
***မြွေမှော်***(စ/ဆုံး)
သူလွယ်လာတဲ့ လွယ်အိတ်ထဲက အင်းလက်ကိုင်ပုဝါကြီး တစ်ထည်ကို ထုတ်ယူလိုက်တယ်ဗျ ။ ပြီးတော့ မြွေကိုက်ခံရတဲ့ ခြေသလုံးက အပေါက်ကလေး နှစ်ပေါက်အောက်မှာ ငှက်ပျောရွက် တစ်ရွက်ခင်းခိုင်းလိုက်တယ် ။ ပြီးတာနဲ့ ဆန့်ဆန့်ကြီးဖြစ်နေတဲ့ ကိုပေါက်စီရဲ့ခေါင်းရင်းက ထိုင်ပြီး ဂါထာတွေ မန္တန်တွေကို ရွတ်တော့တာ ဗျ ။
မန္တန်ရွတ်ရင်းနဲ့ လက်မှာကိုင်ထားတဲ့ အင်းလက် ကိုင်ပုဝါကို ဝှေ့နေတယ်ဗျ ၊ ခဏနေတော့ ကိုပေါက်စီရဲ့အလောင်းကြီးကို ခေါင်းကစပြီး လက်ကိုင်ပုဝါနဲ့ရိုက်ချရောဗျ ။ “ဖတ် ” “ဖတ် ” “ဖတ်” အလောင်းကိုရိုက်ချနေတဲ့ လက်ကိုင်ပုဝါက ထွက်တဲ့ အသံ ရယ် ဘိုးစော်ကဲရဲ့ မန္တန်အသံပဲ ကြားနေရတယ်ဗျ ဘုန်းကြီး ဦးတိက္ခရော ကိုရင်တွေရော ရွာထဲက အသုဘပို့ ပြန်လာတဲ့သူတွေရော ငြိမ်ပြီးကြည့်နေကြ တာဗျို့။ အပ်ပြုတ်ကျရင်တောင်အသံကြားလောက် တယ် ။
ဟော ခေါင်းကတဆင့် မျက်နှာကိုရိုက်ချနေပြီဗျို့ ။ ဟာ မျက်နှာက ပြာနှမ်းနေတဲ့အရောင်လျော့သွားပြီး သွေးရောင်ပြန်သမ်းလာပြီဗျ ၊ ကြည့်နေတဲ့သူတွေ တယောက် တယောက်လက်တို့ ပြီးပြကြတယ်ဗျ ။ ဘိုးစော်ကဲ ကတော့ မန္တန်ရွတ်လိုက် လက်ကိုင်ပုဝါနဲ့ရိုက်ချလိုက် လုပ်နေတာပေါ့ဗျာ ။ ကိုပေါက်စီရဲ့အလောင်းက ရင်ဘတ်ပေါ်မှာလက်နှစ်ဖက် ယှက်တင်ထားတယ်ဗျ ။ တဖြည်းဖြည်းနဲ့ ဘိုးစော်ကဲ အဆိပ်ချတာ ဒူးခေါင်းကိုရောက်လာပြီဗျို့ အလောင်းရဲ့အပေါ်ပိုင်းက ပြာနှမ်းနှမ်းကြီးလည်း ပျောက်သွားပြီဗျ ၊ ဘိုးစော်ကဲ ရဲ့ မန္တန်ရွတ်သံက ပိုပြီးကျယ်လာတယ်ဗျ ရိုက်နေတဲ့လက်ကိုင်ပုဝါက ဒူးဆစ်အောက်ကိုရောက် လာပြီ ၊ ဟာ အဆိပ်တွေ အဆိပ်တွေ ထွက်ကျလာပြီ ဗျို့ ၊ မြွေစွယ်အရာလေးကနေပြီး မည်းမည်းအရေတွေ စီးကျလာပြီဗျို့။
အောက်ကခင်းထားတဲ့ငှက်ပျောရွက် ထဲ ကျတာပေါ့ဗျာ “ဟာ အဆိပ်တွေဟေ့ “ လို့ဝိုင်းကြည့်နေတဲ့လူတွေက တိုးတိုး တိုးတိုးနဲ့ ပြောကြတယ်ဗျ ၊ ဘိုးစော်ကဲ ကတော့ မန္တန်တွေရွတ်ရင်း လက်ကိုင်ပုဝါ နဲ့ ရိုက်ရင်းပဲဗျ ၊ နောက်ဆုံးအဆိပ်တွေကုန်သွားတော့ အလောင်းတခု လုံး