ငယ်ကချစ်လည်းနှစ်တစ်ရာမတိုင် (စ/ဆုံး)

ငယ်ကချစ်လည်းနှစ်တစ်ရာမတိုင် (စ/ဆုံး)

ကျွန်မ၏ အသက် ၁၇ နှစ် သူ၏ အသက် ၁၈ နှစ်မှာ ကျွန်မတို့ လက်ထပ်ခဲ့ကြသည် ။သူ့နံမည်မှာ တင်သန်း ဖြစ်သည်။ သူသည် ကျွန်မတို့အိမ်က အလုပ်သမားတစ်ယောက်မို့ ကျွန်မသည် အနေနီးသူကို တွယ်တာမိခြင်းဖြစ်သည်။ အဖေက သဘောမတူခဲ့ပါ။ သူနှင့် ကြိုက်နေမှန်း သိတော့ ကျွန်မကို အ‌ေ သရိုက်ခဲ့သည်။ သို့ပေမဲ့ အဖေ ကျွန်မတို့ကို လက်ထပ်ပေးခဲ့ပါသည်။ ” ခင်ဆွေ နင် ရွေးချယ်လိုက်တဲ့ ယောက်ျား ကို ငါတို့ နင်နဲ့လက်ထပ်ပေးပြီးပြီ နင် သူနဲ့ အဆင်ပြေအောင်နေ အိမ်ထော င်ကွဲပြီးတော့ တော့ ပြန်မလာနဲ့ အဲ့လို ပြန်လာရင် နင့်အဖေက နင့်ကို ‌ ‌ေ သအောင် ရိုက်လိမ့်မယ် ” အမေက မှာသည်။ ကျွန်မသည် ချစ်တဲ့စိတ်တစ်ခုနှင့်သာ ယူခဲ့ပြီး အခက်အခဲဘာတွေကြုံရမလဲဆိုတာ ကြိုမတွေးခဲ့ပေ။

https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

ယောက္ခမအိမ်မှာလိုက်နေတော့ ယောက္ခမရယ် ယောင်းမရယ် နှင့် အဆင်မပြေ။ ‌ကျွန်မသည် မနက်အစောကြီးထ၍ ထမင်းအိုးတည်ရသည်။ သူတို့ကတော့ မထကြသေးပါ။ မီးမွှေးဖို့ ကိုယ်တိုင်ထင်းခွဲရသည်။ ညနေဆို ကျွန်မရေချိုးဖို့နှင့် သူတို့ရေချိုးဖို့ ရွာထဲက ရေတွင်းမှ ရေခပ်ရသည် ။ ရေတွင်းမှာ သူတို့ အိမ်နှင့် အဝေးကြီးမို့ ခြေလျင် သယ်ရသည့် ကျွန်မ လက်တွေ ညောင်းကိုက်နေသည်။ မိဘအိမ်မှာ ဒီအလုပ်တွေ တစ်ခုမှမလုပ်ခဲ့ရတော့ အဖေ မြင်သည့် အခါ ကျွန်မကို စိတ်ဆိုးမာန်ဆိုး အကြည့်နှင့် ကြည့်လေသည်။ ” အခုတော့ ညည်းသိပြီမလား မိဘအိမ်နဲ့ ယောက္ခမအိမ် ဘယ်လိုကွာလဲ ညည်း သိရပြီမလား ” ဟု အဖေက ကရုဏာ ဒေါသနှင့် မျက်နှာကြီးရဲနေရင်းက ပြောသည်။ ကျွန်မ စိတ်မကောင်းပါ။

