“မရမ်းတောမှသရဲ”📖📖📖(စ/ဆုံး)

“မရမ်းတောမှသရဲ”📖📖📖(စ/ဆုံး)

ကျွန်တော်သည်အငြိမ်းစားကျောင်းဆရာတစ်ဦးဖြစ်သည်ကျွန်တော်၏မွေးရပ်ဇာတိမြေသည်ရန်ကုန်တိုင်းမှော်ဘီမြို့နယ်ဖြစ်သည်။ ကျွန်တော်၏ဇာတိရွာသည်ဟိုအရင်ကတည်းကအလွန်ပင်အေးချမ်းသာယာလှပေသည်။ ရွာဆိုပေမဲ့မှော်ဘီမြို့နှင့်တစ်ဆက်တည်းလိုလိုရှိကာမှော်ဘီမြို့ဆုံးသည်နှင့်ကျွန်တော်တို့ရွာသို့ရောက်၍ကားလမ်းမဘေးတွင်ရှိသဖြင့်လမ်းပန်းဆက်သွယ်ရေးအလွန်ကောင်း၏ မြေခံရေခံကောင်းသောဒေသဖြစ်၍ကျွန်တော်၏မိဘများသည်ခြံစိုက်ပျိူ းကြသည်။

တစ်ရွာလုံးနီးပါးလည်းဥယာဉ်ခြံစိုက်ကြသည်ကများသည်ရွာ၏နောက်ဘက်တွင်မရမ်းတောဟုခေါ်သောမရမ်းခြံကြီးများရှိသည်။ ကျွန်တော်တို့ကလေးဘဝကတော့ထိုမရမ်းတောကြီးသည်အလွန်ပျော်စရာကောင်းသောကစားကွင်းကြီးဖြစ်ကာနည်းနည်းအရွယ်ရောက်လာတော့ထိုမရမ်းတောကြီးသည်အပန်းဖြေစရာနေရာဖြစ်လေသည်။ နွေရာသီလိုပူပြင်းခြောက်သွေ့သည့်အခါများတွင်မရမ်းတောထဲဖျာစုတ်များခင်းကာစာဖတ်ကြအိပ်ကြဖြင့်ရွာထဲကလူငယ်လူရွယ်များကလေးများနှင့်အလွန်ပွဲစည်လှပေသည်လေတဖြူးဖြူးဖြင့်အလွန်နေလို့ကောင်းလှ၏ မရမ်းတောကြီးသည်ဧကများစွာကျယ်၍မရမ်းသီးပင်များစိုက်ပျိူးထားသဖြင့်မရမ်းတောဟုခေါ်ပေမဲ့တောအုပ်ကလေးတစ်ခုလိုဖြစ်နေကာအခြားအသီးအနှံပင်များလည်းများစွာရှိနေသဖြငိ့ကိုယ်ကြိုက်နှစ်သက်ရာအသီးကိုခူးစားရ၍အလွန်အဖိုးတန်သောတောကြီးပင်ဖြစ်ပေသည်။

မရမ်းတောထဲတွင်မရမ်းချိူ ပင်များလည်းရှိပေရာထိုအပင်များကိုမှတ်၍လိုက်လုကာခူးစားရသောငယ်ဘဝကိုတစ်ခါပြန်လိုချင်ပေသေးသည်ရာသီအလိုက်သီးသောသကြားသီး–ကနစိုးသီး-ပိန္နဲသီး-စသည်ဖြင့်အခြားအသီးအနှံများလည်းတစ်ပျော်တစ်ပါးစားခွင့်ရသေး၏ ကျွန်တော်တို့ရွာပတ်ဝန်းကျင်တွင်အစိုးရစိုက်ပျိူ းရေးခြံများလည်းရှိပေသည်ရေခံမြေခံကောင်း၍သဘာဝမြေသြဇာကောင်းမွန်သဖြင့်စိုက်ပျိူးးရန်နေရာကောင်းဖြစ်ကာဥယာဉ်ခြံမြေစိုက်ခင်းများစွာရှိကာအိမ်ဝိုင်းအတွင်းမှာလည်းတစ်နိုင်တစ်ပိုင်စိုက်ပျိူ းကြသေးသည်။

