“လူဝင်စား”(စ/ဆုံး)

“လူဝင်စား”(စ/ဆုံး) သူ့နာမည်အရင်းကကိုခန့်အသားညိုညိုအရပ်အမောင်းမနိမ့်မမြင့်နဲ့ခန့်ချောချောပါတယ်။ ကိုခန့်ရဲ့မွေးရပ်ဇာတိမှာဧရာဝတီတိုင်းဖျာပုံ၊ဘိုကလေးနယ်ဘက်မှဖြစ်ပြီးမိဘတွေကဆန်စက်ပိုင်ရှင်တွေဖြစ်ကြပါတယ်။ ကိုခန့်မှာအခြားမွေးချင်းညီအစ်ကိုမောင်နှမတွေမရှိဘဲတစ်ဦးတည်းသောသားဖြစ်ပြီးကိုခန့်မွေးလာကတဲကမိဘများရဲ့စီးပွားရေးလုပ်ငန်းတွေဟာလဲတစ်ဟုန်တိုးကြီးပွားတိုးတက်လာတာမို့မိဘနှစ်ပါးအပြင်ဆွေမျိုးတွေကပါဖူးဖူးမှုတ်ချစ်ကြပါတယ်။ မူလအောင်မြင်နေတဲ့ဆန်စက်လုပ်ငန်းအပြင်လယ်ဧကထောင်ချီပိုင်ဆိုင်လာခဲ့ပြီးရန်ကုန်ဘက်ကိုသွားလာဖို့သစ်သားခွန်သဘော်သုံးလေးစီးကိုလဲကိုခန့်ရဲ့မိဘတွေကပိုင်ဆိုင်ကြပါတယ်။ ကိုခန့်ဆယ်တန်းအောင်ပြီးတဲ့အချိန်မှာတော့ရန်ကုန်မှာတက္ကသိုလ်ဆက်တက်ရန်ဆယ်မိုင်ကုန်းဘက်မှာကြီးမားကျယ်ဝန်းတဲ့ခြံကျယ်ကြီးတစ်ခြံကိုဝယ်ယူခဲ့ပြီးဆွေနီးမျိုးစပ်ထဲမှာအားကိုးရတဲ့သူလေးငါးဦးနဲအတူကိုခန့်တို့မိသားစုနေထိုင်ကြပါတယ်။ ရွာမှာရှိဆန်စက်နဲ့လယ်​မြေတွေကိုတော့ကိုခန့်ရဲ့ဦးလေးဖြစ်သူဦးဘတူနဲ့လွှဲပြောင်းထားခဲ့ပြီးတစ်လလျှင်တစ်ခေါက်လောက်သာဆန်စက်ကိစ္စနဲ့အခြားအရေးကြီးကိစ္စတွေအတွက်သာသူ့ရပ်သူ့ရွာကို၊ကိုယ်ပိုင်သဘော်နဲ့ပြန်ပြီးသူ့ရဲ့လုပ်ငန်းတွေကိုစီမံခန့်ခွဲတတ်ပါတယ်။ ဦးဘတူမှာလဲသစ္စာရှိတဲ့သူတစ်ယောက်မို့စီးပွားရေးလုပ်ငန်းတွေအတွက်မျက်နှာလွဲရပါတယ်။ ကိုခန့်ကျောင်းတက်နေစဥ်လေးနှစ်တာလုံးလုံးမိသားစုတွေရန်ကုန်မြို့မှာနေထိုင်ကြပြီးကိုခန့်ရဲ့မိခင်ဖြစ်သူကတော့ကိုခန့်ကိုရန်ကုန်မှာရှိတဲ့ပညာတတ်အမျိုးသမီးတစ်ယောက်နဲ့အိမ်ထောင်ချပေးခါသားတွေမြေးတွေနဲ့အတူနေချင်ပေမယ့်ကိုခန့်ကိုယ်တိုင်ကအိမ်ထောင်ပြုလိုခြင်းမရှိသေးဘဲသူ့ရဲ့မွေးရပ်မြေမှာသာနေထိုင်လိုစိတ်ပြင်းပြနေတာမို့ရန်ကုန်မြေကိုစွန့်ခွါပြီးမိသားစုတွေရွာကိုပြန်လာကြပါတယ်။ ရွာကိုပြန်ရောက်တော့ကိုခန့်တစ်ယောက်ပျော်လိုက်သည်ဆိုတာပြောစရာမလိုအောင်ပင်သူငယ်ချင်းတွေနဲ့ပျော်လိုက်၊ပါးလိုက်ဆန်စက်လုပ်ငန်းကိုဦးစီးလိုက်နဲ့ကိုခန့်တစ်ယောက်သဘောတွေ့နေပါတယ်။ ရန်ကုန်တက္ကသိုလ်တက်နေစဥ်မှာပင်ချစ်သူရည်းစားမထားခဲ့ဖူးတဲ့ကိုခန့်တစ်ယောက်တစ်ဘက်ရွာမှသူကြီးရဲ့သမီးဝါဝါမြင့်ကိုနှစ်သက်သဘောကျနေခဲ့ပါတယ်။သူ့ရဲ့ဆန္ဒကိုမိဘတွေကိုပွင့်ပွင့်လင်းလင်းပြောပြလိုက်တဲ့အခါမှာတော့ဆန်စက်ပိုင်ရှင်သူဌေးလင်မယားလဲတစ်ဘက်ရွာရှိသူကြီးရဲ့အိမ်ကိုချောင်းပေါက်မတတ်သွားပြီးရွှေလမ်းငွေလမ်းဖောက်ကြပါတယ်။ သူကြီးလင်မယားကလဲလူကဲခပ်မညံ့ကြသူတွေမို့သမီးအလှကိုနားဝင်အောင်ဖျောင်းဖျပြောဆိုပြီးကိုခန့်တို့မိသားစုနဲ့ ဆွေမျိုးတော်စပ်ဖို့လက်ခံလိုက်ကြပါတယ်။ ကိုခန့်တို့ဘက်ကလဲတစ်ဦးတည်းသောသားလေးမို့လယ်ဧကပေါင်းများစွာအပြင်သဘော်နှစ်စီးကိုလက်ဖွဲ့မည်ဖြစ်ပြီးလက်ဝတ်လက်စားများစွာကိုသူတိုးသမီးလေးအတွက်ဆင်မြန်းလက်ဖွဲ့ဖို့ပြင်ဆင်ပြီးမဂ်လာရက်မြတ်ရွှေးချယ်ခါမဂ်လာဆောင်ကိုအကြီးအကျယ်ဆောင်ပေးဖို့ပြင်ဆင်ကြပါတယ်။   မဂ်လာပွဲအတွက်လိုလေသွေးမရှိစေရအားနဲ့ချက်လိုအပ်ချက်တွေနဲနိူင်သမျှနဲစေရန်ကြိုတင်ပြင်ဆင်ကြပါတယ်ငွေကြေးချမ်းသာတဲ့သူတွေမို့ခန်းဝင်ပစ္စည်းနဲ့အခြားသောလိုအပ်တဲ့ပစ္စည်းတွေကိုရန်ကုန်ကမှာယူပြီးကိုခန့်ကိုမဂ်ဆောင်အပြီးမှာနေထိုင်ဖို့ကျွန်းတိုင်လုံးတွေနဲ့သွပ်မိုးပျဥ်ကာနှစ်ထပ်အိမ်ကြီးလဲဆောက်လို့ပြီးပြီးအရာရာအားလုံးပျော်စရာအတိပြီးတဲ့အနေအထားကိုရောက်နေခဲ့ပါပြီ မွေးလာကပြည့်ပြည့်စုံစုံနဲ့ဘဝကိုဖြတ်သန်းလာရတာမို့ကိုခန့်အတွက်အရရာဟာရေကန်အသင့်ကြာအသင့်တွေသာကြုံနေရတာမို့်ပေါ့ပေါ့ပါးပါးပင်သူငယ်ချင်းတွေနဲ့သောက်စားပျော်ပါးရင်းတစ်နေ့မှာတော့သူငယ်ချင်းတွေမြစ်ကမ်းပါးမှာရေကူးရင်းကိုခန့်တစ်ယောက်ရေနစ်ပြီးကွယ်လွန်ခဲ့ပါတော့တယ်။ ကိုခန့်သိလိုက်ချိန်မှာတော့သူငယ်ချင်းတွေသူကိုအသဲအသံလိုက်ရှာနေကြတယ်။ “ေဟ့ကောင်တွေငါဒီမှာကွ” “ငါ့ကို့စောင့်ကြပါအုံးဟ” “သူငယ်ချင်းတွေရဲ့လက်ထဲမှာရေနစ်ထားတဲ့အလောင်းတစ်လောင်း” “ကိုခန့်ခေါ်နေတာဘယ်သူမှပြန်မထူးကြ” သူငယ်ချင်းတွေအားလုံးလဲမျက်နှာတွေမကောင်းကြဘဲကြက်သေသေနေကြပါတယ်။ ကိုခန့်ရဲ့အလောင်းကိုမိခင်ဖြစ်သူမြင်တော့ငိုလိုက်တာရင်ကွဲပက်လက်တရားသဘောကိုနီးနီးစပ်စပ်ရှိပေမယ့်ရင်ကဖြစ်တဲ့သားလေးအသေဆိုးနဲ့သေရတာကိုမြင်တော့ဘယ်လိုမှမခံစားနိူင်ဘူးဖြစ်နေတာအဖေလုပ်သူကလဲမျက်ရည်တွေကျပြီးဇနီးသည်ကိုနှစ်သိမ့်ဖို်စကားလုံးတွေကင်းမဲ့နေရှာတယ်။ ထိုညအဖို့်ကိုခန့်အတွက်ဘဝတွေခြားနားသွားပြီမို့အိမ်မှာနေခွင့်မရတော့ဘဲရွာနောက်ဘက်ရှိသင်းချိုင်းထဲမှာရှိတဲ့ညောင်မုတ်ဆိပ်ပင်ရဲ့အကိုင်းအဖြားသေးသေးလေးမှာနေစရာရပါတယ်။ကိုခန့်ကြည့်လိုက်တော့သစ်ပင်တစ်ပင်လုံးနီးပါးနေထိုင်သူတွေအပြည့်ပင်ရှိနေကြပါတယ်။ တစ်နေ့တစ်နေ့အစာစားရဖို့အတော်ပင်ကြိုးစားရပါတယ်၊အစာစားခွင့်ရသော်လည်းစိတ်ထင်တိုင်းစားခွင့်မရှိဘဲသူ့ထက်အရင်ရောက်နေသူတွေနဲ့အကောင်ကြီးမားတဲ့သူနေတွေကိုဦးစားပေးရပြန်ပါတယ်။ မိုးသည်းထန်တဲ့နေ့တွေမှာဆိုရင်ကိုခန့်တို့အပင်မှာမှီခိုသူတွေအားလုံးမိုးထဲရေထဲမှာခက်ခက်ခဲခဲနေထိုင်ကြရပါတယ်။ထိုအပင်ကြီးကိုရောက်ပြီးသိပ်မကြာခင်မှာဘဲကိုခန့်အတွက်အခွင့်အရေးတစ်ရပ်ပေါ်လာခဲ့ပါတယ်။ ကိုခန့်တို်သင်းချိုင်းအနီးမှာနေထိုင်တဲ့တဲအိမ်တန်းလေးတွေမှဦးအောင်မြတ်ရဲ့ဇနီးဒေါ်မြိုင်ဟာနေ့စဥ်နေတိုင်းမနက်ပိုင်းဘုရားဆွမ်းတော်ကပ်၊မေတ္တာပို့အမျှအတန်းဝေပြီးတဲ့အချိန်မှာဆွမ်းတော်စွန့်တဲ့အခါညောင်မုတ်ဆိပ်ပင်ကြီးအနီးမှာဆွမ်းတော်စွန့်ရင်းမြင်အပ်မမြင်အပ်ပုဂ္ဂိုလ်တွေကိုအမျှပေးဝေပြီးသူ့ရဲ့တဲလေးဆီကိုပြန်တတ်ပါတယ်။ နောက်ရက်များမှာဒေါ်မြိုင်ရဲ့အနောက်ကိုလိုက်ဖို့ကိုခန့်ကြိုးစားပေမယ့်ဒေါ်မြိုင်ရဲ့တဲအနီးမှာရှိတဲ့အစောင့်အရှောက်တွေကြောင့်ကိုခန့်အနားသို့ကပ်လို့မရဘဲရှိနေပါတယ်။ ေန့တိုင်းနီးပါးဒေါ်မြိုင်ရဲ့တဲလေးအနီးကိုလိုက်သွားခဲ့ပြီးကံကောင်းတဲ့နေ့လေးတစ်နေ့မှာတော့တဲအတွင်းရှိရေအိုးစင်လေးပေါ်မှရေသောက်တဲ့သတ္တု့ဖလားငယ်လေးဟာပက်လက်အနေအထားမို့ထိုရေခွက်လေးထဲကိုအစက်အပျောက်လေးအဖြစ်ကိုခန့်ဝင်ပြီးနေရာယူလိုက်ပါတယ်။ခဏအကြာမှာတော့အိမ်အလုပ်တွေလုပ်ကိုင်ရင်းမောလာလို့ဖလာလေးနဲ့ရေခပ်ပြီးဒေါ်မြိုင်အားရပါးရတစ်ဂွပ်ဂွပ်နေအောင်သောက်ချလိုက်ပါတော့တယ်။ …

