*ဖောက်ပြန်တတ်တဲ့အမျိုး*📖📖📖 (စ/ဆုံး)
ကွမ်းယာဝယ်စားသူ ပါးတဲ့အချိန်မို့ လိုင်းပေါ်တက် ချစ်သူလေးနဲ့ ကြူ ဖို့ ဖုန်းကိုကိုင်လိုက်တယ်။လိုင်းဖွင့် ပြီးခဏ “ကလောင် ကလောင်” ထောက်ကြည့်လိုက်တော့ မောင့်ကိုအရမ်းချစ်တယ် ဆိုတဲ့စာပို့ထားတယ်။ ကျွန်တော့်ရဲ့မျက်နှာ လေးပြုံးလို့ပေါ့။ ကျွန်တော်စာပြန်ရိုက်လိုက်တယ် မောင်ကလည်း’မ’ ကိုအရမ်းချစ်တယ်။ စာရိုက်ပြီးပို့နေတုန်းရှိသေး ဆိုင် ရှေ့ကိုဆိုင်ကယ်တစ်စီးထိုးရပ်လာတယ်။ “ကိုဟိန်း ရေ နိုင်တီတူးနဲ့ ငါးရာဖိုးလောက်ကွာ” “အေအေ ” အလုပ်လာပြီဖြစ်လို့ လက်အိတ်စွပ်ပြီး ကွမ်းရွက်တွေ ကိုချစီလိုက်တယ်။ ကျွန်တော်လိုင်းတော့မပိတ်ဖြစ် ပါ။ ခဏကြာတော့ “ကလောင် ကလောင်”. “ဟ ကိုဟိန်းလိုင်းဖွင့်ထားတာလား” “ဟဲဟဲ ဆိုပါတော့ကွာ ချစ်သူလေးနဲ့ပြောနေတာ” “ဟာကိုဟိန်းကလည်း မိန်းမနဲ့ပဲတစ်အိမ်ထဲနေတာ ဘယ်အချိန်ပြောပြောပေါ့” “ဟာငါ့ကောင်ရ တုံးပါ့ အဲ့ဒါကြောင့် အခုလို fb ခေတ်ကြီးမှာမင်းတို့မိန်းမ မရတာ ချစ်သူဆိုတာ အသစ်ကွ လူမသိသူမသိပေါ့ကွာ ပဲခူးဘက်ကလို့ ပြောတယ် ကောင်မလေးကချောသား ပြီးမှငါဓာတ်ပုံပြမယ်” “နေပါစေ ကိုဟိန်းရယ် နောက်တစ်ခေါက်မှကြည့် တော့မယ် အလုပ်လေးရှိသေးလို့ရော့ပိုက်ဆံ ငါးရာ သွားပြီဗျာ” “အေးပါကွာ” ကွမ်းယာ ယာပြီးလို့ ကျွန်တော် ဖုန်းကိုပြန်ကိုင်လိုက် တယ်။
တစ်ဖက်ကစကားပြန်မပြောလို့စိတ်ဆိုးနေတဲ့ ပုံ။စိတ်မဆိုးပါနဲ့’မ’ရယ် ရွှေဆိုင်က ဝန်ထမ်းကအသစ်တွေဆိုတော့ သိပ်မသိဘူးလေဒါကြောင့်သွားရှင်းပြ နေတာ ဆိုင်မှာက ဝိုင်ဖိုင်ဖွင့်ထားတော့လိုင်းမပိတ် တာ စိတ်မဆိုးနဲ့နော် ‘မ’ ။ ကျွန်တော်ပြန်ပို့လိုက်တယ်။ တစ်ဖက်ကစိတ်ဆိုးပြေ သွားပုံရတယ်။ ခဏကြာတော့ ဆိုင်ရှေ့ကိုဆိုင်ကယ် တစ်စီးထိုးရပ်လာပြန်တယ်။ “ကိုဟိန်းရေ ဗမာဆေးနဲ့ ၁၀၀၀ ဖိုးလောက် နှပ် ဆေး များများထည့်မယ်” “အင်းပါ” ပြောပြီး ကျွန်တော်လက်အိတ်စွပ်ပြီး ကွမ်းရွက်တွေ ကိုစီလိုက်တယ်။ကျွန်တော်ကွမ်းယာ ယာနေတုန်း “ကိုဟိန်းရယ်အခုမှသတိရတယ် မင်းမိန်းမအကြောင်းပြောမလို့” မိန်းမအသံကြားလိုက်တာနဲ့ ကွမ်းသီးစိတ်တွေ စီချ နေတဲ့ကျွန်တော့်လက် ချက်ချင်းဆိုသလို ရပ်သွား တယ်။ “မင်းစိတ်တော့မဆိုးနဲ့နော် ငါမင်းကိုပုံတစ်ပုံပြမယ်” ကျွန်တော်ရင်တွေဒိန်းခနဲ ထခုန်သွားသလို ခံစား လိုက်ရတယ်။ဇနီးအကြောင်းပြောတယ် ။
ပြီးတော့ ပုံဆိုတော့ ကျွန်တော့်ရဲ့သိချင်နေတဲ့စိတ်ကိုထိန်းလို့ မရတော့ပါ။ “မြန်မြန်ပြကွာ ဘာပုံလဲ” “အင်းပါကွာ ခဏလေးပါ ကဲရော့ ရပြီ” ူသူပြလိုက်တဲ့ပုံက ကျွန်တော်ခေါင်းနပန်းကြီးသွား တယ်။ ဒေါသစိတ်တွေလည်း ထောင်းခနဲထသွား တယ်။ပုံက ကျွန်တော့်မိန်မနဲ့ ဘယ်ကမှန်းမသိတဲ့ ယောက်ျားတစ်ယောက်ပုံကို ကပ်ထားတာ။၂ပုံကို ၁ပုံဖြစ်အောင်လုပ်ထားတာပါ။ ဓာတ်ပုံ၂ပုံရဲကြားမှာ အသဲပုံပါ ပါသေး။ “ဒါမင်းဘယ်ကရတာလဲ” ကျွန်တော့်အသံတွေတုန်လာတယ်။ ကျွန်တော်စိုးရိမ် စိတ်တွေအရမ်းများနေတယ်။ “ဒီကောင်ကသူအကောင့်မှာတင်ထားတာကွ ဒီ ကောင် အကောင့်နဲ့ငါက Friဖြစ်နေတာ ဒီနယ်က တော့မဟုတ်ဘူး ဘယ်လိုဖြစ်ဖြစ်ကွာ စိတ်လက်မာန် ပါမလုပ်ပါနဲ့ သေသေချာချာစဉ်းစားဆုံးဖြတ်ပါ။ မင်း မှာသမီးလေးလည်း ရှိနေတာပဲ သမီးလေးမျက်နှာ ထောက်ပါ” “အေးပါကွာ” ကျွန်တော်ဒီနေ့ဆိုင်စောစောပိတ်လိုက်တယ်။ ကျွန်တော့်ဇနီးက မြို့ထဲက ဖုန်းဆိုင်မှာ အရောင်းစာ ရေးမ လုပ်ပါတယ်။ ဖေဖေ မေမေရယ် ကျွန်တော်တို့ မိသားစု ၃ယောက်ရယ်နေပါတယ်။ သမီးလေးက kgတက်နေပါပြီ။ ကျွန်တော်ပြန်ရောက်တော့ ကျွန်တော့်ဇနီး အလုပ်ကပြန်မလာသေးပါ။ ကျွန်တော်အဲ့ညနေက ထမင်းစားချင်စိတ်မရှိပါ။
တကယ်ပဲ ကျွန်တော့်မိန်းမဖောက်ပြန်နေတာလား။အရမ်းကိုသိချင်နေပါတယ်။ကျွန်တော့်သူ့ဖုန်းကိုပဲ အချိန် တိုင်းကြည့်နေမိတယ်။ သူ့ရဲ့အခြေအနေကိုလည်း ကြည့်နေရတယ်။ သူကလည်းသူ့ဖုန်းကိုဘယ်သွား သွားယူတယ်။ဒါကြောင့် အခုရက်ပိုင်းတွေ ဇနီးအပြု အမူတွေပျက်နေတာ သတိထားမိပါတယ်။ ကျွန်တေိာ့မိဘတွေအပေါ် အရင်လိုသဘောထားမပြည့် တော့သလို ကျွန်တော့်အပေါ်မှာလည်းဆက်ဆံရေး ကြဲနေပါတယ်။ ညရောက်တိုင်း တစ်ခြင်ထောင်ထဲ အတူတူအိပ်ပေမယ့် သူကလည်းသူ့ဖုန်းနဲ့လိုင်းသုံး ကျွန်တော်ကလည်း ကျွန်တော့်ဖုန်းနဲ့ လိုင်းသုံး သူ စောစောအိပ်တဲ့ညတွေရှိသလို ကျွန်တော်စောစော အိပ်တဲ့ညတွေရှိတယ်။ စကားသိပ်မပြောဖြစ်ကြပါ။ ကျွန်တော်အတိတ်ကအကြောင်းအရာတွေကို ပြန် စဉ်းနေရင်း “ယောက်ျား ထမင်းဆာရင်စားထားနော် ဖေဖေမေမေတို့ကိုတော့ကျွေးပြီးပြီ သမီးလေးလည်းစားပြီးပြီ မိန်းမရေချိုးဦးမယ် ကြာမယ်” ပြောပြီးရေချိုးခန်းထဲဝင်သွားချိန်ကျွန်တော်အကြံတစ်ခုရလိုက်တယ်။သူမရှိခင် သူ့ဖုန်းကိုရှာရမယ်။ ကံ ကောင်းချင်တာလားမသိ သိပ့်မရှာလိုက်ရဘူး။
ခုံပေါ် မှာတင်ထားတာတွေ့တယ်။ ပါဝါခလုတ်ကိုနှိပ်လိုက် တယ်။အခုမှဒုက္ခ password နံပါတ်နဲ့ဖြစ်နေတယ်။ ဘယ်လိုမှဖွင့်လို့မရဖြစ်နေတယ်။ ဖုန်းကိုမသိမသာ ပြန်ချပြီး ခေါင်းစားရပြန်တယ်။ သူဖုန်းရဲ့ fb ကိုယူ ကြည့်လို့ရအောင်ဘယ်လိုလုပ်ရမလဲဆိုတာ အချိန် တော်တော်ကြာအောင် စဉ်းစားနေမိတယ်။အဲ့အချိန် မှာ “ဖေကြီး ဂိမ်းဆော့မယ်” “သမီးရယ် မပူနဲ့ကွာ ဖေဖေခေါင်းရှုပ်နေလို့” “ဟင့်အင်း မသိဘူး ဂ်ိမ်းဆော့ချင်တယ်” “သမီးရယ် သမီးဆော့တဲ့ဂိမ်းက သမီးမေမေ ဖုန်းထဲ မှာလေ” ပြောနေရင်းနဲ့ ကျွန်တော့်မျက်နှာတစ်ခုလုံး ပြုံးရွှင် သွားတယ်။ “ဟုတ်ပြီးအခုမှ အကြံရပြီ” ကျွန်တော်သမီးလေးကို ရင်ခွင်ထဲခေါ်ထားလိုက် တယ်။ “သမီး ဖေကြီးပြောမယ်သေသေချာချာနားထောင် သမီးမေမေရေချိုးခန်းထဲကထွက်လာလာချင်း မေမေ ဖုန်းဟိုခုံပေါ်မှာတင်ထားတယ်ယူသွားပြီး ဂိမ်းဆော့ ချင်တယ်ပူဆာ ရအောင်ပူဆာနော် ပြီးရင်ဖေဖေဆီ အဲ့ဖုန်းပြန်ယူလာခဲ့နော်” “ဟုတ်ကဲ့ ဖေဖေ” ပြောလို့မှမကြာသေးဘူး ဇနီးဖြစ်သူ ရေချိုးခန်းထဲက ထွက်လာတယ်။ သမီးလေးတော့ကျွန်တော်ပြောတဲ့ အတိုင်းဂျီကျနေပြီ။ကျွန်တော်ဇနီးလည်း ခါတိုင်းလို ထင်ပြီး ဖုန်းpassword ကိုဖွင့်ပြီးသမီးလေးကိုဂိမ်း ဆော့ဖို့ဖုန်းပေးလိုက်တယ်။
