*မြစိမ်းသိုက်ကလာသူ*📖📖📖(စ/ဆုံး)

*မြစိမ်းသိုက်ကလာသူ*📖📖📖(စ/ဆုံး)

ဒီဇတ်ကြောင်းကအမလိုခင်မင်နေသူတစ်ယောက်ရဲ့ကိုယ်တွေ့ဖြစ်ရပ်မှန်ပါ ခမ်းစောဘွဲ့ရတော့သူမအရမ်းလိုချင်သောအလုပ်ကိုရဖို့အသဲအသန်ကြိုးစားနေချိန်ဖြစ်သည်။ သူမလိုပင်အားလုံးကလိုချင်နေသောအလုပ်ဖြစ်သည့်အတွက်သူမရန်မျှော်လင့်ချက်ကအလွန်နဲနေသည်။ သူ့ထက်ကဲလူစွမ်းကောင်းတွေကြားမှာသူမလိုသာမန်တစ်ယောက်အတွက်တော့ဒီအလုပ်ရရန်သောကတွေများလှသည်။ တစ်ညတွင်စာကျက်ရင်းစာကြည့်စာပွဲပေါ်မှောက်၍အိပ်ပျော်သွားလေသည်။

ထိုအချိန်တွင်သူမအခန်းတံခါးသည်သူ့အလိုလိုပွင့်သွားတဲ့အတွက်သူကဘာရယ်မဟုတ် အိမ်သားတစ်ယောက်ယောက်ဝင်လာသည်ထင်၍အခန်းဝသိုလှမ်းကြည့်လိုက်ရာတွင် အလွန်တရာအံ့သြထူးဆန်းစွာမြင်လိုက်ရသည်ကမြစိမ်းရောင်ဝမ်းဆက်ကိုတောက်ပစွာ ဝတ်ဆင်ထားသောအလွန်တရာလှပချောမောသည့်မင်းသမီးတစ်ပါးသည်သူမအားရပ်၍ကြည့်နေသည်ကိုတွေ့လိုက်ရတယ်။ ထိုမင်းသမီး၏နှုတ်ခမ်းများသည်ပြုံးနေသည်ထင်ရပေမဲ့မင်းသမီးရဲ့အေးစက်စက်အကြည့်ကြောင့်သူမရင်ထဲအေးကနဲဖြစ်သွားသည်။ ထိုမင်းသမီး၏ဆံကေသာသည်ပိတုန်းရောင်လိုနက်မှောင်ရှည်လျှားကာကျောနောက်တွင်ဖြန့်၍ချထားသည်။

ထိုမင်းသမီး၏အလှသည်စာဖွဲ့၍မကုန်သာမန်လူထဲတွင်မရှိနိုင်ဟုသူမထင်မိကာငေးကြည့်နေတုန်း ထိုမင်းသမီးသည်သူမစာကြည့်စာပွဲဆီသိုတစ်လှမ်းခြင်းရှောက်လာရာ သူမရင်ခုန်သံများခဏရပ်တန့်သွားသည်ထင်ရအောင်တစ်ကိုယ်လုံးတောင့်တင်းကာကျေက်ရုပ်ဖြစ်သွားသလားထင်မိသည်။ ထိုမင်းသမီးသူ့မရှေ့ရောက်လာသည့်အခါခမ်းစောကတုန်လုူပ်နေသောစိတ်ကိုထိန်းကာမေးလိုက်သည်။ ””’မင်းသမီးက—ဘယ်သူလဲ—-ဘာလာလုပ်တာလဲ””’ ”””အမတော်ကသိုက်နန်းရှင်မမြစိမ်းပေါ့——ညီမတော်စိတ်သောကတွေကိုလာကူညီပေးတာလေ———–တစ်ခုတော့ရှိတယ်ညီမတော်အခုလိုချင်နေတဲ့အလုပ်ရရင်အမတော်နန်းကိုလာပြီးပွဲဆက်ပါ””” မင်းသမီးစကားကိုကြားတော့သူမအလွန်ဝမ်းသာသွားသည်။ ”””အို—-ကျေးဇူးတင်လိုက်တာကျွန်မလိုချင်တဲ့အလုပ်သာရရင်အမတော်နန်းကိုပွဲလာဆက်ပါ့မယ်စိတ်ချပါ””” ”””ကောင်းပြီ—-ကတိတည်ပါစေ””’ ထိုသို့ပြောကမမြစိမ်းသည်ပျောက်ကွယ်သွား၍သူမလည်းအိမ်မက်ကလန့်နိုးသွားလေသည်။

