မကောင်းဆိုးဝါးကပ်နေသောအရုပ်(စ-ဆုံး)
ကျုပ်သူငယ်ချင်း ဇော်မိုးက ဧရာ၀တီတိုင်းက သရက်ချောင်းရွာသူ မချိုမြင့်ဆိုသူနဲ့ အိမ်ထောင် ကျနေတာ ရွာကိုတောင် တစ်နှစ် တစ်ခေါက်မှသာ လာလည်နိုင်တယ် ဒီကောင်နဲ့ ကျုပ်နဲ့က ငယ်ပေါင်းတွေ သူက ကျုပ်ကိုတော့ သံယောဇဉ် မတရားကြီးတာ” သူ ရွာရောက်တာနဲ့ ကျုပ်ဆီကို ပြေးလာတော့တာပဲ သူတို့မိသားစုမှာ ရန်နိုင်ဆိုတဲ့သားလေးတစ်ဦးပါ ထွန်းကားနေပြီ သူ့ကလေးက လေးနှစ်အရွယ်ရှိပြီ စကားမပီကာလာလေးနဲ့ ကျုပ်ကို ဦးဦးဆိုပြီး မုန့်ဖိုးညာတောင်းတက် နေပြီ ကျုပ်က လူပျိုကြီးဆိုပေမဲ့ ကလေးတွေတော့ လွတ်ချစ်တက်တယ် ရွာမှာရှိတဲ့ကလေးတွေဆိုလဲ အားတာနဲ့ ကျုပ်တို့အိမ်လာပြီး ကျုပ်ကြုံခဲ့တဲ့သရဲအကြောင်းတွေ ပုံပြင်တွေ လာလာပြောခိုင်းကျတယ် ကျုပ်လဲ ကလေးချစ်တက်တော့ အားတာနဲ့သူတို့လေးတွေကိုပျော် အောင် ပြောပြတာပေါ့ ကျုပ်သူငယ်ချင်းဇော်မိုးရဲ့မိဘတွေက ရွာမှာပြေလည်တဲ့သူတွေဖြစ်တယ် သူတို့သားနဲ့ချွေးမကို ရွာကို ခေါ်ထားချင်ပေမဲ့ သူ့ဇနီးက သူ့မိဘတွေနဲ့ မခွဲနိုင်တော့ လိုက်မနေတော့ ဇော်မိုးကပါသရက် ချောင်းရွာမှာ အခြေချနေရတယ် သူ့က ဧရာ၀တီဘတ်မှာ မီးသွေးတင်တဲ့ ပဲ့ဒေါင်မောင်းစားတယ်ဆိုပဲ အခေါက်ကြေးနဲ့ပေါ့ ကျုပ်လဲအဆင်ပြေတယ်သတင်းကြားရတော့ ၀မ်းသာတာပေါ့ ဒီလိုနဲ့ ရွာကိုလာလည်ပြီး ဇော်မိုးတို့ မိသားစုတွေ သရက်ချောင်းရွာကို ပြန်သွားကျတယ် မှတ်မှတ်ရရပြန်တဲ့နေ့က ကျုပ်ကိုယ် တိုင်လှည်းနဲ့လိုက်ပို့ပေးလိုက်တယ်ဗျ သူပြန်သွားပြီးတိုင်း တစ်နှစ်နေမှ ပြန်လာနေကျဆိုတော့ ကျုပ်လဲ မမျှော်တော့ဘူးပေါ့ ဒါပေမဲ့ မထင်မှတ်ပဲ သူပြန်သွားပြီးတစ်လလောက်ပဲရှိသေးတယ်
