
ကြောင်သရဲ(စ/ဆုံး)
ကျွန်မသည်ကြောင်တွေခွေးတွေမချစ်တတ်ပါဘာသတ္တဝါမှလည်းအိမ်တွင်မမွေးထားပါ ကျွန်မကမွေးရာပါနှလုံးအားနည်းတတ်သည့်ရောဂါခံရှိ၍လားတော့မသိပါအလွန်ရွံတတ်၏ မျက်စိရှေ့တွင်ရွံ့စရာတွေပါကထိုးအန်တတ်သဖြင့်အလွန်သတိထားနေရပေသည်။ တစ်မနက်တွင်မိုးလင်းသည်နှင့်ကျွန်မ၏နားထဲကြောင်အော်သံများအဆက်မပြတ်ကြားနေရ၏ ””ညောင်—ညောင်—ညောင်””’ ဒါနဲ့အိပ်ယာကထ၍ဘယ်ကအသံလည်းလို့လိုက်ရှာကြည့်လိုက်သည့်အခါ အသံသည်ခြံရှေ့တံခါးနားကကြားနေရသဖြင့်ခြံတံခါးအားဖွင့်၍ကြည့်လိုက်၏ ထိုအခါခြံရှေ့အပေါက်ဝတည့်တည့်တွင်ကြောင်ပေါက်စကလေးငါးကောင်အားတွေ့လိုက်ရပေသည်။
ဘယ်သူကများခြံဝတွင်လာပစ်သွားသည်မသိပါကြောင်ကလေးများကလမ်းပင်ကောင်းစွာမရှောက်နိုင်သေးပဲတညောင်ညောင်ဖြင့်ဆူညံစွာအော်၍နေပေသည်။ ကျွန်မလည်းအလွန်စိတ်ရှုတ်သွား၏ကျွန်မ၏ခြံရှေ့သည်ကားလမ်းမကြီးသဖြင့်ကားများဥဒဟိုသွားလာနေကြရာ ဒီအတိုင်းပစ်ထားပါကကားလမ်းမပေါ်ထွက်လိုက်သည်နှင့်ကားတိုက်သွားမှာသေချာသည်။ သတ္တဝါတွေအသက်ကယ်ကောင်းပါတယ်လေဟုတွေးကာကြောင်များအားခြံတံခါးဖွင့်ပေးကာခြံထဲသွင်းထားလိုက်သည်။
ခြံထဲကရေစက်နားတွင်အဝတ်အဟောင်းကလေးခင်ကာအစာခွက်နှင့်ရေခွက်ချထားပေးလိုက်သည်။ သို့ပေမဲ့ကျွန်မမွေးရန်စိတ်ကူးမရှိပါကျွန်မ၏မိတ်ဆွေအပေါင်းအသင်းများထဲတွင်ကြောင်ချစ်သူများရှိပေသည်။ ကျွန်မဖုန်းတစ်လုံးဖြင့်မိတ်ဆွေအပေါင်းအသင်းများအားကြောင်လိုချင်ပါကလာယူကြရန်အကြောင်းကြားကာအလုပ်ရှုတ်လျှက်ရှိသည်။
မကြာမီမိတ်ဆွေများကကြောင်များအားလာ၍ယူသွားကြရာကြောင်လေးကောင်ပါသွား၍နောက်ဆုံးကြောင်တစ်ကောင်ပျေက်နေရာခြံထဲလိုက်ရှာသော်လည်းမတွေ့တော့ပေ ကျွန်မစိတ်ထဲတစ်ယောက်ယောက်များယူသွားသလားဘေးခြံများသို့ရောက်သွားသလားတွေးကာလိုက်မရှာတော့ပေ ကျွန်မတို့ဘေးခြံတွင်ကြောင်တစ်ကောင်ရှိသဖြင့်ထိုခြံဘက်ရောက်သွားသည်ဟုထင်ပါသည်။
