ကျမကလေးလေး(စ/ဆုံး)

ကျမကလေးလေး(စ/ဆုံး)

အနောက်တောင်အရပ်ဆီမှ••မိုးသက်လေက•• ဝန်းကျင်တစ်ခွင်••ဖြန့်ကျက်မှိုင်းညှို့၍နေလေသည်။ ထိုအချိန်တွင်••• တောထဲတွင်••ထင်းခွေရန်ရောက်နေသော သာလှတို့ဇနီးမောင်နှံမှာ••• မိုးသစ်လေကြောင့်ရှေ့ခရီးမဆက်နိုင်ဘဲ ရှိနေပေသည်။ သူတို့မိုးခိုနေသောဖျောက်ဆိပ်ပင်ကြီးကလည်း လုံခြုံမှုပေးနိုင်ရန်မစွမ်းသာတာမို့ ဇနီးမောင်နှံနှစ်ယောက်လုံးရွှဲရွှဲစိုနေလေပြီ။ နေဝင်တော့မည်မို့••အမှောင်ရိပ်ကလည်း ကြီးစိုး၍လာလေတော့သည်။

ဇနီးသည်ဖြစ်သူ••• မယ်ယဉ်က••• “”မောင်ကြီး••မှောင်လာတော့မယ်နဲ့တူတယ်ရှင့် ကျုပ်တို့ဆက်နေဖို့မသင့်တော်ဘူး””” “”ဟုတ်တယ်ရှင်မရေ•••• မှောင်လာရင်သားရဲတွေထွက်လာနိုင်တယ်””” တောကရွာနှင့်အလှမ်းမဝေးဘူးဆိုပေမယ့် သစ်ပင်ကြီးများနှင့်ထူထပ်နေတာမို့••• သားရဲပေါသည်။ ဇနီးမောင်နှံထင်းတစ်ယောက်တစ်စည်းစီပွေ့၍••• မိုးခိုနေရာမှအိမ်ပြန်ရန်ပြင်လိုက်လေသည်။ “””ဂျိမ်းးးးးဒလိန်း””” လျှပ်စီးတွေလက်နေသလို မိုးချိမ်းသံများက••ပိုမိုကျယ်လောင်လာလေသည်။ “”အူ•••ဝဲ••••အူ•••ဝဲ”””” ထိုစဉ်••• မိုးသံလေသံများကြားမှ••• အသံတစ်ခုကြောင့်ဇနီးမောင်နှံမှာ••• ခတ္တမျှတွေသွားကာ “”မောင်ကြီး•တစ်ခုခုကြားရလား””” “”ဟုတ်တယ်•••ကလေးငိုသံလိုပါလား””” “”အူ•••ဝဲ••အူ••ဝဲ””” ဇနီးမောင်နှံထပ်မံနားစွင့်လိုက်ရာ•• ကလေးငိုသံဖြစ်နေလေသည်။

“”ရှင်မ••မြန်မြန်လျှောက်စမ်းပါ””” “”ကလေးငိုနေတာ••မောင်ကြီးရဲ့ ဒီတောထဲဘယ်သူလာပစ်သွားတယ်မသိဘူး””” “”ဒီတောကြီးမျက်မဲထဲ••ကလေးငိုတာဖြစ်နိုင်ပါ့မလားရှင်မရယ်””” “”တစ်ယောက်ယောက်လာပစ်တာနေမှာ တော်မကြည့်ချင်နေခဲ့^•ကျုပ်သွားကြည့်မယ်”” မယ်ယဉ်ကပြောပြောဆိုဆိုအသံလာရာဆီရှေ့တိုးသွားတာမို့ သာလှမှာမနေသာတော့ဘဲ•••ဇနီးသည်နောက်လိုက်ခဲ့ရတော့သည်။ မယ်ယဉ်ကအိမ်ထောင်သက်ငါးနှစ်တိုင်အောင် ကလေးမရနိုင်၍•••သူမကိုယ်သူမ•• ဇနီးမယားတာဝန်မကျေပွန်သူ မိန်းမတစ်ယောက်အဖြစ်ခံယူထားကာ ကလေးမွေးစားရန်လည်းအမြဲပြောလေ့ရှိလေသည်။ သို့ပေမယ့်••• ကိုယ့်ဝမ်းစာတောင်ကိုယ်အနိုင်နိုင်နှင့် သူတို့ကို••ဘယ်မိဘကသူတို့ကလေးကို မွေးစားရန်ပေးကြမည်မဟုတ်ပေ။

 