သွေးရောင်ပြန်လွှမ်းလာရောဗျ ဘိုးစော်ကဲ က အလောင်းရဲ့ ခေါင်းရင်းနားမှာ လာရပ် ပြီး မန္တန်ရွတ်တယ် ၊ အလောင်းက စောစောကလောက် တောင့်တောင့်ကြီးမဟုတ်တော့ ဘူးဗျ ၊ ” ဟော လှုပ်လာပြီ လှုပ်လာပြီ “ ကြည့်နေတဲ့ မိန်းမတစ်ယောက်က ပြောလိုက်တာဗျို့ ဟုတ်တယ်ဗျ ။ ကိုပေါက်စီရဲ့လက်ကလေးတွေ လှုပ်လာပြီ ။ ဟော အသက်ရှုပြန်ပြီဗျို့။
ရင်ဘတ်က နှမ့်လိုက် မြင့်လိုက်ဖြစ်ရောဗျ ၊ ခဏနေတော့ဘိုးစော်ကဲ က ကိုပေါက်စီရဲ့ မျက်နှာကိုကြည့်ပြီး … ” မောင်ပေါက်စီ မောင်ပေါက်စီ .. လူကလေးမောင်ပေါက်စီ “ လို့အသံကျယ်ကျယ်နဲ့ခေါ်လိုက်တယ်ဗျ ၊ ဟော ဖွင့်ပြီ ဖွင့်ပြီ ကိုပေါက်စီ မျက်လုံးတွေဖွင့်ကြည့်ပြီ ၊ သူ့ကို ဝိုင်းအုံနေတဲ့လူတွေကိုကြည့်တယ် ၊ ပွီိးတော့ ဘိုးစော်ကဲ ကိုကြည့်တယ် ၊ ပြီးတော့ ဆရာတော် ကို ကြည့်ပြီး လက်အုပ်ချီတယ် ” အမေ ရေသောက်ချင်တယ်” “တိုက်လိုက် တိုက်လိုက် နည်းနည်းချင်းစတိုက်“ ဘိုးစော်ကဲက ခွင့်ပြုတော့မှ ရေတခွက်ခပ်ပြီး တိုက် တယ် ၊ ဘိုးစော်ကဲ က ပုခုံးကမပြီး ထူပေးလိုက်တယ် ဟော ထိုင်နိုင်ပြီဗျို့ ၊ ကိုပေါက်စီ ထိုင်နိုင်သွားပြီဗျို့ ကိုပေါက်စီက ထထိုင်တယ် “မောင်ပေါက်စီ နေကောင်းရဲ့လားကွဲ့” ဘိုးစော်ကဲ က မေးတာဗျ “ဟုတ်ကဲ့ ဘိုး နေကောင်းပါတယ် ၊ ခေါင်းထဲနဲနဲ နောက်နေတာပဲရှိတာပါ “ ” ခဏဆိုရင်ကြည်သွားမှာပါကွာ “ လို့ ဘိုးစော်ကဲ က ပြောလိုက်ပြီး ခဏနေတော့ ရွာသားနှစ်ယောက်က ကိုပေါက်စီကို တွဲပြီး လမ်းလျှောက်ပေးတယ် ။
ဆရာတော်က ရွာသား တစ်ယောက်ခေါ်ပြီး ငှက်ပျောဖက်ထဲကို ကျလာတဲ့ အဆိပ်ကို သေသေချာချာ ထုပ်ပြီး မြေကျင်းနက်နက် ူတူးပြီး မြှုပ်ခိုင်း လိုက်တယ် ၊ ကိုပေါက်စီထည့်လာတဲ့ ခေါင်း ကို ဖျက်ပြီး ကျောင်းဝင်းထောင့်မှာမီးရှို့လိုက် တယ် ။ ခဏနေတော့ကိုပေါက်စီနဲ့ သူ့အမေ ဒေါ်စီ တို့က ဘိုးစော်ကဲကို ကန်တော့ကြတယ် ။ ဘုန်းကြီး ဦးတိက္ခကိုလည်း ကန်တော့တယ် ၊ ပြီးတော့မှ သေရွာပြန် ကိုပေါက်စီကို ရွာထဲ ပြန်ခေါ်သွားကြတယ် ဗျ ၊ ညနေစောင့်တော့ ကျုပ်နဲ့ ဘိုးစော်ကဲလည်း ထနောင်းကုန်းကိုပြန်ကြတယ် နောက်တစ်ခါကြုံတာက ဘန့်ဘွေးကုန်းမှာဗျ ။
