စောရဦးခေါင်း (စ/ဆုံး)
မူရင်းရေးသားသူ – ဆရာတာတေ
တာတေဆိုတဲ့ ကျုပ်ကလည်း ထူးထူးဆန်းဆန်းဆိုရင် ကြုံမှကြုံတတ်ပလေဗျာ။ကျုပ်မှတ်မိတယ် ဆောင်းတွင်းကြီး ဗျ။ ကျုပ်တို့ အညာဆိုတာကလည်း ခက်သားလား။နွေဆိုရင်လွှတ်ပူပြီး ဆောင်းကျတော့လည်း လွှတ်အေးတာလေ။နှစ်ညရှိပြီဗျ။ ဝိုင်းတွေထဲမှာ နှမ်းရိုးတွေ မီးလှုံကြရတာ။ ကိုယ့်အရပ်နဲ့ ကိုယ်ဓလေ့ဆိုတော့လည်း ပျော်ဖို့တော့ ကောင်းသားဗျ။ ကျုပ်တို့ဝိုင်းထဲမှာ ညဆိုရင် အဘနဲ့အမေက နှမ်းရိုးတွေ မီးရှို့တော့တာပဲဗျို့။ ကျုပ်တို့ဝိုင်းမှာ မီးရောင်တွေ့ပြီဆိုတာနဲ့ ရွာထဲက မျက်ပြူးတို့ ၊ ဆင်ပေါက်တို့၊ တောကျော်တို့အုပ်စုရောက်ချလာရောဗျာ။ ဒီကောင်တွေက ဆယ်နှစ်သားလောက်တွေဗျ။ သူတို့ထက်ငယ်တဲ့ ကလေးတွေလည်း တစ်ခါတလေ ပါလာတတ်သေးသဗျ။ ကျုပ်အမေကလည်း ကလေးအားကြီးချစ်တာ။ ကလေးတွေမို့လို့ ဝိုင်းထဲမှာ မီးလှုံလာပြီဆိုရင် ပဲကြီးလှော်နဲ့ ထန်းလျက်ကျွေးတော့တာဗျို့။ ဟိုကောင်တွေကလည်း စားပါ့ဗျာ။
တစ်ခါမှ ငြင်းတယ်လို့ မရှိဘူးဗျ။ မျက်ပြူးက လူလည်ဗျ။ ကျုပ်အကြောင်းလည်း ဒီကောင်က တော် တော်သိတာ။ လူစုံလို့ ဝိုင်းငြိမ်ပြီဆို တာနဲ့ မျက်ပြူးက ကျုပ်ကို ဟိုမေး ဒီမေး လုပ်တော့တာပဲဗျို့။ ကျုပ် ကလည်း ကျုပ်တွေ့ကြုံခဲ့တာ ကလေးတွေကို ပြောပြတယ်။ ဒီကောင်တွေအုပ်စုဆိုတာ ငြိမ်ပြီး နညးထောင်တာဗျ။ တစ်ယောက် မှကို မလှုပ်ဘူး။အဘနဲ့ အမေက တော့တော်တော်ကလေး နွေးသွား ရင် အိမ်ပေါ်တက်သွားကြတော့ တယ်ဗျ။ ဒီကောင်တွေနဲ့ ကျုပ်နဲ့ ပဲ က်န္ခဲ့တာ။ “ကိုကြီးတာတေ၊ ဆရာပေသီးကို မဖဲဝါ ကျောက်ပြင်နဲ့ ရိုက်သတ်တုန်း က ကိုကြီးတာတေ ပါတယ်ဆို” မျက်ပြူးဆိုတဲ့ကောင်က စကားကို ထောင်တဲ့နေရာမှာ အားကြီးတော် တာဗ်။ “မပါပါဘူးကွာ၊ မင်းတို့ကို ငါပါတယ် လို့ ဘယ်သူပြောတုံး” ကျုပ်က ဒီကိစ္စတွေကို အခုထိ အုပ် ထားတာဆိုတော့ ပြောင်ငြင်းရတာ ပေါ့ဗျာ။ “တောင်ပိုင်းက ကိုသိန်းဇော် ပြော တာဗျ၊ သူလည်း တိတိကျကျ သိ တာတော့ မဟုတ်ဘူးဗျ၊ တာတေ ပါနိုင်တယ်လို့ပဲ ပြောတာပါဗျာ” “အလကားပါကွာ၊ သူထင်တာကို လျှောက်ပြောတာပါ။
ငါလည်း အဲ ဒီကိစ္စကို သူများပြောမှသိတာပါ” “နေပါဦး ကိုကြီးတာတေရဲ့၊ ဘိန်းစား ဘစိန်ကြီးကို မဖဲဝါ ဂုတ်ချိုးသတ်တုန်း ကလည်း ကိုကြီးတာတေ ပါတယ်ဆို” တောကျော်ကလည်း မျက်ပြူးလေသံ ကို လိုက်ပြီး ကျုပ်ကို မေးပြန်တာပေါ့ ဗျာ။ “မပါပါဘူးကွာ၊ ဘိန်းစားဘစိန်က ဂူဖောက်တာ ထင်ပါတယ်၊ မနက် မိုးလင်းလို့ လူတွေပြောမှ ငါသိတာ ပါ၊ အဲဒီညက ဘုရားပွဲရှိတော့ တစ် ညလုံး ဘုရားပွဲမှာ ထိန်းနေရတာကွ၊ နို့ မင်းကို ဘယ်သူက ပြောတာတုံး တောကျော်ရဲ့” “အရှေ့ပိုင်းက ကိုကြီးဖိုးထောင် ပြော တာဗျ။ သူလည်း အတိအကျ ပြော တာတော့ မဟုတ်ပါဘူး၊ ပါတယ်ထင် တယ်လို့ပဲ ပြောတာပါ” “ငါက နေရာတကာ စပ်စပ် စပ်စပ်နဲ့ ပါနေကျကောင် ဆိုတော့ ဒီကိစ္စတွေ မှာလည်း ပါသွားသလားလို့ တွေးကြ တာပေါ့ကွာ” ကျုပ်က ကလေးတွေနဲ့ စကားလက်ဆုံ ကျရင်း နဂါးဆေးပေါ့လိပ်ကလေး တစ် လိပ်ကို နှမ်းရိုးက မီးတောက်ကလေးယူ ပြီးညှိလိုက်တယ်။ ဆေးပေါ့လိပ်ကလေး နှစ်ဖွာ သုံးဖွာပဲ ဖွာရသေးတယ်။ ဝိုင်းဝ က ခေါ်တဲ့အသံ ကြားရောပဲ။ “တာတေ မီးလှုံနေတာလားကွ၊ ဟာ ကလေးတွေလည်း မနည်းပါလား” ကျုပ်က မီးအလင်းရောင်ကို လက်နဲ့ ကာပြီး ဝိုင်းဝကို လှမ်းကြည့်တယ်။
“ငါပါကွ တာတေရ၊ ငွေတွင်းကုန်းက မင်းဒင်ပါ” “ဟာ ကိုမင်းဒင် ညဘက်ကြီးပါလား လာ လာ” ကျုပ်က ကိုမင်းဒင်ကို ခရီးဦးကြို ပြုရတာပေါ့ဗျာ။ “တာတေ မင်း ကလေးတွေကို ပုံ ပြောပြနေတာ ထင်တယ်” “ဟုတ်ပါ့ဗျာ၊ ပုံလည်းပြောပြရသေး တယ်၊ နှမ်းရိုးလည်း မပြတ်ထည့်ပေး ရသေးတယ်၊ ပဲကြီးလှော်နဲ့ ထန်းလျက် လည်း ကျွေးရသေးတယ်၊ အကြမ်းက လည်း လက်ဖက်ခြောက် ခပ်ရတာ နှစ်အိုး ရှိပြီ ကိုမင်းဒင်ရေ ဟား ဟား လာဗျာ ဒီဘက်ကို” ကိုမင်းဒင်က ကျုပ်ဘေးမှာ ဝင်ထိုင် တယ်ဗျ။ “ဒီည တော်တော်အေးပါလားကွ၊ တစ်ချက် တစ်ချက် တုန်တောင် သွားတယ်” “ဟုတ်ပါ့ ကိုမင်းဒင်ရာ၊ ဒီည အေး ချက်ကတော့ လွန်ရောဗျာ၊ ညနေ သုံးနာရီလောက်ကတည်းက စိမ့်နေ တာဗျ။ ကဲ ခဏနေဦးဗျာ၊ ကျုပ်အိမ် ပေါ်တက်ပြီး လက်ဖက်ကလေး ဘာ လေး ယူချေဦးမယ်” ” ဘာ နပေါဦးကှ တာတရော၊ ငါ ခုပဲ ဒွေးလေးတို့အိမ်က ထမင်းစား ပြီး ထလာတာကွ” “ဟာ မဟုတ်သေးပါဘူးဗျာ၊ လက် ဖက်ကလေးတော့ စားပါဦးဗျာ၊ မ ကြာပါဘူးဗျ ကိုမင်းဒင်ရ” ကျုပ်က ပျာပျာသလဲ အိမ်ပေါ်တက် လာခဲ့တယ်။ ကျုပ်အိမ်ပေါ်တက်နီးမှာ… “ကိုကြီးတာတေ၊ ကျုပ်တို့ ရေနွေးအိုး ထပ်ကျိုထားရမလား” မျက်ပြူးက လူ့အလိုက်ကို လွှတ်သိ တဲ့ ကလေးဗျ။
