
ခွင့်လွှတ်ပါအမေ(စ/ဆုံး)
မြို့ထဲလမ်းမထက် ကားလေးသည် တစ်ရွေ့ရွေ့မောင်းနှင်လျှက် ရှိသည်။ “…သားကြီး..” အနောက်ခန်းထဲမှာ အမေ့ရဲ့ ခေါ်သံကြောင့် ကျွန်တော် ကြည့်မှန်မှတစ်ဆင့် လှမ်းကြည့်ခါ။ “…ဗျာ….အမေ…” အမေက တစ်ခုခုကို သိနေသောဟန် ရှိသော်လဲ အပြုံးမပျက်ပဲ။ “…မြေးလေးတွေကို….ဂရုစိုက်နော်သေား…” “…ဟုတ်ကဲ့…..အမေ…” “…နောက်ပြီးတော့…သားကြီးလဲဂရုစိုက်.. သားကြီးရဲ့….ပန်းနာရင်ကြပ်ပျောက်ဆေးတွေ…ကုတင်ခေါင်းရင်းက…..အိတ်ထဲမှာ…အမေ…ထည့်ထားခဲ့တယ်…ပြီးတော့….အမေတရားစခန်းက….ပြန်လာရင်…..သားကြီးလာကြိုနော်..” အမေရဲ့ တစ်ဖွဖွမှာသံတွေကို ကျွန်တော် ကြားရနေရပေမယ့် အတွေးတို့က မနေ့က “မိုးမမ” ပြောသော စကားကိုများကိုသာ အကြိမ်ကြိမ် ကြားယောင်နေမိသည်။
“…ကိုညီ…ကိုညီ…” ရုတ်တရက် အခန်းတံခါးဝမှ ဇနီးဖြစ်သူ မိုးမမ၏ ခေါ်သံကြောင့် ကျွန်တော် တီဗွီကြည့်နေရင်း လှမ်းထူးလိုက်သည်။ “…ဟေ….ဘာတုန်း….မိန်းမရဲ့..” ကျွန်တော်ကို လက်ဟန်ခြေဟန်ဖြင့် လှမ်းခေါ်တော့ တီဗွီအတူထိုင်ကြည့်သော အမေနှင့် ကလေးနှစ်ယောက်ကို ထားခဲ့ကာ သူမခေါ်ရာသို့ ထသွားလိုက်သည် အခန်းထဲသို့ရောက်တော့ ကုတင်ပေါ် အတူထိုင်လိုက်ကြပြီး သူမ ကျွန်တော်ဘေးနားသို့ ကပ်ခါ။ “…ကိုညီ….ကိုညီရဲ့အမေကို….မိန်းမတို့လက်ခံပြီး…စောင့်ရှောက်ထားတာလဲ…ကြာပြီ…သူလဲပြင်းနေရောပေါ့..” ကျွန်တော် သူမ ဘာပြောချင်လဲဆိုတာ အခုထိ နားမလည်သေးပါ ဒါကြောင့် ကျွန်တော် လိုရင်းကိုပဲ မေးလိုက်လေသည်။ “…အဲ့ဒီတော့….ဘာဖြစ်လို့လဲမိန်းမ…” သူမ အသံတိုးတိုးဖြင့် အနားကပ်ခါ ပြောလာသည့် စကားက။
“..ကိုညီအမေကို…တရားစခန်းဝင်စေချင်လို့..” “…ဟင်…” မိန်းမဖြစ်သူ၏ စကားကြောင့် ကျွန်တော် ရုတ်တရက်အံ့သြမင်သက်ခါ သူမအား သေခြာကြည့်နေမိသည်။ “..ဟုတ်တယ်…ကိုညီရဲ့…အမေလဲ…တရားဓမ္မနဲ့….နေချင်ဦးမှာပေါ့….နော်….တော်ကြာ….ကျွန်မတို့ကို…..အားနာလို့….ဝင်ချင်ပါလျှက်နဲ့….မဝင်ရပဲ…ဖြစ်နေမှာ…စိုးလို့ပါ..” ကျွန်တော် သူမရဲ့ အကြံစည်ကို မသိသေးပါ ထို့ကြောင့် အနည်းငယ် စဥ်းစားလိုက်ပြီးနောက်။ “…နေပါဦးမိန်းမရဲ့….အမေက…တရားစခန်းကို…ဘယ်မှာ….ဝင်ရမှာလဲ..” ကျွန်တော်ပြောတော့ သူမ အပြုံး ချိုချိုလေး ဖြင့်။ “အေးမြရိပ်သာ….မှာလေ…..” အေးမြရိပ်သာ ဆိုသည်မှာ မြို့အစွန်ဘက်ကြပြီးသက်ကြီးရွယ်အိုများကို စောင့်ရှောက်သော ဘိုးဖွားရိပ်သာတစ်ခုပင် ဖြစ်လေသည် ဒါကိုသိနေသော ကျွန်တော်က။
