ကံ ကံ၏အကျိုး(စ/ဆုံး)

February 28, 2025 admin 0

ကံ ကံ၏အကျိုး(စ/ဆုံး) “ဟာ သားတို့ထမင်းမစားရသေးဘူးလား၊မိန်းမနင်ကလေးတွေကို ခုထိ မကျွေးရသေးဘူးလားဟ” ကိုခင် ထမင်းစားနေရင်း အိမ်ခန်းဝခန်းဆီးနားက ထမင်းဝိုင်းရှိရာသို့ လှမ်းမျှော်နေသော သားနှစ်ယောက်ကိုတွေ့လိုက်ရတာမို့ ဇနီးဖြစ်သူကိုလှမ်းမေးလိုက်သည်။ “အိုတော် တော့သားတွေ ဘယ်နှစ်ခါရှိပြီတုန်းစားနေတာ၊ဆယ်ယောက်စား ဆယ်ခါပါချင်နေတာ၊ကဲ ရော့ ရော့ တစ်ယောက်တစ်ရာလာယူမုန့်သွားဝယ်စားချေ၊ကိုယ့်ဖအေက မောကြီးပန်းကြီးနဲ့ ပင်ပင်ပန်းပန်းအလုပ်ပြီးထမင်းလေး လာပြန်စားတာကို မျှော်နေ​ကြတယ်၊ဘယ့်နှယ် စားပြီးတာကိုလာ​မျှော်​နေတာ၊ယောကျာ်းရယ် […]

ငှက်ဖမ်းသမား ငတောငလုံး

February 28, 2025 admin 0

ငှက်ဖမ်းသမား ငတောငလုံး ငှက်ဖမ်းသမား လကွယ်ည။ လကွယ်ညဖြစ်သည့်အထဲ မိုးမှောင်ကြီး ကျနေ၍ ကြယ်ရောင်ပင်လျှင် မရှိ။ ခါတိုင်း လကွယ်ညများမှာ လရောင် မရှိသော်လည်း ကြယ်ရောင် ဖြိုးပြိုးပြက်ပြက် လင်းလက်နေ၍ သည်မျှ မမှောင်။ လကွယ်ညလည်းဖြစ် မိုးမှောင်ကြီးကလည်းကျ၊ တောရိပ်သစ်ရိပ်ကလည်း ဖုံးနေရာ တောတောင် တစ်ခွင်လုံး ပိန်းပိတ်ပိတ်မှောင်။ […]

အောင်မြတ်သာနှင့်ဖိုဝင်ဇော်ဂျီ

February 28, 2025 admin 0

အောင်မြတ်သာနှင့်ဖိုဝင်ဇော်ဂျီ လူသူအရောက်ပေါက်နည်းတဲ့ မဟာဝန်တောကြီးထဲမှာ အလေ့ကျပေါက်နေတဲ့ သစ်ပင်ကြီး၊ သစ်ပင်ငယ်တွေက စိတ်ထင်တိုင်းကြီးမားနေကြတယ်။ တစ်ချက်တစ်ချက် တောကောင်ကြီးများရဲ့ ဟိန်းဟောက်သံ၊ တောကောင်ငယ်လေးများရဲ့ မြည်တွန်သံတွေက မဟာဝန်တောကြီးထဲက ထွက်ပေါ်လာခဲ့တယ်။ တောတွင်းတစ်နေရာမှာတော့ တောင်ဝှေးတစ်ချောင်းနဲ့ နေရာအမှတ်အသားတွေလုပ်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးရှိနေတယ်ဆိုတာ သာမန်လူတွေဘယ်လိုမှ မသိရှိနိုင်ခဲ့ဘူး။ ဧကထောင်ပေါင်းများစွာကျယ်ဝန်းတဲ့ မဟာဝန်တောကြီးထဲမှာ စိတ်ဝင်စားဖွယ်ရာကောင်းလှတဲ့ သဘာဝဖြစ်ရပ်ဆန်းတွေများစွာဖြစ်ခဲ့ဖူးတယ်။ ရှေးအစဉ်အဆက် […]

ဘွားမယ်စိန်နှင့်ရွာရဲ့အပယ်ခံနန်းကြိုင် စဆုံး

February 28, 2025 admin 0

ဘွားမယ်စိန်နှင့်ရွာရဲ့အပယ်ခံနန်းကြိုင် စဆုံး ရွာအမည်သည်ကား ချောင်းဆုံဟုခေါ်ကြ၏။ ထိုရွာ၌ဇာတ်လမ်းအားအခြေတည်ခဲ့လေသည်။ “ဟဲ့ကောင်မ…ဒီကိုလာခဲ့စမ်း။ ဒီမှာငါလုပ်ကိုင်နေတာတွေကိုနင်မမြင်တာလား…ဟမ်…” “ဟုတ်…လာပါပြီ ဒေါ်ကြီး…” “ကောင်မ…အစားစားရင်တော့ မသိချင်ယောင်ဆောင်ပြီး မစားဘဲနေလိုက်ပေါ့…။ အလုပ်ကျတော့ ရေသာခိုအချောင်လိုက်လို့ ကောင်းနေလိုက်တာအေ…ဟင်း” ဒေါ်အေးမာသည် မိဘမဲ့တစ်ယောက်ဖြစ်သော ​ခြောက်နှစ် အရွယ်တူမဖြစ်သူ နန်းကြိုင်လေးအား ပြောဆိုနေခြင်းဖြစ်သည်။ နန်းကြိုင်လည်း အဒေါ်ဖြစ်သူအားကြောက်ရွံ့ပြီး မီးဖိုထဲရှိ စဥ့်အိုးထဲသို့ရေခပ်ယူပေးလေသည်။ […]

