Home / Ghost Stoey / ရင်ဘတ်ဟောင်းလောင်း(စ/ဆုံး)

ရင်ဘတ်ဟောင်းလောင်း(စ/ဆုံး)

ရင်ဘတ်ဟောင်းလောင်း(စ/ဆုံး)

———————————

ထိုက်တန် ရဲ့ မိဘတွေက ချမ်းသာတယ်။
မွေးချင်းသုံးယောက်ထဲမှာ ထိုက်တန်က အငယ်ဆုံး
ထိုက်တန် တက္ကသိုလ် ဒုတိယနှစ်ရောက်တော့
တက္ကသိုလ် ပတ်ဝန်းကျင် ထမင်းဆိုင်က
ငြိမ်းအေးသွယ်ဆိုတဲ့
ကောင်မလေးကို ချစ်မိတယ်။
ဒီလိုနဲ့ ထိုက်တန် နဲ့ ငြိမ်းအေးသွယ် ..
ချစ်သူတွေဖြစ်သွားကြတယ်..
ဒါကိုသိတဲ့ ထိုက်တန်တို့ အသိုင်းဝိုင်းက
လုံးဝလက်မခံဘူး။
ထိုက်တန်နဲ့ ငြိမ်းအေးသွယ်တို့အချစ်ကို
အလွှာဆိုတဲ့ ပေတံနဲ့ တိုင်းတာကြတယ်။
သိတယ်မို့လား…ငွေကြေးပြည့်စုံတဲ့
ထိုက်တန်တို့ အသိုင်းဝိုင်းအတွက်
အဒေါ်ထမင်းဆိုင်မှာနေရရှာတဲ့ မိဘမဲ့
မိန်းကလေးတစ်ယောက်ဟာ..
သူတို့အမြင်မှာ အင်မတန် နိမ့်ပါးနေတယ်။
လုံးဝ..ပက်ပက်စက်စက်ကို ကန့်ကွက်ပြီး
သဘောမတူကြတာ။

https://cultivationclassicalstarter.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

ထိုက်တန်ကတော့ ငြိမ်းအေးသွယ်ကို ချစ်တယ်။
ခွဲလည်းမခွဲနိူင်ဘူး။
သူတို့နှစ်ယောက်ရဲ့ အချစ်ကို ..
အလွှာဆိုတဲ့ ပေတံနဲ့ ရိုက်ချိုးတာမခံနိူင်ဘူး။

“ငြိမ်း…

“မောင်…

“ငြိမ်း.မောင့်ကို လက်ထပ်နိူင်လား…

“မောင်ရယ်..ငြိမ်းက ..မောင်ထားခဲ့မှာ
စိုးရိမ်နေရသူပါ…

ထိုက်တန်က ငြိမ်းအေးသွယ် ရဲ့ နဖူးလေးကို
ခပ်ဖွဖွလေး နမ်းလိုက်တယ်။
နောက်တော့ တရားရုံးမှာ လက်ထပ်ပြီး..
ပြည့်စုံတဲ့ သူတို့အသိုင်းဝိုင်းကို..
ခြေစုံကန်လိုက်တယ်…
သူ..ငြိမ်းကိုချစ်တယ်။

