ရင်ငိုပွဲ

ရင်ငိုပွဲ

စုံညီပွဲတော်အတွက် အထက်တန်းကျောင်းတစ်ကျောင်းစီမှ ဖျော်ဖြေပွဲတစ်ခုစီ လာရောက် တင်ဆက်ရမည်။ ကျွန်တော်တာဝန်ခံ ကျောင်းအုပ်လုပ်သည့်ကျောင်းကို အမိန့်ရောက်လာသည်။ အကောင်းဆုံးတင်ဆက်နိုင်သည့်ကျောင်းကို ဆုလည်းပေးမည်ဟု ဆိုပါသည်။ အမှန်ဆိုရလျှင် မှတ်ညဏ်လောက် စစ်ဆေးကာ ထူချွန်သည်ဟုသတ်မှတ်ခြင်းကို သဘောမကျပါ။ယခုဖျော်ဖြေပွဲဆိုသည် ကိုတော့ စိတ်ဝင်စားမိသည်။

https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

ဒါကလည်း ကလေးတွေရဲ့ Talent တစ်ခုကို ဖော်ထုတ်ပေးသည်ဟု မြင်မိသည်။ ဆရာ….ကျွန်မတို့ နတ်ကတော်ယိမ်း တိုက်ပေးမယ်.. ဆရာ… ဦးရွှေရိုးနဲ့ဒေါ်မိုး.. ဖိုးသူတော်ယိမ်း…. ဆရာမတွေတစ်ယောက်တစ်မျိုး အကြံပြုကြသည် ။ ကျွန်တော် ပြုံးမိသည်။ ဆရာမတို့ ဒီထက်ကောင်းတဲ့အကြံ မပေးနိုင်တောဘူးလား….. ကျွန်တော်က သူတို့အကြံပေးချက်များကို လက်မခံသဖြင့် ဆရာမတွေ လက်လျှောကုန်သည် ။ ဆရာ.. အကြံတစ်ခုရှိပုံဘဲ… အေးဗျား….စဉ်းစားကြတာပေါ့ ကျွန်တော်ကတော့ မဲပြာပုဆိုးတွေနဲ့ မပြိုင်ခြင်ဘူး ကလေးတစ်ယောက်ရဲ့ အရည်အသွေးကို အမှန်တကယ် ဖော်ထုတ်ပြနိုင်တဲ့…ပွဲဖြစ်အောင် လုပ်ခြင်တယ်… ကျောင်းတစ်ကျောင်းတွင် ဆရာ၊ဆရာမ ဆိုသည်မှာ နားမျက်စိကို ဖွင့်ထားနိုင်မှ တော်ကာကျသည်။

တစ်နေ့ ကျွန်တော် ခလပ်စုကွင်းဘက်သို့ အလည်သွားသည်။ထမင်းစားဖိတ်ထားသောကြောင့် ဖြစ်သည်။ လယ်ကွင်းတွေကိုဖြတ်ပြီး ခင်တန်းလေးတစ်ခုဆီ ဝင်လိုက်ချိန်တွင် သီချင်းဆိုသံ သာသာယာယာလေးကို ကြားလိုက်ရသည်။ တွံတေးသိန်းတန်ရဲ့သီချင်း…… ချောင်းစပ်တွင် နွားတွေရှိနေသည်။ နွားကျောင်းရင်း သီချင်းဆိုနေခြင်းဖြစ်သည်။ သီချင်းဆုံးတော့ ကျွန်တော်က လက်ခုပ်တီးလိုက်သည်။ (ဟာ ဆရာကြီး… ) (သားက အသံသိပ်ကောင်းသလို အဆိုလည်း ပိုင်တာဘဲ… ဘယ်သူသင်ပေးတာလဲ.. ) (ပါပါသင်ပေးတာ..)(အေး အေး ဆရာ သွားလိုက်ဦးမယ်.. ခလပ်စုကို ထမင်းသွားစားမလို့… ) ကျွန်တော် လယ်ကွင်းကိုဖြတ်ပြီး တဲနားရောက်ခါနီးတွင် မယ်ဒလင်သံ သဲ့သဲ့ကို ကြားရသည်။

