Author: admin
ကျိန်စာနှင့်မိခင်မေတ္တာ(စ/ဆုံး)
ကျိန်စာနှင့်မိခင်မေတ္တာ(စ/ဆုံး) သူရိုက်လိုက်သည့်အရှိန်ကြောင့်ချုံပုတ်ကြီးတစ်ခုလုံးလှုပ်ခါသွားကာချုံပ်အတွင်မှဒေါသတကြီးအော်မြည်လိုက်သောမြွေသံများကိုအမှတ်မထင်ကြားလိုက်ရသည်။ ဟိုက်မမျှော်လင့်ဘဲမုတ်ဆိတ်ပျားဆွဲတယ်ဆိုတာဒါမျိုးထင်ပါရဲ့ကိုင်းအလုပ်စမှတော်ရော့မယ် ကနဦးနှစ်ခွတုတ်ဖြင့်ချုံပုတ်အတွင်းထိုးဖယ်လိုက်ရာလက်ကောက်ဝတ်ခန့်မြွေဟောက်တစ်ကောင်ကပါးပျဉ်းထောင်ရင်းလျှောခနဲထွက်လာခဲ့သည်။ အံ့ထူးကလျင်သည်ဆိုရမည်။ထိုမြွေ၏ဇက်ပိုင်းကိုလက်တဖက်မှမှိန်းဖြင့်ဖျတ်ခနဲထိုးစိုက်ပြီးဖြစ်နေသည်။ အလေ့အကျင့်နှင့်အတွေ့အကြုံကသူ့ကိုအထောက်အကူပြုပြီးဖြစ်နေသည်။ ဝုန်း ဗျန်းဗျန်း ရွှီရွှီ နာကျင်လွန်းလှသောကြောင့်မြွေဟောက်ကြီးကအမြီးဖြင့်တွန့်လိမ့်ရိုက်ပုတ်ရာချုံု ပုတ်မှာတဗျန်းဗျန်းလှုပ်ခါလျက်ရှိနေလေ၏။ ယင်းအခိုက်မှာပင်နောက်ထပ်လုံးတူရွယ်တူမြွေတစ်ကောင်ကရှဲခနဲချုံပုတ်အတွင်းမှထပ်မံတိုးထွက်လာလျက်အံ့ထူးကိုသွက်လက်စွာပေါက်တော့သည်။ သို့သော်အံ့ထူးကခြေလှမ်းအဆုတ်အတက်၊ကိုယ်ကိုယို့၍ရှောင်တိမ်းပြီးနောက်၊မြွေကြီးမောလာပုံရသည်တွင်အံ့ထူးကလက်ထဲမှဖိညှပ်သောတုတ်ဖြင့်ချက်ကောင်းဖြစ်သည့်မြွေကြီးဇက်ကိုလှမ်းဖိထားလိုက်သည်။ ထို့နောက်မြေပြင်မှခဲတစ်လုံးကိုကောက်ယူကာမလှုပ်နိုင်အောင်မိနေသည့်မြွေနှစ်ကောင်ဦးခေါင်းကိုထုခြေရိုက်သတ်လက်စသတ်လိုက်တော့သည်။ သေနေပြီဖြစ်သောမြွေနှစ်ကောင်ကိုပခြုပ်အတွင်းထည့်နေစဉ်ချုံပုတ်အတွင်းလှမ်းကြည့်မိကာသဘောအကျကြီးကျသွားရသည်။ သြအဟဲဟဲဟဲ အဘယ်ကြောင့်ဆိုသောချုံပုတ်အတွင်း၌မြွေဥအချို့ကိုတွေ့လိုက်ရသောကြောင့်ဖြစ်ပေသည်။ ထို့ကြောင့်မြွေဥများကိုပါပခြုပ်ထဲကောက်ထည့်လျက်လေကလေးတချွန်ချွန်ရိုးမတောကြီးအတွင်းခြေလှမ်းသွက်သွက်နှင့်ထွက်ခွာလာခဲ့သည်။ ရိုးမတောကြီးမှထွက်ခွာလာပြီးနောက်အတန်လှမ်းလှမ်းသို့ရောက်သောအခါမည်သို့ဖြစ်စေမသိအောင်ပင်ရိုးမတောကြီးအတွင်းမှဆူသံညံသံအော်သံဟစ်သံငိုယိုသံတို့ထွက်ပေါ်လာရုံမျှမကသစ်ပင်ကြီးငယ်တို့မှာလည်းလေတိုက်ခတ်ခြင်းမရှိမှာဘဲလျက်တဝုန်းဝုန်းတဗြုန်းဗြုန်းလှုပ်ယမ်းယိမ်းခါနေသည်ကိုအံသြစဖွယ်တွေ့မြင်ရသည်။ ဟိုက်ထူးထူးစန်းစန်းပါလား၊လေမတိုက်ပဲသစ်ပင်တွေလှုပ်ယမ်းနေလို့၊တောထဲကဆူညံသံတွေ၊အော်ဟစ်သံတွေမြည်ဟည်းနေတာ၊ဧကန္တနာနာဘဝဆိုတာတွေများလားမသိပါဘူး။ဘာပဲဖြစ်ဖြစ်မြွေသားချက်ချိန်အမီအိမ်ပြန်မှ ပြောပြောဆိုဆိုတောအုပ်ကိုကျောခိုင်းကာအံထူးတစ်ယောက်ရွာဘက်သို့ခြေလှမ်းများကိုရွေ့လျားစေလိုက်သည်။ ထိုခဏ၌တောအုပ်ကြီးမှာတိတ်ဆိတ်လျက်အပ်ကျသံကိုပင်ကြားရမတတ်ဖြစ်သွားပြန်ေြာင်းအံ့ထူးသတိပြုလိုက်မိ၏။ တောချောက်တာလား၊ဘာလား၊ဘာပဲဖြစ်ဖြစ်၊အံ့ထူးတို့ကကြောက်လိမ့်မယ်မထင်နဲ့ဟေ့၊ဘာကိုမှမမှုဘူးဟမှတ်ထားသည်သို့ဆိုကာအံ့ထူးကပခြုပ်ကိုကျကျနနပြင်ဆင်လွယ်ပိုးပြီးနောက်ခြေလှမ်းမှန်မှန်နဲ့သူ့ရွာဘက်ကိုလျှောက်ခဲ့တော့သည်။အင်းမောမောနဲ့ဘကြီးဖိုးသာရဲ့ထန်းတဲဝင်ပြီးထန်းရည်တအိုးလောက်တော့မှသောက်ဦးမှ သူ့အတွေးတွင်အရသာရှိလှသောမြွေသားမွှေးမွှေးကိုတရစ်ဝဲဝဲမြင်ယောင်နေမိသည်သာ။ ရိုးမတောရိပ်တောင်ရိပ်နှင့်လွန်စွာနီးလှသောသပြေပင်ရွာကလေး၏ညသည်မှောင်မည်းလျက်ပကတိတိတ်ဆိတ်လွန်းလှပေ၏ အုဝုဝူး အူး တစ်ခါတရံရွာအတွင်းရှိခွေးများ၏အူသံများသာကြားရပေလိမ့်မည်။ သို့ရာတွင်ပကတိတိတ်ဆိတ်အိပ်မောကျနေသောရွာကလေးမှာသန်းခေါင်ကျော်အချိန်ခန့်၌တစ်ရွာလုံးကိုလှုပ်နှိုးလိုက်သည့်အလားဆူညံသံများလွှမ်းမိုးသွားတော့သည် ရှဲရှဲရှဲ …
ကျိန်စာနှင့်မိခင်မေတ္တာ(စ/ဆုံး) Read More
သမီးပြည့်တန်ဆာ
