ရေအေးတစ်ခွက်(စ/ဆုံး)

ရေအေးတစ်ခွက်(စ/ဆုံး)

နွေရာသီရောက်ပြီဆိုပါလျှင်ရပ်ကွက်ထဲ တွင်ကြားနေသောအသံများထဲက အောက်ပါအော်သံတစ်မျိုးအားနေ့စဉ်လိုလိုကြားရတတ်သည်။မဆန်းသော်လည်း မရိုးခဲ့ပါ။အော်ဆင်ခြေပုံးရပ်ကွက်ဆို တော့လည်း။ ဝါးလုံး…ဝါးလုံး။ ဝါးလုံး…ဝါးလုံး …. ဝါးလုံး…ဝါးလုံး…ဝါးလုံး သုံးလေးခွန်းဆက်ပြီးအော်သွားပါသည်။ လူနှစ်ယောက်၊သုံးယောက်၊အလှည့်ကျ အော်သွားကြပါသည်။အမှန်တော့ အဝတ်လှမ်းရန်၊ ထီးရိုးဝါးအရှည်ဆယ်လုံးမက၊ထမ်းပြီး ရောင်းနေကြသည်။ တစ်ယောက်ထည်းတော့မဟုတ်။နှစ်ထမ်း၊သုံးထမ်း။ တစ်ခါတရံအမျိုးသမီးများကပါ၊ဝါးများ အားရွက်လျက်ပါလာတတ်သေးသည်။ ဝယ်ယူသူမတွေ့မချင်းအိမ်ရှေ့တွင် အခေါက်ခေါက်အခါခါဖြတ်လျှောက်ပြီး အော်ပြီးရောင်းနေကြသည်။

https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

ထိုအခါ သည်မျှဝေးသောခရီးအား၊ အလေးအပင်ကြီးသယ်ယူပြီးရောင်းချ နေသောဝါးသည်များအားကြည့်ပြီး၊ ဦးသာလိ နှုတ်မှအသံထွက်ပြီးရွတ်နေကျ စကားကေတာ့၊ အတော် မိုက်တဲ့လူတွေဘဲ၊ စရိတ်တောင်ကျေနိုင်ပါမလားမသိဖူး၊ အဝေးကြီးသယ်လာရတာ၊ပင်ပန်းလှပါတယ်။ ဟူ၍မြည်တမ်းမိသည်။ ကိုယ့်ကိစ္စမဟုတ်သော၊သူတပါးအလုပ် အားဝင်ခါစဉ်းစားပြီး ပင်ပန်းနေမိသည်။ အော်…မိုင်ပေါင်းမြောက်များစွာဝေး သောဒေသသို့အစာရှာရန်ရောက်လာသောငှက်တွေလိုပါလား။ ဟုတ်ပါရဲ့၊တညင်မြို့က သယ်လာပြီး ရန်ကုန်မြို့သို့ထမ်းပြီးရောင်းနေသောဝါး၊ဝါးတစ်လုံးစီတန်ဖိုးကလည်းဈေးမများလှ။ တန်ဖိုးနည်းသောဝါးအားထမ်းပြီးရောင်းနေကြတော့၊ပင်ပန်းသလောက်ပါးစပ် ပေါက်မပြည့်နိုင်ပါကလား။အမြတ်ငွေဘယ်လောက်ရမှာလဲ။ တွေးမိ၏။စိတ်ထဲတွင်ဘဝင်မကျလှပါ။ ဟော…လာပြန်ပြီဗျာ..တစ်ဖွဲ့ ။ သင်ဖြူးဖျာတွေ၊အလိပ်လိုက်ရွက်လို့။

