” လူကဖြစ်သောမျောက် “📖📖📖(စ/ဆုံး) *

” လူကဖြစ်သောမျောက် “📖📖📖(စ/ဆုံး) *

ဝါမွေတောင်တန်းကြီးကို ရစ်ပတ်စီးဆင်းလာခဲ့သောနန်းပန်ဝါချောင်း ကြီးကလည်း အိန္ဒိယ-မြန်မာ နယ်ခြားရာအဖြစ် အထင်အရှား သတ်မှတ် ထားပေသည်။ရှမ်း – မြန်မာအခေါ် လက်ခပ်တောင်ခိုးနှင့် ဝါဒမွေတောင် တန်းကြီးကို ရစ်ပတ်၍ စီးဆင်းနေသော နန်းပန်ဝါချောင်း၏ လက်ဝဲဘက် ကမ်းသည် မြန်မာပိုင်နယ်မြေအဖြစ် ထင်ရှားပေါ်ပေါက်နေ၏။ ထိုအရပ်ဒေသတွင် ခေါင်ဆယ် ချင်းလူမျိုး အများအပြား နေထိုင်လျက် ရှိရာ ဟော်မွန်အမည်ရှိ ခေါင်ဆယ်ချင်းရွာကလေးမှာ မြန်မာနယ်မြေအဖြစ် ထင်ရှားအောင် သရုပ်ဆောင်လျက်ရှိ၏။ ဟော်မွန်းရွာကလေးမှာ နန်းပန်ဝါချောင်း၏ လက်ဝဲဘက်ကမ်းတွင် တည်ရှိလေရာ ငါမွေတောင်တန်းနှင့် (၁၀)မိုင်ခန့် ကွာဝေးလေသည်။ ဟော်မွန်းရွာသားတို့မှာအများအားဖြင့်တောင်သူယာခုတ်ဆင်းရဲ သားများ ဖြစ်ကြ၏။

ချင်းလူမျိုး ကိုထော်ရိုက်နှင့် မသဲပွန်တို့ လင်မယားမှာ ဝါပွေတောင်ခြေရိုးတစ်လျှောက်တွင် ကိုယ်ပိုင်လှည်းနွားကလေးဖြင့် ထင်း ခုတ်၍ထင်းရောင်းသောအလုပ်ဖြင့် အသက်မွေးကြသူများ ဖြစ်လေသည်။ သားသမီးမရှိ၊ လင်ကိုယ်မယားနှစ်ယောက် တစ်နွေနှင့် တစ်ဆောင်း တွင်းလုံး၊ ပါမွေတောင်ခြေရိုးတစ်လျှောက်မှ တောထင်းရိုင်းများကို ခုတ်၍ ဖြတ်တောက် ကာ ပြုပြင်ပြီး အလှမ်းကွာသောမြို့ပေါ်သို့တက်၍ ရောင်းချ လေ့ရှိ၏။ တောင်ခြေမှ ရသမျှ တောထင်းရိုင်းများကို အိမ်တွင် အသင့်ဖြတ် တောက် စုဆောင်း၍လည်းထားရသေး၏။ နွေအကုန် မိုးကျသောအခါများ တွင် ထင်းဈေးမှာ ပို၍ကောင်းတတ်သဖြင့် တစ်နွေတစ်ဆောင်း သိုလှောင် စုဆောင်းထားသော ထင်းများမှာ ကိုထော်ရိုက်တို့လင်မယားအား တစ်မိုးတွင်းလုံးအေးအေးဆေးဆေးထိုင်စားနိုင်၏။

မသဲမွန်တွင် (၂)လကျော်နေပြီဖြစ်သော ကိုယ်ဝန်မှာ ယခုအကြိမ်ပါ ဆိုလျှင်တတိယအကြိမ်မြောက်ဖြစ်၍ယခင်ကနှစ်ကြိမ်တိုင်တိုင် ကိုယ်ဝန် ရှိ၍ကလေးနှစ်ယောက် မွေးဖွားခဲ့ဖူးသော်လည်းအဖတ်မတင်ခဲ့ပေ။ ဒါကြောင့်ပင် ကိုထော်ရိုက်ရာ မသဲမွန်ပါ သားသမီး အဖတ် မတင်ခဲ့ဘူး သဖြင့် ယခုအကြိမ် မသဲမွန်၏ ကိုယ်ဝန်အား လင်မယားနှစ်ယောက်လုံး အရိပ်တကြည့်ကြည့်ရှိခဲ့ပေသည်။ ပို၍ကဲသည်မှာ ကိုထော်ရိုက်ပင် ဖြစ်၏။ ကိုထော်ရိုက်သည် ကလေးအလွန်လိုချင်နေသူဖြစ်သောကြောင့်မသဲမွန်၏တတိယ အကြိမ်မြောက် မွေးဖွားမည့်ကလေးအတွက် ကြိုတင်၍ ဆေးဝါးများ မှာပြီး မီးတွင်းသုံးရန် အသုံးအဆောင်ပါမကျန် ရှာဖွေစုဆောင်း၍ မသဲမွန်၏ဗိုက်ကို မျက်ခြည် ပြတ်မခံအောင် ဂရုစိုက်လေ၏။

မပြင်ရသေးသော ကလေးငယ်အတွက် လင်မယားနှစ်ယောက် စိတ် ကူးဖြင့်လည်း ကြည်နူး၍ရူးခဲ့ကြသေး၏။ မိုးဦးကျခါနီးပြီဖြစ်၍ ကိုထော်ရိုက်သည် တောင်ခြေမှ ထင်းကလေးရ သမျှတစ်ခေါက်နှစ်ခေါက်တိုက်ထားရန်ပြင်ဆင်ရပေသည်။ မသဲမွန်ကလည်း ကိုယ်ဝန်ကြီးနှင့်ဖြစ်လင့်ကစား နံနက်စောစော ထင်း ခုတ်သွားရာတွင် လိုအပ်သည်တို့ကို ကူညီလုပ်ကိုင်ပေးနေရုံ မက ကိုသော် ရိုက်နှင့် ထင်းခုတ်ထင်းတိုက်ရာတွင် လိုက်ပါကူညီရန်လည်း အသင့်ပြင်ရ သေး။ ကိုထော်ရိုက်သည် နွားစာစင်းပြီး၍ ထင်းခုတ်ဓားမကြီး နှစ်ချောင်းကို သွေးရင်းမသဲမွန်၏ကိုယ်ဝန်အကြောင်းကို တွေးနေ၏။ (၂)လဆိုသည်မှာ မွေးဖွားရန် ဝေးကွာသေးသော်လည်း မိုးအကျနှင့် မွေးဖွားမည့်အချိန်တိုက်ဆိုင်ကြုံကြိုက်၍လည်းဝမ်းသာရသေး၏။

