“ဆုံးဖြတ်ချက် “(စ/ဆုံး) ——————– အသက်၇၀ကျော်ဒေါ်ခင်မြင့်ဟာ ဆီးချိုနဲ့သွေးတိုးရောဂါရှိမှန်းသိခဲ့တာဆယ်နှစ်ခန့်ကြာပေပြီ၊သို့ပေမဲ့ သူကအိမ်ပေါ်အိမ်အောက်လှည်းကျင်း ရေဘုံပိုင်နှိပ် လုပ်နိုင်သမျှလုပ်နေဆဲ။ အားလပ်ချိန်မှာသူမဟာ အဝတ်အထည်အဟောင်းတွေကိုပြုပြင်ဖာထေးလေ့ရှိတယ်၊တနေ့နံနက်မှာတော့ စီဝိုင်စီအင်္ကျဟောင်းလေးကိုပြုပြင်မဲ့ဒေါ်ခင်မြင့်ဟာ လက်ချုပ်အပ်ကြီးကြီး အပ်နဖားပေါက်ကျယ်ကျယ်ကိုအပ်ချည်ထိုးဖို့အကြိမ်ကြိမ်ကြိုးစားနေပေမဲ့မအောင်မြင်။‘မြေးလေး ၊ကျောင်းသွားတော့မလို့လား၊စောပါသေးတယ်ကွယ်၊အဖွားကိုအပ်နဖားထိုးပေးစမ်းပါ’ ‘အမေကလဲ ကလေးကျောင်းသွားခါနီးမှလျှောက်ခိုင်းနေတယ်၊သွား သွား သမီး၊နင့်အဖွားကဘာမှသိတာမဟုတ်ဘူး၊အလုပ်မရှိအလုပ်ရှာ အစုတ်အပြဲတွေကိုအလကားချုပ်နေတာ’အဖွားနားသွားမဲ့ကလေးကို သူ့အမေကဟန့်တားလိုက်တော့ ကလေးကနောက်ပြန်လှည့်သွားတယ်၊ချွေးမကသူကိုယ်တိုင်စိမ်းရုံမျှမက မြေးကိုပါသူနှင့်ရင်းနှီးစေလိုဟန်မတူ။ပျော်စရာမကောင်းတော့တဲ့သူ့မိသားစုအခြေအနေကိုဒေါ်ခင်မြင့်သိနေခဲ့တာကြာပါပြီ၊သို့သော်သူစဥ်းစားမရ။အဟောင်းကိုချုပ်တာဘယ်သူ့ကိုမှမထိခိုက်ဘဲချွေးမကဘာလို့မကြိုက်တာလဲ၊ငါဘာလုပ်လုပ် သူမကြည်ဘူးလား၊ဒီအိမ်မှာ ငါ့ဩဇာဘာမှမရှိတော့ဘူးလား၊ကိုယ့်မြေးကိုတောက်တိုမယ်ရလေးတောင်ခိုင်းခွင့်မရှိဘူးလား….. ဒေါ်ခင်မြင့်ကအတွေးကိုဖြတ်ပြီး‘ဖိုးသေးဘယ်သွားလဲ သမီး’ဒေါ်ခင်မြင့်ဟာသမီးနှစ်ယောက် မွေးဖွားပြီးတော့ဖိုးသေးကိုမွေးခဲ့တယ်၊သားယောက်ျားလေးမို့ဝမ်းသာရပေမဲ့ ကိုယ်ဝန်ရှစ်လနဲ့မွေးခဲ့တော့ လမစေ့ပေါင်မပြည့် တကယ့်ကိုသေးသေးလေးပေါ့၊အလွန်ချူချာလို့ …
“ဆုံးဖြတ်ချက် “(စ/ဆုံး) Read More