*နိဗ္ဗာန်ဆော်မိုးမှောင်*📖📖📖(စ/ဆုံး)

*နိဗ္ဗာန်ဆော်မိုးမှောင်*📖📖📖(စ/ဆုံး)

””” ဝေါ…..ဝေါ….ဒိန်းးဂျိမ်းး အားကောင်းသောမိုးရေတို့သည် ရိပ်သာမြိုင်ကျောင်းတိုက်၏ ဟောင်းနွမ်းနေသောသွပ်ချပ်များပေါ်သို့ တဗြောင်းဗြောင်းကျနေလျှက်ရှိသည်။ …. ရိပ်သာမြိုင် ဘုန်းကြီး “ဦးဇာကရ သည် တရားထိုင်ခြင်းကိုရပ်လိုက်ပြီး ပုလ္လင်ပေါ်မှာစံပယ်လျှက်ရှိသော ထိုင်တော်မူ ရုပ်ပွားတော်မြတ်အား ဦးသုံးကြိမ်ချလိုက်သည်။

ထိုရုပ်ပွားတော်မြတ်ကို တနည်းအားဖြင့် ပဉ္စဂေါဏ ဘုရားဟုခေါ်ကြလေသည်…အကြောင်းမှာ ထိုရုပ်ပွားတော်ကို ရတနာ၅မျိုးဖြင့် သွန်းလုပ်ပူဇော်ထားခြင်းကြောင့်ဖြစ်သည်။ ….ရုပ်ပွားတော်ရဲ့ ဥာဏ်တော်ဟာ ၁ထွာခန့်သာရှိသည်. …သို့သော် ..၁ရွှေသားအစစ်ဖြင့်သွန်းလုပ်ထားခြင်း. ၂..မျက်လုံးတော်အစုံကို အရည်သွေးကောင်းသော စိန်ပွင့်နှစ်ပွင့်ဖြင့် ပုံဖော်ထားခြင်း .၃.နှာဖူး သင်္ကျစ်တော်ကို ဆီးစေအရွယ်ပတ္တမြားကြီးကိုမြှုတ်နှံထားခြင်း ..၄..ကိုယ်ရုံသင်္ကန်းတော်အဖြစ် မြ အလုံး၉၉လုံးကို စနှစ်တကျထဲ့သွင်းထားခြင်း ..၅..လက်ဝါးနှစ်ဘက်ပေါ်မှ သပိတ်တော်အဖြစ်ကိုတော့ အမည်မသိ ကျောက်နက်ကြီးဖြင့် တင်တယ်သပ္ပါယ်စွာ ဖန်တီးထားပါသည်……ထို့ကြောင့်…၎င်းရုပ်ပွားတော်ကို ပဉ္စဂေါဏ ရုပ်ပွားတော်ဟု ဘွဲ့တော် ဆည်းကပ်ထားခြင်းဖြစ်သည်။

….တန်ဘိုးကြီးရတနာများဖြင့် သွန်းလုပ်ထားသောကြောင့် ရန်သူမျိုး၅ပါး၏ဘေးမှ ကာကွယ်ရန် ရွှေတံခါး၊ငွေတံခါး၊သံတံခါးတို့ဖြင့် သော့ခတ်ကာလုံခြုံစွာပူဇော်ထားလေသည်။ ….. …..အရှင်ဇာကရဟာ သက်တော်၇၀ကျော်ပြီဖြစ်သော ရဟန်းအိုကြီးတပါးဖြစ်သည်။ တရားအားထုတ်ခြင်းကိုသာ အာရုံဝင်စားသဖြင့် ကျောင်းအိုကြီးတွင် တပါးတည်းသာ စိတ်အနှောက်အယှက်ကင်းကင်းသီတင်းသုံးလျှက်ရှိလေသည်။ …..သို့သော်….ယနေ့ညမှာ ဘုန်းကြီးဇာကရ၏ကျောင်းသို့ မဖိတ်ခေါ်ပဲရောက်လာသူတဦးတော့ ရှိလာပေပြီ…. ……ဂျိမ်းးဂျလိန်းး …ဝေါ…ဖြော…… ….ကျစ်…ကျစ်…… ….အီ…အီ…… …အိုင်..အိုင်.. ….အလို…..ကျောင်းတံခါးမကြီးကို ဘယ်သူလာခေါက်နေပါလိမ့်…. …..ဟေ့….အချိန်မတော်ကြီး ဘယ်သူလဲ ကွဲ့…… ….အီ…..အီ………. …ယော်…… …ဘုန်းကြီးဇာကရဟာ..ဘုရားခန်းမှထပြီး… ကျောင်းတံခါးမကြီးကိုဖွင့်ကြည့်လိုက်သည်… ….

