သူငယ်ချင်းကောင်း(စ/ဆုံး)
————————-
‘ကြီးကြီးမြ.သဇင်ဘယ်သွားလဲဟင်’
‘ခုနတော့ရှိပါတယ်သမီးရဲ၊အိမ်ပေါ်ကိုတက်ကြည့်လိုက်ပါလားကွယ်’
‘ဟုတ်ကဲ့ကြီးကြီး သွားကြည့်လိုက်မယ်နော်’
ညိုမြအပြေးကလေးတက်ကာကြည့်လိုက်သည်။တစ်အိမ်လုံးအနှံ့ရှာသော်လဲမတွေ့၊တွေ့သည်ကားစာတစ်စောင်ဖြစ်သည်။ကောက်ယူကာဖတ်ကြည့်လိုက်တော့.
‘မေမေ.သမီးချစ်သူနဲ့လိုက်သွားပြီနော်၊အမေ့ကိုအသိမပေးဘဲလုပ်ခဲ့မိတဲ့အတွက်သမီးကိုခွင့်လွှတ်ပါ
‘ဟာဒီကောင်မငါအတန်တန်ပြောနေတဲ့ကြားကလိုက်သွားပြန်ပြီဟာ၊ဒီကောင်ကငပွေ၊ငရှုပ်ပါဆိုတာကိုပြောလို့မရဖူး၊ငါမြင်နေသေးတယ်သဇင်၊နင်တစ်နေ့မှာဒုက္ခလှလှကြီးတွေ့မှာ’
စာကိုဖတ်ပြီးသည်နှင့်နုတ်မှတဖွဖွပြောမိသည်။
သဇင်ဆိုသည်ကလည်းအခြားသူမဟုတ်၊မိမိနဲ့ငယ်စဥ်ကတည်းကပေါင်းဖက်လာကြသူပင်၊ရင်းနှီးမှုခိုင်မာလာပြီးညီမအရင်းအချာတစ်ယောက်လိုသတ်မှတ်ထား၏။ကောင်းတူ၊ဆိုးဖက်နေထိုင်ကြဖို့ကိုလည်းအမြဲတွေးထားသည်။
အခုတော့မိမိပြောစကားကိုနားမထောင်၊ထင်ရာစိုင်းလျက်လုပ်ချင်တိုင်းလုပ်သွား၏။
‘အင်း.နင်နဲ့တော့ခက်နေပြီသဇင်ရယ်၊ငါဘယ်လိုလုပ်ရမလဲဟာ.’
စာကလေးကိုလက်မှာကိုင်လျက်အိမ်အောက်ဆင်းလာသည်။
‘တွေ့လားသမီး.’
ကြီးကြီးမြဆိုသူကဆည်းမေး၏။ညိုမြခေါင်းခါပြလိုက်သည်။ပြီးတော့စာကိုကြီးကြီးမြထံသို့ကမ်းပေးလိုက်၏။
‘ဒါကဘာလဲသမီးရဲ့’
ညိုမြပြန်ဖြေဖို့တွန့်ဆုတ်နေမိသည်၊ကြီးကြီးမျက်နှာကိုစေ့စေ့ကြည့်ရင်း
‘သူ.ယောင်္ကျားနောက်ကိုလိုက်သွားပြီကြီးကြီး၊အဲ့စာထဲမှာရေးထားတယ်’
‘ဟင်ဘယ်လို.ဘယ်လို့သမီး၊ငါ့သမီးလေးကလင်နောက်ကိုသွားတယ်.ဟုတ်လား’
‘ဘယ်သူနဲ့များလဲကွယ်၊ကြီးကြီးကိုပြောပါအုံး’
‘တင့်ဝေနဲ့ပါကြီးကြီး’
‘ဘာ.တင့်ဝေနဲ့ဟုတ်လား၊ဒါဆိုရင်တော့ကြီးကြီးရဲသမီးလေးရေတိမ်နစ်ပါပြီကွယ်၊မကယ်နိုင်တော့ဖူးလားသမီးရယ်၊လုပ်ပါအုံးနော်’
တင့်ဝေရဲ့အကြောင်းကိုညိုမြသာမက၊မိခင်ဖြစ်သူကပါသိနေသည်။မိန်းကလေးတွေနဲ့ပတ်သက်လာရင်အနှောင့်အယှက်အပေးဆုံသူ၊ပြီးတော့မိန်းကလေးတစ်ယောက်နဲ့ပြသနာဖြစ်ပြီးလျော်ကြေးပေးထားရသေးသည်။
ဒီလိုလူမျိုးကိုမှသမီးကလင်သားအဖြစ်သတ်မှတ်လိုက်ပြီဆိုတော့စိတ်ချမ်းမြေ့စရာလမ်းမမြင်၊တခဏသာပျော်ရွင်မှုအရိပ်အယောင်ကိုမြင်တွေ့ရမှာဖြစ်ပြီးကာလကြာသည်နှင့်အမျှမျက်ရည်နဲ့ဒူးသုတ်စရာသာရှိသည်။