တဖြည်းဖြည်းနှင့်ကလေးအသံက••• နီးကပ်လာလေသည်။ “”အူဝဲ••အူဝဲ••••””” “”တော်••ရေ•••ကလေးလေးတော့••••””” မယ်ယဉ်မှာကလေးအားဝမ်းသာအားရ ကောက်ချီလိုက်ကာ•••• “”မောင်ကြီး••ကလေးလေးတော့••မောင်ကြီး ပုဆိုးအောက်နားကဖြဲလိုက်””” “”ဘာလုပ်မှာလဲရှင်မရဲ့””” “””ဒီမှာကလေးလေးအေးလို့ပြာနှမ်းနေပြီ••• ပုဆိုးနဲ့ထပ်ပွေ့ရအောင်””” သာလှမှာ••ကလေးအားတစ်ချက်ကြည့်လိုက်ရာ ကလေးကိုထုတ်ထားသော ကတ္တီပါစကိုကြည့်ခြင်းအားဖြင့် သာမန်မိသားစုထဲမှမဖြစ်နိုင်တာခံစားမိနေသည်။ ဒီလိုတောထဲ••မိုးတွေလေတွေနှင့် ဒီကလေးဘေးမသီရန်မခရှိနေရသည်ကိုလည်း သာလှမှာဘဝင်မကျနိုင်ဖြစ်နေရသည်။ သို့ပေမယ့်ဇနီးသည်စိတ်ချမ်းသာရန် ပုဆိုးအားဖြဲပေးလိုက်ပါသည်။ ကလေးက^•မယ်ယဉ့်လက်ထဲအသံတိတ်နေကာ••• သူကထင်းစည်းနှင့်••• မှောင်နေပြီဖြစ်သော•••တောထဲမှ အမြန်ထွက်လိုက်လေတော့သည်။

“”ဝှီးးးးဖလပ်••ဖလပ်””” တောစပ်အရောက်•••မဲမဲသတ္တဝါ••• များဖြတ်ပြန်သွားတာမို့ခေါင်းငုံ့ရှောင်လိုက်ရသည်။ “”မောင်ကြီး••ဘာလဲဟင်””” “”လင်းနို့တွေထင်တယ်””” ကလေးနှင့်ပတ်သက်၍••• သာလှစိတ်ထဲတထင့်ထင့်။ သွားနေကျလမ်းများမို့အလင်းရောင်အားနည်းနေ ပြီဖြစ်သော်လည်း•••တောလမ်းကလေးကိုဖြတ်ပြီးသည်နှင့် ရွာထဲရောက်လာခဲ့လေသည် ။ “”””အူ••••ဝူးးးးးးဝူးးးးးးး””””” ခွေးများက•သူတို့ကိုမြင်တော့အူလိုက်ကြတာ တစ်ရွာလုံး၏ခွေးများက••• လိုက်ပါအူကြလေသည်။ မယ်ယဉ်ကတော့ကလေးတစ်ဖက်နှင့် အာရုံစိုက်မိပုံရရဲ့လားမသိပေ။ အိမ်ရောက်တော့သာလှမှာ••• အိမ်ပေါ်မတက်ချင်သည်အထိဖြစ်သွားရသည်။

ရေစည်ဆီသွားကာရေကိုအကြာကြီး ချိုးနေလိုက်သည်။ တောထဲတွင်••• အူလှိုက်သည်းလှိုက်ငိုနေသောကလေးက ခုတော့လုံးဝငြိမ်နေလေရာ••• သာလှဘဝင်မကျမိပေ။ “””မောင်ကြီးရေ••• ရှင်မဟင်းမနွေးနိုင်တော့ဘူး••• ထမင်းတော့ခူးထားတယ်စားနှင့်နော် ရှင်မ••မိတင်အေးတို့အိမ်သွားပြီး••• ကလေးနို့သွားတိုက်လိုက်ဦးမယ်”” ခါတိုင်းဇနီးမောင်နှံလက်ဆုံစားနေကျဖြစ်သော်လည်း ခုတော့သာလှတစ်ယောက်ထဲစားရတော့မည်။ ~~~~~~~~~~~~~~~~ {၂} “အူ••••ဝူးးးးးးးဝူးးးးးးးး”” ဒီနေ့မှ••ခွေးများက••• အရမ်းအူနေတာမို့တစ်ရွာလုံးအိမ်တံခါးပိတ်ကာ တိတ်ဆိတ်နေကြလေသည်။ ထိုအချိန်တွင်••• လမ်းမအတိုင်း••မီးအိမ်တစ်လုံးနှင့်••• ကလေးချီလျက်ရှိသော•• မိန်းမတစ်ယောက်သည် လျှောက်လာလေသည်။

