” နှင်းမြ၏ကလဲ့စား ” (စ/ဆုံး)
ရိုးပြင်ရွာလို့ ဆိုသည်နှင့်ကွမ်းရွက်ခြံများ ပိုင်ဆိုင်သည့် သူဌေးကြီး ဦးသာခေါင်ဆိုလျှင် မသိသူမရှိသလောက်ပင်။ ရိုးပင်ရွာနှင့်မလှမ်းမကမ်းရွာများကလူများလည်း ဝင်ရောက်လုပ်ကိုင်ကြရသော ခြံကြီးတစ်ခြံပင် ဖြစ်သည်။ ဦးသာခေါင်ခြံကနာမည်ကြီးဗျ ခြံအလုပ်သမားတွေအယောက်လေးငါး ဆယ်နီးပါးဝင်ရောက်လုပ်ကိုင်ကြတဲ့ ဦးသာခေါင်တို့ခြံဟာကွမ်းရွက်ခြံဟာ အရောင်းရဆုံးခြံတစ်ခြံဖြစ်သည်။ ရိုးပြင်ရွာထဲမှလူအများစုက ဦးသာခေါင်ရဲ့ခြံမှာပဲလုပ်ကြပါတယ် ဘာလို့လဲဆိုတော့ ဦးသာခေါင်ဟာ တစ်ခြားသူတွေထက်လုပ်အားခပိုပေး တာရယ်အလုပ်သမားတွေရဲ့အပေါ် တန်းတူညီမျှဆက်ဆံတတ်သောသူတစ် ယောက်ဖြစ်လေသည်။ ဒါကြောင့်အလုပ်သမားတွေက ဦးသာခေါင်ရဲ့အလုပ်အပေါ်စေတနာထားကာလုပ်ကိုင်ပေးကြပါပြီး အဖွဲ့သားအချင်းချင်းလည်းပျော်ရွှင်စွာ စစနောက်နောက်နဲ့အလွန်ပျော်စရာ ကောင်းလွန်းနေတယ်ဆိုလည်းမမှားပေ။ ထိုအထဲမှာ ကောက်ကြီးရွာက လူအနည်းစုလည်း အပါဝင်ဖြစ်သည်။ ” ဟဲ့ အောင်သူနင့်ကွမ်းရွက်ခူးတာ လည်း နှင်းမြအနားမှာပဲနော်” “ဟာ ဒေါ်တုတ်ကလည်းဗျာ မဟုတ်ပါဘူးဗျကျွန်တော့ဘာသာ ကျွန်တော်ဒီအတိုင်းပဲခူးနေတာပါဗျ” အောင်သူတစ်ယောက်ရှက်ရှက်နဲ့ ပြန်ပြောမိသည် နှင်းမြကလည်းတခစ်ခစ်နဲ့ရယ်ရှာသည်။
တကယ်တော့အောင်သူကနှင်းမြကို ကျိတ်ပြီးချစ်နေရရှာသည်သို့ပေမယ့် ဖွင့်မပြောရဲလို့သာငြိမ်နေရသည်။ ထမင်းစားနားကြတော့အောင်သူနဲ့နှင်းမြ တို့တစ်ဝိုင်းထဲဆုံမိကြသည်။ “ဟဲ့ အောင်သူထမင်းစားလေဘာငေးနေ တာလဲထမင်းခွက်လည်းကြည့်စားပါဦး” “ဟာ ဒေါ်တုတ်ကလည်းစားနေပါတယ်ဗျ” “ရော့ ကိုအောင်သူ နှင်းမြဟင်းတွေရော စားပါဦး နှင်းမြတစ်ယောက်တည်းကုန်အောင်မစားနိုင်ပါဘူးယူစားပါ အားမနာပါနဲ့စားပါ” “အမလေး မနှင်းမြရယ်ထမင်းဝိုင်းမှာ လူတွေဒီလောက်အများကြီးအောင်သူ ကိုမှရွေးပြီးကျွေးရသလား” “မဟုတ်ပါဘူးခွာညိုရယ် နင်တို့လည်း ယူစားလို့ရပါတယ်ဟ” ထမင်းဝိုင်းလေးကသာသာယာယာ နဲ့ပြီးသွားတော့ခဏနားကြတဲ့အချိန်. “နှင်း ငါနင့်ကိုစကားနည်းနည်းလောက် ပြောချင်တယ်အဲဒါနင်ငါနဲ့ဟိုဘက်ခဏ လိုက်ခဲ့ပါလားဟာ” “နင်ကလည်းစကားပြောတာများဒီနား ပြောလည်းရပါတယ်ဟ ” “မဟုတ်ဘူးဟအခုငါပြောမယ့်စကားက” ထိုစဉ် “ကဲ ကဲ အားလုံးအလုပ်ပြန်လုပ်လို့ရပြီ သွားကြတော့” အလုပ်ပိုင်ရှင်ရဲ့သား ကိုကျော်နိုင်ရောက်လာပြီး အမိန့်ပေးလိုက်တော့အားလုံးပျာပျာ သလဲဖြစ်ပြီးလုပ်ငန်းခွင်ပြန်ဝင်ကြရတော့သည်။ ကိုကျော်နိုင်က သူ့ရဲ့ဖခင်နဲ့မတူပေ အလုပ်သမားတွေအပေါ်ဖိနှိပ်ဆက်ဆံ တတ်သူဖြစ်ပြီးမညှာမတာခိုင်းတတ်သူ တစ်ယောက်ဒါကြောင့်ကိုကျော်နိုင်ကို အလုပ်သမားများကအမြင်မကြည်ကြ ထိုအထဲမှာနှင်းမြတစ်ယောက်လည်းအပါအဝင်ဖြစ်သည်။
အောင်သူလည်းအလုပ်ပိုင်ရှင်ရဲ့သား ကိုကျော်နိုင်ရောက်လာလို့နှင်းမြကိုပြော မယ့်သူ့ရဲ့ချစ်စကားများမှာမပြောဖြစ် လိုက်ပေ။ ” ဟင်း အရေးထဲမှ ပွဲဖြတ်တဲ့သူရောက်လာတယ်ငါမနက်ဖြန် မှနှင်းမြကိုဖွင့်ပြောတော့မယ်” အောင်သူလည်းစိတ်ထဲမှရေရွတ်နေလိုက်သည်။ ညနေအလုပ်သိမ်းအိမ်ပြန်ကြတော့ အောင်သူနဲ့နှင်းမြတို့နှစ်ယောက်အတူတူ ပြန်ခဲ့ကြသည်လမ်းခုလတ်အရောက်မှာ တော့နှင်းမြက။ “ကိုအောင်သူ မနက်ကထမင်းစားနားတော့နှင်းမြကို ပြောစရာရှိတယ်ဆိုပြောလေ” “ဟို လေ အဲ အဲ ” “တအဲအဲနဲ့ဘာဖြစ်နေတာလဲ” “ငါပြောမယ့်စကားက ငါနင့်ကိုချစ်မိနေပြီ နှင်းမြ နင်ငါ့ကိုလက်ခံနိုင်မလားဟင်” “ရှင် နှင်းမြကိုချစ်တယ် ဟုတ်လား” “ဟုတ် ဟုတ်တယ် ချစ်နေမိတာကြာပြီ မပြောရဲလို့စောင့်နေခဲ့ရတာပါဟာ ငါနင့်ကိုအချစ်စစ်နဲ့ချစ်တာပါဟာ နင်ငါ့အချစ်ကိုလက်ခံစဉ်းစားပေးပါလား နှင်းမြရယ်” “နှင်းမြစဉ်းစားပေးပါ့မယ် ဒါပေမယ့် နှင်းမြ ဒီကိစ္စကိုအလျင်စလိုမဆုံးဖြတ်ချင်ဘူး ခေါင်းအေးအေးနဲ့သေချာစဉ်းစားပြီးမှ ကိုအောင်သူကိုပြန်ပြောပါ့မယ်” “အင်းပါ နှင်းမြရယ် ငါစောင့်နေပါ့မယ် ဘယ်လောက်ပဲကြာနေပါစေ ငါနင့်ဆီကအဖြေကိုမျှော်လင့်နေပါ့မယ်” ထိုမျှနဲ့သာအိမ်ပြန်လမ်းခွဲခဲ့ကြလေသည်။ “ဟား ဟား ငါကွ ငါနှင်းမြကိုဖွင့်ပြော လိုက်ပြီ အခုမှပဲရင်ထဲသိမ်းထားတဲ့ စကားတွေပွင့်ကျသွားပြီ” အောင်သူတစ်ယောက် တစ်ယောက် တည်းရေရွတ်ကာအပျော်ကြီးပျော်နေမိ တော့သည် ဒါတောင်နှင်းမြဆီကချစ်တယ်လို့မပြောသေးပေ။
•••••• နောက်တစ်နေ့မနက်အလုပ်ပြန်ဝင် ကြတော့ အောင်သူနဲ့နှင်းမြတစ်ယောက်ကို တစ်ယောက်မြင်တယ်ဆိုရင်ပဲ ရှက်သွေးဖြာနေကြသည်။ အလုပ်လုပ်လိုက် စလိုက်နောက်လိုက်နှင့် အချိန်တွေတဖြည်းဖြည်းနဲ့ကုန်လာခဲ့လေသည် အောင်သူ တစ်ယောက် နှင်းမြဆီမှအဖြေကိုမျှော်လင့်နေဆဲ။ ဒီလိုနဲ့တစ်ရက်တွင်တော့…… “ကိုအောင်သူ နှင်းမြပြောစရာရှိတယ်” “အင်းပြောလေနှင်းမြ” “ကိုအောင်သူတောင်းထားတဲ့အဖြေကို နှင်းမြဆုံးဖြတ်ပြီးပြီ” ” ဟာ ဟုတ်လားနှင်းမြ ကိုယ်ပျော်ရမှာလား ဝမ်းနည်းရမှာလား” “ပျော်လိုက်ပါတော့ကိုအောင်သူရယ်” “ဟင်ဒါ ဒါဆို နှင်းမြကိုယ့်ကိုချစ်တယ်ပေါ့” “ဟုတ်ကဲ့ချစ်ပါတယ်” “ဝမ်းသာလိုက်တာနှင်းမြရယ်” “ဟာ အစ်ကို မဖက်နဲ့လေ သူများတွေမြင် သွားဦးမယ်” “ဟိတ် မိပြီ ဒီနှစ်ယောက်ပျောက်ပျောက်သွားတာဒင်းတို့က ဒီလိုတွေတောင်ဖြစ်နေပြီကိုး” “ဟယ် ဒေါ်တုတ်နဲ့ခွာညို ဘယ်တုန်းက ရောက်နေတာလဲ” “ဟဲ ဟဲ တို့ကရောက်နေတာကြာပေါ့ ကြည့်လို့ကောင်းလို့ ချောင်းကြည့်နေတာ” ” ဟင် ခွာညိုတို့က ကျွန်တော်တို့ကိုချောင်းနေကြတာပေါ့ မကောင်းဘူးဗျာ ခင်ဗျားတို့” “ကောင်းပါတယ်ဟဲ့ ကောင်းလွန်းလို့ ကိုချောင်းကြည့်နေတာ” ထိုစဉ် “ဒါက ဘယ်လိုဖြစ်နေကြတာလဲ” “ဟင် ကိုကျော်နိုင် ” “အလုပ်ချိန်မှာအလုပ်မလုပ်ပဲအလေ နက်တောလိုက်နေကြတာကောင်းသလား နောက်တစ်ခါဆိုအကုန်လုံးအလုပ်ထုတ်ပစ်မယ် ကြားလား” “ဟုတ်ကဲ့ကြားပါတယ်ဗျ/ရှင့်” အကုန်လုံးပြိုင်တူဖြေလိုက်ကြရသည် တစ်ကယ်တော့ကိုကျော်နိုင်က နှင်းမြကိုတစ်ဖက်သတ်ကြိုက်နေတာ ဖြစ်သည် အခုလည်းအောင်သူနဲ့နှင်းမြ ချစ်သူတွေဖြစ်နေတယ်ဆိုတာ သိသွားတော့အခုလိုမစားရတဲ့အမဲ သဲနဲ့ပက်ချင်းဖြစ်သည်။ အဲဒီနောက်ပိုင်းအောင်သူကို မဲတော့သည်ဘာလုပ်တာအဆင်မပြေ ဘူးညာလုပ်တာအဆင်မပြေဘူးဆိုပြီး ရန်ရှာတော့သည်အောင်သူလည်းစိတ် ညစ်မိပေမယ့်အလုပ်ကထွက်ချင်သည် ဒါပေမယ့်လည်းမဖြစ်ပေစားဝတ်နေရေး အတွက်ကြိတ်မှိတ်ကာလုပ်နေရသည်။
