နေ့ပြန်တိုး(စ/ဆုံး)

နေ့ပြန်တိုး(စ/ဆုံး)

မမစီ …မမစီ….” ”ဟဲ့ …ဘာတုန်း” နောက်ကအပြေးလိုက်လာတဲ့ မအေးကြည် စပ်ဖြဲဖြဲ ပြုံးရင်း ”ပြောစရာ ရှိလ်ို့ …မစီရဲ့”” ”အေးကြည်…ပြောစရာရှိလည်း မြန်မြန်ပြော..ပြောပြီးရင် ဒီနေ့အတွက် နေ့သွင်းကို တစ်ခါတည်းသွင်းလ်ုက်” ”ညေနေစ်းမလာဘူးလား မမ” ”ဟဲ့ အခုတွေ့နေတာ အခုပေးလ်ုက်ပါလားညနေငါ့ဖာသာငါလာတောင်းလည်းညည်းဆီလာစရာမလိုဘူးပေါ့ တော်တော်လျှာရှည်ဲ့တဲ့ဟာမ” အေးကြည် ထမီအထက်ဆင်စကြားမှာညှပ်ထားသော၅”×၉”ဆိုဒ် ကြွပ်ကြွပ်အိတ်လေးထဲမှ ငါးရာတန်နှစ်ရွက်နှင့်နှစ်ရာတန်တစ်ရာတန် နှစ်ထောင်ကို သေချာရေပြီးပေးလ်ိုက်သည်။

သူ့ကိုစိတ်အညိုငြင်မခံရဲ ၊ မစီဆိုတာ သူမတို့လိုခေါင်းရွက်ဗြတ်ထိုးသည်တွေအတွက် အားကိုးရာပင်။ ပိုက်ဆံနှင့်ပတ်သတ်ရင် မစီ ကိုအပူကပ်ရသည်။ ငွေတစ်သောင်းလျှင်သုံးထောင်အတိုးနှင့် ဆယ့်သုံးရက် ပြန်သွင်းရသည်မိ့ ု အေးကြည်မတို့လို လက်လုပ်လက်စား သမား တွေအတွက် အားကိုးရာ ပင်။

တစ်ချို့ တစ်သောင်းကို အရင်းပြန်မပေးနိုင်သရွေ့ တနေ့ငါးရာ ပေးနေရသည့် မတ်တိုး သမားတွေ့ကြား မစီကတော့ စတားပင်။ ဒါသည်လည်း အသွင်းမှန်မှ။ တစ်ရက်တခါ မသွင်းနိုင်ပါက မစီဧ၊၊် မိုးကြိုးပစ်သံ လို အသံဆိုး နှင့် အတုတ် ခံဖို့ သာ ပြင်ထားပေတော့ ။ မိမိတို့ စျေးသည်ပင် မကြားဖူးသော အဆဲအဆို မှန်သမျှ သူ့ပါးစပ်ထဲရှိသည်။

”ညည်းပိုက်ဆံကလည်း စုတ်ပြတ်နေတာဘဲ ပိုက်ဆံကိုသေချာမယူဘုး ကောင်မ …..ပြော ဘာလည်း ” ”ကျမ ယူထားတာ နောက်သုံးရက် ဆိုပြည့်ပြီအစ်မ …အဲ့သာ ကျမနက်ဖြင်ခါ ကျ နောက် နှစ်သောင်းလောက်ခေါက်ထုတ်လို့ ရမလားဟင်” သူမအပြောကြောင့် မစီ ပွစိပွစ်ိပြောရင်း တံတောင်ဆစ်မှာချိတ်ထားသည့် ပိုက်ဆံအ်ိတ်ကို ဖြုတ်ကာ လက်ဖဝါးအရွယ် စာအုပ်ကိုထုတ်ယူ ကြည့်ပြီး ”အေး …နက်ဖြန် သဘက်ခါ ဖိန်းနွဲခါ သုံးရက် ခြောက်ထောင်ကျန်သေးတယ် …ခေါက်ထုတ်ရင်သောင်းလေးထောင်ထပ်ရမယ် အလုပ်ရှုပ်နေတာဘဲ တစ်ပဲခြောက်ပြားနဲ့ သောက်ဇယားကိုရှုပ်တယ်…..နက်ဖြန်မှ နင့်ဆိုင်လာပုိ့ပေးမယ် စောင့်နေ…တနေ့တခါသွင်းနော် ရက်မပျက်စေနဲ့ …ပြီးမှငါသောက်ပေါက်ဆိုးတယ် မပြောကြနဲ့ ကောင်မတွေ ” ”ဟုတ်ကဲ့ မစီ… ကျေးဇူးဘဲ ” သူမရဲ့ ကျေးဇူးတင်စကားကို တပြားမှမရသောကြောင့်ထင်သည်။ မစီက အဖက်ပင်မလုပ်။ သူ့ခန္ဓာကိုယ် ဝ ဖိုင့်ဖိုင့်ကြီးကိုသယ်ကာတလိမ့်လိမ့် ထွက်သွားသည်။ အေးကြည်မ နောက်ကြောင်းပြန်လှည့်ပြီးစျေးကိုပြေးသည်။မနက်ဖြန် သမီးအကြီးမ ခြောက်နှစ်ပြည့်ပြီ။

