အပျိုစင် အလောင်း”(စ/ဆုံး)

အပျိုစင် အလောင်း”(စ/ဆုံး)

” အမယ်လေး —-သမီးလေးရယ် အဖြစ်ဆိုးလှပြီလား သမီးရဲ့ … ”

အမေ ရင်တွေကွဲကုန်ပြီ သမီးရယ် …..@@@@

သြော် လူလောကမှာ သေခြင်းတရားဆိုတာ

အသက်အရွယ်မရွေး အချိန်အခါ ရက်ရာဇာ ပြဿဒါး မရွေး လူတိုင်းလူတိုင်း ကံပေးသလောက်ပဲ နေထိုင်ကြရတာပါလား

ဒါကြောင့် လည်း

(* ** မိုးကုတ်ဆရာတော်ဘုရားကြီးက

ဟောကြားခဲ့တာပေါ့ ငါ့သည်မုချသေရမည်

အချိန်ပိုင်းသာလိုတော့သည်** *)

===========%==============

ယခု ကျမ ရွာလေးတစ်ရွာက နာရေးအိမ်တစ်ခုမှာ

အသုဘ လိုက်ပို့ရန် ရောက်လာခဲ့ရခြင်းပါ

နာရေးကလည်း လူတွေစည်ကားလိုက်တာ ,…”’

လူများမှာပေါ့ ဆုံးသွားတဲ့

သူက အသက် ၂၇ နှစ် အပျိုနုနုလေးတစ်ယောက် ကျမနဲ့အတူ မကွေးတိုင်း သရက်ခရိုင်

ပြလို့ ဆိုတဲ့စံပြရွာလေးမှာ အလယ်တန်းပြဆရာမအဖြစ် တာဝန်အတူတူ ထမ်းဆောင်းခဲ့ကြတာလေ ဒါတင်မကပဲ သူမက ရပ်ကျိုးရွာကျိုးအတွက်လည်း ပရဟိတ လုပ်ငန်းတွေမှာရှေ့ဆုံးကလုပ်ခဲ့သလို

တစ်ပတ်မှာ တစ်ရက်သင်ကြားပေးတဲ့ ရွာက

ဘုန်းကြီးကျောင်းမှာလည်း သူက ဓမ္မစကူးလ်သင်တန်းရဲ့ ဆရာမ တစ်ယောက်လေ

မွေးခြင်းမောင်နှမ မရှိပဲ အမေ မုဆိုးမကြီးကိုယ်

ကျောင်းဆရာမ အလုပ်လေးနဲ့ ရှာကျွေးရင်း အိမ်မှာ အိမ်ဈေးဆိုင်လေးတည်ကာ တစ်ဖက်တစ်လမ်းကနေအပိုဝင်ငွေလေးရအောင်ရှာရင်း

ဘဝအတွက် အကျိုးရှိရှိ ကြိုးစားရုန်းကန် လုပ်ရှားနေသူတစ်ယောက်ပါ ။ သူမဟာ မျက်နှာလေးကချော အသားလေးကဖြူ ခန္ဓာကိုယ်အချိုးအဆစ်လှပပြီး အသက်အရွယ်ကြီးသူတိုင်းအပေါ်ရိုသေးလေးစား

ဘာသာရေးကိုင်းရိုင်းတတ်ပြီး

သဘောလေးကကောင်း သူတစ်ပါးအပေါ်မှာလည်းကူညီရိုင်းပင်းတတ်

စာသင်ကြားတဲ့အခါမှာလည်း စိတ်ရှည်သည်းခံ

အနွံအနာခံတတ်တော့ လူကြီးလူငယ်မရွေး တစ်ရွာလုံးက ချစ်ခင်ကြတဲ့ သူလေးပါ””””””””