ဘွားမယ်စိန်နှင့်မကျွတ်မလွတ်ဒေါ်နှင်းမြိုင် စဆုံး

February 28, 2025 admin 0

ဘွားမယ်စိန်နှင့်မကျွတ်မလွတ်ဒေါ်နှင်းမြိုင် စဆုံး “ကိုရင်မောင်…” “ဘာတုန်း မိန်းမရဲ့” “တော်…ဟိုအိမ်ကြီးကိုဘာလို့ဝယ်လိုက်တာတုန်း ကျုပ်တို့ကို မပြောမဆိုဘဲနဲ့” “အိုကွာ…ဒါလေးဝယ်တာ မင်းတို့ကိုပြောနေရမှာလားမိတင်… ငွေပေါပေါနဲ့ရောင်းတာမို့ဝယ်လိုက်တာပေါ့ကွာ” ဦးရင်မောင်ဆိုသော အသက်ငါးဆယ်ကျော်ဆံပင်ဖြူဖြူလူကြီးတစ်ဦးနှင့် ဒေါ်တင်ဆိုသော အမျိုးသမီးကြီးတို့သည်လင်မယားများဖြစ်ကြ၏။ ဦးရင်မောင်…ဒေါ်တင်ဆိုလျှင်ဖြင့် ရွာသစ်ရွာ၏ လူချမ်းသာစာရင်းဝင်သူများပင်ဖြစ်ကြသည်။ ယခု ဒေါ်တင်တစ်ယောက် ဦးရင်မောင်တစ်ယောက်သူ့အားမပြောမဆို ဝယ်လိုက်သည့်အိမ်ကြောင့်စိတ်တိုဒေါသထွက် နေခဲ့ရှာသည်။ “တော်ဝယ်တာကျုပ်မပြောလိုပါဘူး… ဝယ်ရင်လည်းတခြားအိမ်ကိုဝယ်ပါလားတော်… […]

အကြွေပန်း(စ/ဆုံး)

February 28, 2025 admin 0

အကြွေပန်း(စ/ဆုံး) ပျဥ်းမနားဘူတာသို့ ရထားတစ်စီး ဆိုက်ရောက် လာသောကြောင့် ခရီးသည်များနှင့် စျေးသည်များ ရောနှောလျှက် အလုအယက် တတ်သူကတတ် ဆင်းသူကဆင်းဖြင့် မနက်ခင်းသည် သက်ဝင်လှုပ် ရှားလျှက်။ “..ဟော့ဒီက…..ဖရဲသီး….အစ်မကြီး….ဖရဲသီးစိတ် စားဦးမလားရှင့်…” ဖရဲသီးစိတ်ဗန်း ခေါင်းပေါ်ရွက်လျှက် မမှီမကမ်း နှင့် စျေးရောင်းနေရသူမှာ “မိအေး”ဆိုတဲ့ အသက်၁၃နှစ်အရွယ် ကောင်မလေးပါ သနပ်ခါး […]

အောင်မြတ်သာနှင့်နာမ်စွဲခေါင်းပြတ်အရုပ်

February 28, 2025 admin 0

အောင်မြတ်သာနှင့်နာမ်စွဲခေါင်းပြတ်အရုပ် #စာရေးဆရာ -ဇေယန(ရာမည) ညနေမှောင်ရီပျိုးတာနဲ့ ညောင်လိပ်ဘုရားပတ်ဝန်းကျင်ကို ဘယ်သူမှမသွားရဲကြ​တော့ပေ။ ညောင်လိပ်ဘုရားဆိုတာက ညောင်လိပ်ပင်အနီးနားမှာတည်ထားတာဖြစ်လို့ မူရင်းဘွဲ့တော်ပျောက်ပြီး ညောင်လိပ်ဘုရားလို့သာ လူသိခဲ့ကြတယ်။ ညောင်လိပ်ပင်ဆိုတာက မနက်ဘက်ဆိုရင် သာမန် ညောင်ရွက်တွေလို​ဖြစ်ပြီး မှောင်စပျိုးတာနဲ့ ညောင်ရွက်တွေက လိပ်သွားတဲ့ညောင်ပင်မျိုး။ အဲဒီအချိန် ညောင်ပင်နားမှာရှိနေပါက ညောင်ရွက်လိပ်သံ တဖျစ်ဖျစ်ကိုကြားရမှာဖြစ်တယ်။ ယခင်က ညောင်လိပ်ဘုရားပတ်ဝန်းကျင်ဆိုတာခုလိုခြုံနွယ်တွေမထူထပ်သေးပဲ တရားအားထုတ်လိုသူတွ […]

