
နှုတ်စည်း(စ/ဆုံး) ————-
ရေကျချိန်မို့•••လှေကိုကမ်းသို့ အပန်းတကြီးကပ်ယူနေရသည်။ “”သန့်ဇင်•••ထိုးဝါးချလိုက်တော့””” မောင်ေဌးကလှေကိုစက်အရှိန်လျှော့လိုက်ကာ လှေသားလေးသန့်ဇင်ကိုသတိပေးလိုက်သည်။ လှေကစက်ရှိန်လျှော့ထားမှ•••• နို့မို့ဆို•••ရှေ့မှ လှေတွေကိုထိန်းမနိုင်သိမ်းမရ•• ဝင်တိုက်နေရင်ကိုယ့်လှေလည်းအထိနာသလို ပေးလျှော်ရမှာလည်းရှိနိုင်သည်။ မောင်ဌေးတို့မှာစီးပွားရေးဆိုလို့ ဒီတစ်ခုတည်းဖြစ်လေသည်။ မတော်တဆမှုဖြစ်လျှင်ရွာမှ မြို့ပြေးဆွဲနေသောထိုလှေလေးပင် ပိတ်သိမ်းသွားနိုင်သည်။
လှေကမ်းကပ်လိုက်တော့ ခရီးသည်တွေအလိုလိုဆင်းသွားကြကာ••• ပစ္စည်းတွေတင်ချပြီးသည်နှင့် မောင်ဌေးနှင့်လှေသားများသာ ကျန်ခဲ့လေတော့သည်။ သန့်ဇင်နှင့်ထွန်းခက်ကလှေစောင့်ကျန်ခဲ့၍ မောင်ဌေးကအိမ်ပြန်အိပ်သည်။ အိမ်မှာကဇနီးလဲ့ချိုနှင့်ခြောက်လသားအရွယ် သမီးလေးသာရှိသည်။ အိမ်မပြန်ခင်နေ့လည်ကဝယ်ထားသော အရက်နှစ်ပုလင်းနှင့်အမြည်းကျန်နေသေးတာမို့ ယမကာဝိုင်းလေးကိုလှေထဲမှာပင် တည်ခင်းလိုက်သေးသည်။ အရက်လည်းနှစ်ပုလင်းကုန် လူကလည်းခန့်ထွေထွေဖြစ်လာလေသောအခါ နဂိုမြောက်ကြွကြွ..ဆောင့်ကြွားကြွားနိုင်လှသောမောင်ဌေးမှာ ဖနောင့်သံစူးသလို ခြေနှင့်မြေကြီးမထိချင်တော့။
သန့်စင်က••• “””ကိုဌေး•••ထမင်းထုပ်တွေကိုဌေးယူသွား လိုက်တော့ဗျာ•••ဟင်းနှစ်ထုပ်သာထားခဲ့”” “”အေ့••ဟေ့•••မင်းတို့ကဘာနဲ့စားမှာလဲကွ”” “”မစားတော့ဘူးဗျာ•• ထပ်ချဦးမှာ••• မှောင်တောင်နေပြီကိုဌေးပြန်တော့ဗျာ နှင်တာမဟုတ်ဘူးနော် တော်ကြာမိန်းမအနားကပ်မရဘဲနေမှာစိုးလို့””” “””အေးပါကွာ လဲ့ကလေးငြိုငြင်တာတော့မခံနိုင် ပါဘူးကြာ””” “””သွားပြီကွာ^•••ကြည့်လည်းလုပ်ကြဦးနော်””” သန့်ဇင်တို့ကိုသတိပေးလိုက်ရင်း••• ထမင်းထုပ်နှစ်ထုပ်ဆွဲကာ••• ကမ်းပေါ်တက်လာခဲ့သည်။ လူကရီဝေဝေဖြစ်နေတာမို့ ဆိုင်ကယ်မောင်းလို့အဆင်ပြေပါ့မလားတွေးမိသေးသည်။