သူမဘဝ အတွက် အတိတ်ကံကြမ္မာဆိုးက

ရက်စက်ချိန်ဖန်လာပုံများ ရင်ထဲမှာ ပြောမထွက်နိူင်လောက်အောင် သူမအတွက်

စိတ်မကောင်းဖြစ်ရပါသည် ။ ။

%%@ အဲ့နေ့က တနင်္ဂနွေနေ့ပေါ့ အုံနှိုင်းမှိုင်းကောင်းကင်ယံမှာ မိုးလေးကဖွဲဖွဲကျနေတဲ့အချိန် နေ့လယ် ၂ နာရီဝန်းကျင်လောက် ရွာကဘုန်းတော်ကြီးကျောင်းမှာ ဓမ္မစကူးလ် ခလေးများကို ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ သင်ကြားအပြီး ဆရာခြင်းအလှည့်ချိန်တုန်း ဗိုက်ဆာတာနဲ့ ရွာလယ် ပြည် <> မကွေး ကားလမ်းဘေးက အသုပ်ဆိုင်လေးမှာ

အသုပ်စားရန်ထွက်လာခဲ့တယ်လေ မိုးလေးကဖွဲဖွဲကျပြီး လေပြေလေညှင်းလေက တိုက်ခတ်နေတော့ သူမ ရင်ထဲကိုချမ်းစိမ့်စိမ့်အအေးဓာတ်က တိုးဝင်လာတာနဲ့ ပူပူနွေးနွေး ဟင်းခါးရည်လေး

သောက်ချင်စိတ်ကပေါ်လာတာနဲ့ မုန့်ဟင်းခါးလက်သုပ်တစ်ပွဲနဲ့ ဟင်းခါးရည်ပူပူလေး

အသုပ်ဆိုင်မှာ မှာစားခဲ့တယ်လေ…. မုန့်ဟင်းခါးအသုပ်တစ်ပွဲစားအပြီး ဆိုင်ထဲကအထွက်မှာပဲ သူမ ဘဝအတွက် ((အတိတ်ကံဝဠ်ကျွေး ဆိုးလိုက်ပုံများ ရင်နှင့်ဖွယ်ကောင်းလှပါတယ်))

** ကုန်တင်ကားကြီးတစ်စီးဟာ ရွာလယ်ကလမ်းမကြီးပေါ်မှာ မောင်းနေရင်းနဲ့ (ဖောင်း) ဆို ရှေ့ကားဘီးတာယာ

ပေါက်သွားပြီး သူမလမ်းလျှောက်နေတဲ့ဘက်ကိုယ်

တည့်တည့်ကြီးဝင်လာချိန်မှာ သူမလည်း ကြောင့်လန့်ပြီး ဘာမှရှောင်တိမ်းချိန်တောင်မရပဲ ထိုကားကြီးဟာ သူမကိုတိုက်ပြီး လဲကျသွားချိန်မှာ သူမ ဦးခေါင်းကို ကားနောက်ဘီးနဲ့တက်နင်းမိလို့

ဦးခေါင်းကြေမွကာ ရုပ်ပျက်ဆင်းပျက် သေပွဲဝင်ခဲ့ရပါတယ် ………. ,&&&&

ယခု သူမရဲ့ နာရေးလိုက်ပို့ရန်အတွက် ဆရာ/ဆရာမများ ရဟန်းသံဃာဘုန်းတော်ကြီးများ စာသင်ကျောင်းမှ ၅ တန်းကျောင်းသား/သူများ

ဓမ္မစကူးလ်အဖွဲ့သားများ လူမူရေးပရဟိတအဖွဲ့များ

ကျေးရွာလူအများနဲ့ သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းများနဲ့ဆိုတော့ သူမရဲ့နာရေးဟာ ယခုရွာမှာတော့ အကြီးကျယ်ဆုံးနဲ့လူအစည်ကားဆုံး နာရေးတစ်ခုလို့ပြောရမည်ဆိုလျှင်မမှားနိူင်ပါ

