
*တမလွန်မှနှောင်ကြိုးတစ်မျှင်*📖📖📖(စ/ဆုံး)
ဟဲလို….ကိုကို..ဘယ်ရောက်နေပြီလဲ… ဒီနေ့ မြဖူးငုံ၏ ၂၁နှစ်ပြည့်မွေးနေ့မို့ မနေ့ထဲက မင်းသူရအား…ဘုရားသွားရန်ပြောထားသည်ကို ယနေ့ မင်းသူရ နောက်ကျနေခြင်းကြောင့် ဖုန်းလှမ်း ဆက်ခြင်းပင်ဖြစ်၏….ငယ်လေး…ကိုကိုလာနေပြီ ရောက်တော့မယ်နော်….ဟာ…ကိုကို…ကိုမနေ့ထဲက သေခြာပြောထားတာကို….ဟုတ်ပါပြီ…ငယ်လေးရဲ့ ရောက်မှပဲ…ဆူတော်မူပါနော်….ဟာ…ကိုကိုနော် မင်းသူရထက် ၅နှစ်ငယ်သော မြဖူးငုံမှာ မင်းသူရ အပေါ်မှာ ကလေးတစ်ယောက်လို ဆိုးနွဲ့တတ်ပြီး ဆိုးသမျှကိုလည်း အလိုလိုက်အလျှော့ပေးခါ အမြဲသည်းခံရင်း အချစ်ပိုနေခဲ့ရသည်မို့ မြဖူးငုံသည် လည်း မင်းသူရအား ရူးရူးမူးမူး ချစ်လေ၏ ဆုံနေကြ ကော်ဖီဆိုင်လေးမှာ စူပုပ်နေသော မျက်နှာ လေးနှင့် စောင့်နေရှာသော မြဖူးငုံအနားသို့ မင်းသူရ အသာတိုးကပ်ခါ…ငယ်လေး…လာမခေါ်နဲ့…သွား… ဟာ….ငယ်လေးကလဲ…ကိုကိုက…ငယ်လေးအတွက် မွေးနေ့လက်ဆောင်လေး…ဝင်ဝယ်နေလို့ပါ….
ငယ်လေးရဲ့…ဘယ်မှာလဲ…လက်ဆောင်က….သူမ မျက်နှာ အနည်းငယ် စိတ်ကောက်ပြေဟန် ရှိလာသည် ကဲ….ဒီမှာကြည့်….အပြာရောင် ကျောက်လေးတွေနှင့် စီချယ်ထားသော ရွှေလက်စွပ်လေး တစ်ကွင်းကို ဗူးထဲမှာ ဖွင့်ပြလိုက်တော့….သူမအံ့သြသွားသည် ဟာ….ကိုကို…ဘာလို့..ဒီလိုတန်ဖိုးကြီးတာတွေ ဝယ်လာရတာလဲ…ကိုကိုရဲ့….ငယ်လေးအတွက် အဲ့ဒီလောက်ကြီး…မလိုပါဘူး….ကိုကိုပဲ….ပြန်ယူ ထားလိုက်ပါနော်…သြော်…ငယ်လေးရယ်…ကိုကိုက ငယ်လေးကို…အမှတ်တရဖြစ်စေချင်လို့…အလုပ်ထဲ မှာ….အချိန်ပိုဆင်းလို့…ရတာလေးတွေ…စုပြီးဝယ် ဝယ်ပေးတာပါ….ငယ်လေးရဲ့…မွေးနေ့လေးမှာ အမှတ်တရဖြစ်စေချင်တာလည်း ပါပါတယ် လက်ခံပေးပါနော် ငယ်လေး ကိုကိုရဲ့ စေတနာကို ငယ်လေးအသိအမှတ်ပြုပါတယ် ဒါပေမဲ့ ကိုကိုက စက်ရုံဝန်ထမ်းဘဝလေ အချိန်ပိုဆင်းရတာလေးတွေ စုပြီး ကျွန်မအတွက် ဝယ်ပေးရတာမို့ ကိုကို ကိုသနား မိပါတယ် လက်မခံရင်လဲ ကိုကိုက စိတ်ဆိုးဦးမှာမို့ ကဲ…ဒါဆို…ဒီလိုလုပ်…ငယ်လေးလက်ခံထားမယ် ငယ်လေးတို့…လက်ထပ်တဲ့အခါ…အသုံးလိုရင်တော့ ကိုကိုပြန်ယူရမယ်နော်….
