
*တစ္ဆေရောင်းတဲ့ထမင်းဆိုင်*(စ၊ဆုံး)
ကားလမ်းမကြီးပေါ်တွင် အဖြူရောင်ကားလေးတစ်စီးက ဖြည်းဖြည်းမှန်မှန်ဖြင့်မောင်းနှင်နေလေသည်။ ကားထဲ၌အမျိုးသားနှစ်ဦး အမျိုးသမီးတစ်ဦးလိုက်ပါစီးနင်းလာလေသည်။ ကားနောက်ခန်းထဲ၌အတူထိုင်နေသော အမျိုးသားနှင့်အမျိုးသမီးမှာ ချစ်သူရည်းစားဖြစ်ကြလေသည်။ ကားနောက်ခန်းမှနေ၍ကားမောင်း နေသောအမျိုးသားအားလှမ်းပြီး စနောက်နေကြလေသည်။ “ပြောထားပေါ့နိုင်ဦးရာ။ မင်းကအနားမှာကောင်မလေးရှိနေတာကိုးကွ။
“အံမယ်မင်းလည်းအားကျရင် ငါ့လိုရည်းစားရှာပေါ့စိုးသူရာ” “နိုး နိုး နိုး ငါကအပူမရှာချင်လို့ကို တစ်ယောက်တည်းနေနေတာကွ။ သဘောပေါက်ထား” “ဘာမှမဟုတ်ဘူးကို စိုးသူကကောင်မလေးမရှိလို့ ရှက်ရမ်းရမ်းပြီးလျှောက်ပြောနေတာသိလား” “ဟား ဟား ဟား ” “ဒီမှာနှင်းနုငါ့ရုပ်ငါ့ရည်နဲ့ဆိုရင်လေ ရုပ်ရှင်မင်းသမီးကိုတောင်ရည်းစား လုပ်ပစ်လိုက်လို့ရတယ်သဘောပေါက်” “ဟား ဟား ဟား ရယ်ရတာအူတောင်နာတယ်စိုးသူရာ မင်းကလူကောင်သာသေးတယ် လေလုံးကမသေးဘူးပဲငါ့ကောင်ရ” “မင်းသူငယ်ချင်းပဲဒီလောက်တော့ ရှိမှာပေါ့ကွာ” “ကဲကဲ တော်ပါတော့ကိုရယ် မစပါနဲ့တော့ကိုစိုးသူကြီးအားငယ်နေပါဦးမယ်” နိုင်ဦးနှင့်နှင်းနုတို့ချစ်သူစုံတွဲက ကားမောင်းနေသောစိုးသူအား စနောက်နေကြခြင်းဖြစ်လေသည်။
စိုးသူ၊နိုင်ဦး၊နှင်းနုတို့သုံးယောက် ကားတစ်စီးနှင့်နယ်မှသူငယ်ချင်းတစ်ယောက်၏ မင်္ဂလာဆောင်သို့ကားဖြင့် သွားနေကြခြင်းဖြစ်လေသည်။ တစ်ခါမှမရောက်ဖူးသော သူငယ်ချင်း၏ရွာမင်္ဂလာပွဲသို့မေးမြန်းပြီး ကားဖြင့်ထွက်လာခဲ့ကြခြင်းဖြစ်သည်။ လမ်းတစ်လျှောက်လုံးနိုင်ဦးနှင့်စိုးသူက ကားကိုအလှည့်ကျမောင်းနှင်ပြီးခရီးဆက် ခဲ့ကြလေသည်။ တဖြည်းဖြည်းနှင့်နေရောင်ပင် ကွယ်ပျောက်သွားခဲ့လေသည်။ အရမ်းမှောင်လွန်းသည့်အတွက်ရော မကျွမ်းကျင်သည့်ဒေသဖြစ်သည့်အတွက်ကြောင့်ကားကိုအရှိန်ထိန်းကာမောင်းနှင် ခဲ့ရလေသည်။ လမ်းတစ်ဖက်တစ်ချက်တွင်လည်း သစ်ပင်ကြီးများဖြင့်ပိန်းနေအောင် မှောင်နေလေသည်။ “ကို…ချစ်ဗိုက်ဆာတယ်” “ဟောဗျာ…ချစ်ပဲတစ်လမ်းလုံးပါလာတဲ့ မုန့်တွေစားလာတာပဲမဟုတ်လား။