ကျွန်မထင်သည့်အတိုင်းပင်ထိုကြောင်တစ်ကောင်သည်ဘေးခြံထဲရောက်ကာတညောင်ညောင်ဖြင့်အသံပေးနေ၏ ကျွန်မလည်းအိမ်ရှင်များကိုခေါ်၍ထိုကြောင်အားမွေးရန်ပေးလိုက်သည်။ ကြောင်များအားလုံးရှင်းသွားသည့်အတွက်ကျွန်မစိတ်ချမ်းသာ၍သွားသည်။ သိုပေမဲ့မကြာမီတွင်ကြောင်သည်ဟိုဘက်အိမ်နှင့်ဒီဘက်အိမ်ကူးသန်းသွားလာနေကာကျွန်မတို့ခြံဘက်တွင်သာအနေများ၏ ဘယ်လိုပင်မောင်းထုတ်ထုတ်ပြန်ရောက်ရောက်လာသဖြင့်လွတ်ထားလိုက်ရ၏ သူအစာစားချင်ပါကတညောင်ညောင်ဖြင့်နားညီးအောင်အော်ကာလူနောက်လိုက်နေတတ်သည်။
နားညီး၍ထမင်းကြွေးလိုက်မှငြိမ်သွားတတ်၏လူတွေနားသို့ပွတ်သီးပွတ်သတ်လုပ်သည့်အခါကျွန်မကစိတ်မရှည်သဖြင့်တွန်းထုတ်တတ်၍ကျွန်မနားသို့သိပ်မကပ်ပါ ကျွန်မတို့အိမ်တွင်ကြောင်ကပ်၍ရတာဆိုလို့အဖေတစ်ယောက်ပဲရှိသည်။ အဖေကများသောအားဖြင့်အေးဆေးစွာပက်လက်ကုလယ်ထိုင်ပေါ်စာဖတ်နေတိုင်းကြောင်ကအဖေခြေထောက်ပေါ်တက်၍အိပ်နေတတ်သည် အဖေအပြင်ကပြန်လာသည့်အခါကြောင်စာထုတ်လေးများဝယ်လာကာကြောင်ကိုစိတ်ရှည်လက်ရှည်အစာကြွေးတတ်သဖြင့် အဖေအပြင်ကပြန်လာသည်နှင့်ကားနားသွားကာခုန်ပေါက်၍ကြိုနေတတ်သည်။
အိမ်တွင်ကြောင်ကိုသံယောစဉ်အရှိဆုံးကအဖေသာဖြစ်ပေသည်ကျန်လူများကကြောင်မချစ်တတ်ကြပါ သူအစားစားချင်ပါကအဖေ့ခြေထောက်နားလှည့်ကာပတ်ကာဖြင့်တိုးဝှေ့နေရာအဖေက ””ငါ့ကြောင်ကလေးဗိုက်ဆာနေသလားမသိဘူးဟေ့—အစာကျွေးလိုက်ကြပါအုံး””’ ထိုအခါရှိသည့်စားစရာချကြွေးလိုက်ရ၏ကြောင်နှင့်အလုပ်ရှုတ်နေသောအဖေ့အားစိတ်ချမ်းသာအောင်ကြောင်စာထုတ်ကြီးဝယ်ပေးထားလိုက်သည်။
ကြောင်သည်သတ္တဝါဆိုပေမဲ့နားလည်၏သူ့အပေါ်ဂရုစိုက်သည့်အဖေ့နားကမခွာပေ အဖေအိမ်မှာမရှိအပြင်သွားနေသည့်အခါသူ့အပေါ်ဂရုမစိုက်သူများသာရှိနေသည်ကိုသိသည့်အလားဟိုဘက်ခြံသွားနေတတ်၏ တစ်ရက်တွင်ကျွန်မတို့တစ်အိမ်လုံးမိုးလင်းကထဲကအပြင်သွားကြ၏ ညဘက်မှအပြင်ကမောမောပန်းပန်းပြန်ရောက်ကြ၍အိမ်တံခါးဖွင့်လိုက်သည်နှင့်ခဏအကြာတွင်ထိုကြောင်သည်ရောက်၍လာကာဆူညံစွာအော်၍အဖေ့နားကပ်ကာအစားတောင်းနေ၏ ”””’ညောင်—ညောင်—-ညောင်”” ထိုအခါအဖေကအိမ်သားများအား ””’ဟေ့—ကြောင်ဗိုက်စာနေတာထင်တယ်
—-ကြောင်စာလည်းကုန်နေပြီရှိတာကြွေးလိုက်ကြပါအုံး””’ ဒါနဲ့ကျွန်မလည်းမနားအားသေးပဲကြောင်စာကျွေးရန်ပြင်ဆင်ရပြန်သည်ခရီးသွားနေတာဆိုတော့အိမ်တွင်ဘာဟင်းမှမရှိထို့ကြောင့်ပုဇွန်ခြောက်နှင့်ထမင်းရောနယ်နေတုန်းရှိသေး ကြောင့်ကကျွန်မလက်ကိုဟပ်၍အော်နေရာကျွန်မလည်းအလွန်စိတ်တိုသွားသဖြင့် လက်ထဲကကြောင်စာခွက်နှင့်ကြောင်ခေါင်းကိုခေါက်၍မန်လိုက်သည်။
