အမေနှင့်တူသောမိန်းမ(စ/ဆုံး)

အမေနှင့်တူသောမိန်းမ(စ/ဆုံး)

စိုးသိမ်း စီစဥ်ထားတဲ့အတိုင်း သူ့ သူငယ်ချင်း သီဟ ရောက်လာတဲ့အခါ သီဟကို သူနှင့်အတူ ထမင်းဆိုင်တစ်ဆိုင်ကို ခေါ်ထုတ်ခဲ့လိုက်သည်၊၊ ထမင်းဆိုင်မှာ စားသောက်ပြီးသည်နှင့် နှစ်များစွာ ဝေးကွာနေသော သူ့သူငယ်ချင်း သီဟနဲ့ သူ စကားစမြည်ပြောဖြစ်ကြတယ်၊၊ ” သီဟ ” sorry ပါကွာ မင်းအတွက် မနက်စာကို အိမ်မှာ ဖွယ်ဖွယ်ရာရာ ဧည့်ခံဖို့ စီစဥ္ထားတာ ငါ့မိန်းမ နှင်းကြည် ကြောင့်ပေါ့ကွာ ဒီမိန်းမက တော်တော်လက်ပေါက်ကပ်တဲ့ မိန်းမကွ ‘ဘာလုပ်လုပ် ဘာကိုင်ကိုင်, “ငါတစ်ချိန်လုံး လိုက်ပြောနေရတာ” တလွဲတချော်က လုပ်တတ်သေး ” အခုလည်း မင်းကို မနက်စာ ဆိုင်မှာလိုက်ကျွေးရတာပဲ ကြည့်တော့” ” ရပါတယ် စိုးသိမ်းရာ ” ” အခုလို ငါ့အကြိုက် မနက်စာ ကို ဒီလို ရူခင်းလှတဲ့ ဆိုင်လေးမှာ ငါ့ကို လိုက်ကျွေးတာကိုပဲ ငါကျေးဇူးတင်နေပါပြီကွာ ” “ဒါနဲ့ နေပါဦး , မင်းပြောတော့ ဒီမှာတစ်ရက်တည်းမှာဆို” “အခုဘယ်လို ဖြစ်ရတာလဲ” ” အေး ကွာ ” အစကငါ ဒီမှာ တစ်ရက်နေမလို့ပဲ ဒါပေမယ့် အခုလာတာ ငါ့အလုပ်ကိစ္စတစ်ခုထဲတင်မဟုတ်ဘူးတော့ဘူးလေ ငါတို့ သူငယ်ချင်း မျိုးကျော်ရဲ့ ကိစ္စပါပါလို့ အရေးကြီးနေရတာ ၊၊

” နေပါဦး ” “မျိုးကျော် ဆိုတာ ကောလိပ်မှာတုန်းက king ဖြစ်ခဲ့တဲ့ ငါတို့ ကောင်ကြီး မျိုးကျော်ထက်ကို ပြောတာမလား” “အေးဟုတ်တယ် ” “ဒါနဲ့ မင်းသူ့အကြောင်းဘာမှမကြားမိဘူးလား” “အေးမကြားမိပါဘူး မျိုးကျော် ဘာဖြစ်လို့လဲ” မျိုးကျော်အကြောင်းကို မေးတော့ သီဟ မျက်နှာမကောင်းဖြစ်သွားသည် “ငါက မင်းသိနေပြီးပြီလို့တောင် ထင်နေတာ” ကြီးမားသော မုန်တိုင်းတစ်ခု ကျရောက်ရန် လေ​နီကြမ်းများ တသိိမ့်သိမ့် တိုးဝင်ကာ ဆိုက်ရောက်လာတော့မည့် အခြေအနေကို ခံစားလိုက်ရသလိုမျိုး ဒီလိုကွ စိုးသိမ်းရ ____# ကျောင်းပြီးတော့ ငါက သင်တန်းဆက်တက်တယ်၊၊ ဒီကောင်က သူ့ဦးလေးရဲ့ ဂရင်းလန်း ကုမ္ပဏီမှာ အလုပ်ဝင်တယ်၊၊ အဲ့ဒီမှာ ဒီကောင် သဲစုဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ဆုံပြီး စေ့စပ်သွားတဲ့သတင်းကို မင်းလည်း ကြားမိမှာပေါ့ ၊၊ အေး သိတယ်လေ ဒီကောင်မင်္ဂလာဆောင်တုန်းကတောင် ငါ့ကို လာခဲ့ဖို့ ဖိတ်သေးတယ် အဲ့တုန်းက ငါဒီမှာ အလုပ်အရမ်းများနေလို့ မသွားဖြစ်လိုက်ရဘူး၊၊