“”ဟာ••ကိုမောင်ဌေး•••နောက်ကျလှချည်လားဗျ””” သူ့ဆိုင်ကယ်အပ်နေကျ••အိမ်မှ•ကိုရဲဒင်က ပြောတာမို့ “””ဟဲ••ဟဲ•••နည်းနည်းပါဗျာ””” “”အေးပါကွာ••• ဆိုင်ကယ်လည်းသတိထားမောင်းဦး ဒီချိန်လမ်းကြားလေးထဲမှောင်မဲမဲရယ်””” “”ဒီလောက်တော့ပိုင်ပါတယ်ဗျာ•••• ဆိုင်ကယ်များ•••အေးဆေးပါ လှေပေါ်မှာတောင်မောင်းပြချင်သေးရဲ့””” “””လေမကြီးနဲ့ကိုယ့်လူ••• ဆိုင်ကယ်ကို••ပြောတာမဟုတ်ဘူး••• ဒီလမ်းကြားကနဂိုတည်းကနာမည်ကြီးကြီးရယ်””” “””ဟားဟား••သရဲလားတစ္ဆေလားဗျ••• လိုက်စမ်းပါစေ••• ငဌေးတို့ကမကြောက်သေးဘူးး သွားပြီကိုရဲဒင်ရေ””” “”အေးကွာ•••သတိတော့ထားကွာ””” “”အေးဆေးပါပဲဗျာ””” မောင်ဌေးစိတ်ထဲ••• ဒီလူပျိုကြီးလျှာရှည်ရန်ကော တွေးမိသေးသည်။
မောင်ဌေးတို့အိမ်နဲ့ဆိုဆိပ်ကမ်းကဝေးတာမို့ ဆိုင်ကယ်ယူလာရသည်။ ဆိုင်ကယ်အပ်စရာနီးနီးနားနားဆိုလို့လည်း ဒီလူကြီးအိမ်သာရှိသည်။ ခုလည်းသူ့ကိုချွန်လွတ်လိုက်သေးသည်။ ဘာတဲ့တစ္ဆေသရဲ၊ စိတ်ကိုမဝင်စားတာ မောင်ဌေးဘဝမှာမိန်းမကလွဲလျှင် ဘာမှမကြောက်တာဖြစ်သည်။ မကြာမီ•••ကိုရဲဒင်ပြောသောလမ်း ကြားကိုရောက်လာလေသည်။ “”‘ဟားးးးဟားးးး တစ္ဆေလေးတွေ သရဲ•••လေးတွေ ဒီမှထမင်းထုပ်တွေအများကြီးကွ ငါတို့အိမ်လိုက်ခဲ့ကွာ””” မောင်ဌေးကမူးလဲမူးနေတာမို့ ပါးစပ်ကပေါက်ကရအော်ကာ•••• သဘောတကျအော်ရယ်ပစ်လိုက်သည်။
ထိုစဉ်ဆိုင်ကယ်မှာနောက်ကတစ်စုံ တစ်ယောက်ဆွဲလိုက်သလို ဆိုင်ကယ်ကတဖွတ်ဖွတ်အသံ မြည်ကာစက်ရပ်သွားလေသည်။ “”ဟာ•••ဘာလဲကြာ””” စက်ကနိုးမရနိုင်ဘဲရှိကာ••• စက်နိုးပြန်တော့လည်း••• ဆိုင်ကယ်ကလေးလံကာ••• ထင်သလောက်မသွား။ လိပ်သာသာတွားရင်းဖြင့်ပင်••• အိမ်သို့ရောက်လာရသည်။ အိမ်ရှေ့တွင်••• ခါးထောက်လျက်သားနှင့်••• သူ့ဇနီးလဲ့လဲ့ချို။ “”ကိုမောင်ဌေး••• တော်နောက်••••ကျ••••ကျ””” သူ့ဇနီးမှာ•••• ရန်တွေ့နေရင်း•••မျက်နှာကချက်ချင်းတည်သွားကာ သူ့လက်မှထမင်းထုပ်ကိုအငမ်းမရကြည့်လိုက်ကာ “”ဒီ••ထမင်းထုပ်ပေးစမ်း””” လေသံကချက်ချင်းအေးစက်သွားကာ ထမင်းထုပ်ကိုသာအငမ်းမရတောင်းနေတာမို့ မောင်ဌေးထူးဆန်းသွားရသည်။