ထိုမိန်းမသွားရာလမ်းတစ်လျှောက်တွင်••• ခွေးများက••နောက်မှ လိုက်ပါအူလျက်ရှိသည်။ ထိုမိန်းမကားး မယ်ယဉ်ဖြစ်လေသည်။ ထို့နောက်အိမ်ခြံဝင်းတစ်ခုထဲချိုးကွေ့ဝင်လိုက်လေသည်။ “”ဒေါက်•••ဒေါက်•••”” တံခါးခေါက်ပြီးမကြာမီ••• အမျိုးသမီးတစ်ယောက်တခါးလာဖွင့်လေသည်။ “”ဟင်•••မယ်ယဉ်••• ဒီအချိန်ကြီးး••••ဟင်ကလေးက••ဘယ်သူ့ကလေးလဲ””” “”ဒီလို••မိတင်အေးရဲ့ တောထဲမှာဘယ်သူလာပစ်ထားလဲမသိဘူး••• ခုငါ့ကလေးဖြစ်သွားပြီဟဲ့””” “””ဟယ်••သမီးလေးလား•••ချစ်စရာလေးပါလား”” “”အေး••နင့်ဆီ••နို့လာတိုက်တာ””” “”အေးပေးကလေး••• နင့်အတွက်ဝမ်းသာပါတယ်ဟယ်””” ပြောပြောဆိုဆို•••ကလေးအားယူလိုက်ကာ နို့တိုက်ရန်ပြင်လိုက်လေသည်။ မယ်ယဉ်••ကကလေးအားတစိမ့်စိမ့်ကြည့်လျက် ပီတိတွေဖြာနေရသည်။ မိတင်အေးမှာ••• ကလေးအားနို့တိုက်ရင်းအားအင်ဆုတ်ယုတ်လာသလို ခံစားလိုက်ရသည်။

ကလေးကိုကြည့်လိုက်တော့ တချက်ပြုံးပြလိုက်ရာ••• မိတင်အေးမှာအလန့်တကြားနှင့်ကလေးအား မယ်ယဉ့်လက်ထဲပြန်ပေးလိုက်သည်။ “”မယ်ယဉ်••နင်••ဒီကလေးကိုတကယ်မွေးမှာလား”” “”အေးလေဟာ”” ‘”စဉ်းစားပါဦးဟာ•• တောထဲကကောက်လာတာဆိုတော့””” မယ်ယဉ်မှာ••သူငယ်ချင်းအရင်းကြီးအား စိမ်းစိမ်းကြီးကြည့်လိုက်ကာ•••• “””အေး••နင်မကူညီချင်ရင်လည်းနောက်နင့်ဆီမလာတော့ဘူး””” “”ငါ••စေတနာနဲ့ပြောတာပါဟယ်••• ကလေး••က••ကလေးက””” “””အူဝဲ•••အူဝဲ””” မိတင်အေးစကားမဆုံးသေးကလေးက••• ထငိုတာမို့••မယ်ယဉ်မှာ•• “”ကဲ••ငါသွားပြီ•••ညည်း•••ဆီလာတာဒီတစ်ခါနောက်ဆုံးပဲ””” ပြောပြောဆိုဆိုကလေးချီကာ••• အိမ်ပေါ်မှဆင်းသွားသော မယ်ယဉ်မှာမကောင်းဆိုးဝါးနှင့်တူနေလေသည်။