အီ…အီ….အု..အု.. …အို….ခွေးနက်လေးတကောင်ပါ့လား… ..မိခင်နို့တောင်ပြတ်မဲ့အရွယ်မဟုတ်… တကိုယ်လုံးလဲ မိုးရေများစိုရွဲနေသဖြင့် အရမ်းချမ်းနေပုံရသည်။ …””..ကဲ…ကဲ… ….လာ…လာ….ဒီတိုင်းဆို အအေးပတ်ပြီးသေသွားတော့မယ်…”” …ဘုန်းကြီးဟာ ခွေးနက်လေးကို အထဲကိုသွင်းပြီးတံခါးကိုပိတ်လိုက်သည်။ ထို့နောက် သင်္ကန်းစုတ်တထည်ဖြင့် စိုနေသောရေများကိုသုတ်ပြီး စောင်စုတ်တထည်ဖြင့် ထွေးထားလိုက်သည်။ ခဏကြာတော့ အချမ်းသက်သာသွားသည့်ထင့် ခွေးလေးဟာ ဘုန်းကြီးအနားသို့ပြေးလာပြီးအစာတောင်းလေသည်။ ….အိမ်း…. …ဒကာနဲ့ဘုန်းကြီးဟာ အရင်ဘဝကရေစက်ရှိလို့ ဒီဘဝမှာလာတွေ့တာထင်ပါ့.. …

ကဲ..ကဲ…ရှိတာလေးကိုပဲ ဒီညစားလိုက်တော့….. …ဘုန်းကြီးဇာကရဟာ ဖန်ဗူးထဲမှ ထန်းလျှက်ခဲ ၃ခဲကိုထုတ်ပြီး ခွေးလေး ဘေးကိုချကျွေးလိုက်သည်….ခွေးနက်လေးဟာ ထန်းလျှက်ခဲကိုချက်ချင်းမစားပဲ ဘုန်းကြီးကိုမော့ကြည့်လိုက်သည်…ထို့နောက် ဆောင့်ကြောင့်ထိုင်ပြီး လက်နှစ်ဘက်မြှောက်ခါ ရှိခိုးသည့်ပုံစံပြုပြီးမှ ထန်းလျှက်ခဲကိုစားလေသည်…. ….ထိုအချင်းအရာကိုမြင်တော့ ဦးဇာကရပြုံးလိုက်သည်။ …..ကဲ……ဒကာလေး… …ခုချိန်ကစပြီး ဒကာလေးကို ဘုန်းကြီးရဲ့ကျောင်းမှာ နေခွင့်ပေးလိုက်ပါပြီ….လူဝင်စားတဲ့ခွေးဆိုတာ သိပါတယ်ကွယ်… …အတိတ်က အကုသိုလ်တွေကို အခု တရိစ္ဆာန်ဘဝနဲ့ နိုင်သလောက်ကျေအောင်ဆပ်ပေါ့လေ…..

ဒကာလေးရဲ့နာမည်ကိုတော့….. …အင်းး ….ဟုတ်ပြီ… …မိုးကြီး လေကြီး…မှောင်ကြီးမဲကြီးထဲမှာ ဦးဇင်းရဲ့ကျောင်းကိုရောက်လာတယ်ဆိုတော့…. …မိုး……. ….မှောင်.. .အိမ်း…..အဲ့နာမည်အကောင်းဆုံးပဲ… …ကိုင်း…မိုးမှောင်ရေ……စားပြီးရင် ဘုရားကိုဦးသုံးကြိမ်ချပြီးမှအိပ်နော်….. ….ဘုန်းကြီးစကားကို သဘောပေါက်သည့်ထင်… …..အီ…အီ…. ….အူးးဝူးး …မိုးမှောင်ဟာ ထန်းလျှက်ခဲများကုန်သွားသည်နှင့် ပဉ္စဂုန ရုပ်ပွားတော်ကိုရှေ့လက်နှစ်ချောင်းမြှေက်ပြီးဦးသုံးကြိမ်ချကာ စောင်ပုံလေးပေါ်မှာ ပြန်အိပ်နေလေတော့သည်….. ….. …………””””ယခုဆို ရိပ်သာမြိုင်ကျောင်းကို မိုးမှောင်ရောက်နာ ၄လခန့်ရှိလေပြီ…. …

အရွယ်ရောက်လာသော မိုးမှောင်ဟာ အခြားရွာခွေးများထက် ထွားကျိုးယုံမက လူလောက်နီးပါး နားလည်သော တိရစ္ဆာန်တကောင်ဖြစ်သည်။ ရိပ်သာမြိုင်ကျောင်းနှင့် မရမ်းစုရွာဟာ နဲနဲတော့လှန်းပါသည်….မနက်ပိုင်း ဘုန်းကြီးဇာကရ ဆွမ်းခံခွက်ရင် နောက်က မိုးမှောင်လိုက်သည်…ရွခွေးများကလဲ မိုးမှောင်ကိုခင်ပုံရသည်…မိုးမှောင်ကိုမြင်တာနဲ့ ခြံပြင်ထွက်ပြီး မိုးမှောင်နဲ့အတူ ဘုန်းကြီးနောက်ကိုလိုက်ကြသည်…မိုးမှောင်နှင့်ရွာခွေးတအုပ်ရဲ့အူသံကိုကြားရင် ထွက်ကြည့်စရာမလို ဆွမ်းပန်းကန်ကိုင်ပြီး ခြံဝကိုသာထွက်ချေတော့…. ကျိန်းသေဆွမ်းခုံကြွလာပြီ….လူလိုသာစကားပြောတပ်ရင် “”ဆွမ်းတော်ဗျို့”” ဆိုပြီး ဗျို့ဟစ်ကြမှာမလွဲပေ….. ……နောက်ပြီး…. ….အာရုံဆွမ်းချက်ဘို့အလှည့်ကျတဲ့ အလှူ့ရှင်ရဲ့အိမ်နဲ့ ချက်ရမည့်ရက်ကို မိုးမှောင်ကအလွတ်ရသည်။