သမီးပြည့်တန်ဆာ -ထက်မြတ်နိုင်ဇင် ပစ္စည်းကို ဘယ်လာပို့ရမလဲတဲ့။ သြော်…ပစ္စည်းဆိုတာ ငါ့သမီးကို ပြောနေတာကို ငါ့ သမီးဟာ လူမဟုတ်တော့ဘူး ပစ္စည်း တစ်ခု ဖြစ်သွားပြီပေါ့။ ဟုတ်တယ် သက်ရှိ ယောင်္ကျားတွေရဲ့ တဏှာ ရမ္မက် အညစ်အကြေးတွေကို အန်ထုတ်မယ့် ထွေးခံလို ပစ္စည်းပေါ့။ (၂) ကျွန်မက ကိုထွန်းခိုင်ရဲ့ နဖူးကို စမ်းကြည့်လိုက်တော့ ပူနေတုန်းပဲ ရှိသေးတယ်။ အဖျား …
သမီးပြည့်တန်ဆာ Read More
သားဆိုးမိခင်(စ/ဆုံး)
သားဆိုးမိခင်(စ/ဆုံး) “ဘယ်ကောင်မှဂရုမစိုက်ဘူး သတ္တိရှိတဲ့ကောင်ထွက်ခဲ့စမ်း။ လှစိန်အကြောင်းကောင်းကောင်း သိသွားမယ် ” တိတ်ဆိတ်နေသည့်ပတ်ဝန်းကျင်အား အမူးသမားလှစိန်၏အသံကဖုံးလွှမ်း သွားသည်။ “ဝုတ် ဝုတ် ဝုတ်” “အံမယ်…ဒီခွေးကငါ့ကိုမခန့်လေးစားနဲ့ လာဟောင်နေသေးတယ်” “ကဲကြာ…” “ဂိန် ကိန် ကိန်” ခဲဖြင့်ကောက်ထုလိုက်သဖြင့် ခွေးလည်းနာကျင်ကာအော်ရင်းထွက် ပြေးသွားတော့သည်။ “ဘွားတော် တံခါးလာဖွင့်” “ဘုံး ဘုံးဘုံး” “ဟ…အိမ်ထဲကဘွားတော် တံခါးလာဖွင့်လို့ပြောနေတယ် မျကားဘူးလား” “လာပြီ လာပြီ …
သားဆိုးမိခင်(စ/ဆုံး) Read More
ပိုင်းလုံးမ (စ/ဆုံး)
ပိုင်းလုံးမ (စ/ဆုံး) ကျွန်မအဖေက ပြည်ကြီးပေါက်တရုတ်စစ်စစ်။ကျွန်မအမေကမွန်။ ကျွန်မတို့မောင်နှမတွေကတော့ တရုတ်သွေး၅မူးပါသည့်တရုတ်မွန်မလေးတွေပေါ့။ တရုတ်သွေးနဲ့မွန်သွေးရောထားလို့ ကျွန်မတို့အသားအရေလှချက် 9* အဲဒီထဲကမှ ကျွန်မက ပြိုင်စံရှား အလှဆုံး။(မောင်နှမလေးယောက်) ပြိုင်စံရှားလို့ပြောရချင်းကတော့ မျက်လုံး မျက်ခုံးနှာတံ နှုတ်ခမ်း မျက်နှာကျ ဟာ မိန်းကလေးပေါင်းမြောက်မြားစွာထဲမှာမှ ကျွန်မမျက်နှာမြင်ရသူတွေဟာ အကြည့်မှင်သက် လွှဲဖယ်မသွားရက် ရူပါရုံမှာကျဆုံး အရှုံးပေးသွားကြသူတွေ အများသားဆို ယုံကြမလားမသိ။ ကျွန်မရဲ့ လက်ခြေထောက်တွေဟာ ရှေးစာဆိုတွေဖွဲ့နွဲ့ရေးသားခဲ့ကြသလို …
ပိုင်းလုံးမ (စ/ဆုံး) Read More
တူသောအကျိုး (စ/ဆုံး)