ဇော်မိုးတစ်ယောက် ဆိုင်းမဆင့်ဗုံမဆင့်ပဲ ကျုပ်ဆီကိုပြန်လာတယ် ကျုပ်လဲ နွားတွေကို ကျွေးဖို့နွားစာစင်းနေတုန်း မောင်သိန်းရေ” မောင်သိန်း ဝိုင်း၀ကနေကျုပ်နာမည်ကိုအော်ခေါ်နေတာဗျ ကျုပ်လဲ ဘယ်သူလဲလို့ ကြည့်လိုက်တော့ ကျုပ်သူငယ်ချင်းဇော်မိုးဖြစ်နေတယ် ကျုပ်” အတော့်ကို အံ့အားသင့်သွားရတယ် ဘာလို့လဲဆိုတော့ ” ဒီကောင်လို့မထင်ထားမိလို့ပဲဗျ ဒါနဲ့ကျုပ်လဲ လာလေကွာ “လှမ်းခေါ်လိုက်တော့ရောက်ချလာတယ် ကျုပ်ပဲ အရင် စကားစလိုက်တယ်” မင်းပြန်သွားတာမှ တစ်လလောက်ပဲရှိသေးတယ် ဗြုန်းစားကြီးပြန်လာတာ ဘာဖြစ်လို့လဲ” ကျုပ်ရဲ့စကား ဆုံးတော့ “ဇော်မိုးကဟုတ်တယ် မောင်သိန်း အဲ့ဒီတစ်လ အတွင်းမှာ ငါတို့မိသားစုမှာ ပြသနာကြီး တစ်ခုဖြစ်သွားလို့ကွ ဟေ ” သူ့စကားကြောင့် ကျုပ်ထပ်ပြီး အံ့အားသင့်ရပြန်ပြီ ဟုတ်တယ် ” မောင်သိန်း အခုအဲ့ပြသနာကိုအခုထိမဖြေရှင်းနိုင်လို့ ငါ့သားလေး ဒုက္ခတွေ့နေပြီ ငါ့အမှားတွေပါကွာ” ဇော်မိုးက ပြောပြောဆိုဆိုနဲ့ ငိုမဲ့မဲ့မျက်နှာကြီးနဲ့မျက်ရည်များလဲဝိုင်းလာတယ်။
ကျုပ်လဲ ” မင်းကိစ္စကငါ့ကိစ္စပါကွာမင်းဘာဖြစ်ခဲ့လို့လဲ ငါ့ကိုနားလည်အောင်ရှင်းပြပါဦးလို့ပြောတော့ ဒီလိုကွ မောင်သိန်းရဲ့” ငါတို့မိသားစု ရွာကအပြန်သရက်ချောင်းရွာကိုရောက်တော့ ငါလဲ ပုံမှန် ပဲ့ဒေါင်ပဲ လိုက်နေတာ ဖြစ်ချင်တော့ တစ်နေ့ မြို့၀ကျွန်းနားက ကနီကမ်းဆိပ်မှာ မီးသွေးဒိုင်မှာမီးသွေးအိတ်တွေချပေးနေရင်း ငါ့ရဲ့ ပဲ့ဒေါင်းနားကို သုံးပေလောက်အရွယ်ရှိတဲ့ စက္ကူဂျတ်ဖာတစ်လုံးကိုအိတ်နဲ့အထပ်ထပ်ပိတ်ထားတဲ့ဟာက ငါ့ရဲ့ပဲ့ဒေါင်နားလာကပ်တော့ ငါလဲအထဲမှာဘာတွေရှိလဲ သိချင်စိတ်နဲ့ ဆယ်ယူလိုက်တယ် ငါအသေချာ အိတ်အထပ်ထပ်ကိုဖြုတ်ပြီး အထဲကစက္ကူဂျတ်ဖာလေးကိုဖွင့်ကြည့်လိုက်တော့ အထဲမှာရွှေရောင်ဆံပင်နဲ့ မျက်လုံးမျက်တောင်တွေကအစ လူ တစ်ယောက်နဲ့ ချွတ်စွတ်တူတဲ့ နှစ်ပေကျော်ကျော်ရှိတဲ့ဘိုမရုပ်လေးဖြစ်နေတယ် နောက်ပြီး ဘီးသေးသေးလေးတွေ နှုတ်ခမ်းနီပါးနီ မိတ်ကပ်အစုံတွေလဲပါတယ် မင်းလဲသိသားနဲ့ငါ့မှာကသားလေးလေ သမီးမိန်းကလေးမဟုတ်တော့ငါနဲ့ဘယ်လိုမှမအပ်စပ်ဘူးဖြစ်နေတယ် ဒါကြောင့် တူမလေးကစ်ကစ်ကိုပေးမယ်ဆိုပြီး ငါလဲယူထားလိုက်တယ် အဲ့ဒါနဲ့အလုပ်သိမ်းတော့ အဲ့ဒီဂျတ်ဖာလေးအတိုင်း အရုပ်မလေးကို အိမ်ယူလာလိုက်တယ် ဒါကို အိမ်ရောက်တော့ ငါ့သားက အဲ့ဂျတ်ဖာထဲကအရုပ်မလေးကိုတွေ့ပြီး သူကြိုက်သွားတယ် ငါလဲတူမလေးကစ်ကစ်ကိုပေးဖို့ပြောတာ လုံးလုံးမရဘူး အတင်းငိုနေလို့ ငါ့မိန်းမကလဲ သူ့သားစိတ်ချမ်းသာရင်ပြီးရောဆိုပြီး သူ့ကိုပဲပေးလိုက်တော့တယ်
ငါ့သားကလဲ အရမ်းပျော်သွားပြီး အဲ့ဒီ အရုပ်နားကကိုမခွါတော့ဘူး ငါတို့ လင်မယားတွေလဲသားလေးပျော်ရင်ပြီးတာပဲ ဆိုပြီး နမော်နမဲ့ပဲနေလာခဲ့တာ လေးငါးရက်လောက် ရောက်တော့ ငါက စပြီးသတိထားမိလာတယ် သားက အဲ့အရုပ်နားက လုံးလုံးကို မခွါတော့ဘူး ကျန်အရုပ်တွေနဲ့လဲမကစားတော့ပဲ အဲ့ဘိုမရုပ်ကို လူတစ်ယောက်လိုပြောဆိုပြီး ကစားတယ် တစ်နေ့ ငါအလုပ်သွားတုန်းသူ့အမေ အိပ်နေတာကို နိုးပြီး သူ့အရုပ်မကအိမ်ကိုရောက်တာကြာပြီ ဗိုက်ဆာနေပြီ လို့ပြောတယ်တဲ့ သူ့အမေလဲ အိပ်နေရင်း ဒီကလေးလေး ဘာတွေ လာပြောနေတာလဲလို့ဆူပြီးမောင်းထုတ်လိုက်တော့တံခါး၀က တောက်ခေါက်သံအကျယ်ကြီးကို ကြားရတယ် သူ့အမေလဲ လန့်ပြီးထကြည့်တော့မည်သူမှမရှိဘူးတဲ့ အဲ့ဒါနဲ့ မီးဖိုချောင်ထဲက အိုးခွက်အသံတွေကြားရလို့ သွားကြည့်တော့ငါ ပြန်လာရင်စားဖို့ချက်ထားတဲ့ ငါးပျဉ်မ ငါးဆယ်သားက ဟင်းအိုးထဲမှာ လုံးလုံးမရှိတော့ဘူး ငါ့မိန်းမလဲ ကြောက်ကြောက်နဲ့အိမ်ရှေ့ကိုပြေးထွက်လာရော အဲ့ဒီ ဘိုမရုပ်ရဲ့နှုတ်ခမ်းဖျားမှာ ဟင်းဆီတွေဝေ့ နေတယ် ပြီးတော့ ငါ့သားလေးကမျက်ထောက်နီကြီးနဲ့ သူ့အမေကိုကြည့်ပြီးငါမနက်ဖြန် အမဲသားစားချင်တယ်ချက်ပေးရင် ချက်ပေး မဟုတ်ရင် နင့်သားဒုက္ခရောက်အောင် ငါလုပ်ပစ်မယ်တဲ့ မိန်းမကြီးတစ်ယောက်ရဲ့ အသံကြီးနဲ့ ပြောပြီး အိမ်ခန်းထဲသို့ ၀င်သွားတယ်
