ကုသိုလ်တော်

ကုသိုလ်တော် ချိုကြည်သာ မြန်မာထမင်းဆိုင် အဘွားအိုက ဆိုင်းဘုတ်လေးကိုဖတ်ပြီး ဆိုင်ထဲကိုဝင်လိုက်သည်။ စားပွဲထိုး မိန်းကလေးတစ်ဦးရောက်လာပြီး “ဘာဟင်းနဲ့များ သုံးဆောင်မလဲရှင်” ဟုမေးလိုက်သည်။ “ဘာဟင်းတွေရသလဲကွယ်” “ကြက်သား၊ ဝက်သား၊ ငါးမြင်းဆီပြန်၊ ဆိတ်ကလီစာ၊ ငါးဖယ်၊ ငါးကြင်းကြော်နှပ်၊ ဘဲဥချဉ်ဟင်းတွေရပါ တယ်ရှင်” ဟု စားပွဲထိုးကောင်မလေးကပြောလိုက်သည်။ အဘွားအိုက “ငါးဖယ်နဲ့တစ်ပွဲပေးပါကွယ်” ဟု မှာလိုက်သည်။ မကြာမီ ထမင်းနှင့်ဟင်းများလာချသဖြင့် အဘွားအိုက စားရန်ပြင်နေစဉ်မှာပင် …

ကုသိုလ်တော် Read More

ခေတ်သစ်ကူးစက်ရောဂါဘေး

ခေတ်သစ်ကူးစက်ရောဂါဘေး သီတင်းကျွတ်ပိတ်ရက်တွင် မောင်ကျော်စွာတစ်ယောက် ကျွန်တော့်အိမ်တွင်သာ အချိန်ဖြုန်းနေသည်။ “မောင်ကျော်စွာ သူများတွေလို လျှောက်မလည်ဘူးလားကွာ” “ဆရာရယ် လည်တယ်ဆိုတာ ပိုက်ဆံရှိမှပါ။ ပိုက်ဆံလည်း မရှိဘူး၊ လည်ချင်တဲ့စိတ်လည်း မရှိပါဘူး” “ဘာဖြစ်လို့လဲကွ” “ဘာမှမဖြစ်ပါဘူး။ ဆရာ့အိမ်မှာနေတာ နားအေးလို့ပါ။ ကိုယ်ဖတ်ချင်တာဖတ်လို့ရတယ်။ အိမ်နားမှာက အသံမစဲ ပဋ္ဌာန်းပွဲတဲ့ဆရာ” “အေး … အေး … စိတ်ချမ်းသာသလိုသာနေပေတော့။ ငါစာရေးနေချိန်တော့ စကားလာမပြောနဲ့ပေါ့” …

ခေတ်သစ်ကူးစက်ရောဂါဘေး Read More

ဖူးစာနှင့်ဦးရာ

ဖူးစာနှင့်ဦးရာ “ဆရာ ကျွန်မ လက်ထပ်တော့မလို့” ကျွန်တော် အိမ်ပေါ်ကိုတက်တက်ချင်း ဆရာမသင်းသင်းရီကပြောလိုက်ခြင်းဖြစ်သည်။ ကျွန်တော် တောင်ကွဲကြီးရွာကိုရောက်ရန် မနက် ၄ နာရီကတည်းက ရွာမှထွက်လာရသည်။ ယောက်ျားခြေနှင့် အပြင်းလျှောက်လာသည်ပင် ၂ နာရီလျှောက်ရသည်။ နေမြင့်လာလျှင် သောင်တွေကိုဖြတ်ရသည်မှာ ပူသည်။ ထို့ကြောင့်နေမပူခင် ကျွန်တော် တောင်ကွဲကြီးကိုအရောက်လာခဲ့သည်။ ကျွန်တော် သူ့ကိုတွေ့ချင်စိတ်တွေက ပြင်းပြနေသည်။ သို့သော် မသင်းသင်းရီနေသည့် အိမ်ပေါ်ကိုတက်ပြီး ထိုင်ခါစသာရှိသေးသည် …