••••••• ဒီလိုနဲ့နောက်တစ်ရက်ရောက်တော့ အောင်သူတစ်ယောက်ခေါင်းမူးလို့ အလုပ်လုပ်ရင်းခဏနားနေသောအချိန်။ “အောင်သူမင်းဒါဘာလုပ်နေတာလဲ” “ခင်ဗျာ ကျွန်တော် ကျွန်တော်ခေါင်းမူး လို့ခဏနားနေတာပါကိုကျော်နိုင်” “မင်းလျှောက်လွှဲချက်တွေပေးလှချည်လား မင်းအလုပ်ထဲမှာခေါင်းမူးပြမယ် ပြီးရင်လုပ်အားခကိုအပြည့်ယူကြတယ် ဒါမင်းတို့အကြံမလား သွား အောင်သူ ငါမင်းကိုငါ့အလုပ်မှာဆက်မထားနိုင် တော့ဘူး ငါမင်းကိုအလုပ်ထုပ်တယ်” “ဗျာ မလုပ်ပါနဲ့ကိုကျော်နိုင်ရယ် ်ကျွန်တော်တောင်းပန်ပါတယ်နောက်မဖြစ်စေ ရပါဘူးအလုပ်တော့မထုပ်ပါနဲ့ဗျာ” “မလိုချင်ဘူးကွာ ကဲမင်းသွားတော့” အောင်သူလည်းတောင်းပန်လို့မရတော့တဲ့အဆုံး ခေါင်းငိုက်စိုက်ချကာပြန်လာရတော့သည်။ အောင်သူ့ကိုအလုပ်ထုတ်လိုက်တဲ့ အတွက်ကြောင့်အလုပ်သမားများ စိတ်မကောင်းဖြစ်နေကြသည် သူတို့လည်းဘာမှမတတ်နိုင်ကြပေ နှင်းမြလည်းအောင်သူအတွက်ပို၍ စိတ်မကောင်းဖြစ်နေရလေသည်။ •••••• ဒီကနေ့နှင်းမြတစ်ယောက်အလုပ်ပြန်တာ မိုးချုပ်သွားလေသည်။မနက်ဖြန်အတွက်ပစ္စည်းတင် စရာရှိတယ်ဆိုကာအလုပ်ပိုပြီးလုပ်နေရတဲ့ အတွက်ကြောင့်မိုးချုပ်သွားခြင်းပင်။ ရွာနဲ့ကွမ်းခြံကလည်းရွာကိုရောက်အောင် ခြေလျင်သွားရင်အနည်းဆုံးနာရီဝက်တော့သွားရသည်၊ နှင်းမြမိန်းမသားပီပီအိမ်ပြန်လမ်း မှာတစ်ယောက်တည်းကြောက်စိတ်တွေ ဝင်လာမိသည်။ “အင်း အရင်နေ့တွေကဆို အကိုအောင်သူလိုက်ပို့ပေးနေကြ ဒီနေ့တော့သူမရှိတော့ငါအားငယ်လိုက် တာခွာညိုတို့ကလည်းအလုပ်မဆင်းကြ ဘူးဆိုတော့ငါတစ်ယောက်တည်းပဲ အားတင်းပြီးပြန်ရတော့မှာပေါ့လေ” နှင်းမြတစ်ယောက်ကိုယ့်ကိုကိုယ် အားတင်းရင်အိမ်ပြန်လာတုန်း လမ်းခုလတ်အရောက်မှာတော့ “ဟင် ဟိုရှေ့ကလာနေတာကိုကျော်နိုင် ထင်တယ်” “ဟိတ် နှင်းမြတစ်ယောက်တည်းလား ကိုကျော်နိုင်လိုက်ပို့ရမလား” “ဟင် အရက်စော်ကနံဟောင်နေတာပဲ” “ရပါတယ် ကျွန်မဘာသာပြန်ပါ့မယ် ရှင်လိုက်ပို့စရာမလိုပါဘူး” “နှင်းမြရယ်ကိုယ်ကနှင်းမြကိုချစ်လွန်းလို့ ဂရုစိုက်ပေးနေတာပါ” ကိုကျော်နိုင်ကပါးစပ်မှလည်းပြော လက်ကလည်းနှင်းမြ၏လက်အားကိုင်ဆွဲထားလေသည်။
“အို မလိုပါဘူး ဖယ်နော်ရှင်ဒါဘာလုပ်တာလဲလွှတ် စမ်းကျွန်မကို” “နှင်းမြကလည်းချစ်လို့ပါ” “ရှင် မနှောင့်ယှက်နဲ့နော် ကိုယ့်လမ်းကိုသွားပါ မဟုတ်ရင်ကျွန်မအော်လိုက်မှာ” “အော်လေကြိုက်သလောက်အော် ဒီလမ်းမှာအခုအချိန်ဘယ်သူမှမလာ တော့ဘူး လာစမ်းပါနှင်းမြရယ် ကိုကျော်နိုင် ရဲ့အချစ်ကိုသာလက်ခံလိုက်စမ်းပါ နှင်းမြလိုချင်တာမှန်သမျှဖြည့်ဆည်းပေးနိုင်ပါတယ် နှင်းမြရယ်” “ဖြန်း” “ရှင်ကျွန်မကိုဘယ်လိုမိန်းမစားမျိုးထင်နေလဲ” “ဟင် နင်ငါ့ပါးကိုရိုက်တယ်” “ကဲ ရိုက်ဦးရိုက်ဦး” “အမယ်လေး ” နှင်းမြလဲကျသွားလေသည်။ နှင်းမြအား ကိုကျော်နိုင်တစ်ယောက် အားပါလှသည့်ရိုက်ချက်များနှင့်ပြန်ရိုက်ကာ တောလမ်းထဲတွင်နှင်းမြအားခြေတော်တင်ဖို့ ကြံစည်လေတော့သည်။ ‘ကယ်ကြပါဦးရှင်” “ကဲအော်တဲ့ပါးစပ်ပိတ်ပစ်ရမယ်” နှင်းမြရဲ့ပါးစပ်ကိုလက်နဲ့ပိတ်ကာအသံမထွက် နိုင်အောင် ကြိုးစားလေသည်။ ကိုကျော်နိုင်ကနှင်းမြ၏ ပါးစပ်တင်မဟုတ်ပဲ နှာခေါင်းပေါက်ကိုပါလက်ဖြင့်ပိတ်ထားသလို ဖြစ်သည့်အတွက်ကြောင့် နှင်းမြတစ်ယောက် အသက်ရှူမရဖြစ်ပြီးရုန်းရင်းကန်ရင်း နောက်ဆုံးတွင်ငြိမ်ကျသွားတော့သည်။ နှင်းမြတစ်ယောက်မလှုပ်တော့မှ “နှင်းမြ နှင်းမြ ” “ဟာခေါ်လို့လည်းမရတော့ဘူးဒုက္ခပဲ ငါ ဘယ်လိုလုပ်ရပါ့မလဲ” ကိုကျော်နိုင်တစ်ယောက်တဏှာ ခိုင်းစေသမျှပြုပြီးမှတုန်လှုပ်နေမိတော့ သည်။ “ဟုတ်ပြီသူ့အလောင်းကိုတောလမ်းဘေးကခြုံပုပ် တွေကြားထဲမြုပ်ပစ်ရမယ် ငါ အလောင်းမြုပ်ဖို့ အတွက်ပေါက်ပြားလိုတယ် ဟုတ်ပြီ ဟုတ်ပြီ ငါ့ခြံကိုပြန်ပြီးယူလို့ရတာပဲ” ကိုကျော်နိုင်တစ်ယောက်အမူးတွေပင် ပြေသွားကာ နှင်းမြရဲ့အလောင်းအား အစဖျောက်ရန် သူဖခင်ပိုင်ဆိုင်သော ကွမ်းခြံသို့ အမြန်လျှောက်လာခဲ့လေသည်။ ခြံထဲရောက်တော့ပစ္စည်းများသိုလှောင် တဲ့အခန်းထဲဝင်ကာပေါက်ပြား တစ်လက်အားယူဆောင်လာတော့သည်၊ ကိုကျော်နိုင်တစ်ယောက် ပေါက်ပြားအားကိုင်ကာအပြေးတစ်ပိုင်း ဖြင့်နှင်းမြအလောင်းရှိသောနေရာကိုပြန်လာပြီး နှင်းမြရဲ့အလောင်းအားမြေမြုပ်ရန် စတင်တူးဖော်လေတော့သည်။ “ဒုတ် ဒုတ် ဒုတ်” မြေတူးလိုက် ပတ်ဝန်းကျင်အခြေအနေကို ကြည့်လိုက်ဖြင့် ကိုကျော်နိုင် ချွေးပြန်နေတော့ သည်။
…………………………… “ဒီနေ့ငါ့သမီးလေးပြန်မလာသေးပါလား မိုးလည်းချုပ်နေပြီ ဒီကောင်မလေးဘယ်တွေများ လည်နေပါလိမ့်” နှင်းမြရဲ့မိခင်ဖြစ်သူမှာသမီးဖြစ်သူ ပြန်မလာလို့စိတ်ပူနေရှာသည် သူတို့မှာဒီသားအမိနှစ်ယောက်သာရှိ လေတော့သံယောဇဉ်ပို၍ကြီးကြသည်။ “အင်းဒီအတိုင်းနေလို့တော့မဖြစ်သေးဘူးငါ့သမီးကိုရှာရမယ်” ထို့ကြောင့်ရွာထဲမှာနှင်းမြနဲ့လုပ်ဖော်ကိုင် ဖက်သူငယ်ချင်းတွေအိမ်ကိုသွားမေးရတော့သည်။ “ခွာညိုရေ သမီးခွာညို”” “ဟယ်အရီးပါလားညကြီးမိုးချုပ် ဘာလာလုပ်တာလဲ” “အေး နှင်းမြအခုချိန်ထိပြန်မလာလို့ သမီးတို့အိမ်မှာများရှိသလားလို့လာ မေးတာ” “မလာဘူးအရီးရဲ့ပြီးတော့ခွာညိုလည်း ိသိပ်နေမကောင်းလို့ဒီကနေ့အလုပ်မသွားဘူး အရီးရဲ့” ‘”ဒါဆိုနှင်းမြဘယ်တွေသွားတတ်သေးလဲ ခြာညို” “အောင်သူတို့အိမ်ကိုသွားရှာကြည့်ပါလား အရီးရဲ့” “ဘယ်ကအောင်သူလဲခွာညိုရဲ့အရီး မသိဘူး” “အောင်သူနဲ့နှင်းမြကချစ်သူတွေလေအရီးရဲ့ ဒါကြောင့်အောင်သူ့အိမ်မှာကိုများ ဝင်နေသလားမှမသိတာ အရီးမသိရင်ခွာညိုလိုက်ပို့မယ်လေ” “အေးအေး လိုက်ပို့စမ်းပါအေ” ထို့ကြောင့်ခွာညိုလည်းနှင်းမြ၏မိခင်အား အောင်သူအိမ်ကိုလိုက်ပို့လေသည်။
“အောင်သူရေ အောင်သူ” “ဟာ ခွာညိုနဲ့အန်တီပါလား” “ဟဲ့အောင်သူနင့်အိမ်မှာနှင်းမြရှိလား” “မရွိပါဘူး ဘာလို့လဲ” “အခုနှင်းမြ အိမ်ပြန်မရောက်သေးလို့တဲ့ အရီးကလိုက်ရှာနေတာ” “နှင်းမြကဘယ်မှမသွားတတ်ပါဘူး အလုပ်ပြီးရင်အိမ်တန်းပြန်နေကြပါ” “အရီးလည်း ခွာညိုအိမ်လိုက်ပြီးမေးတာ ခွာညိုက ရောက်မလာဘူးဆိုလို့ လူကလေးအိမ်ရောက်လာတာ” “နှင်းမြတစ်ခုခုများဖြစ်နေပြီလားမသိဘူး လုပ်ပါဦးအောင်သူရဲ့ ငါတို့ဒီအတိုင်းနေလို့ မဖြစ်ဘူး” “ဒါဆိုကျွန်တော်တို့ရွာလူကြီးကို အကြောင်းကြားပြီးလိုက်ရှာရမယ်” “အေးအဲဒါကောင်းတယ်” ရွာလူကြီးအိမ်သို့သုံးယောက်သား ထွက်လာကြတော့သည်။ “ရွာလူကြီး ဗျို့ ရွာလူကြီး” “ဟ အောင်သူအော်ကြီးဟစ်ကျယ်နဲ့ ဘာကိစ္စတုံး” “ဒီလိုရွာလူကြီးရဲ့ နှင်းမြကွမ်းခြံကအပြန် ပျောက်နေလို့အခုထိအိမ်ကိုပြန်မရောက်သေးလို့ ရွာလူကြီးကိုအကူအညီလာတောင်းတာ” “ဟေ မင်းတို့သေချာရှာကြရဲ့လား” “ရှာပါတယ်သူကြီးရယ်ကျွန်မတို့ရှာတာတစ်ရွာလုံး နှံ့နေပြီ မတွေ့ဘူး” “ဟုတ်တယ် ရွာလူကြီးရယ် ကျွန်မလည်း အရီးနဲ့အတူရှာပြီးပြီ ဘယ်မှာမှမတွေ့ဘူး တော်ကြာ နှင်းမြတစ်ခုခုဖြစ်နေမှာစိုးတယ်” “အေးဒါဆိုရွာထဲကကာလသားတွေစုပြီး ဝိုင်းရှာကြတာပေါ့ရွာထဲမတွေ့လည်း ရွာအပြင်ထွက်ရှာမယ်ကွာ” •••••• ဒီလိုနဲ့ရွာထဲရှိကာလသားတွေအကုန်လုံး မီးတုတ်နဲ့ရှာသူရှာဓာတ်မီးဖြင့် ရှာသူရှာကြနဲ့တစ်ရွာလုံးဗြောင်းဆန်နေသည် “သူကြီးရွာထဲလည်းရှာတာနှံ့နေပြီမတွေ့ဘူးရွာ အပြင်ထွက်ရှာကြည့်ရမယ်” ကာလသားခေါင်းကပြောလိုက်ခြင်းပင် “ကဲအားလုံးရွာအပြင်ထွက်ရှာကြစို့ဟေ့” ရွာလူကြီးကအော်ဟစ်ပြောလိုက်တော့ ကာလသားတွေအပါအဝင်အောင်သူ လည်းချစ်သူပျောက်အားရှာရတော့သည်။ နှင်းမြရဲ့မိခင်ကိုတော့အိမ်ကနေပဲစောင့် ခိုင်းထားကြသည်။
ဲဤသို့ဖြင့် ရွာပြင်ရောက်လာတော့သည်။ “ကဲ သာလှတို့မင်းတို့အဖွဲ့တောလမ်းရဲ့မြောက်ဘက် မှာရှာကြငါတို့အဖွဲ့ကတောင်ဘက်တောလမ်းမှာရှာမယ်” အောင်သူကလည်းတောင်ဘက်အဖွဲ့ထဲရှာဖွေသည် နာရီဝက်နီးပါရှာသော်လည်းမြောက် ဘက်အဖွဲ့မှာရှာလို့မတွေ့ပေ။ တောင်ဘက်အဖွဲ့ကတော့ဇွဲကောင်းကောင်းနှင့် တောထဲခြံပုတ်များအကြားထိရှာလေသည်။ အောင်သူလည်း တောထဲမှခြုံပုတ်တွေအကြား အတင်းတိုးဝင်၍ရှာလေသည် အောင်သူ၏အရှေ့ တစ်ပေခန့်အကွာ၌ရှိနေသော ခြံပုတ်နားရှာမည်အပြု “ကဲပြန်ကြစို့ဟေ့ မတွေ့ဘူး အောင်သူလာပြန်ကြရအောင် မတွေ့တော့တဲ့အဆုံး မြို့ကရဲစခန်းကိုအကြောင်းကြားရမယ်” ကာလသားခေါင်းဆောင်ကအော်ဟစ်သတိပေး လိုက်သည်။ ရွာထဲမှလူတွေအားလုံးပြန်သွားကြလေပြီ အောင်သူမြင်ခဲ့ရတဲ့ခြုံပုပ် လေးရဲ့ မြေကြီးအောက်မှာတော့ နှင်းမြ၏ရုပ်အလောင်းလေးကတော့ ကျန်နေခဲ့လေသည်။ “အရီးရေ ကျွန်တော်တို့လည်းအစွမ်းကုန် ရှာခဲ့ပါတယ်ဒါပေမယ့်နှင်းမြကိုမတွေ့ဘူး” “အမလေး ငါ့သမီးလေးဘယ်တွေများရောက်နေတာလဲ သမီးရယ်” “အရီးရယ်ငိုမနေပါနဲ့ ခွာညိုတို့နှင်းမြကို ပြန်တွေ့မှာပါ” “အမလေးဘုရားသိကြားမလို့ ကျွန်မသမီးလေး ဘေးမသီရန်မခပါစေနဲ့” မိခင်ဖြစ်သူဘယ်လိုပဲဆုတောင်းပေမယ့် နှင်းမြကတော့ လူ့လောကကြီးထဲမှ ထွက်သွားရပြီဆိုတာမည်သူမှမသိကြသေးပေ။ အောင်သူတစ်ယောက်အိပ်မပျော်သေး ပေချစ်သူပျောက်နေတဲ့သူ့မှာအိပ်မပျော် နိုင်သေးပါ အောင်သူအတွေးများဖြင့်ရောက်ယက် ခက်နေသည်။ မနက်သုံးနာရီထိုးမှာတော့ “အစ်ကိုနှင်းမြကုိကယ်ပါဦး” အောင်သူမှေးကနဲအိပ်ပျော်နေချိန် ချစ်သူနှင်းမြရဲ့အသံကိုနားနဲ့ဆက်ဆက် ကြားလိုက်ရသည်။ “နှင်း နှင်းရေ နှင်းဘယ်မှာလဲ” အောင်သူအိမ်ပေါ်မှဆင်းကာအရူးတစ် ပိုင်းရှာသော်လည်းနှင်းမြက်ိုမတွေ့ပေ။ “နှင်းရယ်နှင်းဘယ်မှာလဲ နှင်းဘာများဖြစ်နေတာလဲကွာ” အောင်သူငိုနေမိသည် မနက်လင်းတော့ရွာလူကြီးအပါအဝင် လူလေးငါးယောက်လောက်မြို့ကိုသွား၍ရဲစခန်းမှာ အကြောင်းကြားလိုက်လေသည်။ နှင်းမြပျောက်နေသည်မှာ ၃ရက်ခန့်ပင်ရှိလာလေသည်။