ဟုတ်ပါပြီ…ငယ်လေးရယ် အခုတော့..ဝတ်ထားနော်…ငယ်လေးနဲ့ဆို…အရမ်း လှမှာ…ဟုတ်ကဲ့…ကိုကို…ချစ်လိုက်တာကွာ…. ကျွန်မအတွက် ကိုကိုရဲ့ ရင်ခွင်ဟာ အနွေးထွေးဆုံးနဲ့ အလုံခြုံဆုံးပါပဲ ကိုကိုရဲ့နားရက် တနင်္ဂနွေနေ့တစ်နေ့ လုံး ကျွန်မ သွားချင်တဲ့နေရာတွေ စားချင်တာတွေ လိုချင်တာလေးတွေကို မငြီးမငြူ ကိုကိုဖြည့်ဆည်း ပေးခဲ့ပါတယ် ကိုကိုနဲ့အတူ ဖြတ်သန်းရတဲ့ ကျွန်မရဲ့ မွေးနေ့လေးဟာ အဆောင်အယောင်တွေ မရှိပေမယ့် ခမ်းနားလွန်းပါတယ်လေ…. အချိန်က ည၁၁နာရီဝန်းကျင်လောက်ရှိပြီမို့ လမ်းပေါ်မှာလူသွားလာ နည်းနေပြီဖြစ်သည် နယ်မှအလုပ်လာလုပ်သော ကျွန်မမှာ အတူနေသော အဆောင်မှ သူငယ်ချင်းများနဲ့ စကားလက်ဆုံကြရင်း သူတို့က သူတို့ကောင်းလေးတွေ သူတို့ကို ဘယ်လောက်ထိချစ်ကြောင်း ဘယ်လောက် အထိ သည်းခံကြောင်း အပြိုင်အဆိုင်ကြွားကြသည် ဒီတော့ ကျွန်မလည်း …..ကဲ….အားလုံး..ခဏငြိမ်ပေး နင်တို့ကောင်လေးတွေထက်.. ငါ့ကိုကိုက ..ငါ့အပေါ် ဘယ်လောက်အထိ..
ချစ်တယ်ဆိုတာကို ..လက်တွေ့ ပြမယ်….ကိုကိုဖုန်းကိုခေါ်လိုက်သည် အချိန်က ည၁၁ လောက်ရှိနေပြီမို့ ကိုကိုအိပ်ပြီ ထင်ပါရဲ့ အတော်ကြာ မှ ဖုန်းကိုင်သည် …ဟဲလို…ကိုကို…ဗျာ…ငယ်လေး ဗိုက်ဆာလို့…စားစရာလဲမရှိတော့ဘူး..ငယ်လေးကို ရှမ်းခေါက်ဆွဲလေး…တစ်ပွဲလောက်ဝယ်ကျွေးပါလား ဟာ…ငယ်လေးကလည်း…ဘယ်အချိန်ဖြစ်နေပြီလဲ ကိုကိုလဲ…တစ်နေကုန်…ပင်ပန်းထားတာ…မနက်ကြ မှစားတော့….ဒါပဲ….တီ…..ကိုကိုဖုန်းချသွားသည် အပေါင်းအသင်းတွေကြားထဲ ဖုန်းကိုစပီကာ ဖွင့်ထား မိသည်မို့ ရှက်၍ ကျွန်မငိုခဲ့ရသည် ကိုကိုဒီလိုတော့ မပြောသင့်ပါဘူး သူငယ်ချင်းများက နှစ်သိမ့်ပေး ကြပါသည်….မငိုပါနဲ့…မြဖူးငုံရယ်…သူလဲ..အလုပ်နဲ့ ဆိုတော့…ပင်ပန်းနေလို့…ဖြစ်မှာပါ….ဘာပဲဖြစ်ဖြစ် ဟာ…ဒီလိုတော့…ကိုကိုမပြောသင့်ဘူး…