””အော်—ကြွေးပါ့မယ်ဆိုမှအတော်ငတ်နေတယ်ထင်တယ်ခဏစောင့်ပါအုံးလား””’ ကျွန်မထမင်းနှင့်ပုဇွန်ခြောက်နယ်ပြီးချပေးလိုက်သည့်အခါကြောင်ကချက်ချင်းမစားသေးပဲကျွန်မအားကြည့်နေ၏ ကျွန်မစိတ်ထဲအတော်စိတ်မကောင်ဖြစ်သွားမိ၏ငါခေါင်းခေါက်လိုက်တာအတော်နာသွားတယ်ထင်တယ်ဟုတွေးမိသွားကာကြောင်ရှေ့ကိုအစာခွက်ထိုးပေးလိုက်သည်။ ထိုအခါမှကြောင်ကဖြေးဖြေးချင်းစား၏အရင်လိုအူယားဖားယားမစားပေသူကိုစိတ်တိုနေတာသိသည်ထင်ပါသည်။ ထိုသို့ဖြစ်ပြီးတစ်ပတ်လောက်အကြာတွင်အဖေကမနက်ခင်းလမ်းရှောက်၍ပြန်လာပြီးမျက်နှာမကောင်းစွာဆိုသည်။
”””ငါ့ကြောင်ကလေးတော့ဟိုဘက်ခြံရှေ့မှာကားတိုက်ထားတာသေသွားပြီစိတ်မကောင်းလိုက်တာ—-ဘယ်တုန်းကတိုက်သွားသလဲမသိဘူး””” ထိုအခါကျွန်မတို့လည်းကြောင်မချစ်ပေမဲ့အမြဲမြင်နေကြဖြစ်သညိ့အတွက်စိတ်မကောင်းကြပါ သတ္တာဝါတစ်ခုကံတစ်ခုဟုသဘောထားလိုက်ကြသည်။ နောက်တစ်ရက်တွင်တစ်အိမ်လုံးအပြင်သွားကြရာကျွန်မတစ်ယောက်ထဲအိမ်စောင့်ကျန်နေခဲ့သည်ထိုအချိန်တွင်ကျွန်မကအိမ်ရှေ့တွင်ထိုင်နေတုန်း ””ညောင်–ညောင်—ညောင်”” ရုတ်တရက်ကျွန်မနားကပ်၍အော်လိုက်သောကြောင့်အော်သံကြောင့်လန့်၍သွားသည်။
ကြောင်အော်သံသည်သေသွားသည့်ကြောင်အော်သံဆိုတာကျွန်မအသေအချာမှတ်မိ၏ ဒါနဲ့ကျွန်မလှည့်ပတ်ကြည့်ရာဘာမှမတွေ့ရတံခါးတွေအလုံပိတ်ထား၍ကြောင်ဝင်စရာအပေါက်လည်းမရှိပေကြောင်အစအနလည်းမမြင်ရပေ စိတ်စွဲလို့များကြားတာလားလို့တွေးကာထမင်းစားရန်ထမင်းစားခန်းထဲရောက်သွား၏ထမင်းစားပွဲပေါ်ထိုင်ရုံရှိသေး ””ညောင်—ညောင်”’ ကျယ်လောင်စွာအော်လိုက်သည့်ကြောင်အော်သံကိုပီပီပြငိပြင်ကြားလိုက်ရကာထ၍ရှာကြည့်တော့လည်းဘာကြောင်မှမတွေ့ရပေ ကျွန်မစိတ်ထဲတွေးလိုက်မိသည်ကသေသွားသည်ကြောင်သည်ကျွန်မအားလာခြောက်သလားဟုထင်မိ၏ လူတွေသာမကျွတ်မလွတ်ဖြစ်ကြသည်မဟုတ်ကြောင်လိုသတ္တဝါပင်မကျွတ်တာလားဟုစဉ်းစားမိပါသည်။