ဝမ်းနည်းလွန်းလို့ မျက်ရည်ကျမိပေမဲ့ ဒီယောက်ျားကို ယူပြီးပြီမို့ အိမ်ထောင်လည်း မကွဲချင်သည့်အခါ ဆိုးဆိုးကောင်းကောင်းသည်းခံပေါင်းမည် ဟု ဆုံးဖြ တ်လိုက်သည်။ အဖေကလည်း အိမ်ထောင်ကွဲ၍ ပြန်လာလျှင် ရို က်မည် ဟု ဆိုတာကြောင့် ကျွန်မ အဖေ့ကို အဆင်မပြေတာတွေ မပြောပြရဲပါ။ တင်သန်း၏ ညီမ ထွေးထွေး သည် ကျွန်မ ၏ အင်္ကျီ ကောင်းကောင်းလေးများကိုကျွန်မသိအောင် ခိုးယူ ဝတ်သည်။ ပြီးလျှင် ဂျီးအလိပ်လိပ် တက်နေသည်အထိ ညစ်ပတ်ပေကျံနေသည်ကို မလျှော်ဘဲ ကျွန်မ သေတ္တာထဲ ပြန်ထည့်ထားသည်။ ကျွန်မသည် သူတစ်ခါယူဝတ်တာကို သိတော့ ယူမဝတ်ဖို့ ပြောသည် ။ ဒုတိယအကြိမ်ယူဝတ်တာသိတော့ ယူဝတ်ချင်လျှင် ယူဝတ်လို့ရကြောင်း ၊ ပြီးလျှင် လျှော်၍ ပြန်ထည့်ပေးပါ ဟု ပြောသည်။ ထွေးထွေးသည် ကျွန်မစကားကို တစ်ခွန်းမှ နားမထောင်ခဲ့ပါ ။ တစ်နေ့ ကျွန်မတစ်ခါမှမဝတ်ဖူးသေးသော ဝမ်းဆက်ကလေးတစ်စုံကို ထွေးထွေးယူဝတ်သည်။ ပြီးတော့ နောက်ဖေးခန်းမှာ ကွင်းလုံးပုံထားသည်။ ကျွန်မသည် ဒေါသထောင်းခနဲ ထွက်ကာ ထွေးထွေးကို ရန်တွေ့မိလေသည်။ ” ထွေးထွေး ငါနင့်ကို ယူဝတ်ပြီးရင် ပြန်လျှော်ပေးလို့ ပြောထားတယ်လေ နင့်မှာ အမှတ်သည်းခြေ မရှိဘူးလား ဦးနှောက်မပါတာလား ” ထွေးထွေးသည် ကျွန်မကို သူယူမဝတ်ဘူးဟု လိမ်သည်။ ဘယ်တော့မှ ယူဝတ်တာကို မိလျှင် ဝန်မခံပေ ။

ဒီအိမ်မှာ ကျွန်မအဝတ်အစားနှင့်တန်တာ သူပဲ ရှိသည်။ ကျွန်မသည် အလွန်ဒေါသဖြစ်မိကာ တင်သန်းကို ပြောလိုက်သည်။ ” ထွေးထွေးက ငါ့အဝတ်တွေယူဝတ်ပြီး လျှော်လည်းမပေးဘူး ဒီအတိုင်း ပုံချွတ်ထားတယ် အနောက်ကနေ ငါကလိုက်သိမ်းလိုက်လျှော်ရတာ တစ်ခါလည်း မဟုတ် နှစ်ခါလည်း မဟုတ်တော့ဘူး ” ” အေးပါ ငါ ထွေးထွေး ကို နောက်မလုပ်ဖို့ပြောလိုက်မယ် ” ” မဟုတ်ဘူး ယူဝတ်လို့ရတယ် ပြီးရင်တော့ ပြန်လျှော်ပေးလေ လူလိုသိမှပေါ့ … ” တင်သန်းက ထွေးထွေးကို ခေါ်ဆူတာ တင်သန်းအမေ သန်းဝင်း သိတော့ ကျွန်မက လ င်ကို ပြန်တိုင်သည် ဟု သူ့နှုတ်က ပြောလေသည် ။ ” ဒီအိမ်မှာ နေတာ ညည်းက ငါ့ချွေးမ ထွေးထွေးလည်း ညည်းညီမ ဖြစ်တယ်လေ ညီမက အဝတ်အစားလေးယူဝတ်မိတာကို ညည်းက လ င်ဖြစ်သူကို ပြန်တိုင်နေလို့ ဘယ်ဖြစ်မလဲ နားလည်ပေးရမှာပေါ့ တင်သန်းကလည်း အပြင်ထွက် အလုပ်လုပ်နေရတာ ညည်းပြန်လာတိုင်း တိုင်နေရင် သူလည်းစိတ်ညစ်တာပေါ့” ” အမယ်လေး ဘုရားစူး ပြန်လာတိုင်းမတိုင်ရပါဘူး ထွေးထွေး ယူဝတ်တာကို မကြိုက်တာလည်းမဟုတ်ဘူး သူ့ကိုပြောထားသားပဲ ယူဝတ် ရတယ် ပြီးရင်ပြန်လျှော်ပေးပါ လို့ ကျွန်မပြောလားမပြောလား ထွေးထွေး မေးကြည့်ပါ ခုက သူက ယူဝတ်ပြီး ယူမဝတ်ပါဘူးလို့ ပြောင်လိမ်တယ် ပြီးတော့လည်း အဝတ်တွေကိုမလျှော်ဘဲ ကြုံရာနေရာမှာ ချွတ်ထားတယ် ထွေးထွေးကို ပြောမရလို့ တင်သန်းကိုပြောလိုက်တာ ” ကျွန်မက အေးအေးဆေးဆေးနားလည်အောင် ရှင်းပြသည်။ သို့ပေမဲ့ အရီးသန်းဝင်းသည် လူကြီးဖြစ်ပြီး သူ့သမီးကို နားလည်အောင်မပြောဘဲ သူ့သမီးကျွန်မကို ရန်လိုအောင် ပြောသည် ။

