*သမီးမေမေကိုကယ်ပေးပါ*📖📖📖(စ/ဆုံး)

*သမီးမေမေကိုကယ်ပေးပါ*📖📖📖(စ/ဆုံး)

ညဉ့်၁၁နာရီသာသာခန့် ..ပိန်းပိန်းမှောင်နေသော ကတ္တရာလမ်းပေါ်..တလှစ်လှစ်နဲ့ပြေးနေတဲ့ နောက်ဆုံး ပေါ်ကားလေးတစ်စင်းပေါ်တွင် ကိုဘတိုးနှင့်သူ၏ကြင်စ ဦးဇနီးအသစ်စက်စက်လေး မိုးမိုးတို့သည် ရင်ခုန်လှုပ်ရှား စွာဖြင့် ဘဝခရီးတစ်ခုကို စတင်နေသည်ဆို မမှားပေ။ ကိုဘတိုး က မန္တလေးသား ကားဝယ်ရောင်းတစ်ဦးဖြစ်၏ နဖူးစာရွာလည်ချင်တော့ ရန်ကုန်မြို့က ထမင်းဆိုင်ပိုင်ရှင် ၏သမီး မိုးမိုးနှင့် ချစ်ကြိုက်ခဲ့ရာ မိဘများက သူတို့သမီး ငယ်သေးသည်ဟုဆိုကာ သဘောမတူသဖြင့် ခိုးပြေးလာ ခြင်းဖြစ်သည်။ မိုးမိုး က အသက်၁၈နှစ်ပြည့်ပြီး ၂လမျှသာစွန်းသေး၏။

ကိုဘတိုးက အသက်၂၆နှစ်ခန့်ရှိပြီဖြစ်သည်။လူပျိုကြီးကို ဘတိုးအဖို့ ဖူးဖူးရွရွ နုနုငယ်ငယ် သတို့သမီးအသစ်စက် စက်လေးအား ဘာမှ..မဘာရသေးပဲ ကားပေါ်တင်ကာ မန္တလေးမြို့သို့ ပျော်ရွှင်ရင်ခုန်စွာမောင်းလာ၏။ မိုးမိုးကတော့ ကြောက်လည်းကြောက် ရင်လည်းခုန် ပျော်သလိုလို ဝမ်းနည်းသလိုလို ဘဝအသစ်ကို ရင်ခုန် စိတ်လှုပ်ရှားနေ၏။ ” ကိုကြီး..မန္တလေးကို တန်းမောင်းမှာလား..” ” ဟင် ..ဘာလို့လဲ မိုးမိုး၊ မိုးမိုး ဗိုက်ဆာလို့လား၊ အာ့ဆို ရှေ့မိုင်တိုင် ၃၉..ကျရင် တခုခု ဝင်စားမယ်လေ ” ” အာ..ဟုတ်ပါဘူး ကိုကြီးရ၊ မိုးမိုးက ကိုကြီးပင်ပန်းနေမှာစိုးလို့ပြောတာပါ..” ” အင်း ..မပင်ပန်းပါဘူး၊ ဘေးမှာ ကိုကြီးသိပ်ချစ်တဲ့ နတ် သမီးလေးပါနေတာပဲ၊ ပင်ပန်းရင်..လမ်းဘေးတနေရာ ကားရပ်ပြီး အိပ်ရုံပေါ့ မိုးရဲ့ ” ” အာ..ကိုကြီးကလည်း..မိုးမိုး သရဲကြောက်တတ်တယ် မအိပ်ရဲပါဘူး..”

” ဟားဟား.. သရဲမရှိပါဘူး မိုးရဲ့၊ ကိုကြီး သွားနေကျပဲဟာ တခါမှ မတွေ့ဖူးပါဘူး ကွာ..” ” အာ..မရဘူး..မရဘူး လမ်းမှာ မိုးမိုးမအိပ်ရဲဘူး၊ တည်းခို ခန်းလိုဟာမျိုးမှာပဲ အိပ်ပါကိုကြီးရာ..နော်” ” အင်းပါ မိုးရဲ့၊ ကိုကြီး မောင်းနိုင်ပါတယ်၊ ပြီးတော့ ကိုကြီးတို့ မန္တလေးရောက်မှ စိတ်ချရမယ်မို့လား..အဲ့ဒီတော့ ၃၉မိုင်မှာ တခုခုဝင်စားမယ်လေ..ပီးရင် ခရီးဆက်ကြတာပေါ့” ကိုဘတိုး ပြောရင်းဖြင့်မောင်းလာလိုက်တာ ၃၉မိုင် ယာဉ်ရပ်နားစခန်းကို ရောက်လာတယ်။ ယာဉ်ရပ်နားဝင်း အတွင်းရှိ စားသောက်ဆိုင်ကားပါကင်ကို ကားရပ်ကာ ကိုဘတိုး ချစ်ဇနီးအသစ်စက်စက်လေး ပခုန်းဖက်ကာ စားသောက်ဆိုင်ထဲသို့ ဝင်လာခဲ့သည်။ ကိုဘတိုးနှင့်မိုးမိုးတို့သည် စားသောက်ဆိုင်အနောက် ဘက်ရှိ သန့်စင်ခန်းသို့ ဝင်ပြီးနောက် ကိုယ်လက်မျက်နှာ ဆေးကြောသန့်စင်ကာ စားသောက်ခန်းအတွင်းဝင်ထိုင် လိုက်ကြသည်။ ညဉ့်နက်နေပြီမို့ထင်သည်၊ စားသုံးသူ ကျဲပါးနေ၏။