မသဲပွန်ပီးဖွားရေးအတွက်သက်သက်မဲ့ အလုပ်နားရန် မလိုတော့ပေ။ မိုးတွင်းဆိုလျှင် သူတို့အလုပ်က နားရမြဲဖြစ်၏။ ထန်းရွက်တဲအတွင်းမှ အသင့်ဖြတ်ပြီး ထင်းပုံကြီးကိုကြည့်၍လည်းပီတိဖြစ်မိ၏။ ကိုထော်ရိုက်သည် သွေးထားသောဓားမနှစ်ချောင်းကို လှည်းဦးဓားမ ချပ်တွင် စိုက်လိုက်၏။ စင်းထားပြီးသောနွားစာများကို နွားစားကျင်းတွင် ထည့်၍ဇွဲနက်ပြီး နယ်၍ကျွေးလိုက်၏။ ကြိုးခွေကြီးနှစ်ခုနှင့်ပေါက်တူးတစ်လက်ကိုကောက်ရိုးများ တင်ထား သော လှည်းကပ်ပေါ်သို့ ပစ်တင်လိုက်သည်။ မသဲမွန်မှာလည်း ညစာအတွက် ချက်ပြုတ်ပြီး နံနက်စောစော တောင် ခြေသို့ယူရန် ဆတ်သားခြောက်ဟင်းအိုးကို မီးကြီးရဲရဲနှင့် နှပ်ထားလိုက် ၏။ ကိုထော်ရိုက် အလုပ်ပြီးလာသည်နှင့် အသင့်ခူးခပ်ထားသော ညစာ ထမင်းကိုလင်မယားနှစ်ယောက် မြိန်ရှက်စွာ စားသောက်ကြလေ၏။ လင်းခါနီးအချိန်သည်အမှောင်ဆုံးဟုဆိုသည့်အတိုင်းအရုဏ်မတက် မီအမှောင်ထုသည် တစ်ရွာလုံးအားလွှမ်းခြုံထား၏။

ကိုထော်ရိုက်သည် ရေနံဆီမီးခွက်ကို မုန့်သေတ္တာဘူးခွံတွင် ထည့်၍ နွားတင်းကုတ်ဆီသို့ ထွက်လာခဲ့၏။ ကိုထော်ရိုက်၏ နွားနီကြီးတစ်ရှဉ်း သည် မှောင်နှင့်မည်းမည်းတွင် ညနေက စားခဲ့သောအစာများကို စမြုံ့ပြန် နေကြသည်သူတို့၏သခင် ကိုထော်ရိုက်ဝင်လာသည်နှင့် နွားနီကြီးတစ်ရှဉ်းမှာ ဝပ် နေရာမှ ခေါင်းထောင်ပြီး မတ်တတ်ရပ် လိုက်ကြသည်။ ကိုထော်ရိုက်က လည်း သူ၏ စီးပွားဘက် နွားနီကြီး တစ်ဉ်းကို ယုယကြင်နာစွာ ကျောကို သပ်၍ ညကစင်းထားသော ပြောင်းရိုးများကို စားကျင်းသို့ ဖြည့်ပေးပြီး၊ လှည်းအိမ်ကိုထမ်းပိုးတုံး မှထုတ်ကာအိမ်ရှေ့သို့ရွှေ့လိုက်သည်။ လှည်းအိပ် ကိုလှည်းဦးမှလည်းဖေါက်ခွဲဖြင့် ထောက်ထားလိုက်၏။ ကိုထော်ရိုက်ကောင်းကင်သို့ မော့ကြည့်လိုက်သောအချိန်တွင် အ မှောင်ထုမှာ ခပ်ပါးပါးသာ ကျန်တော့၍ အရုဏ်တက်စပြုပေပြီ။ သို့သော် စနေထောင့်ဆီမှ အလိပ်လိပ်တက်လာနေသောမိုးသားတို့ မှာအလင်းရောင် ခပ်ပါးပါးကို ဖုံးလွမ်းစပြုပြီဖြစ်၏။ မီးဖိုထဲမှ မသဲမွန်သည်လည်း နှပ်ပြီးသား ထမင်းအိုးကို ဇလုံထဲသို့ ယောက်မနှင့်ယက်၍အားလုံးသတ်ရလိုက်၏။

တ်သားခြောက်ငရုတ်သီး စပ်စပ် ချက်ထားသောဟင်းကို ပန်းကန်လုံးထဲသို့ အကုန်ခပ်၍ ဇလုံထဲမှ ထမင်းများအလယ်တွင်ဖိ၍မြှုပ်လိုက်၏။ ခရမ်းချဉ်သီး လေးငါးလုံးကို ပြာပူတွင် အုံးထားရာမှ ဆယ်လိုက်ပြီး ငရုတ်ဆုံထဲထည့်၍ငရုတ်သီးနှင့်ခပ်ဖွဖွ ထောင်းလိုက်ပြီးဇလုံဘေးမှထမင်းများကိုယက်၍မြှုပ်လိုက်ပြန်၏။ ပို့မောက်ကြွတက်နေသော ထမင်းဇလုံပေါ်သို့ ဇလုံတစ်လုံးမှောက်၍ ဖုံးလိုက်ပြီး ထမင်းထုပ်သည့် ဖျဉ်စဖြင့် အဝတ်လေးဖက်စကို တင်းနေ အောင်ဆွဲ၍ ချည်လိုက်သည်။ ဆက်လက်၍ ရေဘူးတွင် ရေဖြည့်ပြီး၊ ထမင်းထုပ်နှင့် ရေဘူးကိုယူ၍ အိမ်ရှေ့သို့ထွက်လာခဲ့သည်။ ကိုထော်ရိုက်သည် မသဲမွန်ကို လှမ်းကြည့်ပြီး – “ခပ်သုတ်သုတ်လုပ်ဟေ့၊ မိုးက စိတ်မချရဘူး၊ တောင်အတက် မိုးနဲ့တွေ့နေမယ်” ဟုအော်ပြောလိုက်သည်။ မသဲမွန်ကလည်း “ပြီးပါပြီတော်၊လှည်းသာ ကောက်ပါတော့” ဟု ပြန်ပြောရင်း ထမင်းထုပ်ကို လှည်းပေါ်သို့ လှမ်းတင်လိုက်လေသည်။ “မိုးနဲ့လေနဲ့ မင်းကလည်း မပေါ့မပါးနဲ့၊ မလိုက်စေချင်ဘူးကွာ” ကိုထော်ရိုက်သည် နွားနှစ်ကောင်ကို ဆွဲလာရင်း ပသဲမွန်ကို မလိုက် စေလိုသောဆန္ဒဖြင့် ကန့်ကွက်လိုက်၏။

မသဲမွန်က ရေဖြည့်ထားသောရေဘူးကို ဓားမရပ်တွင် ချိတ်လိုက်ပြီး “အို-ကိုထော်ရိုက်နှယ်၊ လင်သွား မယားပါပေါ့တော့ မပေါ့မပါးနဲ့ လည်း ဘာဖြစ်လဲ၊ ဒီလို လူတကာတွေလည်းလုပ်ကိုင်စားနေကြတာပဲ…” “ဒါတော့ … ဒါပေါ့.. မိုးရွာရင် ကိစ္စမရှိဘူး၊ မတော်လို့ မိုးရွာလာရင် တောင်တက်တောင်ဆင်းမှာ လှည်းကဆောင့်ပါဘိနဲ့မို့ပါဟ..” “ကိစ္စမရှိပါဘူးတော်၊ မနက်ပိုး ရေဘူးဆောင်တဲ့၊ အဆိုတောင် ရှိသေး တယ်၊ မနက်စောစော ရွာတဲ့မိုးဟာတစ်နေ့လုံး နေပူတတ်သတဲ့ ….” “ကိုင်း … ဒါဖြင့်လည်း တက်တက် … နေမြင့်နေမယ်၊ သွားကြစို့” ဟုပြောပြီး..ကိုထော်ရိုက်သည် နွားစားကြိုးကိုလျှော့၍ နှင်တံကို မြှောက်လိုက်လျှင် နွားနီကြီးတစ်စဉ်းသည် အချက်ကျကျဆွဲသွားလ တော့သည်။ မြင့်မားမတ်စောက်သော ဝါမွေတောင်တန်း၏ ဆင်ခြေလျှော တောင် ခြေတစ်ဝိုက်တွင် ခုတ်မကုန်သော သစ်ရာ၊ အင်ကြင်း၊ ပျဉ်းကတိုးနှင့် သန်း၊ ဒဟတ်ပင်တို့ ထူထပ်စွာ ပေါက်ရောက်လျက်ရှိပေသည်။ ထင်းပင်ပေါသော တောင်ခြေတစ်နေရာတွင် လှည်းကိုချွတ်၍ သစ်ရာ ပင်ကြီးအောက်တွင် ကိုထော်ရိုက်တို့ စ,တည်းချကြလေ၏။