မနက်၄နာရီလောက်ဆိုရင် ရွာထဲသို့မိုးမှောင်တခေါက်လာပြီး အာရုံဆွမ်းအလှူု့ရှင်ရဲအိမ်ရှေ့မှာ ၃ကြိမ်တိတိလာ`အူ´သည်။ အူသံကြားတော့ အလှူ့ရှင်များဟာ အိပ်ယာမှထပြီး …. ….အေးးအေးး မိုးမှောင်ရေ …နင်လာနှိုးလို့သာပဲ….. ….ကျေးဇူးပါ `နိဗ္ဗဆော်´ကြီးရေ….ဘုန်းကြီးပါစေ အသက်ရှည်ပါစေ သာဓုပါတော်….သာဓုပါ…… …အဲ့လိုများပြန်ပြောလိုက်ရင်….. …အူးးစ် …အူးးစ် …အူးးစ် …ဆိုပြီး သုံးကြိမ်အူကာ ကျောင်းသို့ပြန်သွားလေသည်။ ဒါ့ကြောင့်လဲ မရမ်းစုတရွာလုံးက ကျောင်းခွေးကြီးမိုးမှောင်ကိုချစ်ကြလေသည်။

….နောက်ပြီး…… …မိုးမှောင်ဟာ….ရိပ်သာမြိုင်ကျောင်းကို စရောက်တဲ့ည တညထဲသာ ညစာအဖြစ် ထန်းလျှက်ခဲ၃ခဲကိုစားဖူးသည်။ ….နောက်နေ့မှစပြီး ညစာကိုလုံးဝမစားတော့ချေ….ဘုန်းကြီးဇာကရဲ့ပြောချေအရ ဥပုသ်စောင့်ခြင်းဖြစ်သည်တဲ့လေ… ….မနက်ပိုင်းဦးဇင်းဇာကရ ဘုရားဝတ်တက်ရင် မိုးမှောင်က ကျောင်းပေါက်ဝမှာထိုင်ပြီးကြည့်နေတယ်….ဘုရားဝတ်ပြုပြီး သီလခံပြီးလို့ ကြေးစည်ထုအမျှဝေတာနဲ့ မိုးမှောင်ကလိုက်အူသည်….. ….အဲ့ဒါ နေ့တဓူပ တခါမှမပျက်ကွက်ဖူးပါတဲ့…. …ဒါ့ကြောင့် ဘုန်းကြီးလို ညစာမစားပဲ ဥပုသ်စောင့်သည်ဟု ဆိုခြင်းဖြစ်သည်။

.ရှာ မှ..ရှား…တဲ့ခွေး…. …ဒီခွေးမျိုး နောက်တကောင်ရှိရိုးလားကွယ်တို့…… ….အရမ်းစုရွာလေးဟာ ကျောင်းခွေးကြီးမိုးမှောင်ရောက်လာပြီးထဲက ဘာသာ သာသနာ ဘက်ကို အရင်ထက်ပိုပြီးအာရုံစိုက်လာကြသလို ဘုရားသွားကျောင်းတက် ဥပုသ်ယူသူများလဲ များပြားလာသည်…. …အကြောင်းမှာ တရားဟောတိုင်း ဦးဇာကရက သူ့ခွေးကြီးမိုးမှောင်ကို ဥပမာပေးပြီး ဟောပြော ညွှန်ပြသောကြောင့်ဖြစ်သည်။ ….”” အားလုံးသော ဒါကာ ဒါယိကာမတွေ…..မိုးမှောင်ကိုဘယ်လိုမြင်လဲကွဲ့….. ….””တင်ပါ့…..လူလောက်နီးပါး သိတပ်နားလည်တဲ့ တိရစ္ဆာန်တကောင်လို့မြင်ပါတယ်ဘုရား.. ;””””ဒီလောက်ပဲလား ကွဲ့.. ..တင်ပါ့…ဘာသာတရားအပေါ် ရယန်းသံဃာအပေါ်လဲ ကျေးဇူးသိတပ်တဲ့ တိရစ္ဆာန်လို့မြင်ပါတယ် ဘုရား…. ….အိမ်း….အမှန်ပဲကွယ်တို့….. ….မိုးမှောင်ဟာ ခွေးတော့ခွေးပဲ ဒါပေမဲ့ လူဝင်စားခွေးကွဲ့….. …

