ရေနည်းငါး

ရေနည်းငါး “ရှင် သေချာ စဉ်းစားပေါ့။ အခုဆို နေ့ပြန်တိုးတွေနဲ့ ကျွန်မတို့သေတောင် အကြွေးကျေမှာ မဟုတ်ဘူး” ထန်းလက်တဲဘေးမှာ ထိုင်ကာ ရေနွေးကြမ်းသောက်နေတဲ့ သူ့ဘေး လာထိုင်ရင်း သူ့မိန်းမ မိခင် က ပြောတယ်။အငယ်ကောင်က မိခင်ရဲ့ ရင်ခွင်ထဲဝင်ပြီး နို့ပိန်ပိန်ကို စို့ဖို့ အင်္ကျီလှန်တယ်။ “ဒီကောင်လေးကတစ်မျိုး ဒီမှာ ညနေ အတိုးပေးစရာ မရှိလို့ စိတ်ညစ်နေရတဲ့ကြားထဲက” ဖျော့တော့ပိန်လှီနေတဲ့ …

ရေနည်းငါး Read More

တိုက်ခိုက်နေသော ငှက်နှစ်ကောင်

တိုက်ခိုက်နေသော ငှက်နှစ်ကောင် လူတစ်ဦးသည် ကောင်းကင်ယံတွင် ငှက်နှစ်ကောင် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည်ကို တွေ့လိုက်ရသည်။ ထိုငှက်များ တိုက်ခိုက်နေစဉ်တွင် သူသည် ၎င်းတို့ကို လှမ်းခေါ်ကာ မေးမြန်းလိုက်သည်။ “ဟေ့၊ မင်းတို့ ဘာဖြစ်ကြတာလဲ။ ဘာကြောင့် အချင်းချင်း တိုက်ခိုက်နေကြတာလဲ” ပထမငှက်က ဒေါသတကြီး အော်မြည်လိုက်သည်။ “ဒီကောင်က ကျွန်တော့် လမ်းကြောင်းထဲကို ပျံဝင်လာတာ။ ကျွန်တော် ပိုမြင့်မြင့် ပျံသန်းဖို့ …

တိုက်ခိုက်နေသော ငှက်နှစ်ကောင် Read More

အမှောင်ထုကြားမှ မိသားစုခရီး

အမှောင်ထုကြားမှ မိသားစုခရီး ခြောက်လသားအရွယ် သားလေး မောင်မြတ် ဖျားတာဟာ သူတို့ဘဝရဲ့ အရာအားလုံးကို ပြောင်းလဲသွားစေမယ်လို့ မခင်ခင် တစ်ယောက် စိတ်ကူးနဲ့တောင် မတွေးခဲ့မိပါဘူး။ သာမန် အင်္ဂါနေ့မနက်ခင်းမှာ သားငယ်လေး မောင်မြတ်ဟာ ပုံမှန်မဟုတ်ဘဲ ညှိုးငယ် ပင်ပန်းနေတာကို သူမ သတိထားမိတယ်။ သူ့ရဲ့ သေးငယ်တဲ့ ကိုယ်လေးက ပုံမှန်ထက် ပိုနွေးနေပြီး ပါးပြင်မှာ သွေးရောင်ဖျော့နေခဲ့တယ်။ အစပိုင်းမှာတော့ …