အခုချိန်ထိသဲလွန်စတစ်စုံတစ်ရာမရသေးပေ။ “ကိုကျော်နိုင်ရှင့်ကိုမကျေနပ်ဘူး ရှင့်ကိုပြန်ကလဲ့စားချေရမှကျေနပ်မယ်” “မလာနဲ့သွားနှင်းမြ ငါ့အနားမလာနဲ့ ငါနင့်ကိုမသတ်ဘူး နင့်ကိုသတ်ငါမသတ်ဘူးလို့” “ကျော်နိုင်သားဘာဖြစ်တာလဲ သားကျော်နိုင်” “ဟင် အဖေ ” “မင်းဘာဖြစ်တာလဲအိပ်နေရင်းထအော်လို့ မင်းအခန်းထဲငါလာခဲ့တာ” “သားဘာမှမဖြစ်ပါဘူးအိပ်မက်မက်နေတာပါ” “မင်းကအိပ်ခါနီးဘုရားမှမရှိခိုးပဲအိပ်မက်ဆိုးတွေ မက်ပြီပေါ့နောက်ကိုဘုရားရှိခိုး ပြီးမှအိပ်ကြားလား” “ဟုတ်ကဲ့အဖေ” “အင်းအိပ်မက်သာဆိုတယ်အပြင်မှာ တစ်ကယ်ဖြစ်နေသလိုပဲငါနှင်းမြကိုသတ်တာ ငါဆိုတာကိုဘယ်သူမှသိလို့မဖြစ်ဘူး ငါဘယ်သူမှမရိပ်မိအောင်နေမှဖြစ်မယ်” နောက်တစ်နေ့တွင် ကိုကျော်နိုင်တစ်ယောက်ရေချိုးခန်းထဲဝင်ကာ ရေချိုးနေသည်။ ရေချိုးနေရင်း ရုတ်တရက် “ဟင် ရေကဘာလို့ပိတ်သွားတာပါလိမ့်” ရေဘဲပြန်ဖွင့်ပြန်ပိတ်လုပ်လိုက်တော့မှ ရေကပြန်လာသည်။ ရေချိုးပြီးပြန်ထွက်လာကာ မှန်ကြည့်မိလိုက်သည် ထိုစဉ် မှန်ထဲမှာ နှင်းမြပုံကရုတ်တရက် ပေါ်လာတော့ “ဟင် နှင်းမြ” “ဝုန်း” “ခလွမ်း” အနားမှာရှိတဲ့ပစ္စည်းဖြင့်မှန်ကို ထုချလိုက်သည်ကြောက်ကြောက်နဲ့ ထုလိုက်တာမှန်ကအစိပ်စိပ်အမွှာမွှာ ကွဲကြလာသည်။ “နှင်းမြရဲ့ဝိညာဉ်ကနောက်ကထပ်ကြပ်မခွာလိုက်လာနေတာငါဘယ်လိုလုပ်ရပါ့မလဲ” •••••• ကိုကျော်နိုင်တစ်ယောက် နှင်းမြရဲ့ ခြောက်လှန့်ခြင်းက်ိုနေ့စဉ်နဲ့အမျှ ခံရပါများလာတော့အအိပ်ပျက် အစားပျက်ဖြစ်လာတော့သည်။
နောက်တော့ကိုကျော်နိုင်လည်းဖခင်ကိုးကွယ်သော ဆရာတော်ကြီးထံသွားကာ သရဲ တစ္ဆေ အန္တရာယ်ကင်းဝေး စေသောလက်ဖွဲ့အဆောင်ကြိုး တစ်ခုအားဆရာတော်ထံမှတောင်းယူပြီး လက်မှာပက်ထားလိုက်တော့သည်။ ဒီလိုနဲ့ကိုကျော်နိုင် နှင်းမြရဲ့ခြောက်လန့်ခြင်းမခံရသည်မှာ တစ်ပတ်ခန့်ရှိလာပြီဖြစ်သည် ဒါပေမယ့်ဘယ်လိုပဲအဆောင်ပဲ ရှိနေပါစေနှင်းမြရဲ့ဝိညာဉ်ကတော့ အမြဲနောက်မှကလဲ့စားချေရန်သာ အခွင့်အခါကိုချောင်းနေတော့သည်။ နှင်းမြရဲ့ဆန္ဒတွေပြည့်ဝလာမယ့်နေ့တစ် ရက်ရောက်ရှိလို့လာပါတော့တယ်။ “သားကျော်နိုင်ရေ ဒီကိုခဏလာဦး အဖေပြောစရာရှိလုိ့” “ဟုတ်အဖေပြောလေ” “အေးအခုတလောအဖေတို့ခြံကို သူခိုးတွေဝင်ပြီးသောင်းကျန်းနေတယ် အဲဒါမင်းဒီနေ့ညသွားပြီးခြံကိုစောင့်အိပ်ရမယ် ကြားလား” “အဖေကလည်းခြံစောင့်တာများ ခြံထဲကအလုပ်သမားတစ်ယောက်ကို ငွေပေးပြီးစောင့်ခိုင်းလိူက်ပြီးနေတာဟာကို” “ဟ မင်းကိုငါကဒီလောက်ကလေးမှ အားမကိုးရရင်ဘယ်နားသွားသုံးစားရတော့ မှာလဲ လျှာမရှည်နဲ့ သွားဆိုသွား ဒါပဲ” “အဲဒါဆိုလည်းသားစောင့်ပါမယ်” ဖခင်ကိုကြောက်လို့သာမလွဲမသွေလုပ် ဆောင်ရပေမယ့် သူ့အနေနဲ့ခြံစောင့်ရမှာ မစောင့်ချင်ပေ။ ညနေစောင်းခြံသို့ရောက်လာလေသည်။ “ဒီလောက်ရှုပ်ပွနေတဲ့အခန်းထဲဘယ်လို နေရမှာလဲ” အခန်းအားသန့်ရှင်းရေးလုပ်ရင်း လက်မှာပက်ထားတဲ့အဆောင်ကြိုးက ရုတ်တရက် ပြုတ်ကျသွားလေသည်။ ထိုသို့ အဆောင်ကြိုးပြေကြသွားသည်ကို ကိုကျော်နိုင်မသိပေ ဒီလိုနဲ့ညရောက်တော့ကိုကျော်နိုင်တစ်ယောက်အိပ် တော့မယ့်ဟန်ပြင်နေတုန်း “ရှပ် ရှပ် ရှပ်” “ဒုတ် ဒုတ်” “ဟင်ခြေသံပါလားငါတို့ခြံကိုအခုတလောသောင်းကျန်နေတဲ့သူခိုးထင်တယ်မှတ်လောက်သားကို ပညာပေးရမယ်” တုတ်လုံးတစ်ခုကိုဆွဲကိုင်ကာ အခန်းအပြင်ဘက်ထွက်လာခဲ့သည် ဓာတ်မီးနဲ့ခြံထဲထိုးရှာသော်လည်းမတွေ့ပေ။
“ငါနားနဲ့ဆက်ဆက်ကြားလိုက်တာပါ အခုဘယ်ပျောက်သွားတာလဲ” ကိုကျော်နိုင်တစ်ယောက် ဓာတ်မီးတစ်လက်ဖြင့် လိုက်လံရှာဖွေနေသည်။ မတွေ့တော့ သည့်အဆုံးအိပ်ရန်ပြန်မည်အပြု သူရှေ့ တည့်တည့်မှာပိတ်ရပ်နေသော နှင်းမြ “ဟင် နှင်းမြ မင်းငါ့အနားလာနဲ့ သွားစမ်း သွား” ကြောက်အားလန့်အားဖြင့်နှင်းမြရဲ့ဝိညာဉ်ကိုလက်ထဲမှတုတ်လုံးနဲ့လွှဲရိုက်တော့သည် သူဘယ်လိုပဲရိုက်နေပါစေနှင်းမြက်ိုမထိလေကိုသာရိုက်နေသလိုဖြစ်နေသည်။ “ဟား ဟား ဟားဟား” “နင့်အလှည့်ရောက်ပြီနင်သေဖို့သာပြင်ထား” “အား ” ကိုကျော်နိုင်တစ်ယောက်မချိမဆန့်အော်သံ ကြီးဖြင့်ငြိမ်ကျသွားတော့သည်။ မနက်လင်းတော့ခြံထဲအလုပ်ပြန်ဝင်ကြ တဲ့အလုပ်သမားများရောက်ကြသည်။ “ဟဲ့ခွာညို ငါတို့လည်းနှင်းမြကိုရှာ မတွေ့တာ တစ်ပတ်တောင်ကျော်တော့မယ်နော်” “အင်းဟုတ်တယ်ဒေါ်တုတ်ရေ သူဘယ်တွေများရောက်ပြီး ဘာတွေဖြစ်နေပါလိမ့်” စကားတပြောပြောနှင့်လျှောက်လာရင်း “ဟင် ေ ဒ်ါတုတ်ဟိုမာ ဟိုမှာ ဘာကြီးလဲ” “ဟင်…” “လူတစ်ယောက်မှောက်မှောက်ကြီးလဲနေတာပါလားဘယ်သူများပါလိမ့်” ဒေါ်တုတ်က လဲကျနေသောသူအား ဆွဲလှန်လိုက်ရာ “အောင်မယ်လေး” “ဟင် ကိုကျော် ကိုကျော်နိုင် ပါလား” “အမလေး” “ဟင်” “ဟာ” နောက်မှရောက်လာကြသောအလုပ်သမားတွေအကုန်လုံးအံ့သြသွား ကြသည်သူတို့မြင်ရလိုက်သည်က လည်လိမ်ပြီး မျက်လုံးပြူးလျက် သေနေတဲ့ကိုကျော်နိုင်ကိုမြင်လိုက်ကြရသည်။ ငါတို့ဒီအတိုင်းနေလို့ မဖြစ်ဘူး ဦးသာခေါင်ကိုအကြောင်းကြားရမယ်” “ဟုတ်တယ် နင်တို့ယောက်ျားလေးတွေ သွားပြီးပြောလိုက် ငါတို့ဒီမှာစောင့်နေမယ်” “အေး ဟုတ်ပြီ ဒါဆိုငါတို့သွားမယ်” •••••
မကြာခင်ရဲများ နှင့်ကိုကျော်နိုင်၏ဖခင်တို့ ရောက်လာကြသည် ရဲများကကိုကျော်နိုင်ရဲ့အလောင်းကိုဓာတ်ပုံရိုက်၍ မှတ်တမ်းယူကြသည်အလောင်းကို စစ်ဆေးရန်မြို့သို့သယ်သွားကြလေသည်။ ကိုကျော်နိုင်တစ်ယောက်အသတ်ခံရတယ်ဆိုတဲ့ သတင်းအား အောင်သူကြားသည် ဘယ်သူသတ်မှန်းလည်း အောင်သူစိတ်မဝင်းစားပေ သိလည်းမသိချင် အောင်သူလည်းရည်းစားပျောက်နေတာ တစ်ပတ်လောက်ရှိနေပေမယ့်အခုထိရှာလို့မတွေ့တာကိုသူဒေါသဖြစ်မိသည် စိတ်ညစ်ညစ်နဲ့ နေ့စဉ်အရက်တွေဖိသောက်နေမိတော့သည်။ ••••• ရိုးပြင်ရွာလေးမှာဒီကနေ့ ညအဖို့ပို၍တိတ်ဆိတ် နေသည်အလားထင်မှတ်ရလေသည်။ “အမေ အမေ သမီးကိုရွာအပြင်တောလမ်းရဲ့တောင်ဘက်ခြုံတွေ အောက်မှာလာရှာပါအမေ သမီးစောင့် နေမယ် အမေ သမီးကို ကိုကျော်နိုင် မတော်မတရားကျင့်သတ်ပြီး