
* တမလွန်ကအဖေ*📖📖📖(စ၊ဆုံး)
— ဒီဖြစ်ရပ်မှန်အားပြောထားတာကြာပါပြီအခုမှရေးဖြစ်ပါတယ် ပထမတော့အခြားတစ်ယောက်ကိုဇတ်လမ်းပေးမလို့ပါ ကြာနေတာနဲ့အားနာလို့ရေးပေးပါသည်အမှားပါလျှင်ချစ်တဲ့စိတ်နဲ့ပြင်ဖတ်ပါ ””’သား—–သားအဖေနေမကောင်းဘူးအမြန်ပြန်လာပါ””” ဖုန်းထဲမှအမေ့အသံကြားတော့ဖိုးထိန်အတော်စိတ်ပူသွားမိသည်။ အမေ့အသံသည်အဖျားခတ်တုန်ခါနေသည်ဟုဖိုးထိန်ထင်မိသည်အဖေများတစ်ခုခုဖြစ်သလား ဖိုးထိန်ဟိုတွေးဒီတွေးနဲ့စိတ်ပူကာအဝတ်အစားနှစ်စုံအိတ်ထဲထိုးထည့်လိုက်သည်။ ဖိုးထိန်အလုပ်လုပ်သောအလုပ်ရှင်အားအကျိုးအကြောင်းပြောပြတော့သဘောကောင်းသောအလုပ်ရှင်က လစာကြိုထုတ်ပေးလိုက်သည့်အပြင်အိမ်အတွက်အစားအသောက်များပင်လက်ဆောင်ထည့်ပေးလိုက်သေးသည်။
ဖိုးထိန်လည်းအဝေးပြေးဝင်းမှမှီရာကားနှင့်ရွာသို့ကတိုက်ကရိုက်ပြန်လိုက်သည်။ ဖိုးထိန်တို့ရွာသည်မြို့ကလေးတစ်မြို့မှဆင်း၍ရွာသို့အတော်ပင်သွားရသေးသည်။ ခုတစ်လောဖိုးထိန်အိမ်မက်တွေမကောင်းအတိတ်နမိတ်တွေမကောင်းအဖေများတစ်ခုခုဖြစ်ပြီးလားလို့တွေးကာစိုးရိမ်နေမိသည်။ ””ဘုရား—-ဘုရား—အဖေဘာမှမဖြစ်ပါစေနဲ့””’ ဖိုးထိန်ရင်ထဲကစုတောင်းရင်းလမ်းခရီးကလဲကြန့်ကြာနေသည်ဟုထင်မိလေသည်။ ””’သားလူ့အောြက်ကို့လို့လူပိမသေနိုင်ပါဘူး—ဘယ်အလုပ်ကိုပဲလုပ်လုပ်ကျွမ်းကျင်အောင်သင်ယူပါ——— မတတ်တာကိုအောက်ကျခံသင်ယူပါ—-တစ်ချိန်ချိန်မှာကိုယ့်ကိုအောြက်ကို့ခံသင်တဲ့သူတွေသားကိုစောင့်နေကြမှာပါ””’ ””အလုပ်အပေါ်စေတနာထားပါ—-ဒါမှအလုပ်ကကိုယ်အပေါ်ရောင်ပြန်ဟပ်မှာ–”” အဖေ့ဆုံးမစကားများဖိုးထိန်နားထဲကြားယောင်နေမိပြန်သည်။ ‘အဖေသည်ဖိုးထိန်တို့မိသားစုအတွက်တော့စံပြဖခင်ကောင်းတစ်ယောက်ဖြစ်၏။