အမှောင်ထုကြားမှ မိသားစုခရီး Read More

ရွေးချယ်မှု၏ အစွန်းတစ်ဖက်

ရွေးချယ်မှု၏ အစွန်းတစ်ဖက် ကျွန်တော်ဟာ ကျွန်တော့်ဇနီးသည်ကို ကယ်တင်ဖို့အတွက် မိသားစုနဲ့ အပြီးအပိုင် လမ်းခွဲခဲ့ပါတယ်။ ဒါဟာ လောကအမြင်မှာတော့ “သားမိုက်” တစ်ယောက်ရဲ့ လုပ်ရပ်ဖြစ်နိုင်ပေမဲ့၊ ကျွန်တော့်ရင်ထဲမှာတော့ ဒါဟာ ယောက်ျားတစ်ယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ တစ်ခုတည်းသော ရွေးချယ်မှုပဲ ဖြစ်ခဲ့တယ်။ ဒီလိုဆုံးဖြတ်ချက်မျိုးကို ထပ်ပြီး ချမှတ်ဖို့ အခွင့်အရေးရရင်တောင် ကျွန်တော် နောက်တွန့်နေမှာ မဟုတ်ပါဘူး။ အမျိုးတွေကတော့ “သွေးက ရေထက်ပိုပြစ်တယ်” …

ရွေးချယ်မှု၏ အစွန်းတစ်ဖက် Read More

ရှင့်ဆိုရင် အလကား(စ/ဆုံး)

ရှင့်ဆိုရင် အလကား(စ/ဆုံး) ‎ဇာတိမြေကို မရောက်တာကြာပြီဖြစ်သဖြင့် ကိုတင်မောင်တစ်ယောက် ဤနှစ်တွင်တော့ အရောက်ပြန်ခဲ့သည်။ သူပြန်မရောက်သည့် အကြောင်းကလည်း ရှိသည်။ မိခင်ရော ဖခင်ပါ ကွယ်လွန်သွားကြပြီဖြစ်သဖြင့် သူလည်း ရန်ကုန်တွင်သာ အခြေချနေသည်။ ‎ ‎သူငယ်ချင်းဖြစ်သူ အငြိမ်းစား ကျောင်းအုပ်ဆရာကြီး ဦးလှတင်က သူ့မြေးတွေကို ရှင်ပြုရန်အတွက် ဆရာတင်မောင်ကို လှမ်းဖိတ်သည်။ ထို့ကြောင့်လည်း နှစ်ပေါင်း ၃၀ ခန့် မရောက်ခဲ့သော …

ရှင့်ဆိုရင် အလကား(စ/ဆုံး) Read More

တတိယလူ(စ/ဆုံး)

တတိယလူ(စ/ဆုံး) ဒီနေ့ သားသားလေးမွေးနေ့ပါ။ ကျမတို့မိသားစုသုံးယောက်ရွှေတိဂုံဘုရားဖူးကြတယ်။ သားသားကိုကစားကွင်းလိုက်ပို့တယ်။ သားသားက အလွန်ပျော်ရွှင်နေတယ်။ အပြန်မှာတော့ ရွှေတောင်တန်းကစကားဝါမှာ ကြေးအိုးဝင်သောက်ကြတယ်။ မောင်က ကျမနဲ့သားသားကိုသူ့ဘဝ သူ့ အရိပ်လေးလိုသဘောထားတယ်။ အလုပ်ပြီးလို့အိမ်ပြန်လာရင်စားစရာတစ်ခုခုတော့ဝယ်လာစမြဲပါ။ အိမ်ပေါ်ကိုလှမ်းတက်ရုံရှိသေးတယ်။ ထွေးနေကောင်းလား သားကောဘယ်မှာလဲ….. စတဲ့စကားတွေနဲ့ ဦးစွာ နှုတ်ဆက်တတ်သူပါ။ . မောင်ပြန်လာတဲ့အချိန်ကတစ်ခါတရံမိုးချုပ်တတ်ပါတယ်။ ကျမနဲ့သားက ညစာကိုစောစွာစားတယ်။ ဒါပေမဲ့လည်း သူထမင်းစားတဲ့အချိန်မှာတော့ သူ့ဘေးမှာကျမထိုင်ပေးရတယ်။ ကျမကမောင့်အတွက် ဟင်းတစ်ခွက်ပေါ့။ …

တတိယလူ(စ/ဆုံး) Read More

ကြင်ဖော်တွဲချင်ရှာလိမ့်မည်(စ/ဆုံး)