” ထွေးထွေးရေ သူ့အဝတ်တွေ ယူမဝတ်နဲ့ ညည်းကို သော က်မှတ်မရှိဘူး သူများမကြိုက်တာကို လုပ်ချင်နေတယ် ကိုယ့်ရှိတာကိုယ်ဝတ် ယောင်းမက အစ်မမဟုတ်ဘူး ဟဲ့ ” ကျွန်မ စိတ်တိုရလေသည်။ ယူဝတ်တာ မကြိုက်လို့မဟုတ်ဘူးဆိုတာလည်း ရှင်းပြခဲ့သည် ။ ကျွန်မထွေးထွေးအပေါ် တတ်နိုင်သမျှလည်း အစ်မတစ်ယောက်လိုသဘောထားခဲ့သည်။ ထွေးထွေးကသာ ကျွန်မအပေါ် အစ်မလိုစိတ်မထားတာ ကျွန်မသာအသိဆုံး ။ ကျွန်မက ကလေးပဲရှိသေးတာပဲဟု နားလည်ပေးခဲ့သည်။ခုတော့ ကျွန်မကပဲ မကောင်းသူ ဖြစ်သွားရလေသည်။ အသားဟင်းချက်လျှင် ကျွန်မသည် သေးသေးလေး နှစ်တုံးအပြင်ပိုမစားရ။ သူတို့ကတော့ အဝစားသည်။ ကျွန်မ ပန်းကန်ထဲ ဟင်း နှစ်တုံး ထည့်ပေးပြီး ကျန်တာကို သူတို့က အညီအမျှ ခွဲဝေကြသည်။ ကျွန်မသည် ထမင်းစားကောင်းချိန်ရှိသလို စားမကောင်းချိန် ရှိသည် ။ ထမင်းစားကောင်းသည့်အခါ ကျွန်မမှာ ထိုဟင်းနှစ်တုံးနှင့်မလောက်၍ အရသာကို ပါးစပ်နှင့်စုပ်ရုံသာ ယူ၍ ထမင်းတစ်လုတ်စားကာ ထမင်းဝသည်အထိ ချွေတာရသည် ။