“…မိန်းမ….အဲ့ဒါ….ဘိုးဘွားရိပ်သာ….မဟုတ်လား….” သူမမျက်နှာ တစ်ချက်ပျက်သွားပြီးမှ ပြာပြာသလဲဖြင့်။ .”.သြော်….ကိုညီကလဲ….ဘိုးဖွားရိပ်သာဆိုပေမယ့်…သပ်သပ်ရပ်ရပ်….ရှိပါတယ်…နောက်ပြီး…. ..မကြာခဏ…..တရားစခန်းပွဲတွေလဲ….ရှိတယ်လေ..” ကျွန်တော် ဘာပြန်ပြောရမှန်း မသိတော့ပါ မိုးမမက အမေ့ကို ဘိုးဖွားရိပ်သာပို့ဖို့ ပြောနေလေပြီ မပို့ဘူးလို့ ငြင်းပြန်ရင်လဲ မိုးမမအကြောင်း ကျွန်တော် ကောင်းကောင်းသိသည်။
ကျွန်တော်မရှိခင် အမေ့ကိုပြသနာရှာမှာ ကြိမ်းသေပါပဲ နောက်ဆုံးတော့ သူပေးတဲ့အကြံကို လက်ခံလိုက်မိသည်။ ထိုနေ့ည အမေ့ကို အဲ့ဒီအကြောင်းပြောတော့ အမေ့မျက်နှာလေး ငြိုးငယ်သွားပြီး ခဏကြာမှ အပြုံးတို့ဖြင့် ခေါင်းညိတ်ခါ မနက်သူသွားဖို့ အဝတ်အစားများ ထည့့်နေလေပြီ အသက်၆၀ကျော် အမေ့အတွက် ကျွန်တော် ဂရုစိုက်ပြီး ကြင်နာရကောင်းမှန်း မသိခဲ့ပါမနက်က သွားခါနီးကြတော့ သူမြေးနှစ်ယောက်ကို သိုင်းဖက်ခါ တစ်ဖက်လှည့်ရင်း မျက်ရည် ကျနေတာကို ကျွန်တော် ကောင်းစွာ မြင်နေရပါတယ် ရင်ထဲမှာ ဆို့နင့်နေသလို ခံစားရပါသည်။ “..သားကြီး….သားကြီး..” အမေကားနောက်ခန်းမှ ခေါ်သံကြောင့် ကျွန်တော်ရဲ့ အတွေးစတို့ကို ရုပ်သိမ်းခါ လှည့်ကြည့်လိုက်တော့။ “ရှေ့နားဆို….ရောက်ပြီးလေသားကြီးရဲ့….အမေ့ကို… ဒီနားမှာပဲ…..ချထားခဲ့တော့..” ကျွန်တော် ကြည့်လိုက်တော့ ရှေ့နားကနေ ကွေ့ဝင်တာနဲ့ အေးမြရိပ်သာ ဘိုးဖွားရိပ်သာသို့ ရောက်ပြီဖြစ်၏။
ထို့ကြောင့် ပို့လက်စနဲ့ မထူးပါဘူး အထဲထိရောက်တဲ့အထိပဲ လိုက်ပို့ဖို့ ဆုံးဖြတ်ရင်း။ “…ရပါတယ်…အမေရဲ့….ကျွန်တော်….အထဲရောက်တဲ့…အထိ…လိုက်ပို့ပေးပါ့မယ်…” ကျွန်တော် ထိုသို့ပြောတော့ အမေကပြုံးလျှက်။ “…နေပါစေသားကြီး….အမေဒီနားကပဲ…ဆင်းနေခဲ့ပါ့မယ်…..အထဲဝင်သွားရင်….ငါ့သားကို..လူတွေ…အထင်သေးမှာ….စိုးလို့ပါကွယ်..” “….သြော်…..အမေရယ်….” ကိုယ့်ကို အိမ်မှာ မထားချင်တော့လို့ ဘိုးဖွားရိပ်သာလာပို့တဲ့ သားမိုက်အတွက် လူအထင်သေးမှာ စိုးရိမ်နေတဲ့အမေ သူ့အထုပ်လေးဆွဲလျှက် ကားတံခါးဖွင့်ကာ ဆင်းပြီး မှန်တံခါးနားမှ ကျွန်တော်အား မှာစရာရှိသည်များ မှာကြားလေသည် “….သားကြီး….မြေးမလေးကို….ထမင်းကျွေးရင်…ငါးဟင်းနဲ့ဆို…သေချာအရိုးဖယ်ကျွေးနော်…မြေးမလေးက….ငါးဟင်းနဲ့စားရင်….အရိုးစူးတတ်တယ်…..နောက်ပြီးတော့….သားကို….အမေပေးစရာ..ရှိတယ်” ထိုသို့ပြောပြီး အမေသူ့အိပ်လေးထဲမှ တစ်စုံတစ်ခုကိုထုတ်ခါ ကျွန်တော်အား ကမ်းပေးလာသည်။