သူမစိတ်ထဲတကယ်ဖြစ်နေသလိုခံစားရကာအခန်းဝကိုကြည့်မိတော့လဲအခန်းတံခါးသည်ပိတ်ထားလျှက်ပင် သူမကအလုပ်ကိုစိတ်စွဲ၍မက်သည်ထင်မိပေမဲ့တကယ်လာသွားသလိုမမြစိမ်းကအလုပ်ရမည်ဆို၍ဝမ်းသာသွားသည်။ သို့ပေမဲ့လုံးလုံးစိတ်မချနိုင်ပါဒီအလုပ်သည်လူအများကြီးဖြေမည့်အထဲကမှလူအနည်းငယ်သာခန့်မှာဆိုတော့ မသေချာဟုသူမတွေးရင်းရင်လေးသွားပြန်သည်ထိုအလုပ်ကိုလိုချင်သူများကအများအပြားရှိနေသည်မဟုတ်လား တစ်ခါတစ်ရံတွင်အကြောင်းအကျိူ းတရားများသည်တိုက်ဆိုင်သည်ပဲပြောရမလားဖန်းတီးပေးသည်ပဲဆိုရမလားမသိပေ သူမရဲ့ကံတရားသည်ဆန်းကျယ်စွာဘဲသူမအရမ်းလိုချင်နေသောအလုပ်ကိုရရှိလိုက်သည်။

သူမဘဝမှာတစ်ခါမှမပျော်ဘူးသောပျော်ရွှင်ခြင်းတွေသူမရရှိကာတလောကလုံးကိုပင်မေ့၍သွားလေသည်။ သူမအဖေနဲ့အမေကလဲတစ်ဦးတည်းသောသမီးကလေးအတွက်ဂုဏ်ယူကာအတော်ပျော်နေရှာသည်။ သူမမိုးမမြင်လေမမြင်အလုပ်လုပ်နေရင်းမမြစိမ်းကိုပင်သတိမရတော့ပါ။ တစ်ရက်တွင်ကောက်ခါငင်ခါဖြင့်သူမမိန်းမရောဂါဖြစ်ကာအိပ်ယာထဲလဲနေသည့်အတွက်အလုပ်ကခွင့်ယူထားရ၏။

သူမမိဘများလည်းငွေကြေးတတ်နိုင်သူများဖြစ်တာကြောင့်အထူးကုသမားတော်အစုံပြပေမဲ့သူမရောဂါသည်မသက်သာပေ တစ်ရက်တွင်သူမအိပ်ပျော်နေတုန်းအစိမ်းရောင်နန်းဝတ်နန်းစားဝတ်ထားသောမင်းသမီးနှစ်ယောက်သည်သူမနားသို့ရောက်လာကာစိတ်ဆိုးနေဟန်ဖြင့်သူမအားပြောလိုက်သည်။ ””’ညီးကလဲကတိမတည်တော့—–အမတော်ကစိတ်ဆိုးနေတာပေါ့——-ညီးကိုတွေ့ချင်လို့အမတော်နဲ့တကွ——သိုက်နန်းကငါတိုတွေကမျှော်နေကြတာ———–အခုတော့ညီးကိုအမတော်ကပြန်ခေါ်တော့မယ်———အကယ်၍ညီးလ့ူ့ပြည်မှာသက်တမ်းစေ့နေချင်ရင်အမတော်ကိုလာတောင်းပန်လိုက်ပါ

——-””’ သူမအိပ်ယာကနိုးတော့သူမအမေအားသူမမေ့နေသောမမြစိမ်းကတိတောင်းခဲ့တာကိုပြောပြလိုက်သည် ထိုအခါသူမမိခင်ကပျာပျာသလဲဖြစ်သွားပြီးရင်ဘက်ကိုဖိကာ ””’သမီးရယ်ဒီလောက်အရေးကြီးတာအမေ့ကိုဘာလို့စောစောကမပြောတာလဲ—–သိုက်နန်းရှင်မမြစိမ်းကိုသွားတောင်းပန်ရမယ်—–ငါ့သမီးကိုအမေမွေးတုန်းကနှင်းဆီပန်းအနံ့တွေစပယ်ပန်းနံ့တွေရနေတာတစ်ခန်းလုံးမွှေးနေတာဘဲ—သမီးကသိုက်ဆက်များလား”” သူမအမေကစိတ်ပူစွာဖြင့်နောက်ရက်တွင်အလွန်နံမည်ကြီးနေသောဆရာတော်ကြီးတစ်ပါးဆီကို သင်္ကန်းနှင့်တကွလှုူ ဖွယ်ပစ္စည်းအစုံအလင်နှင့်သူမအတွက်သွားလူှု ကာသူမရောဂါအားလျှောက်ကြည့်လေသည်။

