ပွဲတက်မယား
ပွဲတက်မယား ခြံဝကိုရောက်တော့ အိမ်လေးကိုကြည့်ပြီး ကျွန်မ အံ့သြသွားတယ်။ အလို…ကျွန်မ ဒီအိမ်လေးကို သော့ပိတ်ထားခဲ့တာ သုံးနှစ်လောက်ရှိပြီ။ ခုတော့ ပြတင်းတံခါးတွေဖွင့်ထားပြီး ခန်းဆီးလိုက်ကာလေးတွေ တလွင့်လွင့်နဲ့ပါလား။ နှာခေါင်းထဲကို သနပ်ခါးပန်းနံ့လေး မွှေးကနဲအရမှာ ခြံထဲကြည့်လိုက်တော့ ပန်းအိုးလေးတွေ အစီအရီ။ မနေဖြစ်သေးလို့ ကျွန်မ ဘာပန်းမှစိုက်မထားပါဘူး။ တစ်ခုခုတော့လွဲနေပြီ။ ခြံဝမှာလည်း ခေါင်းလောင်းလေးတစ်လုံးချိတ်ထားလေရဲ့။ ခေါင်းလောင်းလေးကိုလှုပ်လိုက်တော့ မိန်းမငယ်တစ်ယောက် အိမ်ပေါ်ကနေ ဆင်းပြီး ကျွန်မဆီလျှောက်လာနေပါတယ်။ …
ပွဲတက်မယား Read More