ပန်းတနော်ကလာပါသတဲ့။ဟိုတုံးကဆို၊ ရေတစ်တန်၊ကုန်းတစ်တန်။သယ်ပြီး လာရသည်။ မနီးပါလားဗျာ။ချွေးသန် တစ်ရှွဲရှွဲဖြင့် တစ်မြို့လုံးပတ်ပြီးလျှောက်ရောင်းနေ ကြရသည်။ ထမင်းဝဖို့ဆိုရင်တော့မသိပါဖူး။ ချမ်းသာဖို့ဆိုရင်တော့၊ဦးသာလိဆိုရင် သည်အလုပ်တော့မလုပ်စေချင်ဖူးဗျာ။ ခေတ်မှီအိပ်ယာခင်းတွေပေါတဲ့ခေတ်မှာ သင်ဖြူးဖျာ ဝယ်သူရှိပါမလား။ ဒါကဦးသာလိအထင်။ လမ်းထိပ်ကအသက်ခွန်နှစ်ဆယ်ကျော်၊ အပျိုကြီးညီအမက၊သင်ဖြူးဖျာကို၊ ဈေးဆစ်ပြီးဝယ်နေသဗျ…အံပါရဲ.။ သူတို့ကတော့ သင်ဖြူးဖျာမှသင်ဖြူးဖျာ ပါတဲ့ဗ်ာ။ အမြတ်ငွေအထိုက်အလျှောက်ရနိုင်သော်လည်း၊ဖျာတစ်ချပ်ရောင်းနိုင်ဖို့အူထွက် အောင် အော်ပြီးရောင်းနေရသည်။ ပေါ့ပေါ့ပါးပါးအခြားကုန်တွေရောင်းကြပါလားဗျာ။

တစ်ခါသစ်သားဘီဒိုကြီးများအား၊ ထမ်းပြီးရောင်းချနေသူတွေက၊ ပိုပြီးဆိုးမှာပေါ့။ငွေကြေးပိုက်ဆံရှာမှရှား တဲ့ခေတ်၊တစ်ဆောင်တစ်ယောင် ဘီဒိုထဲထည့်ပြီးအဝတ်အစားတွေဝယ်သိမ်းတဲ့အထိ၊ ဘယ်သူတွေကများအဝတ်တွေဝယ်လို့ထားမှာလဲ။ မြို့တော်ကြီးတစ်မြို့ဆိုပြီး၊ခေတ်အခါကမကောင်းတော့ရွာပြန်ရောက်နေသ လားထင်ရတယ်။အဝတ်အဟောင်း အနွမ်းတွေသာဝတ်ပြီးဖြစ်သလိုနေနေ ကြရတယ်။အော်…မလှချင်သူဘယ်သူရှိပါ့မလဲ…လေ။ မပြောချင်သော်လည်း၊မြင်ဖူးခဲ့တယ် ဆိုတော့ပြောရပေအုံးမယ်၊ မောင်သာလိရောက်ဖူးတဲ့၊ တရုတ်၊ထိုင်း၊ဂျပန်နိုင်ငံများမှာတော့၊ ဝတ်စားဆင်ယဉ်မှုက၊အားလုံးသေသပ် လှပပါပေတယ်။အော်…သူတို့ကတော့ သူတို့ပါဘဲ…လေ။ အေးပေါ့လေ…ရာသီဥတုကလည်း ပူလွန်းတယ်မဟုတ်လား။ဟောင်း ဟောင်းနွမ်းနွမ်းပါးပါးလျှားလျှား တွေဝတ်ကြမှာပေါ့။သည်လိုမှအေးမယ်ထင်ပါတယ်။ သည်လိုဘဲဖြေသိမ့်ရပါပေတယ်။ အော…ဘီဒိုထမ်းပြီးရောင်းတဲ့သူကို၊ မေးတဲ့လူတော့ရှိသဗျ၊ ဈေးဆစ်တဲ့လူလည်းရှိသဗျ…မတန္တစ္ဆ..ဈေးလျှော့ပြီးဈေးဆစ်နေပြန်ပြီ။ တကယ်လဲမဝယ်ကြဘဲနဲ့။ အရင်းတောင်မပေးဘဲ၊ဘယ်လိုရောင်း မလဲ။ ဘီဒိုကြီးထမ်းပြီး၊တစ်မြို့လုံးပတ်၊ အိမ်ပြန်ရောက်တော့၊မိန်းမကငရုတ်သီး ထောင်းတဲ့ကျည်ပွေ့နှင်အထုခံရတာ၊ သည်လိုလူမျိုးဖြစ်မှာပါဘဲ။ အလုပ်ရှားတော့လည်းရှိတဲ့အလုပ်ရှာရှာ ဖွေဖွေလုပ်ရတာပေါ့လေ။