သူ့မိန်းမစိတ်ဆိုးနေလို့ဖြစ်မှာပါဟု••• ဖြေသိမ့်ရင်း•••• ထမင်းထုပ်ကိုပေးလိုက်တော့ အိမ်ပေါ်ချက်ချင်းပြန်တက်သွားလေသည်။ သူလည်းစကားနည်းရန်စဲသဘောဖြင့် ဘာမှမပြောတော့ဘဲ ရေချိုးကာဘောလုံးပွဲဖွင့်ကြည့်နေလိုက်သည်။ ကြာတော့သူအရက်သောက်လာရင် တတွတ်တွတ်ရန်တွေ့နိုင်လွန်းသော ဇနီးကထူးဆန်းစွာ••• တိတ်ဆိတ်နေတာမို့•••• နောက်ဖေးထလာကြည့်လိုက်ရာ ထမင်းနှစ်ထုပ်လုံးပြောင်သလင်းခါလျက် သူ့မိန်းမက••• မရှိပေ။ ကလေးက•••သူလာကတည်းကအိပ်နေလေပြီ။ အိပ်ခန်းထဲဝင်ကြည့်တော့ သူ့ဇနီးကဘေးတစ်ခြမ်းစောင်းကာ အိပ်နေလေသည်။
သူလည်းတီဗွီမကြည့်ချင်တော့တာမို့ ပိတ်ကာ•••ဇနီးသည်နဘေးလာအိပ်လိုက်သည်။ “”လဲ့••• စကားပြောကွာ••• ဟိုကောင်တွေဆွဲထားလို့ပါ နောက်မသောက်တော့ဘူး”””” သူ့ဘက်ကတတွတ်တွတ်ပြောနေသော်လည်း လှည့်ကြည့်ဖော်ပင်မရ။ “””အူ••••••ဝူးးးးးးးဝူးးးးးး””” ဒီကြားထဲခွေတွေအချိန်မတော်ဟောင်ပြန်တာမို့ ဓာတ်မီးယူကာ ထကြည့်မိသေးသည်။ “””ဂီးးးးးဂစျ””” ငှက်ဆိုးတစ်ကောင်အိမ်ရှေ့ဆီမှ ဖြတ်ပျံသွားတာမို့ မကြောက်တတ်သောမောင်ဌေးမှာ••• ကြက်သီးတွေပင်ထလာလေသည်။ အရက်မူးတာလည်းပြေပြီမို့ အချိန်လည်းမနည်းတော့ကာ••• အိပ်ရာထဲပြန်ဝင်လာခဲ့သည်။
သူ့ဇနီးကပုံမှန်အတိုင်းပင်မလှုပ်မယှက်။ ကိုဌေးက•••အခန်းမီးကိုပိတ်လိုက်တာမို့ ညအိပ်မီးသီးမှုန်မှုန်လေးသာကျန်တော့သည်။ လက်တစ်ဖက်ကဇနီးသည်ကိုယ်ပေါ်တင်လိုက်ရာ အေးစက်စက်အထိအတွေ့ကြောင့် လန့်သွားရသည်။ စိတ်ထဲတစ်မျိုးကြီးမို့နည်းနည်းခွာအိပ်လိုက်မိသည်။ မည်မျှကြာသွားသည်မသိလိုက် သူ့ကိုယ်ပေါ်တစ်စုံတစ်ယောက်ဖိထားသလို တင်းတင်းကျပ်ကျပ်ကြီးဖြစ်နေတာ မို့မျက်လုံးဖွင့်အကြည့် ညအိပ်မီးသီးမှုန်မှုန်လေးတွင် သွေးဆုတ်ဖြူလျော်နေသောလဲ့မျက်နှာက သူ့ပေါ်အုပ်မိုးလျက်••• “””အားးးးလဲ့••လဲ့””” “””ဟီးးးးးဟီးးးးဟားးးဟား””” မျက်ကြောကြီးနီကာ••• ပါးစပ်မှသွားရည်တွေကျလျက်တဟီးးးဟီးးး တဟားဟားအသံဖြင့်လက်နှစ်ဖက်က သူ့လည်ပင်းဆီသို့ အရှိန်ပြင်းပြင်းဖျစ်ညစ်လာလေတော့သည်။