ကျွန်တော်ကတစ်ဦးတည်းသောသားဖြစ်သဖြင့်အပေါင်းအသင်းအလွန်မက်၏ကျွန်တော့်တွင်စိတ်တူကိုယ်တူပေါင်းသောသူငယ်ချင်းလေးယောက်ရှိကာထိုအထဲမှတစ်ယောက်သည်အထက်ဂိုဏ်းရွေရင်ကျော်ဆရာတစ်ဦး၏သားဖြစ်ကာပုတီးသမားတစ်ယောက်ဖြစ်လေသည်။ သူ၏နံမည်မှာမောင်တိုးဟုခေါ်ကာငယ်ငယ်ရွယ်ရွယ်နှင့်ဘုရားတရားလုပ်၍ပုတီးအလွန်စိတ်၏သူ၏အဖေနှင့်လည်းနယ်များရှိဘုရားများသို့လိုက်သွားတတ်ကာရက်ရှည်အဓိဌာန်ဝင်သည်ကများလှသည်။

ထိုအချိန်ကကျွန်တော်တို့၏အသက်သည်၁၅နှစ်၁၆နှစ်အရွယ်များသာဖြစ်ကြသဖြင့်မောင်တိုးဘုရားတရားလုပ်တာစောလွန်းနေသေးသည်ဟုထင်ကြ၏ အမှန်တော့ဘုရားတရားအလုပ်သည်ငယ်သည်ကြီးသည်မဟုတ်သေခြင်းတရားကအရွယ်မရွေးခေါ်တတ်သည့်သဘောကိုထိုအခါကငယ်သေး၍သိပ်လက်မခံချင်သေးသောအရွယ်ပင်ဖြစ်သည်။ တစ်ရက်တွင်ကျွန်တော်တို့အဖွဲ့လူစုံသဖြင့်စကားစုပြောနေရင်းမောင်တိုးအကြောင်းရောက်သွားကြ၏အဲဒီမှာလူငယ်များဖြစ်သောကျွန်တော်တို့အဖွဲ့ကမောင်တိုးအစွမ်းအားလက်တွေ့စမ်းသပ်ရန်စိတ်အားထက်သန်နေကြသည်။ ””ဟေ့ကောင်မောင်တိုးမင်းဒီလောက်ပုတီးတွေစိတ်နေတာဘာအစွမ်းပါဝါမှမရဘူးလားကွ”” ””အေးလေကွာလုပ်စမ်းပါအုံးမင်းမှာဘာအစွမ်းအစတွေများရှိသလဲလို့ငါတို့ကိုပြစမ်းပါအုံး”” ””မင်းငယ်ငယ်ရွယ်ရွယ်နဲ့ဒီလောက်ပုတီးစိတ်နေတာတစ်ခုခုတော့ထူးခြားမှု့ရှိရမှာပေါ့ကွ—မင်းအဖေကကောမသင်ပေးဘူးလားကွ—မင်းမှာတန်ခိုးသိဒ္ဒိအစွမ်းတွေဘာတွေရှိပြီလားကွ””’ ””’ငါတို့ယုံအောင်စိတ်ဝင်စားစရာကောင်းမဲ့ဟာလေးဘာလေးပြစမ်းပါကွာကြည့်ချင်လို့ပါ””’ ထိုသို့ကျွန်တော်တို့သူငယ်ချင်းများကမောင်တိုးအားဝိုင်း၍မခံချင်အောင်ပြောကြသည့်အခါမောင်တိုးကအတန်ငယ်စဉ်းစား၍ပြောလိုက်၏