နားလည်နေပြီဖြစ်တဲ့သမီးကမွေးနေ့မှာ လှလှပပဝတ်ပြီးဘုရားလိုက်ပို့ ပေးဖို့ ပူဆာနေသောကြောင့် ဒီတစ်ခါတော့ မအေးကြည် လိုက်လျောပေးဖို့ဆုံးဖြတ်ထားသည်မို့ပင်။ စျေးတန်းနားရောက်တော့ သူ့မှာ ပါလာသည့်ပိုက်ဆံကိုမနက်ဖြန်စျေးရင်းဖို့ချန်ပြီး စပန့်သားဂါဝန် ဝမ်းဆတ် ကလေးကို မျက်စိမှိတ် ဝယ် ချပစ်လိုက်သည်။ အစ်မအတွက်ရပြန်တော့သားအငယ်လေးအတွက် ။ ပြီးတော့ယောက်ျားဖြစ်သူ ။”အင်း” သူလည်း ပြောတော့သာလက်သမားဆရာ ။ ပုဆိုးတစ်ထည်တောင်သွားကာလာကာဝတ်ဖို့ အသစ်မရှိ။ အေးကြည် အထည်ဆိုင်ကိုတစ်ခေါက်ဝင်လိုက်သည်။ သူမ လက်ထဲပိုက်ဆံကလည်းမပြည့်တော့ ။

စျေးရင်းကိုတော့မထိရဲသည့်အတွက် မျက်စိထဲ သဘောတွေ့နေသည့် ခရု တံဆိပ် ပုဆိုးလေးကို မျက်စိ မှိတ် ကျောခိုင်းလိုက်ရသည်။ နက်ဖြန် မစီဆီကနေ့ပြန် ထုတ်ရင်တော့ လာဝယ်ပေးလိုက်ပါ့မယ်လေ ။ အိမ်ကဟာနဲ့ဆို လိုက်မှာ မြင်ယောင်သေး ။ …….. ဘထ္ထရီ မီးကိုထွန်းရင်း အေးကြည် အိပ်ယာမှ ခပ်ဖွဖွလေး ထလိုက်သည်။ အငယ်ကောင့်ပါးမှာ နားနေသော ခြင်ကို လက်ညိုးလေးနဲ့ ဖိသတ်ရင်း ပြုံးလိုက် မိသေးသည်။ ညက ကလေးနှစ်ယောက် ခုန်ပေါက်ပျော်မြူးနေတာမြင်ပြီး သူမလည်း စိတ်လက်တွေချမ်းသာချက်။ ညကအိမ်ကလု လုပ်ခရှင်းမလာတာတောင် အေးကြည် ပွစိပွစ်ိ မပြောနေတော့ ။

မတော်ပြောရင်းရန်ဖြစ်နေမှ ကလေးတွေ စ်ိတ်မကောင်းဖြစ်နေမည်မို့ ပင် ။ ကလေးတွေလက်ထဲမှ အဝတ်အစားထုတ်လေးတွေကို အသာယူပြီး အေးကြည် ခြင်ထောင်အပြင်ထွက် မီးမွှေးရင်း မျက်နှာသစ် ပဲပြုတ် လုပ်စရာရှိတာကို ဆက်တိုက်လုပ်လိုက်သည်။အိမ်ကလူကိုတော့ ကနေ့ အလုပ်မဆင်းဖို့ ပြောထားသည်မို့ ကလေးတွေက်ိုဘေးအိမ်အပ်စရာမလိုတော့။ စျေးကတော့ နားလို့ မဖြစ်။ ထမင်းဆိုင်ဖောက်သည်တွေရှိသည် ။ မတော် တခြားဆိုင်ရောက်သွားမှ ထမင်းပါငတ်မည်မဟုတ်လား။ ပဲပြုတ်တောင်းကို ပြင်ဆင်ပြီးကလေးတွေ မနက်အစာပြေစားဖို့ ပန်ကန်တစ်လုံးဖြင့် ပဲပြုတ်ကိုဆီဆမ်းထားပေးပြီး စျေးကို ထွက်ခဲ့လ်ိုက်သည်။

”ပဲ …..ပြုတ်” ……… စျေးကွဲတော့မည်။ မစီကပေါ်မလာသေး သူ့မှာ ရင်တမမနဲ့စျေးရောင်းရတာ အလွဲလွဲ အချော်ချော်။ ဆယ်နာရီခွဲလောက်မှ မယ်မင်းကြီးမကပေါ်တော်မူလာသည်။ ပိုက်ဆံရသည်နှင့် မအေးကြည် စျေးထဲမှ ပုဆိုးနှင့် အပေါင်ဆိုင်မှ မိမိထမီကို အပြေးရွေးကာ ဒုန်းစိုင်းပြီးပြန် လာရသည်။ အေးကြည်မ ကားပေါ်မှဆင်းရင်းပွစိစိရေရွတ်လိုက်သည်။ ကြည့်ပါဦး ဘူတာနှင့်ဘုရား ဘယ်လောက်မှမဝေးတာကို ၁၅၀၀ တောင်းတယ် ။ဒါတောင်ရွှေပြည်သာ လှော်ကားကနေ ဘုရားလမ်းဘူတာအထိ ရထားစီးလာရလို့သာ ။ ဘုရားဝတ်ပြုအပြီး ကလေးတွေက်ုစောင်းတန်းတစ်ခုမှာ ပါလာသောထမင်းချိုင့် ဖွင့်ကာ ကျွေးရသည်။ သတင်းစာစုတ်ကိုခင်းပြီး ထမင်းချိုင့်ပြင်နေသောယောက်ျားဖြစ်သူကိုစောင့်ရင်းအေးကြည် ဘုရားကိုနောက်တစ်ကြိမ် ဦးချမိသည်။

ဘုရားသို့မရောက်တာ အိမ်ထောင်စကျကတည်းကမို့မည်မျှနှစ်ကြာပြီလည်းဟုစိတ်မှန်းနှင့်တွက်ချက်လိုက်သေးသည်။ ”အင်းးး ဘုရားမပြောနှင့် အိမ်ကဘုရားပင် ပုဆိန်ပေါက် မရှိခိုးဖြစ်တာ ကြာပေါ့ ။ စားသောက်ပြီးတော့ ကလေးတွေက တစခန်းထပြန်သည်။ ကစားကွင်းသွားချင်ပြန်သတဲ့ ။ ယောကျာ်းလုပ်သူက မိန်းမမျက်နှာကြုိကည့်သည်။ အေးကြည် ခေါင်းတစ်ချက်ညိတ်ရင်း သွားစေလိုက်သည်။ ပျော်ကြပါစေ ။ ဒုက္ခသုက္ခတွေအပြည့်နဲ့ သူတို့ မှာထွက်ပေါက်လေးတစ်ခုအဖြစ် ရှိနေတယ် ဆိုတာလေးကဘဲ ကျေနပ်စရာကောင်းးလှသည်မဟုတ်ပါလား။ **** အိတ်ထဲက သုံးရာ ငါးရာ ခုန်ထွက်သွားသော ပိုက်ဆံများကိုကြည့်ပြီး အေးကြည်မျက်နှာကအပြုံးကဖျော့တော့လာသည်။

