Home / Ghost Stoey / ထူးဆန်းသောဖုတ်ကောင် {စ-ဆုံး}

ထူးဆန်းသောဖုတ်ကောင် {စ-ဆုံး}

ထူးဆန်းသောဖုတ်ကောင် {စ-ဆုံး}

မူရင်း_ဆရာတာတေ

ကျုပ်တို့ရွာမှာက ရွာဦးကျောင်းရယ် ပုဗ္ဗာရုံကျောင်းရယ်ဆိုပြီး ဘုန်းတော်ကြီးကျောင်းနှစ်ကျောင်း ရွိတယ္ဗ်။ ပုဗ္ဗာရုံကျောင်းက ပိုပြီးရှေးကျတယ်။ ကျောင်းဝင်းကလည်း အကျယ်ကြီးဗျ။ ရှေးလက်ရာကျောင်းကြီးဗျ။ ကျောင်းဝင်းကတော်တော်ကို ခန့်ညားတာဗျို့။ ကျောင်းဝင်းကြီးထဲမှာလည်း သရက်ပင် အုန်းပင်းတွေ မရမ်းပင်တွေ အစုံပါပဲဗ်ာ။ နေပျောက်မထိုးအောင်ကို ရှိနေတော့တာဗျ။ နွေရာသီများဆို ပုဗ္ဗာရုံကျောင်းကြီးထဲသွားပြီး အပူဒဏ်ကို ခိုကြရတာ။ ပုဗ္ဗာရုံ ဆရာတော်ကလည်း သဘောကောင်းတာဗျ။ သူ့ကျောင်းဝင်းကြီးထဲမှာ ငှက်ပျောတောကြီးကလည်း ရှိနေတော့ ငှက်ပျောသီးဆိုတာကတော့ သူ့ကျောင်းမှာ ပြတ်တယ်လို့ကို မရွိပါဘူးဗ်။ ဆရာတော်ဘွဲ့က ဦးဂုဏတဲ့ဗ်။ သူ့ကျောင်းမှာက ဦးပဉ္ဇင်းငါးပါးလောက်နဲ့ ကိုရင် ဆယ်ပါးလောက်ရှိတယ်။ စာဝါလည်းချတယ်လေ။ ပုဗ္ဗာရုံကျောင်းဝင်းကြီးရဲ့ တောင်ဘက်ဆုံးမှာ သရက်ပင်အုပ်ကြီး ရွိတယ္ဗ်။

https://cultivationclassicalstarter.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

အဲဒီ သရက်ပင်အုပ်ထဲမှာ သစ်သားနဲ့ နံကပ်ဆောက်ထားတဲ့ အုတ်ကျောင်းကလေး တစ်ကျောင်းရှိတယ်။ အဲဒီမွာက ဆရာတော်ဦးရုဏရဲ့ မယ်တော်ကြီးနေတာဗျ။ မယ်တော်ကြီးကလည်း တော်တော်ကို အိုနေပါပြီ။ ဒီမယ်တော်ကြီးရဲ့ နာမည်ကတော့ ကျုပ်လည်းမသိဘူးဗျ။ ဘုန်းကြီးရဲ့ တူမနှစ်ယောက်က မယ်တော်ကြီးကို အဖော်လုပ်ပြီး လာနေပေးတယ်။ ဘုန်းကြီးကလည်း သူ့မယ်တော်ကြီးကို အတော်ဂရုစိုက်တာဗျ။ အစားအသောက် အနေအထိုင်လည်း ဂရုစိုက်သလို ကျန်းမာရေး မမာတာရှိရင်လည်း ဘန့်ဘွေးကုန်းမှာ ဆေးခန်းဖွင့်ထားတဲ့ ကျန်းမားရေးမှူးကိုပင့်ပြီး သေသေချာချာ ကုပေးတာဗျ။

ဒါပေမယ့်လည်း ဇရာဆိုတာကိုတော့ ဘယ်သူလွန်ဆန်နိုင်မှာလဲဗျာ။အသက်ကလည်း ကြီးလာပြီဆိုတော့ တဖြေးဖြေးနဲ့ အပြင်တောင် မထွက်နိုင်တော့ပါဘူး။ သူ့ကျောင်းကလေးထဲမှာပဲ လူတွဲနဲ့ သွားလာနေရတာ ကြာပါပြီ။ ဘုန်းကြီးတူမ မသိန်းကြည်တို့ မလုံးကြည်တို့ကတော့ ရွာထဲမှာ စျေးဝယ်ဘာဝယ်နဲ့ အမြဲသွားလာနေကြတော့ အားလုံးနဲ့ ခင်နေကြတာပေါ့ဗျာ။ “လုံးကြည်ရေ မယ်တော်ကြီး နေကောင်းရဲ့လားဟဲ့” “ကောင်းပါတယ်တော့ အရီးဘုမရဲ့” “ဒါဆိုရင် ဝက်သားနီချက်ကလေးတစ်ခွက် ပေးလိုက်ပါရစေတော်။မယ်တော်ကြီးက ဝက်သားဆိုအားကြီး ကြိုက်တာအေ့ လုံးကြည်ရဲ့” “အော်ပေးလိုက်ပါတော် ယူသွားလိုက်ပါ့မယ်” “အေး အေး ဘုန်းကြီးကိုတော့ နောက်ရက်မှ လာကပ်မယ်အေ့ ။ အနောက်ပိုင်းက ဆုံသားရေတာ့မွပဲ။

ဆွမ်းတစ်ချိုင့် ပို့မယ်လေ။ ခုတော့ နည်းနည်းရလို့ မယ်တော်ကြီးအတွက်ပဲ ဟင်းတစ်ခွက် ပေးလိုက်တော့မယ်အေ့” “ပေးတာတော့ ဟုတ်တယ် အရီးဘုမေရ မယ်တော်ကြီးက ခုတေလာ ဘာဖြစ်နေတယ် သိပါဘူးတော်” “ဟဲ့ ဘာဖြစ်နေလို့တုံး” “ဟိုတစ်နေ့က ဘယ်အိမ်က ဆွမ်းချိုင့်ပို့တယ် မသိပါဘူးတော် ဘုန်းကြီးက ဝက်သားဟင်း တစ်ချိုင့် ကျုပ်တို့ဆီ ပို့ပေးတယ်တော့ ။ နည်းပါးဘူးတော်။ ချိုင့်ကြီးနဲ့ကို တစ်လုံးအပြည့်ပါပဲ။ အဲဒါအရီးဘုမေရမယ်တော်ကြီးတစ်ယောက်တည်း စားပစ္တာ ကုန်ပါရောလား” “ဟေဟုတ်ရဲ့လား လုံးကြည်ရဲ့” “ဟုတ်ပတော် ထမင်းတွေလည်း တစ်အိုးချက်ကြီး ကုန်ရောတော့” “ဟင်” “အဲဒါ ညနေရောက်တော့ မေးသေးတယ် တော်ရေ” “ဘာမေးတုံး” “ဝက်သားဟင်း ကျန်သေးလားတဲ့ ။

ငါမဝေသးဘူး။ ထပ်စားချင်သေးတယ်တဲ့။ “ဟေနင်တို့ဟာ ဟုတ်မှဟုတ်ရဲ့လား လုံးကြည်ရဲ့” “ဟုတ်ပါတယ်တော် အဲဒီလောက်စားပေမယ့် သူဘာမှဖြစ်တာမှ မဟုတ်တာ။နေထိုင်မကောင်း ဘာမှမဖြစ်ဘူးတော့” “ဒီအကြောင်းဆရာတော်ကို နင်တို့ ပြောပြသေးလား” “မပြောပါဘူးတော် လူဆိုတာ အသက်ကြီးလာရင် သူငယ်ပြန်တတ်တာပဲတော် မယ်တော်ကြီးလည်း အခု သူငယ်ပြန်တာ ဖြစ်မှာပေါ့တော့။ ငယ်ငယ္ကလို အများကြီး ပြန်စားချင်နေမှာပေါ့” “တစ်ခါတစ်ခါကြတော့လေ အရီးဘုမ အိပ်ယာထဲ တစ်ယောက်တည်း ဘာတွေရယ်နေသလဲ မသိပါဘူးတော် အသံသြသြကြီးလုပ်ပြီး ရယ်နေတာ” “နင်တို့က မေးစမ်းကြည့်ဘူးလား ဘာတွေရယ်နေလဲဆိုတာ” “တစ်ခါတော့ မေးကြည့်ပါတယ်တော်။ အဲဒါ ဘာပြန်ပြောတယ်ထင်လဲ” “ဟဲ့ငါဟာ ငါရယ်ချင်တာရယ်မှာပေါ့။ နင်တို့နဲ့ ဘာဆိုင်သလဲ။ သေနာမတွေ နင်တို့သွေးတွေကုန်အောင် စုတ်ပစ်လိုက်ရမလားတဲ့” “ဟေ အဲဒီလို ပြောသလား လုံးကြည်ရဲ့” “အေးပေါ့တော် အသက်ကြီးလာတော့ ဒီလိုပဲ ကယောင်ကတမ်းတွေ ပြောချင်ရာ လျှောက်ပြောတာ နေမှာပေါ့တော်” “ဒါပေမဲ့ နည်းနည်းတော့ သတိထားကြည့်ကြနော် ညဆိုလည်း အိပ်ပျော်နေပျော် မနေကြနဲ့။ သတိလေးနဲ့ အိပ်ကြ” “ညဆိုလို့ ပြောရဦးမယ် ။