ဖူးစာနှင့်ဦးရာ Read More

စေတနာအကျိုးပေး

စေတနာအကျိုးပေး ကျွန်တော် ကိုသန်းကိုသိသည်မှာ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်လောက်ကတည်းကဖြစ်သည်။ ကျွန်တော် ဆိုက်ကားနင်းစဉ်အခါကတည်းက ကိုသန်းနှင့်ရင်းနှီးသည်။ သူနှင့်ကျွန်တော် ဆိုက်ကား တစ်ဂိတ်တည်း အတူတူထိုးကြသည်။ ကိုသန်းသည် ပေါင်းရသင်းရခက်သည်ဟု အများက သိထားသော်လည်း ကျွန်တော်နှင့်မူ အကြောင်းအပေါင်းသင့်သည်။ အမှန်တော့ ကိုသန်းသည် စနစ်ရှိပြီး သူ့ဘာသာသူ စည်းကမ်းနှင့် နေလေ့ရှိသူ။ ထို့ကြောင့်တော်ရုံနှင့်မသင့်။ ကျွန်တော်ကလည်း သူ့လိုလူဖြစ်နေသောကြောင့် ဖြစ်မည်။ …

စေတနာအကျိုးပေး Read More

ဖိုးလနတ်သား

ဖိုးလနတ်သား ကျွန်တော်လမ်းလျှောက်ပြန်လာသည့် လမ်းထောင့်လေးတစ်နေရာတွင် လက်ဖက်ရည်ဆိုင်သေးသေးလေး တစ်ဆိုင်ရှိသည်။ ကျွန်တော်က ထိုဆိုင်တွင် နံနက်စာ တစ်ခါတစ်ရံစားသည်။ အစားအသောက် ကောင်း၍ တော့မဟုတ်။ ဘဝအကြောင်း သောင်းပြောင်းထွေလာကို ဤနေရာတွင်သိနိုင်သောကြောင့်ဖြစ်သည်။ လမ်းဆုံလည်းဖြစ် လူနေစိပ်သည့် ရပ်ကွက်တစ်ခုအတွင်း၌လည်း ဖြစ်သဖြင့် ထိုဆိုင်တွင် လူစုံသည်။ ထောင့်နားကျကျ စားပွဲသည် ချဲရောင်းသူတစ်ယောက်ထိုင်လေ့ရှိသည်။ လူတွေက ထိုသူထံတွင် ချဲလာထိုး ကြသည်။ အခြားဝိုင်းတစ်ဝိုင်းတွင် မိသားစုတစ်စုထိုင်နေသည်။ …

ဖိုးလနတ်သား Read More

သံသရာကြွေး

သံသရာကြွေး ဦးထွန်းဝသည် သူ၏ ကုန်စုံဆိုင်ကို မနက် ၆ နာရီထိုးသည်နှင့် ဖွင့်လေသည်။ သူဆိုင်ဖွင့်ဖွင့်ချင်း တွေ့လိုက်ရ သည်မှာ အမျိုးသမီးတစ်ဦးဖြစ်သည်။ အဝတ်အစားနွမ်းနွမ်းပါးပါးနှင့်ဖြစ်သော်လည်း ဆင်းရဲနိမ့်ပါးသည့် အမျိုး အစားထဲကမဟုတ်ကြောင်း သတိပြုမိသည်။ သူက “ငါ့နှမ ဘာများအလိုရှိလို့လဲကွယ်” ဟု မေးလိုက်သည်။ အမျိုးသမီးက “မနေ့က ဦးလေးဆိုင်မှာ ကျွန်မသားလေးကို ဆန်တစ်ပြည်ဝယ်ခိုင်းလိုက်ပါတယ်” “ဟုတ်လား ဘာများဖြစ်လို့လဲကွယ်” “ဆန်တစ်ပြည် …

သံသရာကြွေး Read More

ဒါတို့ပြည်

ဒါတို့ပြည် ဆရာမက ကျွန်တော့်ကို စိုက်ကြည့်လိုက်ပြီး “မင်းဘာဖြစ်လို့ စာစီစာကုံးမရေးခဲ့တာလဲ ပြောစမ်း” ဟု ဒေါသသံဖြင့် မေးလိုက်သည်။ ကျွန်တော်က “ဆရာမ စာစီစာကုံးရေးဖို့ ပေးထားတဲ့အချက်အလက်တွေကို မကြိုက်လို့ပါ” “အောင်မာ ကြီးကြီးကျယ်ကျယ် … ဆိုစမ်းပါဦး မင်းက ဘာတွေကို မကြိုက်ရတာလဲ။ ငါပေးထားတဲ့အချက် တွေကိုများ” “ဆရာမ စာစီစာကုံးရေးဖို့ ပေးထားတဲ့ အောက်လိုင်းတွေထဲမှာ မှန်တာတွေ တစ်ခုမှ …