အခုဗိုက်ကဆာနေပြန်ပြီလား” “ကိုရယ်မုန့်ကထမင်းဟင်းလောက် ဗိုက်ပြည့်ပါ့မလားကိုရဲ့။ ဆာတာပေါ့လို့” “ချစ်ကလည်းအပြင်ကိုလည်း ကြည့်ဦးလေခြောက်ကပ်လို့ ဘာဆိုင်မှလည်းရှိတာမှမဟုတ်တာ ကိုယ်ကဘယ်လိုလုပ်ပေးရမှာလဲ” “ဘာလဲကိုကချစ်ကိုအော်တာလား စိတ်မရှည်တော့တာလား” “မဟုတ်ပါဘူးကွာ။ ကိုကဒီအတိုင်းပြောပြတာပါချစ်ရဲ့ လမ်းတစ်နေရာရာရောက်ရင်တော့ စားစရာတစ်ခုခုတော့တွေ့မှာပါ ခဏလေးတော့သည်းခံပြီးစောင့်နော်” “ပြီးရော…” စိုးသူလည်းကားနောက်ခန်းမှ နိုင်ဦးတို့အတွဲအားကြည့်ကာပြုံးမိလိုက် လေသည်။ “ဒီနေရာကြီးကအရမ်းခေါင်တာပဲနော် လူသွားလူလာလည်းသိပ်မရှိကြဘူး အပြင်ကိုလည်းကြည့်ပါဦးမှောင်မဲနေတာပဲ ကြောက်စရာကြီး” “ချစ်ကလည်းဒါကတောဘက်လမ်းတွေ ဆိုတော့မြို့ လောက်တော့လူသွားလူလာ ဘယ်ရှိပါ့မလဲ” “အင်းဟုတ်တယ်နော်။
ဘာလို့များကို့ရဲ့သူငယ်ချင်းက ဒီလိုတောခေါင်ခေါင်နေရာက မိန်းကလေးနဲ့လက်ထပ်လဲမသိဘူး” “နတ်ဖူးစာရွာလည်ဆိုသလိုပေါ့ချစ်ရယ် သူ့ဖူးစာရှိတဲ့နေရာမှာလာဆုံကြတာပေါ့” “ဟာ…ဟိုရှေ့မှာမီးရောင်လေးတွေ့တယ်ကွ” စိုးသူကကားမောင်းရင်းပြောလိုက်လေသည်။ “ဟာ…ဟုတ်လား” “ဟုတ်တယ်ကွ။ ကြည့်ရတာဆိုင်တစ်ဆိုင်ပုံစံမျိုးပဲ ကားကိုရပ်ပြီးဆင်းကြည့်ရအောင် နှင်းနုလည်းဗိုက်ဆာနေသလို ငါတို့လည်းဗိုက်ဆာနေပြီ” “အေးကွာကားပေါ်ကဆင်းပြီး အခြေအနေကြည့်ကြတာပေါ့” မီးရောင်မြင်နေရသည့်နေရာကို ရောက်တော့ကားအားရပ်လိုက်လေသည်။ “ဂျောက်…” “ဘုံး ဘုံး” ကားတံခါးအားဖွင့်ကာသုံးယောက်သား ကားပေါ်မှဆင်းလာခဲ့ကြလေသည်။ ဖယောင်းတိုင်မီးများစွာထွန်းထားသည့် ဆိုင်ငယ်လေးပင်ဖြစ်သည်။ “တစ်သတ်စွဲထမင်းဆိုင်” ဆိုင်ရှေ့တွင်ချိတ်ဆွဲထားသော ဆိုင်းဘုတ်နာမည်အားဖတ်ကြည့်လိုက်ရာ သူတို့သုံးယောက်သားထမင်းဆိုင်မှန်း သိသွားကြလေသည်။
ထို့နောက်ဆိုင်ထဲကိုသုံးယောက်သား ဝင်လာခဲ့ကြပြီး ထိုင်စရာနေရာအားရှာဖွေလိုက်လေသည်။ ဆိုင်၏ထောင့်တစ်နေရာမှာရှိသော စားပွဲခုံအားရွေးပြီးထိုင်လိုက်ကြလေသည်။ ဆိုင်ထဲတွင်တော့အသက်ကြီးကြီး မိန်းမကြီးတစ်ယောက်နှင့်ခပ်ငယ်ငယ် ကောင်မလေးတစ်ယောက်ထိုင်နေသည်ကို မြင်လိုက်ရလေသည်။ သူတို့သုံးယောက်ဝင်လာသည်ကို မြင်တော့ဆိုင်ရှင်အဒေါ်ကြီးက သူတို့ထိုင်နေသည့်နေရာသို့ရောက်လာလေသည်။ “လူကလေးတို့ဘာစားကြမလဲဟင်” “ဟုတ်ကဲ့ ထမင်းသုံးပွဲပေးပါ ဒါနဲ့အဒေါ့်ဆိုင်မှာဘာဟင်းတွေရလဲဗျ” နိုင်ဦးကမေးလိုက်ခြင်းဖြစ်သည်။ “အဒေါ့်ဆိုင်မှာကဝက်သား၊ကြက်သား အမဲသား၊ဆိတ်ကလီစာချက်၊ငါးဖယ်ချက် တွေတော့ရသေးတယ်လူလေးရဲ့” “ဟင်းကြမ်းရောမရဘူးလားရှင့်” “ဟင်းကြမ်းကအာလူးချက်ပဲရှိမယ် ကလေးမရဲ့” “ချစ်ကဘာဟင်းနဲ့စားမလဲ စိုးသူမင်းရောဘာနဲ့စားမှာလဲ” “ချစ်ကကြက်သားပဲစားတော့မယ်” “ငါကတော့အမဲသားပဲပေါ့ကွာ ကားမောင်းရဦးမှာဆိုတော့ဝက်သားစားလို့ မဖြစ်ဘူးထင်တယ်” “ဒါဆိုအမဲသားနဲ့ကြက်သားဟင်း ချပေးပါအဒေါ်” “ဟုတ်ပြီလူကလေးတို့ခဏလေးစောင့်နော်။
အဒေါ်ထမင်းနဲ့ဟင်းတွေပို့ခိုင်းလိုက်မယ်” “ဟုတ်ကဲ့အဒေါ်” “ကိုဒီလိုနေရာခေါင်ခေါင်ကြီးမှာ ထမင်းဆိုင်ဖွင့်ထားတာရောင်းရော ရောင်းရရဲ့လားမသိဘူးနော်” “ဟာချစ်ကလည်းကြားသွားမှဖြင့် အားနာစရာကြီး” “ကဲမယ်မင်းကြီးမ အရေးကြီးတာက ဗိုက်ဝဖို့ပဲမဟုတ်လား။ ရောင်းရတာမရောင်းရတာကိုယ့်အလုပ် မဟုတ်ဘူး” “အင်းပါ ကိုစိုးသူကလည်း” စိုးသူကနှင်းနုအားဘုဆတ်ဆတ် ပြောလိုက်သဖြင့်နှင်းနုငြိမ်သွားလေသည်။ ခဏနေတော့ထမင်းဆိုင်ထဲမှ ကောင်မလေးကသူတို့သုံးယောက်ထံသို့ ထမင်းပန်းကန်များနှင့်ဟင်းများ လာချပေးလေသည်။ “အစ်ကိုတို့အစ်မတို့သုံးဆောင်ကြပါရှင့်” “ကျေးဇူးပါညီမလေး” ထမင်းလာချပေးသည့်ကောင်မလေးမှာ လှပလွန်းသဖြင့်ကိုစိုးသူပါးစပ်အဟောင်းသား ဖြစ်နေရလေသည်။ “အဟမျး အဟမျး စိုးသူ ဘာလုပ်နေတာလဲစားလေ။
ဘာတွေဒီလောက်ငေးကြည့်နေရတာလဲကွ” “ဘာ ဘာမှမငေးပါဘူးကွာ မင်းကလည်း” “ဟိဟိ” ကိုစိုးသူဖြစ်ပျက်သွားပုံအား ဆိုင်ရှင်ကောင်မလေးကသိသဖြင့်ရှက်ရန်းရန်းကာ ရယ်ပြီးထွက်သွားလေသည်။ “လူကလေးတို့လိုတာရှိရင်ပြောနော် အားမနာနဲ့သိလား” “ဟုတ်ကဲ့အဒေါ်ဘာမှမလိုပါဘူးဗျ” “အေးကွယ်အေးအေး” ဆိုင်ရှင်အဒေါ်ကြီးကလှမ်းမေးသဖြင့် စိုးသူလည်းပြန်လည်ဖြေလိုက်ရလေသည်။ “ချစ်စားလေဘာလုပ်နေတာလဲ။ “ရော့ ဒါကကို့အတွက် စားနော်” “ဒါကချစ်အတွက်အသားတုံးလေးစားနော် များများစားဒါမှအားရှိမှာ” “မင်းတို့တွေမပြီးနိုင်သေးဘူးလားကွာ ငါ့ရှေ့လာပြီးချစ်စားပါကိုယ်စားပါတွေ လာလုပ်ပြနေကြတယ်။ တကယ်ပဲ” “မင်းမနာလိုမရှိစမ်းပါနဲ့ စိုးသူရာ ဒါကြောင့်မင်းဆော်မရှိတာ” “ဘာကွ…” “ကဲပါကိုရယ် ထမင်းလေးတော့ ကောင်းကောင်းစားပါရစေ။
