
သုံးချက် နှစ်ကောင်
သုံးချက် နှစ်ကောင် အချိန်အားဖြင့် အတော်ကြာခဲ့ပြီ။ နေရာကား မိန်းမလှကျွန်းတောကြီးထဲမှာ။ မိန်းမလှကျွန်းတောကြီးက ဘိုကလေးမြို့အောက်ဘက် (၁၂)မိုင်ကွာလောက်တွင် ရှိသည်။ စောဂျိမ်း၏မိတ်ဆွေ စောပီတာက စက်ဆန်းကျေးရွာသား။ ပျားဖွပ်အလုပ်နှင့် ပျားရည်ဝယ်ရောင်းလုပ်ကာ အသက်မွေးဝမ်းကျောင်းလုပ်နေသူဖြစ်သည်။ မိန်းမလှကျွန်းတောကြီးက အလျား(၁၆)မိုင်အနံ(၆)မိုင်ခန့်ရှိကာ ကနစို၊ မဒမ၊ ကြတ်နံ၊ ကန့်ပလာ၊ မြင်းက၊ ဗျူးနှင့် လမုတို့ပေါက်သည်။ […]