သူတို့ထိုင်သည့်စားပွဲဝိုင်းနှင့် မနီးမဝေးတွင် အသက်၂၅ခန့် အမျိုးသမီးတစ်ဦးနှင့် သူမ၏သမီးဖြစ်ဟန်တူသည့် ၇နစ် ၈နစ်ခန့် ရှိမည့်သမီးလေးတစ်ဦး ထိုင်နေသည်ကိုတွေ့ရ၏။ ကလေးမလေးမှာ မုန့်မစားပဲ သူမအရုပ်ကလေးနှင့် ဆော့ကစားနေပြီး၊ အမျိုးသမီးကတော့ ဖုန်းတစ်လုံးနှင့် အလုပ်ရှုပ်နေသည်။ သူမမျက်နှာမှာ စိတ်ရှုပ်ထွေးဟန် ဒေါသဖြစ်ဟန်၊ ဝေခွဲရခက်ဟန် အသွင်မျိုးရှိလေသည်။ ဖုန်းပြောနေရင်း ဒေါသထွက်ဟန်လည်းရှိသည်။

တြိတ် မနိုင်ခဲမရပုံဖြင့် မျက်ရည်ကိုထိမ်းသိမ်းနေပုံပင်။ သမီးလေး ကတော့ ဆော့ကစားနေရာမှ တချက်တချက် ဖုန်းပြောရင်း အသံကျယ်လာသည့် မိခင်ကို နားမလည်ဟန်ဖြင့် ကြည့် နေလေ၏။အမျိုးသမီးက ဒါပဲ ဒါပဲ ဟုပြောကာ ဖုန်းကိုပိတ် လိုက်သည်။ပြီးတော့ စားပွဲထိုးကိုခေါ်ကာ စားသောက်ထား သည်များကို ရှင်း၍ ကားသော့ကိုကိုင်ကာ သူမ သမီးလေး ၏လက်ကို ဆွဲ၍ ဆိုင်အပြင်သို့ထွက်သွား၏။ ကလေးမလေးသည် ကိုဘတိုးတို့စုံတွဲကို စပ်စုသလို သေချာစွာကြည့်၍ ပြုံးရယ်ပြသွားသည်။ ကိုဘတိုးနှင့် သူ့ ဇနီးမိုးမိုးလည်း ကလေးမလေးကို ပြန်လည်၍ ရယ်ပြမိ၏။

ကလေးမလေး၏အပြုံးတွင် သိသာထင်ရှားစေသည်က ပါးချိုင့်လေးခွက်ဝင်သွားအောင် ရယ်ပြုံးပြခြင်းပင်ဖြစ်သည် ဘတိုး ကားပွဲစားပီပီ ထိုသားအမိစီးသွားသည့် ကားအမျိုး အစားကို စပ်စုလိုက်သည်။ ကားက toyota wish အဖြူ ရောင်လေးဖြစ်သည်။ မိုးမိုးက.. ” ကလေးလေးက ချစ်စရာလေးနော် ကိုကြီး ” ” အင်းနော်..မိုးမိုး ၊ အဲ့လို သမီးမျိုးလေး ကိုကြီးကို မွေးပေးရမယ်နော်..ဟဲဟဲ..” ” ဟာ..ကိုကြီးနော်၊ ဘာတွေလာပြောနေတာလဲ ရှက်စရာကြီးကွာ..သွား..” ” ဟားဟား ဟား..မိုးမိုး ရှက်တာလေးက အရမ်းချစ်စရာ ကောင်းတာပဲကွာ ..အူယားလိုက်တာကိုပဲ..” ကိုဘတိုးက ပြောရင်း မိုးမိုးပါးလေးကို လိမ်ဆွဲလိုက်သည်။ မိုးမိုးက ခေါင်းကိုငုံ့ကာ ရှက်သွေးဖြာနေလေ၏။ °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

