
အောင်မြတ်သာနှင့်မြောက်နန်းရွှေကိုယ်လေးအရုပ်
အောင်မြတ်သာနှင့်မြောက်နန်းရွှေကိုယ်လေးအရုပ် ကညင်တိုင်ဆီမီးတွေ ထိန်လင်းအောင်ထွန်းထားတဲ့ နန်းရင်ပြင်ထက်မှာတော့ ဓါးကိုင်လှံကိုင်အစောင့်ရဲမက်တွေ ခြေကျင်းလိမ်မျှ လှုပ်ရှားသွားလာနေခဲ့ကြတယ်။ ဒီလိုအစောင့်အကြပ်ထူထပ်လှတဲ့ နန်းတော်ဧရိယာထဲမှာတော့ မျက်လုံးနှစ်လုံးကိုသာ ပေါ်အောင်လှပ်ထားတဲ့ လူတစ်ယောက်က လျှင်မြန်တဲ့လှုပ်ရှားမှုမျိုးနဲ့ အမှောင်ထဲကနေ ရွေ့လျားသွားလာနေခဲ့တယ်။ ” တုံ တုံ တုံ…” ကင်းလဲချိန်အချက်ပေးအသံကြောင့် အစောင့်ရဲမက်တွေအချိန်းအပြောင်းလုပ်နေခဲ့ချိန်အတွင်း ၀တ်စုံအနက်ရောင်၀တ်ဆင်ထားတဲ့ လူက ကြောင်တစ်ကောင်လို ပေါ့ပါးသွက်လက်စွာဖြင့် […]