အရီးဘုမေရ နေ့ခင်းဆိုရင်တော့ မယ်တော်ကြီးက အိပ်ယာကကို မထနိုင်တာတော်။ ညရောက်ပြီးဆိုရင် အသံကလည်း မာလာတယ်တော့။ ပြီးတော့ တစ်ခါတစ်လေ ကျမတို့ အိပ်ပျော်နေတုန်း ဘယ်တွေထသွားသလဲ မသိဘူး။ မနက်ကျတော့ ခြေထောက်မှာ သဲတွေပေလို့တော်ရေ” ” ဟဲ့ နင့်တို့ ဒီအကြောင်းတွေကို ဆရာတော်ကို မလျှောက်ကြဘူးလားဟဲ့ လုံးကြည်ရဲ့” “အင်းခုတော့ မလျှောက်ဖြစ်သေးပါဘူးတော်။ ဘုန်းကြီးကလည်း ကျောင်းကြီးအနောက်ဆောင်ကို ပြင်ဆင်နေတာဆိုတော့ ခုရက် အလုပ်များတယ်လေ အရီးရယ်” “အေးအေးဟုတ်တယ် ဟုတ်တယ် နောက်နှစ်ရက်ကြတော့ ဆရာတော်ကို မယ်တော်ကြီးအကြောင်း နည်းနည်းလျှောက်ဦး” “ဟုတ်ကဲ့ ဟုတ်ကဲ့ ။ ကဲ ကျုပ်လည်း စကားကောင်းနေလိုက်တာ သြားဦးမွ တော်” မလုံးကြည် ထွက်သွားတာနဲ့ အရီးဘုမက တဘက္ကေလး တစ်ထည် ခေါင်းဆောင်းပြီး ဒီသတင်းကို အရှေ့ဝိုင်းက အဖွားဒေါ်ထယ်ကို သွားပြောတော့တာပဲဗျို့။ “အရီးထယ် ကျုပ်တော့ ပုဗ္ဗာရုံဆရာတော်ရဲ့ မယ်တော်ကြီးကို တယ်ပြီး မသင်္ကာချင်ဘူးတော်။ မရိုးတော့ဘူး ထင်တာပဲ” “ဟဲ့ ဘယ်လိုဖြစ်လို့တုန်း ဘုမရဲ့” “ဟာ နေ့ဘက်ဆိုရင် အိပ်ယာထဲတုံးလုံး လူမမာကြီးတဲ့။ ထတာတောင် လူတွဲမှ ထနိုင်တာ။

ညဆို အကောင်းကြီးတဲ့။ သူ့ဟာ သူ ထသွားနေတာတဲ့။ သူစောင့်တဲ့ သူမြေးမတွေ အိပ်ပျော်နေရင် အပြင်တွေ လျှောက်သွားတာတဲ့ တော်ရေ။ ခြေထောက်မှာ သဲတွေ ပေလို့တဲ့ မနက်လင်းမှ ဟိုဟာမနှစ်ယောက်သိတာတဲ့ အရီးရေ” “ဟေ” “ဝက်သားများစားလိုက်ရင် တစ်ချိုင့်လောက်ကို အသာကေလးတဲ့ ဝတောင် မဝဘူးဆိုပဲ” “ဟေ ဒါဆိုရင်တော့ ဟုတ်လောက်တယ် ဘုမရဲ့ ဒါဖုတ်ဝင်တာပဲ ။ ဖုတ်ဆိုတာ အမျိုးမျိုးရှိတယ် ဆိုပဲဟဲ့။ သွေးစုတ်ဖုတ်တို့ ရွှေထီးဆောင်းဖုတ်တို့ ဆိုလား ငါလည်း စုံအောင်တော့ မသိပါဘူးဟယ်။ ပြီးတော့ အခုဟာက ညဘက်အပြင်လျှောက်သွားတယ်ဆိုတာ သိပ်မကောင်းဘူးထင်တယ် ဘုမရဲ့” “ရှင် ဘာဖြစ်လို့လဲ အရီးရဲ့” “ဟဲ့ ဘုမ ငါကြားဖူးတယ် တချို့ဖုတ်က ရွာထဲဝင်ပြီး ကြက်တွေကြောင်တွေတောင် အစိမ်းဖမ်းစားတာ ဆိုပဲ” “အောင်မလေး ကြောက်စရာပါလား အရီးရယ်” “ဒီကိစ်စ ဘယ်လိုလုပ်မလဲ။ ဆရာတော်ကို လျှောက်ကြရင် မကောင်းဘူးလား” “တို့က လျှောက်လို့တော့ ဘယ်ကောင်းမလဲ ဘုမရဲ့။ ဆရာတော်တူမတွေ လုံးကြည်တို့ သိန်းကြည်တို့ပဲ လျှောက်ခိုင်းရမှာပေါ့” “အင်း ဒါလည်း ဟုတ္တာပဲ ညည်း အသာနေပါ။ ကျုပ် လုံးကြည်တို့ကို အသာတိုးတိုး ကပ်မေးပြီး ပြောသင့်တာ ကျုပ်ပြောလိုက်ပါမယ်။

မပြောခင် သေချာအောင် ကျုပ်မေးလိုက်ပါဦးမယ်” “အင်းကောင်းတယ် အရီး ။ ကောင်းတယ် မြန်မြန်သာလုပ်ပေတော့” “အေးပါ ညည်းပြောကတည်းက ကျုပ်ကစဉ်းစားနေတာပါအေ ဒီတစ်ရက် နှစ်ရက်ဆို သိမွာပါ” အဖွားကြီးတွေ ပါးစပ္မ်ား သိပ်ကြောက်စရာကောင်းတာဗျ။ ဒီသတင်းက ရွာထဲမှာ ကြိတ်ပြီးပျံ့နေပြီ။ ဘုန်းကြီးမယ်တော် ဖုတ်ဝင်နေတယ်ပေါ့ဗျာ။ ပျံ့မယ်ဆိုရင်လည်း ပျံ့ချင်စရာပဲဗျ။ အဖွားကြီးတွေ တိုးတိုးတိုးတိုး လုပ်နေတဲ့ ရက်မှာပဲ တစ်မနက် ကျုပ်ဆီကို အရှေ့ပိုင်းက တိုးလှဆိုတဲ့ကောင် အစောကြီး ပေါက်ချလာတယ် လာပုံကလည်း ပြာပြာ ပြာပြာနဲ့ဗျို့။ “ဟကောင်ကြီး တိုးလှလာလေကွာ။ ဘာစားပြီးပြီလဲ။ ငါ ဒီမွာ အမဲသားဟင်းကျန်နဲ့ ထမင်းကြမ်းစားနေတာ။ တစ်ခါတည်း ဝင်စားလိုက်ပါလား” “ဟာကိုကြီးတာတေစားဗျ ကျုပ်က အစောကြီးထဲက စားပြီးပြီ” “ဟာမင်းဟာက ခုမှမိုးလင်းရုံရှိသေးတာ မင်းက ဘယ်လောက်စောစောထပြီး စားတာတုံး” “ကျုပ်က ညကတည်းက ခုထိအိပ်ကိုမအိပ်သေးတာဆိုတော့ ဘုန်းကြီးကျောင်း တုံးခေါက်တဲ့ အချိန်မှာ ဗိုက်စာလို့ စားထားတာဗျ။

