*လမ်းကြုံလိုက်တဲ့သေမင်း*📖📖📖(စ/ဆုံး)

*လမ်းကြုံလိုက်တဲ့သေမင်း*📖📖📖(စ/ဆုံး)

”ငါ့တူမရေငါ့တူမကဂမ္ဘီရဖြစ်ရပ်မှန်တွေအပျင်းပြေရေးနေတာဦးလေးတွေ့ရတယ်ငါ့တူမကိုအားပေးတဲ့အနေနဲ့ဦးလေးကိုယ်တွေ့ဖြစ်ရပ်မှန်ကလေးတွေကိုပြောပြချင်ပါတယ်—-ငါတူမဆီမှာဖတ်နေတဲ့စာဖတ်သူတွေလည်းဗဟုသုတရတာပေါ့””’ ဦးလေးကပြောပြတဲ့အကြောင်းအရာတွေအကုန်လုံးကစိတ်ဝင်စားစရာအတော်ကောင်းပါတယ် ဦးလေးကကျောင်းဆရာဆိုတော့စီကာပတ်ကုံးပြောပြလိုက်တာညနေစောင်းမှပြန်သွား၏ ထိုဦးလေးပြောပြသည်ထဲကအတိုဆုံးအကြောင်းအရာလေးကိုတင်ပေးလိုက်ပါသည်။

wallထဲကစာဖတ်သူတွေကလူဘယ်လောက်တိုးတိုးစာဖတ်သူတိုးမလာတဲ့အတွက်အခြားအကြောင်းအရာများအား မဂ္ဂဇင်းတိုက်ပို့ရန်စီစဉ်ထားပါသည်။ //////////////////////?///////////// ဦးကြည်စိုးသည်ကျောင်းဆရာတစ်ဦးဖြစ်ကာစာအသင်အပြအလွန်ကောင်း၏ စေတနာကောင်းကာစည်းကမ်းကြီး၍သူ့အတန်းကကျောင်းသားအများစုသည်ထူးချွန်ကြသည်။ လူချစ်လူခင်ပေါများလှ၏တစ်ရက်တွင်ဆရာဆရာမများအတွက်အထူးမွန်းမံသင်တန်းတစ်ခုတက်ရ၏ ထိုသင်တန်းတွင်အနယ်နယ်အရပ်ရပ်မှကျောင်းဆရာဆရာမများလည်းတက်ရောက်ကြ၏ သဘောကောင်းသောဦးကြည်စိုးနှင့်အနယ်နယ်အရပ်ရပ်ကဆရာဆရာမများခဏအတွင်းခင်မင်သွားကြ၏ ဦးကြည်စိုးကသူနှင့်ခင်မင်သည့်ဆရာဆရာမများနေသော၏မြို့များ၏ဒေသန္တရပတ်ဝန်းကျင်အခြေအနေများအားလေ့လာ၍ဗဟုသုတအနေဖြင့်မေးတတ်၏

ထိုအထဲမှခရမ်းသုံးခွဘက်ကလာတက်သောဆရာတစ်ယောက်နှင့်စကားလက်ဆုံကြရင်းသူတို့အရပ်ကအဖြစ်အပျက်တစ်ခုအားပြောပြ၏ ထိုကျောင်းဆရာတွင်မောင်တင်ဟုခေါ်သောမိတ်ဆွေတစ်ယောက်ရှိ၏ ထိုလူသည်အစအနောက်အလွန်သန်ကာမျက်နှာအလွန်ပြောင်၏ တစ်ရက်တွင်သန်လျှင်မြို့သို့ဆိုင်ကယ်ဖြင့်သွားရင်ညနေလောက်မှခရမ်းသုံးခွလမ်းအတိုင်းဆိုင်ကယ်စီးကာပြန်လာ၏ အချိန်ကာလကလည်းညနေစောင်းနေကျချိန်ဆိုတော့သာသာယာယာရှိ၏ ခရမ်းသုံးခွလမ်းကလူပြတ်သည့်နေရာအရောက်တွင်အမျိူ းသမီးတစ်ယောက်ကသူ့ဆိုင်ကယ်အားလှမ်းတားလိုက်၏ သူလည်းဆိုင်ကပ်ရပ်ကာအမျိူ းသမီးအားကြည့်လိုက်ရာအလွန်တစ်ရာချောမောလှပသည်ကိုတွေ့ရ၏ သူ့ဘဝတွင်ဒီလောက်လှသည့်အမျိူ းသမီးတစ်ခါမှမမြင်ဘူးပေသူ့ရင်တွေတောင်အတော်ခုန်သွား၏ ”’ညီမဘယ်သွားမှာလဲ”” ”’ကျွန်မမြို့ကိုလမ်းကြုံလိုက်ချင်လို့””

