မြွေဘဝဖြင့်လက်စားချေသူ(စ/ဆုံး)

မြွေဘဝဖြင့်လက်စားချေသူ(စ/ဆုံး)

အိုင်ပေါက်နင့်ခမ်းနော်တို့လင်မယားတွင် တတိယမြောက်သားသမီးရတနာရတော့မှာမို့ ဝမ်းသာနေကြလေသည် ထူးဆန်းနေသည်ကခမ်းနော်တွင်ကိုယ်ဝန်စရှိ ကထဲကမြွေများကိုသူတို့လင်မယားမကြာခဏ အိမ်မက်မက်နေလေသည့် အထူးသဖြင့်ခမ်းနော်အိမ်မက်ထဲတွင် မြွေများလိုက်၍ပြေးနေတာကတသွယ် မြွေများကြားထဲရောက်နေ၍ကြောက်လန့်နေရ တာကတနည်း မြွေတွေနဲ့ဆော့ကစားနေရတာကတဖုံ စသည်ဖြင့်အမျိုးမျိုးအဖုံဖုံမြွေများကြီးမက်နေ လေသည် မက်ဆိုအိုင်ပေါက်အလုပ်ကမျိုးရိုးစဉ်ဆက်တတ် မြောက်လာသောမျက်လှည့်ပညာနှင့်မြွေအလမ္ပယ် ပြစားသောအလုပ်ကိုလုပ်လေသည်

ထို့ကြောင့်များမက်နေသလားလို့လင်မယား နှစ်ယောက်သို့လောသို့လောထင်မိကြလေသည့် အရင်သားဦနှစ်ယောက်တုံးကဘာမှမထူးခြားပေမဲ့ ခုတခါတော့ထူးခြားနေသလားထင်မိကြလေသည်

တညတွင်ခမ်းနော်ကထူးဆန်းသောအိမ်မက်ကိုမက် လေသည် အိမ်မက်ထဲတွင်မြွေကြီးနှစ်ကောင်သည်အိမ်ထဲဝင် လာပြီးချိန်တွင်မိန်းမနှစ်ယောက်အသွင်ပြောင်းသွား ကာသူတို့လက်ထဲပိုက်ထားသော မြွေကလေးတကောင်အားခမ်းနော်ရင်ခွင်ထဲထည့် လိုက်သောအခါမှာတော့ လူသားကလေးလေးတယောက်ဖြစ်လို့သွားလေသည် ထို့နောက်ခမ်းနော်လဲအိမ်မက်က လန့်နိုးသွားလေသည့်ဒီလိုနဲ့လတွေအလီလီပြောင်းလာတဲ့အခါခမ်းနော် တစ်ယောက်ချစ်စရာကောင်းသောသမီးကလေး တစ်ယောက်မွေးလေသည်

သမီးရူးရူးနေသောသူတို့လင်မယားအတွက်တော့ဒီ သမီးကလေးဟာဘုရားသခင် ဖန်ဆင်းပေးလိုက်သည်ဟုထင်မိလေသည် ချယ်ရီတွေလှိုင်လှိုင်ပွင့်သောအချိန်တွင်မွေးတာမို့ နန်းချယ်ရီလို့အမည်ပေးလိုက်သည် နန်းချယ်ရီစကားပြောတတ်စအရွယ်တွင်မိဘများက ခလေးပျောက်၍လိုက်ရှာပါက သူ့အဖေအိုင်ပေါက်မွေးထားသောမြွေများနှင့်ကစား နေတတ်လေသည်

ထူးခြားချက်အရနန်းချယ်ရီသည်အငြိုးအတေး အလွန်ကြီးသည်သ့ူအားအနာတရဖြစ်အောင်လုပ် တဲ့သူမှန်သမျှတနည်းနည်းနဲ့ပြန်လုပ်ရမှ ကျေနပ်တတ်လေသည် အစသန်သောသူ့အကိုများလဲအမှတ်သည်းခြေကြီး သောနန်းချယ်ရီလက်ချက်ဖြင့်ဒဏ်ရာများ ပြည့်နေလေသည် နန်းချယ်ရီအရွယ်ရောက်လာတော့သူတို့တောင် ယာခင်းမှထွက်သောအသီးအနှံများကိုခမ်းနော်နှင့် လိုက်ကူရောင်းပေးသလို သူ့အကိုများကလဲအိုင်ပေါက်ရဲ့မျက်လှည့်နှင့် မြွေအလမ္ပယ်ပြတာကိုဝိုင်းကူလေသည်