ဟော…လာပါပြီဗျာ၊ အိုးမှုတ်စိန်တို့၊ညီဝင်းစိန်တို့၊ စိမ့်အိုး၊သဲအိုး၊သောက်ရေအိုးတွေ ရောင်းပါသတဲ့ဗျာ၊ ထမ်းပြီးသယ်လာကြတာ၊အိုးကြီးအိုး ငယ်အထပ်ထပ်ဆင့်လို့၊တစ်ပုံတစ်ပင်ကြီး။ နှစ်ထမ်း၊သုံးထမ်း၊လေးလိုက်ထာ၊ခါး တွေပါကိုင်းညွှတ်လို့။ ကြည့်မိသူတောင် ခါးနာချင်သလို ဖြစ်လာပါသည်။ တစ်လမ်းဝင်တစ်လမ်းထွက်၊တစ်ရပ်ကွက်ပြီးတစ်ရပ်ကွက်၊တစ်မြို့လုံးလျှောက်လို့။ တွံတေးကလာရသတဲ့၊မနီးပါကလား။ အိုးရောင်းနေတဲ့သူတွေကိုအားမနာတမ်း ပြောလိုက်ချင်ပါသည်။ ဟေ့… တိုကေတာ့…တို့ကတော့… မြို့ပြမှာနေနေရတဲ့ဒို့အချေ။ ဝင်ဒါမီယာအသာထား၊အင်းယားကန် နားနီးတဲ့အရပ်တွေ။ #ရေခဲရေသောက်မလား၊ ရေခဲသေတ္တာထဲမှာအပြည့်၊ အအေးမျိုးစုံရှိတယ်၊ #အဲယားကွန်း နဲ့ပန်ကာ၊ဘာလိုသလဲဗျာ။ သည်ခေတ်ကြီးမှာ၊ မင်းတို့ရဲ့စိမ့်အိုး၊ဘာစိမ့်အိုးလဲ။ မင်းတို့ဘဲအလေးခံပြီး၊တကြော်ကြော် အော်ပြီးရောင်းနေကြတယ်၊ သွားစမ်းပါ၊နားထားလိုက်။

တို့ကတော့ပြည့်စုံပါပေတယ်။ ဦးသာလိအဲသည်လိုဘဲပြောလိုက်ချင်ပါတယ်။ ဦးသာလိကသာသည်လိုပြောပေမဲ့၊ မက္ဒမ္သာလိကေတာ့၊ ဈေးရောင်းတဲ့သူတွေကိုသနားလို့တဲ့၊ မကြာမကြာဝယ်ထားတဲ့၊အိုးတွေ၊ဝါးတွေ၊အိမ်နားမှာပုံလို့ဗျာ။ သူဘဲအလုပ်မရှိအလုပ်ရှာ။ ဒါပေမဲ့…မနေ့ညကအိုက်လွန်းလို့၊ရပ်တောင်လေးခတ်ပြီးဦးသာလိအိပ်ယာထဲဝင်လို့အိပ်မပျော်၊ မနက်လင်းခါနီးမှ၊အကျၤ ီဗလာနဲ့အိပ်ပြီး အိပ်လို့ပျော်သွားခဲ့တယ်၊ကံကောင်းပါ တယ်၊လေကလေးတဖြူးဖြူးတိုက်လာလို့။ အိပ်မက်မက်နေတာက၊ငယ်ငယ်တုံးက အကြောင်း။ မဆလခေတ်ဦး အလယ်တန်းကျောင်းသားဘဝ၊ မြေနီလမ်းပေါ်သုံးမိုင်လောက်လမ်း လျှောက်ပြီးကျောင်းတက်ခဲ့ရတယ်။ အဲသည်ခေတ်က၊အစစအရာရာ ရှားပါးလေတော့၊ထမင်းဗူးလေးတစ်ခု၊ ရေဗူးလေးတစ်ဗူးတောင်ပိုင်ဆိုင်ဖို့မလွယ်ဖူး။ယနေ့ခေတ်လိုပလပ်စတစ်နှင့် လုပ်တဲ့ပစ္စည်းတွေကလည်းမပေါ်သေး။ အဲသည်ခေတ်က၊မောင်သာလိလည်း၊ သူငယ်ချင်းများဖြစ်တဲ့၊မောင်စီ၊လှထွန်းလေး၊ဂွတိုတို့၊အေးဗုံတို့၊စာဥတို့အဖော်ပြုပြီး၊ကျောင်းသွားခဲ့ရတယ်။ကျောင်းသွားကျောင်းပြန်၊ရေဆာတာပေါ့။ မြေနီလမ်းနဘေးမှာ၊ရေးတွင် အိုကြီးတစ်တွင်းရှိခဲ့တယ်။ဘေးနားမှာ သရက်ပင်ကြီးနှစ်ပင်က၊အုပ်အုပ်ဆိုင်း ဆိုင်း။

