မချိုမြိန်သောသိစ္စာ(စ/ဆုံး) နံနက်ခင်းနေရောင်ခြည်ကြောင့် အလျှံညီးညီးနှင့်ပြောင်လက်နေဟန်ရှိသော စတီးဇလုံတစ်ချပ်သည် အိမ်တံခါးပေါက်ဝကနေပြီး လမ်းမပေါ်သို့ ဝေ့ပျံထွက်လာ၏။ သူ၏နောက်မှာကား အရောင်မညီးသော်လည်း အသုံးတည့်နေဆဲပုံရှိသည့် အရောင်မဲညစ်ညစ်ဖြင့် သွပ်အိုး၊သွပ်ခွက်များ၊ငရုပ်ကျည်ပွေ့များ၊ငရုတ်ဆုံများသည် ထပ်မံလွှင့်ထွက်လာပြန်သည်။ ထိုအရာတို့၏ နောက်မှာတော့ အော်ကြီးဟစ် ကျယ်နှင့် ဆဲသံ၊ဆိုသံ၊တီးတိုးရယ်သံများထွက်လာပြန်၏။ ရယ်သံဟုဆိုသော်လည်း ထိုကဲ့သို့ရယ်သံသည် ပျော်ရွှင်၍ ဝမ်းမြောက်၊ဝမ်းသာ ရယ်သံနှင့်မတူ၊တစ်ခုခုကို အလွန်တရာမှ ယုံကြည်ကိုးစားမိ၍၊နောက်ကျမှ သိခဲ့ရသည် ထိုယုံကြည်ကိုးစားမှုအတွက် အကြီးအကျယ်နောင်တရကာ ဖြစ်ပေါ်လာသော ရယ်သံနှင့်တူလေသည်။ …
မချိုမြိန်သောသိစ္စာ(စ/ဆုံး) Read More