နောက်တော့ ထမင်းစားရတာ မမြိန်တော့ပေ။ တစ်ခါတစ်လေ ကျွန်မက ဗိုက်ဆာလို့ အရင်စားမယ်ဟု ပြောလျှင် အသားဟင်းခွက်ကို ဖွက်ထားသည်။ ကျွန်မသည် ငပိရည် လေးကို ထမင်းဖြူတုံးပေါ်စမ်းရင်း စမ်းရင်း ထမင်းကုန်ရသည်။ အသားဟင်းခွက်ကို သူတို့ထမင်းစားမှ ဖွက်ထားရာနေရာက ထုတ်စားသည်။ ကျွန်မသည် ကျွန်မအပေါ် သဒ္ဓါစိတ်မရှိသော မိသားစုမှာမှ လာနေရသည် ဟု တွေးကာ ဝမ်းနည်းမျက်ရည်ကျမိသည်။ တစ်နေ့ တင်သန်းမရှိတုန်း ထွေးထွေးသည် ကျွန်မတို့ အိမ်ခန်းထဲက ကျွန်မသေတ္တာထဲမှာ ထည့်ထားသော ကျွန်မစုထားသည့် ငွေ ၅၀၀ ကို ခိုးလေသည်။ ကျွန်မသည် ထိုငွေ ၅၀၀ ကို အိမ်မှာအားတုန်း ကွမ်းသီးယူညှပ်ရင်း အချိန်ယူကာစုထားရတာဖြစ်သည်။ ထိုအချိန်က ငွေ ၅၀၀ သည် အတော်အသုံးဝင်ပြီး ထို ငွေ ၅၀၀ ရဖို့ ကျွန်မမှာ ခြစ်ခြစ်ကုတ်ကုတ် စုထားရတာ ဖြစ်သည်။ ထွေးထွေးသည် ငွေ ၅(၀၀ ကို လက်ထဲက ဆုပ်ပြီး အခန်းထဲက ထွက်လာတုန်း ကျွန်မ အဝတ်လှန်းပြီး တက်လာတာနှင့် တည့်တည့်တိုးသည်။ ထွေးထွေးသည် သူခိုးလူမိသလို မလုံမလဲ ဖြစ်သွားသည် ။

ကျွန်မသည် ထွေးထွေး အင်္ကျီ ခိုးဝတ်ဖို့လာတာပဲ ဟု ထင်လိုက်၍ ဘာမှမပြောပါ။ အင်္ကျီ ခိုးယူမဝတ်ဖို့လည်း အရီးသန်းဝင်းပြောတာသာ ရှိတာ ထွေးထွေးက နားထောင်တာ မဟုတ် ။ ထို့ကြောင့် ကျွန်မလည်းပြောမနေတော့ဘဲ သည်းသာခံလိုက်ရသည်။ ကျွန်မသည် သေတ္တာဖွင့်တိုင်း သေတ္တာအောက်ဆုံးမှာ ခင်းထားသော စက္ကူအောက်က ငွေ၅၀၀ ကို အမြဲလက်နှင့် စမ်းကြည့်သည်။ ထိုနေ့ညနေက ရေချိုးပြီးတော့ အဝတ်အစားယူတုန်း ထုံးစံအတိုင်းစမ်းကြည့်တော့ မရှိတာ သိသည့်အခါ ရင်ထဲလှပ်ခနဲ ဖြစ်သွားသည်။ ချက်ချင်း နေ့လည်က ထွေးထွေး မျက်နှာကို မြင်ယောင်သွားပြီး ကျွန်မဝုန်းခနဲ ထကာ ထွေးထွေးကို ရှာသည်။ ထွေးထွေးသည် အိမ်မှာမရှိ ။ ကျွန်မသည် စိတ်ထဲ တနုတ်နုတ်ဖြစ် ရင်းက ထွေးထွေးပြန်လာမည့်အချိန်ထိ စောင့်နေခဲ့သည်။ အတော်လေးမှောင်ရီပျိုးမှ ထွေးထွေး ပြန်ရောက်လာသည်။ လက်ထဲမှာ အဝတ်အစားအသစ် ၊ ဖိနပ်အသစ် တွေ ဝယ်လာသည် ။