(((လူတစ်ယောက်ဟာ ငွေဘယ်လောက်ပဲချမ်းသာပါစေ ထိုသူသေသွားတဲ့အခါ အသုဘ လိုက်ပို့သူကြည့်ရုံမျှဖြင့် ထိုလူ၏ လူမူဆက်ဆံရေးနှင့် စိတ်နေသဘောထားကိုယ် မြင်တွေ့နိူင်ပါသည်))) လို့ ကျမ စာအုပ်တစ်ခုမှာမှတ်သားသိရှိခဲ့ဖူးပါသည် ထိုအတွက်ကြောင့် သူမရဲ့ နာရေးကို မြင်တွေ့လိုက်ရုံမျှနှင့် လူမူရေးဘယ်လောက်ထိနားလည်သူဆိုတာ အားလုံးသိရှိနားလည်သဘောပေါက်ကြမှာပါ””””

ထိုအချိန်မှာပဲ ရွာဦးကျောင်းတိုက်က သံဃာတော်များကြွလာ၍ လူအများက

တရားနာယူရန်နေရာယူကြပါသည် ဆရာတော်ကြီးများမှ တရားသီလပေး သရဏဂုံတင် မေတ္တာပို့ အမျှပေးဝေးအပြီး အသုဘ ချရန် သုသာန်သို့ လိုက်ပါပို့ဆောင်ခဲ့ကြပါသည်…..အသုဘ မြေချအပြီး ကျမ တို့လည်း သူငယ်ချင်းကို

အစိုးရဝန်ထမ်း အမိန့်အရ ကျောင်းအုပ်ဆရာကြီးမှအမိန့်စာရွတ်ပြန်နေချိန်မှာ

တော့ ကျမ တို့အားလုံး စိတ်မကောင်းစွာနဲ့ မျက်ရည်များထိန်းလို့မရအောင် ကျခဲ့ရပါသည်

((ကျမ စိတ်ထဲမှာလည်း သြော် လူတွေလူတွေ

မသေခင်ပဲ ချစ်ကြပါလား ရုပ်နဲ့နာမ် ခွာပြီး

အသက်ဝိညာဉ်မရှိတာနဲ့ ဒီခန္ဓာကိုယ်ကြီးကို

အိမ်မှာတောင် ၃ ရက်ထက်ပိုမထား နာမ်က

စွဲလမ်းနေမှာဆိုးလို့ အမိန့်စာနဲ့တောင်နှင်ထုတ်ကြတယ်နော်)) သြော်

ဘယ်အရာမှမတည်မြဲ အနိစ္စ တွေပါလား

@@@@@ အသုဘ ပို့အပြီး ကျမ တို့အားလုံးလည်း ပြန်လာခဲ့ကြတယ် ””

သူမ ဆုံးသွားပြီး ရွာထဲမှာရော ဘယ်နေရာမှာမှ

ချိုးချိုးချွတ်ချွတ်အသံဆိုတာ သဲ့သဲ့မျှမကြားမိခဲ့ရပါ

========&==========&=======

**(သူမှ အသုဘ ချတဲ့ညမှာပဲ လူတစ်ယောက်ဟာ

သုသာန်ထဲကိုယ် ပေါက်တူးကြီးတစ်လက်ထမ်းပြီး

ည ၁၁ နာရီ အချိန်လောက်မှာ ဝင်သွားပါတယ်

ထိုသူ သုသာန်ထဲဝင်သွားတာကိုယ် သုသာန်သွားတဲ့လမ်းနားက လူများမြင်တွေ့ကြပင်မဲ့ ဘာအကြောင်းကြောင့်ဝင်သွားမှန်းမသိတော့

လူတွေလည်း သတိမမူပဲနေလိုက်ကြပါတယ်)**

သူမ ဆုံးပြီး ၅ ရက်မြောက်တဲ့နေ့မှာတော့

ကျမ တို့ ပြလို့ ကျေးရွာရဲ့ အရှေ့ဘက် ၁၂ မိုင်လောက်မှာ စီရွာ ဆိုတဲ့ ( ချင်း+မြန်မာ)