“လူဝင်စား”(စ/ဆုံး) Read More

အိမ်ထောင်ဦးစီး(စ/ဆုံး)

အိမ်ထောင်ဦးစီး(စ/ဆုံး) “တော်ပါတော့ ကိုသိန်းရယ်။ ရှင်တော်တော်လွန်နေပြီနော်။ခင်လေး မပြောပဲနေခဲ့တာကြာပြီ။ ခင်လေး သားသမီးတွေကို ကိုယ်ထိလက်ရောက်ရိုက်နှက်ပြီးမဆုံးမပါနဲ့လို့ ဘယ်နှစ်ခါပြောရမလဲ။ ရှင့်ကို ခင်လေး တောင်းပန်နေတာပါ ကိုသိန်း။ ဒီအရွယ်တွေက ပြောပြ သင်ပြရင်နားလည်တတ်တဲ့အရွယ်ရောက်နေပြီ။ ငါအဖေ ငါခိုင်းတာလုပ်ဆိုတာမျိုးတွေ မလုပ်ပါနဲ့တော့။ ပြီးတော့ ရှင် သောက်စားလာပြီး သားသမီးတွေ မဆုံးမပါနဲ့။ ” “တော်တော့ ခင်လေး။ မင်းသားသမီးတွေ မင်းနိုင်လား ဟင် …

အိမ်ထောင်ဦးစီး(စ/ဆုံး) Read More

လိုချင်ခဲ့သောကမ္ဘာ(စ/ဆုံး)

လိုချင်ခဲ့သောကမ္ဘာ(စ/ဆုံး) “ဘာ! မူးလို့ မှားမိတာ…ဟုတ်လား..ဒါဆို.. မူးနေလို့ အသိစိတ် ပျောက်နေလို့ဆိုရင် နင် အရက် မူးနေတုန်း ချေးကျွေးရင် စားမှာလား…..” “နင် ..နင်..မမိုက်ရိုင်းနဲ့နော်…ခင်” “ဟား ဟား ငါ့ စကားက ရိုင်းသွားလို့လားဟ…အမှန်ပြောကြည့်တာလေဟာ…နင့်ရဲ့ မူးလို့ မှားသွားတာပါဆိုတဲ့ စကားကို ဆွေးနွေး အဖြေရှာကြည့်တာ” ခုနက တောင်းပန်းတိုးလျိုးတဲ့ အကြည့်တွေ ပျောက်ပြီး ကျွန်မကို မီးဝင်းဝင်းတောက် …

လိုချင်ခဲ့သောကမ္ဘာ(စ/ဆုံး) Read More

မိန်းမလှအငြိုး(စ/ဆုံး)

မိန်းမလှအငြိုး(စ/ဆုံး) ဒီနေ့ငယ်သူငယ်ချင်းတွေ တွေ့ဖို့ချိန်းထားတယ်။အားလုံးထဲမှာ ငါအချမ်းသာဆုံး အလှဆုံးပြင်သွားရမယ်လို့ စိတ်ထဲတွေးရင်း သီရိအလှပြင်နေလိုက်တာ ချိန်းထားတဲ့အချိန်တောင်နီးပြီ။ နောက်ဆုံးအနေနဲ့ မှန်ရှေ့ကိုယ်ကိုတစ်ပတ်လှည့်ကြည့်ပြီး ကားသော့ယူ အောက်ထပ်ဆင်းလာခဲ့တယ်။ “မာမီ.ဘယ်သွားမလို့လဲ” “မာမီ့သူငယ်ချင်းတွေနဲ့သွားတွေ့မလို့၊ အပြန်မုန့်ဝယ်ခဲ့မယ်နော်၊ လှစိန် သမီးကို ထမင်းကျွေးရင် ငါးနဲ့မကျွေးနဲ့၊ ကြက်သားနဲ့ကျွေး၊ အရိုးစူးလိမ့်မယ်” “ဟုတ်ကဲ့ပါမမ” စားသောက်ဆိုင်ရောက်တော့ အားလုံးနီးပါးရောက်နေပြီ။ “ဒီနေ့လာမယ့် ဘုန်းမြတ်သူရကို နင်မှတ်မိလားသီရိ” “လူမြင်မှပဲသိမှာသူဇာ ၊ နင်ရော …