(၂) ကိုဘတိုးနှင့်မိုးမိုးတို့လည်း စားသောက်ပြီး ခရီးဆက်ခဲ့ ကြသည်။ ဒီလိုနဲ့ ကားကို ပုံမှန်မောင်းနှင်လာခဲ့ကြရာ ၁၁၅မိုင်ဂိတ်သို့.မရောက်မှီ လမ်းခုလတ်တွင်..မိုးကသည်း ထန်စွာရွာပါတော့သည်။ မိုးက စရွာကတည်းက တဝုန်းဝုန် နှင့် အားရပါးရရွာချနေလေသည်။ ကိုဘတိုး ကားကို ဂရုစိုက်မောင်းနှင်နေသည်။ ကားဝိုက်ဗာကို ဖွင့်ထားသော်လည်း မိုးကသည်းလွန်းသ ဖြင့်ရှေ့လမ်းပေါ်ကို သည်းကွဲစွာမမြင်ရတော့ပေ။ကိုဘတိုး သူ့၏ကားမီးရောင်ဖြင့် လမ်းဘေးတနေရာသို့ အန္တရာယ် ကင်းအောင် ဘေးချရပ်လိုက်သည်။ဘေးနားက မှေးလိုက် လာသော မိုးမိုးသည် ကားတုန့်ကနဲ့ ရပ်သွား၍ လန့်နိူးလာ သည်။

မိုးမိုးက ကားရပ်သည့် ပတ်ဝန်းကျင်ကို ကြည့်ကာ ” ကိုကြီး..ဘာဖြစ်လို့လဲ၊ ကားပျက်လို့လား ” ” မဟုပ်ဘူး မိုးမိုး၊ ကားမပျက်ဘူး၊ မိုးအရမ်းရွာနေတော့ ကားမီးရောင်နဲ့ လမ်းကို မမြင်ရတော့ဘူး၊ တော်နေကြာ.. ကားလမ်းချော်ပြီး..တခုခုဖြစ်မှာစိုးလို့ လမ်းဘေးခနရပ် လိုက်တာ..မိုးမိုးရေ..” မိုးမိုး အခုမှ ကားရှေ့မြင်ကွင်းကို သတိထားမိသည်။ ပတ်ဝန်းကျင်တစ်ခုလုံး ညဉ့်အမှောင်ကြောင့် ဘာမှမမြင်ရ သလို မိုးသံလေသံတွေဖြင့် ခြောက်ခြားသွားမိသည်။ တချက်တချက်ပြက်လိုက်သည့် လျှပ်ပန်းလျှပ်နွယ်တွေ ကြောင့် ဖြတ်ကနဲ့မြင်ရသည့် လမ်းဘေးမြင်ကွင်းမှာလည်း ကြောက်လန့်ခြောက်ခြားဖွယ်ဖြစ်နေလေ၏။

ဖျတ်ကနဲ့မြင်ကွင်းထဲ တွင် ၎င်းတို့ကားအနီးရှိ သစ်ပင်ခြောက်ကြီးမှ အကိုင်းအ လက်များသည် တစ္ဆေတစ်ကောင် အစာရှာထွက်လာသလို ခြေကားယား လက်ကားယားကြီးကဲ့သို့ပင် မြင်ယောင်မိ၏။ မိုးမိုး ကိုဘတိုးလက်မောင်းကို ကိုင်လှုပ်ကာ အားကိုးတကြီး ဖြင့်..ကြည့်ရင်း ” ကိုကြီး ..ဒီနားမရပ်ပဲ၊ အရှေ့နားရသလောက်သွားကြည့် ပါလား..၊ မိုးမိုးစိတ်ထဲ ဒီနား မသတီဘူး ကိုကြီး၊ တခုခုကို ကြောက်လန့်နေသလိုပဲ..” ကိုဘတိုး ဇနီးအသစ်စက်စက်လေး၏ စကားကို မငြင်းရက် ” အင်းပါ..အဲ့ဒါဆို ကိုကြီး ရသလောက် မောင်းကြည့်မယ် လေ၊ မြင်ကွင်းမကောင်းတော့ အန္တရာယ်များတယ် မိုးမိုးရဲ့” ကိုဘတိုး ကားကိုစက်နိူးလိုက်ကာ ထိုနေရာမှ ထွက်လာခဲ့ သည်။ မိုးက ရွာကောင်းဆဲပင်။ ကားမီးရောင်ဖြင့် လမ်းကို အတင်းဖြဲကြည့်ကာ မောင်းနေရာမှ .၁၅မိနစ်သာသာခန့်တွင် ဝုန်း..ဂျိမ်း..ဒလိမ်း…!!! (မိုးကြိုးပစ်သံ) မိုးကြိုးပစ်သံကြားရကာ..မိုးမိုး အတင်းပင် ကိုဘတိုးအား ဖက်ထားလေ၏။

