အတ္တကြီးသောမေမေ(စ/ဆုံး)

February 25, 2025 admin 0

အတ္တကြီးသောမေမေ(စ/ဆုံး) မေမေနှင့် ဖေဖေက ငယ်ချစ်တွေ ဟု ကျွန်မ သိရသည် ။ ဖေဖေ သည် အသက် ဆယ့်ခြောက်နှစ်အရွယ်ကတည်းက မေမေ့ကို ပိုးပန်းခဲ့ပြီး မေမေ့ အချစ်ကို ရဖို့ ငါးနှစ်ကျော်ကြာစောင့်ခဲ့ရသည် ။ ထို့နောက်မှာတော့ မေမေ့အသက် နှစ်ဆယ့်တစ်နှစ် ဖေဖေ့အသက် နှစ်ဆယ့်နှစ်နှစ် မှာ […]

အငြိုးကြီးသူ၏ ကလဲ့စား(စ/ဆုံး)

February 25, 2025 admin 0

အငြိုးကြီးသူ၏ ကလဲ့စား(စ/ဆုံး) ရွာ၊ ဇနပုဒ် အပြင်ဘက်ရှိ တဲအိမ်ကလေးတစ်အိမ်ရှေ့၌ လူတစ်စုသည် မီးတုတ်များ၊ ဓား၊ လှံ များကိုင်ဆောင်၍ စုစုရုံးရုံးဖြစ်နေကြသည်။ အချိန်ကား ညဆယ်နာရီ။ “ဟေ့… ဦးသာဒင် ထွက်ခဲ့စမ်း ဘာလဲအခုမှကြောက်နေတာလား ခင်ဗျားလုပ်ရဲရင် ခံရဲမှာပေါ့ကွ…ဟေ ခင်ဗျား ယောကျာ်းမဟုတ်ဘူးလား” “သာဒင်…. မင်းကိုငါ မကျေနပ်ဘူး […]

ဖုတ်ဝင်သူ

February 25, 2025 admin 0

ဖုတ်ဝင်သူ [အောင်ဓူဝံ_ရေးသားသည်] လက်လုပ်လက်စားအများစုသာ နေထိုင်ကြသည့်ရပ်ကွက်လေးအတွင်း၌ ထူးဆန်းသည့်အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့လေသည်။ သူ့နာမည်ကကိုထွန်းခိုင် အသက်က၃၀ကျော်ရှိပြီး၊အိမ်ထောင်သည်ဖြစ်ပြီးသားသမီး၂ ယောက်လည်းရှိလေသည်။ မိခင်ဖြစ်သူဒေါ်တင်စိုးအားအိမ်မှာပင်နေစေကာတင်ကျွေးထားလေသည်။ ကိုထွန်းခိုင်ကသာမာန်လက်လုပ်လက်စားအလုပ်သမားတစ်ယောက်ဖြစ်ပြီး ဇနီးသည်မခိုင်မာသည်လည်း အကြော်ရောင်းပြီးတစ်ဖက်တစ်လမ်းက ဝင်ငွေရှာခဲ့လေသည်။ ကိုထွန်းခိုင်၏မိခင်ဒေါ်တင်စိုးကလည်း မြေး၂ယောက်ရဲ့ဝေယျာဝစ္စအဝဝကို လုပ်ကိုင်ပေးရင်းအိမ်မှာနေခဲ့သည်။ ကိုထွန်းခိုင်တို့မိသားစုလေးမှာ ချမ်းချမ်းသာသာမရှိပေမယ့် မပူမပင် မကြောင့်မကျနေနိုင်ခဲ့လေသည်။ သားနဲ့သမီးကိုလည်းသူများတန်းတူ ထားနိုင်ခဲ့သည်။ ယခုလိုအေးချမ်းနေသည့် ကိုထွန်းခိုင်တို့မိသားစုလေးဆီသို့ […]

ဘွားမယ်စိန်နှင့်ခန္ဓာမှားသောဝိဉာဥ်”(စ/ဆုံး)