သောက်ကျိုးနည်း ကုန်လိုက်သည့်ပိုက်ဆံ ။ ဘာလေးတက်စီးစီး ဘာလေးကစားကစား ပိုက်ဆံနှင့်မို့ အေးကြည် ကြာတော့ ကစားကွင်းမှ ရောင်စုံမီးလုံးတွေနှင့်အပြိုင် ခေါင်းထဲမှာ ဖြိုးကနဲဖျက်ကနဲ။ ဂိမ်းစက်သံတဒီဒီက သူမအတွက် သာယာရမည့်အစား စိတ်တွေရှုပ်ထွေးနောက်ကျိလာသည်။မနက်ဖြန်ဆိုလျင် ဆိုတာကြီးကိုတွေးမိလိုက်တိုင်းလူက နင်တင်တင်ကြီးထြစ်လာသည်။ ။တော်သေးသည် ။ ပန်းခြံဖက်သွားမည်ဟုစိတ်ပြောင်းသွားပေလို့ ။ ကိုယ့်သားသမီးမို့ မသဒ္ဓါတာမျိုးမရှိပေမယ့် အတိုးနဲ့ ဆွဲလာရသည်မို့ နှမြောသားပင်။ အိမ်ပြန်လမ်းစာရိတ်ကိုထည့်ပေါင်းရင် သူ့ အရင်းထဲကတောင်ပါတော့မည်။ စျေးမထွက်နိုင်အောင်အရင်းပြုတ်ပါက ထမင်းငတ်တာထက် ပိုဆိုးမည်က နေ့သွင်းဖိုးတစ်နေ့ နှစ်ထောင်ပင်။

တရက်မှအပျက်မခံသလို စျေးလယ်ကောင်မှာ အော်ကြီးဟစ်ကျယ် ဖြင့်အရှက်ကွဲဖို့သေချာသလောက်မို့ သက်ပြင်းမသိမသာချမိသည်။ ပိုက်ဆံအိတ်လေးကိုပိတ်ရင်း အေးကြည်မသက်မမောတစ်ခုကို ဖြေးလေးစွာချမ်ိသည်၊၊ မနက်မိုးလင်းရင်အိမ်ရှေ့မှာလာရပ်ပြီး ဆဲဆိုကြိမ်းမောင်းနေမည့် နေ့ပြန်တိုးပေးသူ မစီ၏မျက်နှာကို မြင်ယောင်မိသွားသောကြောင့်ပင်၊၊ ရက်ကလေးတစ်ရက်ပျက်တာနှင့် ဝက်ဝက်ကွဲအောင်အဆဲခံရမည့်အပြင် နောင်ယူမည့်ပိုက်ဆံတွေအတွက် ကိုးလို့ ကန့်လန့်ဖြစ်တော့မည်။ “မေကြီး လာလေ သားဒါန်းစီးချင်လို့ လာလွှဲပေး” သားဖြစ်သူခေါ်သံကြောင့်သူမအာရုံကသားနှင့်သမီးဆီပြန်ရောက်သွားသည်၊၊

ကလေးနှစ်ယောက်ကတော့ ဘာမှမသိဘဲအပူအပင်ကင်းစွာရီမောနေသည်၊၊ကလေးဆိုတာကတေ့ာ ဘာသိမလည်း။ သူတို့အပြုံးတွေမြင်ရပြန်တော့လည်းသူမ လုပ်ရပ်မှန်သည်ဟုတွေးကာကြည်နူးမိပြန်သည်၊၊အ်ို ငါ့သားသမီးလေးတွေမွေးနေ့မှာပျော်ပါစေ၊၊သူ့ဖာသူ နက်ဖြန်ဆဲချင်ဆဲ၊ဆိုချင်ဆို ၊၊ ပြောသမျှခံလိုက်တော့မည်။စ်ိတ်ညစ်နေလည်းကုန်သွားတဲ့ ပိုက်ဆံတွေကအ်ိတ်ထဲခုန်ဝင်လာမှာမှမဟုတ်တာ။ သူမသစ်ပင်ကိုပတ်ကာ ရိုက်ထားသော ခုံပေါ်မှ ဖျတ်ကနဲဆင်းရင်းထမီကိုပြင်ဝတ်ကာ သဲကြိုးပြတ်နေ၍ ချိတ်ဖြင့်တွယ်ထားသောယင်းမာ ဖိနပ်ကို ကောက်စွပ်လိုက်သည်၊၊ သားနှင့်သမီးကို အေးကြည် ပြုံးပြလိုက်ပြီး ဒါန်းကို လွှဲလိုက်သည်။