ကံကြမ္မာ မုန်တိုင်း
+++++++++++++

ထိုက်တို့အသိုင်းဝိုင်းက သူ့ကို အင်မတန်
ရူးနှမ်းတဲ့ ကောင်လို့မြင်ကြတယ်။
အမွေပြတ်ဆိုပြီးလည်း ကြေညာတယ်။
ဒါတွေကို ထိုက်တန်က ဂရုမစိုက်ဘူး။
သူချစ်တဲ့ ငြိမ်းနဲ့ အတူနေရလို့ပျော်တယ်။
ငြိမ်းကလည်း..ကျေနပ်တယ်။
သူတို့ လင်မယား မြို့ထဲက တိုက်ခန်းလေးမှာ
သီးခြားနေရလို့ လွပ်လပ်တယ်။
ကြင်စဦးဆိုတော့ လွပ်လပ်ခြင်းက ..
သူတို့အတွက် ပျော်စရာ နိဗ္ဗာန်ပဲ…
ထိုက်တန်က မြို့ထဲမှာ တက္ကစီ မောင်းပြီး
ဝင်ငွေရှာတယ်..သူမောင်းတဲ့ကားက
သူ့သူငယ်ချင်းရဲ့ အဖေ ပိုင်တဲ့ကား..
သူငယ်ချင်းကျေးဇူးကြောင့် ဒီအလုပ်လေးနဲ့
သူအဆင်ပြေတာ။
ဒီလိုနဲ့ ထိုက်တန်နဲ့ငြိမ်းတို့ အတူနေလာတာ
ခြောက်လလောက်ရှိလာတယ်။
အဲဒီနေ့က ထိုက်တန် ကားသိမ်းပြီးအိမ်အပြန်
လမ်းမှာ သူ့သူငယ်ချင်း တင်မောင်လတ်
ဆိုတဲ့ကောင်နဲ့တွေ့တယ်။
မတွေ့တာကြာတော့ တင်မောင်လတ်က
စားသောက်ဆိုင် တစ်ဆိုင်ထဲ ဇွတ်ခေါ်တယ်။
ဆိုင်ထဲမှာ စားသောက်ဖွယ်ရာ မျိုးစုံအပြင်
ယမကာနဲ့ပါ တင်မောင်လတ်က
ဧည့်ဝတ်ပြုတော့
မတွေ့ရတာကြာတဲ့ သူငယ်ချင်းဖြစ်တဲ့အပြင်..
ခုလို..စိတ်လပ်ပေါ့ပါး မနေရတာကြာတော့
အရက်ကို မသောက်တတ်ပေမဲ့
အပျော်ဆန်ဆန်သောက်ဖြစ်သွားတယ်.။
တင်မောင်လတ် နဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ
ပြောမကုန်အောင် ပြောဖြစ်ကြတယ်။
မကြိုက်ပဲ သောက်သောက်..
ကြိုက်လို့ပဲ သောက်သောက်..
အရက်ဆိုတာ..မူးတာပါပဲ။

“ငါပြန်မှဖြစ်တော့မယ် ကိုလတ်..
ခုလောက်ဆို ငြိမ်းမျှော်လောက်ပြီ..

” အေးပါကွာ ..ငါလိုက်ပို့ပေးမယ်လေ..

“နေနေ ရတယ် ကိုလတ်.. နှစ်မှတ်တိုင်လောက်
လျှောက်လိုက်ရင် ရောက်ပြီ…

ထိုက်တန်က ငြိမ်းအတွက် ဝက်ကုန်းဘောင်ကြော်
ပါဆယ်ပုန်းလေးဆွဲပြီး ထလိုက်တယ်။

ဝုန်း….

ထိုင်ခုံနဲ့ တိုက်မိပြီး ထိုက်တန် လဲကျသွားတယ်။

“ရရဲ့လား ငထိုက် ..ငါလိုက်ပို့မယ်…

“ရပါတယ်ဆိုကွာ..ဘိုင်..

ဒယိမ်းဒယိုင်နဲ့ ထိုက်တန်ဆိုင်ထဲက ထွက်လိုက်
တာနဲ့ မိုးက ဝုန်းကနဲ့ ရွာချလိုက်တယ်..

အပြင်မှာမိုးက လုံးဝမှောင်နေပြီ…
မိုးတွေကရွာနေတဲ့အပြင် လမ်းမီးတွေက
ပျက်နေတော့…
ထိုက်တန် ခေါင်းတွေက ချာလပတ်လည် နေတယ်
ခြေလှမ်းတွေက လိုရာမရောက်ပဲ ဒေါင်တန်း
ဆွဲပြီး ဦးတည်ရာမဲ့ လှောက်နေမိတယ်…
ဖျက်ကနဲ့ အလင်းတန်းနဲ့အတူ လျှပ်စီးတစ်ချက်
လက်လိုက်တယ်..
မျက်နှာပေါ်အရှိန်ပြင်းပြင်းကျနေတဲ့
မိုးပေါက်တွေကို ထိုက်တန် လက်နဲ့သပ်ချ
လိုက်တယ်။

“ငြိမ်း.. စိတ်ပူနေရှာမှာ..