ကျွန်တော် သေခြာကြည့်တော့ နားကပ်လေး တစ်ရံပါ။ “…မင်းအဖေ…..အမေ့ကိုပေးခဲ့တာ…သားမိန်းမ အတွက်….အမေက….လက်ဆင့်ပြန်ကမ်းတာပါ…အမေ့အတွက်…ဒါတွေမလိုတော့ပါဘူး…” ကျွန်တော်အား ကျောခိုင်းလျှက် အမေထွက်သွားသည်ကိုကြည့်ရင်း ကျွန်တော်ရင်ထဲ ဆို့တတ်လာသည် လက်ထဲမှ ကိုင်ထားသော နားကပ်ဘူးလေးကို အိပ်ထဲထည့်ရင်း ကားကိုနောက်ပြန်လှည့်ခါ မောင်းထွက်ခဲ့တော့သည် ။ကျွန်တော် အခုချိန်ထိ မိုက်မဲမိနေတုန်းပါပဲ အပြန်လမ်း၌ ကျွန်တော်စိတ်ထဲ ဝမ်းနည်းနေမိပါသည်။ အမေ့ကို ရိပ်သာပို့ပြီး သုံးရက်ခန့် ကြာသော် ကျွန်တော် နေထိုင်ရာ ရက်ကွက်သည် ဆင်ခြေဖုံး ရပ်ကွက်လေးမို့ လမ်းအနည်းငယ် ကျဥ်းမြောင်းနေ၏ ရှေ့မှ သွားနေသော ကားရဲ့အနောက်မှ ကျွန်တော် ကပ်လိုက်လာရင်း မိုးကတစ်ဖွဲဖွဲ ရွာတော့သည်။
“..ဟာ…..သွားပါပြီ…” ကျွန်တော်အရှေ့မှ သွားနေသော ကားသည် လမ်း၏ ဘေးနားအစပ်မှ ကြက်ကလေးများနဲ့ ကြက်မကြီးအား ကြိတ်မိသွားခြင်း ဖြစ်၏ အနည်းငယ်ဆိုပေမယ့် ကြက်မကြီး အကြောဆွဲနေလေပြီ တိုက်မိသောကားမှာ အရှိန်ဖြင့် မောင်းထွက်သွားပြီမို့ ကျွန်တော်ကားကို ခဏရပ်ခါ ကြည့်လိုက်မိသည် ကျွန်တော်မြင်နေရတဲ့ မြင်ကွင်းက ကျွန်တော်ရင်ထဲကို လောင်မြိုက် စေပါတော့သည် ။ မြင်လိုက်ရသည့် မြင်ကွင်းကတော့ မိုးစက်မိုးပေါက်တို့ကြား သွေးအလိမ့်လိမ့်ဖြင့် မိမိမှာ နာကျင်ခံစား နေရပါသော်လဲသူ၏ သားသမီးများကို တောင်ပံများ ဖြန့်ကျက်လျှက် တောင်ပံအောက်သို့ သွတ်သွင်းကာ ရွာနေသော မိုးစက်များကို တောင်ပံများဖြင့် အုပ်မိုးထားရင်း တစ်ဖြေးဖြေး ငြိမ်သက်သွားခြင်းပင် ဖြစ်လေသည်။
ကြည့်ရင်းနဲ့ ကျွန်တော် တစ်ခုခုကို သတိရသွားကာ ဝဲတတ်လာတဲ့ မျက်ရည်တို့ကို မထိန်းချုပ်ထားနိုင်တော့ပါ။ “…အမေ…..ဟုတ်တယ်….အမေ….” ကျွန်တော်ကားကို ပြန်လှည့်ကာ အရှိန်ဖြင့် မောင်းနေသည့် နေရာသည် အေးမြရိပ် ဘိုးဖွားရိပ်သာသို့ပင် ဖြစ်လေတော့သည် ဟိုရောက်တော့ တာဝန်ကြ လုံခြုံရေး ဦးလေးကို အမေ့နာမည်ပြောပြီး တွေ့ခွင့်တောင်းတော့ သိပ်မကြာပါ အမေထွက်လာပါသည်။ ထမီခပ်နွမ်းနွမ်းနှင့် ရင်ဖုံးအင်္ကျီပါးပါးနဲ့ ကျွန်တော်ရဲ့အမေ မျက်နှာမှာ အဖိုးမဖြတ်နိုင်သော အပြုံးတို့ဖြင့်။ “…အမေ….