အေး မျိုးကျော်တို့ မိသားစုက မျိုးကျော်ကို သဲစုနဲ့ သဘောမတူကြဘူးကွ နောက်ဆုံး မျိုးကျော်က သဲစုကိုမှမရရင် သေတော့မလိုလို ဖြစ်နေလို့ သဘောတူလိုက်ရတာ ၊၊ သူတို့ မင်္ဂလာဆောင်ပြီး ငါးနှစ်အတွင်းမှာပဲ သမီးတစ်ယောက် နဲ့ သားတစ်ယောက် ရတယ်ကွ မျိုးကျော်တို့က ပိုက်ဆံကလည်း ချမ်းသာ အစစအရာရာ အဆင်ပြေနေတော့ သူတို့အိမ်ထောင်ရေးလေးက အစမှာဆို လူတကာ အားကျရပြီး သိပ်ကို ပျော်စရာကောင်းခဲ့တာပေါ့ကွာ “ကံကြမ္မာလို့ပဲပြောရမလား ဖြစ်ချိန်တန်လို့ ဖြစ်တယ်လို့ပဲ ပြောရမလား” “နောက်တော့ မျိုးကျော်ထက် မှာ” “Pseudoachondroplasia ( PSACH )လို့ ရှားပါးမွေးရာပါအရိုးအားနည်းတဲ့ ရောဂါတစ်ခုကို ခံစားလာရတယ်” ” အဲ့ဒီရောဂါရဲ့ လက္ခာဏာတွေကြောင့် မျိုးကျော် အရင်လို လမ်းလျောက်ဖို့ မလွယ်တော့ဘူး” ” ဝီးချဲလ် နဲ့ သွားရတဲ့ အခြေအနေထိကို ဖြစ်သွားတာ တဖြည်းဖြည်း ခါးပိုပို ကုန်းလာတယ် အရိုးအဆစ်တွေ နာကျင်လာတယ် ဖောရောင်လာတယ်၊၊

လူသာ ရှင်နေပေမယ့့် ဒုက္ခိတ တစ်ယောက်လိုပါပဲကွာ ” “အဲ့တော့ သဲစု သူ့ကို ဘယ်လိုမှ ဆက် မပေါင်းချင်တော့ဘူး” “ဘယ်ပေါင်းချင်တော့မလဲကွာ” “ရှိသမျှ ပစ္စည်းတွေလည်း သူသုံးလို့ကုန်ပြီလေ ဒီမိန်းမလက်ဖွာချက်က “တစ်နေ့ကို ဆယ်ဂဏန်းလောက်ကတော့ အသာလေးပဲ” “ဝယ်လိုက်တဲ့ အဝတ်အစား” “သုံးလိုက်တဲ့ အသုံးအဆောင်ပစ္စည်းတွေဆိုတာလည်း နည်းတာမှမဟုတ်တာ” “အဆင်ပြေနေတဲ့အချိန်တုန်းက” “မျိုးကျော်က သဲစုကို ဘုရင်မတစ်ပါးလို ဆက်ဆံထားတော့ တကယ်တမ်းအဆင်မပြေတဲ့အချိန်နဲ့ ကြုံလာရတဲ့အခါ ဒီမိန်းမ မနေတတ်တော့ဘူး ” “အဲ့တော့ ဘာမှမလုပ်နိုင်တော့ပဲ ဝီးချဲလ်ပေါ်မှာပဲ အချိန်ကုန်နေတဲ့ မျိုးကျော်ကို ဒီမိန်းမ ကလေးနှစ်ယောက်နဲ့အတူ ထားခဲ့ပြီး ကိုယ်လွတ်ရုန်းသွားတာပေါ့ကွာ “ဒီမိန်းမ ဘယ်လောက်တောင်မှ တကိုယ်ကောင်းဆန်တဲ့ မိန်းမလည်း ဆိုတာ မင်းစဥ္းစားကြည့်ရင်တောင်ဒေါသထွက်လာလိမ့်မယ်” “”တလောကတော့ မိုးကုတ်က ကျောက်သူဌေးတစ်ယောက်နဲ့ ဒီမိန်းမကို ငါ တွေ့ခဲ့သေးတယ်ကွ စိုးသိမ်းနားထောင်ရင်း သူ့သူငယ်ချင်း မျိုးကျော်ရဲ့ မျက်နှာကို မြင်ယောင်လာသည်၊၊