ဟင့်…ဟင့် ကျွန်မ အိပ်ယာထဲသို့ဝင်ခါ ခေါင်းအုံးပေါ်သို့ မျက်ရည်များကျလျှက် စိတ်မကောင်းဖြစ်နေတုန်း အခန်းတံခါး ခေါက်လာသည်…ဟဲ….မြဖူးငုံ…မြဖူးငုံ အတူနေသူငယ်ချင်း သူသူ၏အသံကြောင့် ဘာလဲဟာ ဘာလဲမလုပ်နဲ့…မြန်မြန်ထွက်ခဲ့ဦး…ကျွန်မ မျက်ရည် များသုတ်ခါ ကုတင်ပေါ်မှ လူးလဲထပြီး အခန်းတံခါး ဖွင့်ပေးလိုက်သည်…ဟဲ့…ခြံရှေ့မှာ…ဘယ်သူလဲ ကြည့်ပါဦး….ဟာ…ကိုကို လက်ထဲမှာ ပါဆယ်ထုပ် များနဲ့ အိမ်ရှေ့ မီးရောင်အောက်မှာ ကျွန်မကို လှမ်း ကြည့်နေပြီး စပ်ဖြီးဖြီးနဲ့ ပါးချိုင့်လေးများပေါ်အောင် ပြုံးပြနေလေတော့သည်….အိမ်ရှေ့သို့ ပြေးထွက်ခါ အဆောင်မှုးမသိခင် အမြန်သွားယူရတော့သည် ကိုကို…ခုဏက..ပင်ပန်းနေလို့..မလာတော့ဘူးဆို …ဟီး..ဟီး…ငယ်လေးရယ်…ငယ်လေးဖြစ်ချင်တာကို မဖြည့်ဆည်းပေးပဲ…ဘယ်တုန်းက…ကိုကိုအိပ်ပျော် ခဲ့လို့လည်း….ရော့…ဒီမှာ…ငယ်လေးနဲ့…သူငယ်ချင်း တွေအတွက်…ကိုကိုနော်…လူကို…ငိုရအောင်လို့ တမင်လုပ်တာ….မဟုတ်လား…
ကိုကိုသဘောကြခါ ဟက်ဟက်ပက်ပက်ရယ်မောခါ ….မဟုတ်ရပါဘူး ငယ်လေးရယ်…ကိုကိုက…ချစ်လို့စတာ..စိတ်မဆိုး နဲ့နော်….အရမ်းချစ်တယ်….Goodnight….ကိုကို ပြန်တော့မယ်နော်ငယ်လေး…တံခါးသေခြာပြန်ပိတ် ဦး….ကျွန်မကို ကျောခိုင်းခါ ပြန်ထွက်သွားသော ကိုကိုရဲ့ ကျောပြင်ကိုကြည့်ရင်း ကိုကိုက ကျွန်မအပေါ် သိပ်ချစ်မှန်း ပိုပိုပြီး သိလာခဲ့ရ၍ ရင်ထဲ ကြည်နူးမိပါ သည်…တံခါးကိုသေခြာပြန်ပိတ်ပြီး အိမ်ထဲသို့ဝင်တာ နဲ့ ပြတင်းပေါက်မှ ချောင်းနေကြသော သူငယ်ချင်း တစ်စု ….ဟွန့်…မြဖူးငုံတို့များ…ကံကောင်းချက်နော် သန်းခေါင်ချိန်တောင်မှ….ဟိုက…ရှမ်းခေါက်ဆွဲကို ဘယ်ဆိုင်က ….နှိုးဝယ်လာလည်းမသိ…နေရာခြင်း သာလဲလိုက်ချင်ပါတယ်အေ….ဟဲ့…ကောင်မတွေနော် ရော့….ရှမ်းခေါက်ဆွဲစားကြ….ငါ့ကိုကိုတော့…မထိနဲ့ ….ဟာ….ဟား…..ဟား….သူငယ်ချင်းများ ဝိုင်း၍ စနောက်နေသောကြောင့် အခန်းထဲသို့ပြေးဝင်ခဲ့ပါ တော့သည်……