“ဟာ ကောင်းတာပေါ့ မျက်ပြူးရ၊ စဉ့်အိုးအဖုံးပေါ်မှာ ရေမှုတ်ရှိတယ်” “သိတယ်၊ သိတယ်၊ ကိုကြီးတာတေ” မီးလှုံနေတဲ့ နေရာဘေးမှာတင် ကျုပ် က ဖိုခနောက်ဆိုင်ပြီး ရေနွေးကျိုတာ ဗျ။ကျုပ်အိမ်ပေါ်က ပြန်ဆင်းလာတော့ လက်ထဲမှာ လက်ဖက်အစ်ရော၊ နဂါး ဆေးပေါ့လိပ် သုံးလိပ်ရော ယူလာတာ။ မျက်ပြူးရဲ့ ရေနွေးအိုးကလည်း မီးဖို ပေါ် ရောက်နေပြီဗျ။ ဆင်ပေါက်က ထင်းချောင်းတွေ ထိုးပြီး မီးမှုတ်ပေး နေလေရဲ့။ “ကဲ လက်ဖက်ကလေးလည်းစား၊ အကြမ်းပူပူကလေးလည်း သောက် ဗျာ၊ ကျုပ် ခပ်ထားတဲ့ လက်ဖက် ခြောက် လွှတ်ကောင်းတာဗျ၊ ဟို တလောကမှ ကျုပ်ဆရာ စိုင်းနွံဖ ရောက်လာလို့ ဆရာတော် လှူဖို့ ရော၊ ကျုပ်သောက်ဖို့ရော လက် ဖက်ခြောက်တွေ ယူလာတာဗျ။ စော်ဘွားနှုတ်ခမ်းမွှေးအစစ်ပဲ ကိုမင်းဒင်ရဲ့၊ ကဲ သောက်ဗျာ” ပြောရဦးမယ်ဗျို့။ ကိုမင်းဒင်ဆိုတာ က ငွေတွင်းကုန်းသားဗျ။ ကိုမင်းဒင် တို့မှာက ညီအစ်ကိုနှစ်ယောက်ပဲ ရှိတာ။ ကိုမင်းဒင်က အငယ်။ သူ့ အစ်ကိုက ကိုမင်းလွင်တဲ့ဗျ။ညီအစ် ကို နှစ်ယောက်စလုံး အိမ်ထောင် မရှိကြဘူး။ သူတို့မိဘတွေက သူ တို့ခပ်ငယ်ငယ်မှာတင် ဆုံးပါးသွား တယ်ဆိုပဲဗျ။ ဒါပေမဲ့ သူတို့အဘိုး ဦးအိုဆိုတာက လူချမ်းသာဗျ။ ယာရော ထန်းတောရော ပိုင်တာ။
သူတို့ညီအစ်ကိုကို သူ့အဘိုးကပဲ မွေးခဲ့တာ။ သူတို့ရွာမှာ ဘိုးအို ဆောက်ထားတဲ့ ကျောင်းတွေ၊ ဘိုးအို တည်ထားတဲ့ ဘုရားတွေ၊ ဘိုးအိုလှူထားတဲ့ ရေတွင်းဆိုတာ နေရာအနှံ့ပါပဲဗျာ။ တစ်နှစ်တစ်ခါ ရွာထဲက ကလေးတွေကို ရှင်ပြုပြီး အရွယ်ရောက်တဲ့သူတွေကို ပဉ္စင်း တက်ပေးသေးတာဗျ။ အဲဒါက နှစ်တိုင်းလုပ်တာ။ တစ်နှစ် တောင် ပျက်မသွားဘူး။ ငွေတွင်း ကုန်းက ဘိုးအိုအလှူဆိုရင် မသွား ဖူးတဲ့၊ မစားဖူးတဲ့လူ ကျုပ်တို့ရွာတွေ မှာ မရှိသလောက်ပဲဗျ။ ဘိုးအိုဆိုတာ အားကြီးစေတနာ သဒ္ဓါတရားကောင်း တဲ့ အဘိုးကြီးဗျ။ သူရွာထဲမှာ အဆင် မပြေတဲ့ လူတွေကို ဘိုးအိုက အမြဲ ကြည့်တာ။ သူတို့ရွာမှာဆို ဘိုးအို ကျေးဇူးကင်းတဲ့သူ သိပ်မရှိဘူးဗျာ။ ဒါပေမဲ့ အဘိုးကြီးက မရှိတော့ဘူး။ မနှစ်ကပဲ ဆုံးသွားတာ။ ကိုမင်းဒင် တို့ ညီအစ်ကိုပဲ ကျန်ခဲ့တာ။ ကိုမင်း ဒင်က လက်ဖက်တစ်စွန်း ခပ်စားပြီး အကြမ်းကို ဖူးကနဲ မှုတ်ပြီးသောက် လိုက်တယ်ဗျ။ “အေး မင်းပြောတာ ဟုတ်သားကွ တာတေရ၊ လက်ဖက်ခြောက်က တော်တော်ကို ကောင်းတာကွ” “ဟုတ်တယ် ကိုမင်းဒင်ရဲ့၊ သောက်ဗျာ၊ နို့ ကိုမင်းဒင် ညကြီး ဘယ်က ရောက်လာတာတုံး” ကျုပ် မေးတာကို ကိုမင်းဒင်က ခေါင်းညိတ်ပြတယ်။
“အေး အမှန်အတိုင်း ပြောရရင် တော့ ငါ မင်းဆီကို လာတာပဲ တာတေ၊ ဒါပေမဲ့ မင်းတို့ရွာမှာ ငါ့ဒွေးလေး မပုကြည်တို့လည်း ရှိတာဆိုတော့ ဒွေးလေးတို့ဆီ လာတာတို့ ပြောရတာပေါ့ကွာ၊ မင်းဆီကိုတော့ လမ်းကြုံလို့ဝင် လည်တယ်လို့ပဲ ပြောရတာပေါ့၊ တကယ်က ငါ မင်းကို ပြောစရာ တွေ အများကြီးရှိလို့ လာတာကွ” “သြော် ဒီလိုလား၊ ဒါဆိုရင် က လေးတွေကို ပြန်လွှတ်လိုက် ဦးမယ်ဗျာ” “ဟာ နေပါစေကွာ၊ ကလေးတွေ ငါ့ကြောင့် ပြန်နေရတာမကောင်း ပါဘူး” “ရပါတယ် ကိုမင်းဒင်ရ၊ ဒီကောင် တွေက ကျုပ်တူလေးတွေလို ဖြစ် နေတာပါ” ကိုမင်းဒင်ကို ပြောရင်း ကျုပ် မျက်ပြူးတို့ကို လှည့်ကြည့်လိုက် တယ်။ကျုပ်အရိပ်အခြေကို ကြည့် နေတဲ့ မျက်ပြူးကချက်ချင်းသဘော ပေါက်တယ်ဗျ။ ဒီကောင်က လွှတ် အကင်းပါးတဲ့ကောင်။ “ဘာလဲ ကိုကြီးတာတေ၊ အကြမ်း ကုန်ပြီလား၊ ရေနွေးအိုးက ဆူနေ ပြီဗျ။ကိုကြီးတာတေတို့ အိုးထဲကို ရေနွေးဖြည့်ပေးရင် ကျုပ်တို့လည်း ပြန်တော့မလို့ပဲဗျ” အဲဒါသာ ကြည့်တော့ဗျို့။ ကျုပ် တောင် ဘာမှမပြောရသေးဘူး။ ဒီကောင် မျက်ပြူးက ကြိုပြော နေတာ။
“အေး အေး ကိုကြီးတာတေလည်း ဧည့်သည်နဲ့ စကားပြောလိုက်ဦးမယ်၊ ရေနွေးက အခု မလိုသေးပါဘူး၊လိုမှ ပဲ ကိုကြီးတာတေ ဖြည့်လိုက်မယ်” “ဟုတ်ကဲ့၊ ဒါဆို ကျုပ်တို့ သွားဦးမယ်၊ တောင်ပိုင်းက အာကျယ်တို့ ဝိုင်းကို ခဏသွားဦးမယ်” မျက်ပြူးက သူ့ကောင်တွေကိုခေါ်ပြီး ထပြန်သွားတယ်။ ဒီတော့မှ ကိုမင်း ဒင်က စကားစတော့တာဗျို့။ သူပြော မဲ့ ကိစ္စက လူမသိစေချင်တဲ့ ကိစ္စဆို တာ ကျုပ် သိလိုက်တာပေါ့ဗျာ။ ဒါ ကြောင့်လည်း သူ ကျုပ်ဆီကို ည ဘက် လာတာပေါ့လေ။ “အေးကွာ၊ မင်းကို ငါ ဘယ်ကစပြော ရမလဲဆိုတာ စဉ်းစားနေတာကွ၊ တာ တေရဲ့” ကျုပ်က နဂါးဆေးပေါ့လိပ်ကလေး တစ်လိပ်ကို မီးညှိပြီး ကိုမင်းဒင်ကို ကမ်းပေးလိုက်တယ်။ ကိုမင်းဒင်က လည်း ဆေးပေ့ါလိပ်ကလေးကို ယူ ပြီး ဖွာတယ်။ ဆေးလိပ်ကို နှစ်ဖွာ၊ သုံးဖွာ ဖွာပြီး တစ်ချက်ရှိုက်လိုက် တယ်။ ပြီးမှ စကားစတယ်ဗျ။
