သေနိမိတ်စီး မောင်ကံကြီး ” (စ/ဆုံး)

” သေနိမိတ်စီး မောင်ကံကြီး ” (စ/ဆုံး)

အူဝဲ….အူဝဲ……အူဝဲ…….. …..ဟဲ့…..မယ်ပိန်….ထစမ်း…. ….ဘာတုန်း…တော်…. ….ဟဲ့….ဘာကမလဲ….နင်မကြားဘူးလား…ဟ.. ….ခလေးငုံသံ လေ…. …ဟင်…. …အူဝဲ…အူဝဲ….. …..ဟုပ်ပ….အုတ်ဂူတွေဘက်က ဖြစ်မယ်…. …..ဟုပ်တယ် မယ်ပိန်…ငါတို့သွားကြည့်ရအောင်…. ….အမလေး ကိုဗျော့ရယ်…. …ညကြီး…မဲကြီးတော်… …တစ္ဆေ သရဲတွေအော်တာ ထင်တယ်… ….ကျွန်မကြောက်တယ်တော်….မလိုက်ရဲဘူး… ….ဟဲ့…မယ်ပိန်…နင်နဲ့ငါ ဒီ ဂူကုန်း သင်္ချိုင်းမှာ သုဘရာဇာလုပ်လာတာကြာပြီ ဘာသရဲမှမရှိဘူး….ဘာမကြောက်နဲ့…. …..မီးအုပ်ညှိချေ….သွားကြည့်ကြမယ်… …..ဟင်းးး…ဖြစ်ပါ့မလားတော်… ….ဖြစ်ပါတယ်ဟာ….လာ…နောက်ကလိုက်ခဲ့…. ….. ……သူ့ဘရာဇာ ဗျော့ကြီးနောက်ကို မီးအုပ်တလုံးဆွဲပြီး ဇနီးဖြစ်သူမယ်ပိန် လိုက်ရချေပြီ… …..အူဝဲ….အူဝဲ…. …ဒီဘကၼြာဟဲ့… .မီး…..ပြစမ်း… …… ဟာ….အမလေး…. …အနှီးထုပ်လေးတခုနဲ့ ရက်သားလောက်သာရှိတဲ့ ခလေးတဦး….ခလေးနားမှာ ဒေါသတကြီး ပါးပျဉ်းထောင်နေတဲ့ တောကြီးမြွေဟောက်ကြီးတကောင်….. ….

.ကိုဗျော့…. …ခလေးနားမှာ မြွေဟောက်ကြီး တော့… …ခလေးကိုပေါက်တော့မယ် လုပ်ဦး…. …..အေးပါ…မီးသေသေချချပြ…. ….ဟုပ်ကဲ့…သေသေချာချာလုပ်….ကျွန်မစိတ်ပူလို့…. ….ငါ့ကိုလား… …ဟုပ်ဘူး…ခလေးကို…. …သောက်ဂန်းမ…… ….ပြ….သေသေချာချာပြ….မီး…. …ဗျော့ကြီးဟာ ပါလာသောတုတ်နဲ့ .. …ပါးပျဉ်းထောင်နေသော မြွေဟောက်ကြီးကို ..ခက်သွက်သွက်ရိုက်လိုက်သည်….. ….ဖောက်…ဖြီး….. …ဖုတ် ဖုတ်…… …မြွေဟောက်ကြီးဟာ တုတ်ရိုက်ချက်အောက်တွင် တွန့်လိမ်ပြီး သေဆုံးသွားလေသည်… ….အဲ့တော့မှ မယ်ပိန်ဟာ ခလေးကို ပြေးကောက်ယူပြီးကြည့်လိုက်တယ်…. ….အမလေးတော်…ခလေးတကိုယ်လုံးလဲ ခါချဉ်တွေကိုက်နေပါ့လား….ဒါ့ကြောင်ငိုနေတာကိုး… …မယ်ပိန်ဟာ ခလေးကိုယ်မှ ခါချဉ်များကို သေသေချာချာ ဖယ်လိုက်ပြီး ပွေ့ချီလိုက်တယ်

……ဟောတော့…. …မွေးကင်းစ ခလေးလေးဟာ မယ်ပိန်ရဲ့ ပျင်းတွဲတွဲ နို့ပိန်ကြီး ကို အင်္ကျီအပြင်ဘက်ကနေ ပါးစပ်ဖြင့် လိုက်စမ်းပြီး စို့နေတော့သည်….. ….ဒါကိုမြင်တော့ သုဘရာဇာဗျော့ကြီးက… …ဟဲ့ …မယ်ပိန်….ခလေးနို့ဆာနေတာထင်တယ်…နင့်နို့ကို လှန်ပြီးတိုက်လိုက်လေဟာ…. ….ဘာ…ဘာပြောတယ်… ….မသာကောင်ကြီး….ကျွန်မနို့ကထွက်မှ မထွက်တာ ဘယ်လိုတိုက်လို့ရမလဲ….. ….ဟား…ဟား…ဟား…. ..ဗျော့ကြီးတယောက် မိန်းမဖြစ်သူ ပြန်ပက်လိုက်သောစကားကြောင့် သဘောတွေ့ပြီး အားရပါးရရယ်လိုက်သည်….. …..ကိုင်း…လာမယ်ပိန်….တဲကိုပြန်ကြစို့…. …. …..ကိုဗျော့နဲ့မယ်ပိန်ဆိုတာ..ဆင်းရဲသားမိသားစုက ပေါက်ဖွားလာတဲ့ လက်လုပ်လက်စား ဘဝသမားတွေပါ.. ….ဆင်းရဲတဲ့နေရာမှာ ပြိုင်ဘက်ကင်းတဲ့ သူတွေဆိုလဲမမှားချေ….