ရွာလေးတစ်ရွာရှိပါတယ် ——အဲ့ရွာက

လူတစ်ယောက်ဟာ ရွာက ဘုန်းကြီးကျောင်းကို

ရောက်လာပြီး သူတို့ရွာမှာ ည ၁၀ နာရီနောက်ပိုင်း ရောက်လာလျှင် ရွာထဲကိုမည်သူမျှမထွက်ဝံ့ကြောင်း ဆံပင်ဖားလား မျက်နှာမပါ တဲ့အမျိုးသမီးဟာ

လမ်းမှာတွေ့တဲ့လူတိုင်းကိုယ် လက်လိုက်ဆွဲပြီး

ခြောက်လှန့်နေပါကြောင်း အစ/အဆုံး ဖြစ်ပျက်ကြုံနေသမျှ အကြောင်းစုံကို ဆရာတော်ကြီးထံ လျှောက်တင်နေကြောင်း တစ်ရွာလုံးကို ချက်ခြင်းပျံ့နှံ့သွားခဲ့ပါတယ်…#

xxx ဆရာတော်ကြီးကတော့ ဒကာကြီးရယ်

ဟုတ်ပါမလား ပရလောက သားတို့သည်

လူတို့၏ အနားသို့မကပ်နိူင်ပါ လူသား တွေရဲ့ ဘုန်းကံကြောင့် လူသားများနဲ့ထိမိခိုက်မိရင်တောင်

သူတို့မှာ အရမ်းပူလောင်နာကြင်လွန်းလို့ လူတွေနဲ့

မထိမတွေ့အောင် ရှောင်ရှားနေကြရပါတယ်

အခု ဒကာကြီး ပြောစကားအရဆိုရင် လက်တောင် လိုက်ဆွဲတယ်ဆိုတော့ စဉ်းစားစရာပဲကွဲ့———–မှန်ပါဘုရား တစ်ချို့ ကိုယ်တိုင်ကြုံဖူးကြတဲ့ လူတွေကဆို ပိုထူးဆန်းတာက ယခုအမျိုးသမီးဟာ လွန်ခဲ့တဲ့

၅ ရက်က ကားတိုက်မူဖြစ်ပြီးသေဆုံးသွားတဲ့

ဦးဇင်းတို့ ကျောင်းက ဆရာမလေးနဲ့တူတယ်လို့

ရွာထဲမှာပြောနေကြပါတယ် ဘုရား—–xxxxxx

ဒါနဲ့ ဒါကာကြီး ဦးဇင်းက အခုကိစ္စကို

ဘယ်လိုလုပ်ပေးရမလည်း တကာကြီး

မှန်လှပါဘုရား တပည့်တော် တို့လည်း ဘာလုပ်ရမှန်းမသိလို့ အရှင်ဘုရားဆီ အကူအညီလာရောက်တောင်းခံတာပါ ဘုရား

အေး ဒါဆိုလည်း ဒီလိုလုပ် ဦးဇင်း တို့ကျောင်းက ဆရာမလေးဆုံးသွားတာ

၇ ရက်ပြည့် ရက်လယ်အောင်စောင့်လိုက်ပါ

ရက်လယ် ဆွမ်းသွပ်ပြီး မှ ဒကာကြီးတို့

တစ်ခုခု ထူးခြားရင် ဦးဇင်းကျောင်းပြန်လာခဲ့ကြ

ဦးဇင်း ဒကာကြီးတို့ကို ကူညီနိူင်အောင်လုပ်ပေးပါမယ် မှန်လှပါဘုရား….