သူတို့နေသောတောင်ပေါ်ဒေသတွင်၅ရက်တခါသာ ဈေးနေ့ရှိသဖြင့် ထိုဈေးနေ့သည်အလွန်စည်ကားလေသည် ဈေးနေ့တွင်တောင်ပေါ်ဒေသရှိတိုင်ရင်းသား ပေါင်းစုံကိုလဲတွေ့မြင်ရလေသည် နန်းချယ်ရီတို့မိသားစုကသူတို့မြို့ဈေးနေ့ပြီးပါကအခြား မြို့ဈေးနေ့သို့သွားရောင်းကြလေသည် တောင်ပေါ်ဒေသဈေးနေ့ကတမြု့ိနဲ့တမြို့ရက်မတူပေ ထို့ကြောင့်စီးပွားရေးအဆင်ပြေသည်

နန်းချယ်ရီကသူ့အဖေအလုပ်ကိုမကြိုက် ပေမဲမြွေများကိုတော့တယုတယအစာကြွေးသည့် တနေ့တွင်အခြားမြို့သို့ဈေးနေ့သွားရောင်းရင်း နန်းချယ်ရီ ချစ်သူရလာလေသည် သူ့ချစ်သူသည်အိမ်သို့ဝင်ထွက်သွားလာနေကာတမိ သားစုလုံးနှင့်လဲအဆင်ပြေလေသည် မိဘများအကိုများကလဲသဘောတူ၍လက်ထပ်ပေး ရန်စီစဉ်လေသည်

ဒီလိုနဲ့ကောင်လေးဟာနန်းချယ်ရီအားတောင်းရန် ရက်သတ်မှတ်ပြီးမိဘများပြန်ခေါ်လေသည် နန်းချယ်ရီလဲအပျော်ကြီးပျော်နေလေသည် သူငယ်ချင်းအပေါင်းအသင်းများနှင့်ဆွေမျိုးများအား လဲကြိုဖိတ်ထားသည် မင်္ဂလာပွဲတွင်ဝတ်စားမည့်အရာများလဲစိတ်ကူးယာဉ် ပြင်ဆင်လျှက်ရှိသည် သို့သော်သတ်မှတ်ထားသည့်ရက်တွင်ဧည့်သည်များ ရောက်လာပါသော်လည်း နန်းချယ်ရီအားလာတောင်းမည့်သတို့သားလောင်း သည်ပေါ်မလာပါ

အချိန်လွန်တော့အစီအစဉ်ပျက်ကာအားလုံးအိမ် ပြန်ကုန်လေပြီ နန်းချယ်ရီတယောက်သာပြင်ဆင်ထားလျှက် တညလုံးမအိပ်ပဲငုတ်တုတ်ထိုင်စောင့်နေလေသည် ညီမလေးအဖြစ်ကိုမကြည့်ရက်သောအကိုများက မနက်မိုးလင်းတာနဲ့ကောင်လေးနေသောမြို့သို့လိုက် သွားရာကောင်လေးသည် မိဘသဘောတူသောကောင်မလေးနှင့်လက်ထပ်၍ ကောင်မလေးနေသောမြို့ကိုလိုက်သွာသည်ဟု သိရလေသည်

မိဘများလဲအိမ်ပြောင်းသွားကြကာအားလုံးအစ ပျောက်သွားလေသည် ဒီသတင်းကြားပြီးကထဲကနန်းချယ်ရီရှက်လွန်း၍ အခန်းအောင်းနေလေသည် ဒါပေမဲ့နန်းချယ်ရီမငိုပါ နန်းချယ်ရီ၏အချစ်တွေသည်အမုန်းတွေအဖြစ် ပြောင်းလဲသွားကာတောက်တခေါက်ခေါက် အံတကြိတ်ကြိတ်ဖြင့်အခဲမကျေဖြစ်နေတော့သည် နောက်တနေ့မိုးလင်းတော့ နန်းချယ်ရီအားသူ့အခန်းထဲတွင် ဇွဲကြိုးချကာသ့ူ့ကိုယ်သူသတ်သေနေသည်ကို ိုစိတ်မကောင်းစွာတွေ့ကြရလေသည် ်အိုင်ပေါက်နှင့်ခမ်းနော်လဲယူံကြုံးမရဖြစ်ကြရလေသည်

