” အပျက်မပျိုးသည့်ပန်း ” (စ/ဆုံး)

” အပျက်မပျိုးသည့်ပန်း ” (စ/ဆုံး) ကလင်…ကလင်…ကလင်… မော်တာစက်ချုပ်သံများ ဆူညံနေသည့် ကြားမှ ပေါ်ထွက်လာသည့် ဘဲလ် မြည်သံက နားအတွင်းသို့ ပျားရည်များ ဖြည်းဖြည်းခြင်း လောင်းထည့်လိုက်သည့်နှယ်။ ချုပ်လက်စ အထည်အား လက်စ သိမ်းလိုက်ပြီး ဖြေးညင်းစွာ မတ်တပ်ရပ်လိုက်၏။ တစ်နေကုန် ထိုင်ထားရသည့် ဒဏ်ကြောင့် အကြောအချင်များက ဖြန်းကနဲ။ ထမင်းချိုင့် ထည့်ထားသည့် ဆွဲခြင်းလေးအား လှမ်းယူ၍ …

” အပျက်မပျိုးသည့်ပန်း ” (စ/ဆုံး) Read More

မာနနှင့်ငွေ(စ/ဆုံး)

မာနနှင့်ငွေ(စ/ဆုံး) ———– အိန္ဒိယနိုင်ငံတွင် ဗြိတိသျှတို့ အုပ်စိုးနေစဉ်ကဖြစ်သည်။ ဗြိတိသျှ အရာရှိတစ်ယောက်သည် အိန္ဒိယလူငယ်တစ်ဦးကို လူကြားထဲတွင် ပါးရိုက်လိုက်သည်။ ထိုလူငယ်က အရာရှိကို ပြန်ထိုးရာ မြေပြင်ပေါ်ကို လဲကျသွားတော့သည်။ နေမဝင်အင်ပါယာကြီးမှ စိတ်ကြီးဝင်နေသော အရာရှိသည် သူ့ကို သာမန်လူငယ်တစ်ယောက်က ပြန်ထိုး လိုက်သဖြင့် ရှက်လည်းရှက် ဒေါသလည်းထွက်ပြီး လူငယ်ကိုဖမ်းကာ သူ့တပ်ထဲကိုခေါ်သွားလေတော့သည်။ ထိုအရာရှိလည်း သူ့ထက်အဆင့်မြင့်သော ဗိုလ်မှူးကြီးထံ ထိုလူငယ်ကိုခေါ်သွားပြီး …

မာနနှင့်ငွေ(စ/ဆုံး) Read More

ကြီးစွာသောအမှား(စ/ဆုံး)

ကြီးစွာသောအမှား(စ/ဆုံး) “သမီးရေ သံသာ” “ရှင်အမေလာပြီ” “ဆရာတော်ကျောင်းကိုဆွမ်းချိုင့်သွားပို့ ချေစမ်း” “ဟာအမေကလည်း သမီးမသွားချင်ပါဘူး” “အမေခေါင်းနည်းနည်းကိုက်နေလို့ သမီးကိုခိုင်းရတာပါအေ ညည်းကဒါလေးတောင် လုပ်မပေးချင်ဘူးလား ဒီကနေ့ သမီးအဖေဆုံးတာ၃လပြည့်တဲ့နေ့မလို့ ဘုန်းကြီးကျောင်းကိုဆွမ်းလေးပို့ခိုင်းပါတယ် ဘယ်နေရာမှအားမကိုးရဘူး သမီးတစ်ယောက်မွေးထားပါတယ် ဒါလေးမှမခိုင်းရရင်ငါကဘယ်နေရာ သွားခိုင်းရမှာလည်းညည်းကို” “ပေးပေး အမေတို့ကပြောလိုက်ရင် မပြီးတော့ဘူး သွားပို့ပေးမယ် ဟုတ်ပြီလား” သံသာလည်းမိခင်ဖြစ်သူဒေါ်ကြည်မာ၏ လက်ထဲမှဆွမ်းချိုင့်အားဆောင့်အောင့်ပြီး ူယူကာဘုန်းကြီးကျောင်းသို့ထွက်လာခဲ့သည်။ ဘုန်းကြီးကျောင်းကအိမ်နှင့်နီးသဖြင့် ခြေလျင်သွားရင်တောင်၄မိနစ်ပင်မသွားရပေ။ သံသာလည်းဘုန်းကြီးကျောင်းသို့ရောက်လာခဲ့ပြီး …