တခြား ရွာက ဒကာတွေပြန်သွားပြီးတဲ့နောက်မှာ ဆရာတော်လည်း သေချာစဉ်းစားပြီး ကျောင်းမှာလာပြီးကပ္ပိယ လုပ်နေတဲ့သူကိုခေါ်ကာ

မိုးကောင်းရွာမှာ ပယောဂကုစားနေတဲ့ ဆရာတော်ကြီးရဲ့ တပည့် တစ်ယောက်ကိုခေါ်ခိုင်းလိုက်ပါတယ် …….ညနေ ၆

နာရီလောက်ကြ ကပ္ပိယကြီးပြန်လာတော့

ယောဂီဝတ်စုံနဲ့ လူတစ်ဦး ပါလာပါတယ်

ခဏနေ တော့ ဆရာတော်ကြီးနှင့် ထိုယောဂီဝတ်စုံနဲ့လူဟာ ဆရာတော်ကြီးအခန်းထဲမှာ တံခါးတွေပိတ်ပြီး

စကားတွေအကြာကြီး တိုင်ပင်ပြောနေကြပါတယ်

ထိုယောဂီနှင့်လူကြီးကို ဆရာတော်ကြီးက ကျောင်းရဲ့ အခန်းတစ်ခုမှာ နေရာပေးပြီး တည်းခိုင်းထားပါတယ်=========

ရွာထဲက လူတွေကလည်း ယခုကိစ္စကို နားစွံနားဖျားကြားသိထားကြတယ်လေ ဆရာတော်ကြီးလည်းမမေးရဲကြတော့ ကျောင်းကကိုယ်ရင်တွေ ကျောင်းသားတွေကိုယ်ပဲ

ဝိုင်းပြီးမေးကြ မြန်းကြနဲ့ ပုထုဇဉ်တို့ရဲ့ ထုံးစံ စပ်စုကြတာပေါ့လေ ;;;;;;;;;;;;;;

ဒီလိုနဲ့ ဆရာမလေး ၇ ရက်မြောက်တဲ့နေ့

ရက်လယ်ဆွမ်းသွပ်ပြီး ညပိုင်းပေါ့ ပြလို့ရွာ

အရှေ့ဘက် ၁၂ မိုင်ကွာက စီရွာဆိုတဲ့ရွာလေးမှာ

ညပိုင်း ၉း၃၀ လောက် ရွာထဲက မောင်တူး တို့ဈေးဆိုင် ကိုယ် ခွေးတွေဟာ တအားပဲထိုးပြီး

ဟောင်နေကြတယ် တောရွာဆိုတော့ ဒီအချိန်ဆို

တစ်ရွာလုံးလည်း အိပ်ကုန်ကြပြီ မအိပ်သေးတဲ့သူတွေကလည်း ခွေးဟောင်သံကြားလို့နားစွံနေကြတာနေမှာပေါ့

ခဏနေတော့ ထိုဈေးဆိုင်ပေါ်ကို လမ်းကနေလူတွေခဲနဲ့ပေါက်သလို ခဲတွေအစက်မပြတ်ကျလာတယ် ခွေးတွေကလည်းဟောင် ========

((ဝုတ် ဝုတ် ဝုတ် အူး အူး ))

မောင်တူး တို့မိသားစုတွေလည်း သိပင်မဲ့ဘယ်သူမှထပြီး မကြည့်ရဲကြဘူး

ခဏ နေတော့ ခဲ တွေကျတာငြိမ်သွားတယ်

ဒါနဲ့ ပြီးပြီပေါ့ အိုက်အချိန်မှာပဲ အိမ်ထဲကိုယ်

ထင်းချောင်းကြီးတစ်ချောင်းက ဝင်လာပြီး ဘေးထရံကာလာမှန်တော့ ထရံပေါက်သွားတယ်

ဒါနဲ့ မောင်တူး တို့မိသားစုလည်း စိတ်တိုသွားပြီး

တစ်မိသားစုလုံးထကာ ဓားတွေဆွဲ ဘက်ထရီ မီးဖွင့်ပြီး အိမ်အပြင်ထွက်ကာ ဆဲဆိုပြီး ဘယ်ကောင်းလည်းကွ ငါအိမ် ခဲနဲ့ပေါက်တာ

မိုက်ရင်ထွက်ခဲ့လေကွာ ကွယ်ရာကနေတော့ ချောင်းမလုပ်နဲ့ ငါ,…တွေ မိုက်တဲ့ကောင်လာခဲ့ဆိုပြီး စိန်ခေါ်ပါတယ် ဒီအချိန်မှာတော့ အိမ်ရှေ့မှာ လူမပြောနဲ့ ခွေးတောင်မတွေ့ရပါ ….