ဒီနေ့ ကျွန်မရဲ့မိဘများနဲ့ ကိုကို ကို ဖုန်းပေးပြော ဖြစ်သည် ကိုကိုက လိမ္မာရေးခြားရှိပြီး လူမှု့ဆက်ဆံ ရေး ကောင်းသူမို့ အိမ်နဲ့အဆင်ပြေခဲ့၏ထိုကြောင့် အိမ်က ရှေ့လ ဝါကျွတ်ရင် မင်္ဂလာဆောင်ဖို့ ကိုကို မိဘတွေကို လူကြီးချင်း ဖုန်းနဲ့စကားပြောခါ အရာ အားလုံးအဆင်ပြေပြေ ဖြစ်သွားတာမို့ ရက်သက်မှတ် ကြလေတော့သည် ကျွန်မရင်ထဲ ပြောမပြတတ် အောင် ပျော်ရတဲ့နေ့ပါပဲ……ဒီနေ့…တနင်္ဂနွေနေ့မိို့ ကိုကိုရဲ့…အားလပ်ရက်ဖြစ်သည် အပြင်သွားဖို့တော့ ကြိုလည်းမပြောထားသလို အစီအစဥ်လည်း မရှိပါ ….မြဖူးငုံရေ….နင့်ဖုန်းလာနေတယ်…အဝတ်အစား အနည်းငယ်ကိုလျှော်နေတုန်း အခန်းထဲမှ ဖုန်းလာနေ ကြောင်း သူသူ လှမ်းခေါ်ခြင်းဖြစ်၏…
အေး..လာပြီ သူငယ်ချင်းရေ…ကိုကိုပါလား…ဟဲလို….ငယ်လေး ရှင်….၁၀နာရီလောက်ကြရင်…အပြင်သွားမို့… ပြင်ဆင်ထားနော်…ကိုကိုလာခေါ်မယ်….ဟုတ်…ကိုကို ကိုကိုဘာအစီအစဥ်များရှိနေပါလိမ့်….၁၀နာရီ လောက် ကိုကိုလာခေါ်သောကြောင့် လိုက်သွားခဲ့သည် မင်္ဂလာအခမ်းအနားနဲ့ သတို့သမီးသတို့သား ဝတ်စုံ တွေ ရောင်းတဲ့ ဆိုင်ကြီးအရှေ့သို့ ရောက်သောအခါ ကဲ….ငယ်လေးလာ….ကျွန်မရဲ့လက်လေးကိုဆွဲခါ ဆိုင်ထဲသို့ ခေါ်သွားပြီး သတို့သမီး ဝတ်စုံ လှလှလေး များကို စိတ်တိုင်းကျ ရွေးချယ် ဝတ်ဆင်စေတော့၏ သူ့အတွက်ဆိုတာ ခေါင်းထဲမရှိ ကျွန်မအတွက်သာ အမြဲ ဦးစားပေး စဥ်းစားတတ်သော ကိုကို နောက်ဆုံး အဖြူရောင် ဂါဝန်လေးနဲ့ ကြိုးပျောက် အင်္ကျီလေးနဲ့ ကြမှ ကိုကို သဘောကြ သွားလေတော့သည် လှလိုက်တာ….ငယ်လေးရယ်….