သူတို့နှစ်ယောက် ယူပြီးတဲ့အချိန်မှာ နေစရာမြေကွက်တခု ပင်မရှိလို့ ဂူကုန်းရွာက သင်္ချိုင်းမှာ တဲဆောက်ပြီး သုဘရာဇာလင်မယားအဖြစ် ဘဝကိုရပ်တည်ခဲ့ကြတယ်…..ရွာထဲရပ်ထဲမှာ ဗျံကျအလုပ်လေးကို လိုက်လုပ်ကြရင်း တနေ့စာဝမ်းဖူလုံဘို့အတွက် ရုန်းကန်နေရတဲ့ အဖြစ်… ……သို့သော်… …သူတို့ဘဝကိုသူတို့ပျော်ကြတယ်… ….တဦးအပေါ်တဦးလဲ အရမ်းချစ်ကြတယ်… …မယ်ပိန်ဆိုတဲ့ မယားလုပ်သူရဲ့ အလှဟာ ဗျော့ကြီးအတွက် မတ်မကုန်တဲ့ ရတနာကြီးပါ…အသားညိုညို အရပ်မြင့်မြင့်…ခါးသေးသေး တင်ပါးပြားပြားကြီးတွေက ကိုဗျော့အတွက် ကျေနပ်စရာ အာရုံကြီးတွေပေါ့…. ….တဖန် …ဇနီးဖြစ်သူ မယ်ပိန်အတွက် ကိုဗျောဟာ သူ့ရဲ့စိတ်အားလုံးကို တလုံးတဝ ဖြည့်စည်းပေးနိုင်တဲ့ အားကောင်းမောင်းသန် ယောင်္ကျားမို့ မယ်ပိန်တယောက်အချစ်ပိုနေရပါသည်….

….ဒါပေမဲ့ သူတို့မှာ..ခုချိန်ထိ ကလေး မရှိ…..သူတို့နှစ်ဦးကံကိုက ကလေးရဘို့ မျက်နှာသာမပေးသေးချေ… …ခုတော့ သူတို့ဘဝထဲကို ကလေးတယောက်ရောက်လါခဲ့ပါပြီ….. …..ချစ်စရာကြီးကွာ….. …ဟဲ့…မယ်ပိန်…ဒီခလေးကို ငါတို့မွေးစားကြမယ်…..သူ့မိဘက မလိုချင်လို့ စွန့်ပစ်သွားတာ….ခု..ငါတို့နဲ့ထိုက်လို့ငါတို့ရတာ… ပြီးတော့ ယောကျာင်္းလေး….. ….ငါတို အားကိုးလို့ရတာပေါ့….. ….ဟုပ်ပါပြီတော်…. …ဒါနဲ့…. …သားလေးကိုဘယ်လိုနာမည်ပေးကြမလဲ…. …..အေး…ဟုပ်သား…ဟ….ငါမေ့နေလိုက်တာ… …အင်း….သားလေးကိုကောက်ရတာက တနင်္လာ နေ့ညက….ပြီးတော့ မြွေကိုက်ခံရခါနီးမှာ ငါတို့တွေ့ပြီး ကယ်နိုင်ခဲ့လို့ ကံကောင်းပြီးအသက်ရှင်တာ…ဒီခလေးကံကိုကကြီးပါဘိသနဲ့ …..အဲ့တော့… …သားလေးကို….. …ကံကြီး…လို့နာမည်ပေးကြမယ်…. ….ကံကြီး….အင်း…အဲ့နာမည်ကောင်းတယ်… ….ဟေ့ သားလေး….ကံကြီး… …အမေ့ကိုရယ်ပြပါဦး…. ….အမေ့သားလေး….ခ်ခ်… ….

ဟွန်း…. …ဘာအမေ့သားလဲ….ကို့ဖသာကြ မွေးပါဆို မွေးခိုင်းလို့မရ…. …ခုတော့ ဒူးမနာသားလေးကို ဘဲ အဖေပုံအောပြီးချစ်ရတော့မယ်…ဟားးး …..ဘာ….ဘာပြောတယ်ရှင့်…. ….အဲ့ဒါ ရှင် အသုံးမကျလို့….ရှင်းပြီလား… ….အန်…. ….အားရပါးရရယ်နေသော ကိုဗျော့ကြီး၏ ရယ်သံ ကွိ ခနဲတိတ်သွားလေတော့သည်…. ……………… ………………… ………………….အချိန်စက်ဝိုင်း၏ ရွှေ့လျားခြင်းနှင့်အတူ ကံကြီး တယောက်လူလားမြောက်လာခဲ့ပါပြီ…… ……အရွယ်ရောက်လာခြင်းနှင့်အတူ ကံကြီး၏ ရုပ်သွင်ကလဲ တဖြေးဖြေး ထင်ထင်ရှားရှားပေါ်လာတော့သည်…မတ်ခွက်ခွက်မျက်နှာ ပြူးကျယ်သောမျက်လုံး ခံတွင်းထဲမှ ကျိုးတိုးကျဲတဲ မဲတူးနေသောသွား…ချေးညှော်များနှင့်လှိုင်းထနေသော ညိုပုပ် ပုပ်အသားအရည်…ကုန်းနေသော ခါး …စသည့်.. ..ကောင်းခြင်း၅ဖျာနဲ့ပြည့်စုံနေသော အင်္ဂါရပ်တွေ့ကြောင့်….ရွာထဲသို့ အဝင်မခံဘဲ တစ္ဆေ သရဲတကောင်လို အားလုံးကဆက်ဆံကြသည်…….