ကိုဘတိုးလည်း မိုးပိုသည်းလာသဖြင့် ဆက်မမောင်းတော့ပဲ..ကားကို လမ်းဘေးသို့ချကာ ရပ် လိုက်ရလေသည်။ ” မိုးမိုးရေ..မိုးကအရမ်းသည်းနေတော့ လမ်းကို မမြင်ရ တော့ဘူးကွာ..ကိုကြီးတို့ဒီနား ခနနားမှကို ဖြစ်မယ်..” ကိုဘတိုးစကားကို ဒီတခါတော့ မိုးမိုးမပယ်ရှားတော့ပါ။ ဘာလို့လဲဆို ဆက်မောင်းမယ်ဆို လမ်းပျောက်ပြီး လမ်း ဘေးရှိတခုခုကို ဝင်တိုက်နိုင်သည်လေ။ ထို့ကြောင့် ကားကိုစက်မသတ်ပဲ နိူးထားကာ ထိုင်ခုံ နောက်မှီများကို လှန်ချလိုက်၏။ ပြီးတော့ ကိုဘတိုးလက် ကို အားကိုးတကြီးဆုပ်ကိုင်ထားကာ မျက်စိကို မှိတ်ထား လိုက်သည်။ကိုဘတိုးက သူ့ထိုင်ခုံမှ မိုးမိုးရှိရာသို့ ကူးလာ ပြီး မိုးမိုးကို ပွေ့ဖက်ထားလိုက်သည်။ ကြင်စဦးဇနီးမောင်နှံအဖို့ မင်္ဂလာဦးညကို မိုးသည်းထဲ မှ..ကားတစ်စီးပေါ်တွင် ဖြတ်သန်းရပေတော့မည်။

`တူနှစ်ကိုယ် တဲအိုပျက်မှာ နေရ နေရ´ စကားပုံက အခုတော့ ဖြင့် ကားငယ်လေးတစ်စီးပေါ် တွင် သူတို့ အတူနေရဖို့ ဖန်တီးလာခဲ့ပြီ။ မိုးက တဝေါဝေါနဲ့ အငြိုးတကြီးသွန်ချနေလေသည်။ ကားပေါ်ရှိလူသားနှစ်ဦးသည်လည်း..မိုးနှင့်အပြိုင် အနမ်းမိုးရွာသွန်ဖြိုးနေစဉ်…ထူးဆန်းစွာကားတံခါးဘေးမှန်ကို တဂျစ်ဂျစ်နဲ့ လာခြစ်နေသံကြားလိုက်ရသည်။ ဂျစ်..ဂျစ်..ဂျစ်..ဂျစ် ပထမဦးစွာ သတိဝင်လာသူက မိုးမိုးပင်၊ မိုးမိုးက ကိုဘတိုး ဖက်ထားသည်အား တွန်းဖယ်လိုက်ရင်း.. ” ကိုကြီး..ကြားလား..ဘာသံကြီးလဲ ” ကိုဘတိုးကတော့ ချစ်စိတ်တွေမွှန်နေသဖြင့် ထိုအသံကို မကြားပဲ ကားအောက်ပိုင်းကမြည်သည်ဟုထင်ကာ.. ” ရှော့ဘား မကောင်းလို့ အသံထွက်တာနေမှာပါ..မိုးရယ် ဘာမှ ကြောက်မနေနဲ့နော်..ကိုကြီးရှိတယ်..ဟီးဟီး ” “ဟီးဟီး လုပ်မနေနဲ့ ကိုကြီးရယ်၊ မိုးမိုးကြောက်တယ်လို့ မိုးလည်း တိတ်နေပီ ၊ ဒီနေရာက သွားရအောင်နော် ” ချစ်စိတ်မွှန်နေသည့် ကိုဘတိုးသည် ထိုအခါမှ ကားအပြင် ဘက်လှမ်းကြည့်လိုက်မိသည်။

မိုးက တိတ်သွားပြီ ဖြစ်၏။ ကိုဘတိုး ကားမှန်မှတဆင့် အပြင်ကို သတိထားကြည့်မိ သည့်အချိန်မှ..ကားမှန်ကို လက်ဖဝါးသေးသေးလေးတစ် စုံလာပုတ်ခြင်းကိုတွေ့လိုက်ရသည်။ ဗုန်း..ဗုန်း.. ကားမှန်ကို ဇွတ်အတင်းပုတ်နေသည့် လက်အစုံအကြား ဆံပင်စုပ်ဖွားနှင့် ဖြူရော်ရော် မျက်နှာသေးသေးလေးကို ကိုဘတိုးမြင်လိုက်ရသည်ဆိုရင်ပဲ… ” အောင်မလေးဗျ!..ဘာ…ဘာ…ဘာတုန်း..” ထိုအချိန် မိုးမိုးလည်း ထိုဖြူရော်ရော်မျက်နှာလေးကို မြင်လိုက်ရပြီး… ” အောင်မယ်လေး..သရဲ..သရဲ..ကိုကြီးလုပ်ပါဦး ” ဟုဆိုကာ ကိုဘတိုးအင်္ကျီအားအတင်းဆွဲထားလေတော့၏ မိုးမိုးက သရဲဟုအော်ခါမှ ဘတိုး ခေါင်းနပမ်းကြီးသွားသည် ကိုဘတိုး လှန်ချထားသော ကားထိုင်ခုံကို ပြာယိပြာယာ ပြန်တည့်မတ်ကာ ကြောက်လန့်တကြား ကားစက်ကို နိူးရန် သော့ကိုလှည့်လိုက်သည်။