ငယ်လေးက..အသား ဖြူတော့…ပိုလှတယ်..သိလား….ကိုကိုကလဲ..ပိုပြီ တစ်ကယ်ပြောတာပါ…ငယ်လေးရဲ့…သြော်…ကိုကို အတွက်လဲ…ကြည့်ဦးလေ…ငယ်လေးပဲ…ရွေးပေးပါ ကိုကိုအတွက် အနောက်တိုင်းဆန်ဆန် ဝတ်စုံလေး မိုးပြာရောင်လေးမို့ ကိုကိုရဲ့ အရပ်အမောင်းနဲ့ လိုက် ဖက်လှသည်….ကဲ…စရံပေးခဲ့မယ်နော်..ညီမ…ဆိုင်မှ အရောင်းဝန်ထမ်းကောင်မလေးကို စရံပေးပြီးတဲ့အခါ စရံပေးတဲ့အတွက် ဆိုင်မှ ကြိုက်ရာဝတ်စုံနဲ့ မင်္ဂလာ အလှဓာတ်ပုံ ဗွီနိုင်းများ ရိုတ်ပေးသည်ဖြစ်၍ ကျွန်မ နဲ့ကိုကို အလှဓာတ်ပုံများ ပုံစံအမျိုးမျိုး ပေးခါ ရိုတ် နေစဥ် ကိုကိုဖုန်းဝင်လာသည်…..အလုပ်မန်နေဗျာမှ အလုပ်ကိစ္စ စကားပြောလာသည်ဖြစ်၍ ကိုကိုဆိုင် အပြင်ခဏထွက်ခါ လမ်းဘေး၌ မတ်တပ်ရပ်လျှက် အနေအထားဖြင့် ဖုန်းပြောနေသည်ကို ရုတ်တရက် ဆိုင်ထဲမှလှမ်းကြည့်လျှင် မှန်တံခါးတွေမို့ မြင်နေရ၏ ထိုအခိုက်လေးမှာပင်…..ကျွီး…..ဝေါ…..ဒုန်း…… ကားတစ်စီး ဘီးပေါက်ပြီး ကိုကိုဖုန်းပြောနေသော ဆီသို့..ဒုန်း..လူတွေဝိုင်းအုံလာသည် တစ်ယောက်တစ် ပေါက် ပြောသံတွေကြားမှာ တိုးဖြဲသွားရင် လူတွေရဲ့ အလယ် သွေးအိုင်ထဲ လက်ထဲမှ ဖုန်းလေးကိုင်လျှက် အသက်မဲ့နေသေ
ာ ကိုကိုအား မြင်လိုက်ရလျှင် သတို့သမီးဝတ်စုံ မချွတ်ရသေး ကိုကိုအားပြေးပြီး ထူခါ ကျွန်မရင်ခွင်ထဲသို့ ထွေးပွေ့ရင်း ကိုကိုရဲ့ ရဲရဲနီ နေသော သွေးများမှာ ကျွန်မရဲ့ အဖြူရောင် ဂါဝန် လေးအား ရွှဲစိုလျှက်….ကိုကို….အဟင့်…ဟင့်…. ကိုကို…ထပါဦး…အာ့လိုမဖြစ်ရဘူးနော်…ကိုကိုနော် ကျွန်မအရူးတစ်ယောက်လို လူပုံအလယ်မှာ မရှက် နိုင်တော့ပါ…ဝိုင်းကြည့်နေသော…လူတစ်ချို့ပါးပြင် မှာလည်း မျက်ရည်စတွေနဲ့ ကျွန်မ အရူးမကြီးလိုဖြစ် လျှက် ရင်တွေကွဲကြေရပါပြီ…ကိုကို…ငယ်လေးကို မထားခဲ့ရဘူးနော်…ကိုကို…ငယ်လေးပြောတာကြား ရဲ့လား…ငယ်လေးကို…မထားခဲ့ပါနဲ့….ကိုကိုရေ…. အဟင့်…ဟင့်…..ကိုကို…ရင်ထဲမှာ မွန်းကြပ်လျှက် ကျွန်မရဲ့အသိစိတ်တွေအားလုံး အမှောင်အတိကျ သွားခဲ့ပါပြီ…..ဟ…လုပ်ကြပါဦးဟ…ကောင်မလေး သတိလစ်သွားပြီ…ဝိုင်းမကြပါဦး…ဆေးရုံပို့မှ..ဖြစ် မယ်…ကူညီပေးကြပါဗျာ…သနားပါတယ်…လူအုပ် ကြီးထဲမှာ တစ်ယောက်တစ်မျိုးပြောခါ သူမအား ဝိုင်းမခါ ဆေးရုံသို့ ပို့လိုက်ကြပါတော့သည်