…….ညဘက်ဆိုလျှင် အုတ်ဂူတလုံးပေါ်ထိုင်ပြီး…အကောင်မမြင်ရသော သူများနှင့် စကားပြောနေတတ်သည်….. …..သူ့မှာ ပုလင်းတူဗူးဆို့ ဘဝတူသူငယ်ချင်း၃ယောက်တော့ရှိသည်….သူတို့တွေကတော့…. …သခိုးထော်ကြီး….သူတောင်းစား တောက်တိုနင့်…ထောင်ပြေး ဂျအေးတို့ဖြစ်သည်…. …..အရက်သောက်ဖော်သောက်ဖက် သူငယ်ချင်းများဖြစ်က မကောင်းတာမှန်သမျှအကုန် ပေါင်းပြီး လုပ်တတ်လာခဲ့သည်…….. …….. ……..သူတို့၄ယောက်ထဲမှာ ကံကြီးက ခေါင်းဆောင်…အားလုံးကရိုသေသလို ကြောက်လဲကြောက်ရသည်…….. ….ကြောက်ရသည့် အကြောင်းအရင်းကတော့….တနေ့ သူတို့ ၄ယောက် ချောင်းတွင်ရေကူးဘို့သွားကြသည်…… …..ကျန်ရွာသားများလဲ ချောင်းထဲတွင်ရေချိုးနေလျှက်ရှိကြသည်…… ……လာလေ ကံကြီး…. …..ရေဆင်းကူးရအောင်…. ….ဟေ့အေ….မဆင်းတော့ဘူး…. …..ဟာ….အတူလာပြီးမှကွာ….. ……မင်းဘာဖြစ်လို့လဲ……. ……ဘာမဖြစ်ဘူး…

မြင်နေလို့…… ….ဟေ….ကံကြီး….မင်းဘာမြင်လို့လဲ….. …ဟိုးမှာတွေ့လား…မြင်မောင်ဆိုတဲ့ကောင်…. ….အေး….တွေ့တယ်……. ….အေး…အဲ့ကောင်ရေကူးပြီး ကမ်းပေါ်တက်လာတာနဲ့ အပူရှပ် ပြီးသေလိမ့်မယ်….. …..ဟေ…ဟာ…. …မင်းဘာကြောင့် အဲ့လိုပြောနိုင်တာလဲ….. ….မသိဘူးကွ….ငါ့မျက်စိထဲ အလိုလိုမြင်လာတာ……. ……သူတို့ကြည့်နေရင်ဘဲ….မြင့်မောင်တယောက် ချောင်းထဲမှ ပြန်တက်လာသည်…… …..ကမ်းပေါ်ရြော်တော့….မြင်မောင်တယောက် မတ်တတ်ရပ်နေရင်းမှ အရုပ်ကြိုးပျက် ပစ်လဲကျသွားသည်…..သူတို့လဲ မြင့်မောင်ဆီ ပြေးသွားပြီး ပွေ့ထူလိုက်တဲ့အချိန်မှာတော့ မြင်မောင်တယောက်အသက်မရှိတော့ပေ…… …… ……ဒီအချက်ကြောင့် ကံကြီးရဲ့နှုတ်ဝစီကိုသူတို့လန့်နေကြလေသည်….. ……..တနေ့တော့ ကံကြီးတယောက် ရွာထဲသို့ဝင်လာလေသည်….ရွာထဲကခွေးများကလဲ ကံကြီးကို ဝိုင်းဟောင်ကြသည်………. ….အဲ့ဒိအချိန်မှာဘဲ သရက်ပင်ပေါ် သရက်သီးတက်ခူးနေတဲ့ ခလေးတယောက်က ကံကြီး သရက်ပင်အောက်ရောက်တဲ့အချိန်မှာ….ကံကြီးခေါင်းကို သရက်သီးဖြင့် အပင်ပေါ်ကပေါက်လိုက်လေသည်…..

…..ကံကြီး ဒေါသ ဖြစ်သွားကာ အပင်ပေါ်သို့မော့ကြည့်ပြီး နင်ငါ့ကို သရက်သီးနဲ့ပေါက်တဲ့အတွက် သရက်ပင်ပေါ်က ပြုတ်ကျပြီး အသေဆိုးနဲ့ သေရလိမ့်မယ်…. ….ဤသို့အော်ပြောပြီး…ကံကြီးတယောက် ရွာထဲမှပြန်ထွက်လာခဲ့သည်….. …..ကံကြီးကျောခိုင်းထွက်လာချိန်မှာဘဲ…. စောစောက သရက်သီးနှင့်ကံကြီးကိုပစ်ပေါက်ခဲ့သော ခလေးဟာ သရက်ကိုင်းကျိုးပြီး အပင်ပေါ်မှ ပြုတ်ကျကာ ပွဲချင်းပြီသေဆုံးသွားပါလေတော့သည်……. …..အဲ့ဒီ အချိန်ကစပြီး လူအများက ကံကြီးကို …..သေနိမိတ်စီးနေတဲ့ ကံကြီးလို့ သတ်မှတ်လိုက်ကြတယ်……ကံကြီးကို ဘယ်သူမှစကားမပြောတော့ချေ ကံကြီးနဲ့စကားပြောရမှာကိုကြောက်ရွံ့ကြပြီး လမ်းမှာတွေ့ရင်တောင် ရှောင်ကွင်းသွားကြလေသည်………. …..သို့သော်…. …ရွာထဲရပ်ထဲတွင်….လူမမာအိမ်ရှိပါက ကံကြီးအလိုလိုရောက်လာတတ်သည်….. ……