ရန်ဖြစ်ချင်ကားပေါ်ရောက်မှဖြစ်ကြပါ” နှင်းနုကကြားဖြတ်ကာပြောလိုက်သဖြင့် နိုင်ဦးနှင့်စိုးသူလည်းထမင်းကိုသာ ဆက်စားနေလိုက်သည်။ ဗိုက်ဆာဆာနှင့်စားလိုက်သဖြင့် ခဏလေးအတွင်းမှာပင်ထမင်းနှင့်ဟင်းများ ကုန်စင်သွားလေသည်။ “ရေသောက်ချင်တယ်ရေရှိလားမသိဘူး” “ဟိုမှာလေရေအိုးစင်ကြီးတစ်ခုလုံးတောင် မင်းမမြင်ဘူးလား” “ဟာအေးဟုတ်သားပဲ ငါသွားသောက်လိုက်ဦးမယ်” စိုးသူလည်းရေအိုးစင်သို့ရောက်လာပြီး ရေတစ်ခွက်ကိုခပ်ကာအားပါးတရ သောက်လိုက်တော့သည်။ “အား…အခုမှပဲဗိုက်ကိုတင်းသွားတော့တာပဲ” “နိုင်ဦးနဲ့နှင်းနု ရေသောက်ကြဦးမှာလား” “ချစ်ရေသောက်မလား” “အင်း…သောက်မယ်ကို” “ဟေ့ကောင်စိုးသူနှစ်ခွက်ခပ်ခဲ့ကွာ” စိုးသူလည်းရေခွက်နှစ်ခွက်ဖြင့် ရေခပ်ကာနိုင်ဦးထံသို့လှမ်းပေးလိုက်လေသည်။
“ရော့ချစ်ရေ” “ကျေးဇူးပဲကိုစိုးသူ” “ရပါတယ်” “ဂလု ဂလု” “ရော့တပည့်ကျော်ကြီးရေခွက်သွားထားချေ” “အောင်မာ ငါလုပ်လိုက်ရသေဦးမယ် မင်းတော့” “ဟီးဟီး ချစ်လို့စတာပါသူငယ်ချင်းကလည်း” စိုးသူလည်းရေခွက်များအား ရေအိုးစင်၌ပြန်ထားလိုက်ပြီးစားပွဲခုံသို့ ပြန်လာကာထိုင်နေလိုက်သည်။ “အဒေါ်ရေပိုက်ဆံရှင်းမယ်ဗျို့ ” နိုင်ဦးကထမင်းဖိုးရှင်းရန်ဆိုင်ရှင် အဒေါ်ကြီးအားခေါ်လိုက်ခြင်းဖြစ်သည်။ “လာပြီလူကလေး လာပြီ” ဆိုင်ရှင်အဒေါ်ကြီးကသူတို့စားပွဲဝိုင်း သို့ရောက်လာခဲ့လေသည်။ “အဒေါ်အားလုံးပေါင်းဘယ်လောက် ကျလဲခင်ဗျ။ “ပေးစရာမလိုပါဘူးငါ့တူရယ် အဒေါ်ကစေတနာနဲ့ကျွေးတာပါကွယ့်” “ဗျာ…” “ရှင်…” “ဟာမလုပ်ပါနဲ့အဒေါ်ရယ် တန်ရာတန်ကြေးတော့ယူရမှာပေါ့ဗျာ။ အဒေါ်မှာလည်းနောက်တစ်နေ့အတွက် အရင်းကရှိသေးတယ်မဟုတ်လား” “မလိုပါဘူးငါ့တူရယ် အဒေါ်တို့ ဆိုင်လေးအတွက်ငွေမလိုပါဘူး အဒေါ်ကစေတနာရှိလို့လူကလေးတို့ကို ကျွေးတာပါ။
အဒေါ်ချကျွေးသမျှအကုန်ကုန်သွားလို့ အဒေါ်ကတောင်ဝမ်းသာနေတာကွယ့်” “ခင်ဗျာ…” ဆိုင်ရှင်အဒေါ်ကြီး၏စကားကြောင့် နိုင်ဦးခေါင်းရှုပ်သွားရလေသည်။ စီးပွားရေးလုပ်နေသည့်မည်သူမဆို ငွေကအလွန်အဓိကကျနေသည်မဟုတ်ပါလား ငွေဆိုတာလူတိုင်းအတွက်မရှိမဖြစ် အရာတစ်ခုဖြစ်လေသည်။ ယခုထမင်းဆိုင်ပိုင်ရှင်အဒေါ်ကြီး၏ စကားကြောင့်နိုင်ဦးတို့သုံးယောက်သား စဉ်းစားရကြပ်သွားလေသည်။ “အဒေါ့်ဆိုင်အတွက်ငွေမလိုဘူးဆိုရင် အဒေါ်ရောင်းတဲ့ထမင်းတွေအသားတွေ ကိုအဒေါ်ဘယ်လိုပြန်ဝယ်မှာလဲဗျ” “အို…မခက်ပါဘူးငါ့တူရယ် လိုသမျှအသားအကုန်လုံးသင်္ချိုင်းထဲ သွားယူလိုက်ရုံပဲလေ” “ဗျာ…” “ရှင်” “ဟင်…” “ဟား ဟား ဟား ဟား” “ဘယ်လိုလဲငါ့ဆိုင်ကထမင်းဟင်းတွေ စားလို့မှကောင်းရဲ့လား” “ဟီး ဟီးဟီး ဟီး” ဆိုင်ရှင်အဒေါ်ကြီးနှင့်ကောင်မလေးမှာ တဟီးဟီးတဟားဟားရယ်မောရင်း ကြောက်စဖွယ်မျက်နှာကြီးများအဖြစ် ပြောင်းလဲသွားကြလေသည်။
ထမင်းလာချပေးသည့်ကောင်မလေးသည် လည်းချောမောလှပသည့်ပုံစံပျောက်ကာ ဆံပင်တစ်ချောင်းမှမရှိသောခေါင်းခွံကြီးနှင့် လောက်တဖွားဖွားထွက်ကျနေသည့်မျက်နှာ ကြီးဖြင့်ရယ်မောပြနေလေသည်။ ဆိုင်ရှင်အဒေါ်ကြီးလည်းထို့အတူပင် နဂိုကလူရုပ်အသွင်ပျောက်ကာ မျက်လုံးတစ်ဖက်ကအပြင်သို့တွဲလောင်းကြီး ကျနေပြီးမျက်နှာတစ်ချမ်းမှာလည်း အရိုးများထွက်ပေါ်နေလေသည်။ နိုင်ဦး၊နှင်းနုနှင့်စိုးသူတို့လည်း ဆိုင်ရှင်သားအမိအားသရဲမှန်းသိသွားသဖြင့် အလွန်ထိတ်လန့်နေကြတော့သည်။ “ပြေးပြေး နှင်းနုပြေး စိုးသူလာမြန်မြန်” စိုးသူလည်းနိုင်ဦးရဲ့ခေါ်သံကြားမှ သတိဝင်လာခဲ့လေသည်။ “ဟင်…အေး နိုင်ဦး လာပြေးကြစို့ ” “နှင်းနုလာ” ထို့အတူနှင်းနုလည်းသရဲသားအမိအား မြင်ကာထိတ်လန့်နေမိသည်။ သူတို့သုံးယောက်သားထမင်းဆိုင်ထဲမှ ကြောက်အားလန့်အားထွက်ပြေးလာခဲ့ ကြတော့သည်။ “ဟီး ဟီး ဟီး သရဲသားအမိကသူတို့နောက်မှဒယီးဒယိုင် နှင့်ပြေးလိုက်လာကြလေသည်။
“ကားဆီရောက်အောင်ပြေးကြ” “နောက်လှည့်မကြည့်နဲ့ နိုင်ဦး ပြေး” “ဂလောက်” “ဘုံး ဘုံး” နိုင်ဦး၊နှင်းနုနှင့်စိုးသူတို့သုံးဦး ကားထဲရောက်လာပြီးကားတံခါးအား အလျင်အမြန်ပိတ်လိုက်ကြလေသည်။ “မောင်းမောင်း မောင်းတော့” “မြန်မြန်လေး” “ဘူးဝူးဝူး” ကံကောင်းသည်ဟုဆိုရပေမည်။ ကားကချက်ချင်းမောင်း၍ရသဖြင့် ထိုနေရာမှအမြန်ဆုံးထွက်လာခဲ့ကြလေသည်။ “ဘုံး” “အောင်မယ်လေး” “အား…” ကားနောက်ဖုံးပေါ်၌ကပ်တွယ်ပြီး လိုက်လာသည့်သရဲမကြီးအားကားနောက်ခန်း၌ ထိုင်နေသောနိုင်ဦးနှင့်နှင်းနုတို့ ချစ်သူနှစ်ဦးမြင်လိုက်ကာထိတ်လန့်သွားကြလေ သည်။