(ဦးကြင်ပွင့်…)(ဟာ..ဆရာကြီး ရောက်လာပြီလား အသင့်ဘဲဆရာကြီးရေ့ ဝက်သားရလို့ချက်ထားတယ် အေးခင်…ထမင်းဝိုင်းပြင်ဟေ့ ဆရာကြီးရောက်လာပြီ.. ) (ဦးကြင်ပွင့်.. မယ်ဒလင်တီနာ ဘယ်သူလဲဗျ့) (ဆရာ့တပည့်လေ သားကို လက်ထက်သင်ပေးထားတာ ဆရာကြီး) (စိန်ကြင်ရေ စိန်ကြင်.. ဒီမှာ ဆရာကြီးရောက်နေတယ်.. ) (ရိုးထဲမှာ မောင်ချစ်ခင်နဲ့ တွေ့ခဲ့သေးတယ်…. )(ချစ်ခင်က သားနဲ့အတူတူ သီချင်းလာဆိုလေ့ရှိတယ်.. ဒီကောင် အသံကောင်းတယ် သူ့အဖေချစ်တီးကလည်း သီချင်းဝါသနာ အရမ်းပါတာ) ကျွန်တော်လည်းသွားရင်းလာရင်း အကြံတစ်ခုရသွားတယ်။

မောင်ချစ်ခင်နဲ့ မောင်စိန်ကြင်ကို ပွဲထုတ်ရမည်။ မြို့ကိုသွားရန် လှည်းပေါ်တွင် နေရာယူထားသည့် ကျွန်တော်တို့ဆရာတပည့်တွေကို ကြည့်ပြီး ဦးချစ်တီးနဲ့ဦးကြင်ပွင့် မျက်ရည်တွေဝိုင်းနေသည်။ ကျွန်တော်တို့မြို့ကိုရောက်တော့ ဘုန်းကြီးကျောင်းမှာ တည်းကြသည်။ ဒီလိုနဲ့ပြိုင်ပွဲနေ့ကို ရောက်လာသည်။ ကလေးတွေတော်ကြသည်။ အဖွဲ့လိုက် တင်ဆက်သွားကြသည်မှာ အားရစရာကောင်းသည်။ကပြွဲပီးသွားသည်။ ကျွန်တော်တို့ကျောင်း ဖျော်ဖြေရန်အလှည့် ဖြစ်သည်။ ကျွန်တော်တပည့်နှစ်ယောက် စင်ပေါ်တက်လာသည်။ ခန်းမထဲမှ ပရိတ်သတ်များ ရယ်ကြသည့်အသံ ဝေါခနဲ့ထွက်ပေါ်လာသည်။မောင်စိန်ကြင်က ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ပြီး လက်တည့်စမ်းသည်။မောင်ချစ်ခင်က မိုက်ခရိုဖုန်းရှေ့တွင် ရပ်လိုက်သည်။

(ကုလားအကဟေ့ ကုလားအက..) လူတွေရယ်ကြပြန်သည်။ မောင်ချစ်ခင်က ကုလားဝတ်စုံနှင့်ဖြစ်သည်။ထို့ကြောင့်လူတွေက ရယ်နေကြသည်။ မောင်စိန်ကြင်က အဖေ တရုတ် အမေ မြန်မာ။ မောင်ချစ်ခင်ကတော့ မိဘနှစ်ပါးစလုံးက ဟိန္ဒူ များဖြစ်သည်။ မောင်စိန်ကြင်က မယ်ဒလင် စမ်းလိုက်ပြီး အစပိုဒ်ကို တီးလိုက်ချိန်တွင် အားလုံးတိတ်သွားသည်။ ကုလားလေး မောင်ချစ်ခင် စဝင်ပြီး *ပန်းနွယ်ကစိမ်း…ပန်းနွယ်က စိမ်း.. စိမ်းတယ်.. စုံနံ့သာမြိုင်…ရှာပုံဖွင့်လိုက် ပါတော့ရယ်…….* ခန်းမကြီးတစ်ခုလုံး တိတ်သွားသည်။ အဆိုလည်းကောင်း အတီးလည်းကောင်း အားလုံးကို မှင်တက်အောင် လုပ်နိုင်သောကြောင့် ကျွန်တော် ပီတိမျက်ရည်များပင် ကျလာသည်။ မျက်ရည်များကို လက်ကိုင်ပုဝါဖြင့် သုတ်ပြီးကျေနပ်နေမိသည်။