ကျွန်မရဲ့အမြင်တွေ ဝေဝါးနေ၏ ကားလမ်းဘေး နားမှာ ကိုကို ကျွန်မကိုကြည့်ပြီး မျက်ရည်တွေကြနေ တယ် ကားတစ်စီး ကိုကိုဆီသို့ ဘီးပေါက်ပြီး ဝင်လာ ကျွန်မလှမ်းမြင်နေရသည် ကိုကို လို့ လှမ်ခေါ်ပြီး သတိပေးလိုက်ပေမဲ့ အသံတွေက ထွက်မလာပါ ဒုန်း…..အား….ကိုကို….ကိုကို…ဟဲ့…သမီး…သမီး လေး…သတိထားပါဦးကွယ်…မေမေလေ…. မျက်လုံးကို ဖြေးဖြေးဖွင့်ကြည့်မိတော့ ကျွန်မဘေးနား မှာ မေမေကို တွေ့ရသည်….ဟင်…မေမေ….မေမေ.. ကိုကိုရော….ကိုကို…ကို…ခေါ်ပေးပါ…မေမေ….. သတိထားပါဦး..သမီးလေးရယ်…ကျွန်မရဲ့ ဂယောင် ခြောက်ခြား အော်သံတွေက ဘေးနားက ဆေးရုံတတ် နေရသူ လူနာတစ်ချို့ ခေါင်းထောင်ကြည့်လာကြ၏ သမီးလေး…စိတ်အေးအေးထားနော်…သမီးဖေဖေလဲ ပါလာတယ်….သမီးကိုကိုက…ကံမကောင်းခဲ့ရှာပါဘူး ဖြစ်တဲ့နေရာမှာပဲ….ဆုံးသွားခဲ့ပါပြီ…သမီး…မဟုတ် ဘူး….မေမေညာနေတာ….မဟုတ်ဘူးနော်…
မေမေ မေမေညာနေတာမဟုတ်လား…..မညာပါဘူး… သမီလေးရယ်….ကိုကိုရော…အခုဘယ်မှာလဲ…သမီး တွေ့ချင်တယ်မေမေ….သမီးလေး…စိတ်ကိုအေးအေး ထားပါကွယ်….သမီးလေး…သတိမရတာ…၄ရက်ရှိပြီ လေ..သမီးကိုကို…ကို…ကောင်းကောင်းမွန်မွန်.. သင်္ဂြိုလ်ပြီးပါပြီးပါပြီ…သမီးရယ်..စိတ်လျှော့..လိုက် ပါတော့နော်….မေမေဘယ်လိုပဲ ဖြောင့်ဖျဖြောင့်ဖျ ကျွန်မရဲ့အမြင်အာရုံဏ်ထဲမှာ လျှပ်တပြက် မြန်ဆန် လှသော ကံတရား၏ ထိုးနှက်ချက်ကို ကျွန်မမှာ ခံနိုင်ရည်မဲ့နေပါပြီ…. ဆေးရုံကပြန်ဆင်းလာပြီး ကျွန်မအဆောင်လေးမှာ ပြန်နေဖြစ်သည် မေမေလဲအတူလာနေသောကြောင့် ကျွန်မစိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်ရ၏ သို့ပေမဲ့ ကိုကိုရဲ့ အပြုံးတွေ ကိုကိုရဲ့ စကားသံတွေ ကိုကိုရဲ့ ဟန်အမူအရာတွေက ကျွန်မရင်ထဲမှာ ပဲ့တင်ထပ်နေစဲ ဒီရက်ထဲ ပုံမှန်မအိပ် ပုံမှန်မစား အချိန်နဲ့အမျှ ပူလောင်ငိုကြွေးနေသည့် အတွက် ကျွန်မကျမ်းမာရေး ချို့တဲ့လာပါတော့သည်…..သမီးရယ်..မေမေက ကိုယ်ချင်းမစာလို့မဟုတ်ပါဘူး….ပြီးတာတွေကို…. ပြီးပါစေတော့ကွယ်….ကိုယ့်ကိုကိုယ်..ဒုက္ခမပေးပါနဲ့ တော့….မေမေပြောသမျှ ခေါင်းငြိမ့်နေပေမယ့်