“ကားနောက်မှာသရဲမကြီး ပါလာတယ်စိုးသူ။ ဘယ်လိုလုပ်ကြမလဲ” “ဟေဟုတ်လား ငါ ငါလည်းမသိတော့ဘူးကွာ” “ကို ဘုရားစာရွတ်ဖို့မေ့နေတာ ဘုရားစာရွတ်ရင်သရဲတွေကြောက်ကြတယ်တဲ့” “အေး ဟုတ်သားပဲကွာ။ မေ့နေလိုက်တာ” နှင်းနုပြောမှဘုရားစာရွတ်ရန် သတိရမိကြလေသည်။ သရဲမကြီးကတော့ကားနောက်ဖုံး၌ ကပ်တွယ်၍လိုက်လာဆဲပင်ဖြစ်သည်။ ကျန်သည့်သရဲမတစ်ကောင်ကတော့ လိုက်လာခဲ့ခြင်းမရှိပေ။ ထို့နောက်တပြိုင်နက်ထဲသုံးယောက်သား ဘုရားစာရွတ်လိုက်ကြတော့သည်။ “အား မရွတ်နဲ့ ပူတယ် ပူတယ်” “ဝုန်း” သရဲမကြီးကနားနှစ်ဖက်ကိုပိတ်ပြီး အော်ဟစ်ကာကားပေါ်မှခုန်ဆင်း သွားတော့လေသည်။
“သရဲမကြီးမရှိတော့ဘူး စိုးသူ” “ဘုရားစာရွတ်တာသူကြောက်လို့ဖြစ်မယ် ခုန်ဆင်းသွားတာမြင်လိုက်ရတယ်” “ဟာ…ရှေ့မှာမီးရောင်တွေမြင်နေရပြီ ရွာရောက်ပြီနိုင်ဦး” “ဟူး တော်သေးတာပေါ့ကွာ ရွာကိုရောက်ပေလို့သာပဲ။ မဟုတ်ရင်လမ်းမှာသရဲခြောက်လို့ သေတော့မှာပဲ” “ကိုရယ်သိပ်လည်းကြောက်မနေပါနဲ့တော့။ ရွာကိုရောက်လာပြီပဲဟာ” “အင်းပါ ချစ်လည်းမကြောက်နဲ့တော့နော်” “အင်း” စိုးသူလည်းကားအားဖြည်းဖြည်း မောင်းကာရွာထဲဝင်လာခဲ့လေသည်။ ကားကိုရွာအထဲထိမောင်းမဝင်တော့ပဲ ရွာအဝင်၌ရပ်ထားခဲ့လေသည်။ သူတို့၃ယောက်သားကားပေါ်မှ ဆင်းကာရွာထဲလျှောက်လာခဲ့ကြလေသည်။
အိမ်တစ်အိမ်အားဝင်ကာ မင်္ဂလာဆောင်မည့်သတို့သားနေအိမ်အား စုံစမ်းမေးမြန်းကြလေသည်။ အိမ်ရှင်လူကြီးကသူကိုယ်တိုင်လိုက်ပို့ပေးပါ့မည် ဆိုပြီးလိုက်လံပို့ပေးရှာလေသည်။ “မောင်ခန့်ကောင်း မောင်ခန့်ကောင်းရေ ဒီမှာမင်းသူငယ်ချင်းတွေကမင်းနဲ့ တွေ့ချင်လို့တဲ့ငါလိုက်ပို့တာကွ” “ဟာ…နိုင်ဦး၊စိုးသူ မင်းတို့ငါ့မင်္ဂလာဆောင်ကိုအတည်ကြီး လိုက်လာကြတာလားကွ။ အံမယ်နှင်းနုလည်းပါလာတာကိုး လာလာ လာကြ” ကိုခန့်ကောင်းကစိုးသူနှင့်နိုင်ဦးအား အိမ်ထဲဖိတ်ခေါ်လိုက်လေသည်။ နှင်းနုလည်းနိုင်ဦးလက်ကိုဆွဲကာ အိမ်ထဲဝင်လာခဲ့သည်။ “သူငယ်ချင်းရေကံကောင်းလို့ မင်းဆီအသက်မပျောက်ပဲရောက်လာခဲ့တာကွ။