သူကတော့ အဝတ်အစားလှဲ သနပ်ခါးလူးပေါ့။ သမီးလေးဖုန်းကိုကိုင်ပြီ ကျွန်တော့်ဆီပြန်လာတယ်။ ဇနီးသနပ်ခါးလူးချိန်ကို အမှီဖုန်းကိုကြည့်ရမယ် ။ကျွန်တော့်မှာအချိန်သိပ့်မရ ကျွန်တော်သူ့ဖုန်းကြည့်နေချိန် သူရောက်လာပြီးရိပ်မိ သွားမှာလည်းစိုးတယ်။ သမီးလေးကိုခဏချော့ထားပြီး ဖွင့်ထားပေးတဲ့ဂိမ်းကို ပြန်ထွက်ပြီး လိုင်းဖွင့်ပြီး fb ကိုဖွင့်လိုက်တယ်။messengerကစာတွေတက်လာတယ်။သူ့ရည်းစားလို့ထင်ရတဲ့ အကောင့်ကိုထောက်ကြည့်လိုက်တယ်။ သူတို့အပြန်အလှန်ရေးထားတဲ့ စာတွေကိုကျွန်တော်အမြန်ပွတ်ပြီးဖတ်ကြည့်လိုက် တယ်။သေချာပါပြီ တကယ်တိတ်တိတ်ပုန်းကြိုက်နေ တာပဲ။စာဆက်ဖက်ရင် အပြင်မှာတွေ့ဖို့ချိန်းနေပြီ။ ဒီအပတ်လပြည့်နေ့ မြို့ထိပ်က ထူးဝင့်ဝါ လ္ဘက်ရည်ဆိုင်မှာတွေ့မယ်။ ကောင်လေးဘက်က သူ့ကိုသိအောင်လို့အနီရောင်အကျီဝတ်လာမယ်။ ဖတ်နေရင် “သမီးလေးရေ ” ဇနီးအသံကြားတာနဲ့ချက်ချင်းလိုင်းပိတ်ပြီး ဂိမ်းကိုပြန် ဖွင့်ပေးလိုက်တယ်။ “သမီးလေးရေ မေမေဖုန်းယူလာပေးဦး” “ဟုတ်ကဲ့မေကြီး” အခုမှပဲ ရင်ထဲအပူလုံးကျသွားတယ်။ ဇနီးမရိပ်မိလို့ ပေါ့။
အပူလုံးတစ်လုံးကျပေမယ့် အပူလုံးကြီးကတော့ ရှိနေတုန်းပါ။ အဲ့ဒီညအတွေးတွေအပြည့်နဲ့ တညလုံးအိပ်မပျော်ခဲ့ပါဘူး။ @@@@@@@@@@@@@@@@@ ဒီနေ့ လပြည့်နေ့ ကျွန်တော်ဆိုင်မထွက်ဖြစ်ပါ။ ဇနီး ကတော့သူ့အစီအစဉ်အတိုင်း သွားမှာမို့ မနက်စော စောထမင်းချက် အလှတွေပြင်ပြီးထွက်မယ်ပေါ့။ “ယောကျာ်းရေ ဒီနေ့လပြည့်နေ့မို့ဖုန်းဆိုင်က နေခြည်တို့နဲ့ဘုရားသွားဖို့ချိန်းထားတယ် နေ့ခင်းလောက်မှ ပြန်ရောက်မယ်” “အင်းပါ” အလှပြင်သွားတာတော့ အပျိုရှုံးတယ်ဗျာ။ ဆိုင်ကယ် ပေါ်တက်ပြီးသော့ဖွင့်နိုးပါတော့တယ်။ ဆိုင်ကယ်က ဘယ်လိုမှနိုးလို့မရပါ။ “ဒုက္ခပါပဲ နေခြည်တို့တော့စောင့်နေလောက်ပြီ ယောကျာ်းရယ် အဲ့အတိုင်းကြည့်နေတော့မှာလား လာကူနိုးပေးပါဦး” ကျွန်တော်ဆင်းသွားတယ်။ နိုးပေးတယိ။စတတ် နဲ့လည်းမရ ကစ် နဲ့လည်းမရ။ “မိန်းမရေ လမ်းထိပ်က ကျော်ကြီးဆိုင်ကယ်ပြင်ဆိုင် ပဲတွန်းသွားလိုက်တော့ ဆီလည်းရှိတယ် နိုးလို့မရ တာ” “ဒုက္ခပါပဲအရေးကြီးပါတယ်ဆို ဆိုင်ကယ်ကစုတ်နေ တယ် ယောက်ျားရယ်လိုက်တွန်းပို့ပေးပါလား မိန်းမ ဘုရားသွားမှာလေ ယောက်ျားကုသိုလ်ရပါတယ်” “တွန်းသွားလိုက်ပါမ်ိန်းမရယ် ယောက်ျား ဖေဖေနဲ့မေ မေကို ခေါက်ဆွဲကျွေးရဦးမယ် ပြင်ထားပြီးပြီ တွန်း သွားလိုက်နော်” နှုတ်ခမ်းထော်ပြီး တွန်းထွက်သွားတယ်။