February 25, 2025 admin 0

“ဘွားမယ်စိန်နှင့်ခန္ဓာမှားသောဝိဉာဥ်”(စ/ဆုံး) နေ့လယ်ခင်းအချိန်ဖြစ်သော်လည်း အညာနွေကပူလွန်းလှသည်။ လှည်းလမ်းကြောင်းရှိဖုန်များပင် အငွေ့များပျံနေသယောင်အပူငွေများကထွက်နေလေသည်။ သစ်ရိပ်ဝါးရိပ်များထူပြော၍သာ နေသာထိုင်သာရှိနေကြရ၏။ မန်ကျည်းပင်ကြီးများအောက်၌ ဝိုင်းဖွဲ့ထိုင်သူများကထိုင်… ကိုယ့်ဝိုင်းထဲရှိအပင်ရိပ်၌သီးသန့်နေသူကနေဖြင့် အညာနွေကိုအံတုနေကြရသည်။ လယ်ယာအလုပ် လုပ်နေကြရသူများကတော့ လယ်တော၌ ဝါးခမောက်များ…ချည်ထည် လက်ရှည်အပါးများကိုဝတ်ဆင်ပြီးဝမ်းရေးအတွက် ရုန်းကန်နေကြရပြန်သည်။ ဘွားမယ်စိန်တို့သားအမိတတွေလည်း ကွပ်ပျစ်ခင်းလေးပေါ်၌ ယပ်တောင်ကိုယ်စီဖြင့် ရှိနေခဲ့ကြသည်။ ထိုအချိန်၌ နွားလှည်းတစီးသည် အပူဒဏ်ကိုမမှုဟန်ဖြင့် သောင်ထွန်းရွာထဲသို့မောင်းဝင်လာခဲ့သည်။ […]

***မြွေမှော်***(စ/ဆုံး)

February 25, 2025 admin 0

***မြွေမှော်***(စ/ဆုံး) သူလွယ်လာတဲ့ လွယ်အိတ်ထဲက အင်းလက်ကိုင်ပုဝါကြီး တစ်ထည်ကို ထုတ်ယူလိုက်တယ်ဗျ ။ ပြီးတော့ မြွေကိုက်ခံရတဲ့ ခြေသလုံးက အပေါက်ကလေး နှစ်ပေါက်အောက်မှာ ငှက်ပျောရွက် တစ်ရွက်ခင်းခိုင်းလိုက်တယ် ။ ပြီးတာနဲ့ ဆန့်ဆန့်ကြီးဖြစ်နေတဲ့ ကိုပေါက်စီရဲ့ခေါင်းရင်းက ထိုင်ပြီး ဂါထာတွေ မန္တန်တွေကို ရွတ်တော့တာ ဗျ ။ မန္တန်ရွတ်ရင်းနဲ့ […]

အပုပ်အသိုး

February 25, 2025 admin 0

အပုပ်အသိုး ” ဆရာ . . . ကျွန်တော် နောက်တစ်ယောက် ခေါ်လိုက်ရ‌တော့မလား ” လက်ထောက်ဖြစ်သူ တပည့်တစ်ယောက် က ဦးမောင်ဝင်း၏ ခွင့်ပြုချက်ကို မတ်တတ် ရပ်ကာ စောင့်နေသည်။ လိုအပ်နေသော အတွင်းရေးမှူးနေရာအတွက် လူတွေ့စစ်ဆေး မေးမြန်းရသည်။ နံနက်ကတည်းက အင်တာ ဗျူးလုပ်ပြီး […]

ရက်လည်မတိုင်မီ(စဆုံးဝတ္ထုတို) #

February 25, 2025 admin 0

ရက်လည်မတိုင်မီ(စဆုံးဝတ္ထုတို) # ကိုဇင်အညာသား ခန္ဓာကိုယ်သည် ပေါ့ပါးလွတ်လပ်လွန်းနေခဲ့သည်။ကိုက်ခဲနာကျင်နေသော ဝေဒနာတို့သည်လည်းပျောက်ဆုံးနေ၏ ။သယ်ဆောင်လှုပ်ရှားရခြင်းတို့အတွက် ပင်ပန်းခက်ခဲလျက်ရှိသော ခြေလက်တို့သည်လည်း သွက်လက်လွယ်ကူလွန်းစွာပင်ရှိနေသည်။ဒီနေ့သည် အရမ်းကို သာယာသောနေ့လေးတစ်နေ့ပင်ဖြစ်မည်။ အိမ်တွင် လူအတော်များများ ရှုပ်၍နေလေသည်။မည်သည့်အကြောင်းကိစ္စရှိနေသည်မသိ။သုတ်သုတ်ပျာပျာဖြင့် အလုပ်ရှုပ်နေကြဟန်ရှိသော လူအစုစုတို့သည် တစ်စုံတစ်ခုအား သယ်ဆောင်ယူလာကြလေသည်။ `ဟာ အခေါင်းကြီးပါ့လား ဟ´ ပန်းခြောက်များဖြင့်လှပစွာမွန်းမံထားသော မှန်အလုံပိတ်အခေါင်းတလားကြီးတစ်ခုအား လူလေးယောက်ခန့်ဝိုင်းဝန်းသယ်ပိုးလာနေကြသည်ကိုတွေ့ရသည်။ […]