လှည်းချွတ်၍ နွားများကို မြေညီသော သစ်ပင်ရိပ်တွင် လှန်ထားပြီး၊ လှည်းပေါ်မှ ကောက်ရိုးများကိုရ၍ကျွေးလိုက်၏။ မသဲမွန်က ထုံးစံအတိုင်း သစ်ပင်ရိပ်တွင် မီးမွှေး၍ရေနွေးအိုးတည်ရန် ပြင်ဆင်ရလေ၏။ “ဟောတော့-ကိုထော်ရိုက်တို့ .. လုပ်လိုက်မှဖြင့်လေ – အရေးတကြီးချည့်ပဲ….” “ဘာများလဲဟ – သဲမွန်ရ – “ဘာရမလဲတော့ – တော် – အရေးတကြီးလုပ်တာနဲ့ ရေနွေးအိုးမေ့ ထားခဲ့ပြီ….” “ထားလည်း ရေဘူးပါသားပဲဟာ၊ နေပေ့စေ-ရေနွေး ပတည်နဲ့တော့” ဟုပြောပြီး ကိုထော်ရိုက်သည် ဓားမတစ်ချောင်းဖြင့် တောစပ်သို့ဝင်၍ ထင်းခုတ် စ.လေ၏။ မသဲမွန်ကလည်း ကိုထော်ရိုက် ခုတ်၍ရသမျှ ထင်းတို့ကိုရွက်၍လည်း ဆီသို့ သယ်ပေးရ၏။ ပြီးတန်သမျှပြီးအောင် လှည်းပေါ်သို့ တင်နိုင်သရွေ့ လည်းတင်ပေးထား၏။ နေအတော်မြင့်သောအခါ ခေတ္တနား၍လင်မယားနှစ်ယောက် ထမင်း ထုပ်ကိုဖြေ၍စားကြလေ၏။ အိမ်က မထွက်မီက မသဲမွန်ပြောသကဲ့သို့ နံနက်မိုး ရေဘူးဆောင်ဆို သည့်အတိုင်း တစ်နေ့လုံး နေပူ၍ နံနက်က မိုးသားမိုးရိပ်တို့မှာ ဘယ်ဆီ လွင့်သွားလေသည်မသိတော့ပေ။

နေ့လယ်ပိုင်း ခေတ္တအနားယူပြီး ကိုထော်ရိုက် တောတစ်ခါပြန်ဝင် သောအခါတွင်မူ ရုတ်တရက် နေလုံးပျောက်၍ နံနက်ကလောက် မများ သော်လည်း မိုးသားကလေး ခပ်ပါးပါးတက်လာသဖြင့် မိုးအုံ့အုံ့နှင့် ကိုထော် ရိုက်မှာ အလုပ်ပို၍ တွင်နေ၏။ မိုးအုံ့နေသည်ကတစ်ကြောင်း၊ လောဘ ာကတစ်ကြောင်းဖြင့် ကိုထော်ရိုက်မှာ ထင်းများကို သဲသဲမဲမဲ လိုက်ခုတ် နေလရာ ပြန်ချိန်ကိုပင် ခန့်မှန်း၍မရလိုက်ချေ။ ကိုထော်ရိုက် ထင်းခုတ်ပြီးစီး၍ခုတ်ပြီး ထင်းများကို လည်းဆီသို့ သယ် ယူနေသောအခါမိုးသားများဖုံး၍နေလုံးပင်ဝင်သွားပေပြီ။ “ဟာ ..မိုးတွေကလည်း တက် – နေလုံးလည်း ပျောက်သွားပြီ၊ ဟေ့ – တို့တော့ အတော်နောက်ကျနေပြီ၊ လုပ်ဟေ့ … လုပ် – သဲမွန် အမှောင်မများ ခင် တို့များ မြေပြင်ရောက်မှဖြစ်မယ်၊ အခုနေ မိုးရွာလိုက်ရင် ဒုက္ခဟ” “ဒါကြောင့် ကျုပ်က သတိပေးနေသားပဲ၊ တော်က လောဘကြီးပြီး၊ တောထဲဇွတ်ဝင်နေတာကိုး၊ ပိုးတွေက ပြောရင်းဆိုရင်းတက်လာပြီ…” “အေးပါဟ .. မြန်မြန်တင် မြန်မြန်ကြိုးချည် … သွားကြစို့ …” လင်မယားနှစ်ယောက်ခုတ်ပြီးထင်းများကို လှည်းပေါ်တင်၍ ကဗျာ ကရာကြိုးချည်နေစဉ် မိုးသက်လေ ရှေ့တော်ပြေးသည် အေးခနဲလာ၍နှုတ် ဆက်လိုက်၏။

“မိုးသက်လေတော့ လာပြီဟေ့..တောင်ခြေမှာ မိုး စ.ရွာပြီထင်တယ်” “ဟာ… ကိုထော်ရိုက်သည်ပြောရင်းဆိုရင်းစနေထောင့်၊ရာဟုဒေါင့်များဆီမှအလုံး အခဲနှင့်တက်လာသော လေနှင့်မိုးကိုကြည့်ပြီး လန့်သွားလေ၏။ “တို့တော့ မိုးကို ပြေးမလွတ်တော့ဘူး၊ ဟေ့-မိုးချည်းဆို ကိစ္စမရှိဘူး၊ လေပါ,ပါတယ်၊နွားတွေမြဲမြဲချည်မှ သဲမွန်ရေ..” ကိုထော်ရိုက်သည် နွားများကို အပြေးကလေးသွား၍ ချည်နေစဉ် ရုတ်တရက် သည်းထန်စွာ ရွာချလိုက်သောပိုးကြောင့် ကိုထော်ရိုက် သည် နွားချည်နေရာမှ သဲမွန်ဆီသို့ အပြေးကလေးရောက်လာပြီး သစ်ရာပင်ရ ရင်းတွင် လင်မယားနှစ်ယောက် ပါလာသော လုံချည်ဟောင်းကလေးများ ခြုံ၍မိုးခိုကြရလေ၏။ မိုးသည်းထန်စွာရွာနေသည့်ကြားမှ ရာဟုလေက အရှိန်ပြင်း ပြင်းဝင်၍ တိုက်လေရာ တစ်တောလုံး မှောင်၍ တဝုန်းဝုန်း မြည်ကာ လေသံမိုးသံဖြင့် ဆူညံနေသည်။ ကိုထော်ရိုက်တို့ခိုနေသော သစ်ရာပင်ကြီးမှာ လေဒဏ်ကြောင့် တကျွိကျွိ ပြည်၍ ဘယ်ညာယိမ်းထိုးနေပြန်သဖြင့် လင်မယားနှစ်ယောက် မိုးစိုသည် ထက် သစ်ပင်ပိမည်ကို စိုးရိမ်နေကြရပြန်သည်။