နို့ဆီဗူးခွက်ဟောင်းလေးအား၊ လျှော်ကြိုးတတ်ပြီး၊တွင်းကြီးထဲက၊ ရေကိုခပ်ပြီးသောက်ခဲ့ရတာ၊အေးမှအေးပါဘဲ။အရိပ်ကောင်းဆိုတော့၊ပူနေတဲ့ရင်ထဲစိမ့်လို့သွားခဲ့ရပါတယ်။ယနေ့တိုင်မေ့လို့မရခဲ့ပါဖူးဗျာ။ မရောက်သည်မှာကြာပြီဖြစ်လို့၊မြေနီလမ်းနဘေးက၊ရေတွင်းဟောင်းကြီးလည်း၊ ရှိမှရှိသေးရဲ့လား၊မသိတော့ပါ။ အိပ်လို့ကောင်းတိုင်း၊အိမ်မက်တွေက၊ ခွန်နှစ်စဉ်အမြှင်တန်းအောင်မက်လို့ နေပြန်တယ်။ မောင်သာလိတို့ရွာက၊မကြီးလှသော်လည်း၊အိမ်ဝိုင်းကြီးများကကျယ်ပါပေတယ်။ ရွာရိုးတစ်လျှောက်သရက်ပင်ကြီးများ၊ ကုက္ကိုပင်ကြီးများ၊မကျည်းပင်ကြီးများ အုပ်အုပ်ဆိုင်းဆိုင်းရှိကြပါပေတယ်။ သည်အပင်ကြီးများအောက်တွင်၊စင်က လေးများဆောက်လို့၊သောက်ရေအိုးစင် ကလေးများ၊တန်းစီလို့နေပါတယ်။ ပူလို်က်စမ်းဟ…နေ၊၊ ပူချင်သလောက်ပူပါ စေ။ သဲအိုများထဲမှ။စိမ့်ရေအား သောက်မိရင်တော့၊အေးမြ ကြည် လင် လန်းဆန်းလို့သွားပါတယ်။ ကောင်းလိုက်တဲ့၊ ဘော်လီဘောဝိုင်း၊ကုက္ကိုပင်များဝိုင်း အုံးနေတဲ့အရိပ်မှာ၊လူငယ်တွေစည်မှ စည်ပါဘဲဗျာ။ ကစားနေလိုက်ကြတာ။