မိန်းမလှအငြိုး(စ/ဆုံး) Read More

“ဝဋ်မှာအမြဲ”

“ဝဋ်မှာအမြဲ” “မိန်းမရေ့..မိန်းမ” ဇနီးဖြစ်သူကိုတကြော်ကြော်ခေါ်ရင်းအိမ်ပေါ်သို့တက် လာသောကိုနိုင်အောင်ပုံစံကယိုင်တိုင်တိုင်။လက်ထဲမှာလည်းအရက်ပုလင်းတစ်လုံးကိုကိုင်ထားသေးသည်။မနီမာအိမ်ထဲမှပြေးထွက်လာသည်။ “ဪ.အစ်ကို.ဒီနေ့နောက်ကျတယ်နော်.ည၈နာရီတောင်ထိုးနေပြီ” “ဟုတ်တယ်ကွာ.နောက်ဆုံးအခေါက်ပို့ရတာနည်းနည်းနောက်ကျသွားတယ်.ဒါနဲ့မင်းတို့သားအမိတွေရောထမင်းစားပြီးကြပြီလား.” “အစ်ကိုပြန်လာနိုး.ပြန်လာနိုးနဲ့နီမာတို့သားအမိတတွေစောင့်နေကြသေးတယ်.နောက်ဆုံးသားတွေဗိုက်ဆာလို့မစောင့်နိုင်တာနဲ့ကျွေးလိုက်ရတယ်.နီမာလည်းသားတွေကိုကျွေးရင်းနဲ့တခါတည်းစားလိုက်တယ်” “ကဲ.ထားတော့အိမ်မှာအခုဘာဟင်းကျန်သေးလဲငါဒီနေ့အရက်သောက်ချင်လို့အမြည်းလုပ်ပေးအုံး.နေ့လည်ကကြက်သားကြော်ကျန်သေးတယ်.မဟုတ်လား.အဲဒါယူလာခဲ့” အိမ်ထဲသို့ဝင်ကာမနီမာယူလာပေးသောကြက်သားကြော်ပန်းကန်ကိုကြည့်ကာကိုနိုင်အောင်မျက်ခုံးတွန့်သွားရသည်။ “ဟာ.ကြက်သားက ဒါပဲလားကွ.မနက်ကစျေးသွားပြီးမင်းဝယ်လာတာအများကြီးပါ.ငါတွေ့လိုက်ပါတယ်” “ဟို.အမေ့အတွက်အားရှိအောင်ကြက်သားစွပ်ပြုတ်လေးလုပ်ပေးလိုက်တာပါအစ်ကို.အမေဖျားနေတာနှစ်ရက်ရှိပြီလေ” “ဘာမှမစားချင်.မသောက်ချင်ဖြစ်နေတာနဲ့အားရှိအောင်ဆိုပြီးနီမာလုပ်ပေးလိုက်တာပါ” “နီမာနဲ့သားတွေတောင်ကြက်ဥကြော်.ကန်စွန်းရွက်ချဉ်ရည်ဟင်းနဲ့ငပိရည်တို့စရာပဲစားကြတာပါ.ကြက်သားကအမေနဲ့အစ်ကို့အတွက်ပဲ” မနီမာစကားတောင်ဆုံးအောင်မပြောလိုက်ရသေးကို နိုင်အောင်ဒေါသချောင်းချောင်းထွက်လေပြီ။ “တော်စမ်းပါကွာ.ထစ်ကနဲရှိအမေ.အမေနဲ့ဒီမှာဒီအိမ်မှာငါကအိမ်ထောင်ဦးစီး.အိမ်ဦးနတ်ကွ.မင်းအမေကအရေးကြီးသလား.ငါကအရေးကြီးသလား” “တနေကုန်အပြင်ထွက်ပြီးတအိမ်လုံးအတွက်အလုပ်လုပ်နေရတာပင်ပန်းတယ်ကွ” “တခါတလေအမြည်းကောင်းကောင်းဖွယ်ဖွယ်ရာရာလေးနဲ့အရက်ကလေးများအားရပါးရဇိမ်ရှိရှိသောက်ရမလားအောက်မေ့ပါတယ်.ဒီကြက်သားလောက်နဲ့ဘာလုပ်ရမှာလဲ..ကဲကွာ..သွား..တောက်..ထွီး” “ခွမ်း..ချလွမ်း” ကိုနိုင်အောင်ကကြက်သားကြော်ပန်းကန်ကိုကိုင်ကာနံရံကိုပစ်ပေါက်လိုက်သည်။ ကြက်သားကြော်တွေနဲ့ပန်းကန်အကွဲစများကကြမ်းပြင်ပေါ်မှာဖရိုဖရဲ။ မြင်မကောင်း၊ရှုမကောင်း။ “ငါကြည့်နေတာကြာပြီနော်.မပြောချင်လို့.တဆိတ်ရှိဟင်းကောင်းချက်ရင်မင်းအမေအတွက်ချည်းပဲ.အလုပ်မရှိအကိုင်မရှိပဲ.သူများအိမ်ပေါ်လည်နေသေး” “အခန့်သားထိုင်ပြီးတထီးတနန်းနဲ့ခယပူဇော်ခံပြီးပွဲတော် တည်လို့ရမလား.တကယ့်အပြင်မှာပင်ပင်ပန်းပန်းနဲ့ငွေရှာရတာက ငါကွ.ငါ..တောက်” “ရှင်နော်.တိုးတိုး.ပြောစမ်းပါ.အမေကြားသွားရင်စိတ်မကောင်းဖြစ်နေအုံးမယ်.အမေကနေလို့လည်းကောင်းတာမဟုတ်ဘူး.ပြီးတော့ဘေးလူတွေကြားသွားရင်လည်းမကောင်းဘူး” “ကြားကြားကွာ.ပြောတော့ဘာဖြစ်သလဲ..တဆိတ်ရှိမင်းအမေဘက်ကချည်းကာဆီးကာဆီးနဲ့မင်းလည်းကြပ်ကြပ်သတိထား..တောက်” ကိုနိုင်အောင်က​တောက်တစ်ချက်ကိုခပ်ပြင်းပြင်းခေါက် …