အလို …ဟင် ….တ….တကယ်လား..ဘုရား….. ….အိမ်း….သေချာသလောက်ရှိပါတယ်လေ…..ဘယ်သူဘယ်ဝါ ဝင်စားတယ်လို့ အတိအကျမပြောနိုင်ပေမဲ့ သိမ်ငယ်တဲ့ဘဝကနေ ခွေးဖြစ်လာသူမဟုတ်ဘူးကွဲ့….ဒီလောက်ပဲမှတ်ထားချေ….. …..တိရစ္ဆာန်ဖြစ်တဲ့မိုးမှောင်လောက်မှ ရတနာသုံးပါးရဲကျေးဇူးကိုမသိတပ်ရင် ဒါကာ ဒါယိကာမတို့ဟာ ခွေးထက်မိုက်တဲ့သူတွေဖြစ်ချေတော့မယ်.. …ဒီတော့……သတိလေးကပ်ပြီး ပြုပြင်နေထိုင်ကြပေါ့ကွယ်…… ….တင်ပါ့ဘုရား….. …သာဓု….သာဓု….သာဓု……. ခုတလော ကျောင်းခွေးကြီးမိုးမှောင် ရွာထဲကိုအလာစိတ်နေသည်…..မိုးမောင်ရောက်လာပြီးဆိုရင် ရွာသားတွေလန့်နေရပြီ…..အရင်လို ကောင်းသောလာခြင်းမျိုးတော့မဟုတ်…. …..လယ်ထဲ ယာထဲသို့ ဘို့ထွက်လာသူများကိုကြည့်ပြီး သူစိတ်မထင်သော ရွာသား/သူ တဦးဦးကို ရှေ့ကနေအတင်းထိုးဟောင်သည်။

အဲ့လို မိုးမှောင် ဟောင်ပြီဆိုရင် ရှေ့ဆက်မသွားသင့်တော့ပေ….ကျိန်းသေ ဘေးတခုခုနှင့်ကြုံပေတော့မည်။ အရင်လဲ မိုးမှောင်ဟောင်တာကို ဂရုမစိုက်ပဲ ယာထဲသွားတဲ့ ဦးစိန်မှန်တယောက် ပိုးထိပြီးသေဆုံးသွားတဲ့ သာဓက ကရှိနေခဲ့ပြီလေ….. ….ရပ်ထဲရွာထဲမှာ အသဲအသန်ဖြစ်နေသော လူနာတဦးရှိနေရင် မိုးမှောင်ရောက်လာသည်။ ထို့နောက် လူနာအိမ်ကိုကြည့်ပြီး အသံရှည်ဆွဲပီး အူလေတော့သည်…မိုးမှောင် အဲ့လို အူပြီးလို့ ကွမ်းတယာညှပ်လောက်ကြာရင် လူနာအိမ်ကနေ ငိုသံများ စီခနဲထွက်လာတော့သည်။ ……ဒါ့ကြောင့် မိုးမှောင်၏ သဘောထားအမှန်ကိုမသိသောရွာခံများက သေနိမိတ်စီးသောခွေး အပစီးနေသောမကောင်းဆိုးဝါးခွေးဆိုပြီး ခဲနဲ့ပစ်သူကပစ် တုတ်နဲ့ရိုက်သူကရိုက်ဖြင့် မောင်းထုတ်ကြလေသည်။ …..””ဒါကာမိုးမှောင်…..ဘုန်းကြီးဆီလာဦး.. …. ….အီ…အီ….. ….ဘုန်းကြီးခေါ်သဖြင့် အနားသို့မိုးမှောင်ရောက်လာသည်…

……””ဒါကာမိုးမှောင်… …ပြုတိုင်းလဲ မမြင်နဲ့ …မြင်တိုင်းလဲ မပြုနဲ့ …သတ္တဝါတခု ကံတခုကွဲ့… …ကံတရားဆိုတာ ပြုပြင်လို့မရဘူး… ….နိမိတ်ဆိုတာ မိုးကြိုးနဲ့လျှပ်စီးလိုပဲ… ….လျှပ်စီးလက်ပြီးသွားရင် မိုးကြိုးက ကျိန်းသေပစ်တော့မှာ….. ….အဲ့လို မိုးကြိုးအပစ်ခံရမှာကိုကြိုသိလို့ စေတနာနဲ့တားတဲ့ ဒါကာ့ရဲ့စေတနာတွေကို ဝေဒနာအဖြစ် မမြင်ကြပါစေနဲ့ကွယ်……ကံစီမံရာအတိုင်းသာရှိပါစေ ဒါကာမိုးမှောင်……. …..ဘုန်းကြီးဇာကရ ယခုလိုမိန့်ပြီးနောက်ပိုင်း ရွာထဲသို့ မိုးမှောင်မလာတော့ပေ….. ….မိုးမှောင်မလာတော့သည့်နောက်ပိုင်းလဲ ရွာထဲမှာ သေမဲ့လူက သေဆဲပင်ဖြစ်လေသည်။