“တို့အဘိုး ဘိုးအိုကို မင်းသိတယ် မို့လား တာတေ” “ဟာ သိတာပေါ့ ကိုမင်းဒင်ရဲ့၊ ဘိုးအို ဆုံးတော့တောင် ကျုပ်လာ ပို့သေးတယ်လေဗျာ” “အေးပါကွ၊ ငါက စကားစပျိုးတာပါ၊ ဘိုးအိုဆုံးတာ တစ်နှစ်ကျော်ပြီလေ ကြာ” “ဟုတ်တယ်လေ ကိုမင်းဒင်” “အေး ဘိုးအိုဆုံးသွားတော့ ငါတို့ ညီအစ်ကိုအတွက် ပစ္စည်းဥစ္စာ တော်တော်ကို ကျန်ခဲ့တာကွ” “ဟာ ကျန်မှာပေါ့ဗျာ၊ ဘိုးအိုက လူချမ်းသာပဲ” “ငါပြောချင်တာက အဲဒီလို မဟုတ် ဘူးကွ၊ တာတေရ၊ ငါတို့ ခန့်မှန်းတာ ထက် အဆပေါင်းများစွာ ကွာနေတာ သူ့သေတ္တာကို ငါတို့ညီအစ်ကို ဖွင့် ကြည့်တော့ စိန်တွေ၊ ရွှေတွေ၊ ရတ နာတွေဆိုတာ နည်းနည်းနောနော မဟုတ်ဘူးကွ၊ ငါ့အစ်ကိုကတော့ ဘိုးအိုက သူ့မိဘတွေဆီက နှစ်မွေ ခံ၊ သုံးမွေခံတွေ ရ,ထားလို့ဖြစ်မယ် လို့ တွေးတာပေါ့ကွာ” “အင်း ကိုမင်းလွင် တွေးတာ ဟုတ်မှာပေါ့ဗျာ” “ဘယ်ကဟုတ်ရမှာလည်းကွာ၊ ဘိုးအို မသေခင် နှစ်လလောက် အလိုမှာ ငါ့ကို ခေါ်ပြီး နှစ်ယောက် ချင်း ပြောခဲ့လို့ ငါက အကုန်သိထား တာကွ၊ ဒါပေမဲ့ ဒီအကြောင်းတွေကို ငါ့စိတ်ထဲမှာပဲ သိမ်းရတာကွ” “ဟင် ဒါဆိုရင် ဘိုးအို ကျန်ခဲ့တဲ့ စိန်တွေ၊ ရွှေတွေက နှစ်မွေခံ၊ သုံး မွေခံ ပိုင်ဆိုင်ခဲ့တာ မဟုတ်ဘူးလား” ” မဟုတ်ဘူးကွ၊ ဘိုးအိုတို့မိဘတွေ က ဆင်းရဲကြတယ်၊ဘာအမွေမှ ဘိုး အို မရခဲ့ဘူးကွ၊ ငါ့ကို အားလုံးပြော ပြတာ၊ ဘိုးအိုငယ်ငယ်က တော် တော်ဆင်းရဲတာဆိုပဲ တာတေရ၊ တောထဲမှာ တောင်ထဲမှာ ထင်း ခုတ်ရောင်းရတာတဲ့ကွ” “ဟင် ဟုတ်လား၊ ဒါဆိုရင် ဒီပစ္စည်း တွေက” “အေး အဲဒီအကြောင်းကိုသိတာ ငါပဲ ရှိတာကွ၊ ငါကလည်း ဒီအ ကြောင်းကို ငါ့အစ်ကို ကိုမင်းလွင် ကိုတောင် ငါမပြောပြဘူး၊
မင်းကို ပြောရတာကလည်း အကြောင်း ရှိလို့ တာတေရ” “ကိုမင်းဒင်ရေ၊ ကျုပ်ဖြင့် ဘိုးအို အကြောင်းကို အရမ်းကို စိတ်ဝင် စားသွားပြီဗျာ” “အေး ငါ အားလုံးပြောပြမယ် တာတေ” ကိုမင်းဒင်နဲ့ စကားပြောရင်း ကျုပ်က မီးဖိုထဲကို မီးမသေအောင် နှမ်းရိုးတွေ ထပ်ထည့်လိုက်တယ်။ “သြော် နေဦး ကိုမင်းဒင်ရဲ့၊ ကျုပ် တစ်ခု မေးရဦးမယ်၊ဘိုးအိုမှာ သား သမီး ဘယ်နှယောက် ရှိတာတုံးဗျ” “သုံးယောက်လေကွာ၊ ငါတို့ဘကြီး ဖိုးသောင်းရယ်၊ငါတို့အဖေ ဖိုးကောင်း ရယ်၊ ငါတို့ဒွေးလေး မပုကြည်ရယ် လေကွာ၊ ဒွေးလေးက မင်းတို့ရွာမှာ နေတာလေ” “ဒီတော့ ဘိုးအိုဆုံးတဲ့အခါ သူတို့ ကိုရော အမွေခွဲမပေးရဘူးလား” “ဟာ ဘိုးအို မသေခင်ကတည်းက အားလုံးကို ပေးပြီးသားကွ၊ ဘကြီး ဖိုးသောင်းတို့မောင်နှမနှစ်ယောက် ကို ရွှေတွေပေးလိုက်တာ ဘယ် လောက်မှန်းတော့ မသိဘူး။
သိပ် တော့ နည်းမှာ မဟုတ်ဘူးကွ၊ငါတို့ ညီအစ်ကိုကိုတော့ ရွာက အိမ်ကြီး ရယ်၊ ထန်းတောတွေရယ်၊ ယာ တွေရယ် ပေးတာပေါ့ကွာ၊ ဘကြီး ဖိုးသောင်းတို့ ဒွေးလေးပုကြည်တို့ ကလည်း လူချမ်းသာတွေပဲလေ တာတေရာ၊ ကျေနပ်ကြတာပေါ့” “နို့ ဘိုးအိုသေတ္တာထဲမှာ တွေ့တဲ့ ရွှေတွေ ရတနာတွေကို ခွဲမပေး တော့ဘူးလားလို့ မေးတာ” “အေး ရှင်းရှင်းပြောရရင် အဲဒီသေ တ္တာနဲ့ ဟောဒီပစ္စည်းက ငါ့က ပေး ခဲ့တာကွ တာတေရ” “ဟင် ဘာပစ္စည်းတုံး ကိုမင်းဒင်” ဒီတော့မှ ကိုမင်းဒင်က သူ့ပေါင် အောက်မှ ဖိထိုင်ထားတဲ့ ပုဆိုးနဲ့ ပတ်ထားတဲ့ ခပ်ပြားပြား အထုပ် ကလေးကို ထုတ်ပြတယ်ဗျ။ကျုပ် စိတ်ထဲမှာ စာအုပ်ထူထူကြီးတစ် အုပ်ကို ပုဆိုးနဲ့ ပတ်ထားတာလို့ ထင်သွားတယ်။ ကိုမင်းဒင် ဝင် လာတုန်းက အဲဒီအထုပ်ကလေး ပါလာတာကို ကျုပ်က သတိမ ထားမိလိုက်ဘူးဗျ။ “ဒါ ဘာတုံး ကိုမင်းဒင်” ကျုပ်က စပ်စုပြီပေါ့ဗျာ၊ ကိုမင်းဒင် က ခေါင်းလေးညိတ်ပြီး သူ့လက်ထဲ က စာအုပ်လို ခပ်ပြားပြားအထုပ်ရဲ့ ပတ်ထားတဲ့ ပုဆိုးကလေးကို ဖြေ တယ်ဗျ။ ပုဆိုးစကို ဖယ်လိုက်တော့ အထဲက ထွက်လာတာ သစ်သား သေတ္တာပြားပြားကလေးတစ်ခုဗျ။ စာအုပ်ထူထူ တစ်အုပ်အရွယ် လောက်ရှိတယ်။ ကျွန်းသေတ္တာ လေးဗျ။ ပေါ်လစ်တွေ ဘာတွေ အကျအန သုတ်ထားတာ။
အတွင်းမှာ ဘာပစ္စည်းရှိမှန်း မသိ ပေမဲ့ ဒီပစ္စည်းကို ပိုင်တဲ့ ပိုင်ရှင်က တော်တော်ကို မြတ်နိုးတဲ့ပုံပဲဗျ။ “သြော် သေတ္တာကလေးပဲ၊ သော့ ခလောက်ကလေးလည်း ခတ်ထား တာကိုး” လို့ ကျုပ်က ပြောလိုက်တယ်။ ကိုမင်းဒင်ကသူ့အိတ်ထဲက သော့ တံကလေးကို နှိုက်ယူပြီး သော့ခ လောက်ကို ဖွင့်တယ်။ “ထောက်” တစ်ချက်ပါပဲ။ သော့ပွင့်သွားတယ်။ ဟော သေတ္တာကလေးကို ဖွင်ပြီး… ” ဟာ ဒါ ဘာတုံးဗ်” ကျုပ်ဖြင့် အံ့သြလွန်းလို့ ပါးစပ်ဟောင်း လောင်း ဖြစ်သွားရောဗျို့။ ဖြူဖြူကြီးဗျ။ လူမျက်နှာပုံ၊ မျက်လုံးပေါက်၊ နှာခေါင်း ပေါက်၊ပါးစပ်ပေါက်တွေအားလုံးပါတယ်၊ ဘယ်လိုဟာကြီးတုံး။မျက်နှာဖုံးလား။ “တွေ့လား တာတေ၊ ဘိုးအိုးပေးခဲ့တဲ့ ပစ္စည်းလေ” “တွေ့တယ် ကိုမင်းဒင်၊ အဲဒါကို ကျုပ် ကြည့်နေတာဗျ မျက်နှာဖုံးလားလို့” “လူ့ခေါင်းခွံကွ၊ လူ့ခေါင်းခွံကို မျက်နှာ ဘက်ကနေ သံဖြတ်လွှနဲ့ လွှာထားတာ” “သြော် ဟုတ်သားပဲဗျ။ နို့ ဒါကြီးကို ဘာလုပ်တာတုံး” “ဒါကို စောရဦးခေါင်းလို့ ခေါ်တယ်ကွ၊ ဒီလူက စောရနက္ခနဲ့ မွေးလာတဲ့လူဆို ပဲ၊ မခိုးရရင် နေကိုမနေနိုင်တာတဲ့၊ဒီလူ ခိုးမှန်းသိပေမဲ့ တစ်ခါမှ မိတာ မဟုတ် ဘူးဆိုပဲ၊ အိမ်ခေါင်အမြင့်ကြီးပေါ်က နေ မြေကြီးပေါ်ကို ခုန်ချတာတောင် ဘာမှမဖြစ်ဘူးတဲ့ကွ” ” ဟင် ဒါဆိုရင် စွမ်းလည်းစွမ်းနေတာ ထင်တယ်” “သေချာတာပေါ့ကွာ၊ ဒီလူရဲ့အဘိုး က ဆရာကြီး တစ်ယောက်တဲ့ကွ၊ အင်းဘက် ဆေးဘက်မှာ အားကြီး စွမ်းတာဆိုပဲ။