ဟေ့…..ဘုန်းကြီး၃ပါးကြိုပင့်ထားကြဟေ့… …….အသုဘ ကြ မုန့်ဟင်းခါးကျွေးကြနော်… …….မတ်စိလေး ကြိုဆောင်ထား…နီးလာပြီ….. ….စသည်ဖြင့်….လူမမာအိမ် ခြံဝကနေလာ ..အော်တတ်သည်……. ….သူလာအော်ပြီး….သိပ်မကြာခင်မှာဘဲ့….လူမမာအိမ်တွေမှာ စီခနဲ ညံခနဲ…..ငိုသံများ ကြားရစမြဲသာဖြစ်သည်….. ……. ……..တနေ့…..ရွာထဲမှဆွမ်းကျွေးအလှူတခုသို့ ကပ္ပိရ ကြီး ဦးဖြူသီး….ရောက်လာသည်….. ….အလှူ့ရှင်ချကျွေးသမျှ တဝတပြဲစားလေသည်….ကပ္ပိရ ဦးဖြူသီးမှာ အသက်၅၀ကျော် ဝဝဖိုင့်ဖိုင့် ဖြူဖြူဖွေးဖွေးကြီးဖြစ်သည်……..ကောင်းလိုက်တဲ့ လက္ဘက်သုတ်…. …..နောက်တပွဲလောက် ချပါဦးဟ… ….စားလို့ကောင်းလွန်းလို့ပါဟ….. ….အမလေးဦးဖြူသီရယ်….ချပါပြီတော်… …ကျွန်မတို့ကလဲ အဲ့လို စားနိုင်သောက်နိုင်တဲ့ သူကိုကျွေးရတာ ပျော်လဲပျော်တယ်…အားလဲရှိတယ်……. …..ဒီအချိန်မှာ……. …..ဟင်း….ဟင်းး…. ….သိပ်လဲပျော်မနေနဲ့ ငိုဘို့လေးလဲ သတိရကြဦး….ဖြူသီးဆိုတဲ့ ကပ္ပိရကြီးက ဒီညဘဲ အဆီပိတ်ပြီး သေတော့မဲ့ မသာလောင်းကြီးဘဲဗျို့ …….

ဟာ…ဟယ်…..အို….. ….အမလေး….ကံ….ကံကြီး…… ………တောက်….. ….ကံကြီး……မင်းလားကွ ငါ့ကိုမသာလောင်းကြီးလို့ပြောတယ်…. …ကဲကွာ…..ဝှီး……ဘုံး…… …..အားး….ပူတယ်…ပူတယ်……. …..ကပ္ပိရကြီးဖြူသီး ဒေါသတကြီးဖြင့်ကောက်ပေါက်လိုက်သော ရေနွေးအိုးက ကံကြီး၏ရင်ဘက်ကို မှန်ပြီး ရင်ဘက်တခုလုံးရေနွေးပူများလောင်ကုန်ရာ……ကံကြီးတယောက် အော်ပြီး ထွက်ပြေးသွားလေတော့သည်……. …..မှတ်ထားကွ ကံကြီး….. ….ငါဆိုတဲ့အကောင်က မင်းခြောက်တိုင်းကြောက်မဲ့လူထဲမှာမပါဘူး….ကွ…. ….ဒီတခါ မင်းရွာထဲကိုဝင်လာရင် အသေသက်ပြမယ်……..ဟားးး…..ဟားး…ဟားး… ………..ဦးဖြူသီးရဲ့အားရပါးရ ရယ်သံဟာ သူ့ဘဝအတွက် နောက်ဆုံးရယ်မောခြင်းဆိုတာတော့ ကပ္ပိရကြီးဖြူသီး တယောက် မသိနိုင်ခဲ့ပါ…….. ……အဲ့ဒီနေ့ ညနေမှာဘဲ ဦးဖြူသီးတယောက် ဝက်သားနဲ့ ထမင်းစားနေရင်း အာရုံကြောပျက်ကာ နောက်သို့လန်ကျပြီး သေဆုံးသွားပါလေတော့သည်…….. …………. …………..ကံကြီး…. …ဟေ…ဘာလဲ ထော်ကြီး……ပြောလေ… …..ငါမေးစရာရှိလို့ ….

