စုန်းထီးကြီးဦးဘသာနှင့် မုဆိုးလည်းသားကောင်

February 23, 2025 admin 0

စုန်းထီးကြီးဦးဘသာနှင့် မုဆိုးလည်းသားကောင် ကျုပ်တို့အညာဘက်တော့ ယောက်ျားတိုင်းက မုဆိုးတွေလို့ပြောရမယ်ဆိုရင် မှားမယ်လို့မထင်ဘူးဗျ၊ ယောက်ျားတွေတင်မက မိန်းကလေးတွေလည်း မုဆိုးအတတ်တော့ တတ်ကြတာပဲ၊ ဒါပေမယ့် မိန်းကလေးတိုင်း မုဆိုးမဖြစ်ပေမယ့် ယောက်ျားလေးတိုင်းကတော့ အကောင်ဘလောင်လေးတွေ ပစ်တတ်ခတ်တတ်တဲ့လူတွေချည်းပဲ။မုဆိုးဆိုလို့ ခင်ဗျားတို့အတွေးထဲမြင်ဖူးနေသလို သေနတ်တွေ ဒူးလေးတွေကိုင်ပြီးတော့ တောနက်ထဲဝင်ပြီး သမင်တွေ၊ ဒရယ်တွေ၊ စိုင်တွေ၊ ဆတ်တွေပစ်ခတ်ကြတဲ့မုဆိုးမဟုတ်ဘူးဗျ၊ ကျုပ်တို့ဘက်မှာက […]

ဂမ္ဘီရလုလင်နှင့် ပြုစားခံရသောရေကြည်ရွာသူ

February 23, 2025 admin 0

ဂမ္ဘီရလုလင်နှင့် ပြုစားခံရသောရေကြည်ရွာသူ ကျုပ်တို့ရောက်လာတဲ့ရွာအမည်က ရေကြည်ရွာတဲ့ဗျ။ ကျုပ်တို့ရောက်လာတဲ့ အချိန်က မနက်အစောပိုင်းလေးပဲရှိသေးတယ်…။ “ဆရာကြီး…” “ပြော…” ဆရာကြီးကို ကျုပ်ဗိုက်ဆာကြောင်း ပြောချင်လို့ခေါ်လိုက်တာဗျ။အဲ့တာနဲ့ကျုပ်လည်း… “ကျုပ်ဗိုက်ဆာနေပြီဗျ…”လို့ပြောလိုက်တော့… “ဒါဖြင့်လည်း ရွာထဲကိုဝင်ကြတာပေါ့ကွာ…” အဲ့သည်လိုနဲ့… ဆရာကြီးနဲ့ကျုပ်လည်း ရွာထဲကိုဝင်လာခဲ့ကြတယ်။ လူတွေကတော့မျက်နှာစိမ်းမို့ထင်ပါရဲ့ဗျာ… ကျုပ်တို့ကိုအကဲခတ်နေကြတာဗျ။ ကျုပ်တို့ဆရာတပည့်လည်း ဆက်လျှောက်လာရင်းနဲ့ ထနောင်းပင်ကြီးအောက်မှာအကြော်တဲတစ်လုံးကို တွေ့လိုက်တယ်ဗျ။ အဲ့တာနဲ့ကျုပ်တို့ဆရာတပည့်လည်း […]

”စုန်းထီးကြီးဦးဘသာနှင့် မြူမှောင်ကင်းချိန်”(စ/ဆုံး)