ဇနီးခပ်လှမ်း လှမ်းရောက်မှ ကျွန်တော်ဖုန်းတစ်လုံးကိုကောက် ခေါ်လိုက်တယ်။ “အေး ကျော်ကြီး ငါကိုဟိန်း အေ ငါ့ပြောမယ်နား ထောင် ငါ့မိန်းမအခု ဆိုင်ကယ်တွန်းလာတယ် မင်း ဆိုင်မှာဝင်ပြင်လိမ့်မယ် ဆိုင်ကယ်ကဘာမှမဖြစ်ဘူး ငါပလက်ချွတ်ထားတာ မင်းနာရီဝက်လောက်ရအောင် အချိန်ဆွဲထားပေး ငါလုပ်စရာရှိလို့ မနက်ကျရင် မင်းကူညီခ ငါပိုက်ဆံထပ်ပေးမယ် ဟုတ်ပြီလား ေက်းဇူးပဲ” ကျွန်တော်ဖုန်းချပြီးခဏမှာပဲ အိမ်က စက်ဘီးကိုဆွဲပြီး မြို့ထိပ်က ထူးဝင့်ဝါ လ္ဘက်ရည်ဆိုင်ကို အမြန်နင်း သွားလိုက်တယ်။ @@@@@@@@@@@@@@@@ အဝေးထဲက ကျွန်တော့်ဇနီးဆိုင်ကယ်မောင်းလာ တာကိုတွေ့တယ်။ ကျွန်တော်ကျောပေးပြီးထိုင်နေလိုက်တယ်။ ကျွန်တော့်ဇနီး ကျွန်တော့်ဝိုင်းကိုပဲ တန်းတန်းလာမှာကြိုသိနေတယ်။ ဘာကြောင့်လဲဆို တော့ တစ်ဆိုင်လုံးမှာ ကျွန်တော်တစ်ယောက်ထဲ အကျီင်္အနီဝတ်ထားလို့လေ။တစ်ဖြည်းဖြည်းနဲ့ ခြေသံ တွေနီးလာတာကြားနေရတယ်။ “ကိုကျော်စွာ ဟုတ်ပါတယ်နော်” ကျွန်တော်လှည့်ကြည့်လိုက်တော့ “ဟင် ယောက်ျား” ကျွန်တော့်ဇနီး မျက်လုံးပြူ းမျက်ဆံပြူ းဖြစ်သွားတယ်။
“ယောက်ျားကဘယ်ကနေဘယ်လို ဒီကိုရောက်နေ တာလဲ အကျီင်္အနီကကော ယောက်ျားဆီမှာဒီလိုအကျိ်ီင်္အနီရောင်မရှိပါဘူး ယောက်ျားကအနီရောင်မကြိုက်ဘူးဆို” “ထိုင်ပါဦး မိန်းမရယ် မိန်းမမေးတာတွေကိုမဖြေသေး ခင် မိန်းမကနေခြည်တို့နဲ့ဘုရားသွားမယ်ဆို ဘယ်လို လုပ်ပြီးဒီလ္ဘက်ရည်ဆိုင်ကိုရောက်လာတာလဲ” “ဟိုဟို ဒီဆိုင်မှာအရင်ချိန်းထားတာ” “ဒါဆိုရင် ကိုကျော်စွာဆိုတဲ့တစ်ယောက်ကကော မိန်းမတို့ဖုန်းဆိုင်ကပဲလား ဘာတွေညာနေဦးမှာလဲ” “ယောက်ျားအကုန်သိပြီးပြီလား တောင်းပန်ပါတယ်ယောက်ျားရယ်” “လာမငိုနဲ့တော့ လ္ဘက်ရည်ဆိုင်မှာ အိမ်ပြန်မယ်” အိမ်ရောက်တော့အကြောင်းစုံကိုရှင်းပြလိုက်တယ်။ သူလည်းကျွန်တော့်ကိုဒူးထောက်တောင်းပန်တယ်။ ကျွန်တော်ခွင့်လွတ်ပေးလိုက်တယ်။ကျွန်တော်လည်း မှားခဲ့တာပဲ။ ကျွန်တော်လည်း ကျွန်တော့်အပြစ်တွေကိုဝန်ခံခဲ့တယ်။နောက်တစ်ခါ နှစ်ယောက်စလုံးမမှား ကြဖို့ ကတိတွေပေးခဲ့ကြတယ်။