ငါမိန်းမလဲ ခြေမကိုင်မိလက်မကိုင်မိဖြစ်ပြီး အိမ်ရှေ့မှာထိုင်ငိုနေတယ် ငါပြန်ရောက်တော့ အကြောင်းစုံပြောပြတော့ ငါလဲအရမ်းကိုလန့်သွားခဲ့တယ် ဒါကြောင့်ရွာက ပယောကဆရာကိုချက်ချင်းသွားပင့်ပြီး ကုခိုင်းတော့ဆရာက ဖိနပ်ချွတ်ပဲရောက်သေးတယ် အခန်းထဲကနေ မလောက်လေးမလောက်စား ဆရာစုတ်က သေချင်လို့လိုက်လာတာလားငါစားချင်တာအမဲသားပဲနော် လူသားမစားချင်သေးဘူးဆိုပြီး သူ့အသံ ခပ်အော်အော်ကြီးနဲ့ ဟားးဟားးးးးဆိုပြီးရယ်နေတယ် ရွာကဆရာလဲ မကောင်းဆိုးဝါးကနှစ်သက်တမ်းအတော်ရင့်နေလို့ ဆရာကောင်းရှာဖို့ ငါ့ကိုပြောပြီးပြန်သွားတယ် အဲ့ဒါနဲ့ ငါလဲ ဆရာတွေကောင်းနိုးနိုးနဲ့လိုက်ပင့်ပြီးကုသာ အခုထိငါ့သား ခန္ဓာကိုယ်ထဲသရဲမကို မောင်းထုတ်လို့မရသေးဘူး နောက်တော့ ငါ့စိတ်ထဲမှာမင်းကိုအတွက်ပေါ်လို့ ရောက်လာခဲ့တာ မင်းက ဆရာမဟုတ်ပေမဲ့လဲ ဒီလိုကိစ္စတွေကို နားလည်တက်ကျွမ်းတယ် ဒါကြောင့်ငါ့ကို ကူညီပါကွာနော် သူငယ်ချင်း” ကျုပ်လဲ” ဘယ့်နှယ့်ပြောပါလိမ့်ဗျာကျုပ်သူများတွေကိုတောင်ကူညီပေးရသေးတာပဲ ခဗျားဆိုအထူးပြောစရာမလိုပါဘူး ကျုပ်တက်စွမ်းသလောက် ကူညီပါ့မယ် ကျုပ်လဲ” သူငယ်ချင်းဇော်မိုးကို ကူညီပေးဖို့ စဉ်းစားနေတုန်းဝိုင်း၀ကနေ မောင်သိန်းရှိသလားကွ” ကျုပ်လဲ အိမ်ပြတင်းပေါက်က ကြည့်လိုက်တော့ ကျုပ်အရမ်းကို ပျော်သွားခဲ့တယ် ကျုပ်ရဲ့ဆရာကြီးဦးရန်သိန်းဖြစ်နေတယ်ဗျ သူက ပဲခူးရိုးမဘတ်ကို ဂန္ဓာရီခရီးလှည့်လည်ဖို့ထွက်သွားတာ အခုကျုပ်ဆီကိုပြန်လာတာဗျ