စိတ်တော့မဆိုးနဲ့နော်….. …..ရော်…..အချင်းချင်းတွေဘဲ….မေး….ဘာမေးမလို့လဲ….. ……ခုဆိုရင် မင်းပါးစပ်ကပြောလိုက်တိုင်း လူတွေသေ သေနေတဲ့အကြောင်းလေ…. …..သြော်….. …မင်းကဘယ်လုပ်ပြီး သူတို့သေမှာကိုကြိုသိတာလဲ…… ……ကံကောင်း၏အဖြေကို တောက်တိုနှင့်ဂျအေး ပါ စိတ်ဝင်တစား နားထောင်နေသည်…. …..ဒါကတော့ ငါလဲမစဉ်းစားတတ်ဘူး….. …..လူတယောက်သေတော့မယ်ဆိုရင် ငါ့စိတ်ကအလိုလိုသိနေတာ…..ဘယ်လိုဘယ်ပုံသေမယ်ဆိုတာကအစ ငါ့မျက်စိထဲ ကြိုမြင်နေတယ်. …..အင်း….ငါနေတာကလဲ သချိုင်း မှာဆိုတော့ အပ လောကသားတွေနဲ့လဲ ရင်းနှီးနေတယ်…… ညတိုင်းသူတို့နဲ့စကားပြောဖြစ်တယ်……. …….ဟေ……အမလေး…..တကယ်လားကံကြီး… …တကယ်ပေါ့ဟ….. …တစ္ဆေ သရဲကို မင်းမြင်ရလား…… …ဟ….မြင်ရလို့ စကားပြောတာပေါ့ကွ….. …..ဒါဆို…..ငါတို့ကြည့်ချင်ရင် မင်းပြပေးလို့ရလား….. …….ဟ…… သိပ်ရတာပေါ့…..

မင်းတို့ကို ဘာမလုပ်စေရဘူး….ညကြငါ့တဲကိုလာခဲ့…….ဟုပ်ပြီလား… ……. …….ထော်ကြီး တောက်တိုနဲ့ ဂျအေးတို့ တယောက်မျက်နှာတယောက်ကြည့်လိုက်ပြီး… ……ခေါင်းညိမ့် သဘောတူလိုက်ပြီး…. ….ငါတို့ ဘာယူလာရဦးမလဲ………ကံကြီး…. ….အမဲသား၁ပိသာလောက်ဆိုရပြီ….. …..ကောင်းပြီလေ….ယူလာခဲ့မယ်…… …… ……ညနေပိုင်းရောက်တော့ ထော်ကြီး…တောက်တို့နဲ့ဂျအေး တို့၃ယောက် အမဲသား တပိသာကို ဖက်နဲ့ထုတ်ပြီးယူလာသည်…. ….ညဦးပိုင်းတော့ အပိုယူလာသော အမဲသားကိုချက်ပြီး အရက်နဲ့ မြည်းကြသည်…. ….ည၁၂နာရီ ခန့်ရောက်သောအခါ….အားလုံးမူးနေကြပြီ…. …..ကံကြီး….. ….မင်းသရဲဆိုတာ ပြတော့လေကွာ….. ….အေးပါဟ……. ….နေဦး…..အမဲသားတွေ အရင် စဉ်း ဦးမယ်….. …..ကံကြီးဟာ အမဲသား တပိသာတွဲကို ဓားဖြင့် ခက်တန်တန် အတုံးများရအောင် အနေတော်စဉ်းလိုက်သည်…..စဉ်းပြီးသောအခါ အမဲသားတုံးများကို အုတ်ဂူတွေပေါ်မှာ တတုံးချင်းလိုက်တင်လိုက်သည်…… …..တင်ပြီးသောအခါ…… …..ကိုင်း…. …ငါ့အပေါင်းအသင်းတွေရေ…..

ဒီမှာ ငါ့သူငယ်ချင်း၃ယောက်က မင်းတို့ကို မြင်ဖူးချင်လို့တဲ့……..ပြပေးလိုက်ကြစမ်း….. …..မင်းတို့ ပုံစံကို ကြီးနိုင်သမျှကြီးအောင် လုပ်ပြလိုက်ကြ…..ပြပြီးရင် ဂူပေါ်မှာ အမဲသာတတုံးစီတင်ထား တယ် ယူစားလိုက်ကြ……… ……..ကံကြီးရဲ့စကားကြောင့် ထော်ကြီးတို့ သုံးယောက် အမူးပြေပြီး ခေါင်းများပွလာသည်….. …….. ……..ဖျော….ဖျော……..ဖရော……ဖရော……. ….ကဲ….ထော်ကြီး….ဟိုဂူပေါ် ကြည့်လိုက်စမ်း…. ……ဟင်…..အမလေး….. …ဖြူဖြူကောင်ပြီး မျက်နှာချွန်းချွန်း ပါးစပ်ကြီးက တတောင်လောက်ပျဲနေပြီး လျှာတန်းလန်းကြီးက ရင်ဘက်ကိုထောက်နေသည်…… ……. …….ကိုင်း ဒီဘက်သစ်ပင်အောက်မှာ တကောင် ကြည့်ကြဦး…… …..ဝိုး…..နဲ…နဲ…တာကြီးမဟုပ်ဘူး…. ….ပေ၂၀အမြင့်ရှိသော ထနောင်းပင်၏ ကိုင်းကို လက်တင်ကာ ခါးထောက်ရပ်နေသည့် မဲမဲကောင်ကြီး….သူ့ရဲ့မျက်လုံးက လင်ပန်းအလတ်စားလောက်ရှိပြီးပြဒါးလိုရဲနေသည်…… …နားရွက်ကြီးနှစ်ညက်က မြေကြီးသို့ထောက်ကျနေတဲ့အထိ ကြီးမားရှည်လျားလှသည်…. ….ဟကောင်တွေ အဲ့ဒါ ပရလောကထဲမှာ အကြီးဆုံး သဘက် ဆိုတာဘဲ…..ဟေ….. …….ဟို ….သင်္ချိုင်း အလယ်က ဆီးပင်ကိုကြည့်လိုက်စမ်း……. ……ဟင်….. …..သေးသေးလေး…… ……