သူ့မြေးက စောရ နက္ခတ်မှန်းသိတော့ အန္တရာယ်ကင်း အောင်ဆိုပြီး ကြောင်ဆေးထိုးပေး လိုက်တာတဲ့။ ငှက်ပျောရွက်ပေါ်မှာ တောင် အိပ်နိုင်တာတဲ့ကွ” “အို တော်တော်ကို စွမ်းတဲ့သူခိုး ဖြစ်သွားပဲကိုး” “အေးပေါ့ တာတေရ၊ အင်းဝခေတ်က သူခိုးကြီး ငတက်ပြားလို ရှိမှာပေါ့ကွာ” “ဆက်ပါဦး ကိုမင်းဒင်ရဲ့၊ ကျုပ်ဖြင့် စိတ်ဝင်စားလိုက်တာဗျာ” “အေး ဂျပန်ခေတ်ရောက်တော့ အခိုး ခံရတဲ့လူတွေက မကျေနပ်ကြဘူးဆို တော့ ဂျပန်ကို တိုင်တာပေါ့ကွာ၊ ဒီ မှာတင် ဂျပန်က ဒီလူကို ရအောင် ဖမ်းပြီး ခေါင်းဖြတ်သတ်လိုက်တာ တဲ့ဟေ့” “သြော်” “ဒီလူ့အကြောင်းကို ဘိုးအိုက ဆရာ ကြီးတစ်ယောက်ကို ပြောပြမိတယ်တဲ့ ကွ၊ အဲဒီမှာတင်အဲဒီဆရာကြီးက မောင် အို မင်းတော့ ကြီးပွားပြီကွ၊ အဲဒီ စောရ ကြီးမြှုပ်တဲ့နေရာ သိသလားလို့ မေးသ တဲ့၊ငါတို့အဘိုးကလည်း သိနေတော့ သိ တာပေါ့ ဆရာကြီးရယ်၊ ဒီလူကို ကျုပ် ကိုယ်တိုင် မြှုပ်ခဲ့တာပဲလို့ ပြောသတဲ့” “ဟင် ဘိုးအိုက ဂျပန်တွေနဲ့ ပတ် သက်နေလို့လား” “ဘိုးအိုက ဂျပန်ချွေးတပ်ဆွဲခံထား ရတာတဲ့ကွ၊ အဲဒါနဲ့ ဂျပန်က သူတို့ ကို ဒီသူခိုးယူသွားပြီး ကျင်းနက်နက် တူးမြှုပ်ပစ်လိုက်လို့ ပြောသတဲ့” “သြော် ဒါကြောင့် ဘိုးအိုက စောရ ကြီး မြှုပ်တဲ့နေရာကို အတိအကျ သိနေတာကိုး” “ဘိုးအိုက ဂျပန်ခေတ်က သူတို့မြှုပ် ခဲ့တဲ့ သူခိုးကြီးရဲ့ အလောင်းကို ပြန် ဖော်တာပေါ့ကွာ၊ မှားစရာ မရှိဘူးတဲ့ ကွ၊သူတို့မြှုပ်ကတည်းက ခေါင်းပြတ် ကြီးဆိုတော့ မှတ်မိတာပေါ့ကွာ၊ဒီမှာ တင် ဘိုးအိုက စောရကြီးနဲ့ခေါင်းခွံကို ယူပြီးဆရာကြီးကိုသွားပေးတယ်ဆိုပဲ။
အဲဒီဆရာကြီးကခေါင်းခွံကိုသံဖြတ်လွှ နဲ့ မျက်နှာကလေးတင်လွှာထုတ်လိုက် တာတဲ့။ပြီးတော့ကန်တော့ပွဲတွေထိုးပြီး ဂါထာတွေစုတ်တာခုနှစ်ရက်တိတိဆိုပဲ ကွ။နောက်ဆုံးတော့စောရကြီးနဲ့ဝိညာဉ် ပြန်ရောက်လာတယ်တဲ့ဟေ့၊အဲဒီဆရာ ကြီးက ဘိုးအိုကိုဂါထာနှစ်ပုဒ် သင်ပေး တယ်တဲ့” “ဟင် ဂါထာတွေ ဟုတ်လား၊ ဘာ ဂါထာတွေတုံးဗျ” “တစ်ပုဒ်က စောရကြီးကိုခေါ်တဲ့ ဂါထာတဲ့ကွ၊ တစ်ပုဒ်ကတော့ စောရကြီးကိုနှင်တဲ့ ဂါထာတဲ့” “သြော် ကိစ္စရှိရင် အခေါ်ဂါထာရွတ်၊ ကိစ္စပြီးရင် အနှင် ဂါထာရွတ်၊ ဒီလို ရှိမှာပေါ့ဗျာ” “အေး ဟုတ်တယ်၊ ဟုတ်တယ် တာ တေ၊ အဲဒီဂါထာတွေ ဒီသေတ္တာထဲ မှာ စာရွက်နဲ့ ရေးထည့်ထားတယ်” “နို့ နေပါဦး ကိုမင်းဒင်ရဲ့၊ ဒါကို ဘာ အတွက်သုံးတာတုံး” “ဒီလိုကွ တာတေရ၊ မင်းမှာ ငွေလိုတယ် ဆိုရင် စောရကြီးရဲ့ဝိညာဉ်ကို ဂါထာရွတ် ခေါ်လိုက်လေ၊ မင်းနားမှာ အရိပ်လိုလို မည်းမည်းကြီး ပေါ်လာလိမ့်မယ်။သူ့ကို မင်းပဲ တွေ့ရမှာနော်၊ ကျန်တဲ့လူတွေက လုံးဝမတွေ့ရဘူး။
အဲဒီအချိန်မှာ မင်းက ‘စောရကြီးရေ…ကျုပ်ငွေလိုနေတယ်လို့ ပဲ’ပြောလိုက်။ အဲဒီဝိညာဉ်လိုလို မည်း မည်းအရိပ်ကြီးက ရှေ့က ထွက်သွား လိမ့်မယ်၊မင်းက ပစ္စည်းထည့်ဖို့ အိတ် လွယ်ပြီး သူ့နောက်က လိုက်ပေတော့၊ အဲဒီအချိန်က စပြီး မင်းကို ဘယ်သူမှ မမြင်တော့ဘူး” “ဟင် ဘာဖြစ်လို့တုံး ကိုမင်းဒင်” “ဟာ မင်းကိုယ်ပျောက်နေလို့ပေါ့ တာတေရ” “ဗျာ ကိုယ်ပျောက်နေတယ်၊ ဟာ စွမ်းလှချေလား ကိုမင်းဒင်ရယ်” “အေး မင်း သူ့နောက်ကသာ ရဲရဲ လိုက်သွား၊ နာရီဝက်၊ တစ်နာရီ လောက် သွားပြီးရင် ဘယ်နေရာ၊ ဘယ်ဒေသတွေမှန်း မသိတဲ့နေ ရာတွေကို မင်းရောက်လိမ့်မယ်” “ဟင် ဟုတ်လား” “အင်မတန်ကြီးတဲ့ မြို့ကြီးတွေ၊ရွာကြီး တွေကို မင်းရောက်သွားလိမ့်မယ်၊ ပြီး ရင် ဝိညာဉ်အရိပ်ကြီးက အိမ်ကြီးတစ် အိမ်ထဲကို ဝင်သွားလိမ့်မယ်၊မင်းလည်း ဝင်လိုက်သွား၊ ဘာမှမကြောက်နဲ့၊ မင်း က ကိုယ်ပျောက်နေတာ၊ ခြံတံခါး၊အိမ် တံခါး၊ အခန်းတံခါး၊ မီးခံသေတ္တာ၊ သံ သေတ္တာအားလုံး တံခါးတွေ ပွင့်နေ လိမ့်မယ်၊ တစ်အိမ်လုံးလည်း လူရော၊ ခွေးရော၊ ကြောင်ရော ဘာကောင်မှ မကျန်အောင် အိပ်မောကျနေလိမ့် မယ်၊တွေ့တဲ့ပစ္စည်းတွေကို စိတ်တိုင်း ကျ ရွေးပြီး မင်းကြိုက်သလောက်ယူ ပေတော့၊ ပြီးရင် စောရကြီးရဲ့ဝိညာဉ် က မင်းကို ပြန်ခေါ်လာလိမ့်မယ်” “ဟင် ကျုပ်ရွာကိုရော ပြန်ရောက် ပါ့မလားဗျ” “ဟဲ ဟဲ မပူပါနဲ့ တာတေရာ၊ နာရီ ဝက်တစ်နာရီအတွင်းမှာပဲ မင်းအိမ် အထိကို ပြန်ရောက်လာမှာပါကွ၊