ဘွားမယ်စိန်နှင့် ရွာလန့်တဲ့ည

February 24, 2025 admin 0

ဘွားမယ်စိန်နှင့် ရွာလန့်တဲ့ည အချိန်သည်ကညသန်းခေါင်ကျော်လုလုရှိလေပြီ။ ထိုအချိန်တွင်ရွာပြင်သင်္ချိုင်းကုန်းဆီမှ မည်းမည်းအရိပ်ကြီးတစ်ခုသည် ရွာထဲဆီသို့တရွေ့ရွေ့ဝင်ရောက်လာခဲ့၏။ ရွာထဲရှိခွေးများကလည်းအူကြ၊ဟောင်ကြဖြင့် ထိုအရိပ်ကြီးသွားလေရာသို့ လိုက်ပါနေခဲ့ကြသည်။ ခွေးအူသံ၊ခွေးဟောင်သံတို့ကြောင့်အိပ်ပျော်နေကြသော ရွာသူ၊ရွာသားတို့ပင်လန့်နိုးလာခဲ့ကြသည်။ အရိပ်မည်းကြီးသည်ရွာလယ်ပိုင်းကညောင်ပင်ကြီးအောက်သို့ ရောက်သည်နှင့်ပျောက်ကွယ်သွားခဲ့လေသည်။ ခွေးများကလည်း ထိုညောင်ပင်ကြီးအောက်တွင် ဝိုင်းဖွဲ့၍အူနေကြတော့၏။ “ကိုဖိုးထူး…တော့် ကိုဖိုးထူး…” ဒေါ်ဆင်မသည် ယောကျ်ားဖြစ်သူဉီးဖိုးထူးအား လှုပ်၍နိုးနေခဲ့သည်။ ဦးဖိုးထူးကမျက်လုံးပင်မဖွင့်နိုင်ဘဲ… “ဘာလဲကွာ…” ဟုအော်ကာမေးလေသည်။ “တော်ခွေးတွေအူနေတာမကြားဘူးလား… […]

အောင်မြတ်သာနှင့်သိဒ္ဓိညီနောင်

February 24, 2025 admin 0

အောင်မြတ်သာနှင့်သိဒ္ဓိညီနောင် သစ္စာရှိမှုကိုပါ လျောက်တင်ခဲ့တယ်။ ဆင်ဖြူရှင် မင်းတရားလဲ အဲဒီတော့မှ ကုန်းဘောင်မြို့တည်ခမည်းတော်ရဲ့ သွေးသောက်ရဲဘော် မုဆိုးခြုံဗိုလ်တွန်ကို သတိရလွမ်းဆွတ်ကာ လျောက်တင်သူ ကလေးနှစ်ယောက်ကို ရွှေအတိပြီးတဲ့ ဂွေနှစ်ခုနဲ့အတူ မျက်စိရှေ့မှာမြင်နေရတဲ့ ဆင်ဝပ်တောင်ကြောကို အပိုင်စားပေးသနားခဲ့တယ်။ ဆင်ဖြူရှင်မင်းတရားကြီးကိုယ်ဝောာ်တိုင် အပိုင်စားပေးခဲ့တဲ့အတွက် သီဟနဲ့ဗလညီအစ်ကိုနှစ်ယောက်လဲ တောင်ကြောတစ်လျောက်မှာ ထင်တိုင်းကျဲပါလေရော။ နှစ်ကာလကြာလာတော့ ဆင်ဝပ်တောင်ကနေ တောင်စောင့်ကလေးနှစ်ယောက် […]

“သူ့မယား”(စ/ဆုံး)

February 24, 2025 admin 0

“သူ့မယား”(စ/ဆုံး) ဈေးသည်မ မဖော့သည် ကိုဆင်၏မယားဖြစ်လေသည်။ မဖော့သည် မြို့သို့တက်၍ ကုန်စိမ်းရောင်းလေ့ရှိရာ နံနက်တိုင်း ဗျပ်ကိုရွက်၍ မြို့သို့ တမိုင်နီးပါးခန့် ခြေလျင်သွားရလေသည်။ အရောင်းရတွင်လျှင် စောစောပြန်လာတတ်၍ အရောင်းရထိုင်းလျှင် နေစောင်းမှ ပြန်လာတတ်လေသည်။ ပြန်လာတိုင်း ချောင်းကိုဖြတ်ကာ ရွာဘက်သို့ ကူးထားသော ဝါးတံတားသို့ ရောက်လျှင် လင်စိတ်၊ သားသမီးစိတ်တို့သည် […]