ဂျီ..ဂျီ..ကလစ်..ကလစ်.. သော့ကိုသာ လှည့်ဖွင့်နေသည်။ စက်ကမနိူးတော့ချေ။ ဘတိုး အံသြ သွား၏။ အဘယ်ကြောင့်ဆိုသော် သူ ဤ နေရာတွင် ကားကိုရပ်ကတည်းက စက်နိူးထားသည်လေ။ အခုကျမှ ဘာကြောင့်စက်ကရပ်သွားသနည်း။ ပြီးတော့ အခု စက်နိူးတော့ ဘာကြောင့်မနိူးရတာလဲ။ ကားက မော်ဒယ်အမြင့် အင်္ဂျင်ကလည်းအကောင်းကြီးပါပေါ့။ ဘုတ်..ဘုတ်…ဘုတ် ” အောင်မယ်လေး…မြတ်စွါဘုရားကြီးကယ်ပါ ” သေးငယ်သောလက်ကလေးတစ်စုံသည် ကားအနောက် မှ အခုအခါ ရှေ့သိုလာပုတ်နေပြန်ပြီဖြစ်၏။ ဘတိုး ဘာ လုပ်ရမလဲ မသိတော့၊ မိုးမိုးကလည်း သူ့ကိုယ်ကွယ်ကာ ဇွတ်အတင်းမျက်စိမှိတ်ပြီး မောင်း မောင်း မြန်မြန်မောင်း ဟုသာ အော်နေ၏။ ဘတိုး အရဲစွန့်၍ ကားမှန်ကိုလာပုတ် သည့် လက်ပိုင်ရှင်ကိုထပ်ကြည့်လိုက်သည်။

ဂျိမ်း…ချလွမ်..ချလွမ်…( မိုးခြိမ်း၍လျှပ်စီးလက်သံ) လျှက်ပြက်လိုက်သော အလင်းရောင်ကြောင့် ဘတိုး ထိုလက်ပိုင်ရှင်ကို တွေ့လိုက်ပါပြီ။ ဘာဘီအရုပ်မလေးကို ကိုင်ထားသည့် ၈နှစ်သမီးကလေးတစ်ယောက်ဖြစ်နေ၏။ ဘတိုး..ပို၍ အံသြထိတ်လန့်သွားသည်။ ထို ကလေးမလေး သည် ဦးခေါင်းတွင် ဒဏ်ရာရထားပုံရသည်။ သွေးများရွှဲနေ လေ၏။ဘတိုး..မိုးမိုးအား.ဆွဲထူမလိုက်ပြီး.. ” မိုးမိုး..မိုးမိုး..အဲ့ဒါ သရဲမဟုတ်ဘူး..၊ ကလေးမလေး တစ်ယောက် မိုးမိုးရဲ့..၊ သူဘာဖြစ်လာလို့လဲမသိဘူး အကူညီ လာတောင်းနေပုံပဲ..ကြည့်လိုက်ပါဦး.မိုးမိုး ” ဘတိုး ပြောရင်းဖြင့် သူ့ဖုန်းမှ မီးကိုထွန်း၍ ကလေးမလေး ကို မီးထိုးပြလိုက်သည်။ ထိုအခါမှ မိုးမိုး သည် ကိုဘတိုး ပြရာသို့ လှမ်း၍ မရဲတရဲ ကြည့်လိုက်၏။ ” ဟင် ! အကို..အဲ့..အဲ့ဒါ ညီမတို့ ကော်ဖီဆိုင်မှာတွေ့ခဲ့တဲ့ အမျိုးသမီးရဲ့သမီးလေး” မှတ်ဉာဏ်ကောင်းသော မိုးမိုးပြောမှ ဘတိုးတစ်ယောက် ထိုကလေးမကို အသေချာကြည့်လိုက်သည်။

ဟုတ်ပေသား ပဲ သူတို့ ခုနက ယာဉ်ရပ်နားစခန်းမှာတွေ့ခဲ့သော သားအမိ မှ သမီးငယ်လေးဖြစ်နေသည်။ဘတိုး ကားတံခါးကိုဖွင့်၍ ထိုကလေး အနီးသို့သွားရန်ပြင်လိုက်သည်။ ဘတိုး၏ဇနီး မိုးမိုးလည်း ကားပေါ်မှဆင်းကာ ဘတိုးလက်မောင်းကို ဆုပ်ကိုင်၍ လိုက်လာသည်။ သို့သော် သူတို့ဆင်းလာမှ ကလေးမလေးသည် တစုံတရာကို စိုးရိမ်ပူပန်ဟန်ဖြင့် နောက်သို့ဆုတ်သွားပြီး ဘတိုးတို့ကားဦးတည်ထားသည့် လမ်းဆီသို့ လက်ညှိုးထိုးပြကာ..သွားခိုင်းနေသည်။ ဘတိုးနှင့်မိုးမိုးက ကလေးမလေး ဘာကိုဆိုလိုသည်ကို အဓိပ္ပါယ်မပေါက်ပဲ… ” သမီးလေး..ဘာဖြစ်လို့လဲ၊ သမီးရဲ့မေမေရော်.. သမီး..တစ်ယောက်ထဲ ဒီနားဘာလို့ကျန်ရတာလဲ.. ဦးဦး တို့ပြောလေ..ဘာကူညီရမလဲ..” ဘတိုး ပြောလိုက်မှ..ကလေးမလေးသည် မျက်ရည်များ ကျလာပြီး ဘတိုးဆီပြေးလာကာ ဘတိုးလက်ကိုဆွဲခေါ်၏။ ရေခဲတမျှ အေးစက်နေသော အထိအတွေ့ကြောင့် ဘတိုး ကြက်သီးမွှေးညှင်းများထကာ လန့်သွား၏။