….ရွာထဲကို မိုးမှောင်လာတာမတွေ့လို့ ဦးဇင်းကြီးကိုမေးကြည့်သောအခါ ဦးဇင်းက မလာခိုင်းတာပါ ဆိုပြီးဖြေခဲ့သည်။ ဘာသာတရားနဲ့ကံတရားအပေါ် သက်ဝင်ယုံကြည်သော ရွာခံအချို့ကတော့ နိဗ္ဗာန်ဆော်ခွေးကြီးမိုးမှောင်အတွက် စိတ်မကောင်းဖြစ်ရသည်။ ….သို့သော်လဲ ဥပုသ်ရက်တွေဆိုရင် ရွာထိတ်ကစောင့်ပြီး ဥပုသ်သယ်တွေကို ခရီးဦးကြိုပြုသည်…တရားဟောပြီးလို့ရေစက်ချအမျှဝေရင် အများနည်းတူ သာဓုခေါ်တိုင်း လိုက်အူသည်….ကျောင်းကပြန်ပြီဆိုရင်လဲ ဥပုသ်သယ်တွေကို ရွာထိတ်ထိ လိုက်ပို့ပေးသည်….သို့သော် ရွာထဲကိုတော့ လုံးဝ မဝင်တော့ပါ…… ဂျိမ်းးဂျလိန်းး …ဒိန်း…ဖြောင်းးဝေါ….ဖြော…… …မိုးကြီးလေကြီး တဝှီးဝှီးနှင့် ကောင်းကင်တခွင် လျှပ်စစ်လျပ်ပန်းများ တဝင်းဝင်းတောက်နေသော့ မိုးညတညတွင်…… ……ဒုန်းးဒုန်းး …..ဟေ့…ဘယ်သူလဲကွဲ့…. ….တင်ပါ့…တပည့်တော် ဖျံကြီးပါဘုရား …

သြော်….အေး..အေး… … ….ဂျောက်…ချလောက်.. …တံခါးဖွင့်ပေးလိုက်သောအခါ…. ….မိုးထဲ လေထဲ ဘာကိစ္စလဲ ဒါကာဖျံကြီး…ဟေ….ဖျံကြီးလဲမဟုတ်ဘူး…ဒါကတို့က ဘယ်သူတွေလဲ …ဘယ်ကလဲ….. ….. …..ဟဲဟဲ… …စိတ်တော့မရှိပါနဲ့ဘုရား….. …ဦးဇင်းဆီက အလှူခံစရာရှိလို့ပါ…. …ဟေ…..ဘာ…ဘာများလဲဒါကာကြီးတို့.. . ….ဟင်းဟင်း ….တခြားတော့မဟုတ်ပါဘူးဦးဇင်း.. …ဘုရားခန်းပုလ္လင်ပေါ်က ပဉ္စဂေါဏ ရုပ်ပွားတော်ကိုပါ… …ဟေ……. ..ဦးဇင်းဇာကရ သဘောပေါက်သွားချေပြီ…. .”””….ဟေ့… …သောင်းတင်နဲ့မြကြီး ဒီဦးဇင်းကြီးကို ကျောင်းတိုင်မှာ လက်ပြန်ကြိုးတုတ်ထားလိုက်….

သူ့ကိုယ်မှာ သော့ရှိလောက်တယ်…တွေ့အောင်ရှာစမ်း… …ဟုတ်ကဲ့ ဆရာမှန်ကင်း.. ….မ..မလုပ်ကြပါနဲ့ကွယ်….. …ဘုရားဆိုတာ မပြစ်မှားကောင်းပါဘူး.. ..ဒီဘုရားဟာ မရမ်းစုရွာရဲ့အသဲနှလုံးပါကွယ်…မလုပ်ပါနဲ့…. ….ဟုတ်ကဲ့…..ကိစ္စမရှိပါဘူးဦးဇင်း.. …နောက်ဘဝကြ နောက်ကိုယ်နဲ့နောက်ခေါင်းပေါ့….ခံစရာရှိရင် ခံလိုက်ပါ့မယ်….ခုတော့…ဒီရုပ်ပွားတော်ကို ပင့်ဆောင်ခွင့်ပြုပါ ဘုရား…..ဟားးဟားး ……လာစမ်း ဦးဇင်းကြီး …စကားကိုများတယ်…..ဘယ်မလဲ တံခါးသော့….. ….အို….ခက်ကုန်တော့မယ်…ဒါကာတို့ရယ်… ….ဘုရား..ဘုရား.. …. ….သောင်းတင်နဲ့မြကြီးဟာ ဦးဇင်းဇာကရကို ကျောင်းတိုင်မှာ လက်ပြန်ကြိုးတုတ်ရန် ချုပ်လိုက်သောအခါ…. ….ဂါးးးဂါးးး …ဝုတ်…ဝုတ်…. …ဝုန်းးးဖြော…. ….အားး …ခွေးး …ခွေးနက်ကြီး………. …ဆရာမှန်ကင်း…. ….လုပ်ပါဦး… …ဟာ….ဒီသောက်ခွေးက ဘယ်ကပေါ်လာတာလဲ…. …ကဲကွာ…သေစမ်း …ဒိုင်း …ဒိုင်း.. …..ဝုန်းး …ဂါးးး ….အိုင်..အိုင်…… ……………………………. ….