ဇီးပင်ပေါ် တက်လိုက် ဆင်းလိုက် ဂျွမ်းထိုးလိုက် ခုန်ချလိုက်နှင့် တပေသာသာ အကောင်လေးများ……သူတို့ရဲ့ပါးစပ်ကတော့ ရဲတွတ်နေသည်……. ……အေး…… …အဲ့ဒါ ပရလောကသားတွေထဲမှာ အသေးဆုံး မှင်စာဆိုတာဘဲ………. ……ကိုင်း ….ဟကောင် ၃ကောင်…. ….တစ္ဆေ သရဲ သဘက် မှင်စာ တကယ်ရှိတယ်ဆိုတာ ယုံပြီလား…… ……အေး…..အေး….ပါကွာ…..ယုံ…..ယုံပါပြီ…. …….ဟာ….ကံကြီး….မင်းကောင်ကြီးတွေ ငါတို့ဆီလာ……လာ…..နေပြီ………ကြောက်…..ကြောက်…..တယ်….. ……တောက်တိုနဲ့ဂျအေး……ပြေးကြစို့……. …..ထော်ကြီးတို့၃ယောက် သင်္ချိုင်း အပြင်သို့ … ….ခြေကုန်သုတ်ပြေးထွက်ကုန်ကြသည်….. …..ကံကြီးတားပေမဲ့ မရတော့ချေ. …. ……… ……….တနေ့သောအခါ…… ….ကံကြီးတယောက် ….ညနေပိုင်းထမင်းစားပြီးသောအခါ…..သူထိုင်နေကျ အုတ်ဂူပေါ်တွင် ဆေးလိပ်တလိပ်ဖွာပြီး ဇိမ်ခံလျှက်ရှိနေတော့သည်…..

ဒီအချိန်မှာ…. ……. …….ဒကာလေး…… ……ဟင်…. ….ကံကြီးအသံကြားသဖြင့်လှည့်ကြည့်လိုက်သည်….ဘုန်းကြီးအိုကြီးတပါး….. …..ဘာကိစ္စလဲ ဘုန်းကြီး…… ….ဘုန်းကြီးကိုတွေ့သော်လဲ ရှိခိုးရမှန်းမသိ…. ….ဘုန်းကြီးမပြောနဲ့ ဘုရားတောင် တခါမှ ကံကြီး မရှိခိုးဘူး…..သူ့မွေးစားမိဘ ရှိခိုးနေသည်ကိုပင် အပိုအလုပ်ဟု သတ်မှတ်ထားလေသည်……. …….ခု ကြည့်…… ….ဘာကိစ္စလဲ ဘုန်းကြီး…. …..ဘုန်းကြီး ဒီသင်္ချိုင်းမှာ အဓိဌာန် တရားထိုင်ပြီး သုသာန်ဒူတင်ဆောင်ချင်လို့ ဒကာလေး…. ……ဒါများ….နေနိုင်ရင်နေပေါ့ဗျာ….. ….ဟင်း..ဟင်း…ဒါပေမဲ့ တခုတော့ကြိုပြောထားမယ်….ဒီသင်္ချိုင်းက နဲနဲတော့ ကြမ်းတယ်နော်…. …..ကိစ္စမရှိပါဘူး ဒကာလေး…… ….သူတို့ကြောင့်ဘုန်းကြီးအတွက်အနှောက်အယှက်မဖြစ်နိုင်ပါဘူး…… …..တောက်…..

….ဒီဘုန်းကြီးတော့…..စကားပြောတာအကျောကြီးနဲ့……တွေ့ကြသေးတာပေါ့………ဟင်း…ဟင်းး…… …..ကောင်းပြီလေ….ကြိုက်တဲ့နေရာမှာနေနိုင်တယ် ဘုန်းကြီး….. …..ဆွမ်းကွမ်း ကိစ္စတော့ ကျုပ်တို့တာဝန်မယူဘူးနော်…..တခါထဲ အပြတ်ပြောထားတာ…. …ရပါတယ်ဒကာ ….ဘုန်းကြီး ကို့ဆွမ်းကိုခံစားမှာပါ.. ……. …………….. …..ဟယ် ကိုဗျော့… …သင်္ချိုးထဲမှာ ဘုန်းကြီးတပါး တရားအားထုတ်နေတယ်တော့…. …..ဟေ….. ….ဘယ်မလဲ မယ်ပိန်…. …..ဂူတလုံးပေါ်မှာရှင့်….. ….မနက်ပိုင်းစောစောဆီးဆီးအချိန်မှာ ရဟန်းတပါးအား သင်္ချိုင်း ဂူတလုံးပေါ်တွင်တရားထိုင်နေတာ မြင်လိုက်ရသဖြင့် သုဘရာဇာဗျော့ကြီးလင်မယား…အံ့သြသွားရလေသည်….. ……နှစ်ဦးသား ဘုန်းကြီးနားသို့ လက်အုပ်ချီသွားပြီး…ဝတ်ကြီးဝတ်ငယ်ဖြည့်ကာ ဘုန်းကြီးတရားဖြုတ်သည့်အချိန်ကိုစောင့်နေလေသည်…… ……များမကြာခင်ဘဲ ဂူပေါ်တွင်တရားထိုင်နေသော ဘုန်းကြီး မှာ တရားဖြုတ်ပြီး မျက်စိဖွင့်ကြည့်လိုက်သည်….

……. …….ဒကာကြီးနဲ့ ဒါယိကာမကြီးက ဘယ်သူတွေလဲကွဲ့……. ……တင်ပါ့ဘုရား…..ဒီသင်္ချိုင်းမှာနေတဲ့ သုဘရာဇာဗျော့ကြီးနဲ့ တပည့်တော်ရဲ့အမျိုးသမီး မပိန်ပါဘုရား…… ……သြော်…..ကောင်းပါပြီဒကာကြီးနဲ့ဒါယ်ိကာမကြီး…..ဘုန်းကြီးက သုသာန် တွေမှာလှည့်လည်ပြီး သုသာန် ဒူတင်ကျင့်နေတဲ့ ဘုန်းကြီးတဦးပါ…..ဘွဲ့နာမည်က မဏ္ဏိတ ပါ……… …….တင်ပါ့ဘုရား….. ….ဒါနဲ့….ယနေ့မနက်အာရုံဆွမ်းကိစ္စရော ပြီးမြောက်ပါပြီလားဘုရား…… …..မပြီးမြောက်သေးပါ ဒကာကြီး….. …..ဒါဖြင့် ခေတ္တ သီးခံပါဦးဘုရား…. …..လင်မယားနှစ်ယောက်ဟာ သူတို့စားမည့်မနက်စာကို ပြန်ယူပြီး ဘုန်းကြီးအားအာရုံဆွမ်းအဖြစ်ကပ်လိုက်သည်…. …….တပည့်တော်တို့လင်မယားဘဝက ဆင်းရဲနွမ်းပါးလွန်းပါတယ်ဘုရား….ဒါ့ကြောင့် တပည့်တော်တို့ စားနေကျ ထမင်းဟင်းကို ဆွမ်းအဖြစ် သီးခံပြီး ဘုန်းပေးတော်မူပါ အရှင်ဘုရား……. ……သာဓု….သာဓု……သာဓု….. ………. …………

ဘုန်းကြီးအားဆွမ်းကပ်ပြီးသောအခါ….. …….ကံကြီးအိပ်ယာမှနိုးလာသည်…… …..အဖေနဲ့အမေ ထမင်းစားရအောင်ဗျာ… …..ကျုပ်ဗိုက်ဆာပြီ…. …..စားလေသား…..စားပွဲပေါ်မှာ ထမင်းရောဟင်းရောရှိတယ်….. …..အဖေတို့ကရော…. …..မစားတော့ဘူးသား…… …..ဟင်….ဘာဖြစ်လို့လဲ…. ….အဖေတို့စမဲ့မနက်စာကို တရားကျင့်နေတဲ့ ဘုန်းကြီးကို အာရုံဆွမ်းကပ်လိုက်ပြီ….. …….ဘာဗ်…. …..ခင်ဗျားတို့ဗျာ…..ကို့ဝမ်းကိုယ်အငက်ခံပြီးများ ဒီဂတုံးကို သွားလှူရတယ်လို့….. …..အို….သား…..အဲ့လိုမပြောရဘူးလေကွယ်…. …..သား ငရဲရမယ်နော်….. ….ဘာဗျ….ဘယ်ကငရဲလဲ… ….ခင်ဗျားတို့မြင်ဖူးလို့လား…… …….တောက်…… …..ဒီဂတုံး ဒီညတွေ့မယ်…..ဒီည ဒီဂတုံးသေကိုသေရမယ်……… …..အမလေး….သား….. …..မပြောပါနဲ့သားရယ်….. …..ပြောတယ်ဗျာ……မယုံရင်ခင်ဗျားတို့စောင့်ကြည့်…….တောက်……. …..ကံကြီးတယောက် တောက်ပြင်းပြင်း တချက်ခေါက်ပြီး တဲပေါ်မှခုန်ချဆင်းသွားလေတော့သည်…

… …………… ……………..ညနေပိုင်း မှောင်ရီးပျိုးစအချိန်ရောက်တော့ အမဲသား၂တွဲကိုဆွဲပြီး ကံကြီးပြန်ရောက်လာသည်……. ……တရားထိုင်နေသော ဘုန်းကြီးဟာ….ဂူတလုံးပေါ်တွင် ငြိမ်သပ်စွာထိုင်ပြီး တရားမှတ်နေလျှက်ရှိပေသည်……. …….ကံကြီးတယောက် အမဲသားများကို ပုံးတလုံးအတွင်းသို့တုံးပြီး ထည့်နေရင်း သန်းကောင်ရောက်တဲ့အချိန်ထိစောင့်နေလိုက်သည်……… ……….စောင့်ရင်း စောင့်ရင်း သန်းကောင်သို့ ရောက်လာလေပြီ…… …..ကံကြီဟာ ပုံးထဲမှ အမဲသားတစ်များကို တရားထိုင်နေသော ဘုန်းကြီးရှိသည့် ဂူပါတ်ပါတ်လည်သို့ ပစ်ချလိုသည်…….. ……အမဲသားတစ်များကုန်သွားသောအခါ….. ……ဟေ့……. …..ငါ့အကောင်တွေ ဒီမှာ မင်းတို့အတွက်အမဲသားတွေ ဟေ့…..လာစားကြချေ…….. ……အေး….စားပြီးတာနဲ့ ဂူပေါ်မှာထိုင်နေတဲ့…

