလေးကနောက်ပြန်လှည့်သွားတယ်၊ချွေးမကသူကိုယ်တိုင်စိမ်းရုံမျှမက မြေးကိုပါသူနှင့်ရင်းနှီးစေလိုဟန်မတူ။ပျော်စရာမကောင်းတော့တဲ့သူ့မိသားစုအခြေအနေကိုဒေါ်ခင်မြင့်သိနေခဲ့တာကြာပါပြီ၊သို့သော်သူစဥ်းစားမရ။အဟောင်းကိုချုပ်တာဘယ်သူ့ကိုမှမထိခိုက်ဘဲချွေးမကဘာလို့မကြိုက်တာလဲ၊ငါဘာလုပ်လုပ် သူမကြည်ဘူးလား၊ဒီအိမ်မှာ ငါ့ဩဇာဘာမှမရှိတော့ဘူးလား၊ကိုယ့်မြေးကိုတောက်တိုမယ်ရလေးတောင်ခိုင်းခွင့်မရှိဘူးလား….. ဒေါ်ခင်မြင့်ကအတွေးကိုဖြတ်ပြီး‘ဖိုးသေးဘယ်သွားလဲ သမီး’ဒေါ်ခင်မြင့်ဟာသမီးနှစ်ယောက် မွေးဖွားပြီးတော့ဖိုးသေးကိုမွေးခဲ့တယ်၊သားယောက်ျားလေးမို့ဝမ်းသာရပေမဲ့ ကိုယ်ဝန်ရှစ်လနဲ့မွေးခဲ့တော့ လမစေ့ပေါင်မပြည့် တကယ့်ကိုသေးသေးလေးပေါ့၊အလွန်ချူချာလို့ …

“ဆုံးဖြတ်ချက် “(စ/ဆုံး) Read More

**အိမ်**(စ/ဆုံး)

**အိမ်**(စ/ဆုံး) ———— မိသားစုတစ်ခု အိမ်ထောင်စုတစ်ခုစတင်ပြီဆိုတာနဲ့ တစ်အိုးတစ်အိမ် ထူထောင်ချင်ကြတာ လူ့သဘာဝပါပဲ။ မိဘအိမ်ကြီး ဘယ်လောက်ကောင်းကောင်း ကိုယ်ရှာတဲ့ဝင်ငွေနဲ့ ကိုယ်ပိုင်အိမ်တစ်လုံး ပိုင်ဆိုင်ချင်ကြပါတယ်။ မိဘလက်ငုပ်လက်ရင်းအလုပ်မျိုးအတူတူလုပ်ရတဲ့ သားသမီးတွေကတော့ မိဘအိမ်မှာ အတူတူနေကြရတာမျိုး ရှိကြပါတယ်။ ကျွန်မဖေဖေနဲ့မေမေ အိမ်ထောင်ကျကာစ မိဘများနဲ့အတူနေခဲ့ကြတယ်။ အဖေက သစ်တောဌာနက ဝန်ထမ်းငယ်၊အမေကအဒေါ်အပျိုကြီးတွေနဲ့အထည်ဆိုင်ဖွင့်စက်ချုပ်တယ်။ ရတဲ့ပိုက်ဆံကိုယ်ဖာသာစုကြ၊စားတာဝတ်တာ မိဘများကျွေးမယ်။ ဒီလိုနဲ့သားတစ်ယောက်မွေးတော့ မြေးဦးလေးမို့ ချစ်လိုက်တာတုန်နေကြတာပေါ့။ အဖေက ရေတာရှည်မြို့လေးကိုပြောင်းရတဲ့အခါ …

**အိမ်**(စ/ဆုံး) Read More

“မဲလုံး”(စ/ဆုံး)

“မဲလုံး”(စ/ဆုံး) ——— “တောက်၊ ကိုယ်မှ ဆင်းရဲလွန်းလို့ သူများခြံမှာအလုပ်လာလုပ်နေရတာကို ဘယ်ကခွေးလေခွေးလွင့်က ငါ့တဲအောက် ရောက်လာသလဲမသိဘူး ” “ဂီး…ဂီး…” “အောင်မာ၊ခွေးပေါက်စကများ။ ငါ့ကွပ်ပျစ်အောက်လည်း လာနေသေးတယ်။ ငါ့ကိုပြန်ပြီးလည်း ဟိန်းနေ သေးတယ်” ဖိုးလုံးတို့သားဖနှစ်ယောက်အိပ်တဲ့ ကွပ်ပျစ်အောက်က ဘယ်ကရောက်လာမှန်းမသိတဲ့ ခွေးပေါက် စကို အဖေက ဒေါသတကြီး အော်ဟစ်နေတယ်။ အဖေက ဒေါသထွက်နေပေမယ့် ဖိုးလုံးကတော့ ပျော်နေ တယ်။ …