ကျုပ်တို့လည်း အမဲသားပဲလေ” “ကဲဒါဆိုလည်း မင်းလာတဲ့ကိစ္စပြောကွာ ငါ စားရင်းနားထောင်ရတာပေါ့” “ဒါထက် အဘတို့ အရီးတို့ရောဗျ” “မနက်အစောကြီးထပြီး လှည်းကောက်ကြတယ်။ ပြီးတော့ မီးလောင်ကုန်းဘက် သွားပါရောလား” “ရော ဘာကိစ္စတုံးဗျ” “မီးလောင်ကုန်းမှာ အဘရဲ့ ညီအစ်ကိုဝမ်းကွဲတစ်ယောက် တော်တော်နေမကောင်းလို့ဆိုပြီး လူလွှတ်ခေါ်လို့ကွ” “အော်ကဲ ကဲ ကျုပ်လာတဲ့ ကိစ္စပြောရမှာပဲဗျာ။ ဒီလိုဗ် ကိုကြီးတာတေရဲ့။ညက သန်းခေါင်ကျော်တဲ့အထိ ကျုပ်မအိပ်သေဘူး။အိမ်ကကိုင်းခုတ်ဓါးနှစ်ချောင်းကို အရိုးပြန်လဲနေတာဗျို့။တော်တော်နဲ့ အဆင်မပြေတော့ သန်းခေါင်ကိုကျော်ရော့။အလုပ်ပြီးသွားလို့ အိပ်မလို့ စိတ်ကူးပြီး ဆေးပေါ့လိပ် ထိုင်သောက်နေတုံး ရှိသေးဗျ။အိမ်က ခွေးနှစ်ကောင်က တအီအီနဲ့ အော်ပါရောဗျာ။ဒီခွေးတွေ အော်တဲ့ အသံက ထူးဆန်းတယ် ကိုကြီးတာတေရဲ့ တစ်ခုခုကို ကြောက်နေတဲ့ပုံဗျ။ ဒါနဲ့ ကျုပ်လည်း အသာကေလး ထရံပေါက်ကနေ အပြင်ကို ချောင်းကြည့်လိုက်တာပေါ့။ အောင်မယ်လေးဗျာ မိန်းမကြီးတစ်ယောက်ဗျ။ ထဘီကြီးတိုတို ဝတ်လို့ တိုဆို ထဘီကပေါင်လောက်အထိကို ဝတ်ထားတာဗျ။ဆံပင်ကလည်း ဖားလျားကြီးချလို့ ကျုပ်တို့ အိမ်ဘေးမှာရပ်ပြီး ဟိုကြည့်ဒီကြည့် ကြည့်နေတာဗျ” “ဟာမင်းမှာ ခွေးကောင်းတွေရှိတာပဲ။ မဟောင်ကြဘူးလားကွ တိုးလွရ” “ကိုကြီးတာတေကလည်း ကျုပ်ပြောပါရောလား ဟောင်ဖို့ နေနေသာသာ ခွေးတွေက ကြောက်လွန်းလို့ အိမ်အောက်နားပုပြီး အီအီနဲ့ ကြိတ်အော်နေတာဗျို့” “ဟာတစ်မျိုးပါလားကွ” “ကျုပ်လည်း တော်တော်ကြောက်သွားတာဗျ။

ဒါပေမဲ့ ကျုပ်စိတ်ထဲမှာ ဒါ သရဲတော့ မဟုတ္ဘူး။ လူပဲ ဧကန္တ အရူးမကြီးထင်တယ်။ ဘယ်ရွာကများ ရောက်လာတာလဲဆိုပြီး ဆက်ကြည့်နေတာပေါ့ဗျာ။အဲဒီတုံးမှာ ခ်ာကနဲ အိမ်ရှေ့ဘက်ကို လှည့်ထွက်သွားတာဗျို့။ ကျုပ်လည်း ချက်ချင်း အိမ်ရှေ့ဘက်ထွက်ပြီး တံခါးကြားကနေ ချောင်းကြည့်တာပေါ့။ ဟာကိုကြီးတာတေရေ ကျုပ်တို့ အိမ်ရှေ့ဝိုင်းထဲက ကြက်အိပ်တန်းတက်တဲ့နေရာ သိတယ်မို့လား” “အေး သိတယ်လေကွာ” “အဲဒီနားရောက်တော့ အိပ်တန်းတက်နေတဲ့ ကြက်သုံးကောင်ကို သေသေချာချာ ကြည့်တာဗျို့။ ပြီးတော့မှ ငွေနားလို့ ကျုပ်ခေါ်တဲ့ စစ်တကောင်း ကြက်ဖကြီးကို ဆတ္ခနဲ ဆွဲပြီး လည်ပင်းကို လိမ်ချိုးလိုက်တာဗျို့။ မြန်လိုက်တာမှဗျာ” “ဟေ ဟုတ်လားကွ” “ကြက်ဆိုတာ အသံတစ်သံတောင် မထွက်နိုင်တော့ဘူးဗျို့။ ပြီးတော့ ကြက်ဖကြီးလည်ချောင်းကို ကုန်းကိုက်တော့တာပဲဗျာ။ကျုပ်အထင်တော့ သွေးစုတ်တာထင်တယ်ဗျ။ ထဘီကြီးပေါင်လယ်လောက်ဝတ်ပြီး ဆံပင်ဖားလျားကြီးနဲ့ဗျာ။ကြက်ဖကြီးကတော့ သူ့လက်ထဲမှာ ဆန့်ငင် ဆန့်ငင် ဖြစ်ပြီး ငြိမ်သွားတာပေါ့ဗျာ။

တော်တော်ကြာအောင် သွေးစုတ်ပြီးတော့မှ ကျုပ်တို့ ဝိုင်းထဲက ထွက်သွားတယ်ဗျို့” “ဒါနဲ့ မင်းရဲ့ ကြက်ဖကြီးရော ယူသြားလား” “ယူသွားတာပေါ့ဗျ ဒါနဲ့ ကျုပ်လည်း အိမ်ထဲပြန်ဝင်ပြီး စောစောက အရိုးတပ်ထားတဲ့ ကိုင်းခုတ်ဓါးကိုဝင်ယူ။ အိမ်ရှေ့တံခါးကို အသာကလေးဖွင့်ပြီး ခပ်လှမ်းလှမ်းက တိတ္တိတ္ကေလး လိုက်ရတော့တာပေါ့ဗျာ။ ကျုပ် ကြက်ဖကြီးကိုတော့ တန်းလန်းကြီး ဆွဲသွားတာဗျို့။ ကျုပ်ကလည်း သစ်ပင်ကြီးတွေကွယ်ပြီး ချောင်းကြည့်နေရတာ ကိုကြီးတာတေရေ” “ရွာထဲက ခွေးတွေ ဒီလောက်များတာ တစ်ကောင်တစ်လေတောင် မဟောင်ဘူးလားကွ” “ခွေးတွေ ဟောင်ဖို့နေနေသာသာ ကျုပ်တို့အိမ်က ခွေးသူရဲကောင်းကြီး နှစ်ကောင်လိုပဲ လှုပ်တောင် မလှုပ်ရဲကြဘူးဗျ ။ တအီအီနဲ့ ကြောက်ပြီး တုံနေကြတာ။ နောက်တော့ အဲဒီ ဆံပင်ဖားလျားကြီးက လူကျော်တို့ ဝိုင်းရှေ့အရောက်မှာ မတ်တတ်ကြီး ရပ်ပြီး လူကျော်တို့ဝိုင်းထဲကို ကြည့်နေတာဗျို့။ခဏနေတော့ ကျုပ်ကြက်ဖကြီး ငွေနားကို ဘုတ္ကနဲ ပစ္ခ်ချဲ့ပီး ဝိုင်းထဲဝင်သွားရောဗျို့။ ကျုပ်လည်း အရီးမပြားကြည်တို့ ဝိုင်းရှေ့က တမာပင်ကြီးနောက်ကနေ ပုန်းကြည့်နေတာပေါ့။ ခဏေနေတာ့ အဲဒီဆံပင်ဖားလျားကြီး ပြန်ထွက်လာရောဗျို့။ ဟာ ဘာပြောကောင်းမလဲ။

လူကျော့်ကြက်ဖကြီးကို ဆွဲလာပြီး သွေးစုတ်နေပါရောဗျာ လည်ပင်းကနေကိုက်ပြီး စုတ်တာဗျို့။ အဲဒီကြက်ဖကြီးကို သွေးစုတ်ရက်ကြီးနဲ့ အရှေ့ဘက် ဆက်လျှောက်သွားတော့ ကျုပ်လည်း နောက်က ခပြ္ခာခြာက လိုက်ပြန်ရောပေါ့ဗျာ။နောက်ဆုံးတော့ ဒီဟာကြီး ဘယ်ဝင်သွားတယ် ထင်လဲဗျ” “ဟေ ဘယ်ဝင်သွားတုံးကွ” “ပုဗ္ဗာရုံ ကျောင်းထဲတန်းဝင်တာဗျို့။ ကျုပ်လည်း ဓါးတစ်ချောင်းကိုင်ပြီးလိုက်တာ ကျောင်းအနောက်ဘက် ချောင်ထဲဝင်တာဗျို့။ ပြီးတော့ မယ်တော်ကြီးကျောင်းကလေးထဲ ဝင်သွားတာဗျ” “ဟေ ဟုတ္လားကြ တိုးလှရဲ့” “ဟုတ္ပဗ်ာ ညက ကျုပ်မျက်စိနဲ့ကို တပ်အပ်မြင်ရတာပါဗျာ” “ဒါဆို အဲဒါ ဆရာတော့် မယ်တော်ကြီးပေါ့” “ဟုတ္ပဗ်ာ မယ်တော်ကြီးဖုတ်ဝင်နေသလိုလို ရွာထဲပြောသံကြားပေမဲ့ ကျုပ်က တယ္မယုံပါဘူးဗ်ာ။ အခုကေတာ့ မျက်မြင်ပဲ ကိုကြီးတာတေရေ အဲ ပြောရဦးမယ် ။ လူကျော့်ကြက်ဖကြီးကိုတော့ တန်းလန်းဆွဲသွားရင်းကနေ သွေးကုန်သွားလို့ ထင်ပါရဲ့ဗျာ။ကျောင်းပေါက်ဝမှာ ဘုတ်ဆို ပစ္ခ်သြားတယ္ဗ်။ အဲဒီကြက်ဖကြီးရော ကျုပ်ကြက်ဖကြီးရော ကျုပ်ကောက်ယူလာတယ် ကိုကြီးတာတေကို သက်သေပြဖို့ပေါ့ဗျာ။ အဲဒါကို ဘယ်လိုလုပ်ကြမလဲ ကိုကြီးတာတေ” “ဟာလူကြီးတွေကို ဒီအကြောင်း တိတိက်က် ပြောရတော့မှာပေါ့ကွ။