ယာထဲဆင်းရင်း ပိုးထိတာဗျ ၊ မနက်စောစော ယာထဲပေါင်းနှုတ်ဖို့အသွား ပိုးနှံချုံကြီးနားကနေ ကိုက်လိုက်တာဗျ ၊ ဘိုးစော်ကဲကို အပြေးအလွှား လာပင့်ကြတယ် ။ ကျုပ်လည်းလိုက်သွားတာပေါ့ဗျာ ပိုးထိတာက ဗိုက်ပူတင်မောင်လို့ခေါ်တဲ့ လေးလေးတင်မောင်ဗျ ၊ လူက ခပ်ဝဝ ။ ဗိုက်ကလည်း ခပ်ရွှဲရွှဲ ကျုပ်ရောက်တော့ အိမ်ရှေ့ခန်း မှာ ဆန့်ဆန့်ကြီးဗျ ။
သတိလည်းမရှိတော့ဘူး ၊ တစ်ကိုယ်လုံး ပြာနှမ်းနေပြီ ။ ဘိုးစော်ကဲက မန္တန်ရွတ်ပြီး လက်ကိုင်ပုဝါနဲ့ ရိုက်ပြီးအဆိပ်ချတယ် အဆိပ်က လုံးဝမကျဘူးဗျ ၊ ဘိုးစော်ကဲက ဝိုင်းကြည့် နေတဲ့လူတွေ လိုက်မလာနဲ့လို့ပြောပြီး ” တာတေ မင်း ဘိုးနဲ့လိုက်ခဲ့ “ လို့ ကျုပ်ကိုခေါ်လို့ ကျုပ်လိုက်သွားတယ် ။ ဘိုးစော်ကဲ က အိမ်ခေါင်းရင်းထောင့်သွားပြီး မန္တန်ရွတ်တယ် ခဏကြာတော့ ဘိုးစော်ကဲရဲ့ အရှေ့တလံအကွာက မြေကြီးပေါ်မှာ တွင်းပေါက်ကလေးတခုဖြစ်သွားတယ် ကျုပ်လည်း အံ့သြပြီးကြည့်နေတာဗျ ၊ ဟာ မြွေလေးဗျို့ မြွေလေး အဖြူလေးဗျာ ဖွေးဆွတ်နေတာပဲ ၊ အရှည်က လူကြီးတစ်ထွာလောက်ရှိမယ် ကိုးလက်မ ဆယ်မလောက်ပေါ့ဗျာ ၊ တွင်းလေးထဲက ထွက်လာပြီး ခွေနေတယ် ၊
အဲ့ဒီ့မြွေဖြူလေးထွက် လာတော့ ဘိုးစော်ကဲက မန္တန်ရွတ်တာရပ်လိုက်တယ် ပြီးတော့ မြွေဖြူလေးကိုစိုက်ကြည့်ပြီး ကျုပ်ကို လှည့်ပြောတယ် “တာတေ ဟိုနားက ဝါးစိမ်းကိုင်းလေး သွားယူစမ်း” ကျုပ်က ခပ်လှမ်းလှမ်းက ဝါးစိမ်းကိုင်းလေးကို ပြေးကောက်ပြီး ဘိုးစော်ကဲကို ပေးလိုက်တယ် ဘိုးစော်ကဲက ကျုပ်ကိုပြောတယ် “တာတေ ဒီမှာကြည့် “ ပြောပြောဆိုဆိုနဲ့ ဝါးစိမ်းကိုင်းလေးရဲ့့ထိပ်ဖျားကို မြွေဖြူလေးရှေ့နားတိုးပေးတယ် ၊ မြွေဖြူလေးက လှစ်ကနဲ ရွေ့သွားပြီး ဝါးစိမ်းကိုင်းရဲ့ ထိပ်ဖျားကို ပေါက်ချလိုက်တယ် ဟာ ဝါးစိမ်းကိုင်းလေး တစ်ချောင်း လုံးချက်ချင်း ခြောက်သွားတယ်၊ မီးကျွမ်းသလိုကိုဖြစ်သွားတာဗျ “မြင်လားတာတေ အဆိပ်ဘလောက်ပြင်းလဲဆိုတာ” “ဟုတ်ကဲ့ဘိုး” “ဒါ နဂါးကွ ရိုးရိုးမြွေမဟုတ်ဘူး ၊ ကဲ မြွေတို့ရဲ့ဘုရင် နဂါးလေးဗျာ ဒီရွာသားတစ်ယောက်ကို မြွေတစ်ကောင်က ကိုက်သွားလို့ဗျာ