ဆရာတော်ကြီးကရေမန်းတစ်ဘူးပေး၍ဟောလိုက်တယ် ”””မင်းတို့သမီးကအသက်မသေနိုင်သေးပါဘူး——-သူကသာသနာပြုဘို့ရောက်လာတာ——သာသနာြုပုတဲ့အထိနေရအုံးမှာပါ—–သူ့မှာသိုက်ဆက်ကိုကတိခံထားတာရှိတယ်အဲဒါသွားလုပ်လိုက်ပါကောင်းသွားမှာပါ——သူကထူးခြားမဲ့သူတစ်ယောက်ပါ””” ဆရာတော်ကြီးမိန့်သောစကားကြားရမှသူမအမေကစိတ်ချမ်းသာစွာပြန်လာခဲ့၏။ နောက်တစ်နေ့မိုးလင်းတာနဲ့သူမအမေသည်ဈေးကနှင်းဆီပန်းများသွားဝယ်လာကာဘုရားပန်းများဝေအောင်ထိုးသည်။ ခမ်းစောအခန်းထဲတွင်မမြစိမ်းအားရည်စူး၍နှင်းဆီပန်းတစ်အိုးထိုးလိုက်ကာခမ်းစောရောဂါသက်သာတာနဲ့အမတော်ရှိရာ လာမည့်အကြောင်းတိုင်တည်လိုက်လေသည်ထိုနေ့ကတစ်အိမ်လုံးနှင်းဆီရနံ့များမွှေးကြိုင်၍နေလေသည်။

နောက်ရက်တွင်ထူးဆန်းစွာခမ်းစောရောဂါသက်သာသွားလေသည်။ ဒါနဲ့နောက်နေ့မှာတော့အမတော်မမြစိမ်းနန်းရှိရာရွှေဘုံသာမုနိသို့မိသားစုသုံးဦးနှင့်အဖော်ကောင်မလေးခေါ်ကာကိုယ်ပိုင်ကားဖြင့် ထွက်လာကြလေသည်ပြည်မရောက်ခင်ရွှေတောင်မြို့အဝင်ကထဲကခမ်းစောဇက်ကြီးလေးလာလေသည်။ သူမဇက်ပေါ်တခုခုဖိထားသလိုခံစားရကာကိုယ်လက်မအီမသာဖြစ်၍နေသည်။ ပြည်မြို့ရောက်တော့မနက်စာဝင်စားကြသည်ခမ်းစောကဘာမှလဲကောင်းကောင်းမစားနိုင်ဘဲ မမြစိမ်းဆီရောက်ဘို့သာစိတ်စောနေမိလေသည်ဒါနဲ့မြန်မြန်စားကာခရီးဆက်ထွက်လာကြသည်။ ပြည်တစ်ဘက်ကမ်းကရွှေဘုံသာမုနိဘုရားသို့စဝင်ကထဲကသူမစိတ်တွေလန်းဆန်းပေါ့ပါးသွားလေသည်။ သူမဇတ်ပေါ်ကဝန်ထုပ်ဝန်ပိုးကြီးလဲပြုတ်ကျသွားသလိုခံစားရကာပေါ့၍သွားသည်။

သူမဘုရားရောက်တော့သိုက်နန်းရှင်မမြစိမ်းအတွက်သိုက်ပွဲထိုးရန်သိုက်ပွဲဝယ်ကာပြင်ဆင်ခိုင်းလိုက်သည်။ ကားထဲမှာပါလာသောပန်းပေါင်းစုံအားဘုရားလှုူ ရန်တစ်ဝက်ခွဲကာမမြစိမ်းဆက်ရန်ယူလာခဲ့တယ်။ ဘုရားရင်ပြင်တော်ပေါ်သို့ထက်သည်ဆိုသည်နှင့်ခမ်းစောရင်ထဲတလျှပ်လျှပ်ဖြစ်လာသည့်စိတ်ကိုမနည်းထိန်းထားရတယ်။ ရွှေဘုံသာမုနိဘုရားကြီးအားပန်းရေချမ်းဆီမီးဆွမ်းခဲဖွယ်ဘောစဉ်များကပ်ကာဘုရားရှိခိုး၍ သိုက်နန်းရှင်မမြစိမ်းနှင့်တကွဘုရားမှာရှိသောအစောင့်အရှောက်များအားခမ်းစောအမျှဝေလိုက်သည့်အခါ တစ်ကိုယ်လုံးကြက်သီးများထသွားတော့သည်ထို့နောက်မမြစိမ်းသိုက်နန်းသို့ရောက်သွား၏။