.ဝုတ်…ဝုတ်….. ….အူးးစ်ဝူးး ….ဝုတ်..ဝုတ်… ..””.ဟာ….မိုး…မိုးမှောင်ရွာထဲကိုဝင်လာပြီဟေ့……အားလုံးသတိထားကြ….. …တံခါးတွေအကုန်ပိတ်…. ……မိုးမှောင်ဟာ မရမ်းစုရွာထဲကို ညအချိန်မတော်ပြေးဝင်လာပြီး အိမ်ပေါက်စိအောင် လိုက်ဟောင်သည်… …တွေ့တဲ့သူများကိုလဲ ပုဆိုး၊လုံချည်များကိုလိုက်ဆွဲပြီး သူ့နောက်လိုက်ရန်ခေါ်သည်…. …သို့သော် သဘောမပေါက်သောသူများက တုတ်နဲ့ရိုက်၊ခဲနဲ့ပေါက်ပြီးမောင်းထုတ်ကြသည်။ …:””အဲ့ခွေး.. ..ခွေးကောင်းမဟုတ်တော့ဘူး …ခွေးရူး….ခွေးရူးဟေ့….. ….ရိုက်သက်ကြ….. …အရှင်မထားတော့နဲ့……… ….ဝှစ်…. …ဖြောင်း… …ကဲကြာ…. …ဂိန်….ကိန်…. …ဂါးးဂီးးး … ……

.ရွာထဲကလူအချို့က တုတ်၊ဓား၊ဂိုက်မျာ လှံများဆွဲပြီး မိုးမှောင်နောက်ကိုလိုက်ကြသည်။ …..မိုးမှောင်ဟာ အသက်လုပြေးရင်း ဆွမ်းဒါကကြီး ဦးလှငွေရဲ့အိမ်ထဲကိုဝင်ပြေးလေသည်…. …..လူအုပ်ကြီးကလဲ ဦးလှငွေရဲ့အိမ်ထဲထိလိုက်လာကြသည်… ….ဗျို့…ဦးလှငွေ….. …ထဦးဗျို့……ခင်ဗျားအိမ်ထဲကို ခွေးရူးမိုးမှောင်ဝင်သွားလို့….. ….ဟေ့…ဘာဖြစ်တာလဲ….. …ဘယ်သူတွေလဲကွ… …အိမ်တံခါးကိုဖွင့်ကြည့်လိုက်တော့ …ကျွီ….ဝုန်း… …အမလေး… …ဟာ…မိုးမှောင်….တကိုယ်လုံးလဲ ဒဏ်ရာဒဏ်ချက်တွေနဲ့…… …အီ….အီ….. …အိုင်…အိုင်…… …မိုးမှောင်ဟာ ဦးလှငွေရဲ့ ပုဆိုးကိုပါးစပ်နဲ့ကိုက်ဆွဲပြီး သူ့နောက်ကိုဆွဲခေါ်သည်….. ….ဟာ…….မိုးမှောင်….ဘာဖြစ်လာတာလဲ…….ဘာပြောချင်တာလဲ…. …. …..ဂါးး…ဂီးး …..ဂ….ရားးး ….ဝု…ဂါး…… …ဘ….ယား …ဟေ….. …ဘာပြောတာလဲ…ဂယားး…..ဘယားးဆိုတော့… …ဟေ ….. ….ဘုရားလို့ပြောတာလားမိုးမှောင်…. ….ဝုတ်..ဝုတ်…. …အိုင် အိုင်…… ….အူးးဝူးးစ် ….ဟာ..ဟုတ်ပြီ …

.ဒီအသံက မနက်တိုင်း မိုးမှောင် နိဗ္ဗာန်ဆော်အော်တဲ့အသံ… …ဟုတ်ပြီ…..ဘုန်းကြီးကျောင်းမှာ တခုခုဖြစ်နေပြီ……. …..ဟေ့ကောင်တွေ…. …ကသမ်း..ကရမ်းမလုပ်နဲ့ဟ… …ကျောင်းမှာ ဆရာတော် တခုခုဖြစ်လို့ မိုးမှောင်လာခေါ်တာဖြစ်မယ်…….. …ဗျာ …ဘယ်လို…. …ဟင်…. …ဟာ…. …ဟုတ်…ဟုတ်လောက်တယ်…. …အဲ့အချက်ကိုမစဉ်းစားမိဘူး… … ……အေး…မင်းတို့က မိုးမှောင်ဆိုရင် မကောင်းပဲမြင်နေကြတာကိုးကွ….. လာကြ…ကျောင်းကိုအမြန်ဆုံးပြေးကြစို့….. …..မိုးမှောင်ဟာ ရှေ့မှဦးဆောင်၍ `အူ´ပြီးပြေးလေသည်. ……မိုးမှောင်ရဲ့အူသံကြားသဖြင့် ရွာခွေးတအုပ်လုံးလဲ မိုးမှောင်နောက်ကိုပြေးလိုက်သွားကြသည်….။