သူ့စ်ိတ်တို့သည်လည်း လွှဲလ်ုက်သောဒါန်းနှင့်အတူ တဒင်္ဂလွင့်စင်သွားလေသည်။ လမ်းမီးတိုင် ခပ်ကျဲကျဲလင်းနေသောလမ်းမှာလျောက်ရင်း အေးကြည်မတို့မိသားစု အိမ်ပြန်ချိန်ကတိတ်ဆိတ်လျက်။ အေးကြည် လက်ကိုတွဲရင်း လိုက်လာသည့်သမီးကြီးကိုငုံ့ကြည့်ကာ အေးကြည် မနေနိုင်စွာ ”ဒီနေ့ပျော်လား သမီးလေး” ”အရမ်းပျော်တယ် မေကြီး နောက်တခါမွေးနေ့ကျလည်း လိုက်ပို့ ပေးနော် ” ”ပို့ပေးမှာပေါ့ သမီးရယ် ” ဒီစကားကိုယောက်ျားဖြစ်သူမှဝင်ပြောလိုက်ခြင်းပင်။

အေးကြည် သူ့ယောက်ျားကို လှည့်ကြည့်လိုက်သည်။ အိမ်ဦးနတ်က သားအငယ်ကိုချီရင်း အေးကြည်ကိုခပ်ဖွဖွ ပြန်ပြုံးပြပြီး ”အေးကြည် ” သူမ ယောကျာ်းဖြစ်သူကို နောက်တခါလှည့်ကြည့်ရပြန်သည်။ သူယောက်ျားမျက်လုံးမှာ စိတ်မကောင်းဟန်ဖြင့် သူမလက်မောင်းကို ကိုင်ပြီး ”ငါ နောက်နေ့ ကျ လုပ်ခတွေတောင်းပြီးနင့်ပိုက်ဆံပြန်စိုက်ပေးမယ် မိန်းမ ညဦးပိုင်း စျေးဘက်မှာ ကုန်သွားထမ်းရင်အဆင်ပြေသွားမှာပါဟာ အဲ့ဒါဆို နင် နေ့ပြန်တိုးနဲ့ ယူစရာ မလိုတော့ဘူး ငါ သေချာကြိုးစားပြီးအလုပ် လုပ်ပါ့မယ် မိန်းမရယ်” သူမပခုံးကို ခပ်သာသာလေးလာဖက်ထားယောက်ျားဖြစ်သူကို အေးကြည် မ နားလည်စွာပြုံးပြလိုက်သည်။

မိသားစုဆိုတာ ငွေကြေးပိုင်ဆိုင်မှုထက် ပိုနွေးထွေးသည်ဆိုတာ ကုန်သွားသည့်ငွေနှင့်တန်အောင်ပြန်ရလိုက်သည်ဘဲ။ အပြန်လမ်းသည် တိတ်ဆိတ်နေသော်လည်း အေးကြည်မရင်ထဲပီတိတွေဖြင့် နွေးထွေးနေသည်။ ကောင်းကင်ပေါ်ရှိ ကြယ်များက မလင်းတလှည့်လင်းတလှည့် နိုင်သလောက်လင်းလျက် ။ အေးကြည်မ ရဲ့ အိမ်အပြန်လမ်းသည်လည်း …..။

အညို

Be the first to comment

Leave a Reply

Your email address will not be published.


*