နန်းချယ်ရီဆုံးပြီး၃လလောက်နေတေ့ သူတို့လင်မယားအိမ်မက်မက်ပြန်သည် အိမ်မက်ထဲတွင်နန်းချယ်ရီကအဖေနဲ့အမေသူအိမ်ပြန် လာမယ်လို့ပြောလေသည် တိုက်ဆိုင်တယ်ပဲပြောရမလားထိုသို့မက်ပြီးမကြာခင် ်တွင်အိုင်ပေါက်တို့အိမ်သို့မြွေကလေးတကောင်ရောက်လာလေသည် အိုင်ပေါက်မြွေအလမ္ပယ်ပြရန်မွေးထားသောမြွေများ ဘေးတွင်ခွေနေလေသည်အိုင်ပေါက်လဲ သ့ူ့သမီးကလေး များမြွေဘဝပြန်ရောက်သွားပြီလားလို့ ဝမ်းနဲစွာတွေးပြီးထိုမြွေကလေးအားကောင်းစွာမွေးထားလေသည် ခမ်းနော်ကလဲမြွေကလေးအားကြည့်၍ မျက်ရည်တစမ်းစမ်းဖြစ်နေလေသည် အိုင်ပေါက်မြွေအလမ္ပယ်ပြရာတွင်ထိုမြွေကလေးသည် မခေါ်ပဲပါလာတတ်လေသည်

နောက်တော့အိုင်ပေါက်အတွက်အလွန်အားကိုး ရသောမြွေတကောင်ဖြစ်လာလေသည် တနေ့တွင်အိုင်ပေါက်တခါဘူးမှမသွားဘူးသောမြို့တမြို့မှဈေးနေ့သို့မျက်လှည့်နှင့်မြွေအလမ္ပယ်ပြရန် နန်းချယ်ရီကအိမ်မက်ပေးလေသည် အိုင်ပေါက်လဲသွားရန်ဆုံးဖြတ်လိုက်လေသည်

ထိုမြို့ကဈေးနေ့သည်အထူးပင်စည်ကားနေလေသည် အိုင်ပေါက်နှင့်သူ့သားနှစ်ယောက်လဲဈေးအစွန်တွင် နေရာယူ၍ခင်းကျင်းပြသရာအလွန်ပင် အားရဖွယ်ကောင်းလေသည်လူများတစတစနှင့် တဖြေးဖြေးများလာလေသည် မြွေကလေးအစွမ်းကိုပရိတ်သတ်ကအထူးပင် သဘောကျနေလေသည်

ဒီအချိန်မှာပဲအပြောင်းအလဲတခုသည်မထင်မှတ်ပဲပေါ်လာလေသည် မြွေကလေးသည်လူအုပ်ကြားထဲသို့ပြေးထွက်သွားရာ လူအုပ်ကြီးသည်အလန့်တကြားခြေဦးတည့်ရာ အလုအယက်ထွက်ပြေးကြလေသည် အုန်းအုန်းကြွက်ကြွက်ဖရိုဖရဲဖြစ်သွားသော လူအုပ်ကြီးနောက်တွင် ကြောင်၍ရပ်ကြည့်နေသောစုံတွဲတတွဲမှယောင်္ကျားဖြစ်သူအားမြွေကလေးသည်

အညိုးကြီးစွာဖြင့်ပေါက်လိုက်ပြီးလျှင်မြန်စွာထိုနေရာမှ ပျောက်ကွယ်သွားလေသည် ထိုလူမှာနေရာတွင်လဲကျကာသေဆုံးသွားလေသည် ်မြွေဆိပ်ဖြင့်သေဆုံးသွားသူမှာ အခြားသူမဟုတ်ပါနန်းချယ်ရီရဲ့ ရီးစားဟောင်းပင်ဖြစ်လေသည်

ညဘက်တွင်တော့အိုင်ပေါက်နှင့်ခမ်းနော်အား နန်းျခိယ်ရီကအိမ်မက်ပေးလေသည် ”””’အဖေနဲ့အမေသမီးဌာနေကိုပြန်သွားပါပြီ သမီးးတာဝန်လဲပြီးဆုံးသွားပြီမို့နုတ်ဆက်ပါတယ် အဖေလဲမြွေအလမ္ပယ်ပြစားတဲ့အလုပ်ကို စွန့်လွတ်လိုက်ပါတောင်ယာပဲစိုက်စားပါ ါကြီးပွားလာပါလိမ့်မယ် အဖေမွေးထားတဲ့မြွေတွေကိုလဲတောထဲပြန်လွှတ် ပေးလိုက်ပါ

မြွေပချုပ်ထဲမှာလက်ဆောင် ထည့်ခဲ့ပါတယ်””””””” ထိုသို့ပြောပြီးနန်းချယ်ရီသည်မြွေကလေးဖြစ်ကာ ပြောက်ကွယ်သွားလေတော့သည် မနက်မိုးလင်းတော့အိုင်ပေါက်လဲ မြွေပချုပ်ထဲသွားကြည့်ရာနီရဲနေသော ပတ္တမြားလေးတလုံးကိုတွေ့ရလေသည် ထိုနေ့ကစလို့အိုင်ပေါက်မြွေအလမ္ပယ်ပြသောအလုပ် ကိုစွန့်လွတ်လိုက်လေသည်

ပြီး D Moe Moe

 

Be the first to comment

Leave a Reply

Your email address will not be published.


*