@@@@@@@@@@@@@@ နောက်တစ်နေ့ ထူးဝင့်ဝါလ္ဘက်ရည်ဆိုင်မှာတော့ “ထိုင်ညီလေး” “ဟုတ်” “မနေ့ကအချိန်မရလို့ ကောင်းကောင်းစကားမပြော လိုက်ရဘူး ဒီမှာမင်းအကျိင်္ အနီ” “ဒါက အစ်ကိုကြီးအကျီင်္ပါ ဘာပဲဖြစိဖြစ်အစ်ကိုကြီးကိုကျေးဇူးတင်တယ် ကျွန်တော်ကမသိလို့မှားခဲ့ပေ မယ့် အစ်ကိုကြီးသာ မယားခိုးဖမ်းပြီးစိတ်ဆိုးပြီးလုပ် ချင်တာလုပ်မယ်ဆို ကျွန်တော်အခုချိန် အချုပ်ခန်း ထဲရောကိနေလောက်ပါပြီ ။ အခုလိုအေးအေးဆေး ဆေး တည်တည်ငြိမ်ငြိမ်ဖြေရှင်းသွားတဲ့ အစ်ကို ကြီးကို အရမ်းလေးစားတယ် ကျေးဇူးလည်းတင် တယ်” “အင်းပါကွာ လူဆိုတာဖောက်ပြန်တတ်တဲ့အမျိုးလေ ယောက်ျား မိန်းမ မခွဲခြားပါဘူးဖောက်ပြန်တတ်ကြ တယ်။ လူတိုင်းအမှားနဲ့မကင်းဘူးလေ ။
တစ်ကြိမ် တစ်ခါမှားတတ်ကြတာပါ။ ခွင့်လွတ်ပေးလို့ရတယ် လေ။ အကြိမ်ကြိမ်မှားလာရင်တော့မကောင်းဘူးပေါ့။ အစ်ကိုလည်းဝန်ခံပါတယ် အမှားမကင်းဘူးလေ။အစ်ကိုနောင်တရပါပြီ။အစ်က်ိုမိန်းမအပေါ် အစ်က်ို သစ္စာရှိပါတော့မယ်။ ညီလေးလည်း ညီလေးဘဝကိုအကောင်းဆုံးတည် ဆောက်ပါငယ်သေးတာပဲ Fb ကမိန်းကလေးတွေ ဆိုတိုင်းမယုံပါနဲ့ ဘယ်သူမှန်မသိ ဘာမှန်းမသိ ညီ လေးအခုအဖြစ်အပျက်ကိုသင်ခန်းစားယူပါ။ တစ်ချိန် ချိန် အိမ်ထောင်တွေကျခဲ့ရင်လည်း ကိုယ့်ဇနီးမယား အပေါ် သစ္စာရှိရှိချစ်ပါ ပျော်ရွှင်တဲ့မိသားစုဘဝကို တည်ဆောက်ပါ။ ကိုယ်ဘက်ကကောင်းမှ သူက လည်းပြန်ကောင်းမှာပါ” “ကျေးဇူးအထူးပါကိုကြီးရာ အရမ်းလည်းလေးစား တယ် ကိုကြီးစကားကိုအမြဲမှတ်ထားပါ့မယ်” “ပြမ္ ပြမ္” “ကားလာပြီ အစ်ကိုကြီးရေ သွားတော့မယ်” ကားပေါ်တက် လက်ပြနှုတ်ဆက်တဲ့ ညီငယ်လေးကို လက်ပြပြန်နှုတ်ဆက်ရင် ကျွန်တော်ခေါင်းတစ်ဆက်ဆက်ညိတ်နေမိပါတော့တယ်။
လူမျိုးသစ်