မိတင်အေးသည်••အိမ်တခါးအားအပြေးအလွှားပိတ်လိုက်ကာ ရင်ဘတ်ဖိလိုက်မိသည်။ ခုဏကနို့တိုက်ရင်းပြုံးပြလိုက်သော ကလေးတွင်•••သွားအပြည့်နှင့်••• မကောင်းဆိုးဝါးတစ်ကောင်နှယ်မြင်လိုက်ရခြင်း ကြောင့်ဖြစ်လေသည်။ ခါတိုင်းသိမ်သိမ်မွေ့မွေ့ပုံစံနှင့်မယ်ယဉ်မှာလည်း ခက်ထန်နေတာကြောင့် မယ်ယဉ်တို့ဇနီးမောင်နှံနှစ်ယောက်အကြား မကောင်းတာဖြစ်တော့မည်ဟုခံစားရသည်။ မိတင်အေးသည်••• ပရိတ်ရေ••ယူကာ^•••သောက်ချလိုက်ပြီး••• ကလေးပုခက်တွင်လည်းဖြန်းလိုက်သည်။ ယောကျာ်းဖြစ်သူကညအိပ်ညနေ ခရီးသွားတာမို့••• မိတင်အေးမှာဘုရားစာတွေရွတ်ရင်း တစ်ညလုံးအိပ်မရတော့ပေ။

~~~~~~~~~~~~~~~~~~~~~~~~ {၃} ဇာတ်သိမ်း ~~~~~~~~~~~~~~~~~~~~~~~ သာလှမှာ••• ကလေးတစ်ယောက်နှင့်နို့တိုက်ရန်သွားသော ဇနီးသည်မလာနိုင်သဖြင့်အိမ်ပေါ်တွင်ခေါက်တုန့် ခေါက်ပြန်လျှောက်သွားနေတာ ဘယ်နှစ်ခေါက်မှန်းပင်မသိတော့ပေ။ “”ရှပ်•••ရှပ်””” ရုတ်တရက်ခြေသံကြောင့်••• သာလှမှာအိမ်ပေါ်ကဆင်းလာလိုက်သည်။ “”ဘယ်တွေသွားနေတာလဲရှင်မရယ်””” “”ကလေးနို့ဆာနေလို့မိတင်အေးအိမ်နို့သွားတိုက်တာလေ””” ပြောပြောဆိုဆို• မယ်ယဉ်မှာ••ရှေ့မှပိတ်ရပ်နေသော သာလှအားကွေ့ပတ်ရှောင်၍•••• အိမ်ပေါ်တက်လာလေသည်။

သာလှကလေးမျက်နှကိုကြည့်လိုက်တော့ လက်ကလေးပါးစပ်မှာတပ်လျက် ဘာမှမထူးခြားပေမယ့် ဘာကိုဘဝင်မကျမှန်းမသိ။ ဘဝင်မကျတာတော့အမှန်ဖြစ်လေသည်။ “”ရှင်မ••ထမင်းစားလိုက်ပါဦး””” “”မစားတော့ဘူး••မောင်ကြီးရဲ့””” ပြောပြောဆိုဆိုကလေးအား သိပ်လိုက်လေသည်။••••သာလှမှာ သူစိတ်ထင်လို့ဖြစ်မှာပါလေဟု တွေးလိုက်ရင်း••ကလေးအား ကြည့်လိုက်ရာပကတိဖြူဖြူစင်စင်ဖြင့် ရှိနေတာမို့အနည်းငယ်စိတ်အေးရသည်။ မယ်ယဉ်မှာကလေးအားတစိမ့်စိမ့် ကြည့်လျက်ပြုံးနေတာမို့••• သူ့ချစ်ဇနီးစိတ်ချမ်းသာလျှင်သူလည်းစိတ်ချမ်း သာရတာမို့•• မကောင်းသောအတွေးတချို့ကိုမောင်းထုတ်ပစ်လိုက်မိသည်။

ထိုညကကလေးအား ဇနီးမောင်နှံအလယ်တွင်ထားကာ အိပ်စက်လိုက်ကြသည်။ ညလယ်လောက်ရောက်တော့သာလှမှာ^•• လည်ပင်းအား••တစ်ယောက်ယောက်ဖိထားသလို တင်းတင်းကျပ်ကျပ်ကြီးဖြစ်နေတာမို့ မျက်လုံးအားဖွင့်လိုက်ရာ လရောင်မှုန်ဝါးဝါးတွင် သူ့ကိုယ်ပေါ်အုပ်မိုးနေသော••• မျက်နှာတစ်ခု။ “”အစ်•••အစ်•••အာ့••ဝူးးးးး””” လည်ပင်းအားဖျစ်ညစ်ထားခံရတာမို့ သာလှမှာအသက်ရှူမရဘဲတအစ်အစ်ဖြစ်နေလေတော့သည်။ သူ့က်ိုယ်ပေါ်တွင်အုပ်မိုးနေသော မကောင်းဆိုးဝါးဆီမှ^•••• “”ခစ်•••ခစ်••••ခစ်”””” တခစ်ခစ်ရယ်သံက••• ကြားတစ်ချက်မကြားတစ်ချက်ဖြစ်လာလေတော့သည်။ သာလှမှာအစွမ်းကုန်ရုန်းကန်လိုက်ကာ•••• သူ့လည်ပင်းဆီမှဖျစ်ညစ်ထားသောအရာကို••• ရှိသမျှအားအင်နှင့်ကိုင်ဆွဲကောက်ပေါက်လိုက်လေသည်။