” ရော့ အမေ ဒါက အမေဝတ်ဖို့ ဒါက သမီးဝတ်ဖို့ ” ဟု ဆိုကာ အရီးသန်းဝင်း‌နှင့် ဝေခြမ်းရေးလုပ်နေသည်။ ကျွန်မသည် အံ့ဩစွာနှင့် သူတို့အနားသွားရပ်ကာ … ” ထွေးထွေး နင် ငါ့ပိုက်ဆံ ၅၀၀ ယူပြီး ဒါတွေ ဝယ်လာတာ မလား ” ထွေးထွေးသည် အရူးဟန်ဆောင်ကာ ကျွန်မကို မခု တ်တတ်သော ကြောင်လို ကြည့်သည် ။ ” ဘာတွေ ပြောနေတာလဲ နင့် ပိုက်ဆံ ငါက ဘာလို့ယူရမှာလဲ ” ” နင် ‌ပြောင်မလိမ်နဲ့ ‌ေထွးထွေး ဒါဆို ဒါတွေ ဝယ်တာ ဘယ်ပိုက်ဆံနဲ့ဝယ်တာလဲ နင့်မှာ ဘာ‌ဝင်ငွေရှိလို့လဲ … ” ထွေးထွေးက မသိချင်ယောင်ဆောင်နေသည်။ ကျွန်မသည် စိတ်တိုကာ ‌ေထွးထွေးဝယ်လာတာတွေကို ဆွဲယူလိုက်သည် ။ ” နင်ဘယ်ဆိုင်က ဝယ်လာတာလဲ ငါပြန်သွားပေးပြီး ငါ့ပိုက်ဆံပြန်တောင်းမယ် ” ‌ေထွးထွေးသည် ကျွန်မလက်ထဲက အဝတ်တွေကို အတင်းပြန်ဆွဲယူကာ ကျွန်မကို ဆောင့်တွန်းသည်။ ” ဘာလို့ပြန်ပေးရမှာလဲ ငါနဲ့ အမေ မင်္ဂလာဆောင်သွားဖို့ ဝယ်လာတာ ” ကျွန်မသည် သီတင်းကျွတ်ကျ အဖေနှင့်အမေကို ကန်တော့်ဖို့ ‌ထို ငွေ ၅၀၀ ကို စုထားခြင်းဖြစ်သည် ။

ဘာမဟုတ်သည့်မင်္ဂလာဆောင်သွားဖို့အတွက် ကျွန်မစုထားသောငွေကို သူကယူသုံးပစ်လိုက်သည်။ ကျွန်မသည် လုံးဝစိတ်မဖြေနိုင်ပေ။ ကျွန်မသည် ‌ေထွးထွေးလက်တွေကို ဆောင့်ဆွဲကာ … ” နင်တို့မင်္ဂလာဆောင်သွားဖို့ ဝယ်ပစ်ရအောင် နင့်ပိုက်ဆံ မလို့လား ဟမ် ” ထွေးထွေးသည် ကျွန်မ ဆံပင်မွှေးကို ဆောင့်ဆွဲသည်။ ကျွန်မသည် ဒေါသဖြစ်၍ သူတောင်ဆွဲသေးတာ ငါလည်း ဘာလို့ပြန်မဆွဲနိုင်ရမှာလဲဆိုပြီး ထွေး‌ေထွးဆံပင်တွေကို လက်နှစ်ဖက်နှင့် ဆုပ်ဆွဲထားရင်း ရန်ဖြစ်လိုက်သည်။ အရီးသန်းဝင်းသည် ဆွဲမယ် ပြုမယ် မရှိဘဲ အိမ်အောက်ကနေ ထင်းစကို သွားကောက်ကာ ကျွန်မခါးကို ရို က် သည် ။ ကျွန်မသည် လွန်စွာ အံ့ဩရရင်း စိတ်လည်း တိုကာ အရီးသန်းဝင်းကို ခြေထောက်နှင့်ကန်ပစ်လိုက်မိသည်။