“ဝဋ်မှာအမြဲ” Read More

အမေနှင့်တူသောမိန်းမ(စ/ဆုံး)

အမေနှင့်တူသောမိန်းမ(စ/ဆုံး) စိုးသိမ်း စီစဥ်ထားတဲ့အတိုင်း သူ့ သူငယ်ချင်း သီဟ ရောက်လာတဲ့အခါ သီဟကို သူနှင့်အတူ ထမင်းဆိုင်တစ်ဆိုင်ကို ခေါ်ထုတ်ခဲ့လိုက်သည်၊၊ ထမင်းဆိုင်မှာ စားသောက်ပြီးသည်နှင့် နှစ်များစွာ ဝေးကွာနေသော သူ့သူငယ်ချင်း သီဟနဲ့ သူ စကားစမြည်ပြောဖြစ်ကြတယ်၊၊ ” သီဟ ” sorry ပါကွာ မင်းအတွက် မနက်စာကို အိမ်မှာ ဖွယ်ဖွယ်ရာရာ ဧည့်ခံဖို့ စီစဥ္ထားတာ …

အမေနှင့်တူသောမိန်းမ(စ/ဆုံး) Read More

အမှောင်ချစ်စိတ်(စ/ဆုံး)

အမှောင်ချစ်စိတ်(စ/ဆုံး) ‘မင်းရုပ်လေးနဲ့ ဒီအလုပ်ကို လုပ်စားရသလားကွာ။ အခြားကောင်းတဲ့ အလုပ်လေးဘာလေး လုပ်စားပေါ့။ သနားလို့စေတနာနဲ့ ပြောတာ။’ မိမိုးသည် အမြဲတမ်း ဟန်ဆောင်ချပစ်ခဲ့ဖူးသော သက်ပြင်းရှည်ကြီးကို လေးတွဲစွာပင် ဟင်းခနဲ ချပစ်လိုက်၏။ ဒီလို စေတနာရှင်မျိုးတွေကို မိမိုး ညစဉ်ညတိုင်းလိုလို တွေ့ဖူးပြီ။ တွေ့တိုင်းလည်း သူ့ကိုယ်သူ သနားစဖွယ် မိန်းမသားအဖြစ် ကနွဲ့ကလျပြောတတ်စမြဲ။ သနားသည် ဆိုပေမယ့်လည်း သူတို့ပေးသည့်ငွေနှင့်တန်အောင် အလဲအထပ် …