အမတော်မမြစိမ်းနန်းရှေ့ရောက်တော့အခန့်သင့်ရောက်နေသောနတ်ကတော်ကသိုက်ပွဲတင်ပေးမည်ဆိုကာခမ်းစောအားသိုက်ပွဲကိုကိုင်ခိုင်းထား၍အမတော်အားဆက်ကာ ””’ကဲ—-သိုက်နန်းရှင်အမတော်မမြစိမ်းရေ——အမတော်ရဲ့သိုက်ဆက်—-ပဌာန်းဆက်ရှိသူလေးက——အမတော်ရှေ့မှောက်သိုက်ပွဲနှင့်တကွအခစားဝင်ပါတယ်——–”’ ” သိုက်ပွဲတင်မြောက်ပေသူစကားမဆုံးခင်ပင်ခမ်းစောရင်ထဲအလွန်တရာဝမ်းနဲစိတ်ဖြစ်ပေါ်လာကာ အားရပါးရချူံ းပွဲချကာရှိုက်ကြီးတစ်ငင်ငိုပြစ်လိုက်လေသည်။ ”””’ဟီးးးးးးဟီးးးးး””’ သူမငိုသံသည်အနဲငယ်ကျယ်သွားကာသူမမိဘများကနဘေးမှထိန်းပေးနေရသည်နတ်ကတော်ကသူမအားကြည့်ကာ

””’ငိုချပစ်လိုက်—-စိတ်ထဲရှိတာအားရအောင်ငိုပစ်လိုက်စမ်းပါ——ဒါဟာအမတော်သိုက်ဆက်အစစ်ဘဲ””” ခမ်းစောလဲဝမ်းနည်းပက်လက်ငိုပစ်လိုက်တာသူမအားဘုရားဖူးများဝိုင်းအုံ့ကြည့်နေကြသည်အထိပင် မကြာခင်ဘုရားဖူးလာသူများစတစပို၍များလာပြီးလာကြည့်ကြသူထဲမှကောင်မလေးတစ်ယောက်သည် ခမ်းစောနားပြေးလာကာသူပါရောငိုရင်းထူးဆန်းစွာပြောလိုက်သည်။ ””အမတော်ကကျေနပ်သွားပါပြီ——ငါတို့လဲတွေ့ရလို့ဝမ်းသာလိုက်တာ—–ငါတို့တွေကညီမတော်လာတာဝမ်းသာလို့ရွှေတောင်မြို့အဝင်ကထဲကကြိုပြီး

—–ဂုတ်ပေါ်တက်စီးလာကြတာ———ဝမ်းသာတယ်ဟေ့””””’ ထိုကောင်မလေးလဲပြောပြီးတာနဲ့သတိဝင်သွား၍သူဘာဖြစ်လို့ခမ်းစောနားရောက်နေသည်မသိဘဲရှက်ရှက်နဲ့ထွက်သွားပေသည်။ ဒီတော့မှခမ်းစောလဲအငိုရပ်ကာပတ်ဝန်းကျင်ကိုသတိထားမိသွားကာအလွန်ရှက်သွားမိသည်။ ဒါနဲ့အမတော်အားပြန်ရန်နှုတ်ဆက်သည့်အနေဲ့အမတော်နန်းနားကပ်၍အမတော် မျက်နှာအားကြည့်လိုက်ရာအမတော်သည်သူမအားပြုံးပြနေသည်ဟုထင်ရပေသည်။

သူမကဘုရားကြီးအတွက်အလူူ ငွေများလူူ တန်းကာအမတော်နှင့်တကွသိုက်နန်းရှင်များအားလှိုက်လှဲစွာအမျှပေးဝေခဲ့လေသည်။ အခုအချိန်တွင်သူမသည်ဘုရားအမကျောင်းအမရဟန်းအမဖြစ်၍သူမမွေးရပ်မြေတွင်ဘုရားတစ်ဆူတည်ရန် လုံးပန်းလျက်ရှိပါသည်သူမကပြောသည်မှာသူမအိမ်မက်ထဲတွင်အမတော်မြစိမ်းနှင့်တကွ သိုက်နန်းရှင်များပါဝင်ကုသိုလ်ယူမည်ဟုဆိုပါသည်။သူမသည်သိုက်ကလာသည်ဆိုပေမဲ့ ဘုရားတရားကိုလေးလေးနက်နက်လုပ်သည်တရားစခန်းများလဲမကြာခဏဝင်သူဖြစ်သည်။ သူမလက်သုံးစကားအရလူ့ဘဝတိုတိုကလေးမှာရသမျှကုသိုလ်ကိုအချိန်မဆွဲဘဲအချိန်လုပြီးလုပ်ပါမှ သေမင်းလာခေါ်ရင်အဆင်သင့်ဖြစ်မှာပါတဲ့သူမပြောပြသောမမြစိမ်းအကြောင်းတိုက်ဆိုင်၍တင်ပေးပါသည်။ ပြီး D Moe Moe

Be the first to comment

Leave a Reply

Your email address will not be published.


*