ဒါ ပေမဲ့ မင်းရောက်သွားတာ ဘယ်မြို့ ဘယ်ရွာဆိုတာ မင်း ဘယ်လိုမှ မ သိနိုင်ဘူးတဲ့ကွ” “နို့ ဒီခေါင်းခွံကို မျက်နှာမှာ စွပ်သွား ရမှာလား ကိုမင်းဒင်” “မဟုတ်ဘူးကွ၊ စောရခေါ်တဲ့ ဂါထာ မရွတ်ခင် မင်းရဲ့ချက်မှာ အုပ်ပြီး ကြိုး နဲ့ချည်ထားရမှာ၊ ပြီးရင် အပေါ်က အ င်္ကျီဖုံးထားမှာပေါ့ကွာ၊ ပြီးမှဂါထာရွတ် ရမှာ” “သြော် ဒီလိုလား” “မင်း အိမ်ပြန်ရောက်တာနဲ့ စောရ နှင်တဲ့ဂါထာကို ရွတ်လိုက်ပေတော့၊ အရိပ်မည်းမည်းကြီးချက်ချင်းပျောက် သွားလိမ့်မယ်” “ဟင် အဲဒီစောရကြီးရဲ့ ဝိညာဉ်ကြီး ကို ဘာမှမကျွေးရ၊ မမွေးရဘူးလားဗျ” “ဟာ မကျွေးရဘူးကွ၊ အဲဒီဝိညာဉ်က အဲဒီလိုလုပ်နေရရင် လွှတ်ပျော်နေ တာဆိုပဲ” “သြော် ဖြစ်မှဖြစ်ရလေဗျာ၊ ဒီလို ဘဝမျိုး ရောက်နေတာတောင်မှ သူရဲ့ဝါသနာကို မစွံနိုင်သေးဘူးနော်” “အေးကွ တာတေရ ၊ ထူးတော့ တော် တော်ကို ထူးဆန်းတာနော်” “ဟာ ကိုမင်းဒင်ရယ်၊ ထူးဆန်းပါပြီ လားဗျာ” “ကျုပ်တော့ ဒါမျိုးကို တစ်ခါမှကို မကြားဖူးပါဘူးဗျာ၊ သြော် ဒါနဲ့ ဘိုးအို ကြီးသေတ္တာထဲက ရွှေတွေ၊ စိန်တွေ ကေရာ…” ကျုပ်ပြောမလို့ လုပ်ပြီးမှ ကိုမင်းဒင် က အားနာတာနဲ့ စကားရပ်ပစ်လိုက် ရတာပေါ့ဗျာ။ဒါပေမဲ့ ကိုမင်းဒင်က ပွင့်ပွင့်လင်းလင်းသမားဗျ။ “ဟုတ်တာပေါ့ တာတေရာ၊ စောရဦး ခေါင်းကိုသုံးပြီး ဘိုးအိုရှာထားခဲ့တဲ့ ပစ္စည်းတွေပေါ့ကွာ၊ ငါတို့က ပိုင်ရှင် ကို ပြန်ပေးချင်တာတောင်မှ ဘယ် မှာ သွားပေးရမှာတုံး၊ဘိုးအိုကိုယ် တိုင်တောင်မှ သူရောက်သွားတဲ့ နေရာတွေက ဘယ်နေရာတွေ မှန်း မသိဘူးဆိုပဲ” “အင်း ဒါတော့လည်း ဟုတ်တာပဲဗျ နို့ စောရဦးခေါင်းကြီး ကျုပ်ဆီကို ယူလာပြီး ပြတာက ဘာအတွက် တုံး ကိုမင်းဒင်” ကျုပ်က နားမလည်တာနဲ့ပဲ ပွင့်ပွင့် လင်းလင်းမေးလိုက်တယ်ဗျို့။ကိုမင်း ဒင်က ကျုပ်မေးတာကို ချက်ချင်းမဖြေ သေးဘဲ လက်ဖက်ကလေးစားပြီး ရေ နွေးသောက်နေတယ်။ ပြီး နဂါးဆေး ပေါ့လိပ်ကလေးကို ဖွာနေပြန်ရောဗျ။
ကျုပ်လည်း ကိုမင်းဒင် ယူလာတဲ့ စော ရဦးခေါင်း ဆိုတာကို တော်တော်စိတ် ဝင်စားသွားမိတယ်ဗျ။ ဒါပေမဲ့ သူ့ဟာက တော်တော်တော့ ကြောက်စရာကောင်းသားဗျ။ကိုမင်း ဒင်က ဆေးလိပ်ဖွာပြီးတော့မှ ကျုပ် ကို ပြောတယ် “ဒီလို တာတေ၊ ငါ့အစ်ကို ကိုမင်းလွင် နဲ့ ငါနဲ့ တိုင်ပင်ကြတယ်၊ ဒီက ဘိုးအို ရဲ့ အိမ်ကြီးရော၊ ယာတွေရော၊ ထန်း တွေရော ဘကြီးဖိုးသောင်းနဲ့ ဒွေးလေး ပုကြည်တို့ကို အပြီးပေးခဲ့မယ်။ ပြီးရင် ငါတို့ညီအစ်ကို မန္တလေးကိုပြောင်းပြီး ပွဲရုံလုပ်ငန်း လုပ်တော့မယ်၊ ငါ အခု လာတာ ဒွေးလေးပုကြည်ကို လာ ခေါ်တာ၊ မနက်ဖြန်ဆိုရင် ဘကြီး ဖိုးသောင်းရယ်၊ ဒွေးလေးပုကြည် ရယ်၊ ငါတို့ညီအစ်ကိုရယ် မျက်နှာ စုံညီ တွေ့ကြပြီး သူတို့ကို အပြီးလွှဲ ကြတော့မှာ” “ဟင် ကိုမင်းဒင်တို့က ဆုံးဖြတ် ပြီးကြပြီပဲ” “သြော် မနက်ဖြန်ဆိုရင် ယာတွေ ရော ထန်းတောရော သူတို့ကို လွှဲ တော့မှာကွ တာတေရ” “နို့ ဒီစောရဦးခေါင်းကြီးက ကိုမင်း ဒင် ယူသွားမှာလား” “ဟာ မယူပါဘူး တာတေရာ၊ ဒီအ ကြောင်းတွေ ငါ တစ်ယောက်ပဲ သိ တာကွ၊ ကိုမင်းလွင်တောင် သိတာ မဟုတ်ဘူး၊ ငါ အခု မင်းဆီကို လာ တာက ဒီစောရဦးခေါင်းကိစ္စပဲကွ” “ဗျာ ကျုပ်က ဘာလုပ်ရမှာလဲ ကိုမင်းဒင်” “ငါ ဒါကြီးကို သုံးဖို့နေနေသာသာ ယူ တောင် မထားဝံ့ဘူးကွ၊ ဘိုးအိုပေးခဲ့ လို့သာ ယူထားရတာ၊ ကြက်သီးတ ဖျန်းဖျန်း ထနေတာကွ တာတေရ။ မင်းကတော့ ဒါမျိုးတွေ စိတ်ဝင်စား တယ် ဆိုတာ ငါသိတယ်၊ ဒါကြောင့် မင်းကို ငါလာပေးတာ” “ဟာ ကျုပ်ကိုပေးမှာ ဟုတ်လား ကိုမင်းဒင်” “အေးလေကွာ၊ မင်းယူထားလိုက်ပါ၊
မင်းသုံးချင်လည်းသုံးပေါ့၊ မသုံးချင် လည်း သိမ်းထားပေါ့ကွာ၊ဒါမှမဟုတ် အပြီးဖျက်ဆီးပစ်ချင်ရင်လည်း ရ တယ်ကွ” “ဗျာ ဖျက်ဆီးလို့ရတာ ဟုတ်လား” “အေး ဟုတ်တယ် တာတေ၊ ဘိုးအို ငါ့ကို ပြောတုန်းက အဲဒီအထိပြောခဲ့ တာ၊ ဒီခေါင်းခွံကို ရွာပြင်ထွက်ပြီးသ င်္ချိုင်းမှာ မီးရှို့ပစ်ရမယ်၊ ဒီခေါင်းခွံကြီး မီးလောင်နေတဲ့အချိန်မှာစောရကြီး ကို ခေါ်တဲ့ဂါထာရွတ်၊သူ ရောက်လာ လိမ့်မယ်။ မင်းကသူ့ကို သွားလိုရာ သွားဖို့ ခွင့်ပြုလိုက်တဲ့အကြောင်း ပြောလိုက်ပေါ့ကွာ။ ပြီးရင် သူ့ကို နှင်တဲ့ဂါထာကို နှစ်ဆယ့်ခုနှစ်ခေါက် ရွတ်ရတယ်၊ ဒါဆိုရင် သူလွတ်သွား ရောတဲ့ကွ၊ ကဲ ဘယ်လိုလဲ၊ မင်း ယူ ထားမယ်မို့လား။ ငါ တခြားသူတွေ လက်ထဲတော့ မပေးချင်ဘူးကွာ။ မင်းက အတွေ့အကြုံများတဲ့သူ ဆိုတော့ လုပ်သင့်တာ မလုပ်သင့် တာ မင်းဘာသာ ချင့်ချိန်ပြီး ကြည့် လုပ်ပေါ့ကွာ” ကိုမင်းဒင်က သူ့အဘိုး ဦးအို တစ်သက် လုံးလျှို့ဝှက်ထားတဲ့ကိစ္စကို တစ်ခုမကျန် ကျုပ်ကို ပြောပြပြီး စောရဦးခေါင်းလို့ခေါ် တဲ့ မှော်အစီအရင် ပစ္စည်းကို တကယ် ပေးနေတယ်ဆိုတာ ကျုပ်သိတယ် ဒီပစ္စည်းဟာ တော်တော်ကို ထူးဆန်းပြီး အဖိုးတန်မှန်း ကျုပ်သိပါတယ်။ ဒါပေမဲ့ ကျုပ်လည်း ဒါကြီးကို နည်းနည်းတော့ ကြောက်သားဗျ။နောက်ဆုံးတော့ ကျုပ် ဆုံးဖြတ်လိုက်တယ်။
