*မြစိမ်းသိုက်ကလာသူ*📖📖📖(စ/ဆုံး) ဒီဇတ်ကြောင်းကအမလိုခင်မင်နေသူတစ်ယောက်ရဲ့ကိုယ်တွေ့ဖြစ်ရပ်မှန်ပါ ခမ်းစောဘွဲ့ရတော့သူမအရမ်းလိုချင်သောအလုပ်ကိုရဖို့အသဲအသန်ကြိုးစားနေချိန်ဖြစ်သည်။ သူမလိုပင်အားလုံးကလိုချင်နေသောအလုပ်ဖြစ်သည့်အတွက်သူမရန်မျှော်လင့်ချက်ကအလွန်နဲနေသည်။ သူ့ထက်ကဲလူစွမ်းကောင်းတွေကြားမှာသူမလိုသာမန်တစ်ယောက်အတွက်တော့ဒီအလုပ်ရရန်သောကတွေများလှသည်။ တစ်ညတွင်စာကျက်ရင်းစာကြည့်စာပွဲပေါ်မှောက်၍အိပ်ပျော်သွားလေသည်။ ထိုအချိန်တွင်သူမအခန်းတံခါးသည်သူ့အလိုလိုပွင့်သွားတဲ့အတွက်သူကဘာရယ်မဟုတ် အိမ်သားတစ်ယောက်ယောက်ဝင်လာသည်ထင်၍အခန်းဝသိုလှမ်းကြည့်လိုက်ရာတွင် အလွန်တရာအံ့သြထူးဆန်းစွာမြင်လိုက်ရသည်ကမြစိမ်းရောင်ဝမ်းဆက်ကိုတောက်ပစွာ ဝတ်ဆင်ထားသောအလွန်တရာလှပချောမောသည့်မင်းသမီးတစ်ပါးသည်သူမအားရပ်၍ကြည့်နေသည်ကိုတွေ့လိုက်ရတယ်။ ထိုမင်းသမီး၏နှုတ်ခမ်းများသည်ပြုံးနေသည်ထင်ရပေမဲ့မင်းသမီးရဲ့အေးစက်စက်အကြည့်ကြောင့်သူမရင်ထဲအေးကနဲဖြစ်သွားသည်။ ထိုမင်းသမီး၏ဆံကေသာသည်ပိတုန်းရောင်လိုနက်မှောင်ရှည်လျှားကာကျောနောက်တွင်ဖြန့်၍ချထားသည်။ ထိုမင်းသမီး၏အလှသည်စာဖွဲ့၍မကုန်သာမန်လူထဲတွင်မရှိနိုင်ဟုသူမထင်မိကာငေးကြည့်နေတုန်း ထိုမင်းသမီးသည်သူမစာကြည့်စာပွဲဆီသိုတစ်လှမ်းခြင်းရှောက်လာရာ သူမရင်ခုန်သံများခဏရပ်တန့်သွားသည်ထင်ရအောင်တစ်ကိုယ်လုံးတောင့်တင်းကာကျေက်ရုပ်ဖြစ်သွားသလားထင်မိသည်။ ထိုမင်းသမီးသူ့မရှေ့ရောက်လာသည့်အခါခမ်းစောကတုန်လုူပ်နေသောစိတ်ကိုထိန်းကာမေးလိုက်သည်။ ””’မင်းသမီးက—ဘယ်သူလဲ—-ဘာလာလုပ်တာလဲ””’ ”””အမတော်ကသိုက်နန်းရှင်မမြစိမ်းပေါ့——ညီမတော်စိတ်သောကတွေကိုလာကူညီပေးတာလေ———–တစ်ခုတော့ရှိတယ်ညီမတော်အခုလိုချင်နေတဲ့အလုပ်ရရင်အမတော်နန်းကိုလာပြီးပွဲဆက်ပါ””” မင်းသမီးစကားကိုကြားတော့သူမအလွန်ဝမ်းသာသွားသည်။ ”””အို—-ကျေးဇူးတင်လိုက်တာကျွန်မလိုချင်တဲ့အလုပ်သာရရင်အမတော်နန်းကိုပွဲလာဆက်ပါ့မယ်စိတ်ချပါ””” ”””ကောင်းပြီ—-ကတိတည်ပါစေ””’ ထိုသို့ပြောကမမြစိမ်းသည်ပျောက်ကွယ်သွား၍သူမလည်းအိမ်မက်ကလန့်နိုးသွားလေသည်။ သူမစိတ်ထဲတကယ်ဖြစ်နေသလိုခံစားရကာအခန်းဝကိုကြည့်မိတော့လဲအခန်းတံခါးသည်ပိတ်ထားလျှက်ပင် သူမကအလုပ်ကိုစိတ်စွဲ၍မက်သည်ထင်မိပေမဲ့တကယ်လာသွားသလိုမမြစိမ်းကအလုပ်ရမည်ဆို၍ဝမ်းသာသွားသည်။ သို့ပေမဲ့လုံးလုံးစိတ်မချနိုင်ပါဒီအလုပ်သည်လူအများကြီးဖြေမည့်အထဲကမှလူအနည်းငယ်သာခန့်မှာဆိုတော့ […]