“မဲလုံး”(စ/ဆုံး) Read More

ရင်ဘတ်ဟောင်းလောင်း(စ/ဆုံး)

ရင်ဘတ်ဟောင်းလောင်း(စ/ဆုံး) ——————————— ထိုက်တန် ရဲ့ မိဘတွေက ချမ်းသာတယ်။ မွေးချင်းသုံးယောက်ထဲမှာ ထိုက်တန်က အငယ်ဆုံး ထိုက်တန် တက္ကသိုလ် ဒုတိယနှစ်ရောက်တော့ တက္ကသိုလ် ပတ်ဝန်းကျင် ထမင်းဆိုင်က ငြိမ်းအေးသွယ်ဆိုတဲ့ ကောင်မလေးကို ချစ်မိတယ်။ ဒီလိုနဲ့ ထိုက်တန် နဲ့ ငြိမ်းအေးသွယ် .. ချစ်သူတွေဖြစ်သွားကြတယ်.. ဒါကိုသိတဲ့ ထိုက်တန်တို့ အသိုင်းဝိုင်းက လုံးဝလက်မခံဘူး။ ထိုက်တန်နဲ့ ငြိမ်းအေးသွယ်တို့အချစ်ကို …

ရင်ဘတ်ဟောင်းလောင်း(စ/ဆုံး) Read More

အငြိုးအတေး(စ/ဆုံး)

အငြိုးအတေး(စ/ဆုံး) “လာကြပြန်ပြီ…မနေနိုင် မထိုင်နိုင် ကမြင်းကျောထပြီး …ဗိုက်ထွက်လာမှ မလိုချင်တော့ဘူးဆို …လုပ်ချင်ရာ လျှောက်လုပ်တော့တာပဲ …မရှုနိုင် မကယ်နိုင်လည်း ဖြစ်ရော …ဆရာရယ် …ကယ်ပါဦး ကယ်ပါဦးနဲ့ ငါတို့က ကယ်ဆယ်ရေးဋ္ဌာနက မဟုတ်ဘူး အဲဒီ ခုတင်ပေါ်မှာ လှဲနေလိုက် ငါလုပ်စရာရှိသေးတယ်” “ဆ…ဆရာမရယ် …နာလွန်းလို့ပါ …ကျမကို ကယ်ပါအုံး …ကျမ မှားခဲ့ပါတယ် ” “အေး ကိုယ့်အပြစ်နဲ့ကိုယ့် …

အငြိုးအတေး(စ/ဆုံး) Read More

အိုးသူကြီးဘဝ အမှတ်တရ(စ/ဆုံး)

အိုးသူကြီးဘဝ အမှတ်တရ(စ/ဆုံး) ကျွန်တော့်အဖေသည် ဟင်းချက်အလွန်ကောင်းသူဖြစ်သည်။ တောသူတောင်သားလည်းဖြစ်သည့်အပြင် ဟင်းချက်ရခြင်းကိုလည်း ဝါသနာပါသဖြင့် အိမ်တွင် မိသားစုကို ဟင်းကောင်းချက်ကျွေးတော့မည်ဆိုလျှင် သူကိုယ်တိုင် စီမံချက်ပြုတ်လေ့ရှိသည်။ အမေကလည်း ထိုကဲ့သို့ ဟင်းကောင်းချက်မည့်နေ့ဆိုလျှင် အဖေ့ကို မီးဖိုချောင်ကိစ္စ အိုးသူကြီးနေရာပေးတတ်သူဖြစ်သည်။ ကျွန်တော်တို့အိမ်သည် မိသားစုများသည်။ အစ်မနှစ်ဦးက စောစီးစွာအိမ်ထောင်ကျသွားပြီး သူတို့အိမ်နှင့်သူတို့ နေကြသည်။ အိမ်တွင်ကျန်မောင်နှမ ငါးယောက်နှင့် အမေကြီး (အဖေ့အမေ)အပါအဝင် စုစုပေါင်း ၈ …

အိုးသူကြီးဘဝ အမှတ်တရ(စ/ဆုံး) Read More

အိုကြီးအိုမ(စ/ဆုံး)