ကျွန်မလည်းအိမ်တံခါးများဖွင့်ကာကြည့်ပေမဲ့ကြောင်အရိပ်အယောင်ကိုမတွေ့ရသော်လည်းတစ်ချက်တစ်ချက်တော့ကြောင်အော်သံကိုကြားနေရသည် အော်လိုက်တိုင်းပတ်ဝန်းကျင်အနီးအနားမှာရှိနေသလိုခံစားရသည်ဟိုဘက်ခြံကကြောင်ကလည်းကျွန်မတို့အိမ်ကိုလာလေ့မရှိပါ ဒီလိုနှင့်အိမ်သားများပြန်လာတော့ကြောင်အကြောင်းမပြောပြဖြစ်တော့ပါ ထိုညကကျွန်မအိပ်နေတုန်းသန်ခေါင်လောက်တွင်အသံတစ်ခုကြောင့်လန့်နိုးသွားသည်။ ထိုအသံကကြမ်းပြင်ကိုလက်သဲဖြင့်ကုတ်နေသည့်အသံဖြစ်ကာ ””’ဂျစ်—ဂျစ်—ဂျစ်””’ ကျွန်မမျက်လုံးဖွင့်ကြည့်မိတော့အခန်းအပြင်ဘက်တွင်လှေကားကညစွဲမီးသီးခပ်မှိန်မှိန်အရောင်ရှိနေသည်။
အခန်းတံခါးသည်နည်းနည်းဟလျှက်ရှိနေပြီးအခန်းထဲတွင်တော့မှောင်မဲနေကာ အခန်းတံခါးဝနားတွင်တွင်အစိမ်းရောင်တောက်နေသောမျက်လုံးနှစ်လုံးအားအမှောင်ထဲတွင်တွေ့လိုက်ရာ အသဲများအေးကာအလွန်လန့်၍သွားသည်ထိုအစိမ်းရောင်မျက်လုံးနှစ်လုံးကရွေ့လျားခြင်းမရှိပဲ အရောင်တွေဖြာထွက်နေသလိုဖြစ်နေ၍ကမန်းကတန်းထထိုင်လိုက်ကာကုတင်ဘေးကစားပွဲပေါ်မှ တယ်လီဖုန်းအားယူ၍ဖုန်းမီးဖြင့်ထိုးကြည့်လိုက်ရာဘာမှမတွေ့ရတော့ပေ ဒါနဲ့အခန်းမီးဖွင့်ကြည့်ရာထူးုခြားမှု့ှမတွေ့ရပါအခန်းတံခါးအားသွား၍ပိတ်ကာပြန်အိမပ်ရန်နောက်လှည့်လိုက်သည့်အခါမှာတော့ နံရံတွင်ကြောင်အရိပ်မဲကြီးပေါ်နေရာလန့်၍သွားပြန်သည်။
လူသရဲလောက်မကြောက်ဘူးဆိုပေမဲ့လန့်သည့်စိတ်တော့ရှိပေသည်။ အိပ်မရသည့်အတူတူရသမျှဘုရားစာများရွတ်နေရင်းကျွန်မလုံးဝအိပ်ပျော်သွား၏ နောက်တစ်ရက်တွင်ကျွန်မတို့မိသားစုများTVကြည့်နေရင်းမီးကဖြတ်ကနဲ့ပြတ်သွား၏ ထိုအခါတစ်အိမ်လုံးမှောင်အတိကျသွားကာဘာမှမမြင်ရတော့ပေထိုအချိန်တွင်ထူးဆန်းစွာပင်အဖေထိုင်နေသည့်ဘေးနားတွင်အစိမ်းရောင်တောက်နေသော မျက်လုံးနှစ်လုံးကိုတစ်အိမ်လုံးမြင်လိုက်ကြရသည်အားလုံးမှင်သက်အံ့သြစွာကြည့်နေကြတုန်းမီးကဖြတ်ကနဲပြန်လင်းလာရာ အဖေ့နားတွင်ဘာဆိုဘာမှမမြင်ကြတော့ပါတစ်အိမ်သားလုံးကြောင်သရဲထင်၍စိတ်မကောင်းဖြစ်သွားကြ၏ နောက်နေ့မှာတော့အိမ်ကိုဆွမ်းခံကြွသည့်ကိုယ်တော်အားလှူ ဖွယ်ပစ္စည်းများကပ်ကာကြောင်ကိုအမျှပေးဝေလိုက်၏ အဲဒီနောက်မှာတော့ကြောင်ခြောက်တာမတွေ့ရတော့ပေအသံလည်မကြားရတော့ပါ စွဲလမ်းခြင်းသံယောစဉ်သည်လူတွေမှာသာရှိသည်မဟုတ်သက်ရှိသတ္တဝါတိုင်းတွင်ရှိနေကြသည်ထင်ပါသည်။
ပြီး
Leave a Reply