“ဝဋ်မှာအမြဲ” “မိန်းမရေ့..မိန်းမ” ဇနီးဖြစ်သူကိုတကြော်ကြော်ခေါ်ရင်းအိမ်ပေါ်သို့တက် လာသောကိုနိုင်အောင်ပုံစံကယိုင်တိုင်တိုင်။လက်ထဲမှာလည်းအရက်ပုလင်းတစ်လုံးကိုကိုင်ထားသေးသည်။မနီမာအိမ်ထဲမှပြေးထွက်လာသည်။ “ဪ.အစ်ကို.ဒီနေ့နောက်ကျတယ်နော်.ည၈နာရီတောင်ထိုးနေပြီ” “ဟုတ်တယ်ကွာ.နောက်ဆုံးအခေါက်ပို့ရတာနည်းနည်းနောက်ကျသွားတယ်.ဒါနဲ့မင်းတို့သားအမိတွေရောထမင်းစားပြီးကြပြီလား.” “အစ်ကိုပြန်လာနိုး.ပြန်လာနိုးနဲ့နီမာတို့သားအမိတတွေစောင့်နေကြသေးတယ်.နောက်ဆုံးသားတွေဗိုက်ဆာလို့မစောင့်နိုင်တာနဲ့ကျွေးလိုက်ရတယ်.နီမာလည်းသားတွေကိုကျွေးရင်းနဲ့တခါတည်းစားလိုက်တယ်” “ကဲ.ထားတော့အိမ်မှာအခုဘာဟင်းကျန်သေးလဲငါဒီနေ့အရက်သောက်ချင်လို့အမြည်းလုပ်ပေးအုံး.နေ့လည်ကကြက်သားကြော်ကျန်သေးတယ်.မဟုတ်လား.အဲဒါယူလာခဲ့” အိမ်ထဲသို့ဝင်ကာမနီမာယူလာပေးသောကြက်သားကြော်ပန်းကန်ကိုကြည့်ကာကိုနိုင်အောင်မျက်ခုံးတွန့်သွားရသည်။ https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe “ဟာ.ကြက်သားက ဒါပဲလားကွ.မနက်ကစျေးသွားပြီးမင်းဝယ်လာတာအများကြီးပါ.ငါတွေ့လိုက်ပါတယ်” “ဟို.အမေ့အတွက်အားရှိအောင်ကြက်သားစွပ်ပြုတ်လေးလုပ်ပေးလိုက်တာပါအစ်ကို.အမေဖျားနေတာနှစ်ရက်ရှိပြီလေ” “ဘာမှမစားချင်.မသောက်ချင်ဖြစ်နေတာနဲ့အားရှိအောင်ဆိုပြီးနီမာလုပ်ပေးလိုက်တာပါ” “နီမာနဲ့သားတွေတောင်ကြက်ဥကြော်.ကန်စွန်းရွက်ချဉ်ရည်ဟင်းနဲ့ငပိရည်တို့စရာပဲစားကြတာပါ.ကြက်သားကအမေနဲ့အစ်ကို့အတွက်ပဲ” မနီမာစကားတောင်ဆုံးအောင်မပြောလိုက်ရသေးကို နိုင်အောင်ဒေါသချောင်းချောင်းထွက်လေပြီ။ “တော်စမ်းပါကွာ.ထစ်ကနဲရှိအမေ.အမေနဲ့ဒီမှာဒီအိမ်မှာငါကအိမ်ထောင်ဦးစီး.အိမ်ဦးနတ်ကွ.မင်းအမေကအရေးကြီးသလား.ငါကအရေးကြီးသလား” “တနေကုန်အပြင်ထွက်ပြီးတအိမ်လုံးအတွက်အလုပ်လုပ်နေရတာပင်ပန်းတယ်ကွ” “တခါတလေအမြည်းကောင်းကောင်းဖွယ်ဖွယ်ရာရာလေးနဲ့အရက်ကလေးများအားရပါးရဇိမ်ရှိရှိသောက်ရမလားအောက်မေ့ပါတယ်.ဒီကြက်သားလောက်နဲ့ဘာလုပ်ရမှာလဲ..ကဲကွာ..သွား..တောက်..ထွီး” “ခွမ်း..ချလွမ်း” ကိုနိုင်အောင်ကကြက်သားကြော်ပန်းကန်ကိုကိုင်ကာနံရံကိုပစ်ပေါက်လိုက်သည်။ ကြက်သားကြော်တွေနဲ့ပန်းကန်အကွဲစများကကြမ်းပြင်ပေါ်မှာဖရိုဖရဲ။
“ဝဋ်မှာအမြဲ” Read More