ကျန်တာတွေကတော့ သူတို့ ဆက်လုပ်လိမ့်မယ်။ ကဲ အခုပဲ မင်းနဲ့ ငါသွားကြမယ် နေဦး ဟိုဘက်ဝိုင်းက ငါ့တူမနှစ်ယောက်ကို အိမ်စောင့်ခေါ်ထားခဲ့ဦးမယ်ကွာ” ကျုပ်လည်း ကျုပ်တူမ မျောက်ရှုံးနှစ်ယောက်ကို အိမ်မှာလာဆော့ကြလို့ ဖိတ်မန္တက ပြုပြီး တိုးလှတို့ အိမ်ကို လိုက်ခဲ့တယ်။ ဟိုရောက်တော့ ဟုတ္ပဗ်ာ။ တိုးလှရဲ့ စစ်တကောင်းကြက်ဖကြီးရော လူကျော်ရဲ့ ကြက်ဖမွှေးကြီးရော သေနေပါရောလား။ ကျုပ်ကဒဏ်ရာကို လိုက်ရှာတော့ တိုးလှပြောတဲ့ အတိုင်းပဲ လည်ပင်းမှာ သွားရာကြီးတွေ တွေ့ရတယ်ဗျ။သွေးစုတ်တာ သေချာတယ်ဗျို့။ ကြက်ဖကြီးတွေမှာ သွေးတစ်စက်မှကို မရှိတော့တာဗျ။ တိုးလွ အဖေအမေတွေကိုလည်း ကျုပ်အကျိုးအကြောင်း ပြောပြတယ်။ပြီးတော့ ကြက်ဖကြီးတွေ တစ်ကောင်တစ်ကောင်ပွေ့ပြီး လူကျော်တို့အိမ် သွားကြတယ်။ လူကျော်က နိုးတောင်မနိုးသေးဘူးဗျ။ အဲဒါ ဒီကောင့်လည်း နှိုးပြီး သူ့အဖေရှေ့မှာပဲ ညက တိုးလှတွေ့ခဲ့တာတွေ အကုန်ပြောပြရတာပေါ့။ လူကျော့်အဖေ ဘိုးညီလေးက ဆရာတော်နဲ့ အလွန်ခင်တဲ့ ဘိုးသာဥာဏ်ဆီကို သွားပြီး အကျိုးအကြောင်း ပြောခိုင်းလို့ ။

ကျုပ်ရယ် ကောင်လေးနှစ်ယောက်ရယ် သွားကြတယ် ကြက်ဖအသေတွေလည်း ယူသွားရတာပေါ့။ ဘိုးသာဥာဏ်ကြီးကို အကျိုးအကြောင်း အားလုံးအပြောပြတော့ ဘိုးသာဥာဏ်ကြီးက “ဟာဒီအတိုင်းဆိုရင် တော်တော်ဆိုးနေပြီပဲကွ။ ဒါကို ဆရာတော်လည်း ရိပ်မိသွားပြီကွ။ ငါလည်း သေသေချာချာ စမ်းပြီးပါပြီ မယ်တော်ကြီးကို ဖုတ်ဝင်နေတာ သေချာတယ်ကွ။ တာတေတို့ တောင်ပိုင်းက မမယ်ထယ်ကြီး ငါကို လာပြောလို့ တစ်ညမွာ မမယ်ထယ်နဲ့ ငါနဲ့ တိုင်ပင်ပြီး စမ်းကြည့်တာကွ။ဝက်သားတစ်ပိဿာတွဲ တစ်တွဲဝယ်ပြီး အမယ်ကြီးရှေ့မှာပဲ သူမြင်အောင် ဝက်သားတွဲကြီး ပြတာပေါ့ကွာ။ ဟဲ့ လုံးကြည် မနက်ဖြန် မယ်တော်ကြီးကို ဒီဝက်သားတွေ ချက်ပေးလိုက်လို့ ပြောခဲ့တာ။ လုံးကြည်ကိုတော့ ကွယ်ရာခေါ်ပြီး မီးဖိုထဲမွာ အိုးအလွတ်နဲ့ ထည့်ပြီး လုံအောင် ဝှက်ထားလိုက်လို့ ပြောလိုက်တယ်။ လုံးကြည်ကလည်း လည်ပကွာ ဝက်သားတွဲကို ဒန်အိုးလွတ်ထဲထည့်ပြီး ထင်းပုံအောက် ထည့်ထားဆိုပဲ။ အပေါ်က ထင်းချောင်းတွေနဲ့ ပြန်စီပြီး ဝွက္ထားတဲ့ဝက်သားအိုးက ခြေရာလက်ရာ မပ်က္ဘူးဆိုပဲ။ အထဲဖွင့်ကြည့်လိုက်တော့မှ ဝက်သားက တစ်စက်မှကို မရှိတော့ဘဲ ဝက်သားတွဲချည်တဲ့ သင်အူးကြိုးတွေပဲ တွေ့တော့တယ်တဲ့ဟေ့” “ဟာဒါဆို ဘိုးတို့လည်း သိနေပြီပေါ့” “အေးလေ စမ်းတောင် စမ်းကြည့်ပြီးပါပြီးဆိုမှကွာ။

အဲဒီအကြောင်းတွေ ဆရာတော်ကို လျှောက်ပြီးလို့ ဆရာတော်က ငါ့ကို ဆရာရှာပါလို့ ပြောတယ်ကွ။ ငါလည်း ဆရာကြိတ်ရှာနေတာ တစ်ပါတ်လောက်တော့ ရှိပြီဟေ့။သတင်းတော့ ရနေပါပြီ အခု အဖြစ်အပျက်ကြီး ဖြစ်လာတော့ ဆရာတော်ကို ထပ်လျှောက် ရဦးမှာပေါ့ကွာ။ ကဲ ကဲ မင်းတို့ ကြက်ဖကြီးတွေ ပြန်ယူသွား။ ချက်တော့ မစားနဲ့နော်။မြေကျင်းနက်နက်တူးပြီး မြှုပ်သာပစ်လိုက်။ဒါမျိုးဆိုတာ ရောဂါဘယ ဖြစ်တတ်တယ်ကွဲ့။” “ဟုတ်ကဲ့ ဘိုး။ ကျုပ်တို့ ဒါတွေ မြေမြှုပ်ပစ်လိုက်မယ်” “အေးကြည့်ရတာတော့။ မယ်တော်ကြီးကိုဝင်တဲ့ ဖုတ္က သွေးစုတ်တဲ့ ဖုတ်မျိုးထင်တယ်ကွ။ ရွာထဲဝင်မွှေတာတောင် ခွေးမဟောင်ရဲဘူး ဆိုတော့ နည်းတဲ့ အဆင့်မဟုတ်ဘူးထင်တယ်။ သူကိုနိုင်လောက်တဲ့ ဆရာနဲ့မှ ဖြစ်မှာကွ။ မတောက်တခေါက် ဆရာမျိုးနဲ့ဆို သူ့ကို သွားဆွသလိုဖြစ်ပြီး တစ်ရွာလုံးကို ဒုက္ခပေးမှာ စိုးရိမ်ရတယ် တာတေရ” “ဟုတ်တယ် ဘိုး။ ဘိုးပြောတာ ဟုတ်တယ် တော်တော်ထက်တဲ့ ဆရာနဲ့မှ ရဦးမွာဗ်” XXXXXXX ပုဗ္ဗာရုံဆရာတော်ကလည်း ဒီအကြောင်းတွေ အားလုံးသိသွားပြီဆိုတော့ မယ်တော်ကြီး ကျောင်းရှေ့မှာ ဦးပဉ္ဇင်းနှစ်ပါးဆီ အလှည့်ကြ စောင့်ကြတယ်။ ဒီတော့ ရွာထဲတော့ မလာတော့ဘူးဗျ။ ဒါပေမဲ့ သူ့ကို စောင့်အိပ်တဲ့ လုံးကြည်နဲ့ သိန်းကြည်ကို အမြဲတမ်း ထိထားနေတာဆိုပဲ။ လူတွေပြောလာတော့ သွေးစုပ်တာလို့ပြောတာဗျ။