“ဟင်…မင်းဟာကဘာစကားကြီးလဲ စိုးသူရ။ရှင်းအောင်ပြောစမ်းပါကွ” “ဒီလိုငါ့ကောင်ရေ ငါတို့လာတဲ့လမ်းမှာထမင်းဆိုင်တစ်ဆိုင် တွေ့လိုဝင်ပြီးစားကြတာ အဲ့ဒီဆိုင်ကလူတွေရောင်းတာမှမဟုတ်ပဲ သရဲသားအမိဖြစ်နေတယ်ဟေ့ ငါတို့ကိုလိုက်သတ်လို့မနည်းလွတ်အောင် ပြေးလာခဲ့ကြတာကွ” “ဖြစ်မှဖြစ်ရလေသူငယ်ချင်းတို့ရာ အဲ့ဒီသရဲသားအမိကလူနည်းနည်းလူစိမ်းရင် အခုလိုပဲအမြဲခြောက်နေကြကွ။ “ဟေ” “ဟင်” “ရှင်” “ဟုတ်တယ်မင်းတို့အံ့သြလည်း အံ့သြချင်စရာပဲကွ။
အဲဒီသရဲသားအမိကမကျွတ်မလွတ်ပဲ ရှိနေတာအတော်ကြာပြီကွ။ အရင်ကအဲ့ဒီနေရာကြီးကရွာလေကွာ သူ့နံဘေးမှာကတို့ရွာသင်္ချိုင်းကုန်းလေ တို့ရွာကအသုဘရှိရင်အဲ့ဒီသင်္ချိုင်းကိုသွားပြီး မြှုပ်နှံကြရတယ်လေ။ အဲနောက်တော့ အဲ့ဒီရွာမှာကာလဝမ်းရောဂါအကြီးအကျယ် ဖြစ်ကြတယ်ကွ။ လူအတော်များများလည်း ဝမ်းရောဂါနဲ့သေကုန်ကြတယ်လေ နောက်တော့ရွာလုံးကျွတ်နီးပါး ပြောင်းကြရွှေ့သွားကြတယ်လေ ဝမ်းရောဂါနဲ့ သေသွားတဲ့အထဲမှာအဲ့ဒီရွာကထမင်းဆိုင်ပိုင်ရှင်သားအမိဒေါ်ခင်မေနဲ့သူ့သမီးခင်ယုမေလည်း ပါခဲ့တယ်။ ဘယ်သူကမှလည်းအမျှအတန်းမပေးကြတော့ ဒီသရဲသားအမိကအခုထိ မကျွတ်မလွတ်ဖြစ်နေတာပေါ့ကွာ မင်းတို့လိုပဲကွ။ တခြားသူတွေလည်းအခုလိုခြောက်လှန့်တာ ခံကြရတယ်ကွ။ “မင်းပြောသလိုဆိုရင် ဒီသားအမိကသေသွားတာကြာပြီပဲကွ။
သူတို့ကိုယ်သူတို့သေမှန်းသိပုံမရဘူး ဒါကြောင့်ပုံမှန်လူတွေလိုပဲ သွားလာလှုပ်ရှားနေကြတာဖြစ်မယ်” “မဟုတ်လောက်ဘူးနိုင်ဦး သူတို့ကသူတို့ရှိနေတယ်ဆိုတာ အဖန်ဖန်ထပ်တလဲလဲပြနေတာကွ” “ဒါလည်းဖြစ်နိုင်တာပဲ ကဲ ရောက်တုန်းရောက်ခိုက်အေးအေးဆေးဆေး အနားယူလိုက်ကြဦး။ မနက်ဖြန်ငါ့မင်္ဂလာဆောင်လည်း ရှိသေးတယ်မလား။ ရွာမှာအကြာကြီးတော့နေပေးကြဦး” “စိတ်ချ၃ ၄ရက်လောက်တော့ နေဦးမှာ။ ငါတို့အားလုံးလည်းအားနေတာကိုးကွ” “အေးပါ မင်းတို့ပျော်သလောက်သာနေကြပေါ့” “မင်းလည်းမနက်မင်္ဂလာဆောင်ရဦး မှာဆိုတော့သွားအိပ်တော့လေကွာ” “အေးပါ။ ငါမင်းတို့အတွက်အိပ်ဖို့စီစဉ်လိုက်ဦးမယ် နှင်းနုကိုတော့ငါ့ညီမထွေးငယ်နဲ့ အိပ်ခိုင်းလိုက်ပေါ့ကွာ” “ဟုတ်ကဲ့ ကိုခန့်ကောင်း” နှင်းနုကကိုခန့်ကောင်းကို ခေါင်းညိတ်ကာပြောလိုက်လေသည်။