February 23, 2025 admin 0

”စုန်းထီးကြီးဦးဘသာနှင့် မြူမှောင်ကင်းချိန်”(စ/ဆုံး) ဦးဘသာကြီးနဲ့ တောက်စလင်းဘွားတော်ကြီးတို့သူနိုင်ကိုယ်နိုင်စိန်ခေါ်လိုက်တယ်ဆိုရင်ပဲ ကျုပ်တို့အတွေအတော်ထိတ်လန့်သွားတယ်၊ တောက်စလင်းဘွားတော်ကြီးက ယောမယ်တော်ကိုတောင်မှ စိန်ခေါ်ခဲ့တဲ့သူဆိုတော့ တော်တော်စွမ်းမှာအသေအချာပေါ့ဗျာ၊ အဲဒီညကျတော့ လရောင်ကလည်းအတော်သာတာနဲ့ ကျုပ်တို့လည်း ကွပ်ပျစ်မှာစုမိကြတယ်။ ကျုပ်ရယ်၊ ဦးဘသာရယ်၊ ဦးအောင်ရှိန်ရယ် သုံးယောက်ပေါ့ဗျာ၊ မခင်ကြည်ကတော့ သူ့ယောက်ျားပြန်လာပြီဆိုတော့ သူတို့မိသားစုတွေ အိပ်ရာဝင်ကြတာပေါ့၊ မနှင်းကြည်လည်း အိပ်ပြီထင်ပါရဲ့ဗျာ၊ ဒေါ်အေးကြည်ကတော့ အိမ်ပေါ်ထပ်မှာ […]

မြွေဘဝဖြင့်လက်စားချေသူ(စ/ဆုံး)

February 23, 2025 admin 0

မြွေဘဝဖြင့်လက်စားချေသူ(စ/ဆုံး) အိုင်ပေါက်နင့်ခမ်းနော်တို့လင်မယားတွင် တတိယမြောက်သားသမီးရတနာရတော့မှာမို့ ဝမ်းသာနေကြလေသည် ထူးဆန်းနေသည်ကခမ်းနော်တွင်ကိုယ်ဝန်စရှိ ကထဲကမြွေများကိုသူတို့လင်မယားမကြာခဏ အိမ်မက်မက်နေလေသည့် အထူးသဖြင့်ခမ်းနော်အိမ်မက်ထဲတွင် မြွေများလိုက်၍ပြေးနေတာကတသွယ် မြွေများကြားထဲရောက်နေ၍ကြောက်လန့်နေရ တာကတနည်း မြွေတွေနဲ့ဆော့ကစားနေရတာကတဖုံ စသည်ဖြင့်အမျိုးမျိုးအဖုံဖုံမြွေများကြီးမက်နေ လေသည် မက်ဆိုအိုင်ပေါက်အလုပ်ကမျိုးရိုးစဉ်ဆက်တတ် မြောက်လာသောမျက်လှည့်ပညာနှင့်မြွေအလမ္ပယ် ပြစားသောအလုပ်ကိုလုပ်လေသည် ထို့ကြောင့်များမက်နေသလားလို့လင်မယား နှစ်ယောက်သို့လောသို့လောထင်မိကြလေသည့် အရင်သားဦနှစ်ယောက်တုံးကဘာမှမထူးခြားပေမဲ့ ခုတခါတော့ထူးခြားနေသလားထင်မိကြလေသည် တညတွင်ခမ်းနော်ကထူးဆန်းသောအိမ်မက်ကိုမက် လေသည် အိမ်မက်ထဲတွင်မြွေကြီးနှစ်ကောင်သည်အိမ်ထဲဝင် လာပြီးချိန်တွင်မိန်းမနှစ်ယောက်အသွင်ပြောင်းသွား […]

ရွှေစေတီက နဂါးမောင်နှံ (စ/ဆုံး) ရေးသူ-နောင်ရိုး(ဆေးတပ်)

February 22, 2025 admin 0

ရွှေစေတီက နဂါးမောင်နှံ (စ/ဆုံး) ရေးသူ-နောင်ရိုး(ဆေးတပ်) အမလေး…ဘုရား…ဘုရား…” ခင်လေးပါးစပ်ဆီက အံ့သြတကြီးရေရွတ်မိလိုက်တယ်။ သူ့ရှေ့မြင်ကွင်းဆီမှာက တစ်သက်နဲ့တစ်ကိုယ်မြင်ရဖို့ ခဲယဉ်းလွန်းလှတဲ့ အမောက်တထောင်ထောင်နဲ့ စိမ်းတောက်တောက် နဂါးကြီး။ အလုံးအထည်က ထန်းပင်လုံးကြီးပမာ။ အမောက်၊ အရစ်များက ရွှေစိမ်းရောင်တောက်နေပြီး ရွှေဝါရောင်တချို့က ကြားဖောက်ထားတယ်။ မျက်၀န်းတို့ကတော့ နီရဲတောက်လို့ ပတ္တမြားလုံးကြီးများလို။ ဒီ့ထက်မက အံ့သြစရာကောင်းတာက […]