ကျုပ်အဆိပ်ချတာဘယ်လိုမှ မရပါဘူးဗျာ ၊ နဂါးလေးရဲ့ အမိန့်နဲ့ကိုက်သွားတဲ့မြွေ ကို လွှတ်ပြီး အဆိပ်တွေပြန်စုပ်ခိုင်းပေးပါဗျာ ၊ ကျုပ် မောင်စော်ကဲက မေတ္တာရပ်ခံပါတယ် အမြန်ဆုံး ကယ်တင်ပေးပါ နဂါးလေးဗျား “ ဘိုးစော်ကဲက လူတစ်ယောက်ကို ပြောနေသလိုကို ပြောနေတာဗျ ၊ မြွေဖြူလေးက သူထွက်လာတဲ့ တွင်းပေါက်လေးထဲကို ပြန်ဝင်သွားတယ်ဗျ “ကဲ လာတာတေရေ “ လို့ပြောပြီး အိမ်ပေါ်ကို ပြန်တက်သွားလိုက်တယ် ပြီးတော့ ငှက်ပျောရွက်မြွေစွယ်အရာအောက်က ခံထားလိုက်ပြီး လူတွေကို ခပ်ဝေးဝေးမှာနေခိုင်း လိုက်တယ် ၊အိမ်ဝင်ပေါက်မှာလည်း လူတစ်ယောက် မှ မနေဖို့ ပြောတယ် ဘယ်သူမှ ဘာမှ ဝင်မလုပ်ဖို့ကို ဘိုးစော်ကဲက သေချာ မှာတယ် ပြီးတော့ မန္တန်ကို ရွတ်ရောဗျ ၊ သိပ်မကြာပါဘူးဗျ လှေကားကနေ တရွေ့ရွေ့နဲ့တက်လာတာ ၊နည်းတဲ့ မြွေပွေးကြီးမှ မဟုတ်တာဗျာ ။
လူတွေဆိုတာ လန့်ပြီး နောက်ကိုဆုတ်သွားကြတယ် ။ ဘိုးစော်ကဲ က မန္တန်ကိုပဲအဆက်မပြတ်ရွတ်နေတယ် ။ မြွေပွေးကြီး က အိမ်အပေါ်ဆင့်ကို တက်လာပြီး ဆန့်ဆန့်ကြီး လဲနေတဲ့ ကိုတင်ဝင်းရဲ့ ခြေထောက်က မြွေစွယ်ရာ နစ်ခုပေါ်ကို ပါးစပ်နဲ့တေ့ပြီး အဆိပ်တွေ စုပ်ယူလိုက် တယ် ။ ခဏနေတော့ မည်းမည်းအရည်တွေ အစွယ်ရာနှစ်ခုကနေ ထှကျကလြာရောဗြို့ မြွေပွေးကြီးက အဆိပ်တွေကို သေသေချာချာကြည့် ြီူ့ပီးတော့မှ တွန့်လိမ် တွန့်လိမ်နဲ့အိမ်ပေါ်က ပြန်ဆင်း သွားတယ် ။
ဒီတော့မှ ဘန့်ဘွေးကုန်းသားတွေလည်း အသက်ရှုနိုင်တော့တာဗျို့ ၊ ဘိုးစော်ကဲ က တစ်ကိုယ်လုံးပြန့်နေတဲ့ အဆိပ်တွေကို သူ့လက်ကိုင် ပုဝါနဲ့ ရိုက်ချတယ် ၊ ပါးစပ်ကလည်း မန္တန်တွေ မပြတ်ရွတ်တာဗျ ၊ ဒီတော့မှ ဗိုက်ပူ ကိုတင်ဝင်းရဲ့ မဲပြာပြာအသားရောင် ကြီးပျောက်သွားပြီး သွေးရောင်ပြန်လွှမ်းလာတာဗျို့ ခဏနေတော့ ကိုတင်ဝင်းသတိပြန်ရလာပြီး ထထိုင်တယ် ၊ရေတောင်းပြီး အငမ်းမရသောက်တယ် အခြေအနေ အားလုံးကောင်းသွားပြီဆိုတော့မှ ဘိုးစော်ကဲ ထနောင်းကုန်းကို ပြန်တယ် ၊ ကျုပ်လည်းဘိုးစော်ကဲ နဲ့ ရွာကို ပြန်လိုက်လာတယ် ။ ဘိုးစော်ကဲ ရဲ့ ဆေးလွယ်အိတ်ကို ကျုပ်က စလွယ်သိုင်းလို့ပေါ့ဗျာ “တာတေ အခုလာမဲ့ နတ်တော်လဆန်းတရက်ဟာ တနင်္ဂနွေ ကျတယ် အဲ့ဒီ့နေ့မှာ မြွေမှော်တက်လို့ ရတယ် ။