အမေ့…” အမေ့အနားသို့ ပြေးသွားပြီး ခြေအစုံကိုဖက်ခါ ကျွန်တော်မျက်ရည်တို့က အမေ့ခြေဖဝါးအပေါ်သို့တစ်ပေါက်ပေါက်ကြလျှက်။ “….အမေ….ကျွန်…..ကျွန်တော်ကို…ခွင့်လွှတ်ပါ…အမေရယ်…မိန်းမအလိုကြ….အမေ့ကျေးဇူးတရားကို…မမြင်…ဘိုးဖွားရိပ်သာ…ပို့ခဲ့မိတဲ့.. ကျွန်တော်ကို…အမေ…ခွင့်လွှတ်ပေးပါဗျာ..” ကျွန်တော်ရဲ့ ဦးခေါင်းမှ ဆံပင်များကို လက်နှင့် ကလေးတစ်ယောက်သဖွယ် ပွတ်သပ်ပေးနေသောအမေက။
“…ထ….ထတော့ငါ့သား….မငိုနဲ့တော့….အမေက…အမေ့သားကို….ခွင့်လွှတ်ပြီးသားပါ….သားတို့တွေ…အမေ့ကို….ဒီကိုပို့မယ်ဆိုတာ….အမေသိပါတယ်…….ဒါပေမယ့်….အမေကြောင့်….ငါ့သားတို့ရဲ့….အိမ်ထောင်ရေး…..မပျက်စီးစေချင်ပါဘူးကွယ်….အခုဒီမှာ…အမေလဲပျော်ပါတယ်….ငါ့သားပြန်တော့နော်…” ကျွန်တော် လူးလဲထလိုက်ပြီးတော့ “….ပြန်လိုက်ခဲ့ပါအမေရယ်….ကျွန်တော်အမေ့ကို…ဘုရားတစ်ဆူလို…ကိုးကွယ်….စောင့်ရှောက်ပါ့မယ်…နော်…” အမေက ပြုံးလျှက်ပင်။
…နေပါစေတော့…ငါ့သား….အမေလဲ….တရားဓမ္မနဲ့….နေချင်ပြီကွယ်….ဒါ့ကြောင့်….အမေပြန်မလိုက်တော့ပါဘူး….အမေ့ကိုသတိရရင်…သားကြီး…လာတွေ့ပေါ့…” ထိုနေ့က ကျွန်တော် ဘယ်လိုပင်ခေါ်ခေါ် အမေပြန်မလိုက်တော့ပါ ကျွန်တော်သိနေပါသည် အမေတစ်ယောက် ကျွန်တော် အိမ်ထောင်ရေး ပျက်စီးမှာ စိုးတဲ့စိတ်ကြောင့် ပြန်မလိုက်တော့ခြင်းဆိုတာ မိန်းမကို အကျိုးအကြောင်းပြောမယ် ပြောမရရင်လဲ ကွဲပေါ့ဆိုတော့လဲ အမေက လုံးဝလက်မခံပါ ဒီလိုနဲ့ အမေပျော်သလောက် နေပြီးရင် ပြန်လာခဲ့ပါ့မယ်ဆိုလို့ ကျွန်တော် ပြန်ခဲ့ရတော့သည် သေချာပါသည် ကျွန်တော် ပြန်တာနဲ့ အမေငိုနေမှာ အိမ်ပြန်လမ်းမှာတော့ အမေပြန်ပါမလာတော့ချေ။ လောကအလယ် ချစ်ကြိုးသွယ်တော့ အရင်ဆုံး ကိုယ့်ကို ချစ်ခဲ့ရတာက အမေ….။
မသိသမျှ မတတ်သမျှအားလုံးကို သင်ကြားပေး သင်ယူစေခဲ့တာ အမေ…..။ လူလားမမြောက်ခင် အရွယ်ထဲက အမေ့ရင်ကို ခြေစုံကန်တော့ ငါ့သားလေးက အမေ့ကိုကျီစားတယ်ထင်ပြီး ပြုံးပျော်နေခဲ့ရတာလဲ အမေ…။ အမှားတွေသာ များလာခဲ့သမျှ တစ်ခုမကျန်အောင် ခွင့်လွှတ်ပေးနိုင်တာလဲ အမေပါပဲ။…..
ပြီးပါပြီ လေလွင့်လူ(တွံတေး)၁၃.၉.၂၀၂၂
Leave a Reply