သေရွာပြန်မိစိုး(စ/ဆုံး)

February 22, 2025 admin 0

သေရွာပြန်မိစိုး(စ/ဆုံး) ဟောဒီက အကြော်စုံပူပူလေး” “ဟေ့ မိစိုး လာဦး ” “လာပြီ အရီးတင်မိရေ ဘာကြော်ယူမလဲပြော” “ဘူးသီးကြော်ပဲယူမှာ ငါ့ဖို့ ၅၀၀ဖိုးထည့်ပေး” “ရမယ် အရီးရေ ဟောဒီမှာတစ်ခုပိုထည့်ပေး လိုက်တယ်သိလား” “အေးပါ ” “ကဲ ကျန်တာလေးတွေကိုဟိုဘက်ရပ်ကွက်ဘက် ကျွန်မဆက်ပြီးရောင်းလိုက်ဦးမယ် အရီးရေ ” အကြော်သည် […]

ဖောက်ပြန်သူ(စ/ဆုံး)

February 22, 2025 admin 0

ဖောက်ပြန်သူ(စ/ဆုံး) မင်းဟန်အဝေးပြေးကားစီးလာရင်းအတွေးနယ်ချဲ့ လာသည်ကားမထွက်ခင်ပြောလိုက်သော သူ၏ချစ်လှစွာသောမယားငယ်စကားအားကြားယောင်နေမိပြန်သည်။ ””’ရှင်ကျွန်မဆီကယူသွားတဲ့သနပ်ခါးတုံးတွေကို—-ရှင့်အမေပေးမယ်ဆိုလ့ိုပေးလိုက်တာ—–အကယ်၍များရှင့်မယားကြီးပေးလို့ကတော့—–သနပ်ခါးလိမ်းတဲ့နေရာယားပြီးအဖုတွေထွက်လာလိမ့်မယ်—–မယုံရင်စမ်းကြည့်လိုက်လေ””” သနပ်ခါးတုံးတွေမယားငယ်ဆီကယူလာတုန်းကတော့မယားကြီးပေးရန်ဖြစ်သည်မယားငယ်ကအကင်းပါးသည် တစ်ကယ်တော့မင်းဟန်တွင်မယားနှစ်ယောက်ရှိနေသည်ပန်းရံခေါင်းဆောင်လုပ်သော မင်းဟန်ကသူ့အလုပ်ထဲမှပန်းရံလာဆင်းသောတင်တင်ဆိုသောမိန်းကလေးနှင့် ခိုးရာလိုက်ပြေးလာခြင်းဖြစ်သည်အမှန်တော့သူတို့နှစ်ယောက်လုံးတွင်အိမ်ထောင်ကိုယ်ဆီရှိနေသည်။ မယားကြီးနှင့်ဝေးရာမြို့တွင်နေရင်းမင်းဟန်ပထမတော့သာယာနေသည် နောက်တော့မယားငယ်အားသူတဖြေးဖြေးကြောက်၍လာမိသည်။ သူယူထားသောမယားငယ်သည်ပါးစပ်ကကျိန်လိုက်တိုင်းဖြစ်၍နေသည်ကိုသူသတိထားလာမိသည်။ တစ်နေ့တွင်မင်းဟန်အလုပ်လုပ်သောဆိုက်ထဲမှသဌေးကမင်းဟန်တို့အုပ်စုအားဘောက်ဆူးပေးလိုက်သည်။ သူတို့အုပ်စုဘယ်ပြောကောင်းမလဲအရက်ဆိုင်ကောင်းကောင်းတွင်အမြည်းကောင်းကောင်းနှင့်အဝဆွဲလိုက်တာ သဌေးပေးတဲ့ဘောက်ဆူးအပြင်ရှိသမျှပိုက်စံကလေးပါအဆစ်ပါသွားခဲ့လေသည်။ မိုးအတော်ချူပ်မှအိမ်သို့သိုင်းကွက်နင်းကာပြန်လာသောမင်းဟန်ကိုမယားငယ်ကပိုက်စံဆီးတောင်းလိုက်သည်။ ””’ကဲပါလာတဲ့ပိုက်စံပေး——အကြွေးပေးစရာရှိတယ်”” ””ကုန်ပြီ—တပြားမှမပါလာတော့ဘူး”” ထိုအခါသူ့မိန်းမသည်အလွန်ဒေါသထွက်စွာဖြင့်သူ့အားကျိန်လိုက်သည်။ ””ရှင့်အရက်သောက်ပြီးနေထမင်းမစားနဲ့—–ရှင့်အရည်တွေတညလုံးရှိသမျှအပေါက်ကအန်ပြီးမအိပ်ရပါစေနဲ့တော်—–”” သူမိန်းမကျိန်စာသည်အလွန်ပင်စွမ်းသည်လားမသိပါမင်းဟန်တစ်ယောက်အထက်လန်အောက်ရှောဖြစ်ကာ တညလုံးမအိပ်ရပဲနောက်တစ်နေ့ဆေးခန်းရောက်သွားလေသည်။ ဒါဟာတိုက်ဆိုင်လို့ဖြစ်တယ်ထင်ထားပေမဲ့နောက်တစ်ခါသူမိန်းမနဲ့သူနဲ့စကားများပြန်ရာကျိန်ပြန်သည်။ ဒီတစ်ခါတော့သူငယ်ချင်းတစ်ယောက်ကိုငွေချေးလိုက်တာပြန်မရ၍ထမင်းစားရင်းရန်ဖြစ်ကြတာဖြစ်သည်။ ””ရှင်အဲလောက်ချစ်နေရင်သူ့နှမယူထားပါလားးးးးးးးဒါမှမဟုတ်ရှင့်နှမပေးထားပါလားးးးး””’ […]

