ချစ်ဆိပ်

ချစ်ဆိပ်

မာသီသည် သူ့မိခင်ထံ မျက်စိမျက်နှာပျက်ဖြင့် ရောက်လာသည်။ မိခင်က သူ့သမီးကို တစ်ချက်ကြည့်လိုက်ပြီး “မာသီ ဘာဖြစ်လာသလဲ … မေမေ့ကိုပြောစမ်း” ဟု မေးလိုက်သည်။ “မေမေ … သမီးတော့ သမီးယောက်ျားကို စိတ်ကုန်လာပြီ။ ဘယ်လိုမှ သူနဲ့ဆက်ပြီးပေါင်းဖို့ မဖြစ်နိုင်တော့ဘူး မေမေ။ သမီး သူ့ကိုဆက်ပေါင်းနေရရင်တော့ တစ်နေ့နေ့ သတ်မိမလားတောင်မသိဘူး။ ဥပဒေရှိနေလို့ပေါ့။ နို့မို့ သမီး သူ့ကို သတ်ပြီးတာကြာပြီ။

https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

မေမေ … သမီးဘာလုပ်ရမလဲဟင်” “သမီးက ဘာလုပ်ချင်လို့လဲ” “သမီးပြောပြီးပြီလေ … သူ့ကို သတ်ချင်နေပါတယ်ဆိုမှ” “ကောင်းပြီလေ … သမီးက သမီးယောက်ျားကို တကယ်သတ်ချင်မှတော့ မေမေ ကူညီရမှာပေါ့” “တကယ်လားမေမေ … မေမေသာ ကူညီမယ်ဆိုရင် သမီးဘာပဲလုပ်ရ … လုပ်ရ လုပ်မှာ” “တကယ်လုပ်မှာလားသမီး” “တကယ်လုပ်မှာ” “ကောင်းပြီ … အများကြီး မဟုတ်ပါဘူး။ ၆ ချက်တည်း … သမီး လုပ်ပေးရမှာ ၆ ချက်တည်းကွယ်” “ဘာတွေလဲမေမေ” “သေသေချာချာမှတ်နော်သမီး …” တစ် … သူ့ကိုပြေလည်အောင် အရင်လုပ်မယ်။ ဒါမှ သူသေသွားရင် ဘယ်သူကမှ သံသယမဖြစ်မှာလေ။ နှစ် … သမီးပုံစံကြီးကို ပြောင်းလဲရမယ်။ ဒီလို မပြင်မဆင်နဲ့ ဖြစ်သလိုကြီး မနေရဘူး။ တကယ့်ကို ငယ်ငယ်တုန်းက အတိုင်းလေး ဖြတ်ဖြတ်လတ်လတ်နဲ့ လှလှပပလေးဖြစ်အောင် ပြင်ဆင်ပြီးနေရမယ်။ သုံး … သူ့ကို ဂရုစိုက်ပြရမယ်သမီး။

သူ့အပေါ် အရမ်းကောင်းပြပြီးတော့ ကျေးဇူးတင်ပြနေရမယ်။ လေး … စိတ်ရှည်သည်းခံရမယ်သမီး။ သူ့ကိုချစ်ပြ၊ သူ့အပေါ် မနာလိုစိတ်မဖြစ်အောင်နေပြရမယ်။ ပြီးတော့ သူပြောတာနားထောင်ပေး။ တကယ့်ကို လေးစားတဲ့ အပြုအမူနဲ့ နေထိုင်ပြရမယ်။ ငါး … သူကပေးတဲ့ပိုက်ဆံကို ဘယ်လောက်ပဲပေးပေး သူ့အတွက်ပဲသုံးတယ်ဆိုတာ ထင်ရှားနေပါစေသမီး။ ခြောက် … သမီးအသံကို မကျယ်စေနဲ့သမီး။ ဘာပြောပြော ဒေါသမထွက်ဘဲပြောနိုင်အောင်ကြိုးစား။ “အဲဒီ ၆ ချက်ပဲသမီး။ မေမေက ဘာဖြစ်လို့ အဲဒီလိုတွေ လုပ်ခိုင်းတာလဲသိလား” “ဘာဖြစ်လို့လဲမေမေ” “သူသေသွားရင် သံသယမဖြစ်အောင်ပေါ့ကွယ်။ ငါ့သမီးက သူ့ယောက်ျားကို ချစ်လိုက်တာလေဆိုတာပဲ ပတ်ဝန်းကျင်က မြင်နေ သိနေအောင်လို့ပေါ့။