ကြီးစွာသောအမှား(စ/ဆုံး) Read More

“အမေ”(စ/ဆုံး)

“အမေ”(စ/ဆုံး) “အမေ လိပ်စာမှားပီးဝင်မိတာပါ သားရယ် တဲ့” တစ်ချိန်တုန်းက မြို့လေးတစ်မြို့မှာ မျက်လုံးတစ်ဖက် ကွယ်နေသော မိခင်တစ်ဦးဟာ သားငယ်လေးတစ်ယောက်နဲ့ တူနေထိုင်လျှက် ရှိပါတယ်။ မိခင်ဟာ မျက်လုံးတစ်ဖက် ကွယ်နေသော်လည်း သားငယ်လေးရဲ့ရှေ့အရေးကို ပူပန်လျှက် ရသမျှ အလုပ်ကို လုပ်ပြီး၊ တစ်ခါတစ်ရံတောင်းရမ်းကာ ရရှိလာသောငွေဖြင့် သားငယ်လေးကို ပြုစုပျိုးထောင်ေ ပးရှာပါတယ်။ သားငယ်လေးသည် ပညာစုံလို့ အချိန်တန်အရွယ်ရောက်လာတဲ့အခါ . …

“အမေ”(စ/ဆုံး) Read More

ပြောင်းပြန်အချိုးများ”

ပြောင်းပြန်အချိုးများ” အညို ကျုပ်ဖြင့်လေ..တပါတ်လောက်သေကြည့်ချင်တယ်။ အဟုတ်။ ဘာလို့လည်းမမေးပါနဲ့တော်…။ဒီကလေးတွေကြောင့်ရော ..ဒီလင်ကြောင့်ရောပေါ့။တစက်ကလေးမှ စိတ်မချရ..စိတ်မအေးရဘူး။ ဘယ်သူရှိမတုန်း ။ အကြီးကောင်ဖိုးချစ်လေ၊ မအေကရှိစုမဲ့စုနဲ့ သူတို့ကိုပညာတတ်ဖြစ်စေချင်လွန်းလို့ ကျောင်းလွှတ်လိုက်ပါတယ်ဆိုမှ ဒင်းကကျောင်းပြေးပြီး ရေသွားကူးသတဲ့။ ကျုပ်လိုက်သွားလို့ပေါ့ …။ကျုပ်သာမလိုက်ရင် ဒင်း မသာဖြစ်ပြီ။ ဘာဖြစ်တယ်..။ကူးပါစေ ဟုတ်လား..။ အခုဘာဖြစ်ခဲ့တယ်မှတ်တုန်း ။ရေနစ်နေတာလေ..ရေနစ်တာတော့ ။ ကျုပ်တောင် ချောင်းစပ်ရောက်မယ်မကြံသေးဘူး…သူနဲ့အတူကူးတဲ့လူတွေက ဖိုးချစ်ရေနစ်လို့ ကယ်ကြပါဦးဆိုတာနဲ့ ဘယ်ရမတုန်း ။မိတင်လေ….ရေထဲကို …

ပြောင်းပြန်အချိုးများ” Read More

အရပ်ပျက်(စ/ဆုံး)