မိုးက သည်းထန်စွာ ရွာသလောက် လေကလည်း ပြင်းပြင်းထန်ထန် တိုက်ရင်း တစ်စတစ်စ မိုးအမှောင်မှသည် ညအမှောင်သို့ ပြောင်း၍လာ လေ၏။ ကိုထော်ရိုက်သည် လေဒဏ်မှ ကာကွယ်နိုင်ရန် တောင်ခြေကျောက် ချိုင့်များ ကျောက်ခေါင်းများကိုသတိရလာသည်နှင့်လင်မယားနှစ် ယောက် မိုးသည်းသည်းမှောင်နှင့်မည်းမည်းတွင်တောင်ခြေအရောက်မှန်း၍ပြေးကြရပြန်၏။ တစ်ချက်တစ်ချက် ဝင်းခနဲ လက်လိုက်သော လျှပ်စီးရောင်ဖြင့် တစ် ဆင့်တစ်ဆင့်နား၍ပြေးလာခဲ့ရင်းလင်မယားနှစ်ယောက်စာခိုသာရုံရှိသော ကျောက်ကမ်းပါးအပဲ့လိုဏ်ခေါင်းကလေးတစ်ခုကို တွေ့ကြသည် နှင့်တောင် ကမ်းပါးယံကိုကျောနှင့်ပြားနေအောင် ကပ်၍ ခိုနေကြလေ၏။ တောင်ကမ်းပါးယံ ကျောက်ခေါင်းကလေးရောက်ပြီး အတော်ကြာမှ လေ ရောမိုးရောငြိမ်သက်သွားလေရာကိုထော်ရိုက်မှာထိုအချိန်မှဟင်းခနဲ သက်ပြင်း ချနိုင်ပေတော့သည်။သို့သော် … (၂)ယောက်စလုံးပင် ရွှဲရွှဲစို၍ ခိုက်ခိုက်တုန်နေပြန်၏။ “သဲမွန် – မင်းအိတ်ထဲမှာဓာတ် မီးခြစ်ကလေးပါသေးရဲ့လား” မသဲမွန်သည် ချွေးခံအင်္ကျီအိတ်ထဲမှ ဓာတ်မီးခြစ်ကို နှိုက်၍ ကိုထော် ရိုက်အား လှမ်းပေးလိုက်သည်။ “အေး…တော်သေးရဲ့မီးတော့ပွင့်တယ်။ရေမဝင်သေးဘူး။ အေးနေလို့ ခြစ်မရတာ။

နေဦး – မိုးလွတ်တဲ့ ကျောက်ခေါင်းထဲကထင်းခြောက်ကလေး တွေကောက်ဦးမယ်။ မင်းက မီးတောက်အောင် ခြစ်ထားနှင့်” ဟု ပြောပြီး ကိုထော်ရိုက်က ထင်းခြောက် နှိုက်နေစဉ် မသဲမွန်က ဓာတ်မီးခြစ်ကို မီးတောက်အောင် ခြစ်၍ရလေ၏။ ခဏအကြာတွင်သူတို့ မိုးခိုနေသောကျောက်ခေါင်းထက်ပို၍ ကြီးသောလိုဏ်ခေါင်းတစ်ခုကိုကိုထော်ရိုက်ကတွေ့ရှိလာ သဖြင့်ပြောင်း၍ နှစ်ယောက်သား ထင်းခြောက်ကလေးများ ဖြင့် မီးဖိုကလေးဗို၍ ရသွားလေ၏။ နှစ်ယောက်သားအဝတ်အစားများကိုမီးကင်ရင်းထင်းကိုင်း အစိုကလေး များကိုပင်တဖြည်းဖြည်းခြောက်အောင်မီးကင် ယင်းမီးဖိုဘေးတွင် အအေးဒဏ်မှ ကာကွယ်ရလေသည်။ “သဲမွန်ရေ … ငါတော့ အခုမှ ဆာလာသကွာ” ကိုထော်ရိုက်က ပိုနေသော ထင်းချောင်းများကို မီးကင်ယင်း လှမ်း၍ ပြောလိုက်၏။ “အင်း … တော်ဖို့ ဆာအားတယ်။ ကျပ်ဖြင့် ထမင်းဆာရဖို့ နေနေသာ သာအခုမှအသက်ရှူနိုင်တော့တယ်” “နွားတွေလည်း ဘယ်လိုနေသလည်း မသိဘူး။

ဒို့တော့ ကနေ့ညမှာ ပဲ မိုးလင်းရလိမ့်မယ်။ ပြန်လို့မရဒတာ့ဘူး” “ဒါပေါ့တော်… ဖြစ်သမျှကပဲ ကနေ့တစ်ညတော့ ထမင်းငတ်ကြရောပေါ့ပြန်၏။ “တစ်နပ်တလေဘဲကွာ” ကိုထော်ရိုက်သည် ဝမ်းထဲမှ ဆာနေလျက်နှင့် မသိမွန်အား အားပေးရ ထိုအခိုက် ကျောက်ကမ်းပါးယံအထက်ပိုင်းဆီမှ ကို ကွိုဆိုသော မြည်သံနှင့်အတူ “ဗုန်းခနဲ မည်းမည်းအရာဝတ္ထုကြီးတစ်ခု ၎င်းတို့ မီးဖိုနား သို့ကျလာပြီးမသဲမွန်၏ အမယ်လေး” ဟုလန့်၍အော်လိုက်သောအသံမှာတစ်တောလုံး ဟိန်းသွားလေတော့သည်။ ကိုထော်ရိုက်မှာ ရုတ်တရက်ဖြစ်၍ အံ့သြပြီး ကြောင်သွား၏။ ၎င်းတို့ အနီ၊သို့ ကျလာသော မည်းမည်းသဏ္ဌာန်မှာ မျောက်ကြီး တစ်ကောင်ဖြစ်၍ ၎င်း၏ကိုယ်မှာလည်း ကိုထော်ရိုက်တို့ကဲ့သို့ ရွှဲရွှဲစိုလျက် မီးဖိုနားသို့ တိုးဝှေ့ ၍ငုတ်တုတ်ဝင်ထိုင်လေ၏။

ပင်ကိုကပင် မွဲခြောက်ခြောက်နှင့် ကြောက်စရာကောင်းသော မျောက်ကြီး ကမိုးစိုထားသဖြင့် ပို၍ပင် ကြောက်စရာကောင်းနေပေသည်။ မသိမွန်မှာ အကြောက်လွန်ပြီး နောက်သို့ ပက်လက်လန်သွား သဖြင့် ကိုထော်ရိုက်သည် မီးဖိုနားသို့ တိုးဝှေ့နေသော ချောက် ကြီးကို အတင်း တွန်းခြောက်၍ ပြေးစေသော်လည်း ပျောက် ကြီးမှာ မပြေးရုံမက မသဲမွန် အနီးသို့ပင် ပို၍တိုးပြန်လေ၏။ ကိုထော်ရိုက်က မျောက်ကြီးကို တွန်းလွှတ်လိုက် မျောက်ကြီးက သွား ကြီးပြီး၍ တဦးဦးဖြင့် မီးဖိုနား တိုးလိုက်ဖြစ်နေရာ မသဲမွန်မှာ နောက်သို့ လည်း ဆုတ်ပြေးစရာ နေရာမရှိဘဲ ကြောက်အားကြီး၍ တဆတ်ဆတ်တုန် ပြီး မျက်စေ့ကို စုံမှိတ်ထားသည်။ ကိုထော်ရိုက်မှာလည်း အမျိုးမျိုး ခြောက်လှန့် မောင်းထုတ်နေသော် လည်း မျောက်ကြီးက မသွားဘဲ မသဲမွန်နှင့် နီးရာမီးဖိုနားဆီသို့သာ ထပ် တလဲလဲ တိုးဝှေ့နေသဖြင့် နောက်ဆုံးစိတ်မရှည်နိုင်သော ကိုတော်ရိုက်မှာ အနီးရှိတံတောင်ခန့် ထင်းကိုင်းအကျိုးဖြင့် လှမ်း၍ ရိုက်လိုက်၏။