ဒီလောက်ထူးဆန်း တဲ့ပစ္စည်းကို ကျုပ်ယူထားလိုက်မယ် ပေါ့ဗျာ။ “ကဲ ကိုမင်းဒင်၊ ခင်ဗျားအဘိုး ဦးအိုရဲ့ အင်မတန်ထူးဆန်းတဲ့ စောရဦးခေါင်း ကြီးကို ကျုပ်ယူထားလိုက်ပါ့မယ်ဗျာ” “ဟာ အဲဒီလို လုပ်စမ်းပါ တာတေရာ၊ အခုမှပဲ ငါရင်ထဲက အလုံးကြီးကျသွား တော့တယ်၊ ကဲ ရော့ကွာ၊ မင်းကို အပြီး အပ်လိုက်ပြီ” ကိုမင်းဒင်က ဝမ်းသာအားရနဲ့ သူ့ရဲ့ စောရဦးခေါင်း ထည့်ထားတဲ့ သေတ္တာ ပြားပြားကလေးကို ကျုပ်လက်ထဲ ထည့် လိုက်ရောဗျို့။ “ရော့ တာတေ၊ ဒီပုဆိုးလေးနဲ့ ပတ်ထား၊ အဲဒါ ငါ့ပုဆိုးလေးကွ၊ အမှတ်တရပေါ့ကွာ” ကိုမင်းလွင်က အဲဒီလိုပြောပြီးတော့ သူ့အိတ်ကပ်ထဲကို နှိုက်ပြီး စမ်းနေ တယ်ဗျ “ရော့ ဒါလေးလည်း ငါ့ရဲ့အမှတ်တရ လက်ဆောင်လို့ သဘောထားပြီး ယူ ထားလိုက္ပါကြာ” “ဟင် ဘာတုံးဗျ၊ ကိုမင်းဒင်” အို ရွှေဒင်္ဂါးပြားလေးပါလား။ ဂျော့ဘုရင်ပုံနဲ့ဗျ။ “ယူပါ တာတေရ၊ ငါတို့ ညီအစ်ကို က ဒီတစ်ရက် နှစ်ရက်အတွင်း သွား ကြတော့မှာ” ကျုပ် ကိုမင်းဒင်ပေးတဲ့ ရွှေဒင်္ဂါးပြား လေးကို ယူလိုက်တယ်။ အဲဒီညက ကိုမင်းဒင် ကျုပ်နဲ့ စကားပြောနေ လိုက်တာ သန်းခေါင်လောက်ရှိ တော့မှ သူ့ဒွေးလေး မပုကြည်တို့ အိမ်ကို ပြန်သွားတယ်ဗျ။ ကျုပ်ကတော့ သူပေးခဲ့တဲ့ ဒင်္ဂါးတစ် ပြားနဲ့ စောရဦးခေါင်းသေတ္တာကလေး ကို လုံလုံခြုံခြုံ သိမ်းရတော့တာပေါ့ဗျာ အဲဒီညက အိပ်မက်ထဲမှာ ခေါင်းမပါတဲ့ သရဲကြီးတစ်ကောင် လိုက်တယ်လို့ အိပ်မက်မက်လို့ ကျုပ်ဖြင့် ပြေးလိုက် ရတာ၊ အိပ်မက်ထဲမှာ ဟောဟဲကို လိုက်ရောဗျို့။တစ်ပတ်လောက်ကြာ တော့ အရီးပုကြည် ကျုပ်ကို လာပြော တယ်။ ကိုမင်းဒင်တို့ညီအစ်ကို မန္တလေး ကို ပြောင်းသွားတဲ့အကြောင်း၊ ကျုပ်ကို နှုတ်ဆက်သွားကြောင်းပေါ့ဗျာ။ ကျုပ်လည်း ဒီလိုနဲ့ နေလာလိုက်တာ သုံးလလောက်ကြာတော့မှ စောရဦး ခေါင်းအကြောင်းကို ထိုင်ပြီးတွေးမိ တော့တယ်။ဒါကြီးကို ကျုပ် ဘာလုပ် ရမှာတုံး။ ဒီအတိုင်း သိမ်းထားရမလား။
ဒါမှမဟုတ်ရင်လည်း ဖျက်ဆီးပစ်လိုက် ရမှာလားပေါ့ဗျာ။ ဒီလောက်ထူးဆန်းတဲ့ ပစ္စည်းကို ဖျက်ဆီးပစ်ရမှာကလည်း တော် တော်ကို နှမြောဖို့ ကောင်းတာဗျာ။ အဲဒီညက ဝိုင်းထဲမှာ ကျုပ်တစ် ယောက်တည်း ဆေးလိပ်ဖွာရင်း တွေးနေမိတယ်။ နောက်ဆုံးတော့ ကျုပ် ဆုံးဖြတ်လိုက်တယ်။ သူတစ် ပါးပစ္စည်းကို ခိုးဝှက်ပြီးတော့ ကျုပ် အသက်မရှင်ချင်ဘူးဗျာ။ နောက်ပြီး ဂျပန်က ရက်ရက်စက် စက် ခေါင်းဖြတ်သတ်ခဲ့တဲ့ စောရ ကြီးကိုလည်း ကျုပ်သနားတယ်။ သူ့ကို လွတ်ရာကျွတ်ရာ သွားစေ ချင်တယ်။ တကယ်လို့ စောရကြီး က အကုသိုလ်ကြီးလို့မကျွတ်လွတ် နိုင်သေးရင်တောင် သူ့ဘဝမှာ နောက်ထပ် အကုသိုလ်တွေ ထပ် မပိုစေချင်တော့ဘူးဗျာ။ ဒါ ကျုပ်ရဲ့ ပကတိစေတနာပါ။ ဒီတော့ စောရဦးခေါင်းလို့ ခေါ်တဲ့ မှော်အစီအရင်ကြီးကို ကျုပ် ဖျက် ဆီးပစ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ကျုပ်က တာတေလေဗျာ။ စပ်စုကြည့်ချင်တဲ့ ကျုပ်ရဲ့ဝါသနာ ကိုတော့ မချိုးနှိမ်နိုင်ဘူးဗျ။ စောရ ကြီးကို မဖျက်ဆီးခင်မှာ တစ်ခါတော့ ကျုပ် စမ်းကြည့်ချင်တယ်။ ကိုမင်းဒင် ရဲ့ အပြောလောက်နဲ့ ကျေနပ်မနေ ဘဲ တကယ်ဟုတ် မဟုတ် ဆိုတာ ကို ကျုပ်ကိုယ်တိုင် ကြုံကြည့်ချင် သေးတယ်ဗျ။ ဆေးလိပ်တိုကလေး ကို မြေပေါ်မှာ ထိုးချေလိုက်တယ်။
ဆောင်းကုန်တော့မှာ ဆိုပေမဲ့ အေး တုန်းဗျ။ အဘနဲ့ အမေလည်း စော စောအိပ်ရာ ဝင်သွားကြပြီ။ ကျုပ်အိမ် ပေါ်ကို ခြေသံမကြားအောင် တက်ခဲ့ တယ်။ ပြီးတော့ ကိုမင်းဒင်ပေးခဲ့တဲ့ သေတ္တာပြားကလေးကို ဖွင့်ပြီး စော ရဦးခေါင်းကို ထုတ်ယူလိုက်တယ်။ ရှော်ကြိုးတစ်ချောင်းရှာပြီး စောရ ဦးခေါင်းကို ကျုပ် ချက်ပေါ်မှာအုပ် ပြီး ရှော်ကြိုးနဲ့ ချည်လိုက်တယ်။ ကျုပ်ဝတ်နေကျ အညာဖျင်ကြမ်း အင်္ကျီ ဝါကျင့်ကျင့်ကလေးကို အ ပေါ်က ထပ်ဝတ်လိုက်တာပေါ့ဗျာ။ အဘနဲ့ အမေ မသိအောင် ခြေဖွ နင်းပြီး ဝိုင်းထဲကို ဆင်းလာခဲ့တယ်။ ဟိုရက်တွေကတည်းက သေတ္တာ ကလေးထဲမှာ ကိုမင်းဒင် ရေးထည့် ထားတဲ့ အခေါ်ဂါထာနဲ့ အနှင်ဂါထာ ဆိုတာတွေကို ကျုပ်ကျက်ထားပြီး သားဗျ။ နှုတ်တက်ရနေပြီ။ ညဆယ့်တစ်နာရီလောက်တော့ ရှိ ပြီထင်တယ်။ ရွာထဲက လူသူလေး ပါး အရိပ်အခြေကို ကျုပ်တစ်ချက် ကြည့်တယ်။ အားလုံးကတော့ တိတ်ဆိတ်နေတာပဲဗျ။ တစ်ရွာလုံးလည်း အိပ်ကုန်ကြပြီဗျို့။ သူများ အိပ်ပေမဲ့ မအိပ်နိုင်တာက တော့ အင်မတန် စပ်စုချင်တဲ့ တာ တေတစ်ယောက်ပဲ ရှိမှာပေါ့ဗျာ။ ကျုပ်ရွတ်ပြီး အခေါ်ဂါထာကို ကျုပ် ရွတ်လိုက်ပြီဗျို့။ ကိုမင်းဒင် ပြောတာ တော့ ခုနှစ်အုပ် ရွတ်ရမှာဆိုပဲ။ ခုနှစ်အုပ်ဆိုတာ ခုနှစ်ခေါက်ကို ပြော တာဗျ။ တစ်အုပ်၊ နှစ်အုပ်၊ သုံးအုပ် …ခုနှစ် ပြည့်ပြီ၊ ခုနှစ်အုပ်ပြည့်ပြီဗျို့။ ဟာ လာပြီဗျို့။ လာပြီ။ ကျုပ်ရှေ့မှာ ရိပ်ကနဲ ပေါ်လာတာဗျ။ မည်းမည်း အရိပ်ကြီးဗျ။ အရပ်ကြီးက ခုနှစ်ပေ လောက်တော့ ရှိမယ်။ ကျုပ်က ကို မင်းဒင် မှာခဲ့တဲ့အတိုင်း ပြောရတာ ပေါ့ဗျာ။ “စောရကြီးရေ၊ ကျုပ်တော့ အသုံး အစား ကျပ်နေပြီဗျို့။ကျုပ်ကို ကြည့် လုပ်ပေးဦး” ဟော စောရကြီးရဲ့ အရိပ်မည်းမည်း ကြီးက ဝိုင်းပေါက်ဝကို ချာကနဲ လှည့် ထွက်သွားတယ်။ ကျုပ်က သူ့နောက် က လျှောက်လိုက်သွားတယ်။ ကိုမင်း ဒင် ပြောသလိုဆိုရင် ကျုပ်ကိုယ် ပျောက်နေပြီပေါ့ဗျာ။
ဒါပေမဲ့ ကျုပ်ကိုယ်ပျောက် မပျောက် ဆိုတာကို ကျုပ်က ဘယ်လိုမှ မသိ နိုင်ဘူးလေဗျာ။ အရိပ်မည်းကြီးက ရှေ့ကသွား၊ကျုပ်က နောက်ကလိုက် ပေါ့ဗျာ။ တစ်နာရီလောက်တော့ ရှိ လောက်ပြီဗျ။ ဟာ ရှေ့မှာ မြို့ကြီး တစ်မြို့ဗျ။ မီးတွေမှ လင်းထိန်နေ တာပဲဗျို့။ ဟာ ကျုပ်မြို့ထဲကို ရောက်နေပါရောလားဗျ။ ူကျုပ်တို့ရွာနဲ့ မန္တလေးက ကားနဲ့ လာရင်တောင် လေးနာရီတော့ အနည်းဆုံးပဲဗျ။အခုလမ်းလျှောက် လာတာ တစ်နာရီပဲ ကြာတယ်။ ဟော စောရကြီး လမ်းချိုးတစ်ခု ကို ဝင်သွားပြီဗျ။ ဟာ နှစ်ထပ် တိုက်ကြီး တစ်လုံးရှေ့မှာ ရပ် လိုက်တယ်။ “မင်းညီနောင်ပွဲရုံ”ဆိုပါလားဗျ။ ဆိုင်းဘုတ်ကြီး ချိတ်ထားတယ်။ တိုက်ရှေ့မှာလည်း ကုန်သယ်တဲ့ လော်ရီကားကြီးတစ်စီး ရပ်လို့ဗျ။ အလို တိုက်တံခါးကြီး ပွင့်ရက် သားကြီးပါလား။ဟော စောရကြီး ရဲ့ ဝိညာဉ်မည်းမည်းကြီးက တိုက် ထဲဝင်သွားပြီ။ ကျုပ်လည်း လိုက် ဝင်လာတယ်။ အို…အိမ်ထဲမှာ လူတွေ အိပ်နေ ကြတာပဲ။ အားလုံးယောက်ျား ချည်းပဲဗျ။ ပွဲရုံက အလုပ်သမား တွေ ထင်တယ်။ “ခေလာ၊ ခေလာ၊ ခေလာ” ဟောက်နေလိုက်ကြတာများဗျာ။ အရိပ်မည်းကြီးက အိမ်ထဲ ဆက် ဝင်သွားတယ်။ ကျုပ်လည်း လိုက် ခဲ့တယ်။ ဟော အိပ်ခန်းကြီးထဲကို ဝင်တာဗျို့။ အိပ်ခန်းထဲမှာ ညအိပ် မီးလုံးမှိန်မှိန်လေး ထွန်းလို့ဗျ။ ကု တင်နှစ်လုံးပေါ်မှာ လူတစ်ယောက် စီ အိပ်နေတာဗျ။ ကျုပ်လည်း ဇာ ခြင်ထောင်ပါးပါးကလေးထဲက အိပ် နေတဲ့ လူတွေကို တစ်လှည့်စီ ကြည့်လိုက်တယ်။ “ဟာ ” ကျုပ် ယောင်အော်မိတော့မလို့ဗျ။ ကိုမင်းဒင်ပါလား။
ဟိုဘက်က ကု တင်ပေါ်မှာ အိပ်နေတာက ကိုမင်း လွင်ပဲ။ လက်စသတ်တော့ ‘မင်းညီ နောင် ပွဲရုံ’ဆိုတာ သူတို့ညီအစ်ကို ရဲ့ ပွဲရုံပဲကိုး။ ဖြစ်မှ ဖြစ်ရလေဗျာ။ နောက်ကို ကျုပ်လှည့်ကြည့်လိုက် တော့ အရိပ်မည်းမည်းကြီးက ရပ် နေတယ်။ သူ့ဘေးမှာကတော့ တံခါးကြီးပွင့်နေတဲ့ မီးခံသေတ္တာ တစ်လုံးဗျ။ အို…အထဲမှာ ငွေတွေ ရော၊ ရွှေတွေ၊ စိန်တွေရောဗျာ။ ညအိပ် မီးလုံးရောင်နဲ့ တဖျတ်ဖျတ်ကို လက်နေတာဗျို့။ သြော်…ဘိုးအိုပေး ခဲ့တယ်ဆိုတဲ့ ရတနာတွေပါလားလို့ ကျုပ် တွေးလိုက်မိတယ်။ အရိပ်မည်း ကြီးက ကျုပ်ကို ကြည့်နေတဲ့ပုံပဲဗျ။ ကျုပ် ဒါတွေ မယူချင်ဘူး။ ဒါပေမဲ့ မယူရင် စောရကြီးက စိတ် ဆိုးပြီး ကျုပ်ကို တစ်ခုခုလုပ်လိုက် မှာလည်း ကြောက်တယ်ဗျ။ ဒီတော့ ကျုပ် မီးခံသေတ္တာထဲက ငွေစက္ကူတစ်ရွက် ယူတယ်။ ပြီးတော့ ရွှေဒင်္ဂါးတစ်ပြား။ ကိုမင်းဒင် ကျုပ်ကို ပေးခဲ့တဲ့ ဒင်္ဂါးမျိုးပဲဗျ။ ကိုမင်းဒင်တို့ မီးခံသေတ္တာကို ကျုပ် ပြန်ပိတ်ပေး လိုက်တယ်။ ဒီတော့မှ စောရကြီးရဲ့ ဝိညာဉ်မည်းမည်းကြီးက ကျေနပ် ပြီး ရှေ့က ထွက်သွားတယ်။ ကျုပ်လည်း သူ့နောက်က လိုက်ခဲ့ ရောဗျို့။ မန္တလေးလမ်းတွေကို ဖြတ် လျှောက်သွားတာတော့ ကျုပ်သိ လိုက်တယ်။ သိပ်မကြာဘူးဗျ။ကျုပ် တို့ ရွာကို ပြန်ရောက်နေတယ်။ ကျုပ်တို့ ဝိုင်းထဲရောက်တဲ့အထိ စောရကြီးက ပြန်ပို့တယ်။ ကျုပ် လည်း သူ့ကို ပြန်ခိုင်းတဲ့ အနှင် ဂါထာကို ရွတ်လိုက်တယ်။ ဟာ ပျောက်သွားပြီဗျို့။ချက်ချင်းကို ပျောက်သွားတာ။ ကျုပ်လည်း ဗိုက် မှာ ကပ်ထားတဲ့ စောရဦးခေါင်းကို ဖြုတ်ပစ်လိုက်တယ်။ ဝိုင်းထဲမှာ ကျုပ်တစ်ယောက်တည်းဗျ။ ကျုပ်ဖြင့် အော်သာရယ်ပစ်လိုက်ချင် တော့တယ်ဗျာ။ စောရကြီးက ကိုမင်း ဒင်တို့အိမ်ကို ဘာကြောင့်ခေါ်သွား တယ်ဆိုတာ ကျုပ်တွေးလို့ကို မရဘူး ဗျ။ ဒါပေမဲ့ ကျုပ်ဖြင့် ရယ်ချင်လိုက် တာဗျာ။ ဘိုးအို တစ်သက်လုံးစုထား တဲ့ ပစ္စည်းတွေ၊ ကျုပ် အကုန်ယူခဲ့ ရင် ရတာပေါ့ဗျာ။