ကမ္ဘာခြားက ဆန်ရေ(စ/ဆုံး)

February 27, 2025 admin 0

ကမ္ဘာခြားက ဆန်ရေ(စ/ဆုံး) “”ဝေါ….ဝေါ…..ဂျိန်းး…ဂျလိန်း ည၈နာရီအချိန်…. ….အားကောင်းသောမိုးရေတို့သည် ဘဲဂယက်ရွာပေါ်သို့ သဲသဲမဲမဲရွာသွန်းချလျှက်ရှိသည်။ ထို့အတူ ဘဲဂရယ်ရွာ၏ဘုံဆိုင်တဆိုင်တွင် ယစ်ထုပ်ကြီး ယစ်ထုပ်လေးအပေါင်းတို့သည် ဆိုင်ရှင်လှဦး ကိုယ်တိုင်ချက်ရောင်းသော မီတောက်အရက်ကို အားပါးတရသောက်ရင်း စကားဖောင်ဖွဲ့နေကြ၏။ သောက်သုံးသူများသဖြင့် ဆိုင်ရှင်လှဦးရော ဇနီးလုပ်သူ မသေးသေးပါ လက်မလည်အောင်ရှိနေတော့သည်။ အရက်ကောင်းသလို အမြည်းကလည်းစွန်သဖြင့် ယစ်ထုတ်အပေါင်း အတော်လေး […]

ကွယ်လွန်သူ၏နောက်ဆုံးဆန္ဒ(စ/ဆုံး)

February 27, 2025 admin 0

ကွယ်လွန်သူ၏နောက်ဆုံးဆန္ဒ(စ/ဆုံး) ကို ဘယ်အချိန်လာမှာလဲ” တစ်ဖက်မှအသံကို သူမ နားစိုက်ထောင်နေလိုက်သည်။ “ကို အခုအလုပ်ကပြန်လာနေပြီ…အခန်းမှာ ရေမိုးချိုး..အဝတ်အစားလဲပြီးတာနဲ့ ချစ် ဆီ ဖုန်းပြန်ဆက်လိုက်မယ်လေ…” သူမ ကျေနပ်စွာပြုံးလိုက်မိပြီး… “အင်း..ဟုတ်ပြီလေ…ချစ်စောင့်နေမယ်နော်…ပြီးတော့…အရင်အခါတွေတုန်းကလို ဘာဖြစ်လို့ ညာဖြစ်လို့ဆိုတဲ့ အကြောင်းပြချက်တွေကိုလည်း ထပ်မကြားချင်တော့ဘူးနော်…ဒီတစ်ခါ အဲ့လို ထပ်ပြောလို့ကတော့ တကယ်ဝေးပြီမှတ်” “အင်းပါ…စိတ်ချ…ဒီတစ်ခါ ကို အစစအရာရာ […]

အမုန်းနဲ့ပျိုးရသောပန်း(စ/ဆုံး)

February 27, 2025 admin 0

အမုန်းနဲ့ပျိုးရသောပန်း(စ/ဆုံး) “ထွန်းမောင်ရေမနက်ဖန်မင်းအလုပ်လာရင် ငါ့အိမ်ကနေအတူသွားမယ်သူငယ်ချင်း။ မနက်ပိုင်းဦးသာစိန်အိမ်ကရေမြောင်းဖော်မယ်။ညနေဘက် ဒေါ်အေးပုအိမ်မှာ မြက်ရှင်းပေးကြမယ်” ထွန်း​မောင်နှင့် ဌေးလွင်တို့နှစ်ဦးသည် မြို့၏ မလှမ်းမကမ်းတွင်ရှိသောဆင်းရဲသားရပ်ကွက်တွင်အတူနေထိုင်ကြသည့်သူငယ်ချင်းများဖြစ်သည်။။ နေ့စဥ်မြို့ပေါ်ရပ်ကွက်များကိုလှည့်လည်၍ ကြုံရာကျပန်းအလုပ်များလုပ်ကိုင်ရင်းအသက်မွေးကြသူများဖြစ်သည်။ ညနေပိုင်းအလုပ်သိမ်းချိန်ဖြစ်သောကြောင့် ဌေးလွင်က မနက်ဖန်လုပ်ကိုင်မည့်အလုပ်များကို ထွန်းမောင်ကိုကြိုတင်ပြောကြားထားခြင်းဖြစ်ပေသည်။ ထွန်းမောင်တို့မိသားစုတွင်ဇနီးသည်က သားငယ်မွေးပြီးသုံးနှစ်ခန့်တွင်ဆုံးပါးသွား ခဲ့သည်။ သားသမီးသုံးယောက်ကိုသူသာ အဖေ၊သူသာအမေဘဝဖြင့်ရှာဖွေကျွးမွေး စောင့်ရှောက်ခဲ့ရသည်။သမီးကြီး စန္ဒာကမိခင်မရှိတော့ကတည်းက ကျောင်းထွက်ပြီးအိမ်မှုကိစ္စ လုပ်ခဲ့ရသည်။သားလတ်စိုးရန်နိုင်ကဆယ်တန်း […]