မျောက်ကြီးမှာ ဘာကြောင့် ဒါလောက် တိုးခွေ့နေသည်မသိ တုတ်နှင့် ရိုက်လိုက်မှပို၍ပင်ရှေ့သို့တိုး လာနေပြန်သဖြင့်ကိုထော်ရိုက်သည်လက်ထဲ မှ တုတ်ကို လက်နှစ်ဖက်ဖြင့် ကိုင်၍တအားလွှဲပြီး ရိုက်ချလိုက်လေ၏။ မျောက်ကြီး၏ ဦးခေါင်း တည့်တည့်သို့ ကိုထော်ရိုက်၏ တုတ်ကျသွား သည်နှင့် ချက်ကောင်းကို ထိသွားလေရာ မျောက်ကြီးမှာ သွားကြီးများဖြဲ၍ တဦးဦးဖြင့် ပက်လက်လန်သွားလေ၏။ ဆန့်ငင် ဆန့်ငင်ဖြင့် ပက်လက်လန်သွားသော မျောက်ကြီးမှာ မထ နိုင်တော့သည့်အထည်းကပင် မီးဖိုဘက်သို့လှိမ့်၍ ချလိုက်ပြန်ရာ ကို ထော်ရိုက်သည် စိတ်တိုလွန်းသဖြင့် လက်ထဲမှ တုတ်နှင့်ပင် ဆက်၍ ဆက်၍ ရိုက်လိုက်စဉ် မသဲမွန်က “အမယ်လေး ကိုထော်ရိုက်- ကိုထော်ရိုက် သေအောင် မရိုက်ပါနဲ့၊ သေအောင်မရိုက်ပါနဲ့၊ သေအောင် မရိုက်ပါနဲ့”ဟုပြောနေသည်ကိုပင် နားမထောင်တော့ပေ။ မျောက်ကြီး၏ ဦးခေါင်းမှ သွေးတို့သည် ပြန့်ကျဲ၍ ကိုဖော်ရိုက် တစ် ကိုယ်လုံး နီရဲနေသည့်ပြင် မသဲမွန်၏ တစ်ကိုယ်လုံးပါ မျောက်သွေးတို့ဖြင့် နီရဲကုန်လေတော့သည်။ မသဲမွန်သည် အကြောက်လွန်၍ချွေးသီးချွေးပေါက်များပင်ကျ၍မေးနေလေ၏။

“ကိုထော်ရိုက် ကျုပ်ကို ရေ – ရေ -ရေတစ်ခွက်လောက်ရှာပေးပါ” ဟု ကျောက်ကမ်းပါးယံကိုမှီယင်းညည်းတွားနေလေရာကိုထော်ရိုက်မှာ လှည်းတွင် ကျန်ခဲ့သော ရေဘူးကို သတိရ၍ “အေး … မသဲမွန် ငါရေဘူး သွားယူမယ်။ နင်နေရဲရဲ့လားဟုလှမ်း၍မေးလိုက်၏။ “ဒါကြီး..ဖယ်လိုက်ပါ..ဒါကြီး – ကျုပ်မကြည့်ရဲဘူး”ဟုမီးဖိုဘေး တွင် ပက်လန်လှန်နေသော မျောက်သေကြီးအား လက်ညှိုးထိုး ပြနေသဖြင့် ၁း – အေးဟုဆိုကာ ကိုအထော်ရိုက်သည်ပျောက်ကြီးအား ခြေနှစ်ချောင်း မှဆွဲ၍လွှင့်ပစ်လိုက်လေ၏။ “ကိုင်း.ငါရေဘူးသွားယူဦးမယ်။ နေရဲတယ်မဟုတ်လား”ဟုမသဲမွန် အား လှမ်းမေးရာ မသဲမွန်က ခေါင်းညိတ်၍ ပြလိုက်သဖြင့် ကိုထော်ရိုက်မှာ လှည်းဆီသို့ ထွက်သွားလေ၏။ ကိုထော်ရိုက်သည် သစ်ရာပင်အောက်တွင် ချွတ်ထားသော လှည်းမှ ရေဘူးနှင့်တကွ ဓားမထမင်းဇလုံတို့ကို ယူဆောင်၍ နွားများကို အပိုများ ကျွေးထားခဲ့ပြီး မသဲမွန်ရှိရာသို့ ခပ်သုတ် သုတ် ပြန်လာခဲ့လေ၏။

ကိုထော်ရိုက်သည် တဖြည်းဖြည်း ဗိုက်ထဲမှ ဆာလွန်းလာသဖြင့် လမ်း တစ်လျှောက်လုံး မျောက် သကြီးကို သတိရလာခဲ့သည်။ ကိုထော်ရိုက်တို့ချင်းလူမျိုးတောင် ပေါ်တွင်ထင်းခုတ်နေသူများအဖို့ မျောက်သားစားခြင်းသည် အဆန်းမဟုတ်တော့ပေ။ ကျောက်ဂူဝသို့ ပြန်ရောက်သောအခါ မသဲပွန်မှာတခေါခေါဖြင့် အိပ် မောကျနေပေပြီ၊ကိုထော်ရိုက်သည် အိပ်ပျော်နေသောမသိ မွန်အား မနှိုးသေးဘဲမီးဖိုကို ဖြည့်ယင်းမျောက်သားကို သတိရလာ သည်နှင့် ကျောက်ဂူ အပြင်သို့ ထွက် ၍ရောက်သေကြီးကို ရှာကြည့်လေ၏။ အဆင်သင့်ပင် ဂူနှင့်မလှမ်းမကမ်းတွင်မျောက်သေကြီးကိုတွေ့၍ အသင့် ပါလာသော ထင်းခုတ်ဓားမဖြင့် ရောက်သေကြီးအား ခုတ်လှီးဖျက်၍ အသားတုံးတို့ကိုဂူထဲသို့ယူလာပြီးမီးရောင်အောက်တွင် ဝါးလုံးတိုတစ်ခုကို တစို့လုပ်ပြီး မျောက်သားတုံးတို့ကို ကင်လေ၏။ မီးအားကောင်းသဖြင့် သိပ်မကြာလှဘဲ မျောက်သားအပိုမှာ အဆီ တဝင်းဝင်းဖြင့် ကျက်လေရာ ကိုထော်ရိုက်မှာ နဂိုက ဆာလောင်နေသူဖြစ် သည့်အတိုင်း အနံ့တသင်းသင်း မွှေးနေသောမျောက်သားကင်ကို ဖဲ့၍ဖဲ့၍ စားလိုက်လေ၏။

ဆီမပါ၊ ဆားမပါ ဗလာသာဖြစ်သော်လည်း သူ့အဆီနှင့်သူ နီရဲ၍ မွှေးကြိုင်နေသော မျောက်သားကင်မှာ ကိုထော်ရိုက် အဖို့ ညစာအတွက် ဆာနေသော ပိုက်ကို အာသာပြေစေ၏။ ကိုထော်ရိုက် စား၍ဝသောအခါ တံစို့တွင် ကျန်နေသော မျောက်သား နှစ်တုံးကို မသဲမွန်အတွက် ရန်၍ ဘူးထဲမှ ရေကို အဝသောက်လိုက်၏။ “ကိုထော်ရိုက် – ကိုထော်ရိုက် – ရေယူခဲ့ပြီလား” မသဲမွန်သည် အိပ်ရာမှ နိုးလာသည်နှင့် ကိုထော်ရိုက်အား ရေတောင်း လိုက်သည်။ “ဟေ့….မသဲမွန် နိုးပြီလား – ရေရပြီလေ – ရော့ – ရော့ကို ထော်ရိုက်က ရေဘူးကိုလှမ်းပေးလိုက်ပြီး “နင်-အိပ်ပျော် သွားတာ တော်တော်ကြာ တယ်။ငါပြန်ရောက်နေတာကြာလှပြီ” မသဲမွန်သည် ဘူးထဲမှရေကိုမော့၍ သောက်လိုက်ပြီး “ကိုထော်ရိုက် ရယ်…ကျပ်ဖြင့် ဆာလိုက်တာ” ဟု ညည်းလိုက်လေ၏။