””’ကောင်းပြီမင်းတို့မကြောက်တတ်ဘူးဆိုရင်မနက်ဖန်မင်းတို့အားလုံးကိုမရမ်းတောထဲကအလွန်နံမည်ကြီးနေတဲ့သရဲကိုခေါ်ပြီးမင်းတို့ကိုခြောက်ခိုင်းပြမယ်ငါ့အစွမ်းအဆကိုမင်းတို့သိရစေမယ်”” မောင်တိုးစကားကြောင့်ကျွန်တော်တို့အားလုံးအနည်းငယ်လန့်သွားကြပေမဲ့လက်တွေ့မှယုံမည့်လူငယ်သဘာဝအရမောင်တိုးအားစိန်ခေါ်လိုက်လေသည်။ ””စိန်လိုက်လေမောင်တိုးငါတို့ကကြောက်မဲ့ကောင်တွေထင်လို့လားကွ”” ””ကြောက်သွေးပါရင်ဖောက်ထုတ်လိုက်မယ်ဟေ့ကောင်ဘယ်အချိန်ဖောက်ဖောက်သွေးကရဲရဲတောက်နေတာကွ”” ””လုပ်လိုက်လေကြာသလားလို့–စိန်ခေါ်ရင်တိမ်ပေါ်ထိတက်မဲ့ကောင်ကွ””’ ကျွန်တော်တို့သူငယ်ချင်းများစကားကိုမောင်တိုးကပြုံးပြုံးကြီးနားထောင်နေကာ ””’အေးပါမင်းတို့ထဲကတစ်ယောက်ယောက်ထွက်ပြေးတာနဲ့မင်းတို့အရှုံးငါခိုင်းတာမင်းတို့အားလုံးလုပ်ရမယ်မင်းတို့နိုင်ရင်မင်းတို့စားချင်တာအကုန်ဝယ်ကြွေးမယ်သဘောတူကြလား”” ””တူတယ်ကွာဘယ်အချိန်စမလဲ””

””မနက်ဖန်ညနေစောင်း””’ မောင်တးိုနှင့်ကျွန်တော်တို့စိန်ခေါ်ပွဲကိုသဘောတူညီမှု့ရပြီးနောက်အားလုံးလူစုခွဲကာအသီးသီးအိမ်သိုပြန်ကြသည်။ နောက်တစ်နေ့ညနေတွင်ကျွန်တော်တို့သူငယ်ချင်းများလူစုကာမရမ်းတောထဲသို့ချီတက်သွားကြလေသည်။ ထိုအချိန်အခါကမရမ်းတောကြီးထဲကမရမ်းခြံတစ်ခြံတွင်သရဲအလွန်ခြောက်သည်ဟုနံမည်ကြီးနေသည်ကိုဒီနယ်တကျောမှာတော့အကုန်လုံးသိပြီးသားဖြစ်သည။ ်လူကြီးများပြောစကားအရတော့ခြံပိုင်ရှင်ကမရမ်းသီးများခိုးမှာစိုး၍သရဲမွေးထားသည်ဟုဆိုကြသည်။ ဘယ်သို့ဆိုစေကာမူသရဲခြောက်ကြမ်းသည်ဟုနံမည်ကြီးနေ၍ထိုမရမ်းခြံထဲသို့မရမ်းသီးသွားမခူးရဲတာကတော့အမှန်ပင်ဖြစ်သည်။ ကျွန်တော်တို့သူငယ်ချင်းများမရမ်းတောထဲလမ်းရှောက်လာရင်းဖြင့်ထိုသရဲခြောက်သည်ဆိုသောမရမ်းခြံရှေ့သို့ရောက်လာကြသည်။

ထိုအခါမောင်တိုးကကျွန်တော်တို့သူငယ်ချင်းများအားမရမ်းခြံရှေ့တွင်ခဏစောင့်ခိုင်းကာသူကမရမ်းခြံအတွင်းသို့ဝင်သွား၏ ခြံထဲရောက်တော့ပါးစပ်ကတိုးတိုးတိုးတိုးဖြင့်ဘာတွေရွတ်နေသည်မသိပတ်ဝန်းကျင်တွင်လည်းဘာမှမတွေ့ရပေအတန်ကြာမှမရမ်းခြံထဲကထွက်လာကာကျွန်တော်တို့အားပြောလိုက်သည်။ ””’ကဲအားလုံးပြန်ကြမယ်ဟေ့ခုချိန်ကစပြီးသတိဝရိယထားကြကွထွက်ပြေးတဲ့ကောင်အရှုံး”” ””မင်းဟာကထွက်ပြေးရအောင်ဘာမှလည်းမမြင်ရပါလားကွ–ဘာကိုထွက်ပြေးရမှန်းတောင်မသိဘူး”’ ‘ ကျွန်တော်တို့လည်းဘာမှမမြင်ရ၍ကြောက်စရာမလိုဟုထင်ကာအပြန်လမ်းကိုစတင်ကြလေသည်။