‘ကြီးကြီးအဲတာဘယ်လိုလုပ်ကြမလဲဟင်’
‘ရအောင်ခွဲရမှာပေါ့သမီးရယ်၊ဒီတစ်လမ်းဘဲရှိတာ၊သူလက်ထဲမှာတော့ကြီးကြီးရဲ့သမီးဘဝအပျက်အစီးမခံနိုင်ဖူး’
‘ဒါဆိုလာကြီးကြီး.၊သူတို့ဘယ်နေရာမှရှိလောက်တယ်ဆိုတာကိုသမီးသိတယ်’
ကြီးကြီးအားခေါ်လာပြီးညိုမြလိုက်စုံစမ်း၏။လက်မတင်လေးအတွင်းမှာသဇင်တို့နေထိုင်ရာသဲလွန်စကိုရခဲ့သည်။
ဤနေရာနဲ့သိတ်မဝေးသောတင့်ဝေ၏သူငယ်ချင်းအိမ်မှာပင်ရှိသေးကြောင်းသိရ၏။
သိသိချင်းအပြင်းလိုက်လာခဲ့သည်။
ကြီးကြီးအပြင်မှာနေစေ၏။မိမိတစ်ယောက်ထဲတင့်ဝေ၏သူငယ်ချင်းအိမ်ကိုလာခဲ့သည်။
တင့်ဝေ၏သူငယ်ချင်းကလည်းလာလည်သည်အမှတ်ဖြင့်ခွင့်ပြူပေး၏။
အိမ်ပေါ်ကိုနားစွင့်ကြည့်သည့်အခါစကားပြောသံကိုကြားရသည်။
‘ကိုအောင်မင်း၊အိမ်ပေါ်ကဘယ်သူတွေလဲဟင်’၊စကားပြောသံတွေကြားနေလို့.’
‘အော်နင်သူငယ်ချင်းသဇင်လေဟယ်၊သူတို့ခိုးလာကြတာဟ၊အခုဘယ်ကိုမှမသွားတတ်သေးတော့၊ငါ့အိမ်မှာခဏတည်းနေတာ’
‘ဟုတ်လား.ဒါဆိုရင်ကျမသွားတွေ့ချင်သေးတယ်၊သူနဲ့စကားမပြောဖြစ်တာကြာပြီလေ’
‘ဒါဆိုလည်းသွားတွေ့ပေါဟာ’
ကိုအောင်မင်းခွင့်ပြုလိုက်၍အိမ်ပေါ်ကိုတက်သွားသည်။တင့်ဝေကလဲလျောင်းနေ၏၊သဇင်ကတော့ဘေးနားမှာထိုင်ကာတစ်ခုခုကိုစဥ်းစားနေဟန်ရှိသည်။
ညိုမြရောက်လာသည်ကိုပင်မသိ၊
‘ဟေ့သဇင်.
‘ဟယ်နင်ဘယ်လိုလုပ်ရောက်လာတာလဲ’
‘ရှူးတိုးတိုးသဇင်၊နင့်ကိုငါပြောစရာရှိတယ်’
တင့်ဝေမှလှည့်ကြည့်သည်။သူငယ်ချင်းနှစ်ဦးဖြစ်၍ဆိတ်ဆိတ်နေလိုက်၏။
ညိုမြမှလက်ကိုဆွဲကာအောက်သို့ခေါ်လာသည်။
ထိုအချိန်မှာသဇင်ရဲ့အမေရောက်လာ၏။
နှစ်ဦးသားညှပ်လျက်သဇင်ကိုအတင်းဆွဲခေါ်သွားသည်။
အမေပါပါနေ၍သဇင်တစ်ယောက်ငြိမ်ပြီးလိုက်လာခဲ့ရ၏။
အိမ်ရောက်သည့်အခါအမေဖြစ်သူမှအခန်းတံခါးပိတ်ထားလိုက်သည်။ဤသို့ဖြင့်တင့်ဝေနဲ့ကွဲကွာခဲ့ရ၏။
နောက်များမှာတော့တင့်ဝေ၏ရှုပ်ပွေလီသောဇာတ်လမ်းတွေကပေါ်ပေါက်လာ၏။
မိမိရှုပ်ထားသောမိန်းကလေးများကတိုင်တန်းသဖြင်အဖမ်းခံရသည်။
သဇင်တစ်ယောက်ဘဝပျက်မည့်ဘေးမှသီသီကလေးလွတ်မြောက်သွား၏။သူငယ်ချင်းကောင်း၏ကျေးဇူးကြောင့်မဟုတ်ပါလား။.။
စာဖတ်ပရိတ်သတ်အားအစဥ်လေးစားလျက်
တင်သက်.ပညာရေး
ကညွတ်ကွင်းမြိူ့