ရင်ထဲ ကဝေဒနာက မသက်သာနိုင်သေးပါ…. ဒီည မိုးတွေအရမ်းရွာခဲ့သည် အနွေထည်အပါးလေး ဝတ်ရင်း အချိန်က ၁၁နာရီလောက်မို့ အဆောင်က လူများအားလုံး အိပ်ယာဝင်သွားခဲ့ကြပြီဖြစ်၏ ကိုကိုရဲ့ နောက်ဆုံးနေ့မှာ အတူရိုတ်ခဲ့ကြတဲ့ မင်္ဂလာ ဓာတ်ပုံလေးတွေကို ရင်ခွင်ထဲ ထွေးပိုက်ထားပြီး အိပ်လို့ မပျော်နိုင်သေးတဲ့ ကျွန်မအတွက် ပြတင်း ပေါက်မှ အငြိုးတကြီးနဲ့ အပြင်မှာရွာနေတဲ့မိုးစက် တွေကို ငေးကြည့်နေစဥ်….ဟင်…..ကိုကို….ဟုတ်ပါ တယ်…ကိုကိုပါ….ခြံအပြင် တံခါးအနားက မီးတိုင် အောက် မိုးစက်တွေကြားထဲ ကိုကို ကျွန်မဘက်သို့ မျက်နှာမူခါ …ဟင်…ကိုကိုငိုနေတာပဲ….ကိုကို…. ကျွန်မနှုတ်ခမ်းဖျားမှ ကိုကိုအားအော်ခေါ်မိခါ အိမ် အိမ်တံခါးကို ဖွင့်ပြီး မိုးရေထဲ ပြေးထွက်သွားမိပါ တော့သည်… ကိုကို …အဟင့်…ဟင့်…ကိုကိုရေ… ဘယ်ရောက်သွားတာလဲ….ပြန်လာခဲ့ပါတော့…. ငယ်လေးကိုကိုမရှိရင်…သေရတော့မယ်…ကိုကိုရဲ့… မိုးရေထဲ…ဒူးထောက်ထိုင်ချလျှက်…အားရအောင် အော်ငိုနေမိပါတော့သည်….သမီး….ဟဲ့…သမီးလေး မိုးရေထဲမှာကွယ်…လာပါ…အခန်းထဲပြန်ကြရအောင် …မေမေ ထီးတစ်လက်နဲ့ ထွက်လာပြီး
ကျွန်မလက်ကို ဆွဲခါ အိမ်ထဲသို့ ပြန်ခေါ်လာခဲ့ပါတော့သည် ဟဲ့….မြဖူးငုံ….သူငယ်ချင်း….နင်ဘယ်လောက် ခံးစားနေရမလဲဆိုတာ…ငါကိုယ်ချင်းစာပါတယ်ဟာ ဒါပေမဲ့…အခုဒီအဆောင်မှာ…ပြသနာတစ်ခု…တတ် နေပြီဟ….အတူနေသော အဆောင်မှသူငယ်ချင်း သူသူစကားကြောင့် ကျွန်မစိတ်ထဲ ဘဝင်မကြဖြစ် မိ၏ ….သူသူရယ်…အဆောင်မှာတတ်တဲ့…ပြသနာ က…ငါနဲ့မှမဆိုင်တာ….မဟုတ်သေးဘူး..မြဖူးငုံ အခုတစ်လော….အဆောင်မှာပြောနေကြတာ… ညဥ့်နက်ပြီဆိုရင်….ကောင်လေးတစ်ယောက်…. ခြံအပြင်တံခါးအနားကနေ….နင်ရှိတဲ့အခန်းက… ပြတင်းပေါက်ဘက်ကို…စိုက်ကြည့်ပြီး…လာလာငိုနေ တာကို…တွေ့ကြရတယ်တဲ့….ဟင်….ဟုတ်လို့လား သူငယ်ချင်းရယ်…ကျွန်မမယုံနိုင် အံ့သြနေမိပါသည် ဟုတ်တယ်..မြဖူးငုံ…