သမီး မေမေပြောတာတွေ လုပ်နိုင်မလားကွယ်” “လုပ်နိုင်တာပေါ့မေမေ” “ကောင်းပြီ … ဒါဆိုရင် မေမေ သမီးကို ဆေးတစ်မျိုးပေးလိုက်မယ်။ အဲဒီဆေးမှုန့်ကို နည်းနည်းချင်းစီ သူစားမယ့် အစားအစာထဲ ထည့်ကျွေးရမယ်။ သူ့ကို ချက်ချင်းမသေစေဘဲ ဖြည်းဖြည်းချင်း သေအောင် လုပ်ရမယ်၊ ရက် ၃၀ လောက်ဆိုရင် သမီးယောက်ျားသေပြီ။ တစ်ခုတော့ရှိတယ်နော်။ ပတ်ဝန်းကျင်က မသင်္ကာ မဖြစ်အောင် မေမေပြောခဲ့တဲ့ ၆ ချက်ကိုတော့ လိုက်နာရမယ်” “စိတ်ချပါမေမေ” တစ်လခန့်အကြာတွင် သမီးဖြစ်သူ ပြန်ရောက်လာပြန်သည်။ သမီးက အမေကို ငိုယိုပြီးပြောသည်။

“မေမေ ကယ်ပါဦးမေမေ” “ဘာဖြစ်လဲသမီး … သမီးယောက်ျား သေပြီလား” “မသေသေးပါဘူးမေမေ။ ရက် ၃၀ ပြည့်ရင်သေတော့မယ်ဆို” “အေးလေ … သမီးနေ့တိုင်း မေမေပေးတဲ့ဆေးကို သူစားမယ့်အစားအစာတွေထဲ ထည့်ကျွေးတယ် မဟုတ်လား” “ဟုတ်တယ်မေမေ … နေ့တိုင်းထည့်ကျွေးတယ်။ သူသေတော့မယ်မေမေ။ ကယ်ပါဦး” “ဘာဖြစ်လို့လဲကွယ်။ သမီးက သေစေ့ချင်နေတာ မဟုတ်လား။ သေသွား အေးတာပဲ” “မဟုတ်ဘူး မေမေ … သမီး သူ့ကို မသေစေ့ချင်ဘူး။

သူက ပုံစံတွေ တဖြည်းဖြည်း ပြောင်းလဲလာတယ်။ သမီးအပေါ် ဆက်ဆံပြောဆိုတာတွေ အားလုံးပြောင်းလာတယ်” “သမီးကရော မေမေပြောတဲ့ ၆ ချက်ကို လိုက်နာရဲ့လား” “မေမေပြောတဲ့အတိုင်း လိုက်လုပ်တယ်မေမေ။ သမီးအပေါ် သူတကယ့်ကို နားလည်လာတယ်။ သမီးကို ပိုပြီးတော့လည်း ဂရုစိုက်လာတယ်။ မေမေ … ကယ်ပါဦး။ သမီး သူ့ကို မသေစေ့ချင်တော့ဘူး။ ကယ်ပါဦးမေမေ ဘယ်လိုလုပ်ကြမလဲ။ သမီး နေ့တိုင်း သူ့ကိုအဆိပ်တွေ ကျွေးမိနေပြီမေမေရယ်” “ဟင် … သမီး သူ့ကိုနေ့တိုင်းဘာတွေ ကျွေးတယ်” “မေမေပေးတဲ့ အဆိပ်တွေလေ” “မဟုတ်ပေါင်ကွယ် … မေမေသမီးကို ပေးလိုက်တာ ဂျုံမှုန့်တွေပါ။ ဂျုံမှုန့်စားလို့ သေတဲ့မသာ ရှိလို့လားကွယ်” “မေမေ တကယ်လားဟင် … ဂျုံမှုန့်တွေလား … ဒါဆို သူမသေတော့ဘူးပေါ့နော်” “မသေပေါင်ကွယ်” “ဝမ်းသာလိုက်တာ မေမေရယ်” (Poison that kills man ကို မြန်မာမှုပြုထားခြင်းဖြစ်ပါသည်)

တင်ညွန့် ၂၂.၂.၂၀၂၆

Leave a Reply

Your email address will not be published. Required fields are marked *