ဖိုးထိန်ဒီလိုပညာတတ်အလုပ်ရအောင်အဖက်ဖက်ကအားပေးကူညီခဲ့သည်မြေတောင်မြှောက်ပေးခဲ့သည်။ အဖေသည်သားသမီးအပေါ်သံယောစဉ်အလွန်ကြီးကာဘယ်အရာမဆိုစနစ်တကျစီစဉ်ပေးတတ်သည်။ မြို့တွင်ကျောင်းသွားတက်သောဖိုးထိန်ပြန်လာမည့်ရက်ကိုမှတ်၍ရွာထိပ်မှထွက်ကာကြိုနေတတ်လေသည်။ ဖိုးထိန်အပြင်သွား၍ပြန်လာမည့်အချိန်မရောက်ပါကထမင်းမစားပဲတမျှော်မျှော်ဖြစ်နေတတ်သည်။ ဖိုးထိန်ကအငယ်တန်းအင်ဂျင်နီယာဖြစ်ကာသူဌေးတဦး၏ကန်ထရိုက်လုပ်ငန်းတွင်ဦးစီးလုပ်ကိုင်နေသည်။ ဒါကြောင့်အိမ်ကိုလည်းလစဉ်ထောက်ပံ့နိုင်၍သူလည်းပြေပြေလည်လည်နေနိုင်သည်။ ဖိုးထိန်ကကိုယ့်အတွေးနဲ့ကိုယ်ရှောက်လာရင်နောက်ကခြေသံကြား၍လှည့်ကြည့်မိသည်။ ထိုအခါသူ့နောက်တွင်လူမိုက်ရုပ်ပေါက်နေသောလူနှစ်ယောက်အားတွေ့လိုက်ရသည်။
ဖိုးထိန်စိတ်ထဲဇဝေဇဝါဖြစ်သွားသည်ဒီလူနှစ်ယောက်သည်ဖိုးထိန်ဆင်းသောကားဂိတ်တွင် သူ့အားစိုက်ကြည့်နေသည်ကိုသတိထားမိသွားသည်။ ဖိုးထိန်ကလည်ပင်းမှဆွဲကြိုးအားစမ်းကြည့်မိသည်လက်မှာလည်းလက်စွပ်ကရှိသေး နာရီကလဲအသစ်ဝယ်ထားတာမကြာသေးအိတ်ထဲတွင်လည်းပိုက်စံများပါနေသည်။ အချိန်ကလည်းအချိန်ကောင်းအလင်းရောင်သိပ်မရှိတော့လမ်းကလည်းလူပြတ်နေသည်။ ကာလံဒေသံကမကောင်းမှု့ပြုရန်ဖိတ်ခေါ်နေသယောင် ဒီလူနှစ်ယောက်ဘယ်လိုသူ့နောက်လိုက်လာသလဲသူမသိလိုက်ကိုယ့်ဇောနှင့်ကိုယ်ဆိုတော့ ပတ်ဝန်းကျင်ကိုဂရုမစိုက်လိုက်မိတာနောင်တရသွားသည်။
ဖိုးထိန်ရွာအဝင်လမ်းရောက်တော့ညမှောင်နေပြီထိုအချိန်တွင်မိုးကလည်းအသဲအသန်ရွာချလိုက်သည်။ ဖိုးထိန်ကအိတ်ကိုစလွယ်သိုင်းကာအဖေ့အတွက်ဝယ်လာသောမုန့်များနှင့်လက်ဆောင်ထုတ်များကို လက်တစ်ဖက်ကကိုင်ရင်းလက်တဖက်ကထီးကိုဆောင်းကာဗွက်ထနေသောလမ်းအားချော်မလဲအောင်ရှောက်နေရသည် ထိုအချိန်တွင်နောက်နားကပါလာသောလူနှစ်ယောက်သည်ဖိုးထိန်နှင့်အလွန်ပင်နီးကပ်လာလေသည်။ ဖိုးထိန်ကသိတ္တိမခေပါအန္တရယ်အငွေ့အသက်ကိုရနေကာရင်ဆိုင်ဖို့အဆင့်ပြင်ထားသည်။ အဖေ့စကားအတိုင်းယောင်္ကျားတို့ဇွဲသေကာမှရှော့မည်ဟုအားခဲထားသည်။