အတွေးတစ်ခုသူ့ခေါင်းထဲတိုးဝင်လာတယ်..
နောက်တော့..ဒိန်းဆို..ခေါင်းထဲကို
ဘာမှန်းမသိတဲ့ အရာတစ်ခုက ဆောင့်တိုး
လိုက်ခြင်းနဲ့ အတူ မိုးရေတွေ ပြန့်ဆင်းနေတဲ့
ကတ္တရာလမ်းပေါ် သူလဲကျသွားတယ်.။

သူသတိရတော့ ..အဆောက်အဦး တစ်ခုရဲ့
မျက်နှာကျတ်ဖွေးဖွေးကို စမြင်ရတယ်…
နောက်မှ အနားမှာ…ငြိမ်း..နဲ့ သူငယ်ချင်းတွေ..

“ငြိမ်း…မောင်ဘာဖြစ်လို့လဲ…

ငြိမ်းက ငိုနေတယ်။

“ကိုလတ်..ငါဘာဖြစ်တာလဲ….

အောင်ကိုလတ်က အားယူပြီး စကားပြောတယ်။

“ထိုက်တန်..မင်း..ခုဆေးရုံမှာ…

“ဆေးရုံမှာ…

ထိုက်တန်က တိုးတိုးလေး လိုက်ငြီးတယ်။

“ငါက ဘာလို့ဆေးရုံရောက်တာလဲ…

ထိုက်တန်မေးတာကို ဘယ်သူမှမဖြေကြဘူး။

“ငါက ဘာကိစ္စ ဆေးရုံနေရမှာလဲ..
လာငြိမ်း..အိမ်ပြန်မယ်…

ထိုက်တန်က စိတ်လက်မာန်ပါနဲ့ လှဲနေရက
ထလိုက်တယ်။

“ဟာ…ငြိမ်း…ကိုယ့်ခြေထောက်တွေ…
ကိုယ့်ခြေထောက်တွေ လှုပ်မရတော့ဘူး…
အား…ဘာလဲကွာ..ဘာဖြစ်တာလဲ…

“မောင်ရယ်….

ငြိမ်းက ထိုက်တန်နဖူးလေးကိုသပ်ပြီး..

“ဘာမှအားမငယ်နဲ့နော်မောင် ..ငြိမ်းရှိတယ်
မောင်ခြေထောက်တွေကောင်းလာတဲ့အထိ
ငြိမ်းပြုစုမှာပေါ့…..

“ငါတို့လည်း ရှိတာပဲကွာ….

သူငယ်ချင်းတွေကပါ အားပေးတယ်..
ထိုက်တန်ကတော့ လေဖြတ်ပြီး ခြေထောက်တွေ
မသုံးနိုင်တော့တဲ့ ဒုက္ခိတ ဖြစ်သွားခဲ့ရတယ်။

နိဂုံး
——

သုံးလလောက်နေတော့ ထိုက်တန်ခြေထောက်တွေက
ချိုင်းထောက်ကို အားပြုပြီး လျှောက်လာနိုင်တယ်။
တစ်ဖက်က အလုပ်လုပ်ရင်း ထိုက်တန်ကိုလဲ
ပြုစုရင်း ငြိမ်းအေးသွယ် ဘဝကိုရုန်းကန်ရတယ်။

ခုလည်း..ထိုက်တန်ရဲ့ ခြေထောက်တွေကို
ငြိမ်းအေးသွယ် ဆေးလိမ်းပေးနေရင်း..

“ငြိမ်း…

“မောင်..ပြောလေ..

“ငြိမ်းကို.မောင်အားနာလာပြီကွာ..
ဒီခြေထောက်တွေ ကောင်းရင်လဲ..
မြန်မြန်ကောင်း..မကောင်းတော့ရင်လည်း..
မြန်သေချင်ပြီ ငြိမ်းရာ….

“မောင်ရယ်.. မောင်နေကောင်းတုန်းက
ငြိမ်းကို လိုလေသေးမရှိ လုပ်ကျွေးခဲ့တာလေ.
ငြိမ်းမငြိုငြင်ပါဘူးမောင်ရယ်..
ဟော..ခုဆို ..ချိုင်းထောက်လေးအားပြုပြီး
မောင်လမ်းလျှောက်နိူင်နေပြီလေ..
မောင့်ခြေထောက်တွေကောင်းတော့မှာ…
++++++++++++++

နောက်တနေ့ ငြိမ်းအလုပ်သွားပြီး
မကြာခင်..ထိုက်တန်သူငယ်ချင်း
အောင်ကိုလတ်ရောက်လာခဲ့တယ်။

“ထိုက်တန်..မင်းနေကောင်းရဲ့လား..