စိတ်မကောင်းလည်း ဖြစ်မိသည်၊၊ သို့သော်လည်း ဖြစ်ခဲ့သည့်အကြောင်းအရာတို့ကို သူရော သီဟပါ ပြောင်းလဲပေးနိုင်စွမ်း မရှိပါလေ၊၊ ______## သီဟကို ကားဂိတ်လိုက်ပို့၍ စိုးသိမ်း အိမ်ပြန်လာသည်၊၊ ရာသီဥတုက မိုးအုံ့လျှက်ရှိသည် ဒီနေ့က စနေနေ့ ရုံးပိတ်ရက်ဖြစ်တော့ စိုးသိမ်းဘယ်မှသွားစရာမရှိ စားပွဲပေါ်၌ သတင်းစာတစ်စောင်ကိုယူ၍ အိမ်အပေါ်ထပ်သို့ တက်ခဲ့သည် လေသာဆောင်၌ ကုလားထိုင်လေးတစ်ခုကို အမှီပြု၍ စိုးသိမ်းခဏ မှီလှဲနေလိုက်သည်၊၊ ရုတ်တရက် အတွေးတစ်ခုဝင်လာသည်၊၊ စိုးသိမ်း ဆတ်ကနဲ ကောက်ထ၍ အိပ်ခန်းရှိရာသို့ သွား၍ တံခါးကို ဆွဲဖွင့်လိုက်သည်၊၊ သူ့မိန်းမ မနှင်းကြည် အိပ်ရာပေါ်တွင် ငြိမ်ငြိမ်သက်သက် အိပ်မောကျနေသည်၊၊ ဒီနေ့ကလေးတွေ အိမ်မှာမရှိကြဘူး ကျောင်းက ဆရာ ဆရာမတွေနဲ့ အားကစားပြပွဲရုံကို သွားကြတယ်၊၊ မနက်ကတည်းက မနှင်းကြည် သား နဲ့သမီးရဲ့ လိုအပ်တာမှန်သမျှကို အစောကြီးထပြီး လိုက်လုပ်ပေးနေရ​ေတာ့ မအားရှာဘူး၊၊

ဒါတောင် မနက်စာ ပြင်မထားလို့ နှင်းကြည်ကို အော်မိလိုက်သေးတယ်၊၊ ငါတော်တော်လွန်သွားတာပါလားလို့ စိုးသိမ်း ကိုယ့်ကိုယ်ကိုယ် အပစ်တင်နေမိသည်၊၊ သူ့ပါးစပ်က ပေါက်ပေါက်ဖောက်သလို အပစ် ဆို​ခဲ့သည့်စကားလုံးများအပေါ် နောင်တရရင်း ” နှင်းကြည်ရယ် ” ဘွဲ့ရတဲ့အထိ ငါနဲ့အတူတူ ရှိခဲ့တဲ့ နှင်းကြည် သူ့ဝါသနာ ,သူ့အလုပ် ,သူ့ရည်မှန်းချက်တွေကို စွန့်ပြီး မီးဖိုချောင်ထဲ ခြေစုံပစ်ဝင်ခဲ့တဲ့ နှင်းကြည် ငါနေမကောင်းတဲ့အခါ ငါ့အနားမှာ တချိန်လုံးရှိနေပေးခဲ့တဲ့ နှင်းကြည် ငါ့ကို ခင်ပွန်းတစ်ယောက်ထက်သာမက အမေတစ်ယောက်လိုပါ ချစ်ပေးခဲ့တဲ့ နှင်းကြည် အဲ့လို အမျိုးသမီးတစ်ယောက်ကို ငါ ရှစ်နှစ်လုံးလုံး ကလေးနှစ်ယောက်ရတဲ့အထိ ငါပစ်ထားခဲ့မိလို့ ခွင့်လွတ်ပါ နှင်းကြည်ရယ်… စိုးသိမ်းတစ်ယောက် ကုတင်ပေါ်မှာ ပင်ပန်းလွန်း၍ အိပ်မောကျနေတဲ့ သူ့မိန်းမ မနှင်းကြည်ရဲ့ အနားကို ခြေသံဖွဖွလေးပြုကာ လျောက်သွားရင်း အနားသို့အရောက် သူမရဲ့ နဖူးလေးကို ဖွဖွလေးကုန်းနမ်းလိုက်ကာ နှင်းကြည် ငါ့ရဲ့ မိန်းမ နှင်းကြည် ဒီနေ့ကစပြီး ကိုယ်မင်းအပေါ်ကို အသက်ရှင်နေသ၍ ဂရုစိုက်သွားပါ့မယ်ကွာ…..၊၊

#ရန်နောင်-မင်္ဂလာဒုံ

Leave a Reply

Your email address will not be published. Required fields are marked *