အမွေ(စ/ဆုံး)

အမွေ(စ/ဆုံး) ဦးလှရွှေ ကွယ်လွန်သွားခဲ့ပါပြီ။ ရေဝေးတွင် မီးသင်္ဂြိုဟ်ကြသည်။ ထို့နောက် မိသားစုတွေ ကားဖြင့် သာကေတရှိ တိုက်ခန်းလေးကို ပြန်လာကြ သည်။ အိမ်ကိုပြန်ရောက်ကြပြီးနောက် မိခင်ကြီးက စိတ်ပန်းလူပန်းနှင့် ထိုင်နားနေစဉ် သားကြီးနှင့် သမီးလတ်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ သူတို့အမေရှေ့တွင် ထိုင်လိုက်ကြသည်။ “အမေ … အမေ့ကိုပြောစရာရှိတယ်” “ဘာပြောမလို့လဲ ပြော” “ဒီတိုက်ခန်းကိစ္စ” “အဲဒါကို ခုပြောမှဖြစ်မှာလားကွယ် … …

အမွေ(စ/ဆုံး) Read More

ခင်ပွန်းရဲ့ချစ်သူ(စ/ဆုံး)

ခင်ပွန်းရဲ့ချစ်သူ(စ/ဆုံး) လှည့်စားတတ်တဲ့ ကံကြမ္မာက သူ့ကို ကစားနည်းတစ်မျိုးနဲ့ ကျီစားခဲ့တယ်။ အခုချိန်မှာ ခင်ပွန်းရဲ့ ချစ်သူက သူ့ရှေ့ခွဲစိတ်ခုတင်ပေါ် ရောက်နေခဲ့ပါပြီ။ ဒီမိန်းမကြောင့် ခင်ပွန်းက သူ့ကို ခွဲသွားခဲ့တယ်။ အခုမျက်စိရှေ့က ဒီမိန်းမကို သူအရမ်းကို မုန်းခဲ့မိတယ်။ ၀တ်စုံဖြူ၀တ်နတ်သမီးတွေမှာလည်း လူ့ဒုက္ခတွေ ခံစားရတဲ့ အချိန်ရှိပါတယ်။ ၂၀၀၂ ခုနှစ် နို၀င်ဘာလရဲ့ ဆောင်းညတစ်ညမှာ မြောက်အရပ်မှာ ဒီဆောင်းရဲ့ ပထမဆုံးအကြိမ် …

ခင်ပွန်းရဲ့ချစ်သူ(စ/ဆုံး) Read More

သံယောဇဉ်အိမ်(စ/ဆုံး)

သံယောဇဉ်အိမ်(စ/ဆုံး) မောင် တစ်ကယ်ပဲဆုံးဖြတ်ပြီးသွားပြီလား” ခြောက်ကပ်ကပ် ထွက်လာသော သူ၏အသံက နှစ်ဦးသားတိတ်ဆိတ်နေမှုအား ဖြိုခွဲလိုက်သည်။ ” ဆုံးဖြတ်ပြီးပြီ မာ၊ ကျွန်တော်သေချာဆုံးဖြတ်ပြီးသွားပြီ” မာ၏ တင်းစေ့နေသော နှုတ်ခမ်းက ပြုံးမိသည်လား မဲ့မိသည်လားမပြောတတ်၊ သို့သော်သေချာသည်က မာ၏မျက်၀န်းက ရစ်ဝေ့တက်လာသော မျက်ရည်များကြောင့် မောင့်ကိုကြည့်နေရင်း အမြင်အာရုံက ဝေဝါးလာခဲ့သည်။ သူ့၏မျက်၀န်းကို အလျှင်စလိုပုတ်ခတ်ပစ်လိုက်သည်။ ဟုတ်သည်လေ သူ၊ မောင့်ရှေ့မှာ မျက်ရည်ကျလို့မဖြစ်၊ …

သံယောဇဉ်အိမ်(စ/ဆုံး) Read More

တတိယလူ(စ/ဆုံး)