ဟုတ်တော့ဟုတ်နိုင်တာပဲ။ လုံးကြည်တို့ သိန်းကြည်တို့ဆိုတာ တစ်နေ့တစ်ခြား ပိန်ခြောက်လာကြတာဗျို့။ ဒီကြားထဲ ဆရာတွေ ပင့်ပင့်လာပြီး ပြကြည့်ပါတယ်။တစ်ချို့ဆရာတွေဆိုရင် မယ်တော်ကြီးအနားမှာ ထိုင်တောင်မထိုင်ကြဘူးဗျ။ တစ်ချိုးတည်း သုတ်တော့တာပဲ။ တစ်ချို့ကြတော့လည်း ဘုရားစာတွေ ရွတ်ဖတ်သရဇယ်တုံးရှိသေးတယ်။ “ဟဲ့ အကောင် သေချင်လို့လား” ဆိုပြီး ထအော်လိုက်တာ လန့်ပြီးပြေးတော့တာပေါ့ဗျာ။ ဆရာတစ်ယောက်ဆိုရင် ဆေးလွယ်အိတ်ကြီးပါ ထားပစ်ခဲ့လို့ မနည်းကို ခေါ်ပေးရတာ ဆိုပဲဗ်။ မယ်တော်ကြီးကလည်း တစ်နေ့ထက်တစ်နေ့ ကြမ်းလာပုံပဲဗျို့။ထမင်းတစ်ခါစားရင် နို့ဆီဘူး သုံးလုံးချက်လောက် ကုန္တာတဲ့ဗ်။ အမဲသားနဲ့ကျွေး ဝက်သားနဲ့ကျွေးဆိုတာပဲ အျမဲ ပြောနေတာဗျို့။ဆရာတော်ကလည်း ဘိုးသာဥာဏ်တို့ကို အပြီးလွှဲလိုက်ပြီဗျ။ ဒါပေမဲ့ ဘိုးသာဥာဏ်ကလည်း ဆရာရှာလို့ မတွေ့သေးလို့ သည်းခံပြီး ကျွေးမွေးနေတာဗျ။ အမဲသားဆိုလည်း တစ်ပိဿာချက်ကို ပြိုက်ကနဲ ပဲတဲ့။ ဝက်သားဆိုလည်း တစ်ပိဿာချက်ကို ပြိုက်ကနဲ ပဲတဲ့။

နဲနဲဝအောင် ကျွေးထားတော့ ငြိမ်နေတာပေါ့ဗျာ။ တစ်ဘက်ကလည်း ဆရာကို နယ်အနှံ့ စုံစမ်းရတာပေါ့လေ။ တွေ့တဲ့ဆရာတွေလည်း မယ်တော်ကြီး ကိုယ်ထဲဝင်နေတဲ့ ဖုတ်ကောင်ကို နိုင်တဲ့သူတစ်ယောက်မှမရှိ ဖြစ်နေတာပေါ့ဗျာ။ ကျုပ်တို့ရွာထဲတွင် မကတော့ဘူးဗျို့။ ဒီသတင်းက အနားက ရွာတွေအထိ ပျံ့နှံ့နေပြီလေ။ပုဗ္ဗာရုံဆရာတော်ရဲ့ မယ်တော်ကြီး ဖုတ်ဝင်နေလို့တဲ့။ ရွာထဲက ကြက်တွေတောင် ညဘက်ထွက်ဖမ်းပြီး သွေးစုတ်တာတဲ့ ဆိုတာတွေကို ဘယ္လိုမွ တားလို့ မရဘူးပေါ့ဗျာ။ ဒီအချိန်မှာပဲ ဘိုးသာဥာဏ်တို့အဖွဲ့တွေ ဆရာတစ်ယောက်ရလာတော့တာပဲဗျို့။ ဆရာက အသက်ငါးဆယ်လောက် ရှိမယ်ထင်တယ်။ နာမည်က ဦးကျော်တဲ့ ဆရာကျော်လို့ ခေါ်ကြတယ်ဗျ။ အသားညိုညို ပိန်ပိန်ပါးပါးဗျ။ မျက်လုံးတွေကတော့ အရောင်တောက်နေတာပဲ။ ပုံစံကေတာ့ ခပ်အေးအေးပါ။ အရင်ရောက်လာတဲ့ ဆရာတွေလောက် ဟိတ်ဟန် မရွိလွပါဘူး။ “ဒီဆရာနိုင်ပါ့မလား ကိုကြီးတာတေရဲ့” တိုးလွက ဆရာကျော်ကို မသိမသာ အကဲခတ်ရင်း ကျုပ်ကို ကပ်ပြောတယ် “စောင့်ကြည့်ရမှာပေါ့ကွာ။သူမနိုင်ရင် အရင်ဆရာတွေလိုပဲ ပြေးမှာပေါ့ကွာ တိုးလွရာ။ ပူမနေပါနဲ့” “အဲဒါတော့ ဟုတ်ပါတယ်။ ကျုပ်က စိတ္ပူတာက နိုင်တယ်ဆို လုပ်ပြီးမှ မနိုင်မနင်းထဖြစ်ရင် ရွာဒုက္ခဖြစ်မှာ စိုးလို့ ပြောတာပါ” “အဲဒီလိုတော့ မဖြစ်လောက်ပါဘူးကွာ” ဆရာကျော်က မယ်တော်ကြီးကို ကြည့်ချင်တယ်လို့ ပြောလို့ ဘိုးသာဥာဏ်ရယ် ကျုပ်ရယ် တိုးလှရယ် အျခား လူသုံးလေးယောက်ရယ် ဆရာကျော်ကို ပုဗ္ဗာရုံကျောင်းထဲ ပင့်သွားကြတယ်။ ဆရာ့တော်ကိုတော့ မခေါ်တော့ပါဘူး။ ဆရာတော်က ဘိုးသာဥာဏ်ကို အားလုံးလွှဲပြီးသားပဲလေ။ ဒီကိစ္စတွေမှာ သူဝင်မပါချင်ဘူးလို့ ပြောထားတယ်ဗျ။

မယ်တော်ကြီးကျောင်းကို ကျုပ်တို့တန်းသွားလိုက်ကြတယ်။ ဆရာကျော် ကျောင်းထဲဝင်လိုက်တာနဲ့ မယ်တော်ကြီးက “တောက်” တောက်ထခေါက်တော့တာပဲဗျို့။ ဆရာကျော်ကတော့ ခပ်အေးအေးပဲဗျ။ မယ်တော်ကြီးကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး အကဲခတ်တယ်။ “နိုင်မယ် ထင်သလား ။ စမ်းကြည့်လိုက်လေ” ဆရာကျော်က မယ်တော်ကြီးအိပ်နေတဲ့ ကုတင်နားကို ကပ်သွားပြီး “မငြးဘယျကလဲ” လို့ အသံခပ်ပြတ်ပြတ်နဲ့ မေးတယ်ဗျ။ မယ်တော်ကြီးက လှုပ်တောင် မလှုပ်ဘူး။ “မင်းဘယ်သူလဲ” ဆရာကျော်က ထပ်မေးပြန်တယ်။ မယ်တော်ကြီးက အရေးတောင် မစိုက်ဘူးဗျို့။ “ဝါး” တစ်ချက်သန်းတယ်ဗျ။ ဆရာကျော်က ဟသြားတဲ့ မယ်တော်ကြီးရဲ့ ပါးစပ်ထဲကို သေသေချာချာ ငုံ့ကြည့်တယ်ဗျာ။ သူ ဘာတွေ တွေ့သလဲတော့ ကျုပ်တို့လည်း မသိဘူး။ ဆရာကျော်က နောက်ကို ခ်ာခနဲ လှည့်ထွက်သွားတော့တာပဲ။ ကျောင်းအပြင်ရောက်တော့မှ ဆရာကျော်က ပြောတယ်ဗျ။ “ဒီကောင်သွေးစုတ်ဖုတ်ဗျ။ လွယ်လွယ်နဲ့တော့ ထုတ်လို့မရဘူး။ တော်တော်ကို ခက်ခက်ခဲခဲ ထုတ်ယူရမယ်။

လကွယ်ဖို့ ဘယ်နှစ်ရက်လိုသေးတုံး” “သုံးရက်ပဲ လိုတော့တယ် ဆရာ” ဘိုးသာဥာဏ္က ပြန်ဖြေတယ်။ ဆရာကျော်က ခေါင်းညိတ်ပြီး။ “အင်းဒါဆို အတော်ပါပဲ ကျုပ်တို့ပြင်တာဆင်တာနဲ့ဆို အံကိုက်ပါပဲ” “ဟုတ်ကဲ့ပါဆရာ ။ ဆရာဘာတွေလိုအပ်သလဲ ပြောပါ” အင်းကိုသာဥာဏ်တို့ အိမ်ရောက်မှပဲ ဖြေးဖြေးပြောကြတာပေါ့ဗျာ။ ဆရာကျော်နဲ့ ကျုပ်တို့အဖွဲ့ ဘိုးသာဥာဏ်တို့အိမ်ကို ပြန်လာခဲ့ကြတယ်။ဘိုးသာဥာဏ်တို့ အိမ်ကိုရောက်တော့မှ ဆရာကျော်က ရှင်းပြတယ်ဗျ။ ဒီကောင် ပါးစပ်ဟလိုက်တဲ့ အချိန်မှာ အစွယ်တွေကို သူတွေ့လိုက်ရတယ်တဲ့။ နည်းနည်းနောနော အကောင် မဟုတ္ဘူး။ အစွယ်ကြီးတွေမှ အရှည်ကြီးတဲ့ဗျာ။ ကျုပ်တို့ကတော့ ဘာမွ မမြင်ဘူးပေါ့ဗျာ။ သူကေတာ့ ပညာမျက်စေ့နဲ့ဆိုတော့ မြင်နိုင်တာပေါ့လေ။ “ပထမဆုံး ပြောချင်တာက ဒီကောင်ကို မေတ္တာရပ်ခံတာတို့ ချောမော့ထုတ်တာတို့လောက်နဲ့တော့ မရနိုင်ဘူးဆိုတာပါပဲ ဒုတိယပြောချင်တာက ဒီကောင်ဘယ်သူဆိုတာ တိတိက်က် သိရမယ်။ဒါမှ သူ့ကို ဘယ်အဆင့်လောက်ရှိတဲ့ ဆေးနဲ့ တိုက်ထုတ်ရမယ်ဆိုတာ သိမွာဗ်။ နောက်တစ်ခုက တိုက်ရမဲ့ဆေးကို သိတာတောင်မှ ကျုပ်တိုက်လို့ သောက်တဲ့သူကို ခေါ်တိုက်ခိုင်းရမှာဗျ” “အလို သူတို့မှာ မော့မကြည့်ရဲလောက်အောင် ကြောက်တဲ့သူ ရွိသလားဗ် ဆရာကျော်ရဲ့” “ရှိတာပေါ့ ကိုသာဥာဏ်ရယ်” “ဟင်ဘယ်သူများပါလိမ့် ဆရာကျော်” “ဘယျသူရှိဦးမလဲဗျာ မဖဲဝါပေါ့” “ဗ္ာ” ဒီတစ်ခါ အလန့့်တကြားအော်မိတာက ကျုပ်ဗျ။ မဖဲဝါ တဲ့ဗျာ။ကျုပ် ဘယ်တော့မှ မကြားချင်တဲ့နာမည်ဗျ။