…..ဦးလှငွေတို့ ကျောင်းကိုရောက်တော့ ကျောင်းတိုင်မှာ လက်ပြန်ကြိုးတုတ်ထားရက်သားကျောင်းထိုင်ဘုန်းကြီးဦးဇာကရကိုတွေ့လိုက်ရသည်။ …နောက်ပြီး… ကျောင်းနောက်ဘေးကလယ်ကွင်းထဲမှာ ခွေးတအုပ်၏ သဲကြီးမဲကြီး တိုက်ခိုက်နေသောအသံများကိုလဲကြားလိုက်ရသည်။ …””.ဘယ်..ဘယ်လိုဖြစ်တာလဲဘုရား….”” …. …..””အေး…ကျောင်းကို ဓားပြသုံးယောက်လာပြီး ပဉ္စဂေါဏဘုရားကို ဓါးပြတိုက်ပြီးယူသွားကြပြီ…ကွဲ့… ……မိုး…မိုးမှောင်ကိုလဲ…..သေနတ်နဲ့ ပစ်သက်သွားကြပြီကွယ်တို့…. ….ဗျာ…. ….အလို… ….အမလေး… …ဘုရား…ဘုရား….. ….အခုပဲ တပည့်တော်တို့ကိုမိုးမှောင်လာခေါ်လို့ လိုက်လာခဲ့ကြတာပါဘုရား….. …..အခု…..ဘယ်….ဘယ်လို….ဖြစ်ရတာလဲ…. ……ဟင်းး ….မိုးမှောင်…..တယ်လဲအစွဲကြီးတဲ့ သူတော်ကောင်းခွေးကြီးပါလားကွယ်…သေတာတောင် အသေမဖြောင့်နိုင်ပဲ…ဝိဉည်ဘဝနဲ့ စိတ်ဆောင်ပြီး ကျေးဇူးသိတပ်တဲ့ ခွေးကြီးပေကိုး….. …ဦးဇင်းဇာကရပြောမှ ကျောင်းတံခါးရွက်နောက်မှာ ပုံရက်သားလဲနေသော မိုးမှောင်၏အလောင်းကို ကြည့်ပြီး ရွာသားအားလုံးရဲ့ရင်ထဲ နင့် သွားကျသလို…..လုပ်သွားတဲ့ လူယုတ်မာတွေအပေါ်လဲ အမြတ်ချောင်းချောင်းထွက်ကုန်ကျလေသည်။

“” ဖြစ်မှဖြစ်ရလေ မိုးမှောင်ရယ်…… …..ဒါနဲ့… …အဲ့ဓားပြတွေ ဘယ်တုန်းက ပြန်သွားတာကြာပြီလားဘုရား….. ….အေး… …ဒါကာတို့နဲ့ ရှေ့ဆင့်နောက်ဆင့်ပဲ ကျောင်းနောက်ဘေးကနေထွက်သွားကြပြီ….သူတို့လက်ထဲမှာသေနတ်ပါတယ်…သတိထားကြ… ……..ဒါဖြင့်…မြန်မြန်လိုက်ကြစို့…. ….တောက်… …ခွေးမသားတွေ….မရမ်းစုရွာသားတွေရဲ့သတ္တိကို သိစေရမယ်…… …လာကြဟေ့… …ဖြော…ဖရော… ….ဝေါ……ဗြော…….. ….ရွာသားများလဲ….ဒေါသတကြီးဖြစ်ပြီး..ဓားပြတွေနောက်ကိုပြေးလိုက်ကြသည်……. ……. ……ဂါးးဂီးးးဝုန်းး …..ဝုတ်…ဝုတ်…. …ဖြော…….ဘရော……ဝုန်းး …အားးအု…..အီးး ..ကယ်ကြပါ…….သေပါပြီဗျ….. ….အားးအမလေး…… ….အားးး ……. …..ဟာ…..ဟေ့……ရှေ့မှာ ခွေးအုတ်ကြီးဟ.. …ဘာကောင်တွေကိုဝိုင်းကိုက်နေလဲမသိဘူး…….. ….အလို.. …မိုး…မိုးမှောင်လဲပါတယ်ဟေ့…. …ဘယ်….ဘယ်လိုဖြစ်ရတာလဲကွာ…….. ….လက်နက်မျိုးစုံနှင့် ပြေးလာသော ရွာသားများကိုမြင်တော့ ခွေးအုပ်ကြီးလဲရှဲသွားသည်…… …..ခွေးတွေ ရှဲသွားတော့ သွေးအလိန်းလိန်းဖြင့်လဲနေသော ဓားပြမှန်ကင်းတို့သုံးယောက်ကို ရွာသားများက အလွယ်တကူ လက်ယာဖမ်းဆီးနိုင်ခဲ့လေသည်။