ဒါတို့ပြည် Read More

ခေတ်၏သားကောင်များ

ခေတ်၏သားကောင်များ မိုးတွင်းကာလဖြစ်သဖြင့် လမ်းလျှောက်သည့်နေရာ အတော်လေးရွေးရသည်။ ချော်လဲမည်ကို ကြောက်သော ကြောင့်ပင်။ ကျွန်တော်ကား မိုးရွာလျှင်ပင် ထီးဆောင်းပီး လမ်းလျှောက်ရခြင်းကို နှစ်သက်နေမိသူဖြစ်သည်။ ထို့ကြောင့် ချော်မလဲနိုင်သည့် လမ်းတွေ၊ လူမပြတ်သည့်လမ်းတွေကို ရွေးချယ်ရသည်။ ယခုတလောတွင် လုယက်မှုတွေက ပိုပြီးဆိုးလာသည်။ အထူးသဖြင့် ရိုက်လုနေခြင်းဖြစ်သည်။ ဖုန်းတစ်လုံး လောက်အတွက် လူ့အသက်တစ်ချောင်းကိုပင် ဂရုမစိုက်လောက်အောင် အသိတရားတွေ ကင်းလာကြသည်။ ကျွန်တော် လမ်းလျှောက်ကောင်းသည့် …

ခေတ်၏သားကောင်များ Read More

ခက်ထန်သောမေတ္တာ

ခက်ထန်သောမေတ္တာ ကန္တာရကြီးထဲတွင် သစ်ပင်တွေက ဟိုတစ်ကွက် သည်တစ်အုပ်နှင့် ခြောက်သွေ့နေသည်။ နေပူရှိန်က ပြင်းလှသည်။ သစ်ကုလားအုပ်တစ်ကောင် လေးတွဲ့စွာဖြင့် ချုံတစ်ခုကြားက ထွက်လာသည်။ သူ့အရပ်က သစ်ပင်အုပ်ထက် မြင့်မားသည်။ သစ်ပင်ချုံထဲကထွက်လိုက်မှ သူ့ကိုဗိုက်ကြီးပူဖောင်းနေကြောင်းသတိထားလိုက်မိသည်။ သူက မြေကြီးတွေကို ခွာဖြင့်ထိုးနေသည်။ မြေမှုန်တွေက လွင့်ပါးသွားသည်။ သစ်ကိုင်းတစ်ကိုင်းကို သူ့လည်ပင်းနှင့်ပွတ်နေပြန်သည်။ ဂနာမငြိမ် ဘာကြောင့်ဖြစ်နေရသနည်း။ နောက်မှ အဖြေတွေ့သည်။ သူမ ကလေးမွေးချင်နေသည်။ …

ခက်ထန်သောမေတ္တာ Read More

ပျောက်သောသူ ရှာမတွေ့

ပျောက်သောသူ ရှာမတွေ့ နန်းကြာညိုသည် အသက် ၃၀ ကျော် အပျိုဟိုင်းကြီးတစ်ဦးဖြစ်သည်။ ဖခင်အိုကြီးကို လုပ်ကိုင်ကျွေးမွေးနေရ သဖြင့် အိမ်ထောင်မပြုခြင်းလည်း ဖြစ်နိုင်သည်။ သူတို့သားအဘသည် ရွာတွင် လူချမ်းသာပိုင်းစာရင်းဝင်သည်။ ဖခင်ဖြစ်သူ ဦးကျော့ရှိန်က အသက် ၈၀ နီးလာသဖြင့် လုပ်ငန်းတွေကိုနားကာ သမီးကို အိမ်ထောင်ရက်သား ချပေးချင်နေသည်။ သို့သော်နားချ၍မရသည့်အဆုံးတွင် လက်ပိုက်ကြည့်နေလိုက်ရသည်။ “ဆရာလေးရေ … သမီးကိစ္စလေး ပြောချင်သဗျ” …

ပျောက်သောသူ ရှာမတွေ့ Read More