ယခု မောင်တူး တို့ဈေးဆိုင်က ဆူညံ့စွာအော်ဟစ် ဆဲဆို နေသည့်အသံများကိုလည်း ရွာထဲကလူများက

ကြားသိနေပါသည် ထို ခဲ နှင့်ပေါက်သူမှာအဖြေရှာ၍မရကြ ပြီးခဲ့တဲ့ ၂ရက်လောက်ကလည်း ယခုလိုကိစ္စမျိုး မောင်တူးတို့ ဈေးဆိုင်မှာဖြစ်ခဲ့သည် ဒါနဲ့ရပ်ရွာလူကြီးများနှင့်တိုင်ပင်ကာ ပရိတ်ရွတ်ခြင်းများ မနက်ကမှပြုလုပ်ခဲ့ပါသည်

ယခုည တစ်ခါ ထပ်ပြီးဖြစ်ပြန်ပြီ ……

မောင်တူး တို့မိသားစုလည်း ဘယ်သူမှမရှိတာနဲ့

မီးပြန်မှိတ်ပြီး ပြန်အိပ်နေကြတော့သည်

ည ၁၂ နာရီလောက်ကြ အိမ်ရှေ့က ဈေးဆိုင်တံခါးကို လူတစ်ယောက်လာပုပ်နေသောအသံကြားရပါသည်

(ဒုတ်ဒုတ် ဒုတ်ဒုတ်) ပြီးတော့ခဏငြိမ်သွားပြီး

ခွေးတွေဟောင်လာပြန်သည် ည ၂ နာရီထိုးလောက်ကျ အိမ်ခေါင်မိုးပေါ်ကိုယ် ခဲအမူန်လေးများကျသည့်အသံကြားရပြန်သည်

ဈေးဆိုင်ရှေ့မှာလည်း လူတစ်ယောက်လမ်းလျှောက်နေသည့်အသံများ

ကြားရ၍ တစ်ညလုံးနီးပါ အိပ်မပျှော်ရအောင်ဖြစ်ခဲ့ကြရပါသည် ။ ။

နောက်နေ့ မနက်မိုးလင်းတော့ မောင်တူးနှင့်ရပ်ရွာလူကြီးများ တိုင်ပင်ပြီး ပြလို့ ကျောင်းတိုက် ဆရာတော်ကြီးဆီ လာခဲ့ကြပါသည် ————

ဆရာတော်ကြီးနဲ့ တွေ့ပြီး အဖြစ်အဖျက်များအားလုံး တစ်ခုမကျန် လျှောက်တင်ကာ မည်သို့ဆောင်ရွက်ရမည်ဆိုသည့်အကြောင်း

လျှောက်တင်မေးမြန်ကြပါတယ် ဒီအချိန်မှာ ဆရာတော်ကြီး ဘေးနားမှာလည်း ယောဂီဝတ်စုံနဲ့ လူတစ်ယောက်ရှိနေပါတယ်

မောင်တူး တို့ရွာသားများက လျှောက်တင်အပြီးမှာ

ယောဂီလူကြီးက လှမ်းမေးပါတယ်

*** ညီလေးတို့ အခုပြသနာမဖြစ်ခင် ညီလေးတို့မိသားစုက ရွာမှာ စကားများရန်ဖြစ်ကြတာများ ရှိခဲ့ကြသေးလားလို့မေးပါတယ် မောင်တူး ကလည်း ရှိပါတယ် လွန်ခဲ့တဲ့ ၁ လ