မရမ်းတောသည်မြေပြင်ညီညာသောနေရာရှိသလိုမညီညာသောနေရာလည်းရှိရာ-တောင်ကုန်း-ချိုင့်ခွက်-တောင်ဂမူ-စသည်ဖြင့်အဆင်းအတက်လမ်းဖြစ်၍ပကတိတောလမ်းအတိုင်းဖြစ်သည်။ လူသွားလမ်းကလည်းကျဉ်း၍တစ်ဘက်တစ်ချက်တွင်သစ်ပင်ချုံနွယ်များလည်းထူထပ်လျက်ရှိ၏ ကျွန်တော်တို့အဖွဲ့ကလူသွားလမ်းအတိုင်းတန်းစီကာရှောက်လာကြသည်။ သူငယ်ချင်းတစ်ယောက်ကရှေ့ဆုံးကရှောက်ကာကျွန်တော်ကဒုတိယမြောက်ဖြစ်၍ကျန်သူငယ်ချင်းများကနောက်ကတန်းစီရှောက်၍နောက်ဆုံးတွင်မောင်တိုးကရှောက်သည်။ အလာတုန်းကအေးဆေးဖြစ်ပေမဲ့အပြန်လမ်းမှာတော့စလျေှက်၍မှမကြာသေးလမ်းဘေးဘယ်ညာမှာရှိသောဝါးရုံပင်များသည်လေမတိုက်ပါပဲလှုပ်ရမ်းကာတရှဲရှဲမည်လာ၏ ယိမ်းထိုးလှုပ်ရှားနေသောဝါးရုံပင်များကကြမ်းတမ်းလာကာလမ်းရှောက်နေသောကျွန်တော်တို့ကိုပင်ရိုက်တော့မယောင်ဖြစ်လာ၏ ”

”’ဝေါ—ဝေါ-ဝေါ—””’ ””’ရှဲ—ရှဲ—-ရှဲ”””” ”””’ဖလပ်ဖလပ်—–ဖလပ်ဖလပ်”” ရုတ်တစ်ရက်အသံမျိူ းစုံကြားနေလာရကာပတ်ဝန်းကျင်တစ်ခုလုံးလေမှုန်တိုင်းကြီးတိုက်နေသလိုဆူညံလာသည်။ သစ်ပင်များကလူအများကိုင်လှုတ်နေသလိုလှုပ်ရှားနေသည်မှာနာနာဘဝများခြောက်လှန့်နေသလိုထင်ရ၏။ ညနေခင်းအလင်းရောင်ကလေးကလည်းတစတစအားလျှော့လာပြီဖြစ်ကာအမှောင်ဘက်ကိုကူးချင်ချင်ဖြစ်လာ၍နွားရိုင်းသွင်းချိန်ဟုခေါ်ရမည့်အချိန်ဖြစ်၏။ ဒီအချိန်မှာပဲနဘေးသို့မြေကြီးခဲကြီးကျသံလိုလိုကျောက်တုံးကြီးကျသံလိုလို”ဘုန်း”’ကနဲကျယ်လောင်သောအသံကြီးကြားလိုက်ရသဖြင့်အသဲထဲအေးကနဲဖြစ်သွားကာအားလုံးအလန့်တကြားဖြစ်သွားကြ၏

”’အုန်း””နောက်ထပ်မြေကြီးတုန်ခါသွားသလိုအသံကြီးကြားလိုက်ကြတော့ခေါင်းကြီးကြီးသွားသလိုခံစားလိုက်ရကာလှမ်းနေသောခြေလှမ်းများခပ်ယိုင်ယိုင်ဖြစ်သွားကြ၏ သို့ပေမဲ့ထွက်ပြေးရန်ဘယ်သူမှမစဉ်းစားရဲကြကိုယ့်ကြောင့်ရှုံးတယ်မဖြစ်မခံနိုင်၍ကြောက်ကြောက်နှင့်ရဲဆေးတင်ကာဆက်ရှောက်နေကြသည်။ ”” ဝှီး—-ဘုန်း—–အုန်း”” ကျွန်တော်တို့ခေါင်းပေါ်ကနေမမြင်ရသောအရာဝထ္ထုများဖြတ်ကျော်သွားနေသလိုလမ်းနဘေးတစ်ဘက်တစ်ချက်ဆီသို့ပြင်းထန်စွာပြုတ်ကျနေသံများကြောင့်ကြက်သီးများထသည်။ အထိတ်ထိတ်အလန့်လန့်ဖြင့်ကျသွားသည်ထင်ရသောနေရာသို့ကြည့်လိုက်တော့လည်းဘာမှမတွေ့ရပေမဲ့ဘယ်တော့များခေါင်းပေါ်ပြုတ်ကျလာမလဲလို့တုန်လှုတ်နေသောစိတ်ကိုမနဲထိန်းချုပ်နေရ၏ ကျွန်တော်တို့အဖြစ်ကတိုက်ပွဲကြားသို့ရောက်နေသောစစ်သားများပမာမျက်လုံးများကိုအနားမပေးရဲပေ။