ထိုအချိန် တင်သန်းပြန်ရောက်လာပြီး သူ့အမေလက်ထဲက ထင်းစကို အတင်းဆွဲယူကာ လွှတ်ပစ်လိုက်သည်။ ” နင့်မိန်းမ နင့်မိန်းမ ငါ့ကို ခြေထောက်နဲ့ကန်တယ် တင်သန်း လူကြီးကို လူကြီးမှန်းမသိဘူး ‌ေ သနာမ … ” ကျွန်မသည် အရီးသန်းဝင်းကို စူးစူးရဲရဲကြည့်ပြီးမှ တင်းသန်းကိုကြည့်ကာ … ” လူကြီးဖြစ်ပြီး ကလေးတွေရန်ဖြစ်တာ တားမယ်မရှိဘူး သူ့သမီးဘက်က ဝင်လု ပ်တယ် အဲ့တာ လူကြီးလား သူ့သမီးက ငါ့ပိုက်ဆံလည်း ခိုးသုံးသေးတယ် ” ကျွန်မသည် သည်းမခံနိုင်တော့တာကြောင့် အဒေါ်အိမ်ကို ဆင်းသွားသည့်အခါ အရီးသန်းဝင်းက … ” ငါ့အိမ်ပေါ် ပြန်တက်မလာနဲ့နော် ” ဟု ပြောသည် ။ ထိုအခါ ကျွန်မကလည်း တင်သန်းကို မှာခဲ့သည်။ ” နင်လည်း ငါ့နောက်ကို လိုက်မလာနဲ့နော် နင့်အမေနဲ့ နင့်ညီမဆီက ငါ့ငွေ ၅၀၀ ပြန်မရရင် နင်နဲ့ ပြန်မပေါင်းဘူး ” ကျွန်မသည် အဒေါ်အိမ်မှာ ငိုယိုရင်ဖွင့်မိတော့ အဒေါ်က … ” ခင်ဆွေရယ် နင့်မိဘအိမ်ပဲ ပြန်ပါလား နင့်အဖေက နင့်ကို ‌ေ သအောင်တော့ မရို က်ပါဘူး ” ကျွန်မသိသည် ။ အဖေသည် ‌ေ သအောင်ရို က်သည်ဟု တင်စားပြောရလောက်အောင် နာကျင်သည်အထိ ရို က်ပေမဲ့ ကျွန်မ တကယ်‌ေ သ‌ေအာင်တော့ မရို က်ပါ။ ကျွန်မသည် အဖေ့ဆီ ပြန်သွားသည်။ အဖေ ရို က်တာကိုလည်း ခံသည်။ အဖေသည် ရို က်ပြီးတော့လည်း ကျွန်မကို ပြန်ခေါ်ထားသည်။ အနည်းဆုံးတော့ ကျွန်မ ယောက္ခမအိမ်မှာထက် စိတ်ချမ်းသာရသည်။

မကြာပါ ။ နောက် တစ်ရက်ကျတော့ တင်သန်း လာခေါ်သည် ။ ထွေးထွေးဝယ်လာတာတွေကို ဆိုင်ပြန်ပေးပြီး ငွေ ၅၀၀ လည်းယူလာသည်။ ကျွန်မသည် ပြန်လိုက်ဖို့ စိတ်ကူးမရှိ ။ မိဘအိမ်မှာ မသဒ္ဓါရေစာလည်းမစားရ ။ ဝဝလင်လင် စားရသည်။ စိတ်လည်းချမ်းသာသည်။ တင်သန်း ဘယ်လို ခေါ်ခေါ် ကျွန်မ ပြန်မလိုက်တော့ အဖေက … ” တင်သန်း မင်း တကယ် ခင်ဆွေကို မပြ တ်နိုင်ရင် ဒီမှာလာနေ ငါမင်းတို့အတွက် ခြံထဲမှာ အိမ်ဆောက်ပေးမယ် ” ဟု ပြောလိုက်သည်။ တင်သန်းသည် ကျွန်မနှင့် မပြ တ်နိုင်ဘူး ဟု ဆိုကာ သူ့မိဘဆီ မပြန်တော့ဘဲ ကျွန်မဘက်မှာ လိုက်နေသည်။ အဖေဆုံးတော့ အဖေ့လယ်တွေ မြေတွေကို ကျွန်မတို့လင်မယား ဆက်လုပ်ကိုင်ရင်း စီးပွားရေးပြေလည်ခဲ့သည်။ အဖေဆုံးပြီး မကြာဘဲ အမေဆုံးပြန်တော့ လယ်တွေ နွားတွေကို ရောင်း ပြီး ကျွန်မတို့ မြို့ကို ပြောင်းသည်။ မြို့မှာ ကျွန်မက အထည်ဆိုင်ဖွင့်ပြီး တင်သန်းကို လိုက်ထရပ်ကားလေး ဝယ်ပေးကာ ကား‌ဆွဲစေသည်။ ကျွန်မတို့ ကလေး သုံးယောက်ရသည်။ တင်သန်းသည် ကလေးသုံးယောက် ရပြီးသည့်နောက်မှာ အရက်လည်းသောက်သည်။ လောင်းကစားလည်း လုပ်သည် ။ ကားနှင့် သုံးလေးရက်လောက် ထွက်သွားပြီး ပြန်လာသည့်အခါ ပိုက်ဆံ တစ်ပြားမှပါမလာပေ။ ကျွန်မသည် အိမ်စရိတ် ကလေးတွေ ကျောင်းစရိတ်နှင့် မနာမကျန်းရေးအတွက် ကျွန်မ ဘာသာ ဖြေရှင်းရသည်။