အိုကြီးအိုမ(စ/ဆုံး) ————– ‘မျက်စေ့အကျင့်၊ ဝမ်းအချင့် ’ တဲ့၊ ခေါင်းအုံးနံဘေးထားတဲ့ ဖုန်းကို လက်နဲ့စမ်းလို့ ယူပြီး ဖွင့်ကြည့်လိုက်တဲ့အခါ ဒစ်ဂျစ်တယ်ကိန်းဂဏန်းက မနက် နှစ်နာရီမိနစ်နှစ်ဆယ်လို့ ပြနေပါပြီ၊ ပုံမှန်အိပ်ယာထချိန်ဆိုပေမယ့်လည်း တပို့တွဲလဆန်းရဲ့ ဆောင်းနံနက်ဟာ ရေခဲရည်စိမ်ထားသည့်အလား အေးစက်စက်နဲ့၊ ဒီလို တပို့တွဲလရောက်တိုင်း မူလတန်းဖတ်စာထဲက “ ပြာသိုလမှာချမ်းအေးသည်။ ခွာညိုပန်းနံ့ မွှေးသည်။ စုစုဝေးဝေး ထမနဲ ထိုးကြသည်။ …

အိုကြီးအိုမ(စ/ဆုံး) Read More

သူငယ်ချင်းကောင်း(စ/ဆုံး)

သူငယ်ချင်းကောင်း(စ/ဆုံး) ————————- ‘ကြီးကြီးမြ.သဇင်ဘယ်သွားလဲဟင်’ ‘ခုနတော့ရှိပါတယ်သမီးရဲ၊အိမ်ပေါ်ကိုတက်ကြည့်လိုက်ပါလားကွယ်’ ‘ဟုတ်ကဲ့ကြီးကြီး သွားကြည့်လိုက်မယ်နော်’ ညိုမြအပြေးကလေးတက်ကာကြည့်လိုက်သည်။တစ်အိမ်လုံးအနှံ့ရှာသော်လဲမတွေ့၊တွေ့သည်ကားစာတစ်စောင်ဖြစ်သည်။ကောက်ယူကာဖတ်ကြည့်လိုက်တော့. ‘မေမေ.သမီးချစ်သူနဲ့လိုက်သွားပြီနော်၊အမေ့ကိုအသိမပေးဘဲလုပ်ခဲ့မိတဲ့အတွက်သမီးကိုခွင့်လွှတ်ပါ ‘ဟာဒီကောင်မငါအတန်တန်ပြောနေတဲ့ကြားကလိုက်သွားပြန်ပြီဟာ၊ဒီကောင်ကငပွေ၊ငရှုပ်ပါဆိုတာကိုပြောလို့မရဖူး၊ငါမြင်နေသေးတယ်သဇင်၊နင်တစ်နေ့မှာဒုက္ခလှလှကြီးတွေ့မှာ’ စာကိုဖတ်ပြီးသည်နှင့်နုတ်မှတဖွဖွပြောမိသည်။ သဇင်ဆိုသည်ကလည်းအခြားသူမဟုတ်၊မိမိနဲ့ငယ်စဥ်ကတည်းကပေါင်းဖက်လာကြသူပင်၊ရင်းနှီးမှုခိုင်မာလာပြီးညီမအရင်းအချာတစ်ယောက်လိုသတ်မှတ်ထား၏။ကောင်းတူ၊ဆိုးဖက်နေထိုင်ကြဖို့ကိုလည်းအမြဲတွေးထားသည်။ အခုတော့မိမိပြောစကားကိုနားမထောင်၊ထင်ရာစိုင်းလျက်လုပ်ချင်တိုင်းလုပ်သွား၏။ ‘အင်း.နင်နဲ့တော့ခက်နေပြီသဇင်ရယ်၊ငါဘယ်လိုလုပ်ရမလဲဟာ.’ စာကလေးကိုလက်မှာကိုင်လျက်အိမ်အောက်ဆင်းလာသည်။ ‘တွေ့လားသမီး.’ ကြီးကြီးမြဆိုသူကဆည်းမေး၏။ညိုမြခေါင်းခါပြလိုက်သည်။ပြီးတော့စာကိုကြီးကြီးမြထံသို့ကမ်းပေးလိုက်၏။ ‘ဒါကဘာလဲသမီးရဲ့’ ညိုမြပြန်ဖြေဖို့တွန့်ဆုတ်နေမိသည်၊ကြီးကြီးမျက်နှာကိုစေ့စေ့ကြည့်ရင်း ‘သူ.ယောင်္ကျားနောက်ကိုလိုက်သွားပြီကြီးကြီး၊အဲ့စာထဲမှာရေးထားတယ်’ ‘ဟင်ဘယ်လို.ဘယ်လို့သမီး၊ငါ့သမီးလေးကလင်နောက်ကိုသွားတယ်.ဟုတ်လား’ ‘ဘယ်သူနဲ့များလဲကွယ်၊ကြီးကြီးကိုပြောပါအုံး’ ‘တင့်ဝေနဲ့ပါကြီးကြီး’ ‘ဘာ.တင့်ဝေနဲ့ဟုတ်လား၊ဒါဆိုရင်တော့ကြီးကြီးရဲသမီးလေးရေတိမ်နစ်ပါပြီကွယ်၊မကယ်နိုင်တော့ဖူးလားသမီးရယ်၊လုပ်ပါအုံးနော်’ တင့်ဝေရဲ့အကြောင်းကိုညိုမြသာမက၊မိခင်ဖြစ်သူကပါသိနေသည်။မိန်းကလေးတွေနဲ့ပတ်သက်လာရင်အနှောင့်အယှက်အပေးဆုံသူ၊ပြီးတော့မိန်းကလေးတစ်ယောက်နဲ့ပြသနာဖြစ်ပြီးလျော်ကြေးပေးထားရသေးသည်။ ဒီလိုလူမျိုးကိုမှသမီးကလင်သားအဖြစ်သတ်မှတ်လိုက်ပြီဆိုတော့စိတ်ချမ်းမြေ့စရာလမ်းမမြင်၊တခဏသာပျော်ရွင်မှုအရိပ်အ​ယောင်ကိုမြင်တွေ့ရမှာဖြစ်ပြီးကာလကြာသည်နှင့်အမျှမျက်ရည်နဲ့ဒူးသုတ်စရာသာရှိသည်။ ‘ကြီးကြီးအဲတာဘယ်လိုလုပ်ကြမလဲဟင်’ ‘ရအောင်ခွဲရမှာပေါ့သမီးရယ်၊ဒီတစ်လမ်းဘဲရှိတာ၊သူလက်ထဲမှာတော့ကြီးကြီးရဲ့သမီးဘဝအပျက်အစီးမခံနိုင်ဖူး’ ‘ဒါဆိုလာကြီးကြီး.၊သူတို့ဘယ်နေရာမှရှိလောက်တယ်ဆိုတာကိုသမီးသိတယ်’ ကြီးကြီးအားခေါ်လာပြီးညိုမြလိုက်စုံစမ်း၏။လက်မတင်လေးအတွင်းမှာသဇင်တို့နေထိုင်ရာသဲလွန်စကိုရခဲ့သည်။ ဤနေရာနဲ့သိတ်မဝေးသောတင့်ဝေ၏သူငယ်ချင်းအိမ်မှာပင်ရှိသေးကြောင်းသိရ၏။ …