တူသောအကျိုး (စ/ဆုံး) “ဟာ…မိန်းမ မင်းကလည်းကွာ လုပ်လာပြန်ပြီမင်းမှာလည်းဗိုက်ကြီးကြီးနဲ့ကို ရေတွေဆွဲနေရတယ်လို့ကွာ။ ဗိုက်ထဲကကလေးတစ်ခုခုဖြစ်သွားမှဖြင့်” “အမယ်လေး ကိုသန့်ဇင်ရယ် ဒီလောက်ကတော့မိနွယ်တို့ကအေးဆေးပါ။ ရှင်အကဲပိုမနေနဲ့ ” “ဟ…ငါကအကဲပိုနေတာမဟုတ်ဘူးကွ။ မတော်လို့မင်းနဲ့ဗိုက်ထဲကကလေးတစ်ခုခု ဖြစ်မှာစိုးလို့ပြောနေတာကွ။ ပေးပေး ရေပုံး” ကိုသန့်ဇင်လည်းမမိနွယ်လက်ထဲမှ ရေပုံးအားဆွဲယူလိုက်ပြီးကျောက်ခွက်ထဲသို့ ထည့်လိုက်လေသည်။ ကိုသန့်ဇင်နှင့်မမိနွယ်တို့ရဲ့ ပထမဆုံး ရင်သွေးလေးမို့ကိုသန့်ဇင်ကအထူးဂရုစိုက် သလောက်မမိနွယ်ကတော့ ကိုသန့်ဇင်အားအကဲပိုလွန်းသည်ဟု ထင်နေမိသည်။ မမိနွယ်ကနည်းနည်းခေါင်းမာတတ်သူ ဖြစ်သည့်အတွက်ကိုသန့်ဇင်နှင့်မကြာခဏ ဆိုသလိုစကားများတတ်ကြလေသည်။ အဲ့သလိုစကားများတိုင်းကိုသန့်ဇင်ကပဲ …
တူသောအကျိုး (စ/ဆုံး) Read More
မပန်းရယ်မငိုနဲ့
မပန်းရယ်မငိုနဲ့ တင်မိမိအောင် “ဖေဖေ သားတို့နှစ်ယောက်ထဲ ဒီအိမ်မှာနေလို့မရဘူးလားဟင်” “အော် သားရယ် ရတော့ရတာပေါ့ ဒါပေမဲ့ ဖေဖေ့မှာ အလုပ်ကိစ္စနဲ့ နယ်ထွက်ရရင် သားကိုနောက်ဆံတင်းနေရတာနဲ့ စိတ်မဖြောင့်ဘူးသားရဲ့” “ဒေါ်ယုံရှိနေသားပဲ၊ သားနေတတ်ပါတယ်ဖေဖေရယ်” “ဒေါ်ယုံက ကျန်းမာရေးမကောင်းလို့ သူ့သမီးတွေရှိတဲ့ တောကိုပြန်ချင်တယ်တဲ့၊ ပြောထားတာကြာပြီသားရဲ့” “ဟင် ဒေါ်ယုံကလဲ…” စိတ်ပျက်သံနဲ့ ပြောလိုက်တဲ့သားကို သူကပြုံးကြည့်ရင်း ပုခုံးကိုဖက်ထားကာ မေးလိုက်တယ်။ “သားလေးက ဖေဖေနောက်အိမ်ထောင်ပြုမှာမကြိုက်ဘူးလား” …
မပန်းရယ်မငိုနဲ့ Read More
အပုပ်နံ့
အပုပ်နံ့ ကျွန်တော့် အလုပ်တိုက်ကို အမျိုးသမီးတစ်ယောက်ရောက်လာသည်။ သူက မျက်မှန်ကို ချွတ်လိုက်မှ “ဟာ … ခင်အေးမူ” သူမက ပြုံးလိုက်ပြီး ကျွန်တော့် စားပွဲနားကို လာရပ်သည်။ “ဆရာကြီး … မှတ်မိပါတယ်နော်” “မေ့စရာလား ခင်အေးမူရယ် … ဒါနဲ့ ကျော်ကျော်ရော” “အဲဒီကိစ္စလာတာ” “ကျော်ကျော့်ကိစ္စ ဟုတ်လား … ကျော်ကျော်ဘာဖြစ်လို့လဲ” “ရှင့်သူငယ်ချင်းက ကျွန်မနဲ့ …