လောက်က ရွာထဲကတော့မဟုတ်ဘူး တခြားရွာမှာငွေချေးပြီး ပြန်မဆက်လို့ လိုက်တောင်းရင်း စကားအကြီးအကျယ်များကြပါတယ်လို့ ပြန်ပြောပါတယ် ဒီအခါ ယောဂီ နဲ့ ဆရာတော်ဟာ တစ်ဦးကိုယ်တစ်ဦးကြည့်နေကြရင် မေးငေါ့နေကြတယ် ———ထိုအချိန်မှာပဲ ယောဂီလူကြီးက ပြောတယ် ဒီပြသနာကိုယ်ဖြေရှင်းဖို့ဆိုရင် မင်းတို့ပါ ကူညီမှရလိမ့်မယ် လို့ပြောပါတယ် ဟုတ်ကဲ့ပြောပါခင်မျာ ကူညီပါမယ် ဒါဆို

ပြလို့ ရပ်ရွာ လူကြီးခေါ် ရဲစခန်းမူးခေါ် ဆရာတော်ကျောင်းက ဆရာမလေးရဲ့ မိသားစုတွေပါ ခေါ်ပေးရမယ် ဟုတ်ကဲ့ ပါ

မနက် ၁၀ နာရီထိုးတော့ အားလုံး ဘုန်းကြီးကျောင်းမှာလူစုပြီး ဆရာတော်ကြီးက သေဆုံးသွားတဲ့ဆရာမလေးရဲ့

အလောင်းကိုပြန်ဖော်ကြည့်ချင်လို့ အားလုံးကိုယ်ခွင့်တောင်းတယ် မိသားစုများနဲ့အားလုံးကလည်း ဘာကိစ္စမှန်းမသိကြပင်မဲ့ ဆရာတော်ကြီးရဲ့ သိက္ခာနဲ့ သီလ ကိုယ်ယုံကြည်ကြလို့ အားလုံးသဘောတူလိုက်ကြတယ် ဒါနဲ့

မနက် ၁၁း၃၀ မှာ အလောင်းကို ရွာသားအချို့ကပြန်တူးဖော်ပေးကြတယ်

အလောင်းက ၈ ရက်ကြာသွားတော့ ပုံအရမ်းပျက်ပြီး ပုပ်စော်နံနေပြီလေ ဒါနဲ့ ယောဂီကြီးက စစ်ဆေးကြည့်လိုက်တော့ ============

အလောင်းကိုလူတစ်ယောက်လာပြီးတူးဖော်

ထားတာတွေ့ရှိရတယ် ဆရာမလေးရဲ့အလောင်းဟာ ဦးခေါင်းတစ်ခုထဲပဲကြေမွပျက်စီးသွားတာကျန်တဲ့

ခန္ဓာကိုယ်အစိတ်မပိုင်းဘာတစ်ခုမှမထိခိုက်ပါ ဆေးရုံဆေးစစ်ချက်နှင့် နာရေးမှတ်တမ်းများလည်းရှိခဲ့ပါသည်

သို့ပင်မဲ့ ယခုအလောင်းမှာ လက်ညိုးလေးပြတ်နေပါသည် ထိုကိစ္စကိုယ် အားလုံးကလည်းစိတ်ဝင်တစားကြည့်နေကြပါသည်။

အလောင်းတူးဖော်သူသည် လက်ညိုးကိုဖြတ်ယူသွားခဲ့တာပါ အားလုံးနားလည်အောင်ရှင်းပြရမည်ဆိုလျှင်

### အိမ်ထောင်မရှိတဲ့ မိန်းမပျို တစ်ယောက်ဟာ အကြောင်းတစ်စုံတရာကြောင့် မမျှော်လင့်ပဲသေဆုံးသွားရင် သူမရဲ့ ရုပ်အလောင်းဟာ ( ၇ )ရက်အတွင်း မလိုသူများအတွက်အဖိုးမဖြတ်နိူင်စရာ ဉာဏ်ရှိသ၍