နေဝင်ချိန်လေးလှပါရစေ နေဝင်ချိန်လေးလှပါရစေ(စ/ဆုံး)

February 22, 2025 admin 0

နေဝင်ချိန်လေးလှပါရစေ နေဝင်ချိန်လေးလှပါရစေ(စ/ဆုံး) ”ရော့…စား” “အလုပ်ကြမလုပ်ချင်ဘူး အစားကြစားချင်တယ်၊ဆန်တစ်ဘူး ဘယ်လောက်မှတ်နေလဲ အဖေရဲ့” “အဖေတကယ်အလုပ်မလုပ်နိုင်လို့ပါ သမီးရယ်၊အဖေလုပ်နိုင်ခဲ့တုန်းက သမီးတို့ ညီအစ်မသုံးယောက်နဲ့သမီး အမေကိုအဖေပဲရှာကျွေးခဲ့တာပါကွယ်။ “ကိုပေသီး ရှင်အပိုတွေပြောမနေနဲ့ ရှင်လုပ်စာစားခဲ့ရတာက ဟိုးသဝေသနီ ခေတ်မှာကျန်ခဲ့ပြီတော့်။ အခုမှလာပြီးချေးခြောက်ရေနူးမနေစမ်းပါနဲ့တော်” “ဟုတ်တယ်အဖေ အခုကြပ်တည်းနေတဲ့အချိန်မှာ သမီးတို့ဘယ်လောက်ရှာဖွေ ရုန်းကန်နေလဲဆိုတာ အဖေသိရဲ့လား။ အခုခေတ်ကြီးထဲမှာ ထမင်းတစ်လုပ်စားရဖို့လွယ်တယ်မှတ် […]

No Image

Hello world!

February 22, 2025 admin 1

Welcome to WordPress. This is your first post. Edit or delete it, then start writing!