မလွတ်တမ်းဘေးဘယ်ညာသို့ကြည့်ကာနေရပြီးတအုန်းအုန်းနဲ့ခဲကျသံများကလက်နတ်ကြီးများနှင့်ထုနေသလိုခေါင်းမွေးတွေထောင်သွားကာနားတွေအူ၍သွား၏ တစ်ခါဘူးမှမခံစားဖူးသောကြောက်ရွံ့စိုးရိမ်စိတ်တွေနှင့်အတူအချိန်မရွေးကျရောက်လာမည့်အန္တရယ်ကိုရင်ဆိုင်ရန်အဆင့်သင့်ပြင်ဆင်ထားရသလိုဖြစ်နေသည်။ ””’ဟင်းးးးဟင်းးးးဟင်းးးး”” ””’အုန်း—-ဘုန်း””’ ရုတ်တရက်ညီးသံကြီးလိုအသံကြီးထွက်လာပြန်ကာရိပ်ကနဲရိပ်ကနဲမျက်စိရှေ့မှအလွန်လျှင်မြန်သောပုံရိပ်များဖြတ်သန်းသွားသလိုဘေးဘယ်ညာသို့ကျောက်တုန်းကြီးများပစ်ချသံများဆက်တိုက်ထွက်ပေါ်နေရာစိတ်ကထွက်ပြေးချင်ပေမဲ့ခြေထောက်ကသံပတ်ပေးထားသလိုလှုပ်ရှားနေ၏ ကြောက်စိတ်တွေကအတားဆီးမရှိရင်ထဲတွင်လည်းအတော်တုန်လှုတ်နေသည်မှာကျွန်တော်တစ်ယောက်ထဲမဟုတ်တာသေချာသည။် ကျန်သူငယ်ချင်းများလည်းဘာသံမှမကြားရငြိမ်ကုတ်၍လမ်းသာရှောက်နေကြပေမဲ့ကတုန်ကရင်ဖြစ်နေကြပေသည်။

ရှေ့ဆုံးကသွားသောသူငယ်ချင်း၏ခြေလှမ်းများကမူမမှန်ချင်ဖြစ်နေတာရိပ်မိပေမဲ့နောက်ကကျွန်တော်ကလည်းကျော်တက်ဖို့စိတ်ကူးမရှိပေ ကိုယ့်စကားနဲ့ကိုယ်စည်းမဖောက်ရဲကြပေတော်ရုံဆိုရင်တော့ကျွန်တော်တို့အဖွဲ့ငယ်သံပါအောင်အော်ကာပြေးကြမည်ထင်ပါသည်။ ကျွန်တော်တို့အုပ်စုအခြေအနေအားနောက်ဆုံးကလိုက်လာသောမောင်တိုးကအကဲခတ်ကာလိုက်လာသည်ထင်၏ဘာစကားတစ်ခွန်းမှမပြောပေ အားလုံးတိတ်ဆိတ်နေကာရွာသို့အမြန်ပြန်ရောက်ရန်သာစိတ်ကစောနေကြပေသည်။

ကျွန်တော်တို့ပတ်ဝန်းကျင်တွင်သရဲရှိနေသည်ဆိုသောစိတ်ကအကြောက်တရားကိုပို၍အားပေးအားမြှောက်ဖြစ်စေကာမြင်မြင်သမျှသည်အကောင်းဆိုးဝါးပုံရိပ်များလားထင်ကြကုန်သည်။ ကိုယ့်အတတ်နှင့်ကိုယ်စူးဆိုသလိုပင်ဘယ်သူမှဘာမှစောဒကမတက်ရဲကြချေ မရမ်းတောထဲကထွက်ခါနီးလောက်တွင်ကျွန်တော်တို့ရှေ့၌အရိပ်မဲကြီးတစ်ခုပေါ်လာကာထိုအရိပ်မဲကြီးသည်အလွန်ကြီးမားသောအရိပ်ကြီးဖြစ်၍အမှောင်ထုကကျွန်တော်တို့အားလုံးပေါ်သို့ထိုးကြလာပြီးပတ်ဝန်းကျင်ကိုဘာမှမမြင်ရလောက်အောင်ပင်မှောင်အတိကျသွားပေတော့သည်။ ထိုအခါအလွန်သတ္တိကောင်းပါသည်ဆိုသောကျွန်တော်တို့သူငယ်ချင်းများသည်ငယ်သံပါအောင်အော်ချင်သောပါးစပ်ကိုအတင်းလက်ဖြင့်ပိတ်ထားကြရသည်။ မပြေးပေမဲ့အလွန်လျှင်မြန်သောခြေလှမ်းများဖြင့်ရွာသို့အားသွန်ခွန်စိုက်သွားကြရင်းရသမျှဘုရားစာများစိတ်ထဲကရွတ်လိုက်ကြသည်မှာကမောက်ကမပင်ဖြစ်နေကြသည်။