ဖိုးထိန်နောက်နားကလူနှစ်ယောက်သည်ဖိုးထိန်၏ဘေးတစ်ဖက်တစ်ချက်သို့ဘယ်ညာနေရာယူလာသည်။ ဖိုးထိန်ကခြေလှမ်းခပ်မြန်မြန်ရှောက်ရင်းလမ်းဘေးဝဲယာကိုသတိထားကြည့်လိုက်တော့ မိုးကလည်းရွာမှောင်ကလည်းမှောင်နေတော့ပတ်ဝန်းကျင်ကိုကောင်းစွာမမြင်ရ ရွာရောက်ခါနီးပြီလို့ထင်သည်ထိုအချိန်တွင်ဖိုးထိန်ဘေးကလူသည်ခါးကြားမှခေါက်ဓားတစ်လက်ကို ထုတ်လိုက်သည်ကိုလျှပ်စီးလက်လိုက်သောအရောင်နှင့်မြင်လိုက်ရသည်။ သူတို့ကနှစ်ယောက်မိမိကတစ်ယောက်ထဲသူတို့လက်ထဲတွင်လက်နက်ပါကာမိမိမှာဘာမှမပါ ဝန်ချည်စလွယ်တွေကပါသေးသည်လောလောဆယ်တော့ဖိုးထိန်သိပ်မစဉ်းစားအား အိမ်အမြန်ရောက်ဖို့ကအဓိကဆိုတော့ဖြစ်ချင်ရာဖြစ်ဆိုကာရုတ်တစ်ရက်မိုးရေထဲအားသွန်ပြေးလိုက်လေသည်။
နောက်ကလူနှစ်ယောက်လည်းအားသွန်ပြေးလိုက်လာရာရွာထိပ်နားကရေကန်ကြီးဘေးသို့ရောက်လာသည်။ ထိုအချိန်မှာပဲလျှပ်စီးတစ်ချက်လက်လိုက်ရာပတ်ဝန်းကျင်သည်လင်းထိန်သွားလေသည်။ ထိုအခါဖိုးထိန်တို့ရှေ့လမ်းလယ်တွင်မားမားကြီးရပ်နေသောအဖေအားဝမ်းသာအားရတွေ့လိုက်ရသည်။ အဖေ့လက်ထဲတွင်ဌက်ကြီးတောင်ဓားတစ်လက်ကိုင်ထားကာဘာမထီပုံစံဖြင့်ရပ်နေတာကြောင့် ဖိုးထိန်ဝမ်းသာအားရအော်ခေါ်လိုက်သည် ” အဖေ” ‘ အဖေသည်ဖိုးထိန်ကိုကျော်၍နောက်ကနှစ်ကောင်အားမျက်လုံးကြီးးပြူး၍ကြည့်နေရာ နောက်ကလိုက်လာသောနှစ်ယောက်လည်းလှည့်၍ပြန်ပြေးသွားလေသည်။
”’အဖေနေကောင်းသွားပြီလားမိုးရွာထဲဘာလို့ထွက်လာတာလဲအဖေနေမကောင်းဖြစ်နေအုံးမယ်”” ”’သားကအဖေ့ကိုအရမ်းစိတ်ပူနေတာဒါဆိုအမေကသားကိုညာခေါ်တာများလား” ဖိုးထိန်ကတစ်ယောက်ထဲစကားပြောနေပေမဲ့အဖေကဘာစကားမှပြန်မဖြေခြေလှမ်းကျဲကြီးဖြင့်ရှေ့ကသွား နေရာဖိုးထိန်တောင်မနဲမှီအောင်လိုက်ရပေသည်ဖိုးထိန်တို့အိမ်ခပ်လှမ်းလှမ်းရောက်တော့အိမ်တွင်မီးများ ထိန်လင်းစွာထွန်းထားသည်ကိုတွေ့လိုက်ရသည်ဒါနဲ့ဖိုးထိန်ကအဖေအားမေးရန်ပြင်လိုက်ရာ အဖေသည်ဖိုးထိန်ရှေ့ကပျောက်ချင်းမလှပျောက်သွားလေသည်ဖိုးထိန်လည်းအိမ်ခြံထဲအပြေးဝင်လိုက်တော့ အိမ်ရှေ့တွင်အဖေအလောင်းပြင်ထားသည်ကိုမယုံနိုင်ဖွယ်တွေ့လိုက်ရသည်။