အမှောင်ချစ်စိတ်(စ/ဆုံး) Read More

ပြန်ဆပ်ချင်သည့်ကြွေး(စ/ဆုံး)

ပြန်ဆပ်ချင်သည့်ကြွေး(စ/ဆုံး) ” ရော့ .. အဖွား .. ဒါက အဖွားဘို့ ..” အဖွားရှိရာ ရွာကလေးကို ရောက်လာသည့် ကိုကိုမောင် တစ်ယောက် သူ့အဖွားအတွက် ဝယ်လာသည့် ကိတ်မုန့်ဘူးကို ပေးရင်း ပြောလိုက်ခြင်းဖြစ်၏။ ” ဘာဖြစ်လို့ ဝယ်လာရတာလဲ ငမောင်ရယ်.. ငါမှ ဒါမျိုးတွေကို မကြိုက်တာ..” “အဖွား ပြောလိုက်ရင် ဒီတိုင်းချည့်ပဲ.. စားပါစေတော့ဆိုပြီး …

ပြန်ဆပ်ချင်သည့်ကြွေး(စ/ဆုံး) Read More

စုံလုံးကန်းသူ(စ/ဆုံး)

စုံလုံးကန်းသူ(စ/ဆုံး) ခင်ပွန်းသည်ဖြစ်သူ ဦးနိုင်အောင် ကွယ်လွန်ချိန်ကဆိုလျှင် ဒေါ်သူဇာအသက်သည်ခုနှစ်ဆယ်ပြည့်ရန် သုံးလမျှသာ လိုတော့သည်။ “မသူဇာ မင်းကိုငါစိတ်မချဘူးကွာ၊ ငါသေရင်ဘယ်လို ဖြစ်မလဲ မင်း … ခက်သေးတယ်” ဦးနိုင်အောင်သည် ဒေါ်သူဇာကို ဤစကားမျိုး မကြာခဏ ပြောလေ့ရှိသည်။ ဦးနိုင်အောင်နှင့် ဒေါ်သူဇာတို့သည် သူတို့ ချင်းလည်း ချစ် နှစ်ဖက်မိဘတွေကလည်း သဘောတူသည့်အလျောက် ရှေးခေတ် အခါနှင့် လျော်ညီစွာ တင့်တင့်တယ်တယ် …

စုံလုံးကန်းသူ(စ/ဆုံး) Read More

*ဖောက်ပြန်တတ်တဲ့အမျိုး*📖📖📖 (စ/ဆုံး)

*ဖောက်ပြန်တတ်တဲ့အမျိုး*📖📖📖 (စ/ဆုံး) ကွမ်းယာဝယ်စားသူ ပါးတဲ့အချိန်မို့ လိုင်းပေါ်တက် ချစ်သူလေးနဲ့ ကြူ ဖို့ ဖုန်းကိုကိုင်လိုက်တယ်။လိုင်းဖွင့် ပြီးခဏ “ကလောင် ကလောင်” ထောက်ကြည့်လိုက်တော့ မောင့်ကိုအရမ်းချစ်တယ် ဆိုတဲ့စာပို့ထားတယ်။ ကျွန်တော့်ရဲ့မျက်နှာ လေးပြုံးလို့ပေါ့။ ကျွန်တော်စာပြန်ရိုက်လိုက်တယ် မောင်ကလည်း’မ’ ကိုအရမ်းချစ်တယ်။ စာရိုက်ပြီးပို့နေတုန်းရှိသေး ဆိုင် ရှေ့ကိုဆိုင်ကယ်တစ်စီးထိုးရပ်လာတယ်။ “ကိုဟိန်း ရေ နိုင်တီတူးနဲ့ ငါးရာဖိုးလောက်ကွာ” “အေအေ ” အလုပ်လာပြီဖြစ်လို့ …

*ဖောက်ပြန်တတ်တဲ့အမျိုး*📖📖📖 (စ/ဆုံး) Read More