ကျွန်တော်ကတော့-ဗုဒ္ဓေါ-တစ်လုံးကိုအသေသုံးပြီးမနားတမ်းရွတ်ကာရွာထိပ်သို့ရောက်လာကြပေသည်။ ထိုအချိန်မှာပဲရွာထဲကအလင်းရောင်ကြောင့်ကြောက်စိတ်များပြေသွားကြကာမောင်တိုးအားလှည့်ကြည့်လိုက်သောအခါမောင်တိုးကတစ်စုံတစ်ရာကိုရွတ်ရင်းပြန်ခိုင်းသည့်ပုံစံမျိူ းဖြင့်ပြောနေသည်ကိုမြင်ကြရ၏။ သူခေါ်လာသောသရဲအားပြန်ခိုင်းလိုက်သည်ဟုအားလုံးသိကြပေရာပတ်ဝန်းကျင်တွင်လေမတိုက်ပဲသစ်ရွက်များတရှဲရှဲလှုပ်ရှားကာတဖြေးဖြေးဝေး၍သွားလေတော့သည်။ ကျွန်တော်တို့၏အသဲတထိတ်ထိတ်ရင်တဖိုဖိုဖြစ်သောမဟာစွန့်စားခန်းကြီးလည်းတစ်ခန်းရပ်သွားပေပြီသူခိုးပြေးမှထိုးကွင်းထဆိုသလိုကျွန်တော်တို့အဖွဲ့အခုမှအသံထွက်နိုင်သွားကြသည်။ ””ဟေ့ကောင်မောင်တိုးငါတို့နိုင်ပြီနော်—ငါတို့မပြေးဘူး””’ ””’အေးမင်းတို့နိုင်တယ်ဆိုပေမဲ့အသေကြောက်နေကြတယ်မဟုတ်လား

—-ငါ့ပါလို့မင်းတို့ဘာမှမဖြစ်တာပါကွာ””’ ရွာထဲရောက်မှစကားပြောနိုင်ကြသောကျွန်တော်တို့တွေကကိုယ့်ဘာသာကိုယ်သတ္တိခဲကြီးများဟုအထင်ရောက်ကုန်၏ အမှန်ပြောရရင်ဖြင့်ကျွန်တော်တို့အားလုံးဘေးကင်းရာရွာထဲသို့ရောက်လာပြီဖြစ်ပေမဲ့ကတုန်ကရင်ဖြစ်နေသောအရှိန်ကမသေသေးပေ။ ဒီပွဲမှကျွန်တော်တို့နိုင်သည်ဆိုပေမဲ့နောက်နေ့မှာဖျားတဲ့ကောင်နဲ့လန့်တဲ့ကောင်နှင့်မရမ်းတောကသရဲအားအသေကြောက်သွားကြတာတော့ပြောရန်မလိုတော့ပေ နောက်ထပ်လည်းသူငယ်ချင်းမောင်တိုးအားမစမ်းသပ်ရဲကြတော့ပေလူပင်ငယ်သော်ငြားသူ၏အစွမ်းသည်သာမန်လူတွေထက်တော့သာသည်ကိုသိရှိခွင့်ရခဲ့သည့်အဖြစ်အားငယ်သူငယ်ချင်းများအာသတိရရင်းစာရေးသူတိမ်လွှာမိုးအားအမှတ်တယပြန်ပြောပြပါသည်။

တိမ်လွှာမိုး

Be the first to comment

Leave a Reply

Your email address will not be published.


*