ပုဗ္ဗာရုံဆရာတော်နဲ့ ငါနဲ့ တိုငျပငျပျွီး ဆရာတော်ကျောင်းမှာမြွေမှော်တက်ပေးမယ် ။ မင်းပါဝင်တက်ထားကွ ၊ မြွေမှော်တက်ထားရင် တော်ရုံတန်ရုံ မြွေကိုက်လို့မသေဘူး ၊ အရိုးထိသွား ရင်တော့ သေနိုင်တယ်၊ အရိုးမထိရင်တော့ မသေ ဘူးကြ “ “ဟုတ်ကဲ့ ဘိုး ကျုပ် အဲ့ဒီ့နေ့မှာ မြွေမှော်လာတက် ပါ့မယ်” “ဒါက အမြဲလုပ်လို့မရဘူးကွ လဆန်းတရက်နေ့ တနင်္ဂနွနေ့မှ လုပ်လို့ရတာ” မြွေမှော်တက်မဲ့သူ အားလုံးငါးဆယ်ရှိတယ်ဗျ ၊ တက် ဖူးတဲ့ လူ ထပ်မတက်ရဘူးလို့ ဘိုးစော်ကဲ က ပြောတယ် ဆရာတော့် တိုက် ကျောင်းတိုက်ကြီးအပေါ်ထပ်မှာ လုပ်တာဗျ ၊ ဘာတွေလိုတုံးဆိုတော့ ကျီးမနိုးထန်းရွက် လိုတယ် ။
ကျီးတွေ မနိုးခင် ထန်းပင်ပေါ် တက်ယူ ရတာ ။ ပြီးတော့ ကိုယ်တိုင်း အပ်ချည်ကြိုး၊ ဖယောင်း။ ကျီးမနိုး ထန်းရွက်ကို သေးသေးလေးစိပ် ပြီး ကိုယ်တိုင်း အပ်ချည်ကြိုးနဲ့ ကျစ်နေအောင်ပတ် ရတယ် ။ အဲ့ဒါကို မီးစာလုပ်ပြီး ဖယောင်းတိုင် သွန်းရတယ်။ ဖယောင်းတိုင်နဲ့ လူနဲ့ မမှားရဘူးဗျ ။ လူနဲ့ ဖယောင်းတိုင် ကွက်တိမှန်အောင် မှတ်ထားရတယ် မြွှမှော်သွင်းတဲ့ အချိန်ကလည်း ကျီးမနိုးခင်အချိန်ဗျ မနက် သုံးနာရီ လေးနာရီလောက်ထပြီး ပိတ်ဖြူစက အောက်မှာခင်း အပေါ်က အနီစထပ်ခင်းပြီး အဲ့ဒီ့အပေါ် မှာ ထိပ်ဖွင့်ထားတဲ့ အုန်းသီးစိမ်း တစ်လုံးအပေါ်မှာ ကိုယ့်ကိုယ်တိုင်းအပ်ချည်နဲ့ လုပ်ထားတဲ့ ဖယောင်းတိုင်ကို ထွန်းရတယ် ။
ကျုပ်တို့တွေက မနေ့ကတည်းက မန္တာန်တပုဒ်သင်ပြီး အလွတ်ကျက်ထားရတယ် အဲ့ဒီ့မန္တာန်ရွတ်ပြီး ဖယောင်းတိုင်ကထွက်လာတဲ့ မှိုင်းကို ပါးစပ်နဲ့ စုပ်ယူပြီးမြိုချ ရတယ်။ ဂါထာရွတ်လိုက် ဖယောင်းတိုင်မှိုင်းကို စုပ်ယူပြီး မြိုချလိုက်နဲ့ မနား တမ်းလုပ်ရတာဗျ ။ တဖြေးဖြေးနဲ့ ဖယောင်းတိုင်က တိုတိုလာတာပေါ့ဗျာ ။ ဖယောင်းတိုင် သုံးပုံတစ်ပုံ လောက် ကျန်တဲ့အချိန် ကျုပ်နားထဲမှာ မြွေတွန်သံ တွေ ကြားရတယ်ဗျ ” ရွှီ ရှီိ ရွှီ” ဆိုတဲ့ အသံတွေကြားရတယ် ၊ ဖယောင်းတိုင် ကုန် သွားတော့ အုန်းသီးပေါ်မှာ တင်နေတဲ့ မှိုင်းစတွေ ဖယောင်းတွေကို ခြစ် အုန်းရည်ထဲကိုထည့် အုန်းရည်ကို ကုန်အောင်သောက်ရတယ်။ကျုပ်ပြောဖ်ို့မေ့နေလို့ဗျို့ အုန်းသီးက ရှပ်ပန်းထည်အနီစပေါ်မှာ ဒီအတိုင်းတင် ထားတာ မဟုတ်ဘူးဗျ ။
ငှက်ပျောသီးနှစ်ဖီးနဲ့ပွဲပြင် ထားရတာ မြွေမှော်တက်တာ အားလုံးပြီးသွားတော့ ဘိုးစော်ကဲ က ကျုပ်တို့ကို တယောက်ချင်း ခေါ်မေးတယ် “ဘာကြားတုံး ဘာမြင်တုံး” “ကျုပ်တော့ မြွေတွန်သံတွေ ကြားရတယ် ဘျိုးရဲ့” ကျုပ်ပြောတာကို ဘိုးစော်ကဲက ခေါင်းညိတ်ပြီး ပြန်ပြောတယ် “ဒါဆိုရင်တာတေ မြွေမှော်အောင်သွားပြီ” ကျုပ်လည်း ဝမ်းသာသွားတာပေါ့ဗျာ “မင်းတို့ကို မြွေကမကိုက်ဘူး ရှောင်သွားလိမ့်မယ် တကယ်လို့ တကျနငျးမိလို့ ကိုက်ရင်တောင် မင်းတို့ မသေတော့ဘူး ၊ အေး ဒါပေမဲ့ အရိုးထိသွားရင်တော့ အန္တရယ်ရှိတယ် “ ကျုပ်တို့အားလုံး ဘိုးစော်ကဲ ပြောတာကိုနားထောင် နေကြတာပေါ့ဗျာ “မြွေကိုက်ခံရသူတွေ့ရင် လက်နဲ့သပ်ချပါ ။
စောစော က မင်းတို့ရွတ်တဲ့ မန္တန်ကိုပဲ ရွတ်ပြီးသပ်ချပါ ။ အဆိပ်ကျပါလိမ့်မယ် တစ်ခုတော့ မင်းတို့ဆင်ခြင်ပါ မြွေသား လုံးဝမစားပါနဲ့ ။ မြွေမသတ်ပါနဲ့ ။ စနေနေ့တိုင်း ငါးပါးသီလ လူံအောင်ထိန်းပြီး သတ် သတ်လွတ်စားပါ ။ ခန္ဓသုတ်ကို ရွတ်ပါ ။
ဒါဆိုရင် တော့ မင်းတို့တက်ထားတဲ့ မြွေမှော်က အစွမ်းပိုထက် လိမ့်မယ် “ မြွေမှော်တက်ပြီးနောက် ထူးခြားတာ တစ်ခုရှိတယ်ဗျ မြွေတွေ ဘာတွေ သိပ်ပြီးမတွေ့တော့ဘူး မြွေသတ်တာတို့ မြွေသားစားတာတို့တော့ ကျုပ်တသက်လုံး ရှောင်ဖို့ ဆုံးဖြတ်လိုက်တာပေါ့ဗျာ ဘိုးစော်ကဲကတော့ တောင်သူလုပ်ရင်း မြွေကိုက်ခံ ရတဲ့ သူတွေကို အသက်ကယ်တုန်းပဲဗျ ။ ကျုပ်ကလည်း ဘိုးစော်ကဲ ခိုင်းသမျှ အကုန်လုပ်ပေးနေတုန်းပဲ ပေါ့ဗျာ။ ပြီးပါပြီ။ စာဖတ်သူအပေါင်းရွင်လန့်းချမ်းမြေ့ကြပါစေ
Leave a Reply