ဟိုဘက်အခန်းတွေက… ကောင်မလေးတွေ….သူတို့မြင်ကြတာဟ….သူတို့လဲ ကြောက်နေကြပြီ….ငါ့အထင်တော့….အဲ့ဒီကောင် လေးက….နင်….နင်ရဲ့….တော်ပါတော့..သူငယ်ချင်း ရယ်….အဟင့်…ဟင့်…ငါရင်တွေကွဲရတော့မယ်….. သြော်…မြဖူးငုံရယ်…ဖြစ်လာမှတော့လဲ…ဘယ်တတ် နိုင်ပါ့မလဲဟာ….ဒါပေမဲ့…နင့်ရဲ့ကိုကိုက…နင့်အပေါ် တွယ်တာတဲ့စိတ်နဲ့….သူမကျွတ်လွတ်ပဲ….ဒုက္ခရောက် နေရတာပဲဖြစ်မှာဟ….နင်သူ့ကို…ချည်နှောင်မထား ပါနဲ့တော့…သူ့ကိုလွတ်မြောက်ခွင့်…ပေးလိုက်ပါနော် သူငယ်ချင်း….နင်သူ့ကိုချစ်တယ်…မဟုတ်လား…. သူသူရယ်…ငါကိုကို..ကို….သိပ်ချစ်တာပေါ့ဟာ… အေးဒါဆိုရင်လဲ…သူတစ်လပြည့်တဲ့အခါ…ဆွမ်းသွပ် ပြီး….နင်ကိုယ်တိုင်…အမျှဝေပေးလိုက်ပေါ့ဟာ… သူလည်း…ငြိမ်းချမ်းရာကို…သွားလို့ရမှာပါနော်.. သူငယ်ချင်း….အေးပါဟာ….ငါ့အတွက်…ကိုကို…ကို ဒုက္ခရောက်နေမှာကို…ငါမကြည့်ရက်တော့ပါဘူး…. ဘာမှအားမေငယ်နဲ့…သူငယ်ချင်း…ငါတို့ရှိပါတယ်…
သူငယ်ချင်းသူသူ၏ တိုက်တွန်းခြင်းကို ကျွန်မ ကိုကို ကို ချစ်တဲ့စိတ်နဲ့ လက်ခံလိုက်ပါတော့သည် ဒီနေ့ ကိုကို ဆုံးသွားတာ တစ်လပြည့်ပြီမို့ ဘုန်းကြီး၅ပါးကို ဆွမ်းကပ်ခါ ကိုကိုအတွက် အမျှ ကုသိုလ် ပေးဝေဖြစ်လိုက်ပါသည် တစ်နေကုန် အလှူ ကိစ္စနဲ့ ပင်ပန်းသောကြောင့် ဒီညကျွန်မ အိပ်ယာ အစောဝင်ဖြစ်ခဲ့ပါသည် ….ကိုကို…ကိုကိုလာနေကြ ခြံတံခါးအနားက မီးတိုင် အောက်မှာ ကိုကို ကျွန်မကို ကြည့်ခါ ပြုံးပြနေသည် ရာသီဥတုသာယာသည်မို့ ကိုကိုမျက်နှာကို ကျွန်မ ကောင်းစွာမြင်နေရသည်
ကိုကိုကျွန်မကို ပြုံးပြနေ တယ် မျက်နှာမှာလဲ မျက်ရည်တွေနဲ့ အတော်ကြာ အောင်ကျွန်မကို ကြည့်နေပြီးမှ ကျောခိုင်းခါ တစ်ရွေ့ ရွေ့နဲ့…ထွက်ခွါသွားပါတော့သည်….ကိုကို…ကိုကို… ဟင်…ငါအိမ်မက်…မက်နေတာပါလား….သြော်.. ကိုကိုရယ်…ရောက်လေရာဘဝမှာ…ဒီလိုအဖြစ်ဆိုး မျိုးနဲ့…မကြုံရပါစေနဲ့လို့…ငယ်လေး…ဆုတောင်းပေး လိုက်ပါတယ်နော်…..ညသည် တိတ်ဆိတ်ငြိမ်သက် လျှက် ခြံတံခါးနားက မီးတိုင်အောက်မှာတော့ ပိုးကောင်လေးများ မြူးတူး ပျုံသန်းလျှက်ရှိပါတော့ သည်
ပြီးပါပြီ စာဖတ်သူအပေါင်းကို အစဥ်လေးစားလျှက် ဆက်လက်ကြိုးစားပါဦးမည်🙏🙏🙏
Leave a Reply