“”အု•••အားးးးအင့်””” “””အူ•••ဝဲ•••အူ••ဝဲ””” မောင်ဌေး၏မချိမဆန့်အော်သံ••• ကလေးငိုသံများကြောင့်••• မောင်ဌေးသတိမလစ်မီအချိန်လေး အိမ်နီးနားချင်းများတံခါးဖျက်ကာဝင်လာကြလေသည်။ မောင်ဌေးကံကောင်းသွားသည်ဆိုရမည်။•••• အကူအညီလူရိပ်တွေမြင်ရပြီမို့မောင်ဌေးအား လျှော့လိုက်ရာလောကကြီးနှင်ခဏတာ••• အဆက်အသွယ်ပြတ်သွားလေသည်။ ~~~~~~~~~~ မောင်ဌေးမျက်လုံးကိုအားယူဖွင့်လိုက်ရာ ပထမဆုံးမြင်လိုက်ရသော လဲ့မျက်နှာကြောင့်လန့်သွားရသည်။ “”လဲ့••လဲ့။
အစ်ကို့ကို””” လူကြီးအချို့လည်းရောက်နေကာ•• ဦးဆန်းအောင်က••• “”ညကမင်းမူးမူးနဲ့ဘာလုပ်လာခဲ့လည်း””” မောင်ဌေးတစ်ချက်တွေသွားကာ••• ညက•••လမ်းကြားလေးမှာ တစ္ဆေသရဲတွေလိုက်လာလို့ခေါ်ပြီး ဆိုင်ကယ်ရပ်သွားကြောင်းပြောပြလိုက်သည်။ “”မင်းတို့ကတယ်ခက်သကိုး ဒါနောက်ကောင်းတဲ့အရာမဟုတ်ဘူးကွ ညကမင်းမိန်းမသရဲဝင်ပူးတာ မသေကောင်းမပျောက်ကောင်း••• အိမ်ချင်းကပ်ကအသံကြားပေလို့ပဲ နို့မဟုတ်ရင်မင်းသေပြီ””” “”ကျုပ်မှားပါတယ်ဗျာ””” “”ဆင်ခြင်ပေါ့ကွာ””” “”ဟုတ်ကဲ့ခင်ဗျ•••ညကဘယ်လိုဖြစ်သွားလဲ””” “”မင်းသတိလစ်နေတော့ မင်းမိန်းမကိုဝိုင်းချုပ်ပြီး••• ဆရာတော်အပြေးသွားပင့်••• ပရိတ်တွေရွတ်လိုက်တာ••• ဒါတောင်မင်းကခေါ်လာတာဆိုတော့ မနည်းနှင်ယူရတာ””” “”ကျုပ်နောက်မလုပ်ရဲတော့ပါဘူးဗျာ””” ”’ယုံသော်ရှိမယုံသော်ရှိပါးစပ်မှာလည်းစည်းရှိရတယ်ကွ ခုတော့အားလုံးဒုက္ခရောက်တော့မလို့”” “”ကျေးဇူးတင်ပါတယ်ဗျာ””” မောင်ဌေးတစ်ယောက်ထိုမျှသာပြောနိုင်၍့တစ်သက်စာ မှတ်သွားမှာသေချာပြီဖြစ်သည်။
အိမ်နီးချင်းကောင်းပေလို့။ မဟုတ်ရင်သူလည်းသရဲဖြစ်နေလောက်ပေပြီ။ ထိုအဖြစ်အပျက်ဖြစ်ပြီးနောက်အိမ်တွင်ဆွမ်းကျွေးတရားနာ ကာ••• မြင်အပ်မမြင်အပ်သတ္တဝါအားလုံး အမျှဝေလိုက်တော့သည်။
Leave a Reply