တတိယလူ(စ/ဆုံး) ဒီနေ့ သားသား လေးမွေးနေ့ပါ.. ကျမတို့မိသားစုသုံးယောက်ရွှေတိဂုံဘုရားဖူးကြတယ်.. ကစားကွင်းလိုက်ပို့တယ်.. အပြန်မှာတော့ ရွှေတောင်တန်းကစကားဝါမှာ ကြေးအိုးဝင်သောက်တယ်.. မောင်က ကျမနဲ့သားသားကိုသူ့အရိပ်လေးလိုသဘောထားတယ်.. အလုပ်ပြီးလို့အိမ်ပြန်ရင်စားစရာတစ်ခုခုတော့ဝယ်လာစမြဲပါ.. အိမ်ပေါ်ကိုလှမ်းတက်ရုံရှိသေးတယ်. . ” ထွေးနေကောင်းလား သားကောဘယ်မှာလဲ..” စတဲ့စကားတွေနဲ့ ဦးစွာ နှုတ်ဆက်တတ်သူပါ.. . မောင်ပြန်လာတဲ့အချိန်ကတခါတရံမိုးချုပ်တတ်ပါတယ်.. ကျမနဲ့သားက ညစာကိုစောစွာစားတယ်.. ဒါပေမဲ့လည်း သူထမင်းစားတဲ့အချိန်မှာတော့ သူ့ဘေးမှာထိုင်ပေးရတယ်.. ကျမကလဲမောင့်အတွက် ဟင်းတခွက်ပေါ့.. အိမ်ထောင်စပြီးကျကတည်းကကျမ …

တတိယလူ(စ/ဆုံး) Read More

ဘဝမလှတဲ့ မေသူ”(စ/ဆုံး)

ဘဝမလှတဲ့ မေသူ”(စ/ဆုံး) တစ်ဆောင်လုံး တိတ်ဆိတ်ငြိမ်သက်နေတယ်။ ဒီလို ညအချိန်ဆိုရင် အဆောင်ကျောင်းသူတွေအပြည့်နဲ့ အမြဲ ဆူညံနေခဲ့တာမို့ တိတ်ဆိတ်နေတော့လည်း မေသူ့စိတ်ထဲ တစ်ခုခု လိုနေသလိုလို ခံစားမိတယ်။ တခြားလူတွေ ရှိနေတော့ရော မေသူက သူတို့နဲ့ စကားပြောတာ မှတ်လို့ဆိုပြီး တွေးမိတော့ မေသူ ရယ်ဖြစ်သေးတယ်။ မေသူ မရယ်ဖြစ်တာ ကြာပါပြီ။တစ်ဆောင်လုံးမှာ သင်္ကြန်ပိတ်ရက် နယ် မပြန်တဲ့ သူဆိုလို့ …

ဘဝမလှတဲ့ မေသူ”(စ/ဆုံး) Read More

အမေ့စိန်နားကပ်

အမေ့စိန်နားကပ် အိမ်ရှေ့ခန်းဘုရားစင်ရှေ့ရှိ ဖျာကြမ်းတချပ်ပေါ် ဂွမ်းကပ်ခင်းထားသည့် အိပ်ယာထက်တွင် သေမင်းနှင့်စစ်ခင်းနေရသော ဒေါ်မြကြည်သည် စောင်ပါးကလေးအုပ်ကာ ပက်လက်လဲလျောင်း နေသည်။ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကြားထဲတွင် အားပြိုင်ရုန်းကန်နေရသော ဒေါ်မြကြည်၏ အသက်ဓါတ်သည် တဖြေးဖြေး အားလျော့လာဟန်တူသည်။ ဝင်သက်တစ်ချက်နှင့် ထွက်သက် တစ်ချက်ကြားအချိန်သည် ရှည်ကြာလွန်းလှလေ၏။ ဘဝ၏ နောက်ဆုံးအချိန်ကို ခက်ခဲစွာ ရုန်းကန်နေရမှန်း သိသာလွန်းသည်။ ယခင်နေ့များကလို လမ်းမဘက်သိုိ့ပင် စောင်းငဲ့မကြည့်နိင် ရှာတော့။ …

အမေ့စိန်နားကပ် Read More

ဗိုက်ကိုခွဲ၍ လက်စားချေသူ

ဗိုက်ကိုခွဲ၍ လက်စားချေသူ [“အိုး ဟိုး ဟိုး….မိုင်းဂေါ့ဒ် ကျွန်ုပ် အရောက်မြန်ပေလို့။ အလားလား…..ဒါညှပ်ဆွဲရမယ်၊ ညှပ်ဆွဲမှဖြစ်မယ်” ဟု ဇီ၀ကကြီး အသံဖြင့် ရေးကြီးသုတ်ဖျာ….. နောက်တော်ပါ စုတ်ချွန်းချွန်း ဆရာမကိုလည်း ညှပ်များပြင်ဆင်…..] ထွန်းစိန်တို့ အိမ်ပေါ်တုန်းကမူ ကျွန်တော်က စိတ်ဆိုးဆိုးနှင့် အော်တော့မည်အပြု ဖိုးကျော်က ကျွန်တော့်အား သူ့တတောင်ဆစ်နှင့်လည်း တွက်၊ မျက်စိလည်း မှိတ်ပြပြီး ငြိမ်နေခိုင်းသည်။ ယခုအိမ်ပြန်ရောက်ကြရာတွင်ကား …