…ဂတုံကောင်ကို ဂုတ်ချိုးသက်ကြစမ်းဟေ့….. ….. ……..ကံကြီးစကားဆုံးသည်နှင့် အရပ်မျက်နှာအဘက် ဘက်မှာ မျက်လုံးနီကြီးများနှင့် မဲမဲအကောင်ကြီးများရောက်လာကာ အမဲသားများကို အလုအယက် စားကြသည်…. …..အမဲသားများစားပြီးသော အခါ ဂူပေါ်မှ ဘုန်းကြီးကို ဆွဲချပြီး ဂုတ်ချိုးသက်ရန် အနာသို့ကပ်လာစဉ်……. ……ဝုန်း…….အူး…….ဂူး…….ဂါး…….. ……ဖြောင်း….ဗြောင်း…….ဖောင်း………. ……အမည်မသိသော ဖြူဖြူကောင်ကြီးတကောင် ပေါ်လာပြီး မဲမဲ ကောင် တစ္ဆေ ကြီးများအား တင်းပုတ် ကြီးနဲ့ လိုက်ထုပါလေတော့သည်….. ……..မဲမဲကောင် တစ္ဆေ ကြီးများဟာ ဖြူဖြူကောင်မြေဖုတ်ဘီလူးကြီး၏ တင်းပုတ်နှင့်လိုက်ထုသည့် ဒဏ်ကို မခံနိုင်တော့ဘဲ ဒရောသောပါး ထွက်ပြေးကုန်ကြသည်………. ………. …………ကံကြီး တယောက် ထိုအဖြစ်ကိုကြည့်ပြီး…မျက်လုံးပြူးသွားသည်.. …တစ္ဆေ ကောင်ကြီးများပြေးသွားသည်နှင့်… …မြေဖုတ်ဘီလူးကြီးလဲပျောက်ကွယ်သွားလေတော့သည်……… ……… ………..တောက်…… ….ဒင်းက အကောင်အစောင့်ထားတယ်ပေါ့….. …..ရတယ်……ကံကြီးကွ…….

….ဒီဂတုံးကို ငါကိုင်ယ်တိုင်ရိုက်သက်မယ်…. ….ကံကြီးတယောက် ပြေးသွားပြီး လမ်းမှာတွေ့သော တုတ်တချောင်းကို ကောက်ယူလိုက်သည်……. ……ဟင်…… ….ဖြီးးးရွှီ….ဖောက်……… …..အားးး…… ….ကံကြီးကောက်ယူလိုက်သောအရာမှာ သူထင်သလိုတုတ်တချောင်းမဟုပ်ဘဲ……. …အဆိတ်အရမ်းပြင်းသော တောကြီးမြွေဟောက်တကောင်ဖြစ်သည်……မြွေဟောက်ကြီးဟာ ဒေါသတကြီးနဲ့ ကံကြီး၏လက်မောင်းကို ပေါက်ချလိုက်သည်……. ……ဟင်….ဒင်းကငါ့ကိုကိုက်တယ်ပေါ့……

…..ကိုင်းကွာ….ကိုင်းကွာ…. ….ဖုန်း…ဖုန်း…… …ကံကြီးကလဲ လက်ထဲကမြွေကြီးကိုမလွှတ်ဘဲ မြေကြီးနှင့် ကိုင်ရိုက်ပြီးသက်လိုက်သည်…… …..မြွေကြီးကို ကိုင်ရိုက်သက်ပြီးနောက်….. ……ကံကြီးတယောက် မြွေဆိတ်တက်ပြီး မျက်စိများပြာလာကာ တရားထိုင်နေသောဘုန်းကြီးရှိရာဂူရှေ့သို့ပစ်လဲသွားသည်… ပါးစပ်မှအမြုံ့များ တပွက်ပွက်ထွက်နေချေပြီ….. ……လူတကိုယ်လုံးတုန်ခါနေပြီး သေငယ်ဇောမျောနေတော့သည်……. ……သည်အချိန်မှာ တရားထိုင်နေသော ဘုန်းကြီးဟာ မျက်စိဖွင့်လာပြီး……. ……… ………သြော်……ကံကြီး…..ကံကြီး….. ….ဘဝတလျှောက်လုံး မကောင်းမှုဒုစရိုက်တွေကိုဘဲ လုပ်လာခဲ့တာ ခုတော့ သူ့မိုက်ဇာတ်သူသိမ်းသွားပါပေါ့လား……. ….အင်း…..သတ္တာဝါတခုကံတခု သပေသတ္တာကာမသကာ ဘဲလေ…..အနိစ္စ….ဒုက္ခ.. ..အနတ္တ…..ဘုရား…..ဘုရား………… ………… …………. …….မ……ခေါ်နဲ့………မလိုက်ဘူး……….ငါ့ကိုမခေါ်ကြနဲ့…….ငါ့ကိုမဆွဲကြနဲ့…….အား……ကယ်ကြပါ……….အားးး…. ………. ……သေငယ်ဇောမျောပြီး ဗလုံးဗထွေးနဲ့အော်နေတဲ့ ကံကြီးရဲ့ အသံနက်ကြီးဟာ……မကြခင် ပျောက်ကွယ်သွားသလို……ညဟာလဲမကြာခင်တိတ်ဆိတ်ငြိမ်သပ် သွားပါလေတော့သတည်း…. ပြီးပါပြီ။။

ရေးသားသူ- မောင်ဂါ်လီ(ဟင်္သာတ) #crd

Be the first to comment

Leave a Reply

Your email address will not be published.


*