ကလေးမလေးက ဘတိုးကို ဘာမှမပြောပဲ ကားပေါ် တက်စေသည်။ ပြီးတော့ သူမက ဘတိုးနံဘေးက ထိုင်ခုံ တွင်ဝင်ထိုင်ပြီး မိုးမိုးကတော့ ကားနောက်ခန်းတွင် ဝင်ထိုင်လိုက်ရသည်။ ထို့နောက် ကားကို မောင်းခိုင်းသည် ဘတိုး ကားကို စက်နှိုးလိုက်သည်။ အံသြဖွယ်ပင်၊ ခုနက နှိုးမရသည့်ကား ချက်ချင်းစက်နှိုးသွား၏။ ကလေးမလေး လက်ညှိုးညွှန်ရာသို့ ဘတိုး ကားကို မောင်းခဲ့လိုက်သည်။ °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

(၃) ဘတိုးတို့ကားလေးသည် မိုင်တိုင်အမှတ်အသား ၁၀ခု လောက်ကိုကျော်ခဲ့ပြီး ညာဘက်သို့ တရှိန်ထိုးကွေ့လျှင် အန္တရာယ်ဖြစ်နိုင်သည့် အကွေ့ကြီးတခုသို့ ရောက်လာ ခဲ့သည်။ ထိုနေရာ ရောက်လျှင် ဘေးနားထိုင်လိုက်လာသော ကလေးမလေးမှာ ဂဏှာမငြိမ်ဖြစ်လာပြီး ထိုကွေ့အလွန်က ခပ်တိမ်တိမ် မြေသားအနိမ့်ကို လက်ညှိုးထိုးပြနေသည်။ ဘတိုး ကားကို ထိုနေရာသို့ ခေါင်းတည်၍ ရှေ့ကားမီး ကြီးထိုးကြည့်လိုက်သည်။ အကွေ့တွင် ကာရံထားသည့် အန္တရာယ်အမှတ်အသားတုံးများ ကျိုးကြေလျှက်ရှိပြီး မြေသားအနိမ့်၏တစ်နေရာတွင် ကားတစ်စီး ပက်လက် လန်နေ၏။

အကွေ့ကို အရှိန်မထိမ်းပဲ မောင်းနှင်ရာမှ လမ်းဘေးသို့ ထိုးကျသွားပုံရသည်။ မှောက်နေသည့်ကားလေးကို အသေချာကြည့်သည့် အခါ ယာဉ်ရပ်နားကွင်းတွင် ခေတ္တဆုံခဲ့သည့် သားအမိ နှစ်ယောက် မောင်းထွက်သွားသည့် Toyota Wish ကားအဖြူလေးဖြစ်နေသည်။ ဘတိုး သူ၏ကားကို လမ်းဘေး အန္တရာယ်ကင်းမည့် နေရာရောက်အောင် မောင်း၍ ရပ်လိုက်သည်။ ဘတိုးနှင့် မိုးမိုးသည် ပါလာသည့် ဖုန်းများမှ မီးကိုဖွင့်၍ မှောက်နေ သောကားမှ အမျိုးသမီးကို ကယ်ရန် ထိုမြေနိမ့်လေးသို့ အလျှင်အမြန် ဆင်းသွားလိုက်သည်။ မှောက်နေသည့်ကားထဲတွင်..ယာဉ်မောင်းသူ အမျိုးသ မီးမှာ ထိုင်ခုံနှင့်ခါးပတ်နှင့်တွဲလျှက် ဒဏ်ရာအနည်းငယ်ရ ကာ သတိလစ်မေ့မျောနေသည်ကို ဦးစွာတွေ့လိုက်ရသည် ထို အမျိုးသမီးကို ဘတိုး ထိုင်ခုံခါးပတ်ဖြုတ်၍ ခက်ရာခက် ဆစ် ကားအပြင်သို့ထုတ်ယူလိုက်သည်။