“အေး … ငါလည်း နင် – နိုးရင် စားဖို့ အသားကင် ချန်ထားတယ်။ ရော့ရော့ – စားလိုက်” “ဟင်.. ဘာသားလည်းကိုထော်ရိုက်မွှေးလို့ပါလား” မသဲမွန်က မျောက်သားကင်ကို ကိုင်၍ နမ်းကြည့်ပြီး၊ မသင်္ကာသလို မျက်နှာထားနှင့် မေးလိုက်၏။ “စားသာစားပါဟ….ရောက်သားပေါ့” “ဟင်… ဟိုမျောက်ကြီးလာ၊ တော်ပြီ … တော်ပြီကျုပ် .. မစားဝံ့ဘူး” “အို-ဘာဖြစ်လဲ- ငါတောထဲက ယူလာတဲ့ မျောက်သားတွေတုန်း ကတော့ နင်စားသားပဲ” “ဟင့် … အင်း .. မျာက်သားစားချင်ရင် ပျောက်မျက်နှာမ ကြည့်နဲ့တဲ့ ကျပ်ဖြင့် ဟိုမျောက်ကြီးမျက်နှာ မြင်ပြီး မစားဝံ့ဘူး” မသဲမွန်က မျောက်သားကင်ကို ပြန်ပေးလိုက်၏။ “အို- သဲမွန်ရယ် – မိုက်ပါဘိ … တောထဲ တောင်ထဲမှာ နင်လည်း ဆာနေ ရက်နဲ့ စားသာစားလိုက်ပါမစားကောင်း တဲ့အသားမှမဟုတ်ပဲ..” မသံမွန်အနေနှင့်လည်း ငြင်းသာ ငြင်းရသည် ပိုက်ထဲက ဆာနေ သဖြင့် “ကဲ-ဒါဖြင့်လည်း စားမယ်တော်”ဟု ပြောကာ မျောက်သားကင်ကို ဖဲ့၍ဝါး စားလိုက်သည်။

နှစ်တုံးလုံးကုန်ခါမှရေအဝသောက်လိုက်ရာ မသဲမွန်နေသောထိုင်သာရှိသွားသည်။သို့သော် မသဲမွန်၏ မျက်စေ့ဝယ် မိမိရှေ့မှောက်မှ တဦးဦးနှင့် သွားကြီး ဖြဲ၍နေ သောမျောက်ကြီး၏မျက်နှာကိုသာ မြင်ယောင်နေပေတော့သည်။ ကနေ့ပါဆိုလျှင် ကိုထော်ရိုက်တို့ လင်မယား တောင်ခြေမှ ပြန်ရောက် သည်မှာ တစ်ပတ်ကျော်ခဲ့ပေပြီ။ မိုးဦးကျစေ၍ မိုးမပြတ်သဖြင့် နောက် တစ်ခေါက်လည်း မသွားနိုင်ကြတော့ပေ။ မသိမွန်မှာလည်း မွေးဖွားရန် တစ်နေ့ထက်တစ်နေ့ နီးကပ်လာပြီ ဖြစ် ၍ ကိုထော်ရိုက် မြို့ပေါ်သို့ ထင်းရောင်း၍သွားသော အခါများတွင်လည်း အိမ်မှာပင်နေရစ်၍အိမ်မှုကိစ္စများဖြင့် မအားလပ်ရှာပေ။ မသဲမွန်အဖို့ တောင်ခြေမှ မိုးမိ၍ ပြန်လာပြီးကတည်းက စွဲကပ်လာ သော ရောဂါတစ်ခုမှာ မိမိရှေ့တွင် တဦးဦးနှင့် သွားကြီးဖြိုး၍ သေဆုံးသွား သော မျောက်ကြီး၏မျက်နှာကို မျက်စိအောက်မှ ဖျောက်၍ မရနိုင်ခြင်း ဖြစ် ၏။ မျောက်ကြီး၏မျက်နှာကိုမြင်ယောင်လာတိုင်းလည်းငတ်ငတ်နှင့် စားခဲ့မိသော မျောက်ကြီး၏အသားမှာ လည်ချောင်းတွင်ပျို့၍ ပျို့၍ တက် လာတက်ပေသည်။ မသဲမွန်၏စွဲလမ်းမှုရောဂါကြီးသည် တစ်ပတ်လည်းမပျောက်၊တစ်လ လည်းမပျောက်။

ဘာလိုလိုနှင့် မွေးဖွားရန် ရက်ပိုင်းသာလိုပေတော့သည်။ တစ်ခါတစ်ရံ ကိုထော်ရိုက်အား မသဲမွန်က “ကိုထော်ရိုက် ရယ် ကျုပ် မျက်စိထဲမှာ သေသွားတဲ့ မျောက်ကြီးကို ဖျောက်လို့ မရဘူး။ အဲဒီ ပျောက် ကြီးကို မြင်လာတိုင်းလည်း သူ့အသားကိုစားမိတဲ့အတွက်ပျို့-ပျို့လာတာ” ပဲ”ဟုပြောပြရှာ၏။ ထိုအခါမျိုးတွင် ကိုထော်ရိုက်က “သဲမွန်ရယ် – နင့်နှယ်မျောက်သား စားတာများ အဆန်းလိုက်လို့”ဟု ဖျောင်းဖျလေ့ရှိ၏။ မီးတွင်းထဲမှ မသဲမွန်၏ ညည်းညူသံကြောင့် ကိုထော်ရိုက်မှာ အပြင်မှ ဖင်ချထိုင်၍ပင် မရပေ။ “ယောက်ျားကလေး… မွေးပါစေဗျာ” ကိုထော်ရိုက်သည် ပါးစပ်မှာလည်း ယောက်ျားကလေးမွေးရန်ဆုတောင်းရသေး၏။ “ဟယ် … ယောက်ျားကလေးဟဲ့” အိပ်ခန်းထဲမှ လက်သည်မကြီးဒေါ်အဲလုံ၏ အော်သံနှင့် ကလေးငိုသံ ကြောင့်ကိုထော်ရိုက်မှာ အပြင်မှ ဝမ်းသာ လွန်း၍ ခုန်လိုက်၏။ “မောင်ထော်ရိုက် .. မောင်ထော်ရိုက် ဟို- ကလေးကို လာကြည့်ပါ ဦး”ဟုအပြင်မှ ဝမ်းသာလွန်း၍ ခုန်လိုက်၏။