ကြင်ဖော်တွဲချင်ရှာလိမ့်မည်(စ/ဆုံး) သားကစေ့စပ်ကြောင်းလမ်းစကားလိုက်ပြောပေးဖို့ပြောထားသည်။မိန်းကလေး၏မိဘများရွာကအလှမ်းဝေးလွန်းသဖြင့်တကူးတကန့်သွားရန်မလွယ်။ဗုဒ္ဓဂယာမှအပြန်ရန်ကုန်ရောက်တုန်းပြောလိုက်စေချင်သည်ဟုဆိုသည်။ပညာလည်းစုံ၊အလုပ်အကိုင်အတည်တကျလည်းရှိ၊အချိန်တန်အရွယ်ရောက်ပြီမို့အိမ်ထောင်ပြုသင့်ပါပြီ။ရောက်တတ်ရာရာတွေးရင်းညကတော်တော်နှင့်အိပ်မပျော်။မင်္ဂလာစရိတ်အတွက်ရနိုင်သမျှစုဆောင်းပြင်ဆင်ထားရသည်။ငွေကြေးမပြည့်စုံသော်လည်းတစ်ဦးတည်းသောသားလေးအတွက်မိဘဝတ္တရားကျေချင်သည်။ မနက်လင်းသည်နှင့်နေ့စဉ်လုပ်နေကျအတိုင်းမျက်နှာသစ်၊လမ်းလျှောက်၊ကိုယ်လက်လေ့ကျင့်ခန်းလုပ်၊ရေချိုးသည်။ပြီးတော့အိပ်ယာထဲလဲနေသောဇနီးဖြစ်သူကိုအပေါ့၊အလေးတည်၊ကိုယ်လက်သုတ်သင်၊မနက်စာကျွေးရသည်။ နိစ္စဓူဝအလုပ်တွေပြီးတော့မှသားခေါ်လျှင်လိုက်ဖို့အဝတ်အစားလဲပြီးသတင်းစာဖတ်ရင်းစောင့်နေလိုက်သည်။ “ပြင်ဆင်ပြီးရင်သွားရအောင်အဖေ၊သူတို့ဖက်ကလူကြီးတွေစောင့်နေလိမ့်မယ်၊လမ်းမှာလဲကားပိတ်ရင်ကြာဦးမယ်” “သားအမေကိုစောင့်ရှောက်ဖို့ သားဒေါ်လေးရောက်ပြီလား” “ခုပဲရောက်တယ်အဖေ” “အေးအေး ဒါဆိုလဲသားအမေကိုနှုတ်ဆက်လိုက်ကြဦးစို့” သူတို့သားအဖအခန်းထဲဝင်သွားတော့ဇနီးဖြစ်သူကကပြုံးရောင်သန်းသည့်မျက်နှာဖြင့်ကြိုနေသည်။သည်နေ့သားအတွက်မင်္ဂလာစေ့စပ်ကြောင်းလမ်းသွားမည်ကိုအသိပေးပြီးဖြစ်သည်။သားကိုအိမ်ထောင်ချပေးနိုင်တော့မည်မို့မိခင်တစ်ယောက်အနေဖြင့်ပျော်ရွှင်နေသည်။မိဘစုံညီနှင့်သွားရမည်ဆိုလျှင်မည်မျှကောင်းလေမည်နည်း။သည်အတွက်စိတ်မကောင်းဖြစ်မိသည်။ ဇနီးသည်လေဖြတ်ပြီးအိပ်ယာထဲလဲနေသည်မှာနှစ်ပေါင်းအတော်ကြာခဲ့ပြီ။ကျန်းမာရေးကောင်းစဉ်ကတစ်အိမ်လုံးသူ့ခြေသူ့လက်၊သူ့အသံစာစာတို့ဖြင့်ပျော်ရွှင်စရာမိသားစုအသိုက်အမြုံလေးဖြစ်ခဲ့သည်။ “သားတို့သွားပြီနော်မေမေ၊မေမေ့အတွက်ချွေးမလှလှလေးသွားတောင်းမယ်” သားကသူ့အမေကိုပြုံးရွှင်စွာပြောရင်းလက်ပြနှုတ်ဆက်သွားသည်။သူကဇနီးဖြစ်သူနားသွား၍ခါတိုင်းလိုနဖူးကိုခပ်ဖွဖွနမ်းပြီးနှုတ်ဆက်လိုက်သည်။ခေါင်းညိတ်ရုံညိတ်ပြသည်။မျက်လုံးထဲမှာကြည်နူးမှုအပြုံးဖြင့်မျက်ရည်လည်နေသည်ကိုတွေ့ရ၏။ <><><><><><> ကားပေါ်တွင်သူတို့သားအဖအတွေးကိုယ်စီဖြင့်လိုက်ပါလာကြသည်။စေ့စပ်ကြောင်းလမ်းရန်လိုက်ခဲ့ရသော်လည်းသားလက်ထပ်မည့်မိန်းကလေးကိုဖြူသလားမဲသလား၊မျိုးရိုးဇာတိ၊ပညာအရည်အချင်းဘာတစ်ခုမှသိထားတာမရှိ။အလှမ်းဝေးသောနယ်စွန်နယ်ဖျားအရပ်ဒေသမှဟုလောက်သာသိထားသည်။ သားကအစစအရာရာတွေးခေါ်မျှော်မြင်တတ်၍ဆင်ခြင်တုံတရားရှိသည်။မိမိလိုမစဉ်းစားမဆင်ခြင်တဇွတ်ထိုးလုပ်လိမ့်မည်မဟုတ်။ဘဝအတွက်အသင့်တော်ဆုံးအိမ်ထောင်ဖက်ကိုရွေးချယ်လိမ့်မည်ဟုယုံကြည်သည်။ ကိုယ့်အကြောင်းကိုယ်စဉ်းစားလိုက်လျှင်ငယ်စဉ်ကထင်ရာစိုင်းလုပ်ခဲ့သည်တို့တသီတတန်းပေါ်လာသည်။ပေတေခဲ့ဖူးသည်။မလေးရှား၊စင်ကာပူလိုနိုင်ငံရပ်ခြားသွား၍အလုပ်လုပ်ဖူးသလို၊မြန်မာနိုင်ငံအနှံသွား၍လည်းအလုပ်ပေါင်းစုံလုပ်ဖူးသည်။ရေနံတူး၊ရေမဆေးကျောက်ရှာ၊ရွှေတူး အလုပ်ပေါင်းစုံလုပ်၍ငွေရှာခဲ့သည်။ရသမျှသောက်စား၊ပျော်ပါး၊လောင်းကစားလုပ်ဖြုန်တီးခဲ့သဖြင့်ဘာမှအဖတ်မတင်ခဲ့။ အိမ်ထောင်ကျချိန်တန်တော့နဖူးစာရွာအလည်လွန်ပြီးနယ်စွန်နယ်ဖျားရွာကလေးကိုရောက်သွားသည်။အလွန်ဝေးလံသီခေါင်တောတောင်ထူထပ်သဖြင့်လမ်းပန်းဆက်သွယ်ရေးခက်ခဲ၊လူသူအရောက်အပေါက်နည်းသည့်ရွာကလေးဖြစ်သည်။အိမ်ခြေတစ်ရာကျော်ခန့်သာရှိလိမ့်မည်။သူအလုပ်လုပ်သည့်ရွှေတွင်းနှင့်နှစ်မိုင်ခန့်ဝေးသည်။အများစုကတောင်ယာလုပ်ကိုင်သူများဖြစ်ပြီးရှမ်းစပ်သဖြင့်အသားဖြူပြီးရုပ်ရည်သန့်ပြန့်ကြသည်။ ခင်မေတို့အမွှာညီအစ်မသည်အသားအရေဖြူဝင်းပြီးမျက်ခုံးမျက်လုံးလှသည့်မိန်းမချောလေးများဖြစ်သည်။ ရွာနီးချုပ်စပ်ထိနာမည်ကြီးသောကြောင့်ပိုးပန်းသူတွေများသည်။မိဘနှစ်ပါးမရှိတော့သဖြင့်အဒေါ်ဖြစ်သူ၏အုပ်ထိန်းမှုအောက်တွင်ဗိုင်းကောင်းကျောက်ဖိနေသူတွေဖြစ်ကြသည်။ရွှေကျင်းမှာအလုပ်လာလုပ်သည့်ခင်မေတို့ရွာမှကျော်ဆင့်နှင့်ခင်မင်ရင်းနှီးပြီးရွာသို့မကြာခဏအလည်ရောက်ဖြစ်သည်။ရပ်ဓလေ့ရွာဓလေ့အတိုင်းခင်မေတို့အိမ်သို့အလည်ရောက်ကာညီအစ်မနှစ်ယောက်နှင့်ခင်မင်ရင်းနှီးပြီးသံယောဇဉ်တွယ်မိကြသည်။ညဖက်သူတို့အိမ်သို့ကျော်ဆင့်နှင့်အလည်သွားလျှင်ညီအစ်မနှစ်ယောက်ကအလှပြင်၍ရေနွေးကြမ်း၊လက်ဖက်ပွဲတို့ဖြင့်လသာဆောင်တွင်ဧည့်ခံကြသည်။ရောက်တတ်ရာရာစကားတွေပြောရင်းအချိန်ကုန်ကာညဉ့်နက်မှပြန်လေ့ရှိသည်။ “ကိုကြီးကအပျိုလှည့်လာတာဆိုတော့၊မမကိုလှည့်တာလား၊ညီမလေးကိုလှည့်တာလား” အငယ်မဖြစ်သူခင်ဆွေကရိုးသားပွင့်လင်းစွာမေးသည်။ “နှစ်ယောက်စလုံးဆီပေါ့”ဟုပြန်ဖြေသောအခါအသံလွင်လွင်ဖြင့်ချစ်စဖွယ်ရယ်ကြသည်။တောထဲတောင်ထဲတွင်နေကြသော်လည်းရုပ်ရည်ချောမောသလိုအပြောအဆိုယဉ်ကျေးသိမ်မွေ့သူတွေဖြစ်ကြသည်။ သူတို့နှစ်ဦးအဝတ်အစားဆင်တူဝတ်ထားလျှင်ခွဲဖို့အလွန်ခက်သည်။ငယ်ပေါင်းကြီးဖော်ကျော်ဆင့်ကတော့ခွဲနိုင်သည်ဟုဆိုသည်။ “ကျွန်မတို့ညီအစ်မ ဘယ်တော့မှမခွဲဘူး”ဟုတစ်ယောက်ကပြောသည်။ “အိမ်ထောင်ပြုရင်ကောအတူတူပြုမှာလား” “ဘယ်တော့မှမပြုဘူး၊တစ်သက်လုံးအပျိုကြီးလုပ်ကြမှာ”ဟုကျန်တစ်ယောက်ကမဆိုင်းမတွပြန်ပြောသည်။ …