အမျိုးသမီးသည် ကားအပြင်သို့ရောက်သောအခါ သတိရလာဟန်ဖြင့် ငြီးငြူသံထွက်ပေါ်လာ၏။အမျိုးသမီး ပါးစပ်မှ အသံကြားရရုံမျှ ခပ်မျှင်းမျှင်း အသံလေးထွက်ပေါ် လာသည်။ ” အား ကျွတ်ကျွတ်..သမီးလေး..သမီး..သမီး..” မိုးမိုး သူမတို့၏ ကားဆီသို့ပြေးကာ ရေသန့်ဗူးပြေးယူ လိုက်သည်။ ရေသန့်ဗူး ယူရင်း မိုးမိုး တစုံတခုကို သတိရ သွားသည်။ အဲ့ဒါကတော့ ကလေးမလေး ပေါ့ ။ ကလေးမလေး..ဘယ်ပျောက်သွားပါလိမ့်..!!!! မိုးမိုး အနီးနားတဝိုက်ကို ဖုန်းမီးရောင်ဖြင့် လိုက်လံကြည့် မိသည်။ ထို ၈နစ်အရွယ် ကလေးမလေးမှာ ပျောက်ခြင်း မလှ ပျောက်ဆုံးနေ၏။မိုးမိုး ကြာကြာတွေးတောချိန်မရ ဘတိုးက ” မိုးမိုးရေ..မြန်မြန် ” ဟုခေါ်နေသောကြောင့်ပင်။ မိုးမိုးဆီမှ ရေယူ၍ ဒဏ်ရာရထားသည် အမျိုးသမီး၏ မျက်နှာကို ရေတောက်ပေးခြင်း၊ ပွင့်ဟလာသော ထိုအ မျိုးသမီး၏ ပါးစပ်ထဲသို့ ရေအစက်ချပေးခြင်းများပြုလုပ် ပေးလိုက်ရာ အမျိုးသမီးသည် သတိပြန်ရလာ၏။

သတိရလျှင် ရခြင်းပင် ကားဆီသို့ လက်ညှိုးထိုးပြီး .. ” သမီး..သမီးလေး..ကားထဲမှာ..အမြန်ကယ်ပေးပါ ” ဟင်..သမီးလေးဆိုမှ ဘတိုး သူတို့နဲ့အတူပါလာသော ကလေးမလေးကို သတိရသွားသည်။ ဘတိုးက ရေဗူး ယူရာမှပြန်လာသည့် မိုးမိုးကို ကြည့်၍ ကလေးရော ဘယ်မှာလဲဟု မေးရာ..မိုးမိုးက မရှိတော့ဘူးအကိုဟု ဖြေ၏။ ဘတိုး တစုံတခုကို သိလိုဟန်ဖြင့် သူပွေ့ထားသော အမျိုးသမီးကို မိုးမိုးကိုလွှဲပေးကာ မှောက်နေသည့် ကား ဆီသို့ ဒရောသောပါး ပြေးသွားလိုက်သည်။ ကားဆီရောက်သောအခါ ကား၏နောက်ခန်းကို ဖုန်းမီးရောင်ဖြင့် သေချာထိုးကြည့်လိုက်သည်။ ဘတိုး အံသြသွားသည်။

ပြီးတော့ ချက်ချင်းပင် ဝမ်းနည်းပူ ဆွေးစွာ ခံစားလိုက်ရသည်။ ဘတိုး မြေပေါ်သို့ ထိုင်ချ လိုက်သည်။ မိုးမိုးပေါင်ပေါ်မှ အမျိုးသမီးက လှမ်းအော် မေးသည်။ ” ကျမသမီးလေး..ဘာဖြစ်သွားလဲရှင်..သမီးလေးကို အပြင်ထုတ်ပေးပါ..” ဘတိုး အဖြေပြန်မပေးနိုင်ပါ။ ဘာကြောင့်ဆို ကား နောက်ခန်းထဲက သမီးလေးမှာ ခါးပတ်ပတ်ထားခြင်းမရှိ ၍ ကားမှောက်သည့်အရှိန်ဖြင့် ထိုင်ခုံဖြင့်ညပ်ကာ သေဆုံးနေပြီ ဖြစ်သည်။ ဘတိုး..ထိုင်ရာမှ ထလိုက်သည်။