“ကောင်းပါတယ်ကွာ..ခုလေးတင်..ငြိမ်း
အလုပ်သွားတာကွ..

‘”လမ်းထိပ်မှာ ငြိမ်းနဲ့ငါတွေ့ပါတယ်ကွာ…

ထိုက်တန် ခဏငိုင်သွားတယ်။
နောက်အရေးတကြီးပုံစံနဲ့…

“ကိုလတ် ငါ့ကို..မင်းကားနဲ့ ငြိမ်းနောက်လိုက်ပေးး
စမ်းပါ..ငြိမ်းဘာတွေလုပ်နေလဲ..ငါသိချင်လို့..

“ဘာလို့လဲ ထိုက်တန်…

“မေးမနေနဲ့ကွာ မြန်မြန်လုပ်….

အောင်ကိုလတ်လည်း ထိုက်တန်ကိုတွဲပြီး
ကားရှေ့ခန်းထဲ တင်ပေးလိုက်တယ်။
နောက် ..ကားမှတ်တိုင်ဘက် အမြန်မောင်း
လာလိုက်တယ်။
သူတို့ရှေ့လေးတင် ငြိမ်းက ကားလေး
တစ်စီးတားပြီးစီးသွားတာမြင်လိုက်ရတယ်။
အဲဒီကားလေးနောက်ကိုပဲ သူတို့ကားက
လိုက်လာခဲ့တယ်။

“မင်းဘာလို့ ငြိမ်းနောက်လိုက်တာလဲ..

“ငြိမ်း..ဘာတွေလုပ်နေလဲ သိချင်လို့ပါ…

ငြိမ်းစီးသွားတဲ့ကားလေးနောက်ကိုလိုက်ရင်း
ထိုက်တန် ..ရင်တွေမောလာတယ်။
ဒီလမ်းကြောင်း..ဒီခရီးက ..သူလည်း
ကားသမားမို့ ..သိနေသလိုပဲ။
“မဟုတ်ပါစေနဲ့”
လက်နှစ်ဖက်ကို စိတ်လှုပ်ရှားစွာဖြင့်
သူဆုပ်ချေနေမိတယ်။..
ရှေ့က ကားလေးက အဆောက်အဦး တစ်ခုရှေ့
ရပ်သွားတယ်။
ငြိမ်းက ကားလေးပေါ်ကဆင်းပြီး
အဲ့ဒီ အဆောက်အဦး ထဲဝင်သွားတယ်။
သူ့မျက်နှာကို လက်နှစ်ဖက်နဲ့အုပ်ပြီး
ထိုက်တန် အသားတွေတဆက်ဆက် တုန်နေတယ်။
ဒါကိုကြည့်ပြီး ကိုလတ်က..
ထိုက်တန်ပခုံးကို ဆုပ်ကိုင်ပြီး

“ငြိမ်းက ..ဒီလိုမိန်းမမျိုး မဟုတ်ပါဘူးကွာ…

“ကားပြန်လှည့်….

“ထိုက်တန်…

“ကားပြန်လှည့်”

အရူးတစ်ယောက်လို ထိုက်တန်က အော်တယ်။
အောင်ကိုလတ်လည်းဘာမှပြောပဲ..
ကားကိုပြန်လှည့်ပြီးမောင်းထွက်ခဲ့တယ်။
အိမ်ရောက်တော့ အောင်ကိုလတ်တောင်
မချရပဲ ကားတံခါးကို ဖွင့်ပြီး ချိုင်းထောက်နဲ့
သူဖာသူ ဆင်းလိုက်တယ်။

“အဆင်ပြေရဲ့လား သူငယ်ချင်း..

အောင်ကိုလတ်က မေးတော့

“ပြေပါတယ်ကွာ..ဒီနေ့မြင်ခဲ့တွေ့ခဲ့တာကို
ဘယ်သူ့မှ မင်းပြန်မပြောဘူးလို့.ငါ့ကို
ကတိပေးပါကွာ..