“”ဝုနျးးးးးး””” အသံနှင့်အတူ “”အူ•••ဝဲ•••အူဝဲ••••••””””” မီးအိမ်လည်းမီးလင်းလာကာ•••• မယ်ယဉ့်မှာ••• “””မောင်ကြီးတော်••ကလေးကိုဘာလုပ်လိုက်တာလဲ””” သူကိုင်ပေါက်လိုက်သောအရာမှာကလေးဖြစ်နေလျက် တက်မတတ်ချက်မတတ်ငိုလျက်ရှိသည်။ “””တော်ဒီကလေးကိုမကြိုက်တာ••• သိတယ်•••ခုတော့အကြင်နာတရားကင်းမဲ့ လှချည်လား”””” “”ဒါ•••ကလေး••မဟုတ်ဘူး••မယ်ယဉ်••• မကောင်းဆိုးဝါးပါကွာ••• မောင်ကြီးကိုယုံပါ””” မယ်ယဉ့်လက်ထဲမှ••ကလေးမှာ••• သွားအဖြီးသားနှင့် ဖြစ်ကာကြောက်မက်ဖွယ်အတိ။ “”မယ်ယဉ်••ရယ်••ဒါမကောင်းဆိုးဝါးကြီးပါ””” “”တော်•••တော်ပါတော့”””” မယ်ယဉ်မှာ•မကောင်းဆိုးဝါး၏ စက်ကွင်းအောက်တွင်မိနေလေပြီ။ သာလှမှာ••အင်မတန်ကြောက်နေပြီဖြစ်သော် လည်းမယ်ယဉ့်ကိုစိတ်မချသဖြင့် ဘယ်မှထမပြေးရဲ။

မငိုတော့ပြီဖြစ်သော••• မကောင်းဆိုးဝါးကလေးမှာ••• သူ့ဘက်သို့လှည့်ကြည့်နေသောမျက်လုံးများသည် နေလိုမီးလိုတောက်နေကြသည်။ သာလှမှာ••မနက်လင်းသည်အထိ ငုပ်တုပ်ထိုင်စောင့်ရင်းမနက်လင်းသည်နှင့် ရွာဦးကျောင်းဆရာတောဆီပြေးတော့သည်။ “”ဒကာ••သာလှ••အစောကြီးပါလား””” “”တင်ပါ့ဘုရား••• တပည့်တော်တို့ကိုကယ်ပါဘုရား””” “””ဘာဖြစ်တာလဲဒကာ”” “”ဒီလိုပါဘုရား••• မနေ့ကထင်းခွေသွားတာ••မိုးမိလို့ တောထဲမှာခိုနေရင်း•• မှောင်သွားပါတယ်ဘုရား•• တောထဲက••ကလေးငိုသံကြားတာကြောင့်သွားကြည့်တာ ကလေးတစ်ယောက်ဖြစ်နေလို့ မယ်ယဉ်ကောက်လာတာ••• မကောင်းဆိုးဝါးဖြစ်နေတယ်ဘုရား””” သာလှက•••ညကအဖြစ်အပျက်အားလျှောက်လိုက်ရာ ဆရာတော်မှာ••• “”အိမ်းးးး•••အန္တရာယ်များလှသကိုး အချိန်မတော်တောကြီးမျက်မဲထဲသတိထားနိုင် မှတော်ကာ••ကျတာကွဲ့”””” ထို့နောက်ကပ္ပိယကြီးငပွေးကိုခေါ်လိုက်ကာ “”ဒကာကြီးးးခန်းနေဦးပဉ္ဇင်းသောနနဲ့•• ကိုရင်လေးနှစ်ပါးပင့်လာချေ””” “”တင်ပါ့ဘုရား””” မကြာပါ••• ဦးပဉ္ဇင်းတစ်ပါးနှင့်ကိုရင်လေးတစ်ပါးရောက် လာလေသည်။