အပုပ်နံ့ Read More
****စောင့်နေသူ**** စ/ဆုံး
****စောင့်နေသူ**** စ/ဆုံး အချိန်ကာလအားဖြင့် ၁၉၉၀ခုနှစ်၀န်းကျင်ခန့်ကဖြစ်၏။ ဒေါ်အိစိုးသည် မူလတန်းပြကျောင်းဆရာမလေးတစ်ဦးဖြစ်ပြီး မူလတန်းကျောင်းအုပ်အဖြစ်ရာထူးတိုးလျှောက်ထား၏။ ယခုချိန်၌ သူ၏ ရာထူးတိုးအမိန့်စာသည် လက်ထဲသို့ရောက်ရှိနေပြီဖြစ်သော်လည်း အိစိုးတစ်ယောက် မပျော်နိုင်ချေ။ စေလိုရာစေလျှောက်ထားခဲ့မိသောသူ၏ ယခု တာ၀န်ကျရာနေရာသည်ကား ရှမ်းပြည်နယ်တောင်ပိုင်း၊ မြို့နယ်လေးတစ်မြို့နယ်အတွင်းရှိ ကျေးရွာလေးတစ်ရွာ၌ ဖြစ်၏။ ထိုကျေးရွာလေးသည် စုန်းပညာသည်များအလွန်ပေါများသည်ဟု နာမည်ကြီးလှကာ ထိုနယ်မှ သူများကို အားလုံးကလည်း ရှောင်ကြလေသည်။ ထို့ကြောင့်လည်း ထိုရွာလေး၌တာ၀န်ထမ်းဆောင် ရတော့မည်ဟု …
****စောင့်နေသူ**** စ/ဆုံး Read More
မာယာများတဲ့ဖုတ် (စ/ဆုံး)
မာယာများတဲ့ဖုတ် (စ/ဆုံး) မခင်ထားတို့စီးနင်းလာသည့် လူနာတင်ကားကလေးမှာ မီးစုံဖွင့်လျှက် အသံကျယ်လောင်စွာအော်မြည်ကာ ကားလမ်းမကြီးအတိုင်း လျှင်မြန်စွာမောင်းနှင်လာလေသည်။ မိုးတွင်းမို့ မိုးကတဖွဲဖွဲကျနေသည်။ ကတ္တရာလမ်းမကြီးပေါ်တွင် မိုးရေများက ဟိုတစ်ကွက် သည်တစ်ကွက်နှင့် အိုင်ထွန်းနေသည်။ ညနက်နေပြီမို့ ကားလမ်းမနံဘေးရှိ ဆိုင်ခန်းများ၊ လူနေအိမ်များမှာတိတ်ဆိတ်လျှက်ရှိသည်။ အပြင်တွင်မိုးများရွာသွန်းနေသကဲ့သို့ လူနာတင်ကားအတွင်းတွင်လည်း အဲယားကွန်းလေအေးပေးစက်ဖွင့်ထားသဖြင့် အေးစိမ့်နေသည်။ သို့သော်လည်း ထိုအေးစက်မှုက မခင်ထားရင်အတွင်း တောက်လောက်နေသည့် သောကအပူမီးကို မအေးမြစေနိုင်ပေ။ မခင်ထားမှာ …
မာယာများတဲ့ဖုတ် (စ/ဆုံး) Read More