အရပ်ပျက်(စ/ဆုံး) “ကိုအေးသိန်း ကျွန်မ မသိလို့မေးပါအုံးမယ်..ရှင်ခရီးထွက်ပြီး အလုပ်လုပ်လို့ရလာတဲ့ပိုက်ဆံက ဒီလောက်ပဲလား..ဟင်..” ကိုအေးသိန်း တစ်ယောက် ခရီးကရောက်မဆိုက် မနွဲ့ ​ပြောလိုက်တဲ့စကားကြောင့် ရောက်ရောက်ချင်းဆောက်နဲ့ထွင်းဆိုသလိုပဲ လေပူတစ်ချက်ကိုမှုတ်ထုတ်လိုက်ပြီး… “နွဲ့ရယ် ဒီပိုက်ဆံ ငါးသောင်းက နည်းနေသေးလားကွာ…ငါ လမ်းမှာလည်း အလုပ်ကကျွေးတဲ့ ထမင်းဟင်းပဲစားပြီးနေလာတာ..ဘာမှ အပိုမကုန်ခဲ့ဘူး..မင်းကိုရသမျှ အကုန်အပ်တာပဲကွာ..” ကိုအေးသိန်းက လေပြေလေးနဲ့ ပြောသော်လည်း မနွဲ့တစ်ယောက် ပိုက်ဆံတွေကိုရေနေရင်းက ”အော်..ရှင်က ကျွန်မကို ငွေမက်လွန်းတယ်လို့ပြောချင်တာပေါ့လေ…ဒီမယ်ကိုယ်တော် …

အရပ်ပျက်(စ/ဆုံး) Read More

အမေစိမ်း(စ/ဆုံး)

အမေစိမ်း(စ/ဆုံး) ကျွန်တော်တို့မြို့တွင် ဒေါ်စိမ်း မုန့်ဟင်းခါးကို မစားဖူးလျှင် မပြည့်စုံဟု ဆိုကြသည်။ ‎ ‎ကျွန်တော်တို့ လူမှန်းသိစ အရွယ်ကတည်းက အမေစိမ်းသည် မုန့်ဟင်းခါးရောင်းသည်။ သူ့သားဇော်ဇော်နှင့် ကျွန်တော်က သူငယ်ချင်း တွေဖြစ်သည်။ ဇော်ဇော့်ကို ကျောင်းသွားရန် ဝင်ခေါ်တိုင်း အမေစိမ်းက ကျွန်တော့ကို မုန့်ဟင်းခါးထည့် ကျွေး တတ်သည်။ ကြာလာတော့ မုန့်ဟင်းခါး အလကားစားချင်သောကြောင့် အိမ်ကိုလာနေသည် ထင်မည်စိုးရိမ်ပြီး …

အမေစိမ်း(စ/ဆုံး) Read More

အောက်တန်းစား

အောက်တန်းစား “မအေးမြင့် … ဆန်ပြုတ်လေး သောက်လိုက်ဦးနော်” “ရှင့်ဆန်ပြုတ်က ဘာမှလည်းမပါ … သောက်ချင်ပါဘူး” “ဘာဖြစ်ဖြစ်ကွယ် … ဆေးသောက်ရဦးမယ် မဟုတ်လား … တီဘီဆေးတွေကပြင်းတယ်။ အစာလေး တစ်ခုခု ဝင်အောင်တိုက်ပြီးမှ သောက်ခိုင်းတဲ့” “ကျွန်မ ကြက်သားဆီချက်လေးများ မသေခင် စားချင်ပါတယ်” “ဘာတွေပြောနေတာလဲကွာ … ဒီနေ့ ငါနေကောင်းပါပြီ … ကုန်ထွက်ထမ်းမှာပါ” “သားလေးရော” …