“”ကဲ•••ဒကာ••သာလှအိမ်ကြွမယ်””” လမ်းတွင်မိတင်အေးနှင့်ဆုံလေရာ••• “”ကိုရင်သာလှ•••မယ်ယဉ်တစ်ယောက်ရော”””” သာလှကအကြောင်းစုံကိုအတိုချုံးရှင်းပြလိုက်လေသည်။ မိတင်အေးကလည်း••• ညကသူ့ဆီလာစဉ်က••• အဖြစ်အပျက်ကိုပြောပြလိုက်ကာ••• သာလှတို့အိမ်သို့လိုက်လာခဲ့သည်။ သာလှတို့အိမ်တွင်မကောင်းဆိုးဝါးကလေး ရောက်နေသည်ဟူသောသတင်းက တစ်ခဏချင်းပျံ့နှံ့သွားကာ••• ဆရာတော်နှင့်တကွသာလှတို့အိမ်လိုက်ပါလာသူ များမှာ••••• တဖြည်းဖြည်းများလာလေသည်။ သာလှတို့အိမ်ရှေ့ရောက်တော့အိမ်တံခါးက ပိတ်လျက်သားတွေ့ရသည်။ သာလှသည်••တံခါးနားကပ်၍^^• အသံပြုလိုက်သည်။ “”ရှင်မရေ••တံခါးဖွင့်ပါဦး””” တံခါးကပွင့်မလာဘဲ••• အထဲမှမယ်ယဉ်က••• “”ရှင်ခေါ်လာတဲ့သူတွေကိုပြန်ခေါ်သွားပါ””” “”ဒီလိုပါရှင်မရယ်••• ကလေးကတောထဲကရလာတာဆိုတော့ အန္တရာယ်ကင်းအောင်••ပရိတ်ရွတ်ပေးမလို့ပါ•• ရှင်မကလေးကမောင်ကြီးကလေးပါ””” သာလှစကားဆုံးသည်နှင့်တံခါးမှာ ချောက်ကနဲပွင့်လာလေသည်။

ဆရာတော်နှင့်တကွ••ဦးပဉ္ဇင်းနှင့်ကိုရင်လေးများ ကဘုရားစင်ရှေ့တွင်နေရာယူလိုက်ကာ•• လိုက်ပါလာသူများက••• နောက်မှာထိုင်လိုက်ကြသည်။ “”မယ်ယဉ်ကလေးယူခဲ့တော့လေ””” မယ်ယဉ်ချီလာသောကလေးမှာ ခုတော့လည်းပီဘိကလေးတစ်ယောက်နှယ်ဖြူစင်လျက် ရှိချေသည်။ မယ်ယဉ်အားကလေးကိုပွေ့လျက်ဆရာတော်များရှေ့တွင် နေရာပေးလိုက်ကာ သာလှက••မယ်ယဉ်နံဘေးတွင်နေရာယူလေသည်။ ဦးစွာငါးပါးသီလခံယူကာ••• ဆရာတော်ကဦးဆောင်၍••• ကမ္မဝါဖတ်လေသည်။ အားလုံးမျက်လုံးမှိတ်ကာ••အာရုံစိုက်နေရင်း အပုပ်နံ့ကိုဆိုးဆိုးဝါးဝါးစတင် ခံစားလိုက်ရလေတော့သည်။ “”အားးးးးးး””” ကမ္မဝါဆုံးသည်နှင့်မယ်တင်မှာလက်ထဲမှကလေးကို အလန့်တကြားလွတ်ချလိုက်လေသည်။ တကယ်ပင်••• ကလေးမှာ••အနှီးထဲတွင်အပုပ်နံ့တထောင်းထောင်းဖြင့် တချို့နေရာအသားစများပဲ့ကျလျက် ပုပ်ပွညိရွှဲနေလေတော့သည်။