(ဆရာရယ်..ဆရာ့တပည့်တွေက တော်လိုက်တာ..ဆရာကအားလုံးကို အကြောင်ရိုက်တာဘဲ တရုတ်နဲ့ကုလားကို ပွဲထုတ်ပြီး တွံတေးသိန်းတန်သီချင်းနဲ့ ငြိမ်အောင်လုပ်ပစ်တာ…အရမ်း ကောင်းတဲ့စိတ်ကူးဘဲ..ဆရာ) ကျွန်တော့်ဘေးမှ ဆရာမလေးရဲ့ ချီးကျူး သည့်စကားကို သာယာနေမိသည်။ သီချင်းအဆုံးတွင် အားလုံးလက်ခုပ်တီး ကြသည်။ပရိတ်သတ်တောင်းဆို မှုကြောင့် သီချင်းတစ်ပုဒ်ထပ်မံဖျော်ဖြေ ခွင့်ရခဲ့သည်။ စင်ပေါ်ကဆင်းလာသည့် တပည့်နှစ်ယောက်ကို ကျွန်တော် ပြေးဖတ်မိသည်။ “ဆရာကြီး…သားတို့မမှားပါဘူးနော်” “ကြောက်ကြောက်နဲ့ဆိုရတာ.. လူတွေကြားမှာမဆိုဖူးဘူး ဆရာကြီး” မောင်ချစ်ခင် မျက်ရည်တွေဝဲနေသည်။

“ဆရာကြီး…သားတို့ ဆုရပါ့မလား..” “သား..လူတွေအားလုံးကို ငြိမ်သွားအောင် လုပ်နိုင်လိုက်တယ်..နောက်တစ်ပုဒ်ထပ်တောင်းကြတယ်..အဲ့တာ ပရိတ်သတ်ပေးတဲ့ဆုဘဲ..တော်ပြီပေါ့” ဆုကြေငြာသည်….ကျွန်တော့်ကျောင်းက နှစ်သိမ့်ဆုပင်မရ။ ရွာအပြန် လှည်းပေါ်တွင်ဖြစ်သည်။ “မောင်စိန်ကြင်..မယ်ဒလင်တီးကွာ.. သားမောင်ချစ်ခင် အသီးတစ်ရာ အညှာတစ်ခု ဆိုးစမ်းကွာ..” “ဟုတ်ကဲ့.. ခေါင်းလောင်းသံ တညံညံ ပေးတဲ့..ရွာကျောင်းကို..ပြေးမြင်မိရင် သတိရနေတယ် သူငယ်ချင်းရေ.. တို့များငယ်ငယ်တုန်းက..ရွာအဝင် လမ်းဆီကနေ…လက်ခြင်းယှက်ကာ ပြေးကာလွှားကာ.. ကျောင်းတက် လာကြတာတွေ..” ကျွန်တော်သီချင်းကို လိုက်ဆိုနေမိသည်။ “ဟာ..ဆရာကြီးကလည်း..သီချင်း ဆိုသလား..” အမှန်တော့ ကျွန်တော့်ရင်ထဲတွင် ငိုနေမိခြင်းဖြစ်သည်။

#ဝတ္ထုအိမ်

Leave a Reply

Your email address will not be published. Required fields are marked *