“ချစ်ဒါဆိုရင် ချစ်က ထွေးငယ်နဲ့သွားအိပ်လိုက်ပေါ့ ကိုယ်ကတော့စိုးသူနဲ့အိပ်လိုက်မယ်” “အင်းပါကိုရဲ့” “နေဦးမေ့တော့မလို့” “ဘာလဲခန့်ကောင်း” “မင်းတို့သရဲသားအမိရောင်းတဲ့ ထမင်းတွေစားလာခဲ့ကြတာမလား” “အေးဟုတ်သားပဲကွ” “အင်းဟုတ်တယ်လေ” “ဟာ…ဟိုသရဲသားအမိက ဘာတွေကျွေးလွှတ်လိုက်မှန်းမသိဘူး နေနေငါရေမန်းသွားယူပြီး မင်းတို့ကိုတိုက်ဦးမှပဲ” ကိုခန့်ကောင်းကအိမ်ပေါ်သို့အလျင် အမြန်တက်သွားလေသည်။ အိမ်အောက်ပြန်ဆင်းလာတော့ ရေမန်းဗူးတစ်ဘူးပါလာလေသည်။ “ရော့သောက်လိုက်ကြ အန္တရာယ်ကင်းသွားအောင်လို့” “အေးအေး” “ဂလုဂလု” “ရော့နိုင်ဦး သောက်လိုက်” “ဂလု” “ချစ်ရောသောက်လိုက်” “အင်း” “ဂလုဂလု” “ကျေးဇူးပဲသူငယ်ချင်း” ရေမန်းသောက်ပြီးသည်နှင့် သူတို့သုံးယောက်ဗိုက်ထဲမှမအီမသာ ဖြစ်လာကြလေသည်။ “ဝေါ့ ” “အော့” “ဝေါ့ အော့” သုံးယောက်ပြိုင်တူထိုးအန်ကြတော့လေသည်။
“ဟာ…” “ဟင်” “ဟာ ဘာ ဘာတွေလဲ” အန်ဖတ်များမှာမည်းမည်းပုတ်ပုတ် အတုံးအတစ်များဖြစ်ပြီးထိုအန်ဖတ်များထဲတွင် ရွစိရွစိနှင့်လောက်များကိုပါ ုမြင်လိုက်ကြရလေသည်။ “ဟင် လောက်တွေပါလား” ” ဒါ ဒါဆို ငါတို့စားလာခဲ့တာ ထမင်းတွေဟင်းတွေမဟုတ်ဘူးပေါ့” “ဘယ်ဟုတ်မလဲကွ။ နာနာဘာဝတွေကျွေးမှတော့မကောင်းတဲ့ အရာတွေပဲဖြစ်မှာပေါ့ ဘာမှမပူနဲ့တော့ရေမန်းတန်ခိုးကြောင့် မကောင်းတာတွေအကုန်အန်တဲ့အထဲ ပါသွားပြီပဲလေ” “အခုမှခေါင်းထဲကြည်ကြည်လင်လင် ရှိသွားသလိုပဲကွာ” “ဟုတ်တယ်နော် ခုနုကဆိုရင်ဘယ်လိုကြီးမှန်းမသိဘူး မူးနောက်နောက်နဲ့” “ကဲကဲ ပင်ပန်းထားကြတာ သွားအိပ်လိုက်ကြဦး” “အေးအေး လာစိုးသူသွားကြစို့ နှင်းနုလာ” “အင်း” “လာပြီသူငယ်ချင်း” နှင်းနု၊နိုင်ဦးနှင့်စိုးသူတို့သူတို့သုံးယောက်လည်း အိမ်ပေါ်သို့တက်သွားကြလေသည်။
================== စိုးသူတို့သုံးယောက်ရွာကမင်္ဂလာဆောင်မှာ ၃.၄ရက်နေပြီးမှအိမ်သို့ပြန်လာခဲ့ကြလေသည်။ အိမ်အပြန်လမ်း၌သူတို့ဝင်ပြီးစားခဲ့သည့် ထမင်းဆိုင်လေးအားရှာကြည့်မိလေသည်။ ထမင်းဆိုင်ကိုမတွေ့ရပဲခြုံနွယ်များဖြင့် ပြည့်နှက်နေသောဖုံးဆိုးမြေကိုသာ မြင်တွေ့ရလေတော့သည်။ ဤနေရာကိုကြည့်ပြီးအရင်ရက်က ကြုံတွေ့ခဲ့ရသောအဖြစ်အပျက်ကို ပြန်လည်မြင်ယောင်ကာသူတို့၃ယောက် ကြက်သီးမွေးညှင်းများပင်ထလာခဲ့ တော့သည်။ ပြီးပါပြီ။ ဇာတ်လမ်းလေးအားကြိုက်နှစ်သက်ပါက လက်မလေးတွေနှိပ်ပြီးShareသွားကြ နော်။
စာဖတ်သူများရွှင်လန်းကြပါစေ။
Leave a Reply