ဗိုက်ကိုခွဲ၍ လက်စားချေသူ Read More

နောင်ဘဝများရှိခဲ့ရင်(စ/ဆုံး)

နောင်ဘဝများရှိခဲ့ရင်(စ/ဆုံး) “ဒုန်း” “ဟာ…သွားပြီ” ကျွန်တော် ဘရိတ်အမြန်နင်းလိုက်ပေမယ့် မမှီတော့ပါဘူး။ “ဆိုဖီယာ..သမီးလေး” အိမ်ထဲကပြေးထွက်လာတဲ့ ကောင်မလေး ပွေ့ချီလိုက်ချိန်မှာ သူ့ခွေးလေး အသက်မရှိတော့ပါဘူး။ကောင်မလေးငိုနေတော့ စိတ်မကောင်းဖြစ်မိတယ်။ အဲဒီအချိန်မှာ အိမ်ထဲက အန်တီကြီးတစ်ယောက်ထွက်လာပါတယ်။ “ဖြစ်မှဖြစ်ရလေ၊ တံခါးဖွင့်တာနဲ့ ပြေး..ပြေး ထွက်တာ၊ ခုတော့ ကားတိုက်ခံရပြီပေါ့” “တောင်းပန်ပါတယ်အန်တီ၊ ကျွန်တော်တကယ်မမြင်လို့ပါ” “ရပါတယ်ကွယ်၊ ကဲ..သမီး…ထ..ထ ၊ အင်္ကျီမှာသွေးတွေပေကုန်ပြီ၊သွားလဲရအောင်” “ဟင့်အင်း..ဆိုဖီယာကို မခွဲနိုင်ဘူးမာမီ” …

နောင်ဘဝများရှိခဲ့ရင်(စ/ဆုံး) Read More

ကျိန်စာနှင့်မိခင်မေတ္တာ(စ/ဆုံး)