“ဟုတ်တယ် မောင်တာတေရဲ့ မဖဲဝါကို ကျုပ်ခေါ်ဖူးပါတယ်။ ဒီလိုအဆင့်မြင့်တဲ့ ကောင်တွေနဲ့ တွေ့ရင် သူ့ကိုပဲ ခေါ်ပြီး အကူအညီတောင်းရတာကွဲ့” “အော်မဖဲဝါက ကူညီရဲ့လားဗျ” “ဟာကူညီပါသော်ကောကွာ” ဆရာကျော် ပြောလို့သာ ခေါင်းညိတ်လိုက်ရတယ်။ ကျုပ်ကတော့ ကျောထဲမှာ စိမ့်သွားတာပဲဗျို့။ အင်းတစ်ခါတော့ ကြုံရခြေဦးမယ်လို့ စိတ်ထဲတွေးနေမိတာပေါ့ဗျာ။ ဒီလိုနဲ့ ဆရာကျော်ကလည်း အဓိဋ္ဌာန်ဝင်တယ်ဗျ။ လိုအပ်တဲ့ ဆေးဝါးတွေလည်း စီရင်တယ်။ ပြီးတော့ ကျုပ်တို့ကို ဘာပြောတယ်ထင်သလဲ။ “မင်းတို့ လူငယ်ပိုင်းက လကွယ်နေ့ညမှာ လူနှစ်ဆယ်လောက်စုထားကြကွာ။ မကြောက်တတ်တဲ့ ကောင်တွေဖြစ်မှနော်။ တော်ကြာထွက်ပြေးနေလို့ အန္တရာယ် ဖြစ်နေဦးမယ် ပြီးရင် လက်သမားလည်း ခေါ်ထား။ ဒီကောင်ကြီး ထွက်သွားတာနဲ့ မယ်တော်ကြီးက ချက်ချင်းပုပ်မှာနော် ။ ခေါင်းစပ်ဖို့ ပျဉ်တွေအဆင်သင့် ဆောင်ထား ခေါင်းအားချင်းစပ်ပြီး ကွင်းထဲကို ထမ်းထုတ်ရမယ်ကွ” “ဟာစိတ္ခ်ပါဆရာ ကျုပ်တို့ အားလုံး စီစဉ်ထားမယ်။ဆရာလုပ်စရာရှိတာသာလုပ်ပါ” “ကိုသာဥာဏ်ရေ ဒီရွာမှာ နတ်ဝင်သည်ရှိလားဗျ” “ဟာဒီမှာတော့ မရွိဘူး ဆရာကျော် ။ ငွေတွင်းကုန်းမှာတော့ ဒေါ်ထွန်းဆိုတဲ့ မိန်းမတစ်ယောက်ရှိတယ်ဗျ။ ဘာလဲ ဆရာကျော် အဲဒီမိန်းမကို ခေါ်ပေးရမှာလား” “ခေါ်မှဖြစ်မယ်ဗျ ကိုသာဥာဏ်ရဲ့” “ကောင်းပြီလေဘယ်တော့ခေါ်ရမလဲသာ ပြောပါ” “မနက်ဖြန်လကွယ်နေ့မို့လား။ အဲဒီမိန်းမကို ညနေအရောက် ခေါ်ထားဗျာ။ ဒီမိန်းမ သတ္တိရောကောင်းရဲ့လား” “မထွန်းက သတ္တိကောင်းဗျ။

ဘာမွ သိပ်ကြောက်တတ်တာ မဟုတ္ဘူး” “ဟန်ကျတာပေါ့ဗျာ။ ဒါဆိုလည်း မထွန်းသာရအောင်ခေါ်ဗျို့” “စိတ္ခ်ပါဆရာ ကျုပ်လူလွှတ်ခေါ်ရင် ချက်ချင်းလာပါတယ်” XXXXXXX လကွယ်နေတော့ ရောက်ပြီဗျို့။ “တာတေရေ မင်းရွာထဲလှည့်ပြီး ဆော်သြလိုက်ကွာ။ ယာထဲဆင်းတဲ့ လူတွေ ညနေသုံးချက်တီးအရောက် ရွာထဲ ပြန်ဝင်ကြရမယ်။ ညေန ငါးနာရီထိုးတာနဲ့ ရွာပြင်က လူကို အဝင်မခံတော့ဘူးလို့ပြော။ အိမ်တံခါးတွေရော ရွာတံခါးပါ ညေန ငါးနာရီ အျပီး ပိတ်ကြရမယ်။ ပြီးရင် တစ်ညလုံး အိမ်ပြင်ကို ဘယ်သူမွ မထွက်ကြစေနဲ့ကြားလား” “ဟုတ်ကဲ့ဆရာ ကျုပ်အခု လူခွဲပြီး ဆော်သြလိုက်မယ်” ပြောပြောဆိုဆိုပဲ ကျုပ်က တိုးလှတို့ လူကျော်တို့ကို ခေါ်ပြီး လူငယ်တွေ စုခိုင်းတယ်။ပြီးတော့ပြောရမဲ့ စကားတွေ သင်ပေးတယ်။ အိမ်စဉ်လှည့်ပြီး ဆော်သြခိုင်းလိုက်တယ်။ ညေန(၃)နာရီလောက်မှာပဲ ငွေတွင်းကုန်းက နတ်ဝင်သည် ဒေါ်ထွန်းကြီး ရောက်လာတယ်ဗျ။ ရွာသားတွေကလည်း ကျုပ်တို့ ဆော်သြထားတဲ့အတိုင်း ရွာထဲကို ခပ်သုတ်သုတ် ပြင်ဝင်လာကြတယ်။ ဆရာကျော်ကိုယ်တိုင်လည်း ဘုရားစင်မှာ ဖယောင်းတိုင်တွေထွန်းပြီး ဘုရားရှိခိုင်းတယ်ဗျ။ ညေနငါးနာရီ ထိုးတာနဲ့ ရွာတံခါးတွေ ပိတ်လိုက်ကြတယ်။ အိမ်တံခါးတွေလည်း ပိတ်လိုက်ကြတယ်။ ရွာက ခွေးတွေ ဆိုတာမ်ား ကြောက်လိုက်ကြတာ မပြောပါနဲ့တော့။တအီအီနဲ့ အော်ပြီး တံခါးတွေ အတင်းတိုးတော့တာဗျို့။