ကျုပ်လဲ ဝမ်းသာအားရဆရာကြီးအားပြေးပြီး ခရီးကြိုဆို ဧည့်၀တ်ပြုရင်း ကျန်းမာရေးချမ်းသာရေး အကြောင်းတွေအတန်ကြာပြောရင်း ဆရာကြီးဦးရန်သိန်းက ဇော်မိုးကိုကြည့်ပြီး မောင်ရင်ရဲ့ကိုယ်မှာ မကောင်းတဲ့ မိစ္ဆာအငွေ့သက်မျိုးကစွဲကပ်နေပါလား ဆရာကြီးကစပြီးပြောတယ်ဗျ ကျုပ်လဲ” ဟုတ်ပါတယ်ဆရာကြီး အခုလဲသူ အဲ့ကိစ္စကြောင့်ပဲကျုပ်ဆီကို လာခဲ့တာပါဗျာလို့ပြောလိုက်တော့ ဆရာကြီးက ဒါကြောင့်ငါလဲမင်းဆီကိုပဲ လာဖို့စိတ်ညွတ်နေတာကိုး ကဲထားပါတော့ မောင်ရင့်လက်ဒီကို ပေးပါလို့ပြောပြီး ဆရာကြီးက “ကိုဇော်မိုးရဲ့လက်ကိုကိုင်ပြီး တစ်စုံတစ်ခုကိုစိတ်ညွတ်နေတဲ့ပုံဗျ ခဏကြာတော့ ဆရာကြီးဦးရန်သိန်းက သက်ပြင်းတစ်ချက် ခပ်ပြင်းပြင်းချပြီး ကျုပ်ကို”မောင်သိန်း ရေ” ခဗျာ ကျုပ်လဲပြန်ထူးလိုက်တော့ ဆရာကြီးက” မင်းသူငယ်ချင်းမှာ ကိစ္စကြီးဖြစ်နေပြီကွဲ့ ဆရာကြီးတို့ အခုပဲ ဧရာ၀တီဘတ်သို့ ခရီးဆက်ကျစို့ကွဲ့ ဟုတ် ဆရာကြီး” ကျုပ်လဲ ခရီးသွားဖို့အမြန်ပြင်ပြီး သရက်ချောင်းရွာဘတ်ကို ကျုပ်တို့ တတွေ ခရီးဆက်လာကျတယ် ညနေ၅နာရီလောက်ရောက်သွားတယ် မကောင်းဆိုးဝါးက ကလေးကိုယ်ထဲကသောင်းကျန်းနေတာ ဘီလူးစီးသလိုပဲဗျ သူ့အနီးနားက ပစ္စည်းပစ္စယတွေကို ပေါက်ခွဲပြီး အမဲသားကျွေးဖို့ပဲ အတင်းတောင်းဆိုနေတယ် ရွာသားတွေလဲ ကြိုးဖြင့်တိုင်မှာတုတ်ဖို့ ဝိုင်းပြီးချုပ်နှောင်ကျတာ ကလေး သေးသေးလေးရဲ့ ကိုယ်ထဲမှာ မကောင်းဆိုးဝါးပူးကပ်နေတော့ အားသန်တဲ့ယောက်ျားရင့်မာကြီးတွေတောင် သူ့အနားကပ်မရအောင်အထဲက မကောင်းဆိုးဝါးမက တွေ့ရာပစ္စည်းနဲ့ကောက်ထုကျလို့မည်သူမှ မကပ်ရဲကျဘူး
လူတွေလဲ ဇော်မိုးတို့အိမ်မှာ တစ်အုံးအုံးနဲ့ပြည့်နေတယ် ထိုအခါ ဆရာကြီးဦးရန်သိန်းကအိမ်ပေါ်တောင်မတက်တော့ပဲ ဝိုင်း၀ကမြေကြီးပေါ်မှာ အင်းစမတစ်ချပ်ကိုအလျင်မြန်ပဲရေးဆွဲလိုက်တယ်ပြီးတော့ မန္တန်တစ်ပုဒ်ကိုတီးတိုးရွတ်နေတယ်ဗျ ဆရာကြီးရဲ့မန္တန်ဆုံးသည့်နှင့်တပြိုက်နက် မကောင်းဆိုးဝါးမကအိမ်ခေါင်မိုးကိုထိုးပေါက်ကာ အင်းစမရေးဆွဲထားသောအကွက်မှာ ဆုံရပ်နေလေ၏ အဟင်းးးးအဟီးးးးဆိုတဲ့မြင်းဟီးသံပါမာညဉ်းညူကာ မျက်ထောက်နီကြီးနဲ့ဆရာကြီးအား စိုက်ကြည့်၍ ဒီခန္ဓာကိုယ်ဟာ ငါ့အပိုင်ဖြစ်သွားပြီဘယ်သူ့ကိုမှပြန်မပေးနိုင်တော့ဘူးဟုဆိုကာ ဟားးးဟားးးးနဲ့အသံနက်ကြီးဖြင့် ရယ်နေတယ်ဗျို့ ဆရာကြီးက ကျုပ်ကို”မောင်သိန်း ဟုတ်ဆရာကြီး မိစ္ဆာမရဲ့ဝိညာဉ်စွဲကပ်နေသောအရုပ်ကို အမြန်ယူလာခဲ့ပေတော့ ကျုပ်ကိုစေခိုင်းနေတယ်ဗျ ကျုပ်လဲ ” အိမ်ပေါ်အမြန်တက်ပြီး အခန်းထဲကအရုပ်ကိုယူဖို့လုပ်တော့ ထူးဆန်လိုက်ပါဘိဗျာ” အရုပ်ကလုပ် ရှားကာ ထပြေးနေတယ်ဗျ ကျုပ်လဲအသည်းသန်လိုက်ဖမ်းတော့ မိသွားတယ် ကျုပ်လဲပွေ့ချီလိုက်တော့ လူတစ်ယောက်လိုပဲ လေးနစ်နေတာဗျ ပါးစပ်ကလဲ နင်မသေချင်ရင်ငါ့ကို လွတ်ဆိုပြီး ကြုံးဝါးနေလိုက်တာဗျာ လူတစ်ယောက်အလားပဲ အရုပ်ကအသက်၀င်ကာစကားပြော နေတော့ လာကြည့်ကျတဲ့လူတွေတောင် နောက်ကိုခြေနှစ်လှမ်းလောက်ဆုတ်သွားတယ်ဗျ ကျုပ်လဲဆရာကြီးရဲ့အရှေ့ကိုချပေး လိုက်တော့ ကလေးကိုယ်ထဲကနေ မလုပ်ပါနဲ့ မလုပ်ပါနဲ့ဆိုတဲ့ အသံနက်ကြီးနဲ့တောင်းပန်နေတယ်
ဆရာကြီးက ဒါဆိုကလေးရဲ့ခန္ဓာထဲက အခုချက်ချင်းထွက်လို့အမိန့်ပေးလိုက်တော့ ခေါင်းခါပြတယ် ဆရာကြီးက နင်က အာခံနေတယ်ပေါ့ဟုတ်လား ဒါဆိုလဲမတက်နိုင်ဘူး ဆရာကြီးက နင့်ရဲ့ဝိညာဉ်ကိန်းနေတဲ့ဒီအရုပ်ကို ငါဖျက်စီးရလိုက်မယ်ဟုဆိုတာ ဆေးလွယ်အိတ်ထဲက ဆေးဓာတ်လုံး အနီလေးအားထုတ်၍ မြေမြင်ပေါ်သို့ ပစ်ချလိုက်တယ်ဗျ ဟော့” သက်တန့်ကြီးပမာ အလင်းတန်းကြီးက ဘိုမအရုပ်အား ရစ်ပတ်လိုက်တော့ချက်ချင်းဆိုသလို မီးတောက်မီးညွန်တွေဖြာထွက်လာတယ် အဲ့တော့မှာ အားးးးးပူတယ် ပူလိုက်တာဆိုပြီးအော်ဟစ်ကာတောင်းပန် လေတယ် ဆရာကြီးလဲ လက်ဝါးဖြန့်ပြီး မီးတောက်ကြီးအားသိမ်းယူလေ၏ ဆရာကြီးရဲ့လက်ထဲရောက်တော့ ဆေးဓာတ်လုံးလေးပြန်ဖြစ်သွားတယ် ဆရာကြီးကကလေးရဲ့ကိုယ်ထဲက ထွက်ပြီးမူလရုပ်ပြန်စမ်းလို့ အမိန့်ပေးလိုက်တယ် ဒီတစ်ခါကတော့ မငြင်းရဲတော့ဘူး ထွက်လိုက်တယ်ဗျ အမလေး ဘုရား ကျုပ်ပါးစပ်က ဘုရားတမိတယ် သရဲမကြီးရဲ့ နားတွေ ပါးစပ်တွေက ငါးတွေတွတ် ထားလို့ထင်တယ် ပေါက်ပြဲကာရယ် ကြည့်ရဆိုးတယ် ပါးတစ်ခြမ်းက အသားများမရှိဝောာ့ပဲ ပါးရိုးများပါ အတိုင်းသားကိုမြင်တွေ့ရတယ်ဗျ ကျုပ်သူငယ်ချင်းဇော်မိုးတောင် ကြောက်ဒူးတုန်လေရဲ့ တချို့လူများသည်မကြည့်ဝံလို့ မျက်နှာလွဲထားရဝာယ်
ဆရာကြီးက မင်းကဘာလို့ဒီအရုပ်ထဲမှာရှိနေရတာလဲမေးတော့ မနာလိုမုန်းတီးသူက အောက်လမ်း ပညာဖြင့်ငါ့ကိုလုပ်သတ်ပြီး ဝိညာဉ်ကိုလဲ ဘ၀မကူးနိုင်အောင် ဒီအရုပ်ထဲ ပညာဖြင့်နှောင်ဖွဲ့စီရရင်ပြီး ဧရာ၀တီမြစ်ကြောတစ်လျောက် လွင့်မျောစေတယ် ဒါကြောင့် ဒီအထဲမှာရှိနေတာ ငါ့ကိုဆယ်ယူလာလို့ ငါနေခွင့်ရခဲ့တာ အဟီးးးးးးးး ဟီးးးးးး ချမ်းခိုက်နေတဲ့အသံဖြင့်နောက်တစ်ကြိမ်မြစ်ထဲမမျှော်ပါနဲ့ငိုပြီးပြောနေတယ် ဆရာကြီးက နတ်မင်းကြီးလေးပါးဆီသို့အပ်နင်းပေးမယ်ဟုတ်ဆိုကာ ဒီအရုပ်ထဲကမင်းရဲ့ဝိညာဉ်လိပ်ပြာသည် မည်သည့်ဆရာ ပညာရှင်များရဲ့အမိန့်အာဏာစက်ဟူသမျှ မလွှမ်းမိုးစေရ လွှမ်းထားသမျှလဲ ပျေက်စေ ပျယ်စေပြီး နတ်မင်းကြီး များ ညွန်ကြားသော နေရာအရပ်သို့ လွတ်လပ်စွာသွားနိုင်ပါစေဟု အမိန့်တမ်းပြန်ကာလွတ်ပေးလိုက်တယ် သရဲမကြီးလဲ ၀မ်းသာစွာပျောက်သွားတယ် ပြီးတော့သတိလစ်နေသော သားလေးရန်နိုင်ကိုလဲ ရေစင်များတိုက်၍ နိုးထစေတယ် မကောင်းဆိုးဝါးပူးကပ်နေသောအရုပ်ကိုလဲသရက်ချောင်းရွာရဲ့ ထိန်ပင်သချိုင်းမှာ မြေမြုတ်စေလိုက်တယ်ဗျ ကျုပ်နဲ့ဆရာကြီးလဲ နောက်နေ့မနက် ခပ်စောစောရွာကိုပြန်လာခဲ့ကျတယ်။ ×××××××××××××× စာဖတ်သူများအား ကျေးဇူးအထူး တင်ရှိပါသည်။
(ကပ္ပိယလေးကြွက်ပုတ်)