အလောင်းကိုဖွက်ထားတယ်အမေ အဲဒါအမေသမီးအလောင်းကို ဖော်ပြီးသင်္ဂြိုလ်ပေးပါအမေ သမီးအမေ့အနားမှာနေချင်ပေမယ့် ဘဝချင်းခြားနေပြီမို့သမီးနှုတ်ဆက်ပါတယ် ပြီးတော့ကိုအောင်သူကိုပြောပေးပါ ဒီဘဝဒီမျှနဲ့ပဲ ခွဲကြရပေမယ့် နောက်ဘဝတွေမှာ ပြန်ဆုံချင်ပါတယ်လို့ ပြောပေးပါ သမီးလည်းသမီးကိုသတ်ခဲ့တဲ့ သူကိုလက်တုံ့ပြန်ပြီးလို့ သမီးကျေနပ်ပါတယ် အမေ သမီးသွားတော့မယ်” “သမီးလေး သမီးအမေ့ကိုမထားခဲ့ပါနဲ့သမီးရယ်” နှင်းမြရဲ့မိခင်လည်းအိပ်မက်ကလန့်နိုးလာသည်။ “သမီးပေးတဲ့အိပ်မက်အတိုင်းသာဆိုငါ့သမီးလေး သေသွားတာပေါ့ ဘုရာ ဘုရား တကယ်မဟုတ်ပါစေနဲ့ ” မနက်လင်းတော့ ဒေါ်ထားရီတစ်ယောက်သမီးဖြစ်သူ နှင်းမြပေးတဲ့အိပ်မက်အား အောင်သူ့ကိုပြောပြ လိုက်လေသည်။
“ဒါ ဒါဆို အရီးအိပ်မက်သာမှန်နေမယ်ဆိုရင် နှင်းမြက သေပြီလို့ပြောချင်တာလား ပြီးတော့ ကိုကျော်နိုင်ကို နှင်းမြကလက်စားချေတာပေါ့ ဟုတ်လား အရီး” “အရီးလည်း သေချာမသိသေးပါဘူး သားရယ် အရင်ဦးဆုံး သမီးလေးပေးတဲ့အိပ်မက်အတိုင်း သမီးလေးအလောင်းရှိမရှိရှာကြည့်ကြတာပေါ့” အောင်သူလည်းရွာလူကြီးအားအကျိုးအကြောင်း ရှင်းပြလိုက်လေသည်။ “အင်း မင်းပြောပုံအရဆိုရင် နှင်းမြကသူ့အမေကိုအိပ်မက်လာပေးတာဆိုတော့ ဟုတ်သော်ရှိမဟုတ်သော်ရှိ ငါတို့ရှာကြည့်ရတာပေါ့” သူကြီးကနှင်းမြ၏အလောင်းအားရှာရန်သဘောတူလိုက်လေသည်။ သူကြီးနှင့်ခွာညို ဒေါ်တုတ် နှင်းမြ၏မိခင် ဒေါ်ထားရီ ပါလိုက်ပါလာသည် နှင်းမြပြောတဲ့နေရာအရောက်မှာတော့ အောင်သူပေါက်ပြားဖြင့်မြေများကိုတူးစွလိုက် လေသည်။ လေး ငါးတောင်မျှသာသာတူးမိလိုက်ရင်ဖြင့် အနံ့များထွက်လာသည် အကုန်လုံးမျက်ရည်တစမ်းစမ်းဖြင့် ရင်တမမ ကြည့်နေကြလေသည် နောက်ဆုံးတော့ မြင်လိုက်ရတဲ့မြင်ကွင်းက “ဟင်ဒါ ဒါ နှင်းမြ ပဲအရီး ” “သမီးလေးနှင်းမြရယ်” အဖြစ်ဆိုးလိုက်တာကွယ်” “နှင်းမြရယ် အစ်ကို့ကိုထားခဲ့ပြီလားကွာ ဒီဘဝမှာမဆုံဆည်းရပေမယ့်နောက်ဘဝမှာတို့တွေအတူနေကြမယ်နော် နှင်းမြ ” “ကဲ ကဲ အောင်သူ ဒေါ်ထားရီ နှင်းမြလေးကိုမီးသင်္ဂြိုလ်ပေးရဦးမယ် တော်ပါတော့ကွယ်တရားနဲ့သာဖြေကြပါကွာ” ရွာလူကြီးကပြောကာသတိပေးလိုက် သည်။ ဒီလိုနဲ့နှင်းမြအားမီးသဂြိုလ်ပေးပြီးတဲ့ နောက် ဒေါ်ထားရီတစ်ယောက်သမီးအတွက် ဘုန်းကြီးငါးပါးပင့်ကာဆွမ်းကျွေးပြီး အမျှအတန်းပေးဝေကြသည်။
“နှင်းမြနှင့်တကွအားလုံးကြားကြားသမျှ အမျှ အမျှ အမျှ ယူတော် မူကြပါကုန်လော့ “သာဓု သာဓု သာဓု” “နှင်းရေနောက်ဘဝမှာဒီလိုအဖြစ်မျိုး မကြုံပါစေနဲ့လို့ကိုယ် ဆုတောင်းပေးလိုက်ပါတယ်” ကိုကျော်နိုင်ရဲ့ယုတ်မာမှုကြောင့် သိပ်ချစ်ကြတဲ့ချစ်သူနှစ်ဦးသေကွဲခွဲခဲ့ရပြီ တစ်ရွာလုံးကလည်းကိုကျော်နိုင်နှင့်နှင်းမြ၏ အဖြစ်ကို စိတ်မကောင်းဝမ်းနည်းဖြစ်နေရရှာသည်။ ကိုကျော်နိုင်၏ ဖခင်ဖြစ်သူလည်း သားဆိုးသားမိုက်၏ လုပ်ရပ်များကို ကြားသိပြီး အလွန်အမင်း အရှက်ရကာ ရိုးပြင်ရွာမှအပြီးထွက်သွားလေတော့သည်။ ပြီးပါပြီ… #အောင်ဓူဝံ #ရေစကြို လိုအပ်ချက်များအားနားလည်ပေးပါရန် စာဖတ်သူများရွှင်လန်းချမ်းမြေ့ ပါစေ
#crd