…..ရွာသားများဟာ..ဓားပြများကို လက်ပြန်ကြိုးတုတ်ဖမ်းဆီးလိုက်ပြီး နောက်တနေ့မှာ ဖျာပုံရဲစခန်းသို့အက်နှံကာ အမှုဖွင့်လိုက်ကျလေတော့သည်………………………………….. ……နောက်တနေ့မှာ “” မိုးမှောင်ရဲ့အသုဘကိုတော့ ရိပ်သာမြိုင်ကျောင်းတိုက်မှာပဲ ပြုလုပ်ခဲ့သည်။ …..မိုးမှောင်အပေါ် အထင်မှားအမြင်မှားနှင့် ကိုယ်ထိလက်ရောက်နှိတ်စက်မိခဲ့သော ရွာသားအချို့ဟာလဲ မိုးမှောင်၏အခေါင်းရှေ့မှာ ပြားပြား၀ပ်ပြီး ရှိခိုးတောင်းပန်ကျ၊ ငိုကျနှင့် အတောမသပ်နိုင်တော့ပါ….. ……မိုးမှောင်၏အလောင်းကို ၃ရက်တိတိထားပြီး သင်္ဂြိုလ်မဲ့နေ့ရောက်တော့ မိုးမှောင်ရဲ့အခေါင်းကိုဖွင့်ကြည့်ပြီး အံသြကုန်ကျသည်။ မိုးမှောင်ရဲ့ကိုယ်ဟာ ပုပ်ခြင်းပွခြင်း နံစော်ခြင်းလုံးဝမရှိဘူးတဲ့လေ။ ….ဦးဇင်းဇာကရ ရဲ့ မိန့်ဆိုချက်အရ ဥပုပ်သီလရဲ့ တန်ခိုးအာနိသင့်ကြောင့်ဖြစ်သည်တဲ့။ …သာမန်လူသားတွေတောင်မစောင့်ထိမ်းနိုင်သော ၈ပါးသီလကို မိုးမှောင်က သေတဲ့အထိ မကျိုးပေါက်အောင်စောင့်ထိန်းခဲ့တဲ့အကြောင်း…မိုးမှောင်အသက်ရှိစဉ်ချိန်က ယခုသေဆုံးတဲ့အချိန်ထိ ဘယ်သတ္တဝါရဲ့အသက်ကိုမှ သေကျေအောင်ပြုမူခြင်း၊နာကြင်အောင်ပြုမူခြင်း လုံးဝမလုပ်ခဲ့ပါဘူးတဲ့။

ဦးဇင်းဇာကရရဲ့မိန့်ဆိုချက်တွေအောက်မှာ ခွေးကြီးမိုးမှောင်ကို မရမ်းစုတရွာလုံးက တသသဖြစ်နေတော့မည်ဆိုတာကတော့ အိပ်ယာဝင်ပုံပြင်တပုဒ်ထက်တော့ ပိုနေမည်သာဖြစ်ပါသည်။ မိုးမှောင်ကိုမြှုတ်နှံသင်္ဂြိုလ်ပြီးသောည၁၀ခန့်မှာ… ……နောင်ဝေ…ဝေ…. …..နောင်ဝေ…..ဝေ…..ဝေ ….တုံ….တုံ….တုံ…… ……ဦးဇင်းဇာကရ၏ ဘုရားဝတ် တက်လို့အပြီး ထုလိုက်သောကြေးစည်သံ၊အုတ်မောင်းခေါက်သံကြောင့် မရမ်းစုတရွာလုံးက သာဓုသုံးကြိမ်ခ်ါလိုက်ကျသည်။ ……အုတ်မောင်းသံဆုံးတော့…. …….အူးးစ်….ဝူးးး …….အူးးစ်အူးး ……..ဝူးးးအူးးး ….ဟာ….ဒါ…ဒါ…….မိုး….မိုးမှောင်ရဲ့အသံ……….သားကြီး…. ……သားကြီးရေ…..အမျှ….အမျှ…..အမျှ …..မိုးမှောင်ရေ…….အမျှ…..အမျှ…..အမျှ ….နိဗ္ဗာန်ဆော်ကြီးရေ….အမျှ…အမျှ..အမျှ… ….အီးးဟီးးးဟီးး ……သွားတော့….ကောင်းရာမွန်ရာကိုသွားတော့သားကြီးရေ……… ..”””.အူးးစ်….ဝူးးးအူးး””” …..မရမ်းစုတရွာလုံး၏ ပြိုင်တူထွက်ပေါ်လာသော `အမျှ´ဝေသံနှင့်အတူ “”နိဗ္ဗာန်ဆော်ခွေးကြီးမိုးမှောင်”” ၏ သာဓု ခေါ်သည်ဟုယူဆရသော `အူသံ´ကြီးဟာလဲ တဖြေးဖြေးဝေး၍ကွာသွားပါတော့သည်ခင်ဗျာ။

ပြီးပါပြီ မောင်ဂေါ်လီ(ဟင်္သာတ)

Be the first to comment

Leave a Reply

Your email address will not be published.


*