ကြင်ဖော်တွဲချင်ရှာလိမ့်မည်(စ/ဆုံး) Read More

ထဘီကြွေး(စ/ဆုံး)

ထဘီကြွေး(စ/ဆုံး) “သားရေ … ရန်ကုန်လိုက်မလား” ‎ ‎အမေကတစ်ည ကျွန်တော့်ကို မအိပ်မီ မေးသည်။ ကျွန်တော်ပျော်သွားသည်။ ရန်ကုန်ဆိုသည့်မြို့ကြီးကို စိတ်ကူးနှင့်မှန်းကြည့်နေရသည်မှာကြာပြီ။ ‎ ‎အမေနှင့် ရန်ကုန်လိုက်ရမည်ဆိုသဖြင့် တစ်ညလုံး အိပ်မပျော်။ အိပ်ပျော်နေသောကြောင့် အမေ ထားခဲ့မည်ကို စိုးရိမ်သဖြင့် အမေ့ကို မကြာခဏထကြည့်ရသည်။ ‎ ‎“ကောင်လေး အိပ်လေ … အမေနှိုးမှာပေါ့” ‎ ‎အမေကအတင်းအိပ်ခိုင်းသော်လည်း …

ထဘီကြွေး(စ/ဆုံး) Read More

ရေအေးတစ်ခွက်(စ/ဆုံး)

ရေအေးတစ်ခွက်(စ/ဆုံး) နွေရာသီရောက်ပြီဆိုပါလျှင်ရပ်ကွက်ထဲ တွင်ကြားနေသောအသံများထဲက အောက်ပါအော်သံတစ်မျိုးအားနေ့စဉ်လိုလိုကြားရတတ်သည်။မဆန်းသော်လည်း မရိုးခဲ့ပါ။အော်ဆင်ခြေပုံးရပ်ကွက်ဆို တော့လည်း။ ဝါးလုံး…ဝါးလုံး။ ဝါးလုံး…ဝါးလုံး …. ဝါးလုံး…ဝါးလုံး…ဝါးလုံး သုံးလေးခွန်းဆက်ပြီးအော်သွားပါသည်။ လူနှစ်ယောက်၊သုံးယောက်၊အလှည့်ကျ အော်သွားကြပါသည်။အမှန်တော့ အဝတ်လှမ်းရန်၊ ထီးရိုးဝါးအရှည်ဆယ်လုံးမက၊ထမ်းပြီး ရောင်းနေကြသည်။ တစ်ယောက်ထည်းတော့မဟုတ်။နှစ်ထမ်း၊သုံးထမ်း။ တစ်ခါတရံအမျိုးသမီးများကပါ၊ဝါးများ အားရွက်လျက်ပါလာတတ်သေးသည်။ ဝယ်ယူသူမတွေ့မချင်းအိမ်ရှေ့တွင် အခေါက်ခေါက်အခါခါဖြတ်လျှောက်ပြီး အော်ပြီးရောင်းနေကြသည်။ ထိုအခါ သည်မျှဝေးသောခရီးအား၊ အလေးအပင်ကြီးသယ်ယူပြီးရောင်းချ နေသောဝါးသည်များအားကြည့်ပြီး၊ ဦးသာလိ နှုတ်မှအသံထွက်ပြီးရွတ်နေကျ စကားကေတာ့၊ အတော် …

ရေအေးတစ်ခွက်(စ/ဆုံး) Read More

ငယ်ကချစ်လည်းနှစ်တစ်ရာမတိုင် (စ/ဆုံး)

ငယ်ကချစ်လည်းနှစ်တစ်ရာမတိုင် (စ/ဆုံး) ကျွန်မ၏ အသက် ၁၇ နှစ် သူ၏ အသက် ၁၈ နှစ်မှာ ကျွန်မတို့ လက်ထပ်ခဲ့ကြသည် ။သူ့နံမည်မှာ တင်သန်း ဖြစ်သည်။ သူသည် ကျွန်မတို့အိမ်က အလုပ်သမားတစ်ယောက်မို့ ကျွန်မသည် အနေနီးသူကို တွယ်တာမိခြင်းဖြစ်သည်။ အဖေက သဘောမတူခဲ့ပါ။ သူနှင့် ကြိုက်နေမှန်း သိတော့ ကျွန်မကို အ‌ေ သရိုက်ခဲ့သည်။ သို့ပေမဲ့ …

ငယ်ကချစ်လည်းနှစ်တစ်ရာမတိုင် (စ/ဆုံး) Read More