ထိုအမျိူ းသမီး၏အသံသည်ဆွဲငင်အားတစ်ခုခုပါနေသလိုထင်ရကာနဂိုကတည်းကအစအနောက်သန်၍ အဖော်ခေါ်ချင်နေသောသူ့အတွက်ရေငတ်တုန်းရေတွင်ထဲကျသလိုဖြစ်သွား၏ ဒါနဲ့အမျိူ းသမီးအားဆိုင်ကယ်ပေါ်တင်၍မောင်းလာ၏လမ်းတွင်တွေ့သည်အသိများနှင့်တွေ့သည့်အခါ သူချောမောလှပသည့်မိန်းကလေးအားဆိုင်ကယ်ပေါ်တင်လာသညိကိုမြင်အောင်လှမ်းနှုတ်ဆက်လိုက်၏ ထိုသို့နှုတ်ဆက်ရာတွင်လည်းသူ့အားပို၍သတိထားမိအောင်ဆိုင်ကယ်ကိုလက်လွှတ်စီးလိုက် မီးဖွင့်စီးလိုက်ဖြင့်အမျိူ းမျိူ းလုပ်ကာစီး၍လူမြင်အောင်ပြ၍နှုတ်မှလည်းရွှန်းရွှန်းဝေအောင်အော်၍နှုတ်ဆက်၏ ‘ ”ဟေ့ကောင်မောင်ဇော်ရေငါဘယ်လောက်စွံတယ်ဆိုတာမြင်လားကွ”” ထိုအခါမျက်နှာချင်းဆိုင်ဘက်မှစီးလာသောဆိုင်ကယ်သမားကသူ့နောက်ကတင်လာသူအားမြင်သွားပုံရကာပါးစပ်ဟောင်းလောင်းဖြင့်မျက်လုံးကြီးပြူးကျယ်သွား၏ သူ့ဆိုင်ကယ်ကိုငေးရင်းလမ်းဘေးသို့ကျမတတ်ဖြစ်နေ၍မောင်တင်သည်အလွန်သဘောကျသွားကာအော်ရယ်လိုက်၏ ‘

””ဟားးးးဟားးးဟားးး”” စိတ်ထဲမှလည်းဟိုကောင်သူခေါ်လာသည့်ကောင်မလေးကိုမြင်လို့ငန်းတာဆိုင်ကယ်တောင်မှောက်တော့မယ်ဟုထင်မိ၏ ဒီလိုနှင့်နောက်တစ်ယောက်အသိအားတွေ့ရာနှုတ်ဆက်ပြန်၏ ”’ဦးလေးအောင်ဘယ်လဲဗျ”” ထိုအခါထိုလူကလည်းသူ့ဆိုင်ကယ်နောက်ကြည့်ရင်းအံ့သြစွာဖြင့်ပြန်မေးလိုက်၏ ””’ဟေ့ကောင်မင်းဆိုင်ကယ်နောက်မှာဘာကြီးခေါ်တင်လာတာလည်းကွ”” ထိုအခါမောင်တင်ကသ့ူကိုပြန်နောက်သည်ထင်၍ပြန်ဖြေလိုက်ပြန်၏ ”””ဦးလေးရေမနာလိုမဖြစ်နဲ့ဗျူကိုယ့်ကုသိုလ်ကံနဲ့ကိုယ်ပေါ့”” သို့ပေမဲ့သူနှုတ်ဆက်လိုက်တဲ့သူတိုင်းကသူ့အားတအံ့တသြအဆန်းတစ်ကြယ်ကြည့်ကာပြောကြသည်က ‘