“ဟဲ့ ခွေးကို ဖွင့်မပေးနဲ့ အပြင်မှာထားလိုက် အပဆိုတာ ခွေးနဲ့ ကပ်ပါလာတတ်တာ” လို့ လူကြီးတွေက ပြောတော့ ခွေးတွေကို အိမ်ပြင်မှာပဲ ထားကြရတာပေါ့။ ညမိုးချုပ်စအပြုမှာ ဆရာကျော်ရယ် ကျုပ်ရယ် တိုးလှရယ် တျခားကာလသား နှစ်ယောက်ရယ် ဒေါ်ထွန်းကို ခေါ်ပြီး ရွာပြင်ထွက်ကြတယ်။ ထနောင်းကုန်းသုဿာန်ကို သွားကြတာဗျ။ သုဿာန်ထဲရောက်တော့ မှောင်နေပြီဗျို့။ ကာလသားနှစ်ယောက်က ရွာတံခါးမှာ စောင့်ကျန်ခဲ့တယ်။ကျုပ်တို့ပြန်လာမှ ပြန်ဖွင့်ပေးဖို့ ဆရာကျော်က မှာတယ်။ သုဿာန်ထဲရောက်တော့ မြက်ခင်းပြင်လေးပေါ်မှာ ဆရာကျော် အသင့်ယူလာတဲ့ ထမင်းထုတ်ကို ဖြေချလိုက်တယ်။ကြက်သားဟင်းဗျ။ ကြက်တစ်ကောင်လုံးကို ခ်က္ထားတာ ထမင်းပေါ်မှာ ဟင်းတုံးကြီးတွေ ဖြန့်ထားတယ်။ ကျုပ်ဖြင့် ဘိန်းစားဘစိန်ကြီးကို ပြေးပြီ သတိရလိုက်တာဗျာ။ကျောထဲမှာလည်း စိမ့်သွားတာပဲ ။ ဆရာကျော်က ထမင်းထုတ်ဘေးမှာ ဖယောင်းတိုင် နှစ်တိုင် စိုက်ပြီး မီးထွန်းတယ်ဗျ။ ပြီးတော့ ဒေါ်ထွန်းကြီးကိုထဘီဝတ်ခိုင်းတယ်။ ဆံပင်ကို ဖားလျားချခိုင်းတယ်။ ပြီးတော့ ထမင်းထုတ်နားမှာ ဆောင့်ကြောင့်ကြီး ထိုင်နေခိုင်းပြန်တယ်။ “မဖဲဝါရေ ဆရာ့ကို တစ်ခါဖြင့် ကူညီဦးဗ်ာ။ ရွာထဲမှာ ဘုန်းကြီးရဲ့ မယ်တော်ကို သွေးစုတ်ဖုတ်ကောင် ဝင်နေတာ ထုတ်ဖို့ တော်တော်ခက်နေတယ်ကွဲ့။ မဖဲဝါ ဆရာ့ကို ကူပါ။ မဖဲဝါအတွက် ယူလာတဲ့ ထမင်းနဲ့ဟင်းကို မြိန်မြိန်ရှက်ရှက်စားပါဗျာ။

သင်္ချိုင်းတကာကို အပိုင်ရတဲ့ စောင့်ရတဲ့ မဖဲဝါကို ဖိတ်မန္တက ပြုပါတယ်။ ဆရာ့ကို ကူညီပါ မဖဲဝါဆရာဖိတ်” “ဟီးဟီး” ဆရာကျော့်စကားတောင် မဆုံးသေးဘူးဗျို့။ နတ်ဝင်သည် ဒေါ်ထွန်းကြီး အသားတွေတဆတ်ဆတ်တုံလာပြီး လက်ကြီးတွေ ကွေးကောက်လာတယ်။ ဆရာကျော့်ကို မျက်လုံးပြူးကြီးနဲ့ လှန်ကြည့်တယ်ဗျ။ တိုးလှတို့ လူကျော်တို့လည်း နောက်ကို ခြေတစ်လှမ်းလောက် ဆုတ်သွားကြတယ်ဗျ။ ကျုပ်ကိုယ်တိုင်လည်း ခြေတစ်လှမ်းဆုတ်လိုက်မိတယ် ထင်တယ်ဗျ။ “မဖဲဝါ ဟုတ်ရဲ့လားဟေ့” ဆရာကျော်ရဲ့ ပြတ်သားတဲ့ အသံက ထွက်ပေါ်လာတယ်။ ဆိတ်ဆိတ်နေတဲ့ သင်္ချိုင်းထဲတောင် ဟိန်းထွက်သွားတယ် ထင်တယ်ဗျို့။မဖဲဝါက ခေါင်းပဲ ညိတ်ပြတယ်။ “ဒါဆိုရငျ စားပါဗျာ သဘောရှိစားပါ” မဖဲဝါဝင်နေတဲ့ ဒေါ်ထွန်းကြီးက ခြေထောက်ကြီးကား ထိုင်ချလိုက်ပြီး ပြူးပြူးပြဲပြဲနဲ့ ထမင်းတွေ စားတော့တာပါပဲ။ကြက်သားတုံးကြီးတွေကိုလည်း ဂိုးဂိုးဂွပ်ဂွပ် မြည်အောင် ကိုက်တော့တာပါပဲဗျာ။ ဆရာကျော်အသင့်ယူလာတဲ့ ရေဘူးထဲက ရေကို ရေဖလားတစ်လုံးထဲ ထည့်ပေးလိုက်တယ်။ “ရေလည်း သောက်ပါ မဖဲဝါ” မဖဲဝါကလည်း ရေသောက်တယ်ဗျ။ ရေဖလားကို လက်နှစ်ဖက်နဲ့ စုံကိုင်ပြီး မော့တာပဲဗျို့။ “ဒီလိုပါ မဖဲဝါ ဒီရွာက ဘုန်းကြီးရဲ့ မယ်တော်ကြီးကို။ သွေးစုတ်ဖုတ်တစ်ကောင်ဝင်နေတယ်ကွဲ့။ အဲဒါ ဆရာတစ်ယောက်တည်းတော့ ထုတ်လို့ရမယ်မထင်လို့ မဖဲဝါကို အကူအညီတောင်းရတာပါ။ အရင်တုံးကလည်း ဆရာ့ကို မဖဲဝါကူညီခဲ့ပါတယ်” ဆရာကျော်က ခပ်အေးအေးပဲပြောတယ်ဗျ။

မဖဲဝါက ထမင်းစားနေရင်းကနေ ဆရာကျော်ကို မျက်လုံးပြူးကြီးနဲ့စိုက်ကြည့်တယ်။ ပြီးတော့မှ ခေါင်းကို ညိတ်ပြတယ်။ ထမင်းတပုံကြီးနဲ့ ကြက်တစ်ကောင်ချက်ကို စားလိုက္တာမ်ား ပြိုက်ကနဲ ကုန်ရောဗျို့။ ပြီးတော့ ရေဖလားကြီးကို မော့သောက်တယ်။ ကျန်တဲ့ ရေနဲ့ လက်တွေ ဆေးလိုက်သေးတယ်ဗျ။ ပြီးတော့မှ ဝုန်းကနဲ ခုန်ထလိုက်တယ်။ ကျုပ်တို့ကိုတောင် မစောင့်ဘဲ ရှေ့ကနေ ရွာဘက်ကို သွားတော့တာဗျို့။ ဆရာကျော်နဲ့ ကျုပ်တို့လည်း နောက်က အပြေးလိုက်ရတော့တာပေါ့။ “ဟေ့ တာတေ မင်းကောင်တွေ ရွာတံခါးဖွင့်ခိုင်းထားဟေ့” “တံခါးဖွင့်ထားဟေ့” ကျုပ်ကလှမ်းအော်လိုက်တယ်။ ဟိုကောင်နှစ်ကောင်က ကျုပ်အသံ ကြားတော့ ရွာတံခါးကို အသင့်ဖွင့်ထားတယ်ဗျ။ မဖဲဝါဝင်နေတဲ့ ဒေါ်ထွန်းကြီးကတော့ ခြေကားယား လက်ကားယားကြီးနဲ့ရွာထဲကို ဝင်တော့တာဗျို့။ကျုပ်တို့ရွာထဲက ဖြတ်လာတော့ အိမ်တွေ အားလုံး မီးတွေ မှိတ်ထားပြီး ငြိမ်နေကြပြီဗျို့။ “ဟီးဟီးဟီးဟီး” မဖဲဝါရဲ့အသံနက်ကြီးနဲ့ အော်ရယ်တဲ့ အသံက ရွာကို ကြော်ထွက်သွားပုံပဲဗျ။ မဖဲဝါက အရှေ့ပိုင်းက ပုဗ္ဗာရုံကျောင်းထဲတန်းဝင်လာတာဗျို့။ ပြီးတော့ ကျောင်းရှေ့က ကွင်းပြင်မှာ ခါးကြီးထောက်ပြီး ရပ်နေတယ် ဆံပင်ကတော့ ဖားလျားကြီးပေါ့။ ”

ကြောက်တဲ့သူတွေ ကျောင်းပေါ်တက်နေကြ။ တာတေလည်း နောက်ဝေးဝေးဆုတ်နေ” တိုးလှနဲ့ကျုပ်ပဲ ကျန်ခဲ့တယ်။ ဟိုကောင်တွေကတော့ ကျောင်းပေါ် တက်ပြေးတော့တာပဲဗျ။ဆရာတော်လည်း ကျောင်းကြီးပေါ်ကနေ ကြည့်နေတာ တွေ့ရတယ်ဗျို့။ “ငါမဖဲဝါ ခေါ်တယ်။ တစ်ကောင်မကျန် အခုရောက်အောင်လာခဲ့” အသံနက်ကြီးကား အမှောင်ထဲမှာ လွှမ်းသွားတယ်။ ကျီးကန်တွေ ဝေါကနဲ ထပ်ံသြားတယ္ဗ်။ “အလို ဘုရားရေ မနည်းပါလား” လို့ ကျုပ်ပါးစပ်က ယောင်ပြီးပြောလိုက်မိတယ်။ မြက်ခင်းကြီးထဲမှာ နီနီရဲရဲမျက်လုံးလေးတွေ အများကြီးပဲဗျ။အားလုံး ငုတ်တုတ်ထိုင်နေကြပုံပဲ။ သေသေချာချာတော့ ဘာမွ မမြင်ရပေမဲ့။ မျက်လုံးနီနီတွေကတော့ အများကြီးပဲဗျို့။ တစ်ရာတော့ အသာကလေးကျော်မယ်ဗျ။ ဖုတ် ပြိတ္တာ တစ္ဆေ သရဲတွေများလှချည်းလားလို့ ကျုပ် တွေးမိတယ်ဗျ။ “နင်တို့လူစုံပြီလား ဘယ်သူလိုနေလဲ ပြောစမ်း” ဘယ်လိုအသံကြီးမှန်းမသိဘဲ အသံကြီးနဲ့ မဖဲဝါက မေးတယ်ဗျ။နီနီရဲရဲ မျက်လုံးတွေက ဟိုကြည့်သည်ကြည့် လိုက်ကြည့်တယ်။ ဘာမွ ပြန်ပြောတာတော့ မကြားရဘူး။ “ဘာပြောတယ် ငမဲကြီး ။ ဟုတ္စ။ ဘယ်ကကောင်လဲ” မျက်လုံးနီတွေက ဘာပြန်ပြောတယ်ဆိုတာတော့ ကျုပ်မသိဘူးဗျ။

