အပယ်ခံမယား(စ/ဆုံး) “ဒီကလေးက ကံဆိုးခြင်းတွေနဲ့မွေးလာတာ စွန့်ပစ်ရမယ်” “ဘာ…စွန့်ပစ်မယ်ဟုတ်လား…အကိုအခုဘယ်လိုစကားပြောလိုက်တာလဲ…ဒီစကားကအဓိပ္ပာယ်ရှိတယ်ထင်လို့လား ဘယ်မိဘက ကိုယ့်သားသမီးကို အသက်ရှင်လျှက်စွန့်ပစ်မှာလဲ အကိုဘယ်လိုစိတ်နဲ့များပြောရက်ရတာလဲ” “ရှေ့ဖြစ်ဟောဆရာမကြီးပြောသွားတာ မင်းလဲကြားတာပဲမြပန်းရယ် ဒီကလေးကိုငါတို့ဆက်မွေးရင် မိသားစုဝင်နှစ်ယောက်သေမယ့်အပြင် စီးပွားရေးတွေလဲကျဆင်း” “တော်တော့အကို..ဒီစကားကိုဒီမှာတင်ရပ် အကိုဘာပြောပြော မြပန်းကတော့ ကိုယ့်သားသမီးကိုဘယ်တော့မှမစွန့်ပစ်ဘူး” မြပန်းအသံကအနည်းငယ်ကျယ်သွားတော့ ဦးမင်းသော်အသံတိတ်သွားပြီး ဘာမှဆက်မပြောတော့ချေ။ အနားမှာထိုင်ကာဆော့နေသည့်၃နှစ်အရွယ်ကလေးလေးကိုကြည့်ရင်း မြပန်းသက်ပြင်းရှိုက်လိုက်သည်။ ဘာမှမသိသေးတဲ့သမီးလေးကတော့ အပူပင်ကင်းစွာဆော့လို့။ […]