ဖိုးထိန်ပစ္စည်းများလွှတ်ချကာအဖေ့အလောင်းအားပြေးကြည့်တော့ခုနကသူ့အားလာကြိုသောအဝတ်အစားများကအဖေ့အလောင်းတွင်လွှမ်းထားသည်ကိုကြေကွဲဖွယ်တွေ့လိုက်ရသည်။ ထူးဆန်းသည်ကအဖေ့အဝတ်များသည်မိုးရေတစက်မှမစိုပါအဖေ့ခြေထောက်မှာရေနဲနဲစိုနေတာ ဖိုးထိန်သတိထားမိသည်ဖိုးထိန်မယုံနိုင်စွာအဖေ့ခြေထောက်အားဆုပ်ကိုင်လိုက်ချိန်တွင် ဖိုးထိန်လက်တွင်စိုထိုင်းထိုင်းဖြစ်သွားသည်ဟုခံစားရလေသည်။
””” ခုနကမိုးအရမ်းရွာတုန်းကမိုးပက်တာလားမိုးများယိုသလားမသိဘူး””” နဘေးနားကအမျို းတစ်ယောက်ပြောတာဖိုးထိန်စိတ်မဝင်စားသူတစ်ယောက်တည်းသာသိသော မယုံနိုင်ဖွယ်အဖြစ်အားလေ့လာဆန်းစစ်နေမိသည် ””အဖေ—-”” ဖိုးထိန်အသံသည်တစ်ဝက်တစ်ပျက်နှင့်လည်ချောင်းထဲတွင်တစ်ဝင်သွားသည် တမလွန်ရောက်တာတောင်သားသမီးအပေါ်ထားသောအဖေ့မေတ္တာကြောင့်သူရန်ဘေးကလွတ်ခဲံ့သည်။ ဖိုးထိန်အသံမထွက်နိုင်ပဲမျက်ရည်မျာတသွင်သွင်စီးကျနေသည်။ ””စိတ်ကိုထိန်းပါသားရယ်—-သားအဖေကခြံထဲမှာဓားတလက်နဲ့အပင်တွေရှင်းနေရင်း——မူးတယ်မူးတယ်ဆိုပြီး လဲသွားတာအမေတို့လည်းဆရာဝန်သွားပင့်ပါသေးတယ်အဲဒီကထဲကသတိပြန်မလည်တော့တာ——-သားမလာခင်ဆုံးသွားထာပါပဲ——-””’ အမေ့စကားများကဖိုးထိန်နားထဲမကြားတစ်ချက်ကြားတစ်ချက်နှင်ဖိုးထိမ်မျက်လုံးထဲမှာတော့ မိုးရေထဲဓားတစ်လက်နှင့်မားမားကြီးရပ်ကာသူ့အားလာကြိုနေသောအဖေအားမြင်ယောင်နေမိပါသည်။
ဖိုးထိန်အဖေ့အားအကြိမ်ကြိမ်ကန်တော့နေမိသည်ဖိုးထိန်နှလုံးသားထဲမှာအဖေဟာဘယ်တော့မှမသေပါ။ ထာဝရှင်သန်နေမှာဖြစ်သည်အဖေ့နောက်ဆုံးခရီးအတွက်အကောင်းဆုံးဖြစ်အောင်စီစဉ်ရန် ပါးပေါ်မှာကျနေသောမျက်ရည်များအားဖိုးထိန်လက်ဖမိုးဖြင့်ကြမ်းတမ်းစွာသုတ်ပြစ်လိုက်သည်။ တမလွန်ကအဖေလည်းသူငိုနေတာကြိုက်မည်မထင်ပါ။ တိမ်လွှာမိုး
Leave a Reply