“မောင်ထော်ရိုက် … မောင်ထော်ရိုက် … ဟဲ့- ကလေးကို လာကြည့် ပါဦး”ဟု ဒေါ်အဲလုံ၏အသံကြောင့် ကိုထော်ရိုက်သည်အခန်းထဲသို့ ပြေးဝင် သွား၏။ ဒေါ်အဲလုံ၏ လက်မှ ကလေးငယ်ကို ပြင်လိုက်ရသောအခါ ကိုထော် စိုက်မှာရုတ်တရက်“ဟာ” ဆိုသော အာမေဍိတ်သံနှင့် ငိုင်၍သွား၏။ မသဲမွန်က မိန်းနေရာမှ ကိုထော်ရိုက်၏ “ဟာ”ဆိုသောအသံကြောင့် “ကိုထော်ရိုက်ဘာလဲဟု”ဟုပက်လက်နေရာမှကလေးငယ်ကိုလှမ်းကြည့် လိုက်ပြီး “အမယ်aလး” ဟု စူးစူးဝါးဝါး အော်ဟစ်ပြီး မသဲမွန် အသံပျောက် သွားလေ၏။ ထိုအခါမှ ကိုထော်ရိုက်မှာ ကလေးကို မကြည့်တော့ဘဲ “သဲမွန် … သဲမွန်” ဟု ခေါ်ယင်း သတိမေ့နေသော မသဲမွန်အား ကြည့်ပြီး ပျာယာခတ် နေ၏။ ဒေါ်အဲလုံမှာလည်း ကလေးကိုချ၍မသဲမွန်အား ဘဝင်ဖိ၍အတက်ကျ အောင် နှိပ်ကြ ပြုစုကြသော် လည်း မသိမွန်မှာ ပြန်၍ မလည်လာတော့ဘဲ မွေးခါစ သားငယ်နှင့် ကိုထော်ရိုက်တို့အားစွန့်ခွာ သွားလေတော့၏။

ဒေါ်အဲလုံမှာလည်း ကလေးကိုချ၍မသဲမွန်အား ဘဝင်ဖိ၍အတက်ကျ အောင် နှိပ်ကြ ပြုစုကြသော်လည်း မသဲမွန်မှာ ပြန်၍ မလည်လာတော့ဘဲ မွေးခါစသားငယ်နှင့် ကိုထော်ရိုက်တို့အား စွန့်ခွာ သွားလေတော့၏။ ကိုထော်ရိုက်သည်မသဲပွန်၏အလောင်းကိုပွေ့ထားရာမှခေါင်းအုံးပေါ် သို့ ချလိုက်ပြီး ခြေရင်းတွင် သိပ်ထားသော ကလေးကို မျက်တောင် မခတ် ဘဲ စိုက်ကြည့်နေမိ၏။ ကလေးငယ်မှာ ခြေဆန်လက်ဆန်များ ရှည်၍ ခေါင်း ကလေးရှည်၍ အဖျားချွန်ကာ ဆံပင်ကလေးများမှာ နီကျင်ကျင်ဖြစ်၏။ မျက်နှာမှာမူ မေးရိုးရှည်၍ ချွန်ပြီး နှာခေါင်းနားတွင် ချိုင့်၍ မျက်လုံး ကလေးမှာ ကလယ်ကလယ်နှင့် ရှိနေ၏။ ခြေချောင်းလက်ချောင်းကလေးများမှာ အတော်ပင် ရှည်၍ လက်သည်း အရှည်ကလေးများ ပါနေ၏။ ကိုထော်ရိုက်သည် ပါးစပ်မှ အလန့်တကြားမျောက်ကလေး မျောက် ကလေး”ဟု အော်ပြီး မသဲမွန် အလောင်းပေါ်သို့ မျက်နှာမှောက်၍ ငို လိုက်သည်။

“သဲမွန် … သဲမွန် ကံဆိုးလှချည့်သဲမွန်ရယ် … နင်မွေး ခဲ့တဲ့သားကို နင် ပြန်ကြည့်ပါဦး..”ကိုထော်ရိုက်သည် မျှော်လင့်တောင့်တခဲ့သော သားကိုတော့ရပေပြီ။ သို့သော်ကိုထော်ရိုက်ရသောသားသည်လူသားမဟုတ် မျောက်သားငယ်ပါတကား။ ကိုထော်ရိုက်သည် ရှိုက်၍ ရှိုက်၍ငိုနေသော်လည်းမသဲ မွန်ကမူ သူ၏ ရောက်သားငယ်ကို ပြန်မကြည့်နိုင်ရှာတော့ပေ။ ရင်သွေးဟူက ချစ်မဝဆိုသည့်အတိုင်း ကိုထော်ရိုက်မှာ သဲမွန်က စွန့်ပစ် ခဲ့သော်လည်း သားငယ်ကလေးကို မပစ်ရက် မစွန့်ရက်ဘဲ ကြီးပြင်း အောင် ကျွေးမွေးခဲ့ရှာ၏။ ကလေးငယ်သည်တစ်လထက်တစ်လတစ်နှစ်ထက် တစ်နှစ်ကြီးပြင်း လာသည်နှင့် အနေအထိုင် အစား အသောက် အပြုအမူများမှာ လူကလေး တစ် ယောက်၏ သဘာဝနှင့် ကွာခြား၍လာလေ၏။

ထမင်းနှင့်ဟင်းကို မနှစ်သက်သော သားအတွက် ကိုထော်ရိုက်သည် ငှက်ပျော်သီးကလေးမှအစ အသီးအနှံကလေးများဖြင့် မွေးခဲ့ရ၏။ ကလေးငယ် အချင်းချင်းရောနှောနေထိုင်မကစားတတ်သောသူ့သား ငယ်သည် တစ်ကိုယ်ထီးတည်း သစ်ပင်ခွကြားတွင်သာ အချိန်ကုန်တတ်၏။အဝတ်အစား အင်္ကျီ ဘောင်းဘီကလေးများ ဆင်ပေးလျှင် ကိုက်ဆွဲ ဆုတ်ဖြတ်၍ သဘာဝကိုယ်လုံးကလေးဖြင့် နေရသည်ကိုပင် နှစ်သက်ရှာ ၏။ အထူးခြားဆုံးမှာ (၆)နှစ်သားအထိ စကားမပြောခြင်းပင် ဖြစ်၏။ စကားမပြောရုံမက နံနက်မိုးလင်းမှ ရွာအပြင် တောင်ကြို တောင်ကြားသို့ သွား၍ ခုန်ပေါက် ပြေးလွှားကစားနေသည်မှာ နေဝင်မှပြန်လာတတ်၏။ တစ်ခါတစ်ရံညမှောင်သည်ထိပြန်မလာဘဲနေတတ်ရာကိုထော်ပိုက်မှာ ပိုးရိမ်စိတ်ဖြင့် လိုက်လံရှာဖွေ ခေါ်ဆောင်ခဲ့ရသည်။ ကြိမ်ဖန်များလာသောအခါ ကိုထော်ရိုက်လည်း လိုက်၍ မခေါ်တော့ ပေ။ ရံဖန်ရံခါ (၄-၅)ရက်ကြာမှ အိမ်ပြန်လာ တတ်သည်။ ဘယ်သွား၍ ဘာစားနေမှန်းလည်းမသိ။ ကိုထော်ရိုက်အဖို့ သဘာဝချင်းမတူသော သားဖြစ်၍လည်း စိတ်ပျက် စပြုခဲ့၏။