လောင်းကစားတွေ လုပ်ပြီး ကားပြု တ်တော့ ကျွန်မ ငိုမိခဲ့သည် ။ထိုကားဟာ အဖေသိပ်ချစ်သော နွားတွေကို ရောင်းပြီး ဝယ်ပေးထားတာမို့ ကျွန်မ ရင်ထဲ ဖြေသိမ့်ရခက်ခဲ့သည်။ သို့ပေမဲ့ ဆိုးသွမ်းသည့်ယောက်ျား အနည်းဆုံးတော့ အိမ်ထောင်ရေးမဖော က်ပြန်ပါဘူး လေ ဟု ကျွန်မ စိတ်ကိုဖြေကာ သည်းခံခဲ့သည်။ ” ငါတို့က ငယ်ချစ်တွေပဲလေ ခုချိန် ကွဲကြကွာကြရင်လည်း ကလေးတွေ မျက်နှာငယ်ရလိမ့်မယ် ” ဟု တင်သန်းဆိုးသွမ်းသမျှ သည်းခံပေးခဲ့သည် ။ နောက်တော့ ဆိုင်ကယ်ခေတ်မှာ ဆိုင်ကယ်ဝယ်ပေးပါဟု တင်သန်းကပြောသည်။ ကယ်ရီသမားတွေ ဝင်ငွေကောင်းသည်ဟု သူပဲ ဆိုသည်။ ကလေးသုံးယောက်လုံး အထက်တန်းတက်နေကြပြီ ဖြစ်သည်။ ကျွန်မသည် တင်သန်းပြောသည့်အတိုင်း ဝယ်ပေးလိုက်သည်။ နောက်တော့လည်း ဆိုင်ကယ် ပြု တ်ပြန်သည်။ ဘော်လုံးပွဲ လောင်းတာ အကြွေးတင်၍ ဆိုင်ကယ်ထိုးပေးခဲ့သည်ဟု ဆိုသည် ။ ဆိုင်ကယ်တစ်စီးဖိုးစာလောက် တင်နေတာလားဟု ကျွန်မအံ့အားသင့်ခဲ့ရသည်။ အငယ်ဆုံးမလေးက … ” အဖေသာ အစကတည်းက လိမ္မာခဲ့ရင် သမီးတို့ ချမ်းသာနေလောက်ပြီ ” ဟု ပြောလေသည်။ ထိုအခါကျ တင်သန်းနာသည် ။ သူသည် နာသာနာတတ်ပြီး စိတ်ဓာတ်ကျ မပြင်တတ်ပေ။

ကျွန်မသည် သူ့ကို အိမ်ထောင်ရေးမဖောက်ပြန်သော တစ်ချက်နှင့် အရာရာ သည်းခံပေးထားခဲ့သည်။ နောက်တော့ တင်သန်းသည် ဖုန်းခေတ်မှာ အင်တာနက်ပေါ်က မိန်းမတကာနှင့် ရှုပ်သည်။ စကားတွေပြောသည် ။ စာတွေပို့သည်။ ဖုန်းတွေပြောသည်။ ထို့အပြင် အင်တာနက်ပေါ်က မိန်းမတစ်ယောက်နှင့် အပြင်မှာချိန်းကာ အတူအိပ်သည်။ ကျွန်မအသက် ၅၀ သူ့အသက် ၅၁ မှာ တင်သန်း ကျွန်မအပေါ် ဖော က်ပြန်ခဲ့သည်။ ထိုအချိန်ကလေးတွေက ဘွဲ့ရသူရ တက္ကသိုလ်တက်သူ တက်နေကြပြီ ။ တင်သန်းသည် မယားငယ်စိတ်မွှန် ၍ တဏှာစိတ်ငယ်ထိပ်ရောက်ကာ ကလေးတွေဘွဲ့ရလို့ရမှန်းပင် မသိပေ။ ကျွန်မကလည်း သားကြီးဘွဲ့ယူတော့ တင်သန်းကို မခေါ်ပါ။ ဖော က်ပြန်သည့်ယောက်ျားကို အဖေနေရာ ခေါ်သွင်းရမှာ ရှက်သည် ။ အရီးသန်းဝင်းဆုံးတော့လည်း ကျွန်မ ယပ်တောင် ၁၀၀ လုပ်ပေးခဲ့သည် ။ ကျွန်မတာဝန်ကျေပါသည်။ သားဖြစ်သူမှာတော့ အမေအတွက် ဘာမှပင်မလုပ်ပေးနိုင်။လက်ရှိလုပ်နေသော ပန်းရံဆရာ အလုပ်ကရသမျှကိုလည်း မယားငယ်သာ ဖို့နေတာကြောင့် လုံးပါးပါးနေလေသည်။ သမီးလတ်ကမေးသည်။ ” အမေက အဖေဖော က်ပြန်နေတာ သိရက်နဲ့ ကွာမရှင်းဘူး အဖေနောက်မိန်းမယူလို့မရအောင် ကွာရှင်းမပေးတာမလား အမှန်တော့ အမေအတ္တကြီးသား ” တဲ့။