နေပူဒဏ်ကိုမမှု၊ချွေးတလုံးလုံးဖြင့်။ မောလာတော့၊သောက်လိုက်ကြတဲ့ ရေတွေ။အိုးကပ်တောင်မကျန်အောင်ပါဘဲ။သည်လောက်များတဲ့ရေအိုးတွေကိုကုန်စင်အောင်သောက်ပစ်လိုက်ကြတယ်။ မောင်သာလိတို့သောက်ရေငတ်ကြပါပြီ။ အလိုက်သိတဲ့သူငယ်ချင်း “အေးဘုံမ.” ရေတစ်အိုးရွက်လို့လာပါကလား။ အိုးကကြီးသမို့ခေါင်းကလေးလှုပ်တုတ်လှုပ်တုတ်ဖြင့်၊ ခေါင်းပေါ်ကအို့ကူပြီးချပေးမဲ့သူမျှော်ရှာ နေတုံး။ သူ့ချစ်ဦးသူ “ဘိုထိန်” ကလည်းပေါ်မလာ။ ဘော်လီဘော့ဝိုင်းက၊ပုတ်လို့ကောင်းနေ ဆဲ။ စိတ်ကောက်တတ်တဲ့” အေးဘုံမ” သောက်ရေအိုးအား လွှတ်ချလိုက်လေတော့၊ ရေဆာနေတဲ့ မောင်သာလိ၊အော်မိပါပြီ၊ ရေ…ရေရေ…ရေ …။ အိပ်မက်ထဲကအသံ၊အပြင်လျှံလို့ထွက်လာပါတယ်။ အိပ်မက်ကနေလန့်ပြီးနိုးတော့၊ မနက်လင်းနေပါပြီ။မောင်သာလိ တစ်ကိုယ်လုံး၊ချွေးတွေရှွဲရှွဲစိုလို့။ အနီးကပန္ကာ လှည့်လို့ကြည့်လိုက်တော့၊သူလည်းအိပ်ပျော်လို့ကောင်းနေဆဲ။

အိပ်ပါစေလေ တစ်သက်လုံး။ ကပ်ာကသီ ရေခဲသေတ္တာ အား ဖွင့်ပြီး၊အထဲကရေပုလင်းအားဆွဲယူပြီး မော့ပြီးသောက်လိုက်တော့။ အော…ကြံကြံဖန်ဖန်ကွာ၊ ဘယ်သူများရေနွေးကျိုပြီးရေခဲသေတ္တာ ထဲလာပြီးထည့်ထားလေသလဲ။ ပူလိုက်ထာကွာ၊လျှာတောင်အဖုပေါက် လေမလား ထင်ရတယ်။ အိပ်မှုန်စုန်ပွားဖြင့်တွေးမိပါသည်။ အလိုက္သိတဲ့ မက္ဒန္သာလိက၊ အုန်းရေမှုတ်ကလေးဖြင့်၊သောက်ရေ တစ်ခွက်အားကမ်းပေးပါသည်။ ရေဆာဆာဖြင့်အရိုးလေးကကိုင်ပြီး မော့ပြီးသောက်ချလိုက် တော့…. ။ ဂွတ်…ဂွတ်…ဂွတ်… အလာ လား ရင်ထဲအေးလိုသွားပါလေရဲ့ဗျာ။ အော်…မက်ဒန်သာလိ၊အလိုက်တသိဖြင့် သောက်ရေ သဲစိမ့်အိုးလေးဝယ်ထား မိပေလို့ဗျာ။ သည်လိုမှမဟုတ်ရင်တော့၊ အမြတ်တနိုးဖြင့်ဈေးကြီးပေးပြီး၊ဝယ်ယူ ထားသော၊ရေခဲသေတ္တာထဲက သောက်ရေကိုသာမျှော်နေရမယ်ဆိုရင် တော့၊ ရေအေးအေးတစ်ခွက်ကို၊ မောင်သာလိအချိန်မှန်စွာဘယ်တော့များသောက်ရမှာပါလိမ့်။ အတွေးလွန်လို့သွားမိပါပြီ။

ဆရာမောင်သာလိ ၀၇.၀၅.၂၀၂၅

Leave a Reply

Your email address will not be published. Required fields are marked *