သို့သော် ရင်သွေးဖြစ်၍လည်း မစွန့်ပစ်ရက်ရှာပေ။ မသဲမွန် ဆုံးခဲ့သည်မှာ (၆)နှစ်ကျော်ပြီဖြစ်ရာကိုထော် ရိုက်မှာမသဲမွန် မွှေးခဲ့သော လူလိုလို၊ မျောက်လိုလို သားငယ်အား လုပ်ကိုင် ကျွေးမွေး ပြုစု ယင်းနောက် အိမ်ထောင်ပင် မပြုခဲ့ပေ။ အသက် (၃၅)နှစ်မျှ ကျန်းမာသန်စွမ်း၍ ရှာနိုင်ဖွေနိုင်ပြီး ရိုးသားသော ကိုထော်ရိုက်အား တစ်ရွာတည်းသား မိန်းမများက စုံမက်ကြသော်လည်း ဤမျောက်သားငယ်၏ မျက်နှာကို ထောက်ထား၍ အိမ်ထောင်သစ်ထူရန် အကြံပြုတိုင်း နောက်ဆုံးတွင် ရင်သွေး ကလေးအတွက် အားလျှော့တတ် ပေသည်။ ရင်သွေးအစစ်ဖြစ်သော သားငယ်မှာလည်း ကိုထော် ရိုက်ကသာ သံ ယောဇဉ်ငြိတွယ်၍ချစ်နေရသည်။ ကလေးငယ်ကမူ“အဖေ”ဟူ၍လည်းမခေါ်ရင်းရင်းနှီးနှီးလည်းမနေ။ သူ့ဘာသာသဘာဝ တောထဲ၌သာ ပျော်နေတတ်သော ကြောင့်ကိုထော် ရိုက်မှာ သားငယ်အတွက် ရင်ထုမနာ ဖြစ်ရပြန်သည်။ မမျှော်လင့်သောတစ်နေ့တွင် ကိုထော်ရိုက်မှာ နဖူးစာ ရွာလည်ဆိုသည့် အတိုင်းထင်းရောင်းရင်း အလှမ်းကွာ သောရွာကြီးတစ်ရွာမှ အမျိုးသမီး တစ်ဦးနှင့်မေတ္တာမျှလေ၏။

အကယ်၍သာ သားငယ်သည် လူ့သဘာဝအတိုင်း အဖေနှင့်ဒို၊တူ ပေါင်ဖက် လုပ်ကိုင်စားသောက်နေထိုင်သူ ဖြစ်လာပါမူ ကိုထော်ရိုက်အဖို့ အိမ်ထောင်ပြုရန် ဆန္ဒရှိမည် မဟုတ်ပေ။ ယခုမူ ကိုထော်ရိုက်သည် သားကလေး ကျန်ရစ်သည်ဟု ဆိုသော် လည်း တစ်ကိုယ်တည်း နေရသကဲ့သို့ ငြီးငွေ့ ခြောက်ကပ်လှသော သူ့ဘဝ အတွက် စိုပြေအောင် ဖန်တီးရခြင်း ဖြစ်သည်။ ကိုထော်ရိုက်မှာ ဆုံးဖြတ်မရသော ပြဿနာသည် ဦးခေါင်း၌ ချာချာ လည်၍စဉ်းစားမရဖြစ်နေ၏။ တစ်ရွာသူမိန်းမနှင့် အိမ်ထောင်ပြုပါမူ ဤသားငယ်ကို စွန့်ပစ်ရ တော့မည်။ သည်လို လူရာမဝင်နိုင်သော သားငယ်အတွက်လည်း ကိုထော်ငိုက် အဖို့တစ်ရွာတစ်ကျေးတွင်မျက်နှာပန်းလှမည် မဟုတ်။ သားကို သံယောဇဉ်စိတ်နှင့် လှည့်၍ ကြည့်ပြန်သော်လည်း သားဆို သောသားသည် သားနှင့်လည်း မတူပါချေ။ နောက်ဆုံးတွင် ကိုထော်ရိုက်သည် မျက်စိမှိတ်၍ ဆုံးဖြတ်ချက်ကို ချလိုက်၏။ ကိုထော်ရိုက်သည် အိပ်ရာမှ လူးလဲထကာ အဝတ် အစားများကို အ ထုပ်ဖြင့် ထုပ်လိုက်၏။ သင့်တင့်သော အိမ်ထောင်မှုပစ္စည်းများကို လှည်း ပေါ်သို့တင်၍အိမ် တံခါးကိုသော့ခတ်၍ပိတ်လိုက်၏။ နောက်ဆုံးကိုထာ်ရိုက်သည် သားငယ်သွားလေ့ရှိသော ရွာမြောက် ဘက် တောင်တန်းဆီသို့ မျှော်ကြည့်လိုက်၏။

မပြန်လာသည်မှာ (၄-၅)ရက်ပင် ရှိပြီဖြစ်သော သားငယ်အား မှန်းဆ ၍နောက်ဆုံးမျှော်ကြည့်လိုက်ခြင်းဖြစ်၏။ အချိန်မှာ အရုဏ်တက်စဖြစ်၍ ဝါဒမွေတောင်တန်းကြီးကို ခပ်ဝါးဝါးသာမြင်ရသည်။မိုးသားမည်းမည်းတို့သည် ဝါမွေတောင်တန်းအားလွှမ်းခြုံလျက်ရှိသဖြင့် ကိုထော် ရိုက်သည် မသဲမွန်ကို မြင်ယောင်လာ၍ မျက်ရည်ဝဲလာ သဖြင့် ဝါငွေတောင်တန်းကြီးကို ကျောခိုင်း၍ အသင့် ပြင်ထားသော လှည်း နှင့် နွားကိုကောက်လိုက်သည်။ အရှေ့ဆီမှ အလင်းရောင်တန်းကြီးပေါ်လာသော အချိန်တွင်ကိုထော်ရိုက် သည် သားငယ်နှင့်ဟော် မွန်းရွာကိုကျောပေး၍ နွားနီတစ်ရှဉ်းကို ခပ်သွက် သွက်ဟင်း၍ထွက်သွားလေတော့သည်။ ကိုထော်ရိုက်လှည်းထွက်သွား၍ဟော်မွန်းရွာနှင့် ကိုက်တစ်ရာ သာသာခန့် အရောက်တွင် ကိုထော်ရိုက်၏မျောက်သား ငယ်ကလေးသည် ဘယ်ဆီကပေါက်လာသည်မသိ အိမ်ရှေ့သို့ ရောက်လာလေ၏။ မျောက်သားငယ် ကလေးသည်ပိတ်ထားသောတံခါမှသော့ခလောက် ကို တဒေါက်ဒေါက်ဆွဲခေါက်လိုက်၏။ အတန်ကြာသောါ အိမ်ဘေးမှ လှည့် ၍ပွင့်နေသောပြတင်းပေါက်တစ်ခုမှ လွှားခနဲ ခုန်၍တက်လိုက်၏။

အိမ်ထဲသို့အရောက်တွင်ဟာလာဟင်းလင်းရှင်းနေသောအိမ်ငယ်ကို လှည့်ပတ်ကြည့်ပြီး အတန်ကြာ ပိုင်သွားလေ၏။ ၎င်းနောက် ဝင်လာသော ပြတင်းပေါက်မှ လွှားခနဲ ခုန်ချပြီး အိပ်ပတ် လည် တစ်ပတ်လျှောက် ကြည့်လိုက်သေး၏။ နောက်ဆုံး မျှော်လင့်ချက်ကုန်ဆုံးသည့်ပမာ မျောက်သား ငယ်ကလေး သည်အိမ်ကိုနောက်ပြန်လှည့်ကြည့် လှည့်ကြည့်နှင့် ရွာပေါက်ဆီသို့ထွက်သွားလေ၏။ သို့သော် ယခင်က သွားနေကျ ရွာမြောက်ဘက် တောဆီသို့ မသွား တော့ဘဲ မှုန်ဝါးဝါးမြင်နေရသော ဝါမွှေတောင်တန်း ကြီးဆီသို့ ခုန်ဆွ ခုန်ဆွ နှင့်တရွေ့ရွေ့သွားရင်းမှုန်ဝါး ပျောက်ကွယ်သွားလေတော့သတည်း။

မင်းသူရိန်

Be the first to comment

Leave a Reply

Your email address will not be published.


*