“ဘာအောက်ပြည်ကရောက်လာတာ ရာရာစစ။ ငါ့ ခွင့်ပြုချက် မရပဲလာတဲ့ကောင် တွေ့ကြသေးတာပေါ့။ကဲနင်တို့ခု ချက်ချင်းသွားတော့” မဖဲဝါက အသံနက်ကြီးနဲ့ အော်ပြောလိုက်တော့ မျက်လုံးနီတွေလည်း ချက်ချင်းပျောက်သွားကြတယ် မဖဲဝါက မယ်တော်ကြီးကျောင်းဘက်လှည့်ပြီး ” ဟဲ့ ငမဲကြီးဆိုတဲ့ကောင် အခု လာခဲ့စမ်း” လို့ တခွန်းပဲအော်လိုက်ရတယ်။ဒီကောင်ကြီးက ထဘီပေါင်လယ်လောက်ဝတ်ပြီး ထြက္လာတယ္ဗ်။ ဆံပင်ကြီးကလည်း ဖားလျားကြီးနဲ့ပါဗျာ။ “နင် ဒီလို သွားချင်တိုင်းသွားပြီး လုပ်ချင်တိုင်း လုပ်လို့ရမလား။ ဟဲ့ ဆရာဆေးတိုက်လိုက်။ နင့်မှာဆေးအဆင်သင့် ရွိတာ ငါသိတယ် နောက်ဆုံးဆေးဟဲ့ သိလား။ လူသေသွေးနဲ့ဖော်တဲ့ဆေး” မဖဲဝါက ပြောတော့ ဆရာကျော်က ပ်ာပ်ာသလဲ ရေတစ်ခွက်ခပ်ပြီး ဆေးလွယ်အိတ်ထဲက ဆေးပုလင်းထုတ်တယ်ဗျ။ကျုပ်က ဓါတ်မီးထိုးပြရတယ်။ ဆရာကျော်က နီနီဆေးမှုန့် နည်းနည်းကို ရေထဲထည့်လိုက်ပြီး မွှေလိုက်တယ်။ ပြီးတော့ ငမဲကြီးကို “ကဲငမဲ အခု ချက်ချင်း ဆေးသောက်လိုက်” လို့အမိန့်ပေးတယ်။ ငမဲကြီးက ဆရာကျော်ကို မျက်လုံးကြီးနဲ့ လှန်ကြည့်တယ်။ “ဟဲ့ အကောင်အခု သောက်လိုက်စမ်း” လို့ မဖဲဝါက အသံနက်ကြီးနဲ့ အော်လိုက်တာ ကျောင်းဝန်းကြီးထဲမှာ ဟိန်းသွားတာပဲဗျို့။

ငမဲကြီးလည်း ကြောက်ကြောက်ရွံ့ရွံ့ံနဲ့ ဆရာကျော်လက်ထဲက ရေခွက်ကိုယူတယ်။ ချက်ချင်းတော့ မေသာက္ဘူးဗ်။ ချီတုံချတုံလုပ်နေတယ်။ “ဟဲ့မေသာက္ဘူးလား” လို့ မဖဲဝါက အော်ရင်းလက်ကွေးကွေးကြီးကို မြှောက်မယ်လုပ်တော့မှ ငမဲကြီးက ဆေးခွက်ကို မော့သောက်လိုက်တယ်ဗျို့။ ပြီးဆန့်ငင်ဆန့်ငင်ဖြစ်နေတာဗျို့။ “သေပြီမို့လားဟဲ့။သေပြီမို့လား။ ဟီးဟီးဟီးဟီးဟီး” လို့ အသံနက်ကြီးနဲ့ အော်ရယ်နေတယ်ဗျ။ ကျုပ်ဖြင့် ကြက်သီးတွေ တဖျမ်းဖျမ်းထနေတာဗျို့။ တအားအော်ရယ်ပြီး မဖဲဝါထွက်သွားတယ်ထင်တယ်ဗျ။ ဒေါ်ထွန်းကြီးလည်း မြက်ခင်းပေါ်မှာ လဲကျသွားတယ်။ဆရာကျော်က ဒေါ်ထွန်းကို ပြေးပွေ့ပြီး ရေမန်းနဲ့တောက် ။ ဂါထာတွေရွတ်တယ်ဗျ။ ခဏေနေတာ့ ဒေါ်ထွန်းသတိပြန်ရလာတယ်။ သူဘာမှကို သိပုံမပေါ်တာဗျ။ ဆရာတော်နဲ့ ရွာသားတွေလည်း ကျောင်းပေါ်ကဆင်းလာကြတယ်။ ဘိုးသာဥာဏ္က မယ်တော်ကြီးကို စမ်းကြည့်တယ်။ “မရှိတော့ဘူးပေါ့ ။ ကဲကဲမယ်တော်ကြီးကို မျပီး ကျောင်းကလေးထဲ ပြန်သယ်ကြဟေ့။ အလောင်းပြင်မဲ့သူကပြင်။ ခေါင်းစပ်တဲ့သူစပ်တော့။

ကဲဝင်းကြည်တို့ လူစုက အောက်လင်း ဓါတ်မီးတွေထွန်းကွာ” ဘိုးသာဥာဏ္က ကြိုတင်စီစဉ်ထားတဲ့ အတိုင်း လုပ်ကြဖို့ ပြောလိုက်တော့မှ ကျောင်းဝင်းထဲမှာ မီးတွေ လင်းထိန် သွားတော့တာပေါ့ဗျာ။ ခေါင်းရိုက်တဲ့သူကရိုက်။ အလောင်းပြင်တဲ့သူကပြင်ပေါ့လေ။ “ကိုကြီးတာတေရေ ခေါင်းရိုက်တဲ့ သူတွေကို မြန်မြန်သာ ရိုက်ခိုင်းဗျို့။ဒီမှာတော့ ချက်ချင်းကို ပုပ်စော်နံလာပြီဗျ” တိုးလွက ကျုပ်ကို အော်ပြောတယ်။ ဟုတ်ပဗျ။ဖုတ်ထွက်သွားတာနဲ့ ချက်ချင်းကို ပုပ်လာတော့တာဗျို့။ ကျုပ်လည်း ခေါင်းစပ်တဲ့သူတွေကို အကြမ်းပဲ မြန်မြန်ရိုက်ခိုင်းပြီး မယ်တော်ကြီးအလောင်းကို ခေါင်းမြန်မြန်သွင်းပြီး ကွင်းထဲထမ်းထုတ်ကြရတာပေါ့ဗျာ။ ကွင်းထဲရောက်တော့ ပုပ္လိုက္တာ မပြောပါနဲ့တော့ဗျာ။ ကျုပ်တို့လည်း အသုဘကို ကွင်းထဲမှာ ပြင်ပြီး ထားခဲ့ကြရတာပေါ့။ မနက်မိုးလင်းတော့မှ ရွာသားတွေလည်း ဟင်းခနဲ သက်ပြင်းချနိုင်ကြတော့တာပေါ့ဗျာ။ တစ်ရွာလုံး မအိပ်ကြရဘူးလေ။ ကြောက်နေကြတာပေါ့ဗျာ။ ခွေးကအစ ကြောက်ကြတာ မဟုတ္လား။ နောက်နေ့ဆို စောစောပဲ။မယ်တော်ကြီးကို သင်္ဂြ ိုဟ်ကြရတာပေါ့။ အဲဒီညက ဖုတ်ထုတ်တဲ့နေရာမှာ ကျုပ်ပါတာအားလုံး သိကြပါတယ်ဗျာ။ ခင်ဗျားတစ်ယောက်တည်းသိတာ မဟုတ်ပါဘူး။ ပြီးပါပြီခဗျာ

(ကိုယ်တွေ့မဖဲဝါ စာအုပ်မှ) ကောက်နှုတ်ကူးယူတင်ပြဖြစ်သည် စာဖတ်ပရိတ်သတ်များ အားလုံး ပဲ စိတ်ရွှင်လန်းပါစေခဗျာ ဤဝတ္တုလေးအား ကြိက်နှစ်သက်တယ်ဆိုရင် like and share လေးနဲ့ အားပေးသွားပါအုံးဗျာ

Leave a Reply

Your email address will not be published. Required fields are marked *