သမီးလတ်က သူ့အဖေကိုအတော်ချစ်သည်။ တင်သန်းကလည်း သားသမီး သုံးယောက်ထဲ သမီးအလတ်ကို အချစ်ဆုံး အပိုဆုံးဖြစ်သည်။ သမီးလတ်က သူ့အဖေ နောက်မိန်းမယူမှာကို မကြိုက်ပေမဲ့ ကျွန်မကွာရှင်းမပေးတာကို သူ့အဖေ ရန်လုပ်တာ မကြိုက်သည်မို့ ပြောခြင်းဖြစ်သည်။ သားကြီးကတော့ အကြီးပီပီ … ” အဖေ့ကို တရားစွဲပြီး ထောင်ချပါလား ” ဟု ပြောသည်။ ” သားကြီး က သူထောင်ကျမှာ ကြည့်ရက်လို့လား ” ဆိုတော့လည်း သားကြီးမဖြေနိုင်ပါ။ ကျွန်မက ပြုံးသာပြုံးလိုက်မိသည်။ ” အမေကလေ ငွေရှိရင် အဲ့ငွေကို သားသမီးအတွက်ပဲ သုံးလိုက်မယ် … အရေးမပါတာတွေအတွက် မဖြု န်းချင်ဘူး အကုသိုလ်လည်းရတယ် အပူလည်းရတယ် အမေ မပူလောင်ချင်ဘူး ” ထိုအခါ အငယ်မလေးက … ” အမေခုရော အေးချမ်းရလို့လား ” တဲ့ ။

” အဖေဖော က်ပြန်နေတာကို အမေသိသိရက် ကြည့်နေရတော့ အမေပူလောင်တာပဲလေ အဖေ့ကို ဒဲ့ကြီး ရန်မတွေ့ပေမဲ့ အမေ ရွဲ့တာ စောင်းတာ သမီး တို့ သိနေတာပဲ အမေလည်း အဖေ ဖော က်ပြန်တာ မကြိုက်ဘူးမလား ” တဲ့။ ယောက်‌ျားဖော က်ပြန်တာ ကြိုက်သည့်မိန်းမ ရှိပါ့မလား ။ မတတ်သာလို့သာ လွှတ်ထားရတာ မလား။ ကွာရှင်းမပေးတာဟာ မယားငယ်ကို နေရာမပေးချင်လို့ ။ မယားငယ်အဖြစ် အမြဲ သိမ်ငယ်နေအောင်လို့ ။ မယားငယ်ကို မရှုံးချင်လို့ ။ ငါက တင်သန်းရဲ့မယားကြီးပဲ ဟု မယားငယ်တွေ ကို အပိုင်ပြောလို့ရသည် ။ အဲ့ဒီ့ မယားငယ်တွေ ဘာတတ်နိုင်မှာလဲ ။ တင်သန်းကို ချစ်လွန်းအားကြီးလို့တော့ မဟုတ်ပေမဲ့ လွှတ်မပေးချင်သည့် အတ္တတော့ ရှိပါသည် ။ ထိုအခါ သားကြီးကပြောသည်။ ” သားတော့ အသက်ကြီးမှ ယူမယ် ငယ်ကချစ်လည်း နှစ်၁၀၀ မတိုင်တော့ဘူး ” တဲ့ ။ ကျွန်မ သားကြီး၏ စကားကို ပြုံးသာ ပြုံးလိုက်မိပါသည်။

ပြီးပါပြီ ။ #JoJo

Leave a Reply

Your email address will not be published. Required fields are marked *