သူငယ်ချင်းကောင်း(စ/ဆုံး) Read More

အမေ(စ/ဆုံး)

အမေ(စ/ဆုံး) အမေဟာ တော်တော်လေးကို သိလိုစိတ်တွေ များလာပါတယ် လမ်းမှာ လူတစ်ယောက်ဖြတ်သွားရင်ကို “ဟဲ့ ဟဲ့ အဲ့တာ ဘယ်သူလဲ သိလား”လို့ လိုက်မေးတတ်ပြန်တယ် အမေဟာ ကျမ သိတဲ့ အမေမဟုတ်တော့ဘူး တိတိကျကျပြောရရင် အမေအသက် ၇၁ နှစ်လောက်ကစပြီး ‌အမေပြောင်းလဲသွားခဲ့တယ်အမေဟာ အရင်က‌ဆို အတော့်ကို စည်းဘောင်နဲ့ နေတတ်သူပါ ဥပမာ ကျမကို မပြောဘဲ ကျမ …

အမေ(စ/ဆုံး) Read More

ရင်ထဲကစမ်းရေ(စ/ဆုံး)

ရင်ထဲကစမ်းရေ(စ/ဆုံး) နေ့လည် ထမင်းစားချိန်မှာတော့ မယ် နဲ့ ထွေးလေးတို့ထမင်းအတူစားကြတယ်။ ထွေးလေးက သူ့ထမင်းချိုင့်ကိုဖွင့်ကြည့်ပြီး။ မုန်ညင်းရွက်ကြော် နဲ့ငရုပ်သီးဆားထောင်း ပါတယ် မယ်ရေ.. အိုကေ..အိုကေ..ငါ့အကြိုက်ပဲ.. သူထည့်ပေးတဲ့မုန်ညင်းရွက်ကြော်ကို အနည်းငယ် ယူစားလိုက်တယ်။ မုန်ညင်းရွက်ကြော်က ခါးတယ် ထွေးလေး… ဟင်..ဟုတ်လား.. နေဦး..ငါစားကြည့်ဦးမယ်.. အေးဟယ်…ခါးလိုက်တာ.. အမေ ဘယ်လိုကြော်ပေးလိုက်တယ် မသိဘူး… အိမ်မှာ ဆီကုန်နေတယ်နဲ့ တူတယ်… ငါးကြင်းဆီဖတ်ကို ကြော်ထားတဲ့ဆီနဲ့ …

ရင်ထဲကစမ်းရေ(စ/ဆုံး) Read More