“”အားးးးမောင်ကြီးးးကျွန်မကလေး””” သာလှမှာဇနီးသည်အားပွေ့လိုက်ကာ••• “”တော်သေးတာပေ့ါမယ်ယဉ်ရယ်””” ဆရာတော်က “”အချိန်မီပေလို့သာပေ့ါဒကာမရယ်••• မမြင်အပ်တဲ့သတ္တဝါဆိုတာ•• လူတွေထက်အဆင့်နိမ့်ပေမယ့် လူတွေကိုပြုစားနိုင်တယ်••• ဒုက္ခရောက်ရောက်အောင်စွမ်းဆောင်နိုင်တယ်ဒကာမ””” “”တင်ပါ့ဘုရား••တပည့်တော်မမှားပါတယ်ဘုရား”” “”အိမ်း••ဒီကလေးက••• ဒကာမခေါ်လာတည်းကသေနှင့်နေပြီ••• မကောင်းဆိုးဝါးကပ်နေတာ””” “”တင်ပါ့ဘုရား”” “”ကဲ••••ခုမကောင်းဆိုးဝါးထွက်သွားတော့ ဒါနဂိုရုပ်ပဲ•••သင်္ချိုင်းယူသွားပြီးသဂြိုလိုက်ကြ သူ့မှာပါလာတဲ့အသုံးအဆောင်တွေ တစ်ခုမှမကျန်ခဲ့ပါစေနဲ့”” “”တင်ပါ့ဘုရား”” ထို့နောက်ငပ္ပိယကြီးငပွေးကဦးဆောင်၍ကလေး အလောင်းကိုသဂြိုလ်လိုက်ကြလေသည်။ ထိုအဖြစ်အပျက်ဖြစ်ပြီးနောက်တစ်လအကြာ သုံးလအကြာ••••ညတစ်ည•• “”မောင်ကြီး••မောင်ကြီးရေ••ထပါဦး””” “”ဟင်••ဘာဖြစ်တာလဲရှင်မ”” “”ကျုပ်အိပ်မက်မက်လို့တော့•••• ဟိုကလေးလေးကလေကျုပ်တို့ဆီနေခွင့်တောင်းတယ်”” “”မေ့လိုက်ပါတော့ရှင်မရယ်••• မောင်ကြီးဘဝမှရှင်မရှိရင်ပြည့်စုံပါပြီ””” “”တကယ်ပါမောင်ကြီးရယ်••ရှင်မစွဲလန်းလို့မဟုတ်ပါ ဘူး••သူရှင်မတို့ဆီလာမှာ•••””” “”ကောင်းပါပြီရှင်မရယ်•• ကဲကဲ••ခုတော့ပြန်အိပ်လိုက်ဦး””” ဇနီးသည်အားနှစ်သိမ့်ရင်း•• သာလှမှာဇနီးသည်စကားကိုပြန်စဉ်းစားနေမိသည်။ ဟိုတစ်ခါအဖြစ်အပျက်လိုတော့ထပ်မကြုံချင်တော့ တာမို့ဇနီးသည်ကိုတောထဲပင်မခေါ်တော့။

သို့သော်•• မယ်ယဉ်အိပ်မက်မက်ပြီးမကြာမီ••• မယ်ယဉ့်တွင်ကိုယ်ဝန်ရှိလာခဲ့သည်။ မယ်ယဉ့်မှာ••ဝမ်းသာမဆုံးရှိရကာ ဘုရားတရားအလုပ်ကိုပိုမိုလုပ်လျက်•• ကိုယ်ဝန်အားဂရုတစိုက်စောင့်ရှောက်လေသည်။ သာလှမှာလည်းဇနီးသည်အားဂရုစိုက်ရင်း အကျိုးပေးတယ်ဆိုရမလား••• စပါးနှင့်ယာထွက်သီးနှံများမနှစ်ကထက်ပိုထွက်သလို စျေးကောင်းလည်းရလေသည်။ တစ်နေ့••• ထိုနေ့ကနေလည်းသာသည်။ ကျေးငှက်တို့ကလည်းမြူးနေကြသည်။ ထိုနေ့တွင်မယ်ယဉ်သည် သမီးကလေးတစ်ယောက်ကို••• လူ့လောကထဲခေါ်ဆောင်လာခဲ့လေသည်။ သာလှမှာသားသမီးဟူသော•• အသိကြောင့်ကြည်နူးလိုက်သည်ဖြစ်ခြင်း။ မယ်ယဉ်မှာလည်းရင်သွေးဟူသော အသိကြောင့် မျက်ရည်များပင်စို့လာသည်အထိ ပီတိဖြစ်မိလေသည်။ ခုတော့သူမတို့ဇနီးမောင်နှံတွင် သမီးလေးနှင့်••မိသားစုကလေးပိုမိုသာယာပေတော့မည်။

The end 8:41pm

Be the first to comment

Leave a Reply

Your email address will not be published.


*