ကြောင်သရဲ(စ/ဆုံး) ကျွန်မသည်ကြောင်တွေခွေးတွေမချစ်တတ်ပါဘာသတ္တဝါမှလည်းအိမ်တွင်မမွေးထားပါ ကျွန်မကမွေးရာပါနှလုံးအားနည်းတတ်သည့်ရောဂါခံရှိ၍လားတော့မသိပါအလွန်ရွံတတ်၏ မျက်စိရှေ့တွင်ရွံ့စရာတွေပါကထိုးအန်တတ်သဖြင့်အလွန်သတိထားနေရပေသည်။ တစ်မနက်တွင်မိုးလင်းသည်နှင့်ကျွန်မ၏နားထဲကြောင်အော်သံများအဆက်မပြတ်ကြားနေရ၏ ””ညောင်—ညောင်—ညောင်””’ ဒါနဲ့အိပ်ယာကထ၍ဘယ်ကအသံလည်းလို့လိုက်ရှာကြည့်လိုက်သည့်အခါ အသံသည်ခြံရှေ့တံခါးနားကကြားနေရသဖြင့်ခြံတံခါးအားဖွင့်၍ကြည့်လိုက်၏ ထိုအခါခြံရှေ့အပေါက်ဝတည့်တည့်တွင်ကြောင်ပေါက်စကလေးငါးကောင်အားတွေ့လိုက်ရပေသည်။ ဘယ်သူကများခြံဝတွင်လာပစ်သွားသည်မသိပါကြောင်ကလေးများကလမ်းပင်ကောင်းစွာမရှောက်နိုင်သေးပဲတညောင်ညောင်ဖြင့်ဆူညံစွာအော်၍နေပေသည်။ ကျွန်မလည်းအလွန်စိတ်ရှုတ်သွား၏ကျွန်မ၏ခြံရှေ့သည်ကားလမ်းမကြီးသဖြင့်ကားများဥဒဟိုသွားလာနေကြရာ ဒီအတိုင်းပစ်ထားပါကကားလမ်းမပေါ်ထွက်လိုက်သည်နှင့်ကားတိုက်သွားမှာသေချာသည်။ သတ္တဝါတွေအသက်ကယ်ကောင်းပါတယ်လေဟုတွေးကာကြောင်များအားခြံတံခါးဖွင့်ပေးကာခြံထဲသွင်းထားလိုက်သည်။ ခြံထဲကရေစက်နားတွင်အဝတ်အဟောင်းကလေးခင်ကာအစာခွက်နှင့်ရေခွက်ချထားပေးလိုက်သည်။ သို့ပေမဲ့ကျွန်မမွေးရန်စိတ်ကူးမရှိပါကျွန်မ၏မိတ်ဆွေအပေါင်းအသင်းများထဲတွင်ကြောင်ချစ်သူများရှိပေသည်။ ကျွန်မဖုန်းတစ်လုံးဖြင့်မိတ်ဆွေအပေါင်းအသင်းများအားကြောင်လိုချင်ပါကလာယူကြရန်အကြောင်းကြားကာအလုပ်ရှုတ်လျှက်ရှိသည်။ မကြာမီမိတ်ဆွေများကကြောင်များအားလာ၍ယူသွားကြရာကြောင်လေးကောင်ပါသွား၍နောက်ဆုံးကြောင်တစ်ကောင်ပျေက်နေရာခြံထဲလိုက်ရှာသော်လည်းမတွေ့တော့ပေ ကျွန်မစိတ်ထဲတစ်ယောက်ယောက်များယူသွားသလားဘေးခြံများသို့ရောက်သွားသလားတွေးကာလိုက်မရှာတော့ပေ ကျွန်မတို့ဘေးခြံတွင်ကြောင်တစ်ကောင်ရှိသဖြင့်ထိုခြံဘက်ရောက်သွားသည်ဟုထင်ပါသည်။ ကျွန်မထင်သည့်အတိုင်းပင်ထိုကြောင်တစ်ကောင်သည်ဘေးခြံထဲရောက်ကာတညောင်ညောင်ဖြင့်အသံပေးနေ၏ ကျွန်မလည်းအိမ်ရှင်များကိုခေါ်၍ထိုကြောင်အားမွေးရန်ပေးလိုက်သည်။ ကြောင်များအားလုံးရှင်းသွားသည့်အတွက်ကျွန်မစိတ်ချမ်းသာ၍သွားသည်။ သိုပေမဲ့မကြာမီတွင်ကြောင်သည်ဟိုဘက်အိမ်နှင့်ဒီဘက်အိမ်ကူးသန်းသွားလာနေကာကျွန်မတို့ခြံဘက်တွင်သာအနေများ၏ ဘယ်လိုပင်မောင်းထုတ်ထုတ်ပြန်ရောက်ရောက်လာသဖြင့်လွတ်ထားလိုက်ရ၏ သူအစာစားချင်ပါကတညောင်ညောင်ဖြင့်နားညီးအောင်အော်ကာလူနောက်လိုက်နေတတ်သည်။ […]