ပြီးတော့ သူ့ဖုန်းကို ထုတ်ကာ ကုန်းမြင့်သည့်တနေရာသို့ သွား၍ အမြန်လမ်းရဲတပ်ဖွဲ့အား အကူညီတောင်းခံလိုက် ခြင်းဖြစ်လေသည်။ အမျိုးသမီးသည် အခြေအနေကို ရိပ်စားမိသွားပုံရ လေသည်။ ချုံးပွဲချ ရှိုက်ကာငိုနေလေတော့သည်။ ” ငါ့ကြောင့်..ငါ့ကြောင့်..ဖြစ်ရတာ၊ သမီးရေ… မေမေ..ဘယ်လိုဖြေသိမ့်ရမလဲကွယ်. သမီးရေ..သမီးရဲ့” ပြောလည်းပြော သူမရင်ကို ယူကြုံးမရ ထုရိုက်ကာ ငိုနေသည့် အမျိုးသမီးသည်… ” ကျမသာ ညတွင်းချင်း ဒေါသနဲ့ သူ့အဖေနောက် လိုက်မ လာခဲ့ရင်..ဒီလိုဖြစ်မှာ မဟုတ်ပါဘူးရှင် ” ” သူ့အဖေ..နေပြည်တော်မှာလေ၊ ပြန်လာမယ့်ရက် လွန်လာလို့ ဖုန်းဆက်ရန်ဖြစ်ရာက စိတ်မထိမ်းနိုင်ပဲ သံသယတွေကြီးပြီး နေပြည်တော်ကို လိုက်လာရာက ဖုန်းနဲ့ရန်ဖြစ် ဒေါသနဲ့ ကားကို အမြန်မောင်းမိရာက အခုလို ဖြစ်ရတာပါရှင်..အခုတော့ ဘာမှမသိနားမလည် သေးတဲ့ ကလေးက ကြားကတန်ဆာခံဖြစ်သွားရပြီလေ.. သနားစရာ..သမီးလေးရယ်..မေမေ့ကြောင့်ပါကွယ်..” ” သူအိပ်ချင် အိပ်ရအောင် ဆော့ချင်ဆော့ရအောင်ဆို ကားနောက်ခန်းကို ပြောင်းပေးလိုက်မိတယ်၊ လင်စိတ် မွှန်နေမိတဲ့ ကျမက သမီးကို ခါးပတ်ပတ်ပေးဖို့လည်း မေ့နေမိတယ်..ကျမ အပြစ်ကြည့်ပါပဲ..ရှင် ” ပီးပေါ်..ပီးပေါ်..ပီးပေါ် အမြန်လမ်းရဲတပ်ဖွဲ့ကားနှင့် လူနာတင်ယာဉ် ရောက် လာပြီဖြစ်သည်။

ကားမှောက်သည့်ဒဏ်ကြောင့် ခြေ ထောက် ထိခိုက်ထားသည့် အမျိုးသမီးကို လူနာတင် ထမ်းစင်ပေါ်သို့တင်ခေါ်သွားကြသည်။ သူမသည်လည်း ဒဏ်ရာကြောင့် သွေးများရွှဲနေသည်။ အကယ်၍သာ ဘတိုးတို့ အချိန်မှီ ရောက်မလာပါက သူမလည်း သွေးထွက်လွန်၍ အသက်ဆုံးရှုံးရနိုင်သည်။ အမြန်လမ်းရဲတပ်ဖွဲ့ဝင်များသည် သေဆုံးသွားသည့် ကလေးမလေးကို ညပ်နေသည့်ထိုင်ခုံကြားမှာ လွှစက်များ အသုံးပြု၍ ထိုင်ခုံကို ဖြတ်တောက်ကာ ထုတ်ယူရသည်။

တာဝန်ကျရဲအရာရှိက ကျေးဇူးတင်ကြောင်း ပြောကာ သူသိလိုသည့်အချက်များကို မေးမြန်း၍ ဘတိုး ဖြစ် ကြောင်းအမှန်ပြောပြသည်။ ရဲအရာရှိက ခရီးဆက်လို့ ရပါပြီဟု ဘတိုးတို့လင်မယားကို ပြောမှ ဘတိုးနှင့်မိုးမိုး သည် မန္တလေးမြို့သို့ ခရီးဆက်ရန် သူတို့ကားလေးဆီ သို့ သွားကာ မောင်းထွက်မည်အပြုတွင်..ဘတိုးတို့ ကား လေးနှင့် မလှမ်းမကမ်းမှာ ဘာဘီအရုပ်လေးကိုင်ထား သည့် သမီးငယ်လေးသည် ဘတိုးတို့ကို လက်ပြနုတ် ဆက်နေသည်ကို တွေ့လိုက်ရသည်။ ထိုကလေးမလေးကို ဘတိုးရော မိုးမိုးပါ ကောင်းစွာ မြင်တွေ့လိုက်ရပါသည်။ မိုးမိုးက စိတ်မကောင်းစွာ လက်ပြန်ပြတော့ ကလေးမလေးက သူမ၏ ပါးပြင်မှ ပါးချိုင့်လေးများခွက်ဝင်အောင်ပြုံးပြနေရှာပါသည်။ သူမသာ စကားပြော၍ ရခဲ့မည်ဆိုခဲ့လျှင်… ” မေမေ့ကိုအသက်ကယ်ပေးတာ ကျေးဇူးပါရှင် ” ဟုများ မိုးမိုးနှင့်ဘတိုးတို့ ကြားရမည်လားမသိချေ။ ထိုယာဉ်တိမ်းမှောက်သည့်နေရာရှိ မြက်ခင်းတစ်နေ ရာတွင်..သွေးစများလိမ်းကျံနေသည့် ဘာဘီအရုပ်လေး များ စာဖတ်သူတွေ့ခဲ့မယ်ဆိုရင်…သမီးလေးကို အမျှဝေ ပေးဖို့ မမေ့လိုက်ပါနဲ့လို့…

ပြီးပါပြီ

Be the first to comment

Leave a Reply

Your email address will not be published.


*