တန်ကြေးကြီးမားလွန်းလှပါတယ် သူမရဲ့ ရုပ်အလောင်းက ခန္ဓာကိုယ်အစိတ်အပိုင်းကိုယ်

( ၇ ) ရက်

အတွင်းရအောင်ယူပြီး မလိုသူတွေရဲ့ အိမ်နေရာမှာ

သိုဝှက်မြုပ်နှံထားရင် ထိုသေဆုံးသူဟာ ဘယ်မှမသွားနိူင် တရား မနားနိူင် ရသည့်အတွက်

ဤ မိသားစုကိုယ်အမျိုးမျိုး ဒုက္ခဆင်းရဲ့ပေးတတ်ပါတယ် အားလုံးကြားဖူးကြတဲ့

ဂန္မီရအောက်လမ်းပညာရပ်အတွက်အသုံးချကြတဲ့ အပျိုရုပ်အလောင်းအစီအရင်ပေါ့ဗျာ##နားလည်တဲ့သူတွေက သူတို့ မကျေနပ်တဲ့ မိသားစုတွေကိုယ် ဒုက္ခရောက်အောင် လုပ်တဲ့ ပညာရပ်တစ်မျိုးပေါ့.,

ဆိုပြီး ယောဂီလူကြီးက ရှင်းပြပါတယ် ဒါနဲ့

အလောင်းကိုပြန်မမြုပ်သေးပဲ ဆရာတော်ကြီးက ရွာပြန်ပြီး မောင်တူးတို့ ဈေးဆိုင်အိမ်မှာ မြေလှန်ပြီး မိသားစု တွေရွာသားတွေနဲ့ ရုပ်အလောင်းရဲ့သဲလွန်စအစိတ်အပိုင်းတစ်ခုကိုယ်

ဝိုင်းရှာ ခိုင်းပါတယ် … ဈေးဆိုင်ရဲ့အနောက်ဘက် တိုင်ရဲ့အခြေမှာ ကျွတ်ကျွတ်အိမ်လေးနဲ့ မြုပ်ထားတဲ့ လက်ညိုးအပိုင်းလေးကိုယ်တွေ့ရပါတယ်… ဒါနဲ့

ဆရာတော်ကြီးဆီ

ပြန်ယူလာပြီး အလောင်းထဲပြန်ထည့်ကာ မြေဖို့မြုပ်လိုက်ကြပါတယ် အားလုံးပြီးသွားတော့

ညနေ ၄ နာရီထိုးနေပြီလေ ဒါနဲ့ မောင်တူးတို့

အဖွဲ့တွေလည်း ဆရာတော်ကြီးကိုယ်နူတ်ဆက်ပြီး

ရွာကို ဆိုင်ကယ်နဲ့ပြန်သွားကြပါတယ် ထိုနေ့ညမှစပြီး မောင်တူး တို့ဈေးဆိုင်လည်း

ဘာသံမှမကြားရတော့ပါ ၊။ ။

ဆရာတော်ကြီးကလည်း တရားမနာ အမျှမရလိုက်တဲ့ တပည့် ဆရာမလေးကို

ပြန်ပင့်ဖိတ်ပြီး ရပ်ရွာလူကြီးများနဲ့ သူမ၏ မိသားစုအသိုင်းများက

ကျောင်းထဲမှာပဲ သီလပေး အမျှဝေကာ သူမအတွက် ရည်စူးလို့အလှူအတန်းတွေပြု လုပ်ပေးပြီ မေတ္တာပို့ လို့

အမျှ အမျှ အမျှ ပေးဝေရင်း

သမီးလေး ကောင်းရာဘုံဘဝရောက်နိူင်ပါစေကွယ်

==============================

##############################

” မူရင်းရေးသားသူအား # Credit ( ပေးပါသည် )

Leave a Reply

Your email address will not be published. Required fields are marked *