ကြင်ဖော်တွဲချင်ရှာလိမ့်မည်(စ/ဆုံး) သားကစေ့စပ်ကြောင်းလမ်းစကားလိုက်ပြောပေးဖို့ပြောထားသည်။မိန်းကလေး၏မိဘများရွာကအလှမ်းဝေးလွန်းသဖြင့်တကူးတကန့်သွားရန်မလွယ်။ဗုဒ္ဓဂယာမှအပြန်ရန်ကုန်ရောက်တုန်းပြောလိုက်စေချင်သည်ဟုဆိုသည်။ပညာလည်းစုံ၊အလုပ်အကိုင်အတည်တကျလည်းရှိ၊အချိန်တန်အရွယ်ရောက်ပြီမို့အိမ်ထောင်ပြုသင့်ပါပြီ။ရောက်တတ်ရာရာတွေးရင်းညကတော်တော်နှင့်အိပ်မပျော်။မင်္ဂလာစရိတ်အတွက်ရနိုင်သမျှစုဆောင်းပြင်ဆင်ထားရသည်။ငွေကြေးမပြည့်စုံသော်လည်းတစ်ဦးတည်းသောသားလေးအတွက်မိဘဝတ္တရားကျေချင်သည်။ မနက်လင်းသည်နှင့်နေ့စဉ်လုပ်နေကျအတိုင်းမျက်နှာသစ်၊လမ်းလျှောက်၊ကိုယ်လက်လေ့ကျင့်ခန်းလုပ်၊ရေချိုးသည်။ပြီးတော့အိပ်ယာထဲလဲနေသောဇနီးဖြစ်သူကိုအပေါ့၊အလေးတည်၊ကိုယ်လက်သုတ်သင်၊မနက်စာကျွေးရသည်။ https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe နိစ္စဓူဝအလုပ်တွေပြီးတော့မှသားခေါ်လျှင်လိုက်ဖို့အဝတ်အစားလဲပြီးသတင်းစာဖတ်ရင်းစောင့်နေလိုက်သည်။ “ပြင်ဆင်ပြီးရင်သွားရအောင်အဖေ၊သူတို့ဖက်ကလူကြီးတွေစောင့်နေလိမ့်မယ်၊လမ်းမှာလဲကားပိတ်ရင်ကြာဦးမယ်” “သားအမေကိုစောင့်ရှောက်ဖို့ သားဒေါ်လေးရောက်ပြီလား” “ခုပဲရောက်တယ်အဖေ” “အေးအေး ဒါဆိုလဲသားအမေကိုနှုတ်ဆက်လိုက်ကြဦးစို့” သူတို့သားအဖအခန်းထဲဝင်သွားတော့ဇနီးဖြစ်သူကကပြုံးရောင်သန်းသည့်မျက်နှာဖြင့်ကြိုနေသည်။သည်နေ့သားအတွက်မင်္ဂလာစေ့စပ်ကြောင်းလမ်းသွားမည်ကိုအသိပေးပြီးဖြစ်သည်။သားကိုအိမ်ထောင်ချပေးနိုင်တော့မည်မို့မိခင်တစ်ယောက်အနေဖြင့်ပျော်ရွှင်နေသည်။မိဘစုံညီနှင့်သွားရမည်ဆိုလျှင်မည်မျှကောင်းလေမည်နည်း။သည်အတွက်စိတ်မကောင်းဖြစ်မိသည်။
ကြင်ဖော်တွဲချင်ရှာလိမ့်မည်(စ/ဆုံး) Read More