”’ဟေ့ကောင်ရူးသွားပြီလား—မင်းနောက်ကဘာကြီးတုံး”’ ””’ ‘သရဲမကြီးဟ” ””’ ””’ဒီလောက်ရုပ်ဆိုးတာကြီးတင်လာပြီးဂေါက်သွားတာ”” အမှန်ကအများအမြင်တွင်သူ့ဆိုင်ကယ်နောက်ပါလာသူသည်အလွန်ကြောက်စရာကောင်းသော ဆံပင်စုတ်ဖွားနှင့်မိန်းမကြီးတစ်ယောက်ဖြစ်သည်ထို့ကြောင့်လူအများရဲ့ပုံစံကိုကြည့်ပြီး မောင်တင်ကမင်္သကာတော့ပဲသူ့ဆိုင်ကယ်ကိုရပ်ကာနောက်မှာတင်လာသောကောင်မလေးအားကြည့်လိုက်ရာ သူခေါ်လာတုန်းကလိုချောမောလှပသည့်ကောင်းမလေးမဟုတ်တော့ပဲအလွန်အသည်းပျက်ဖွယ် ကြောက်ရွံ့ထိတ်လန့်စရာအလွန်ကောင်းသောဆံပင်စုတ်ဖွားနှင့်သရဲမကြီးဖြစ်၍နေတာကိုမြင်ရတော့ မောင်တင်လည်းငယ်သံပါအောင်အော်လိုက်မိ၏

ထိုအခါဆိုင်ကယ်နောက်ကမိန်းမကြီးလည်းပျောက်၍သွား၏ ဒါနဲ့မောင်တင်လည်းဆိုင်ကယ်ပေါ်တက်ကာအသကုန်စီးလာရင်းသရဲမကြီးလိုက်လာမှာစိုး၍ဘုရားတလာ၏ သူ့ဘဝတွင်ဒီလောက်ရုပ်ဆိုးသောသရဲမအားတစ်ခါမှမမြင်ဘူးသဖြင့်အသားများပင်တဆတ်ဆတ်တုန်လာ၏ ဒါနဲ့အိမ်ရောက်တဲ့ခါမောင်တင်သည်အပျင်းဖျားလိုက်တာမပြောပါနှင့်တော့ပါးစပ်ကလည်းကယောင်ကတန်းတွေအော်လိုက်တာမှစုံ၍နေသည်။ အိမ်သားများကဝိုင်းမေးသော်လည်းအဖြေမရအဖျားကြီးလျှက်ရှိနေ၏

မောင်တင်၏မိသားစုများကဆရာဝန်သွားပင့်၍ကုသော်လည်းအဖျားကမကျပေ မောင်တင်နှင့်လမ်းမှာတွေ့ခဲ့သူများကလည်းမောင်တင်၏မိခင်အားညနေစောင်းကမောင်တင်ဆိုင်ကယ်နောက်တွင် အလွန်ကြောက်စရာကောင်းသောမိန်းမကြီးတစ်ယောကအားခေါ်တင်လာပုံအားပြောပြရာ မောင်တင်၏မိသားစုများအလွန်စိုးရီမ်သွားကြကာနောက်နေ့တွင်အထက်လမ်းဆရာကြီးတစ်ယောက်ကိုသွားပင့်ကြ၏ ဒါပေမဲ့ဆရာကြီးမရောက်ခင်တွင်မောင်တင်ဆုံးနှင့်လေပြီဖြစ်သည်။ မောင်တင်သည်စဖြစ်သည်နှင့်နှစ်ရက်သာခံ၍သေခြင်းဖြစ်၍သူတို့အရပ်မှာတော့မောင်တင်၏သတင်းသည်နံမည်ကြီးသွား၏ ပြီး

Be the first to comment

Leave a Reply

Your email address will not be published.


*