အောက်တန်းစား Read More

လင်ပါသားရယ်ကျမစန္ဒာရယ်ဘဝရယ်

လင်ပါသားရယ်ကျမစန္ဒာရယ်ဘဝရယ် ကျမနေတာက မရန်းကုန်းမြို့နယ်နာဂလှိုင်ဂူဘုရားအနီးကုန်းပေါ်ပိုင်းကရပ်ကွက်တစ်ခုမှာ။ ကျမနာမည်က သူဇာခင်။အလယ်တန်းကျောင်းထွက်။ကျမဦးလေးတွေကနို့စားနွားတွေမွေးထားတော့ နွားနို့ညှစ်ပေး။နွားနို့လိုက်ပို့။မုန့်ဖိုးပဲဖိုးလေးရတော့အဖေအမေတို့ကိုပေး။အဖေကရုံးစောင့်။အမေကမှီခို။ ကျမကအရပ်ပုပုပြတ်ပြတ်အသားမဖြူ မညို မျက်နှာဝိုင်းဝိုင်း။မျက်လုံးမပြူးမကျယ်။နှုတ်ခမ်းမပါးမထူစုစုလေးနဲ့ကြည့်ပျော်ရှု့ပျော်မျက်နှာလေးနဲ့ရုပ်ရှင်မင်းသမီးစန္ဒာလိုမျက်နှာပေါက်မျိုး။စန္ဒာလိုပဲပါးမှာစံပယ်တင်မှဲ့လေးနဲ့မို့အရွယ်လေးရောက်လာတော့ သူဇာခင်ဆိုတဲ့နာမည်ပျောက်ပြီးအရပ်ကပေးတဲ့နာမည်က စန္ဒာ။ ရပ်ကွက်ထဲမှာအိမ်တွေဆောက်ကြတော့ အဖေ့အသိတစ်ယောက်နဲ့အတူပါလာတဲ့လက်သမားဆရာ(လက်သမားခေါင်း)တစ်ယောက်က မျက်စိကြတော့ အဖေ့ကိုခေါ်ပြော။သူကမုဆိုးဖို။သူ့မှာ၂နှစ်အရွယ်သားတစ်ယောက်ရှိပါတယ်။ အဖေရောအမေရောသဘောတူကြတော့ကျမလည်းခေါင်းညိတ်။ မင်္ဂလာဆွမ်းကျွေးပြီးတာနဲ့သူအလုပ်ပြောင်းရာမုဒုံကိုကျမလိုက်ပါရပါတော့တယ်။ မျက်လုံးဝိုင်းဝိုင်းလေးနဲ့အသားဖြူ ဖြူ ဝဝပြည့်ပြည့်ချစ်စရာကောင်းတဲ့၂နှစ်အရွယ်သူ့သားလေးကိုကျမသားအရင်းလေးလိုထိန်းသိမ်းစောင့်ရှောက်ခဲ့ရပါတယ်။သူ့သားအရင်းလေးကလည်း ကျမကို သူ့အမေအရင်းလို ခင်တွယ်နေတာပါ။ ခေါ်တာကလည်းအမေလို့ပါပဲ။ကျမလည်းသားအရင်းလိုချစ်ရတာပါပဲ။လင်ပါသားရဲ ့နာမည်ကတော့ မင်းမင်းပါ။နောက်၂နှစ်လောက်ကြာတော့ကျမကိုယ်ဝန်ရှိလာပါပြီ။ကျမကိုယ်ဝန်ဆောင်ခဲ့တဲ့အချိန်မှာပဲ ကျမခင်ပွန်းဖြစ်သူကိုသူရဟာ ကွမ်းယာဆိုင်က ကောင်မလေးတစ်ယောက်နဲ့ဖောက်ပြန်နေကြပါပြီ။သတင်းတွေကြားလာရပြီး လက်ပူးလက်ကျ …

လင်ပါသားရယ်ကျမစန္ဒာရယ်ဘဝရယ် Read More

သားစားစုန်း(စ/ဆုံး)

သားစားစုန်း(စ/ဆုံး)—————-–-ကျွန်တော့ မိန်းခလေး နာမယ်က ခင်လေးတဲ့ သူရဲ့ ထူးဆန်းတဲ့ အပြုအမူကြောင့်ထင်တယ် သူ့ကို ကျွန်တော် မြင်မြင်ချင်း စိတ်ဝင်စားမိတာ သူက အသားဖြူဖြူ ၊ မျက်နာသွယ်သွယ်နဲ့ အရပ် ၅ပေ၅လက်မ လောက်ရှိတဲ့ လှပတဲ့ ကချင်မလေးပါ သူကို ကျွန်တော် ချစ်လွန်းလို့ ခင်လေး လို့တောင်မခေါ်ရက်ပဲ “ခင်”လို့ အဖျားစွတ် ခေါ်ပါတယ် သူကလဲ ကျွန်တော့ကို …

သားစားစုန်း(စ/ဆုံး) Read More