အဲဒီလိုသာ ယူခဲ့ရင် ကိုမင်းဒင်တို့ ညီအစ်ကိုတွေ ထိုင်ငိုရုံပဲ ရှိတော့ မှာပေါ့လေ။ ကျုပ်လည်း ရယ်ချင် စိတ်ကို ကြိတ်ထားလိုက်ပြီး အချိန် ဆိုင်းမနေဘဲ ရွာပြင်ကို ထွက်လာ ခဲ့တယ်။ စောရဦးခေါင်းဟာ တ ကယ်စွမ်းတယ်ဆိုတာ ကျုပ်ကြုံ လိုက်ရပြီလေ။ တော်ပြီပေါ့ဗျာ။ စောရကြီးကို ကျုပ် လွှတ်ပေးဖို့အချိန်တန်ပြီလေ။ထနောင်း ကုန်းသင်္ချိုင်းဇရပ်နားမှာ ကျုပ်သစ်ကိုင်း ခြောက်တွေကောက်ပြီး စုပုံလိုက်တယ်။ ပြီးတော့ မီးခတ်နဲ့ခတ်ပြီးမီးရှို့လိုက်တယ်။ ဟော မီးတောက်တွေ ထတောက်ပြီ။ ကျုပ်ယူလာတဲ့ စောရဦးခေါင်းကြီးကို မီးတောက်ထဲ ပစ်ထည့်လိုက်တယ်။ ပြီး တော့ စောရဦးခေါင်းကြီးရဲ့ ဝိညာဉ်ကို ရွတ်ပြီး ခေါ်လိုက်တယ်ဗျ။ ဟော ရောက်လာပြီဗျို့။ ကျုပ်နဲ့ နှစ်လံ လောက်မှာ ဘွားကနဲ ပေါ်လာတာဗျ။ မည်းမည်း အရိပ်ကြီးပါပဲ။ အရပ်ကြီးက ခုနှစ်ပေ ရှစ်ပေလောက် ရှိမယ်ထင်တယ် ကျုပ်ကို ကြည့်နေပုံပဲဗျ။ “စောရကြီး ကျုပ်ပြောတာကို သေသေ ချာချာ နားထောင်ပါ။ သင်ဟာ သေဆုံး ပြီးတဲ့နောက် ဆရာတစ်ယောက်ရဲ့မှော် အတတ်နဲ့ စီရင်လိုက်တဲ့အတွက် သင့်ရဲ့ ဝိညာဉ်ဟာ လွတ်လွတ်လပ်လပ် သွား ခွင့်မရဘဲ အနှောင်အဖွဲ့ ခံနေရတယ်။ မောင်အိုဆိုတဲ့ သူက သင့်ကို ခိုင်းစေ ခဲ့တယ်။ အခုတစ်ခါ သင်ဟာ ကျုပ် လက်ထဲကို ရောက်ခဲ့ပြန်ပြီ ကျုပ်က သင့်ကိုနှောင်ဖွဲ့ပြီး ခိုင်းစေမှာ မဟုတ် ဘူး။ ကျုပ်က သင့်ကို လွှတ်ပေးမှာပါ၊ အခု မှော်စီရင်ထားတဲ့ စောရဦးခေါင်း ကို ကျုပ်မီးရှို့နေတာ သင့်အမြင်ပဲ။ ကဲ ကျုပ် သင့်ကို လွတ်မြောက်စေမဲ့ ဂါထာ နှစ်ဆယ်ခုနှစ်အုပ် ရွတ်တော့ မယ်၊ သင့်စောင့်နေပါ” ကျုပ်က ပြောပြောဆိုဆိုနဲ့ အနှင်ဂါ ထာကို စရွတ်တယ်။ တစ်ခေါက်၊ နှစ်ခေါက်၊ သုံးခေါက်… “ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီး၊ အီး၊ ဝူး၊ ဝူး” ဟာ ဒါ မဖဲဝါရဲ့ ခွေးကြီးရဲ့ အူသံဗျ။
သင်္ချိုင်း ဟိုဘက်က ထွက်လာတာ။ မဖဲဝါ ရောက်လာပါပေါ့လား။ ဘာ တွေ ဖြစ်မှာတုံး။ ကျုပ်ကျောထဲက စိမ့်ကနဲ ဖြစ်သွားတယ်။ ဒါပေမဲ့ ဂါထာကို ကျုပ် ဆက်ရွတ်တယ်။ “ဝူး ဝူး ဝူး ဝူး” ဟာ နီးလာပြီဗျို့။ ခွေးအူသံကြီးက နီးနီးလာပြီ။ မဖဲဝါရဲ့ ခွေးကြီးက နွား ပေါက်တစ်ကောင်လောက် ရှိတာဗျ။ ကျုပ် ဂါထာကို ဆက်ရွတ်နေတယ်။ ဂါထာရွတ်ရင်း သင်္ချိုင်းဘက်ကို ကျုပ် ကြည့်နေတာပေါ့ဗျာ။ ဟော တွေ့ပြီဗျို့။ ဂူတွေပေါ်မှာ မ ဖဲဝါကြီး ရပ်နေတာဗျ။ ဆံပင်ဖားလျား ကြီး ချလို့။ အရပ်က ဆယ်ပေလောက် ရှိတယ်။ မျက်လုံးနီနီကြီးတွေနဲ့ စောရ ကြီးရဲ့ ဝိညာဉ်မည်းမည်းကြီးကို ကြည့် နေတာဗျို့။ ကျုပ်ဂါထာရွတ်တဲ့ အသံ ကိုလည်း မဖဲဝါ ကြားနေမှာပေါ့ဗျာ။ ကျုပ်လည်း ဂါထာကို မနားတမ်းရွတ် နေတာ အုပ်နှစ်ဆယ်ကျော်လာပြီ။ နှစ်ဆယ့်တစ်၊ နှစ်ဆယ်သုံး…၊ နှစ် ဆယ့်ခုနှစ်အုပ်၊ ပြည့်ပြီဗျို့။ စောရကြီးရဲ့ ဝိညာဉ်မည်းမည်းကြီး က မြေကြီးပေါ်ကို ဒူးကြီးထောက် ချလိုက်တယ်။ ဘာလုပ်တာတုံးဆို ပြီး ကျုပ်ကြည့်နေတယ်။ ဟာ ကျုပ်ကို ကျေးဇူးတင်ကြောင်း ပြ တာဗျ။ ဟော ဟော မတ်တတ်ထ ရပ်နေပြီ။
ကျုပ် မီးရှို့ထားတဲ့ စော ရကြီးခေါင်းကလည်း အားလုံးပြာ ကျသွားပြီဗျို့။ ဟော မဖဲဝါကြီးက နောက်ကို ချာကနဲ လှည့်ပြီး ထွက်သွားတယ်။ ဟင် စောရ ကြီးရဲ့ဝိညာဉ်က မဖဲဝါကြီးရဲ့နောက်က လိုက်သွားပြီးဗျို့။ လက်စသတ်တော့ မဖဲဝါက စောရကြီးရဲ့ ဝိညာဉ်ကို လာ ပြီး ခေါ်သွားတာပဲဗျ။ “ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီး၊ အီး” မဖဲဝါရဲ့ နွားပေါက်တစ်ကောင်လောက် ရှိတဲ့ ခွေးနက်ကြီးက ဆွဲဆွဲငင်ငင် အူလိုက် တယ်။ သွားပြီ။ သွားပြီ။ စောရကြီး မဖဲဝါ နောက် လိုက်သွားပြီဗျို့။ ကျုပ်လည်း အခုမှ စိတ်ထဲ ရှင်းသွား တော့တယ်။ သူ ကျုပ်ကို မန္တလေးက ကိုမင်းဒင်တို့ညီအစ်ကိုရဲ့ ပွဲရုံကို ခေါ် သွားပြီး ဘိုးအိုကို သူရှာပေးခဲ့တဲ့ ပ စ္စည်းတွေ ကျုပ်ကို ပြန်ယူခိုင်းတာဗျ။ ဒါကို တွေးကြည့်ရင် ကိုမင်းဒင်တို့ ကြီးပွားနေတာတွေ၊ သူ့ကို ကျုပ်ဆီ မှာ ထားပစ်ခဲ့တာတွေကို စောရကြီး က ကျေနပ်ပုံ မပေါ်ဘူးဗျ။ ဒါကြောင့် သူ ရှာပေးထားတဲ့ ပစ္စည်း တွေ ကျုပ်ကို ခေါ်သွားပြီး ပြန်ယူခိုင်း တာဗျ။ ဒါပေမဲ့ ကျုပ်အံ့သြနေတာက စောရကြီးရဲ့ အစွမ်းပဲဗျို့။ ခဏလေးအတွင်းမှာ မိုင်ပေါင်းများ စွာ ကွာဝေးတဲ့နေရာတွေကို ရောက် သွားနိုင်တာကိုတော့ ကျုပ် မအံ့သြဘဲ မနေနိုင်ဘူးဗျာ။ ခင်ဗျားလည်း ကျုပ်လိုပဲ အံ့သြနေမယ် ဆိုတာ ကျုပ် သိပါတယ် ပြီးပါပြီ။