အောင်ကိုလတ်က ခေါင်းငြိမ့်ပြသည်။

“စိတ်ချ..ကိုထိုက်..ငါကတိပေးတယ်.. .

အောင်ကိုလတ်ပြန်သွားတော့ စာရွက်ကြီးကြီး
တစ်ခုမှာ ဆော့ပင် အနီနဲ့ စာလုံးကြီးကြီး
သူရေးလိုက်တယ်…

“ငြိမ်းကိုချစ်တယ်.. အရာအားလုံးကိုလည်း
ခွင့်လွှတ်တယ်..ပျော်ပျော်နေခဲ့နော်ငြိမ်း ”

စာရွက်ကို အိမ်နံရံမှာ သူကပ်လိုက်တယ်။
နောက်တော့ အိမ်​ေရှ့လမ်းကနင်းသွားတဲ့ ဆိုက်ကား
သမားကိုသူလှမ်းခေါ်လိုက်တယ်။

“ကိုအောင်ငွေ…

ဆိုက်ကားသမားရောက်လာတော့
သူသွားချင်တဲ့နေရာကို ပြောလိုက်တယ်
လမ်းမှာဆိုက်ကားနင်းနေတဲ့သူကို..
ထိုက်တန်က..

“ကိုအောင်ငွေ ဘယ်အချိန်ရှိပြီလည်းဗျ..

“ရှစ်ခွဲ ကိုထိုက်..

လက်မှာပတ်ထားတဲ့ နာရီကိုကြည့်ပြီး
ကိုအောင်ငွေကပြောတယ်

“ဒါဆို ငါးမိနစ်အတွင်း ရောက်အောင်
အမြန်နင်းပါဗျာ..

သူသွားချင်တဲ့နေရာကို ရောက်တော့
ဆိုက်ကားပေါ်ကဆင်းပြီး
ကိုအောင်ငွေကို ငါးထောင်တန် တစ်ရွက်
ပေးလိုက်တယ်။

“အမ်းစရာမပါဘူး ကိုထိုက်…

ထိုက်တန်က ပြုံးလိုက်ပြီး

“ယူသွားပါ ကိုအောင်ငွေ ကျနော်ကပေးတာ”

ကိုအောင်ငွေ ထွက်သွားတော့ အဝေးကနေ
မြင်နေရတဲ့ လောကမာန်အောင် ဘုရားကြီးကို
လှမ်းပြီးကန်တော့တယ်..
နောက်..အဖေနဲ့အမေကို ရည်မှန်း ကန်တော့
တယ်..သားမိုက်ကို ခွင့်လွှတ်ပါ…
ဘဝအဆက်ဆက် ကိုယ့်ကြောင့်
တစ်ပါးသူ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ..
မဖြစ်ပါစေနဲ့.. .
နောက်တော့ ရထားသံလမ်းပေါ်ကနေ
သူကျောပေးရပ်လိုက်တယ်။

ပေါ်…ပူ….ပေါ်..

ရထားဥသြဆွဲသံက တဖြည်းဖြည်း ပိုနီးလာ
တော့ ငြိမ်း ရဲ့ မျက်နှာလေး သူပြန်မြင်မိတယ်..

ပေါ်ပူ….ပေါ်…ပူ

“မောင့်ကို ငြိမ်းချစ်တယ်..

ငြိမ်းအသံလေးကို သူပြန်ကြားရင်း ပြုံးလိုက်တယ်။

ဝုန်း..

တိုက်ချသွားတဲ့ ရထားကြီး ဖြတ်ကျော်သွားတော့
ချိုင်းထောက်တွေမလိုပဲ သူ့ခန္ဓာကိုယ်က
ပေါ့ပါးနေတယ်..
နောက်တော့ သူ့ကိုစိတ်ပူနေရှာမဲ့
ငြိမ်း..ရှိတဲ့အိမ်လေးဆီ ထိုက်တန်
အပြေးတပိုင်းနဲ့သွားလိုက်တော့တယ်။

#ပီယ_ရွှေညာမြေ

Leave a Reply

Your email address will not be published. Required fields are marked *