ကျိန်စာနှင့်မိခင်မေတ္တာ(စ/ဆုံး) သူရိုက်လိုက်သည့်အရှိန်ကြောင့်ချုံပုတ်ကြီးတစ်ခုလုံးလှုပ်ခါသွားကာချုံပ်အတွင်မှဒေါသတကြီးအော်မြည်လိုက်သောမြွေသံများကိုအမှတ်မထင်ကြားလိုက်ရသည်။ ဟိုက်မမျှော်လင့်ဘဲမုတ်ဆိတ်ပျားဆွဲတယ်ဆိုတာဒါမျိုးထင်ပါရဲ့ကိုင်းအလုပ်စမှတော်ရော့မယ် ကနဦးနှစ်ခွတုတ်ဖြင့်ချုံပုတ်အတွင်းထိုးဖယ်လိုက်ရာလက်ကောက်ဝတ်ခန့်မြွေဟောက်တစ်ကောင်ကပါးပျဉ်းထောင်ရင်းလျှောခနဲထွက်လာခဲ့သည်။ အံ့ထူးကလျင်သည်ဆိုရမည်။ထိုမြွေ၏ဇက်ပိုင်းကိုလက်တဖက်မှမှိန်းဖြင့်ဖျတ်ခနဲထိုးစိုက်ပြီးဖြစ်နေသည်။ အလေ့အကျင့်နှင့်အတွေ့အကြုံကသူ့ကိုအထောက်အကူပြုပြီးဖြစ်နေသည်။ ဝုန်း ဗျန်းဗျန်း ရွှီရွှီ နာကျင်လွန်းလှသောကြောင့်မြွေဟောက်ကြီးကအမြီးဖြင့်တွန့်လိမ့်ရိုက်ပုတ်ရာချုံု ပုတ်မှာတဗျန်းဗျန်းလှုပ်ခါလျက်ရှိနေလေ၏။ ယင်းအခိုက်မှာပင်နောက်ထပ်လုံးတူရွယ်တူမြွေတစ်ကောင်ကရှဲခနဲချုံပုတ်အတွင်းမှထပ်မံတိုးထွက်လာလျက်အံ့ထူးကိုသွက်လက်စွာပေါက်တော့သည်။ သို့သော်အံ့ထူးကခြေလှမ်းအဆုတ်အတက်၊ကိုယ်ကိုယို့၍ရှောင်တိမ်းပြီးနောက်၊မြွေကြီးမောလာပုံရသည်တွင်အံ့ထူးကလက်ထဲမှဖိညှပ်သောတုတ်ဖြင့်ချက်ကောင်းဖြစ်သည့်မြွေကြီးဇက်ကိုလှမ်းဖိထားလိုက်သည်။ ထို့နောက်မြေပြင်မှခဲတစ်လုံးကိုကောက်ယူကာမလှုပ်နိုင်အောင်မိနေသည့်မြွေနှစ်ကောင်ဦးခေါင်းကိုထုခြေရိုက်သတ်လက်စသတ်လိုက်တော့သည်။ သေနေပြီဖြစ်သောမြွေနှစ်ကောင်ကိုပခြုပ်အတွင်းထည့်နေစဉ်ချုံပုတ်အတွင်းလှမ်းကြည့်မိကာသဘောအကျကြီးကျသွားရသည်။ သြအဟဲဟဲဟဲ အဘယ်ကြောင့်ဆိုသောချုံပုတ်အတွင်း၌မြွေဥအချို့ကိုတွေ့လိုက်ရသောကြောင့်ဖြစ်ပေသည်။ https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe ထို့ကြောင့်မြွေဥများကိုပါပခြုပ်ထဲကောက်ထည့်လျက်လေကလေးတချွန်ချွန်ရိုးမတောကြီးအတွင်းခြေလှမ်းသွက်သွက်နှင့်ထွက်ခွာလာခဲ့သည်။ ရိုးမတောကြီးမှထွက်ခွာလာပြီးနောက်အတန်လှမ်းလှမ်းသို့ရောက်သောအခါမည်သို့ဖြစ်စေမသိအောင်ပင်ရိုးမတောကြီးအတွင်းမှဆူသံညံသံအော်သံဟစ်သံငိုယိုသံတို့ထွက်ပေါ်လာရုံမျှမကသစ်ပင်ကြီးငယ်တို့မှာလည်းလေတိုက်ခတ်ခြင်းမရှိမှာဘဲလျက်တဝုန်းဝုန်းတဗြုန်းဗြုန်းလှုပ်ယမ်းယိမ်းခါနေသည်ကိုအံသြစဖွယ်တွေ့မြင်ရသည်။ ဟိုက်ထူးထူးစန်းစန်းပါလား၊လေမတိုက်ပဲသစ်ပင်တွေလှုပ်ယမ်းနေလို့၊တောထဲကဆူညံသံတွေ၊အော်ဟစ်သံတွေမြည်ဟည်းနေတာ၊ဧကန္တနာနာဘဝဆိုတာတွေများလားမသိပါဘူး။ဘာပဲဖြစ်ဖြစ်မြွေသားချက်ချိန်အမီအိမ်ပြန်မှ ပြောပြောဆိုဆိုတောအုပ်ကိုကျောခိုင်းကာအံထူးတစ်ယောက်ရွာဘက်သို့ခြေလှမ်းများကိုရွေ့လျားစေလိုက်သည်။ ထိုခဏ၌တောအုပ်ကြီးမှာတိတ်ဆိတ်လျက်အပ်ကျသံကိုပင်ကြားရမတတ်ဖြစ်သွားပြန်ေြာင်းအံ့ထူးသတိပြုလိုက်မိ၏။ တောချောက်တာလား၊ဘာလား၊ဘာပဲဖြစ်ဖြစ်၊အံ့ထူးတို့ကကြောက်လိမ့်မယ်မထင်နဲ့ဟေ့၊ဘာကိုမှမမှုဘူးဟမှတ်ထားသည်သို့ဆိုကာအံ့ထူးကပခြုပ်ကိုကျကျနနပြင်ဆင်လွယ်ပိုးပြီးနောက်ခြေလှမ်းမှန်မှန်နဲ့သူ့ရွာဘက်ကိုလျှောက်ခဲ့တော့သည်။အင်းမောမောနဲ့ဘကြီးဖိုးသာရဲ့ထန်းတဲဝင်ပြီးထန်းရည်တအိုးလောက်တော့မှသောက်ဦးမှ သူ့အတွေးတွင်အရသာရှိလှသောမြွေသားမွှေးမွှေးကိုတရစ်ဝဲဝဲမြင်ယောင်နေမိသည်သာ။

ကျိန်စာနှင့်မိခင်မေတ္တာ(စ/ဆုံး) Read More